Verse 1 — Surah Hud 11:1
၁။ အလီ(ဖ်)၊လမ်၊မြီ၊ရာ၊ ဤကျမ်းတော်သည် စုံလင်ပြည့်စုံ၍ အဓိပ္ပါယ်ထင်ရှားရှင်းလင်းထားသောနှုတ်ကပတ် ကျမ်းတော်ဖြစ်၏ ဤကျမ်းတော်သည် ဉာာဏ်ပညာရှိတော်မူသော၊ အလုံးစုံသိတော်မူသောအရှင်ထံတော်မှဖြစ်၏။
Verse 2 — Surah Hud 11:2
၂။ တမန်တော်ဟောကြားသည်မှာ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားတစ်စုံတစ်ရာကို မကိုးကွယ် ကြလင့်၊ မှတ်သားလော့။ ငါသည် သင်တို့ထံ အရှင်မြတ်အထံတော်မှ သတိပေးသူ၊ သတင်းကောင်းယူလာသူ တစ်ဦးဖြစ်၏။
Verse 3 — Surah Hud 11:3
၃။ ထို့အပြင်ဆက်လက်ဟောသည်မှာ ဟယ်-အချင်းတို့၊ သင်တို့သည် မိမိတို့၏ ကျေးဇူးတော်သခင်အထံတော်၌ အပြစ်လွှတ်ဆုတောင်းကြလော့၊ အရှင်မြတ်ဘက်တော်သို့ သတိနောင်တရခြင်းဖြင့် လှည့်ကြလော့၊ အရှင်ချိန်း ချက်သတ်မှတ်ထားသောအချိန်ကာလတိုင်အာင် အရှင်မြတ်သည် သင်တို့အား လောကီစည်းစိမ်ကာမဂုဏ်ကို ခံစားစေတော်မူမည်။ ရက်ရောပေးကမ်းစွန့်ကြဲသူတိုင်းအား အရှင်မြတ်သည် ရက်ရောပေးကမ်းတော်မူ၏။ သို့သော်အကယ်၍ သင်တို့သည် လှည့်သွားလျှင်၊ ငါသည် သင်တို့အတွက် အလွန်ထိတ်လန့်ဖွယ်ကောင်းသော နေ့တော်ကြီး၏ လက်စားချေခြင်းတော်ကို ကြောက်ရွံ့၏။
Verse 4 — Surah Hud 11:4
၄။ သင်တို့၏ အပြန်ခရီးသည် အလ္လာဟ့်အထံတော်သို့ ဖြစ်၏။ အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို ပြုစွမ်းနိုင် တော်မူ၏။
Verse 5 — Surah Hud 11:5
၅။ မှတ်သားကြလော့။ (ယခုသူတို့သည် မိမိတို့၏ အကြံအစည်အတွေးအတောများကို အလ္လာဟ်အရှင်မြတ်အထံ တော်မှ ဖုံးကွယ်ထားရန် မိမိတို့ရင်များကို ဖုံးပိတ်ထားကြ၏။) သူတို့သည် မိမိကိုယ်များကို အဝတ်အစားနှင့် ဖုံးအုပ်ထားနေစဉ်ပင်လျှင် အရှင်မြတ်သည် သူတို့ကို အကြွင်းမဲ့သိမြင်တော်မူ၏။ မှတ်သားကြလော့၊ အရှင်မြတ် သည် လူသားတို့၏ စိတ်နှလုံးအတွင်းရှိရှိသမျှတို့ကို သိမြင်တော်မူ၏။
Verse 6 — Surah Hud 11:6
၆။ ကမ္ဘာမြေပေါ်၌ တိရိစ္ဆာန်တစ်ကောင်မရှိလေမှ၊ ရှိလျှင် ၎င်း၏ ရိက္ခာအစားအစာသည် အလ္လာဟ်အရှင်မြတ်အား မှီခိုရကြ၏။ အရှင်မြတ်သည် ၎င်း၏ အိမ်၊ ၎င်း၏ သချုႋင်း၊ အသီးသီးကို သိတော်မူ၏။ အကြောင်းအရာအားလုံး သည် ထင်ရှားသောမှတ်ပုံတင်စာအုပ်ကြီးတွင် ရှိ၏။
Verse 7 — Surah Hud 11:7
၇။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ကို ခြောက်ရက်မျှနှင့်ပြီးစီးအောင် ဖန်ဆင်းတော်မူ၏။ အရှင်မြတ်၏ ရာဇပလ္လင်တော်ကြီးသည် ရေပေါ်တွင် တည်ရှိ၏။ သင်တို့အနက် အဘယ်သူသည် ကောင်းမြတ် သောအကျင့်သီလဆည်းပူးသည်ကို စုံစမ်းခြင်းငှာ၊ ယင်းသို့ဖန်ဆင်းတော်မူ၏။ သို့ပါလျက်သင်မိုဟမ္မဒ်က ဟယ်-အချင်းတို့၊ မှတ်သားကြလော့၊ သင်တို့သည် သေကြပြီးသည့်နောက် ပြန်ထကြရမည်ဟု ဟောသောအခါ အယူမှားသူတို့က ဤအချက်သည် ဘာမျှမဟုတ်၊ ဝိဇ္ဇာအတတ်သာဖြစ်၏ဟု မုချအမှန်ဆိုကြလိမ့်မည်။
Verse 8 — Surah Hud 11:8
၈။ အကယ်၍ ငါအရှင်မြတ်သည် သူတို့အတွက် အပြစ်ဒဏ်တော်ကို ချိန်းချက်ထားတော်မူသည့်အချိန်တိုင်အောင် ဆိုင်းငံ့ထားတော်မူလျှင် သူတို့က အပြစ်ဒဏ်ကို အဘယ်သူဆွဲထားသနည်းဟု အမှန်မေးကြလိမ့်မည်။ အကယ် စင်စစ်မှာ သူတို့ထံ ထိုအပြစ်ဒဏ်ဆိုက်ရောက်လာသောနေ့တော်ကြီး၌ သူတို့သည် အပြစ်ဒဏ်ကို သူတို့ထံမှ လွဲသွားအောင် မပြုနိုင်ချေ။ သူတို့ပြောင်လှောင်ခဲ့သောအပြစ်ဒဏ်တော်သည် သူတို့အား ဝိုင်းထားလိမ့်မည်။
Verse 9 — Surah Hud 11:9
၉။ အကယ်၍ငါအရှင်မြတ်သည် လူသားအား ငါ့ထံမှ ကျေးဇူးတော်အချို့ကို မြည်းစမ်းစေတော်မူ၏။ ထို့နောက် ကျေးဇူးတော်ကို ရုပ်သိမ်းတော်မူလျှင် သူသည် အမှန်စိတ်ပျက်၍ ကျေးဇူးကန်း၏။
Verse 10 — Surah Hud 11:10
၁ဝ။ လူသားသည် ဆင်းရဲဒုက္ခကို တွေ့ကြံုခံစားရပြီးနောက် ငါသည် သူ့အား သုခချမ်းသာကို မြည်းစေတော်မူလျှင် သူသည် အကျွနု်ပ်သည် ဒုက္ခမှ လွတ်မြောက်ပြီဟု ဆို၏။ မှတ်သားကြလော့၊ သူသည် မြူးထူးဝါကြွား၏။
Verse 11 — Surah Hud 11:11
၁၁။ သို့သော်ကြိုးစားအားထုတ်၍ ကောင်းမှုများကို ပြုသောသူတို့က ယင်းသို့မကျင့်ကြချေ။ အပြစ်လွှတ်ခြင်းနှင့် ဆုတော်ကြီးမှာ သူတို့အဖို့သာတည်း။
Verse 12 — Surah Hud 11:12
၁၂။ မိစ္ဆာမိုက်တို့က တမန်တော်အား ရွှေငွေရတနာအဘယ်ကြောင့်ချပေးသနားတော်မူသနည်း။ သို့မဟုတ် သူနှင့်အတူ ကောင်းကင်တမန်တော်တစ်ပါး အဘယ်ကြောင့်မပါလာသနည်းဟု ဆိုသောကြောင့် သင်သည် မိမိထံသို့ ချ ပေးသနားတော်မူသောနှုတ်ကပတ်တော်အချို့ကို စွန့်လွှတ်ဖို့ စိတ်မကူးလင့်။ သင်သည် တရားဟောကြားသတိ ပေးသူသာဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို စီမံခန့်ခွဲတော်မူ၏။
Verse 13 — Surah Hud 11:13
၁၃။ သို့မဟုတ် သူတို့က ရှင်မိုဟမ္မဒ်ကို သူ့ကျမ်းကို လုပ်ကြံဖန်တီးသည်ဟု ဆိုကြ၏။ အို-တမန်တော်သည်၊ သူတို့အား ဟယ်-အချင်းတို့၊ သင်တို့သည် စူရာဟ်နှင့်တူသောစူရာဟ်၁ဝပါးကို သင်တို့ဖန်တီးပြကြလော့၊ သင်တို့သည် အမှန်ဆိုသူဖြစ်လျှင် အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့စိန်ခေါ်နိုင်သူတို့ကို ကူညီဖို့ရာ ခေါ်ကြ ကုန်လော့။
Verse 14 — Surah Hud 11:14
၁၄။ ထို့အပြင်သင်တို့၏ ဘုရားတုများသည် သင်တို့တောင်းသောဆုကို မပေးလျှင် ဤကုရ်အာန်ကျမ်းတော်ကို အရှင်မြတ်၏ သဗ္ဗညုတဉာာဏ်တော်အား ပြဋ္ဌာန်းချပေးသနားတော်မူကြောင်းနှင့် အလ္လာဟ်မှတပါး ဘုရားရှင် မရှိကြောင်းကို သတိပြုကြလော့။ ထို့ကြောင့်သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကျိုးနွံနာခံသူတို့ဘောင်တွင် ပါဝင်ကြမည်လောဟု ပြောလော့။
Verse 15 — Surah Hud 11:15
