Verse 1 — Surah Al-Humazah 104:1
၁။ အတင်းစကားပြော ဂုံးချောသူတိုင်းသည် ပျက်စီး ဆုံးရှုံးကြမည် သာတည်း၊
Verse 2 — Surah Al-Humazah 104:2
၂။ ဤယုတ်မာဆိုးသွမ်းသူသည် စည်းစိမ်ဥစ္စာကို ရှာဖွေစုဆောင်း၏ ၊ လုံခြံုစါာ သိမ်းဆည်းထား၏ ။
Verse 3 — Surah Al-Humazah 104:3
၃။ ဤဆိုးညစ်သူသည် မိမိစည်းစိမ်ဥစ္စာက မိမိကို မသေမပျောက် ထာဝရ အသက်ရှင်စေမည်ဟု ထင်မှတ်၏ ။
Verse 4 — Surah Al-Humazah 104:4
၄။ ယင်းကဲ့သို့ကား မဟုတ်ချေ၊ သို့သော် ဤလူယုတ်မသည် မိမိကိုယ်ကို အစိတ်စိတ် အမွှာမွှာ ချိုးဖဲ့သည့် စက်ရဟတ်အတွင်းသို့ ပစ်ချခြင်းကို အမှန်ပင် ခံရလတံ့။
Verse 5 — Surah Al-Humazah 104:5
၅။ ဤအစိတ်စိတ်အမွှာမွှာ ချိုးဖဲ့သည့် စက်ရဟတ်သည် အဘယ်အရာ ဖြစ်သည်ကို သင်တမန်တောအား အဘယ်သူရှင်းလင်းပြောပြလတံ့။
Verse 6 — Surah Al-Humazah 104:6
၆။ ဤစက်ရဟတ်သည် အရှိန်အရောင် ပြောင်ပြောင်တောက်လောက်သော အလ္လာဟ်အသျှင်မြတ်၏ ငရဲမီးတောက် မီးလျှံတော် ဖြစ်၏။
Verse 7 — Surah Al-Humazah 104:7
၇။ ဤငရဲမီးသည် ထိုလူယုတ်မာတို့၏ စိတ်နှလုံးအတွင်းသို့ ဝင်ရောက်လောင်ကျွမ်း၏။
Verse 8 — Surah Al-Humazah 104:8
၈။ ဤငရဲမီးသည် သူတို့အား ဝိုင်းဝန်းဖုံးအုပ်ထား၏။
Verse 9 — Surah Al-Humazah 104:9
၉။ ဤမီးတောက် မိးလျှံများသည် အလွန်ထွားကြိုင်း ရှည်လျားသော မီးတိုင်ကြီးများ ဖြစ်ကြ၏။