Verse 1 — Surah Al-Ikhlas 112:1
၁။အို-တမန်တော်၊ ဟောပြောလော့၊ အလ္လာဟ်အရှင်မြတ်သည် အရှင်သခင်ဖြစ်တော်မူ၏၊ တစ်ဆူတည်းသာ ဖြစ်တော်မူ၏။
Verse 2 — Surah Al-Ikhlas 112:2
၂။ အရှင်မြတ်သည် နိစ္စထာဝရဖြစ်တော်မူ၏၊ ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံတော်မူ၏။
Verse 3 — Surah Al-Ikhlas 112:3
၃။ အရှင်မြတ်သည် ဇာတိပဋိသန္ဓေအညစ်အကြေးများမှ ကင်းစင်တော်မူ၏။
Verse 4 — Surah Al-Ikhlas 112:4
၄။ အရှင်မြတ်သည် အတုမရှိ မနှိုင်းယှဉ်အပ်ဖြစ်တော်မူပါ၏။