၁၅။ အကြင်သူတို့သည် လောကီစည်းစိမ်ကာမဂုဏ်အရောင်အရှိန်ကို တပ်မက်မောကြအ့ံ၊ ငါအရှင်မြတ်သည် သူတို့၏ ပြုကျင့်မှု၏ အကျိုးကို ဤဘဝတွင် ပေးသနားတော်မူမည်။ ဤပေးမှုတွင် သူတို့သည် မတရားညှင်းပမ်းခြင်းကို ခံကြရမည်မဟုတ်ချေ။
Verse 16 — Surah Hud 11:16
၁၆။ ဤလူများအတွက် နောင်ဘဝ၌ ငရဲမီးမှတပါး အခြားတစုံတရာမျှမရှိချေ။ သူတို့ကြံစည်မှုနှင့် ကြိုးပမ်းအားထုတ်မှု အားလုံးသည် အကျိုးမရှိအချည်းနှီးသာဖြစ်၏။
Verse 17 — Surah Hud 11:17
၁၇။ ဤကဲ့သို့သောသူသည် မိမိ၏ ကျေးဇူးတော်သခင်အထံတော်မှ ထင်ရှားသည့်ကျမ်းတော်မြတ်ကို ယုံကြည်အားကိုး သူနှင့် ထပ်တူထပ်မျှဖြစ်နိုင်သလော၊ ဤကျမ်းတော်ကို အရှင်မြတ်အထံတော်မှ သက်သေတော်ကြီးတပါးက ရွတ်ဖတ်၏။ ကုရ်အာန်ကျမ်းတော်အလျင် တမန်တော်မူစာ၏ ကျမ်းတော်တစ်စောင်ရှိ၏။ ၎င်းကျမ်းတော်သည် စံနမူနာကြီးတပါးနှင့် ကောင်းကြီးမင်္ဂလာတော်ကြီးတပါးဖြစ်၏။ ထိုအားကိုးသူတို့သည် ကုရ်အာန်ကျမ်းတော်ကို ယုံကြည်ကြ၏။ အကြင်သူသည် ကျမ်းတော်ကို မယုံကြည်ကြအ့ံ။ ငရဲမီးသည် သူ့အတွက် သတ်မှတ်ထားသော နေရာထိုင်ခင်းဖြစ်၏။ ထို့ကြောင့်တမန်တော်၊ သင်သည် ကုရ်အာန်ကျမ်းတော်၌ သံသယရှိသူတို့ဘောင်တွင် မပါဝင်လင့်၊ မှတ်သားကြလော့၊ ဤကျမ်းတော်သည် သင်၏ ကျေးဇူးတော်သခင်ထံမှ သစ္စာတရားတော်ဖြစ်၏။ သို့သော်လူသားတို့အနက် အမြောက်အများတို့သည် မယုံကြည်ကြချေ။
Verse 18 — Surah Hud 11:18
၁၈။ အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ မုသားစကားလုပ်ကြံသူထက် အဘယ်သူသည် သာလွန်ကြီးမားသောမတရားမှု ကို ပြုသနည်း။ ဤသူမိုက်တို့အား သူတို့၏ ကျေးဇူးတော်သခင်၏ မျက်မှောက်တော်သို့ ယူဆောင်ခဲ့လတ့ံ။ ထိုအခါသက်သေတော်တို့က မိမိတို့၏ ကျေးဇူးတော်သခင်နှင့်စပ်လျဉ်း၍ မဟုတ်မမှန်မုသားဆိုသူတို့သည် ဤသူများဖြစ်ပါ၏။ ယခုမှာကား အလ္လာဟ်အရှင်မြတ်ကျိန်ဆဲတော်မူခြင်းသည် မတရားဒုစရိုက်မှုပြုသူတို့အပေါ်သို့ ကျရောက်၏။
Verse 19 — Surah Hud 11:19
၁၉။ ထိုသူမိုက်တို့သည် လူသားတို့အား အရှင်မြတ်၏ လမ်းတော်မှ လူသားတို့ကို တားဆီးထားကြ၏။ လမ်းတော်ကို မဖြောင့်မမှန်ကွေ့ကောက်စေလိုကြ၏။ သူတို့သည် နောင်တမလွန်ဘဝ၌ မယုံကြည်ကြချေဟု ပြောဆိုမည်။
Verse 20 — Surah Hud 11:20
၂ဝ။ ထိုသူမိုက်တို့သည် မြေပေါ်တွင် ထွက်ပြေးတိမ်းရှောင်၍ လွတ်လိမ့်မည်မဟုတ်ချေ၊ သူတို့၌ အလ္လာဟ်အရှင်မြတ် မှတပါး အခြားစောင့်ရှောက်မည့်အဆွေခင်ပွန်းမရှိချေ။ သူတို့အတွက် ငရဲအပြစ်ဒဏ်သည် နှစ်ဆဖြစ်လိမ့်မည်။ သူတို့သည် မကြားနိုင်ကြချေ။ မမြင်နိုင်ကြပေ။
Verse 21 — Surah Hud 11:21
၂၁။ ထိုသူမိုက်တို့သည် မိမိတို့ဝိညာဉ်ကို မိမိတို့ဆုံးရှုံးသူများဖြစ်ကြ၏။ သူတို့လုပ်ကြံဖန်တီးလေ့ရှိသောအရာများသည် သူတို့ကို ပစ်ပယ်ကြ၏။
Verse 22 — Surah Hud 11:22
၂၂။ မုချဧကန်သူတို့သည် နောက်ဘဝတွင် အကြီးဆုံးသောဆုံးရှုံးသူများဖြစ်ကြလိမ့်မည်။
Verse 23 — Surah Hud 11:23
၂၃။ မှတ်သားကြလော့၊ အကြင်သူတို့သည် ယုံကြည်လျက် သုစရိုက်ကောင်းမှုကို ပွားများ၍ မိမိတို့အရှင်သခင်၏ မျက်မှောက်တော်ဝယ် မိမိကိုယ်ကို နှိမ့်ချအ့ံ။ ထိုသူတို့သည် သုခဥယျာဉ်တော်ကို တရားသဖြင့် ပိုင်ဆိုင်သူတို့ ဖြစ်ကြ၏။ သူတို့သည် ထိုဥယျာဉ်တော်၌ စံမြန်းနေထိုင်ကြရလိမ့်မည်။
Verse 24 — Surah Hud 11:24
၂၄။ မိစ္ဆာဝါဒီနှင့် သမ္မာဝါဒီတို့၏ ပမာမှာ အယူမှားသူတို့ကား မျက်စိမမြင်၊ နားမကြား၊ အယူမှန်သူတို့ကား မျက်စိမြင်နားကြားသူတို့အသီးသီးဖြစ်ကြ၏။ ထိုဥပမာနှစ်ချက်သည် ထပ်တူထပ်မျှဖြစ်သလော၊ သို့ပါလျက် သင်တို့သည် အဆုံးအမခံကြမည်မဟုတ်လော။
Verse 25 — Surah Hud 11:25
၂၅။ တဖန်ငါအရှင်မြတ်သည် တမန်တော်နူဟိုအား မိမိ၏ အမျိုးသားတို့ထံသို့ စေလွှတ်တော်မူ၏။ သူသည် ထိုသူတို့ အား ဟယ်-အချင်းတို့၊ ငါသည် သင်တို့ကို တရားဟောကြားသတိပေးသူမျှသာဖြစ်သည်။
Verse 26 — Surah Hud 11:26
၂၆။ သင်တို့သည် အလ္လာဟ်အရှင်မြတ်မှတပါး မည်သည်ကိုမှ မကိုးကွယ်မခဝပ်ကြလင့်၊ မှတ်သားကြလော့၊ ငါသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့တော်ကြီး၏ လက်စားချေခြင်းကို သင်တို့အဖို့ ကြောက်ရွံ့၏ဟု ပြော ကြား၏။
Verse 27 — Surah Hud 11:27
၂၇။ ထိုအခါသူ့လူမျိုး၏ အယူမှားသောအကြီးအကဲတို့က အို-နူဟို၊ သင်သည် ငါတို့ကဲ့သို့ လူသားဖြစ်ကြောင်းကိုသာ ငါတို့မြင်၏။ ငါတို့အထဲက အနိမ့်ဆုံးအောက်တန်းစားမစဉ်းစားမဆင်ခြင်တတ်သူတို့မှတပါး အခြားတစုံတယောက် မျှ သင့်နောက်ကို လိုက်သည်ကို ငါတို့မမြင်ချေ။ သင့်၌ ငါတို့ထက်သာသောဂုဏ်ကို ငါတို့မမြင်ချေ။ သို့သော် ငါတို့သည် သင့်အား လူလိမ်များဟုသာ ယူဆ၏။
Verse 28 — Surah Hud 11:28
၂၈။ တမန်တော်နူဟိုက ဟယ်-အချင်းတို့၊ သင်တို့စဉ်းစားကြလော့။ ငါသည် ငါ၏ အရှင်သခင်ထံမှ ထင်ရှားသော သက်သေခံချက်ကို အားထား၏။ အရှင်မြတ်သည် ငါ့အား အထံတော်မှ ကောင်းကြီးမင်္ဂလာပေးတော်မူပြီ၊ သို့သော်ထိုအချက်ကြီးသည် သင်တို့ထံ မထင်ရှားချေ။ သင်တို့သည် ထိုသက်သေခံချက်ကို မနှစ်သက်မုန်းတီး သောအခါ ငါသည် သင်တို့အား ထိုတရားတော်ကို လက်ခံစေနိုင်သလော။
Verse 29 — Surah Hud 11:29
၂၉။ ဟယ်-အချင်းတို့၊ ငါသည် သင်တို့ထံမှ တရားဟောကြားခတစုံတခုကိုမှ မတောင်းချေ။ ငါ၏ ဆုသည် အလ္လာဟ်အရှင်မြတ်၏ အပေါ်မှာသာကျ၏။ ငါသည် ယုံကြည်သူတို့အား ဖယ်ရှားမည်မဟုတ်ချေ။ မှတ်သား ကြလော့၊ သူတို့သည် သူ၏ ကျေးဇူးတော်သခင်ကို ဖူးမြင်တွေ့ဆုံကြရမည်။ သို့သော်သင်တို့သည် ပညာမဲ့သူများ ဖြစ်ကြ၏။
Verse 30 — Surah Hud 11:30
၃ဝ။ ဟယ်-အချင်းတို့၊ အကယ်၍ ငါသည် ယုံကြည်သူတို့အား တွန်းဖယ်ပစ်လျှင် ငါ့ကို အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်မှ အဘယ်သူကယ်နှုတ်အ့ံနည်း။ သို့ပါလျက်သင်တို့တွေးတောဆင်ခြင်ကြမည်မဟုတ်လော။
