Back to Languages

Burmese - Chapter 110 - An-Nasr

Translation by Ba Sein — Permalink

Verse 1 — Surah An-Nasr 110:1

၁။ အလ္လာဟ်အရှင်မြတ်၏ ကူညီစောင်မခြင်းနှင့် အောင်မြင်ခြင်းမင်္ဂလာတို့ကျရောက်လာသောအခါ။

Verse 2 — Surah An-Nasr 110:2

၂။ လူသားတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ကြီးအတွင်းသို့ အစုလိုက်အသင်းလိုက်ဝင်ရောက်လာကြသည်ကို သင်ရှုမြင်ရသောအခါ။

Verse 3 — Surah An-Nasr 110:3

၃။ သင်၏ အရှင်သခင်၏ ဂုဏ်ကျေးဇူးတော်ကို ရင့်ကျူးလော့၊ အရှင်မြတ်၏ အပြစ်လွှတ်ခြင်းကျေးဇူးတော်ကို ရှာမှီးလော့၊ မှတ်သားလော့၊ အရှင်မြတ်သည် ကောင်းကြီးမင်္ဂလာပေးသနားတော်မူရန် အစဉ်အမြဲအသင့်ရှိ နေတော်မူ၏။