Verse 1 — Surah Al-Kafirun 109:1
၁။ အို-တမန်တော်၊ ဟောပြောလော့၊ အို-မိစ္ဆာဒိဋ္ဌိအပေါင်းတို့။
Verse 2 — Surah Al-Kafirun 109:2
၂။ အကျွနု်ပ်သည် သင်တို့ ခဝပ်ကိုးကွယ်သည့် ဘုရားတု ဘုရားယောင်များကို မကိုးကွယ်။
Verse 3 — Surah Al-Kafirun 109:3
၃။ သင်တို့လည်း အကျွနု်ပ်ဆည်းကပ်ဝတ်ပြုသည့်အလ္လာဟ်အရှင်မြတ်အား မကိုးကွယ်ကြချေ။
Verse 4 — Surah Al-Kafirun 109:4
၄။ အကျွနု်ပ်သည် သင်တို့ ပျဝပ်လေ့ရှိသည့်ဘုရားတု ဘုရားယောင်များကို ပျဝပ်မည်မဟုတ်။
Verse 5 — Surah Al-Kafirun 109:5
၅။ သင်တို့လည်း အကျွနု်ပ်ဦးညွှတ်သည်ကို ဦးညွှတ်ကြမည်မဟုတ်။
Verse 6 — Surah Al-Kafirun 109:6
၆။ သင်တို့သည် သင်တို့၏ ဘာသာအယူဝါဒနှင့်ပင် နေကြပါကုန်၊ အကျွနု်ပ်လည်း အကျွနု်ပ်၏ ဘာသာအယူဝါဒနှင့် နေပါမည်။