Verse 31 — Surah Hud 11:31
၃၁။ ငါက သင်တို့အား ငါ့မှာ အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များရှိသည်ဟု မဆိုချေ။ သို့မဟုတ် ငါသည် မမြင်စွမ်းနိုင်သောအမှုအခင်းများကို သိသည်ဟုလည်းမဆိုချေ။ သို့မဟုတ် ငါသည် ကောင်းကင်တမန်အမှန် ဖြစ်သည်ဟုလည်း မပြောချေ။ သို့မဟုတ်သင်တို့က အဖက်မတန်ဟု ထင်မှတ်သူကို အလ္လာဟ်အရှင်မြတ်သည် ကောင်းကြီးမင်္ဂလာပေးတော်မူမည်မဟုတ်ဟု သူတို့အား ငါမပြောချေ။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ နှလုံးတွင်း၌ ရှိသည်တို့ကို အကြွင်းမဲ့သြိုမင်တော်မူ၏။ ထိုသူတို့ကောင်းကြီးမရဟု ဟောကြားလျှင် ငါသည် ပြစ်မှုကျူးလွန်သူတို့ဘောင်တွင် အပါအဝင်ဖြစ်ချေမည်ဟု ပြော၏။
Verse 32 — Surah Hud 11:32
၃၂။ သူတို့က အို-နူဟို၊ သင်သည် ငါတို့နှင့်ငြင်းခုံမှုကို ပြုပြီး ငြင်းခုံမှုကို ပွားများစေပြီး သင်သည် အမှန်ဆိုသူ ဖြစ်လျှင် သင်ခြိမ်းခြောက်သောအပြစ်ဒဏ်တော်ကို ငါတို့အပေါ်သို့ ရောက်စေလော့ဟု ပြောဆိုကြ၏။
Verse 33 — Surah Hud 11:33
၃၃။ တမန်တော်နူဟိုသည် သူတို့အား အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါလျှင် အရှင်မြတ်သာလျှင် အပြစ်ဒဏ်တော် ကို သင်တို့အပေါ်သို့ ကျစေတော်မူမည်။ ထိုအခါသင်တို့သည် မည်သည့်နည်းနှင့်မျှ ထွက်မပြေးနိုင်ချေ။
Verse 34 — Surah Hud 11:34
၃၄။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား လမ်းမှားတွင် ပစ်ထားလိုတော်မူပါလျှင် ငါသည် သင်တို့အား ဆုံးမ သွန်သင်သော်လည်း ငါ့တရားတော်သည် သင်တို့အား အကျိုးပေးမည်မဟုတ်ချေ။ အရှင်မြတ်သည် သင်တို့၏ ကျေးဇူးတော်သခင်ဖြစ်တော်မူ၏။ သင်တို့ကို အရှင်မြတ်အထံတော်သို့ ပြန်ယူခဲ့မည်သာတည်းဟု ပြောကြား၏။
Verse 35 — Surah Hud 11:35
၃၅။ သို့မဟုတ် မိစ္ဆာယုတ်တို့က သူသည် တရားတော်ကို လုပ်ကြံဖန်တီး၏ဟု တဖန်ဆိုကြသလော။ တမန်တော် သင်သည် သူတို့အား ပြောလော့၊ ငါသည် တရားတော်ကို လုပ်ကြံဖန်တီးလျှင် ငါ့၌ အပြစ်သင့်၏။ သို့သော် ငါသည် သင်တို့ကျုးလွန်သောပြစ်မှုများမှ လွတ်ကင်းသန့်စင်၏။
Verse 36 — Surah Hud 11:36
၃၆။ တမန်တော်နူဟို၏ စိတ်နှလုံးတွင် ဤဗျာဒိတ်တော်ကို ထင်ရှားစေတော်မူ၏။ တမန်တော် ယခုယုံကြည်ပြီ၊ သူမှတပါး သင်၏ အမျိုးသားတို့သည် ယုံကြမည်မဟုတ်ချေ။ သူတို့ပြုကျင့်မှုကြောင့် သင်သည် စိတ်မပူပန်လင့်။
Verse 37 — Surah Hud 11:37
၃၇။ ငါအရှင်မြတ်၏ မျက်မှောက်တော်တွင် ငါမိန့်တော်မူသည့်အတိုင်း သင်္ဘောတစင်းတည်ဆောက်လော့၊ ပြစ်မှု ကျူးလွန်သူများအတွက် ငါ့ထံတော်၌ သင်ဆုမတောင်းလင့်၊ မှတ်သားလော့၊ သူတို့ကို ရေတွင် နစ်မြုပ်သေစေ တော်မူမည်။
Verse 38 — Surah Hud 11:38
၃၈။ တမန်တော်သည် သင်္ဘောကြီးကို ဆောက်လုပ်နေ၏။ သူ၏ အမျိုးသားထဲမှ အကြီးအမှုးတို့သည် သူ့ကို ဖြတ်သွားသောအခါ ပြောင်လှောင်ကြ၏။ ထိုအခါသူက သင်တို့သည် ငါ့ကို သရော်ကြငြားလည်း ငါတို့သည် သင်တို့သရော်စော်ကားပြုသလို သင်တို့ကို ပျက်ရယ်ပြုကြ၏။
Verse 39 — Surah Hud 11:39
၃၉။ တဖန်ရှုပ်ပွေမွှေနှောက်သောအပြစ်ဒဏ်တော်သည် မည်သူ့ထံသို့ ကျရောက်လာမည်ကို သင်တို့မြင်ကြရလတ့ံ။ ထိုသူ့အပေါ်သို့ ထာဝရအပြစ်ဒဏ်တော်ကျရောက်လိမ့်မည်ဟု ပြန်ဆို၏။
Verse 40 — Surah Hud 11:40
၄ဝ။ ငါအရှင်မြတ်၏ ဗျာဒိတ်တော်ကျလာ၍ မုန့်ဖိုတွင်းမှ ရေပန်းထွက်လာသည့်တိုင်အောင် ယင်းကဲ့သို့ဖြစ်ပျက်နေကြ ၏။ ငါသည် ဤသို့ဗျာဒိတ်ပေးတော်မူ၏။ တမန်တော်နူဟို၊ သင်သည် သင်္ဘောပေါ်သို့ သက်ရှိသတ္တဝါအမျိုးမျိုး ကို ထီးမတစ်စုံစီနှင့် သင်၏ အိမ်သူအိမ်သားများမှ အပြစ်ပေးအမိန့်ချခံရသူမှတပါး အားလုံးကို တင်လော့၊ သူနှင့်အတူ ယုံကြည်သူတို့ကား အရေအတွက်အလွန်နည်းပါးလှ၏။
Verse 41 — Surah Hud 11:41
၄၁။ တမန်တော်နူဟိုက မိမိအသင်းသားတို့အား အို-အသင်းသားတို့၊ ဤသင်္ဘောထက်သို့ တက်စီးကြလော့။ သင်္ဘော၏ သွားလမ်းနှင့် ကျောက်စူးချခြင်းသည် အရှင်မြတ်၏ နာမတော်၌ ဖြစ်စေလော့၊ မှတ်သားကြလော့၊ ငါ၏ အရှင်သခင်သည် အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာတော်ပေးသနားတော်မူ၏။
Verse 42 — Surah Hud 11:42
၄၂။ ထိုအခါသင်္ဘောသည် တောင်လုံးပမာ လှိုင်းတံပိုးတွင်း၌ စီးနင်းလိုက်ပါလာသောသတ္တဝါအားလုံးကို ယူဆောင် မျောသွား၏။ တမန်တော်နူဟိုက သင်္ဘောအနီးအပါးတွင် စိမ်းစိမ်းကားကားရပ်တန့်နေသောသူ၏ သားအား အို-ငါ၏ ချစ်သား သင်္ဘောပေါ်သို့ ငါတို့နှင့်အတူတက်စီးလော့။ သင်သည် မိစ္ဆာဒိဋ္ဌိတို့နှင့်အတူတကွ မနေလင့်ဟု ကြီးသောအသံနှင့်ခေါ်၏။
Verse 43 — Surah Hud 11:43
၄၃။ သားက ခမည်းတော်၊ အကျွနု်ပ်သည် ရေမှ ကယ်ဆယ်မည့်တောင်ထိပ်တစ်ခုခုပေါ်သို့ တက်၍ နေပါမည်ဟု ပြန်ပြော၏။ ထိုအခါတမန်တော်နူဟိုက ဟယ်-ချစ်သား၊ ယနေ့၌မူကား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော် သက်ရောက်ပြီးသောသူမှတပါး အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မှ ကယ်မည့်သူများလုံးဝမရှိချေဟု ဆို၏။ ယင်းခဏပင် သူတို့၏ အလယ်ကြားသို့ လှိုင်းတံပိုးတက်ကြွလာ၏။ ထိုသူသည် ရေတွင် နစ်မြုပ်သွားလေ၏။
Verse 44 — Surah Hud 11:44
၄၄။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ဤသို့အမိန့်ဗျာဒိတ်ချတော်မူ၏။ အို-မြေကြီး၊ သင်သည် မိမိရေကို စုပ်ယူ လော့၊ အို-မိုးကောင်းကင်၊ သင်သည် မိုးတိမ်နှင့်ကင်းစေလော့၊ ထို့အပြင်လွှမ်းမိုးနေသောရေကို ကျစေတော်မူ၏။ အရှင်မြတ်၏ ဗျာဒိတ်တော်သည် တည်၏။ သင်္ဘောသည် ဂျူဒီခေါ် တောင်ထိပ်ပေါ်တွင် တင်နေ၏။ သင်္ဘော သည် အပြစ်ကျူးလွန်သောလူစုမှ ဝေးကွာနေစေဟု မိန့်တော်မူ၏။
Verse 45 — Surah Hud 11:45
၄၅။ ထိုအခါတမန်တော်နူဟိုသည် မိမိ၏ အရှင်သခင်ထံတော်၌ အို-အကျွနု်ပ်၏ ကျေးဇူးတော်သခင်၊ အကျွနု်ပ်၏ သားသည် အကျွနု်ပ်၏ အိမ်သူအိမ်သားတို့အထဲက အမှန်ဖြစ်ပါ၏။ အရှင်၏ ကတိများ၊ ဗျာဒိတ်တော်သည် မုချဧကန်မှန်ပါ၏။ အရှင်သည် တရားသူကြီးအပေါင်းတို့တွင် ဖြောင့်မတ်မှန်ကန်ဆုံးဖြစ်တော်မူပါ၏ဟု ငိုကြွေး၏။
Verse 46 — Surah Hud 11:46
၄၆။ အရှင်မြတ်က နူဟို၊ မှတ်သားလော့၊ သူသည် သင်၏ အိမ်သားအထဲမှ မဟုတ်ချေ၊ သူသည် အကျင့်စာရိတ္တ ဆိုးဝါးသူအမှန်ဖြစ်၏။ ထို့ကြောင့်ငါ့အထံတော်မှ သင်မသိသောအရာကို မတောင်းလင့်၊ ငါသည် သင့်အား အသိဉာာဏ်ကင်းမဲ့သူမဖြစ်စိမ့်သောငှာ ဆုံးမသွန်သင်တော်မူ၏ဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 47 — Surah Hud 11:47
၄၇။ ထိုအခါတမန်တော်နူဟိုက အို-အကျွနု်ပ်၏ အရှင်သခင်၊ အရှင်၏ အထံတော်မှ မိမိမသိသောအရာကို ဆုတောင်း ခြင်းတည်းဟူသောအပြစ်မှ ကင်းလွတ်စေခြင်းငှာ အကျွနု်ပ်သည် အရှင်၌ ခိုလှုံပါ၏အရှင်၊ အရှင်သည် အကျွနု်ပ် အား အပြစ်လွှတ်တော်မမူ၊ ကောင်းကြီးမင်္ဂလာမမူပါလျှင် အကျွနု်ပ်သည် ပျက်စီးဆုံးရှုံးသူတို့ဘောင်တွင် အပါအဝင်ဖြစ်ရပါမည်ဟု ဆုပန်၏။
Verse 48 — Surah Hud 11:48
၄၈။ ထိုအခါအရှင်မြတ်က ဤသို့ဗျာဒိတ်ပေးတော်မူ၏။ နူဟို၊ သင်သည် ငါ့ထံမှ ငြိမ်သက်ခြင်းမင်္ဂလာနှင့် ဤတောင် ပေါ်မှ ဆင်းသွားလော့၊ သင့်အပေါ်သို့သော်လည်းကောင်း၊ သင်နှင့်အတူတကွလိုက်ပါသူတို့မှ ပေါက်ပွားသော လူမျိုးအချို့တို့အပေါ်သို့သော်လည်းကောင်း၊ ကောင်းကြီးမင်္ဂလာတော်သက်စေသော်ဝ်။ အချို့သောလူမျိုးတို့အား ငါသည် လောကီစည်းစိမ်ချမ်းသာကို ခေတ္တခဏပေးသနားတော်မူမည်။ ထို့နောက်အလွန်ကြောက်မက်နာကျင် ဖွယ်သောအပြစ်ဒဏ်တော်ကြီးသည် သူတို့ကို ဖမ်းဆီးလိမ့်မည်။
Verse 49 — Surah Hud 11:49
၄၉။ အို-မိုဟမ္မဒ်၊ သည်အကြောင်းအရာသည် သင်၏ စိတ်နှလုံးအတွင်း၌ ငါသင်ပေးတော်မူသည့်မမြင်စွမ်းနိုင်သော အရာများမှတည်း၊ ဤအကြောင်းအရာကို ဤဗျာဒိတ်တော်မရောက်လာမီ သင်လည်းမသိ၊ သင်၏ အသင်းသား များလည်းမသိချေ၊ ထို့ကြောင့်သည်းခံခြင်းပါရမီရှိလော့၊ မှတ်သားလော့၊ အောင်ဆုမင်္ဂလာတော်မှာ ဒုစရိုက် မကောင်းမှုကို ကြဉ်ရှောင်သူတို့အဖို့သာဖြစ်၏။
Verse 50 — Surah Hud 11:50
၅ဝ။ ထို့အပြင်အားဒ်လူမျိုးစုထံ ငါအရှင်မြတ်သည် သူတို့၏ သားချင်းဟုဒ်ကို စေလွှတ်တော်မူ၏။ သူက ဤသို့ ဟောကြား၏။ ဟယ်-အချင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်လော့။ သင်တို့တွင် အရှင်မြတ် မှတပါး အခြားအရှင်သခင်မရှိချေ။ ကြံဖန်လည်ဆယ်သူများသာဖြစ်ကြ၏။
Verse 51 — Surah Hud 11:51
၅၁။ ဟယ်-အချင်းတို့၊ ငါသည် သင်တို့ထံမှ တရားဟောကြေးတပြားတချပ်မှ မတောင်းချေ၊ မှတ်သားကြလော့၊ ငါ၏ တရားဟောကြေးမှာ ငါ့ကို ဖန်ဆင်းမွေးမြူတော်မူထသောကျေးဇူးတော်သခင်အထံမှသာဖြစ်၏။ သင်တို့တွင် စဉ်းစားဉာာဏ်မရှိသလော။
Verse 52 — Surah Hud 11:52
၅၂။ ဟယ်-အချင်းတို့၊ သင်တို့၏ အရှင်သခင်အထံတော်၌ အပြစ်လွှတ်ဆုတောင်းကြလော့၊ ထို့နောက်တရားသံဝေဂ ရလျက် အရှင်မြတ်ထံသို့ လှည့်ကြလော့။ အရှင်မြတ်သည် သင်တို့အပေါ်သို့ မိုးကောင်းကင်မှ မိုးဖောဖောသီသီ ရွာသွန်းစေတော်မူမည်။ သင်တို့၏ အင်အားကို တဆင့်မှတဆင့် ဆက်လက်တိုးပွားစေတော်မူမည်။ ဟယ်- ဒုစရိုက်ကောင်ကို သင်တို့ကျောပေးမသွားကြလင့်။
Verse 53 — Surah Hud 11:53
၅၃။ ထိုအခါ သူတို့က ဟုဒ်၊ သင်သည် ထင်ရှားသောသက်သေသာဓကကို မယူဆောင်ခဲ့ချေ။ သင်ပြောရုံမျှနှင့် ငါတို့သည် မိမိတို့ဘုရားများကို စွန့်လွှတ်ကြမည်မဟုတ်။ ငါတို့သည် သင့်အား ယုံကြည်သူများမဟုတ်ကြချေ။
Verse 54 — Surah Hud 11:54
၅၄။ ငါတို့ဘုရားတဆူဆူက သင့်ကို မကောင်းသောနည်းဖြင့် ဖမ်းထားသည်ဟု ဆိုခြင်းမှတပါး အခြားတစုံတခု မဆိုကြချေဟု ပြန်ပြောကြ၏။ ထိုအခါတမန်တော်ဟုဒ်က အရှင်မြတ်နှင့် ဘုရားတုများကို တွဲဖက်ခြင်းတည်း ဟူသော သင်တို့၏ ပြစ်မှုမှ ငါသည် ကင်းလွတ်ကြောင်းကို အရှင်မြတ်အား ငါသက်သေထူ၏။ သင်တို့လည်း သက်သေခံကြလော့။
Verse 55 — Surah Hud 11:55
၅၅။ ထို့ကြောင့်သင်တို့အားလုံးသည် ငါ၏ ပျက်စီးရာပျက်စီးကြောင်းကို ကြံစည်ကြလော့။ ငါ့ကို အနားမပေးကြလင့်။
Verse 56 — Surah Hud 11:56
၅၆။ မှတ်သားကြလော့၊ ငါသည် ငါ၏ အရှင်သခင်နှင့် သင်တို့၏ အရှင်သခင်၊ အလ္လာဟ်အားသာလျှင် ကိုးစား ယုံကြည်၏။ ကမ္ဘာမြေပေါ်ရှိ သတ္တဝါတိုင်းကို အရှင်မြတ်သည် ဦးစွန်းဖုတ်ကို ဆွဲ၍ ယူတော်မူ၏။ မှတ်သား ကြလော့၊ ငါ၏ ကျေးဇူးတော်သခင်သည် ဖြောင့်မှန်သောလမ်းတော်၌ ရှိတော်မူ၏။
Verse 57 — Surah Hud 11:57
၅၇။ ဟယ်-အချင်းတို့၊ သင်တို့သည် လှည့်သွားလျှင် အကြင်အရာနှင့် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူ၏။ ထိုအရာကို သင်တို့ထံသို့ ငါယူဆောင်လာပြီးပြီ။ ငါ၏ အရှင်သခင်သည် သင်တို့နေရာတွင် အခြားလူမျိုးတစုကို အစားထိုးယူဆောင်တော်မူလိမ့်မည်။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား နာအောင် လုံးဝမပြုစွမ်းနိုင်ချေ။ မှတ်သားကြလော့၊ ငါ၏ ကျေးဇူးတော်သခင်သည် ခပ်သိမ်းကုန်သောအရာအပေါင်းတို့ကို ထိန်းသိမ်းစောင့်ရှောက် တော်မူထသောအရှင်ဖြစ်တော်မူ၏ဟု ဟောကြားဆုံးမ၏။
Verse 58 — Surah Hud 11:58
၅၈။ ၎င်းအပြင် ငါအရှင်မြတ်၏ အပြစ်ဒဏ်ပေးသည့်အမိန့်တော်ကျရောက်လာသောအခါ ငါ၏ ကရုဏာတော်အားဖြင့် ငါသည် တမန်တော်ဟုဒ်နှင့်တကွ ယုံကြည်သူတို့အား ကယ်ဆယ်တော်မူ၏။ ငါသည် သူတို့ကို အလွန်ပြင်းထန် သောအပြစ်ဒဏ်တော်မှ ကယ်တင်တော်မူ၏။
Verse 59 — Surah Hud 11:59
၅၉။ အားဒ်လူမျိုးသည် ယင်းကဲ့သို့ဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ အရှင်သခင်၏ နှုတ်ကပတ်တော်များကို ငြင်းပယ် ကြ၏။ အရှင်မြတ်စေလွှတ်တော်မူသောတမန်တော်တို့ကိုလည်း မထီမဲ့မြင်သရော်ပင့်ချေပြုကြ၏။ တရားတော်ကို ကျူးလွန်ထောင်ထားသောအကြီးအမှုးတို့၏ အမိန့်စကားကို နာခံကြ၏။
Verse 60 — Surah Hud 11:60
၆ဝ။ ထို့ကြောင့်ကျိန်ဆဲတော်မူခြင်းကို သူတို့အား ဤဘဝတွင်သော်လည်းကောင်း၊ ရှင်ပြန်ထမြောက်ရသောနေ့တော် ကြီးတွင်လည်းကောင်း၊ နောက်က ထက်ကြပ်မကွာလိုက်စေတော်မူ၏။ မှတ်သားကြလော့၊ အားဒ်လူမျိုးတို့သည် သူတို့၏ အရှင်သခင်အား မယုံကြည်ကြချေ။ ထို့ကြောင့်တမန်တော်ဟုဒ်၏ အမျိုးသားအားဒ်လူမျိုးကို သုတ်သင် ရှင်းလင်းတော်မူလေ၏။
Verse 61 — Surah Hud 11:61
၆၁။ ငါအရှင်မြတ်သည် စမုဒ်လူမျိုးစုထံသို့ သူတို့၏ သားချင်းတမန်တော်ဆွာလေ(ဟ်)ကို စေလွှတ်တော်မူ၏။ သူက ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ကြလော့၊ သင်တို့တွင် အရှင်မြတ်မှတပါး အခြား အရှင်သခင်မရှိချေ၊ အရှင်မြတ်သည် သင်တို့အား မြေမှ ဖန်ဆင်းတော်မူ၏။ မြေကို ထွန်ယက်လုပ်ကိုင်စား သောက်စေတော်မူ၏။ ထို့ကြောင့်အရှင်မြတ်အား အပြစ်လွှတ်တော်မူရန် ဆုတောင်းကြလော့။ အရှင်မြတ်ဘက် တော်သို့ တရားသံဝေဂရခြင်းဖြင့် လှည့်ကြလော့။ မှတ်သားကြလော့။ ငါ့ကို ဖန်ဆင်းမွေးမြူတော်မူထသော ကျေးဇူးတော်သည် နီးကပ်စွာရှိတော်မူ၏။ တောင်းသောဆုများကို ပေးတော်မူ၏ဟု ဟောကြား၏။
Verse 62 — Surah Hud 11:62
၆၂။ သူတို့က အို-ဆွာလေ(ဟ်)၊ ယခုအချိန်အထိ သင်သည် အကျွနု်ပ်တို့အားထားမျှောကိုးသူအဖြစ်ဖြင့် အကျွနု်ပ်တို့ အထဲမှာ နေခဲ့၏။ သင်သည် ငါတို့အား မိမိတို့မိဘ၊ဘိုးဘွားတို့ကိုးကွယ်သည်များကို မရှိခိုးမပူဇော်ရဟု ဟောကြားသလော၊ မှတ်သားလော့၊ ငါတို့သည် အကြင်တရားသို့ သင်သည် ငါတို့ကို ခေါ်၏။ ထိုတရားနှင့် ပတ်သက်၍ ငါတို့သည် ကြီးစွာသံသယအမှန်ပင်ရှိကြ၏ဟု ပြန်ပြောကြ၏။
Verse 63 — Surah Hud 11:63
၆၃။ ထိုအခါတမန်တော်က ဟယ်-အချင်းတို့၊ စဉ်းစားကြလော့။ ငါ၏ အရှင်သခင်အထံတော်မှ ထင်ရှားသော သက်သေခံချက်ကို ကိုးကား၏။ အရှင်မြတ်ထံတော်မှ ကောင်းကြီးမင်္ဂလာတော်တစ်ပါးသည် ငါ့ထံသို့ ရောက်လာ ပြီ။ သို့ပါလျက်အရှင်မြတ်အား ငါမနာခံနားမထောင်လျှင် ငါ့အား အရှင်မြတ်အထံတော်မှ အဘယ်သူကယ်မည် နည်း။ သင်တို့သည် ငါ့အား ငရဲမီးမှတပါး မည်သည့်အကျိုးကိုမှ ပေးမည်မဟုတ်ချေ။
Verse 64 — Surah Hud 11:64
၆၄။ ဟယ်-အချင်းတို့၊ ဤကုလားအုတ်မသည် အလ္လာဟ်၏ ကုလားအုပ်တော်ဖြစ်၏။ သင်တို့အတွက် သက်သေ သာဓကတော်တပါးဖြစ်၏။ ထို့ကြောင့်သင်တို့သည် ဤကုလားအုပ်မအား အလ္လာဟ်အရှင်မြတ်၏ ပထဝီမြေပေါ် တွင် စားသောက်ခွင့်ပေးကြလော့။ သင်တို့ကို နီးကပ်နေသောအပြစ်ဒဏ်မဖမ်းဆီးစေရန် သင်တို့သည် ဤ ကုလားအုပ်မကို ဘေးအန္တရာယ်နှင့် မထိကြလင့်ဟု ပြော၏။
Verse 65 — Surah Hud 11:65
၆၅။ သို့သော်သူတို့သည် ကုလားအုပ်မ၏ ဒူးခေါက်ကြောကို ခုတ်ဖြတ်ကြ၏။ ထိုအခါတမန်တော်ဆွာလေ(ဟ်)က သူတို့အား သင်တို့သည် မိမိတို့အိမ်များ၌ သုံးရက်သာအသက်ရှင်နေရကြလော့။ ဤခြိမ်းခြောက်ချက်သည် မုသားစကားဖြစ်လိမ့်မည်။ မဟုတ်ချေ။
Verse 66 — Surah Hud 11:66
၆၆။ ထို့ကြောင့်ငါအရှင်မြတ်၏ အမိန့်တော်ကျရောက်လာသောအခါ ငါသည် ငါ၏ ကရုဏတော်အားဖြင့် တမန်တော် ဆွာလေ(ဟ်)နှင့် သူနှင့်အတူတကွယုံကြည်သူတို့ကို ထိုနေ့၏ အရှက်တကွဲဖြစ်ရခြင်းမှ ကယ်နှုတ်တော်မူ၏။ မှတ်သားလော့၊ သင်၏ အရှင်သခင်သည် အတိုင်းမသိအားကြီးတော်မူသောအရှင်၊ အနန္တတန်ခိုးတော်နှင့်ပြည့်စုံ သောအရှင်ဖြစ်တော်မူ၏။
Verse 67 — Surah Hud 11:67
၆၇။ အလွန်ကြောက်မက်ဖွယ်ဖြစ်သောအသံကြီးသည် ဒုစရိုက်မှုပြုကျင့်သူတို့အား ဖမ်းဆီး၏။ ထို့ကြောင့်နံနက်သည် သူတို့အားလုံးကို မိမိတို့နေအိမ်များအတွင်း အလျားလိုက်လဲလျက်တွေ့၏။
Verse 68 — Surah Hud 11:68
၆၈။ ထိုအခါသူတို့၏ နေရပ်ဌာနေအလုံးတို့သည် သူတို့တခါတရံမှ မနေဘူးသောအရပ်ကဲ့သို့ဖြစ်သွား၏။ မှတ်သားကြ လော့။ စမုဒ်လူမျိုးစုသည် မိမိတို့၏ အရှင်သခင်အား မယုံကြည်ကြချေ။ ထို့ကြောင့်သူတို့ကို ကောင်းစွာရှင်းလင်း ပစ်တော်မူ၏။
Verse 69 — Surah Hud 11:69
၆၉။ ငါအရှင်မြတ်၏ စေတမန်များသည် တမန်တော်အေဗရာဟမ်ထံသို့ သတင်းကောင်းနှင့်လာခဲ့ကြ၏။ သူတို့က အေးချမ်းသာယာပါစေသော်ဝ်ဟု နှုတ်ဆက်ကြ၏။ အေဗရာဟမ်ကလည်း အေးချမ်းသာယာပါစေသော်ဝ်ဟု တုံ့ပြန်နှုတ်ဆက်၏။ ကာလမကြာမြင့်မီ နွားကလေးတစ်ကောင်ကို ထုတ်ယူလာ၏။
Verse 70 — Surah Hud 11:70
၇ဝ။ ဧည့်သည်တော်တို့သည် အစားအစာသို့ လက်မလှမ်းသည်ကို သူမြင်ရသောအခါ သူတို့ကို မသင်္ကာဖြစ်ပြီးလျှင် ကြောက်စိတ်ပေါ်လာ၏။ သူတို့က တမန်တော် မစိုးရိမ်ပါလင့်။ အကျွနု်ပ်တို့အား တမန်တော်လွတ်၏ အမျိုးသား တို့ထံသို့ အမှန်စေလွှတ်တော်မူ၏။
Verse 71 — Surah Hud 11:71
၇၁။ ထို့နောက်ငါအရှင်သည် သူမအား အစ္စဟတ်(က်)ခေါ် သားရတနာနှင့်အစ္စဟတ်(က်)နောက် ယာကု(ဘ်)တို့ကို ဖွားမြင်မည့်အကြောင်းသတင်းကောင်းကို ပေးတော်မူသောအခါ အနားတွင် ရပ်နေသောအေဗရာဟမ်၏ ဇနီး မိန်းမက ပြံုးရယ်၏။
Verse 72 — Surah Hud 11:72
၇၂။ သူမက အို-ဒုက္ခပါပဲ၊ အကျွနု်ပ်သည် အသက်ကြီးပြီ၊ အကျွနု်ပ်၏ ဤခင်ပွန်းယောက်ျားသည်လည်း သက်ကြားအို ကြီးဖြစ်ပြီ၊ သို့ပါလျက် အကျွနု်ပ်သည် သားမွေးဦးမည်လော။ ဤသတင်းသည် အမှန်ပင်ဆန်းကျယ်လှပေ၏ဟု ဆို၏။
Verse 73 — Surah Hud 11:73
၇၃။ ထိုအခါ ဧည့်သည်တော်တို့က သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်ကို အ့ံသြပါသလော။ အို-အိမ်သူအိမ်သားတို့၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ကောင်းကြီးမင်္ဂလာတို့သည် သင်တို့အပေါ်သို့ သက်ရောက်ပါစေသော်ဝ်။ မှတ်သားကြလော့၊ အရှင်မြတ်သည် ချီးမွမ်းခြင်းပိုင်ရှင်၊ ဂုဏ်ပိုင်ရှင်ဖြစ်တော်မူပါ၏ ဟု ပြောကြ၏။
Verse 74 — Surah Hud 11:74
၇၄။ ၎င်းအပြင်ကြောက်စိတ်ပျောက်၍ သူ့ထံသို့ မင်္ဂလာရှိသောသတင်းရောက်သောအခါ တမန်တော်အေဗရာဟမ် သည် ငါအရှင်မြတ်အထံတော်၌ တမန်တော်လွတ်၏ လူများအတွက် တောင်းပန်တင်လျှောက်၏။
Verse 75 — Surah Hud 11:75
၇၅။ မှတ်သားကြလော့၊ တမန်တော်အေဗရာဟမ်သည် သိမ်မွေ့နူးည့ံသောစိတ်သဘောရှိ၏။ ဆုတောင်းပဌနာပြုတတ် ၏။ သတိသံဝေဂရတတ်၏။
Verse 76 — Surah Hud 11:76
၇၆။ ငါအရှင်မြတ်က အေဗရာဟမ်၊ သင်သည် ဤတောင်းပန်ခြင်းကို စွန့်လွှတ်လော့။ မှတ်သားလော့၊ သင်၏ အရှင်သခင်၏ အမိန့်တော်ထွက်သွားပြီး၊ မှတ်သားလော့။ သူတို့အပေါ်သို့ မတွန်းလှန်မဖယ်ရှားနိုင်သောအပြစ် ဒဏ်ကြီးရောက်ပြီဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 77 — Surah Hud 11:77
၇၇။ ၎င်းအပြင် ငါအရှင်မြတ်၏ စေတမန်တော်တို့သည် တမန်တော်လွတ်ထံသို့ ရောက်ရှိသောအခါ သူသည် စိတ်ညစ်ခြင်းဒုက္ခကို ခံစားရ၏။ ဧည့်သည်တော်တို့ကို မည်သို့ကာကွယ်စောင့်ရှောက်ရမည်ကို မသိချေ။ သူက ယနေ့မူကား အလွန်စိတ်ညစ်စရာကောင်းသောနေ့ဖြစ်၏ဟု ညည်းညူ၏။
Verse 78 — Surah Hud 11:78
၇၈။ ထို့အပြင် သူ၏ အမျိုးသားတို့သည် သူ့ထံသို့ ပြေးလာကြ၏။ သူတို့သည် အထက်ထက်က အလွန်ယုတ်မာ ညစ်ညမ်းသောအမှုများကို ပြုကျင့်လေ့ရှိ၏။ သူသည် သူတို့အား ဟယ်-အချင်းတို့၊ သည်မှာ ငါ၏ သမီးများ ရှိကြ၏။ သူတို့သည် သင်တို့အဖို့ သာလွန်သင့်မြတ်သန့်စင်ကြ၏။
Verse 79 — Surah Hud 11:79
၇၉။ သူတို့က အို-လွတ်၊ ငါတို့၌ သင်၏ သမီးများထံ ဝင်ခွင့်မရှိကြောင်းကို သင်ကောင်းစွာသိ၏။ ငါတို့၏ လို လားချက်ကိုလည်း သင်ကောင်းစွာသိ၏ဟု ပြန်ပြော၏။
Verse 80 — Surah Hud 11:80
၈ဝ။ ထိုအခါ တမန်တော်လွတ်က ငါ့၌ သင်တို့ကို ခုခံဖို့ရာ အင်အားကိုသော်လည်းကောင်း၊ သင်တို့အထဲမှ သန် မာသောအမှီသဟဲကိုသော်လည်းကောင်း၊ ရရှိလျှင် တော်လေစွဟု မြည်တမ်း၏။
Verse 81 — Surah Hud 11:81
၈၁။ ဧည့်သည်တော်က အို-လွတ်၊ မှတ်သားလော့၊ အကျွနု်ပ်တို့သည် သင်၏ အရှင်သခင်စေလွှတ်တော်မူသော စေတမန်တော်များဖြစ်ကြ၏။ ထိုသူမိုက်တို့သည် သင့်ကို ထိရမည်မဟုတ်ချေ။ သင်သည် မိမိဘက်တော်သားများ နှင့်တကွ ညဉ့်ဦးယံအချိန်တွင် ခရီးထွက်သွားလော့။ သင်တို့အနက် သင်၏ မိန်းမမှတပါး မည်သူမျှပြန်လှည့် လာခြင်းကို မပြုကြလင့်။ မှတ်သားလော့၊ ထိုသူမိုက်တို့ထိသောအပြစ်ဒဏ်သည် သင်၏ မိန်းမကိုလည်း ထိ ချေမည်။ မှတ်သားလော့၊ သူတို့အတွက် မှတ်သားလော့။ သူတို့အတွက် ချိန်းထားသောအချိန်သည် နံနက် မိုးသောက်ချိန်အချိန်ဖြစ်၏။ နံနက်သည် နီးကပ်လျက်ရှိသည်မဟုတ်လောဟု ဆိုကြ၏။
Verse 82 — Surah Hud 11:82
၈၂။ ထို့ကြောင့်ငါအရှင်မြတ်၏ အမိန့်တော်ကျရောက်လာသောအခါ ငါသည် သူတို့၏ မြို့နယ်ပယ်ကို ဖျက်ဆီးတော် မူ၏။ ထိုဒေသအပေါ်သို့ ရွှံ့စေးခဲမိုးကို ရွာသွန်းစေတော်မူ၏။
Verse 83 — Surah Hud 11:83
၈၃။ ထိုရွှံ့စေးခဲများကို သင်၏ အရှင်ကျေးဇူးတော်သခင်၏ တန်ခိုးတော်ကြောင့် သူယုတ်မာတို့ကို ဖျက်ဆီးဖို့ရာ မီးနှင့်မှတ်သားထားတော်မူ၏။ ထိုခဲများသည် ဒုစရိုက်ကောင်များထံမှ မည်သည့်အခါမှ မဝေးကွာချေ။
Verse 84 — Surah Hud 11:84
၈၄။ ထို့အပြင်ငါအရှင်မြတ်သည် မဒရမ်မြို့သူမြို့သားများထံသို့ သူတို့၏ သားချင်းတမန်တော်ရှုအိုက်(ဘ်)ကို စေလွှတ် တော်မူ၏။ သူသည် ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ကြလော့၊ သင်တို့တွင် အလ္လာဟ်အရှင် မြတ်မှတပါး အခြားအရှင်သခင်မရှိချေ။ သင်တို့သည် အတိုင်းအထွာမခိုးကြလင့်။ အလေးလည်း မခိုးကြလင့်၊ မှတ်သားကြလော့။ သင်တို့သည် ပစ္စည်းဥစ္စာပေါများကြွယ်ဝသည်ကို ငါမြင်၏။ မှတ်သားကြလော့။ သင်တို့ကို ဝိုင်းဝန်းထားမည့်နေ့တော်ကြီး၏ အပြစ်ဒဏ်တော်ကို သင်တို့အဖို့ ငါကြောက်ရွံ့၏။
Verse 85 — Surah Hud 11:85
၈၅။ ဟယ်-အချင်းတို့၊ သင်တို့သည် တရားသဖြင့် အတိုင်းအထွာအပြည့် အလေးချိန်အပြည့်ပေးကြလော့။ လူများကို သူတို့၏ ပစ္စည်းနှင့်စပ်လျဉ်း၍ မတရားမပြုကြလင့်။ ကမ္ဘာမြေပေါ်တွင် ဆုံးရှုံးပျက်စီးမှုများပြားစေခြင်းငှာ မတရားမှုကို မပြုကြနှင့်။
Verse 86 — Surah Hud 11:86
၈၆။ သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့် ချန်ထားတော်မူသောပစ္စည်းသည် သင်တို့အဖို့ သာလွန်မွန်မြတ်၏။ ငါသည် သင်တို့ကို ထိန်းသိမ်းအုပ်ချုပ်ရသူမဟုတ်ချေဟု ပြော၏။
Verse 87 — Surah Hud 11:87
၈၇။ သူတို့က အို-ရှိုအိုက်ဗ်၊ သင်၏ တရားတော်က ငါတို့အား မိမိတို့မိဘဘိုးဘွားတို့ကိုးကွယ်သည့်ဘုရားများကို သော်လည်းကောင်း၊ ငါတို့ပစ္စည်းကို ငါတို့၏ စိတ်အတိုင်းသုံးစွဲခြင်းကိုသော်လည်းကောင်း၊ စွန့်လွှတ်ရန် အမိန့်ပေးသလော။ သင်သည် ထောက်ထားညှာတာတတ်သူ၊ မှန်သောအကျင့်ရှိသူဖြစ်၏ဟု ပြောကြ၏။
Verse 88 — Surah Hud 11:88
၈၈။ သူက ဟယ်-အချင်းတို့၊ ဆင်ခြင်ကြလော့။ ငါ၏ အရှင်သခင်ထံတော်မှ ထင်ရှားသောသက်သေသာဓကကို ရရှိ၏။ အရှင်မြတ်သည် ငါ့အား အထံတော်မှ သန့်ရှင်းကောင်းမွန်သောအစားအစာကို ကျွေးမွေးတော်မူ၏။ သို့ပါလျက်သင်တို့ကို မည်သို့လိုက်လျောနိုင်အ့ံနည်း။ ငါသည် သင်တို့အား တားမြစ်သောအရာကို သင်တို့ နောက်တွင် ငါသည် မပြုလုပ်လိုချေ။ ငါသည် မိမိတတ်စွမ်းသမျှပြုပြင်လိုခြင်းမှတပါး၊ အခြားအရာကို မလိုလား ချေ။ ငါ၏ ကြီးပွားရာကြီးပွားကြောင်းသည် အလ္လာဟ်အရှင်မြတ်၌သာလျှင် ရှိ၏။ ငါသည် အရှင်မြတ်အား ယုံကြည်ကိုးစား၏။ အရှင်မြတ်ဘက်တော်သို့ တရားသံဝေဂရခြင်းဖြင့် လှည့်၏။
Verse 89 — Surah Hud 11:89
၈၉။ ဟယ်-အချင်းတို့၊ သင်တို့နှင့်ငါတို့အယူဝါဒကွဲလွဲခဲ့ခြင်းကြောင့် သင်တို့သည် အပြစ်မကျူးလွန်ကြလင့်၊ သင်တို့ သည် ပြစ်မှုကျူးလွန်ခဲ့လျှင် တမန်တော်နူဟို၏ အမျိုးသား၊ တမန်တော်ဟုဒ်၏ အမျိုးသားနှင့် တမန်တော် ဆွာလေဟ်၏ အမျိုးသားတို့အပေါ် ကျသောပြစ်ဒဏ်သည် သင်တို့အပေါ်ကျလိမ့်မည်။ တမန်တော်လွတ်၏ အမျိုးသားတို့သည် သင်တို့ထံမှ လများစွာကွာဝေးလှသည်မဟုတ်ချေ။
Verse 90 — Surah Hud 11:90
၉ဝ။ သင်တို့သည် သင်တို့၏ အရှင်သခင်ခံ အပြစ်လွှတ်တော်မူရန် တောင်းပန်ကြလော့။ အရှင်မြတ်ဘက်တော်သို့ သတိနောင်တရခြင်းဖြင့် လှည့်မူကြလော့။ မှတ်သားကြလော့။ ငါ၏ ကျေးဇူးတော်သခင်သည် ကောင်းကြီးမင်္ဂလာ ပေးတော်မူ၏။ ချစ်ခင်ကြင်နာတော်မူ၏။
Verse 91 — Surah Hud 11:91
၉၁။ သူတို့က အို-ရှုအိုက်(ဗ်)၊ ငါတို့သည် သင်ဟောပြောချက်များအနက် အများအပြားကို နားမလည်ကြချေ။ သင်သည် ငါတို့အထဲတွင် အားနည်းသူဖြစ်သည်ဟု ငါတို့မြင်ကြ၏။ သို့သော်သင်၏ အမျိုးအနွယ်အတွက်ကြောင့် သာမဟုတ်လျှင် ငါတို့သည် သင့်ကို ခဲပေါက်ကြလတ့ံ။ သင်၌ ငါတို့ကို ခုခံဖို့ရာ အင်အားမရှိချေဟု ပြောကြ၏။
Verse 92 — Surah Hud 11:92
၉၂။ ထိုအခါတမန်တော်သည် သူတို့အား ဟယ်-အချင်းတို့၊ ငါ၏ အမျိုးအနွယ်သည် သင်တို့အတွက် အလ္လာဟ်ထက် မြတ်သလော။ သင်တို့သည် အရှင်မြတ်ကို မလေးမစားပဲ သင်တို့နောက်၌ ထားကြ၏။ မှတ်သားကြလော့။ ငါ၏ အရှင်သခင်သည် သင်တို့ပြုကျင့်သည်ကို ပိုင်းထားတော်မူ၏။
Verse 93 — Surah Hud 11:93
၉၃။ ဟယ်-အချင်းတို့၊ သင်တို့သည် မိမိတို့စွမ်းနိုင်သမျှပြုကြလော့။ ငါလည်း မုချအမှန်ပြုနေ၏။ အဘယ်သူကို ယုတ်ည့ံအောက်ကျစေသောအပြစ်ဒဏ်ထိခိုက်သည်ကိုသော်လည်းကောင်း၊ အဘယ်သူသည် မုသားစကား ဆိုသည်ကိုသော်လည်းကောင်း၊ ကာလမကြာမြင့်မီ သင်တို့သိရကြလတ့ံ။ သင်တို့စောင့်ကြည့်ကြလော့။ ငါလည်း သင်တို့နှင့်အတူ အမှန်ပင်စောင့်ကြည့်၏ဟု ပြော၏။
Verse 94 — Surah Hud 11:94
၉၄။ ငါအရှင်မြတ်၏ အမိန့်တော်ကျရောက်လာသောအခါ ငါသည် မိမိအထံတော်မှ ကောင်းကြီးမင်္ဂလာတော်အားဖြင့် တမန်တော်ရှိုအိုက်(ဗ်)နှင့်အတူ ယုံကြည်သူတို့အား ကယ်နှုတ်တော်မူ၏။ အလွန်ထိတ်လန့်ကြောက်မက်ဖွယ်သော အသံကြီးသည် မတရားပြုကျင့်သူတို့အား ဖမ်းဆီး၏။ နံနက်မိုးသောက်သည် သူတို့အား မိမိတို့အိမ်တွင်းတွင် အလျားမှောက်လဲနေသည်ကို တွေ့ရ၏။
Verse 95 — Surah Hud 11:95
၉၅။ သူတို့သည် ထိုနေရာ၌ မနေဘူးသကဲ့သို့ဖြစ်၏။ စမုဒ်အမျိုးသားတို့ကို ဝေးစွာဖယ်ရှားပစ်သကဲ့သို့ မဒရမ်မြို့သူ မြို့သားတို့လည်း ဝေးစွာဖယ်ပစ်တော်မူ၏။
Verse 96 — Surah Hud 11:96
၉၆။ တဖန် ငါအရှင်မြတ်သည် တမန်တော်မူစာအား ငါ၏ နှုတ်ကပတ်တော်များ၊ ၎င်းအပြင်ထင်ရှားသောသက်သေ သာဓကတို့နှင့် စေလွှတ်တော်မူ၏။
Verse 97 — Surah Hud 11:97
၉၇။ သူ့ကို ဖွာရောမင်းနှင့် ၎င်း၏ မှုးမတ်များထံသို့ စေလွှတ်တော်မူ၏။ သို့သော်သူတို့သည် ဖွာရောမင်း၏ အမိန့်ကိုသာ နာခံကြ၏။ ဖွာရောမင်း၏ အမိန့်မှာ မှန်သောညွှန်ပြချက်မဟုတ်ချေ။
Verse 98 — Surah Hud 11:98
၉၈။ ဖွာရောမင်းသည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ မိမိအမျိုးသားတို့ရှေ့မှ သွား၍ သူတို့ကို ရေခပ်ချိုးရန် နေရာအတွက် ငရဲမီးထဲသို့ ဦးဆောင်သွားလိမ့်မည်။ ဤရေစခန်းသည် ဒုက္ခများသောနေရာဖြစ်၏။
Verse 99 — Surah Hud 11:99
၉၉။ အရှင်မြတ်၏ ကျိန်ဆဲခြင်းအား သူတို့နောက်သို့ ထက်ကြပ်မကွာ ဤမျက်မှောက်ဘဝနောင်တမလွန်နှစ်ပါးသော ဘဝတွင် လိုက်စေတော်မူ၏။ သူတို့အား ပေးရမည့်ဆုတော်မှာ ဆင်းရဲဒုက္ခကြီးသာဖြစ်၏။
Verse 100 — Surah Hud 11:100
၁ဝဝ။ ထိုအကြောင်းမှာ ရှေးလွန်လေပြီးသောကာလတွင် ငါဖျက်ဆီးပစ်တော်မူသောမြို့ရွာ၊ နယ်ပယ်၏ အကြောင်းအရာ အချို့ဖြစ်၏။ မိုဟမ္မဒ်၊ ငါသည် သင့်အား ထိုအကြောင်းအရာကို ဗျာဒိတ်ပေးတော်မူ၏။ ထိုမြို့ရွာများအနက် အချို့ကား ယခုတိုင်တည်ရှိနေသေး၏။ အချို့ကား ပျက်စီးသွားကြပြီ။
Verse 101 — Surah Hud 11:101
၁ဝ၁။ ငါသည် သူတို့အား ပြစ်မှားတော်မမူချေ။ သို့သော်သူတို့သည် မိမိကိုယ်ကို မိမိပြစ်မှားကြ၏။ သင်၏ အရှင်သခင် ၏ အမိန့်တော်ကျရောက်သောအခါ အရှင်မြတ်မှတပါး သူတို့ကိုးကွယ်ကြသောဘုရားတုတို့သည် သူတို့ကို အကျိုးမပြုချေ။ ထိုဘုရားပျက်တို့သည် သူတို့အား ပျက်စီးဆုံးရှုံးခြင်းမှတပါး ဘာမျှမပေးချေ။
Verse 102 — Surah Hud 11:102
၁ဝ၂။ ထိုမြို့ရွာများသည် ဒုစရိုက်မကောင်းမှုကို ကျူးလွန်နေစဉ် သင်တို့၏ အရှင်သခင်သည် သူတို့ကို ယခင်ကဲ့သို့ ဖမ်းဆီးကွပ်မျက်တော်မူ၏။ မှတ်သားကြလော့။ အရှင်မြတ်၏ ဖမ်းဆီးခြင်းသည် အလွန်ပြင်းပြနာကျယ်ဖွယ် ဖြစ်၏။ ခိုင်မာပြင်းထန်၏။
Verse 103 — Surah Hud 11:103
၁ဝ၃။ မှတ်သားကြလော့။ ဤအချင်းအရာ၌ နောင်တမလွန်ဘဝ၏ အပြစ်ဒဏ်ကို ထိပ်လန့်သူတို့အဖို့အရာ သက်သေ သာဓကတော်ကြီးတစ်ပါးအမှန်ပါရှိ၏။ ထို့နေ့တော်ကြီးကား လူသားအပေါင်းတို့ကို စုရုံးမည့်နေ့တော်ကြီးဖြစ်၏။ မျက်ဝါးထင်ထင်မြင်ရမည့်နေ့ဖြစ်၏။
Verse 104 — Surah Hud 11:104
၁ဝ၄။ ငါအရှင်မြတ်သည် ထိုနေ့တော်ကြီးကို ချိန်းချက်သတ်မှတ်ထားသောအခါကာလတိုင်အောင်သာ ရွှေ့ဆိုင်းထား တော်မူ၏။
Verse 105 — Surah Hud 11:105
၁ဝ၅။ တရားစီရင်တော်မူသောနေ့တော်ကြီးကျရောက်လာသောအခါ အရှင်မြတ်၏ ခွင့်ပြုတော်မူချက်ဖြင့်မှတပါး မည်သည့်ဝိညာဉ်မျှ ပြောဆိုလိမ့်မည်မဟုတ်ချေ။ သူတို့အနက် အချို့သည် စိတ်ညစ်ကြလတ့ံ။ အချို့ကား စိတ်ရွှင်လန်းကြလတ့ံ။
Verse 106 — Surah Hud 11:106
၁ဝ၆။ ထိုနေ့တော်ကြီး၌ စိတ်ညစ်ရမည့်သူတို့သည် အဝီစိငရဲအတွင်း၌ ရှိကြလတ့ံ။ ငရဲပြည်၌ ညည်းညူခြင်း၊ ငိုကြွေး မြည်တမ်းခြင်းတို့သည် သူတို့၏ ဝေစုဖြစ်ကြလတ့ံ။
Verse 107 — Surah Hud 11:107
၁ဝ၇။ သင်၏ အရှင်သခင်အလိုရှိတော်မူသည်မှတပါး သူတို့သည် ငရဲမီးထဲ၌ မိုးမြေတည်ရှိသမျှကာလပတ်လုံး ခံစား ကြရလတ့ံ။ မှတ်သားလော့။ သင်၏ ကျေးဇူးတော်သခင်သည် မိမိအလိုရှိရာကို စီရင်တော်မူသောအရှင်ဖြစ်တော် မူ၏။
Verse 108 — Surah Hud 11:108
၁ဝ၈။ ထိုနေ့တော်ကြီး၌ စိတ်ရွှင်လန်းရမည့်သူများမှာမူကား သင်၏ အရှင်သခင်အလိုရှိတော်မူသည်မှတပါး နိဗ္ဗာန် ဥယျာဉ်တော်ကြီးအတွင်း၌ မိုးမြေတည်ရှိသမျှကာလပတ်လုံးစံမြန်းရကြလတ့ံ။ ဥယျာဉ်တော်သည် မကုန်မခန်းနိုင် သောဆုတော်ဖြစ်၏။
Verse 109 — Surah Hud 11:109
၁ဝ၉။ ထို့ကြောင့်သင်တမန်တော်သည် ဤမိစ္ဆာမိုက်တို့ကိုးကွယ်သည့်ဘုရားတုများနှင့်စပ်လျဉ်း၍ စိတ်စနောင့်စနိုး မရှိလင့်၊ သူတို့သည် မိရိုးဖလာကို ဆည်းကပ်ကြ၏။ မှတ်သားလော့။ ငါအရှင်မြတ်သည် သူတို့အား ၎င်းတို့ ရထိုက်သောအပြစ်ဒဏ်ကို မလျှော့ပေါ့ပဲ အပြည့်အစုံပေးတော်မူလိမ့်မည်။
Verse 110 — Surah Hud 11:110
၁၁ဝ။ ထို့အပြင်ငါအရှင်မြတ်သည် တမန်တော်မူစာအား ကျမ်းတော်တစ်စောင် မုချအမှန်ထုတ်ပြန်ပေးသနားတော် မူ၏။ ထိုကျမ်းတော်နှင့်ပတ်သက်၍ အငြင်းအခုံပွားကြ၏။ သင်၏ အရှင်သခင်သည် အထံတော်မှ အမိန့်တော် ထွက်မသွားခဲ့လျှင် သူတို့၏ အမှုကို သူတို့အလည်ကြားတွင် စီရင်ဆုံးဖြတ်တော်မူပြီးလတ့ံ။ မှတ်သားလော့။ သူတို့သည် ထိုကျမ်းတော်ကြီးကို ကြီးစွာယုံမှားသံသယဖြစ်ကြ၏။
Verse 111 — Surah Hud 11:111
၁၁၁။ မှတ်သားလော့၊ သင်၏ အရှင်သခင်သည် သူတစ်ဦးစီအား သူ၏ ပြုကျင့်မှုအားလုံးကို အမှန်အကန်ပြန်ဆပ်တော် မူလိမ့်မည်။ မှတ်သားလော့။ အရှင်မြတ်သည် သူတို့ပြုကျင့်သမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူ၏။
Verse 112 — Surah Hud 11:112
၁၁၂။ ထို့ကြောင့် သင်သည် သင့်အား မိန့်တော်မူသည့်အတိုင်း တရားလမ်းမှန်ကို လိုက်လျှောက်လော့။ သင်နှင့် အတူတကွ အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ လှည့်သူတို့ကိုလည်း ယင်းသို့ကျင့်ကြံကြလော့။ သင်တို့သည် မကျူးလွန်ကြလင်။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သည်ကို မြင်တော်မူသော အရှင်တည်း။
Verse 113 — Surah Hud 11:113
၁၁၃။ သင်တို့အား ငရဲမီးမထိစိမ့်သောငှာ သင်တို့သည် ဒုစရိုက်မှုကျူးလွန်သူတို့ဘက်သို့ မယိမ်းမယိုင်ကြလင့်။ အလ္လာဟ်အရှင်မြတ်မှ သင်တို့အား စောင့်ရှောက်သည့်အဆွေခင်ပွန်းမရှိချေ။ ထို့နောက်သင်တို့သည် အကူအညီ ခံရကြမည်မဟုတ်ချေ။
Verse 114 — Surah Hud 11:114
၁၁၄။ သင်တို့သည် နေ့အစအဆုံး၌သော်လည်းကောင်း၊ ညဉ့်အခါ၌သော်လည်းကောင်း၊ ဆွလတ်ပြုကြလော့။ မှတ်သား ကြလော့။ ကုသိုလ်ကောင်းမှုများသည် အကုသိုလ်မကောင်းမှုများကို ချေဖျက်ပစ်ကြ၏။ ဤပညတ်တော်သည် ဂရုစိုက်သူတို့အဖို့ သတိပေးပညတ်တော်ဖြစ်၏။
Verse 115 — Surah Hud 11:115
၁၁၅။ တမန်တော်မိုဟမ္မဒ်၊ သင်၌ ခန္တီပါရမီရှိလော့။ အရှင်မြတ်သည် သူတော်ကောင်းတို့၏ လုပ်ခများကို အကျိုးမဲ့ အချည်းနှီးဖြစ်စေတော်မမူချေ။
Verse 116 — Surah Hud 11:116
၁၁၆။ သင်တို့ထက်ရှေးကျသောရှေးလူဟောင်းအဆက်ဆက်ထဲတွင် သူတို့ထဲမှ ငါအရှင်မြတ်ကယ်နှုတ်တော်မူလေသော လူအနည်းငယ်ကဲ့သို့ မိမိတို့အမျိုးသားတို့ကို ကမ္ဘာမြေပေါ်တွင် ပျက်စီးရာပျက်စီးကြောင်းမကြံစည်ဖို့ရာ တားမြစ် သူပညာရှိ ရှိလေလျှင် တော်လေစွ၊ မကောင်းမှုကျူးလွန်သောသူတို့သည် မိမိတို့အား အထူးပျော်ရွှင်စေဖို့ရာ ပေးသောစည်းစိမ်လမ်းကို လိုက်ကြ၏။ သူတို့သည် အပြစ်ရှိသူများဖြစ်ကြ၏။
Verse 117 — Surah Hud 11:117
၁၁၇။ အမှန်မှာ သင်၏ အရှင်သခင်သည် မည်သည့်မြို့ရွာကိုမှ မြို့သူမြို့သားတို့တရားမှန်ကို ကျင့်သုံးနေစဉ်ကာလတွင် မတရားဖြိုဖျက်တော်မမူချေ။
Verse 118 — Surah Hud 11:118
၁၁၈။ အကယ်၍ သင်၏ အရှင်သခင်သည် အလိုရှိတော်မူပါလျှင် လူသားအပေါင်းတို့အား လူမျိုးတစ်မျိုးတည်းအမှန်ပင် ဖြစ်တော်မူလိမ့်မည်။ သို့ပါလျက် သူတို့သည် ကွဲပြားခြင်းကို မရပ်တန့်ချေ။
Verse 119 — Surah Hud 11:119
၁၁၉။ သင်၏ အရှင်သခင်ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောသူကား ယင်းသို့မပြုကျင့်ချေ။ အရှင်မြတ်သည် လူသားတို့အား ကောင်းကြီးမင်္ဂလာပေးသနားတော်မူဖို့ရာ ဖန်ဆင်းတော်မူ၏။ သင်၏ သခင်၏ ဗျာဒိတ်တော် သည် အတည်ဖြစ်ပြီး အမှန်စင်စစ်ငါအရှင်မြတ်သည် အဝီစီငရဲကို ဂျင်နတ်သား၊ လူသားနှစ်မျိုးလုံးအားဖြင့် အပြည့်ဖြည့်တော်မူမည်။
Verse 120 — Surah Hud 11:120
၁၂ဝ။ ငါအရှင်မြတ်သည် သင်တမန်တော်အား တမန်တော်များ၏ အတ္ထုပ္ပတ္တိအကြောင်းအချင်းရာများကို ဗျာဒိတ်တော် ရှိခြင်းအကြောင်းမှာ ထိုအဖြစ်အပျက်များအားဖြင့် သင့်ထံသို့ သစ္စာတရားတော်ကျရောက်လာပြီ။ ဤတရားတော် သည် ယုံကြည်သူတို့အတွက် ဆုံးမသြဝါဒနှင့်သတိပေးတရားဖြစ်၏။
Verse 121 — Surah Hud 11:121
၁၂၁။ တမန်တော်၊ သင်သည် မိစ္ဆာမိုက်တို့အား အချင်းတို့၊ သင်တို့တတ်စွမ်းနိုင်သမျှပြုကျင့်ကြလော့။ ငါတို့လည်း အမှန်ပင်ပြုကျင့်နေကြ၏။
Verse 122 — Surah Hud 11:122
၁၂၂။ သင်တို့စောင့်ကြည့်ကြလော့။ အကျွနု်ပ်တို့လည်း စောင့်ကြည့်နေကြ၏ဟု ဟောကြားလော့။
Verse 123 — Surah Hud 11:123
၁၂၃။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် မမြင်စွမ်းနိုင်သောအရာဝထ္ထုအပေါင်းတို့ကို စိုးပိုင်တော်မူ၏။ အရာခပ်သိမ်းကုန်တို့သည် အရှင်မြတ်အထံတော်သို့ ပြန်ရမည်သာတည်း။ ထို့ကြောင့် သင်တမန် တော်သည် အရှင်မြတ်အား ကိုးကွယ်လော့။ ကိုးစားယုံကြည်လော့။ မှတ်သားလော့။ သင်၏ အရှင်သခင်သည် သင်လူသားတို့ပြုကျင့်သည်ကို မသိမမြင်တော်မူသည်မဟုတ်ပေ။