Verse 1 — Surah Al-Anbiya 21:1
၁။ လူသားအပေါင်းတို့အဖို့အရာ သူတို့၏စာရင်းရှင်းခြင်းသည် များစွာနီးကပ်လာနေပြီ၊ သို့ပါလျက်သူတို့သည် သတိမမူပဲ ကျောခိုင်းသွားကြ၏။
Verse 2 — Surah Al-Anbiya 21:2
၂။ သူတို့၏အရှင်သခင်ထံတော်မှ သတိပေးကျမ်းတော်သစ်ကျရောက်လာလျှင် ထိုသူတို့သည် ထိုကျမ်းတော်ကို ကစားလျက် ကြားနာကြ၏။
Verse 3 — Surah Al-Anbiya 21:3
၃။ သူတို့၏စိတ်နှလုံးတွင် အစွဲအလန်းရှိ၏၊ သူတို့သည် တိတ်တဆိတ်တိုင်ပင်ကြ၏၊ ထိုမသူတော်တို့က သူသည် သင်တို့ကဲ့သို့ သေမျိုးမှတပါး အခြားသတ္တဝါဖြစ်သလော၊ သင်တို့သည် မျက်လှည့်အတတ်ကို မြင်လျက်နှင့်ပင် မျက်လှည့်ဆရာလှည့်စားခြင်းကို ခံကြမည်လောဟု ဆိုကြ၏။
Verse 4 — Surah Al-Anbiya 21:4
၄။ သူက အကျွန်ုပ်၏အရှင်သခင်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် ပြောဆိုသည်ကို သိတော်မူ၏၊ အရှင်မြတ်သည် ကြားတော်မူသောအရှင်၊ သိတော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 5 — Surah Al-Anbiya 21:5
၅။ မိစ္ဆာမိုက်တို့က သူဟောသောစကားများသည် တရားတော်မဟုတ်၊ မကြည်လင်သောအိပ်မက်သာဖြစ်၏။ သို့မဟုတ် သူလုပ်ကြံဖန်တီးသောစကားဖြစ်၏၊ သို့မဟုတ် သူသည် ပျို့ကဗျာလင်္ကာဆရာဖြစ်၏၊ ရှေးတမန်တော် များကို အ့ံဖွယ်နိမိတ်လက္ခဏာများနှင့်တကွ စေလွှတ်တော်မူခဲ့လေ၏၊ သူလည်း အ့ံဖွယ်တစ်ပါးာယူခဲ့စေလော့ဟု ဆိုကြ၏။
Verse 6 — Surah Al-Anbiya 21:6
၆။ သူတို့မဖြစ်ပေါ်မီ ဖြစ်ပေါ်လာသောသူဟောင်းတို့သည် လက္ခဏာအ့ံဖွယ်တော်များကို မြင်ရကြသော်လည်း မယုံကြည်ငြင်းဆန်ကြလေ၏။ ထို့ကြောင့်ငါအရှင်မြတ်သည် သူတို့နှင့်တကွ သူတို့နေထိုင်ရာမြို့ရွာ၊ နယ်ပယ်ကို ဖျက်ဆီးတော်မူခဲ့ပြီး သူတို့သည် ယုံကြည်ကြမည်လော။
Verse 7 — Surah Al-Anbiya 21:7
၇။ ထို့အပြင် အို--တမန်တော်မိုဟမ္မဒ်၊ သင်မပွင့်မီ ပွင့်ကြသောတမန်တော်များသည် မိမိတို့စိတ်နှလုံးအတွင်း၌ ငါအရှင်မြတ်သွန်သင်နှိုးဆော်သောလူသားများမှတပါး အခြားသူများမဟုတ်ချေ၊ အကယ်၍သင်မသိလျှင် ရှေး ကျမ်းတော်ရသူတို့အား မေးမြန်းလော့။
Verse 8 — Surah Al-Anbiya 21:8
၈။ ရှေးတမန်တော်တို့အား အစာအာဟာရစားရန်မလိုသောကိုယ်ကာယကို ငါပေးတော်မူသည်မဟုတ်ချေ၊ သို့မဟုတ် သူတို့သည် မသေမျိုးတို့မဟုတ်ချေ။
Verse 9 — Surah Al-Anbiya 21:9
၉။ ထို့နောက်ငါသည် သူတို့အား ပေးသနားတော်မူသောဂတိသစ္စာတော်ကို အတည်ပြုတော်မူ၏၊ ငါသည် ရှေး တမန်တော်များနှင့်တကွ အလိုရှိတော်ရှိသူများကို ကယ်တင်တော်မူ၏၊ သို့သော် မတရားကျင့်ကြံသူတို့ကို ဖျက်ဆီးပစ်တော်မူ၏။
Verse 10 — Surah Al-Anbiya 21:10
၁ဝ။ ယခုငါအရှင်မြတ်သည် သင်တို့အား သင်တို့၏ သတိပေးတရားတော်ပါသောကျမ်းတော်မြတ်ကို ပြန်ထုတ်ပေး သနားတော်မူပြီး သင်တို့၌ ဆင်ခြင်တုံတရားမရှိသလော။
Verse 11 — Surah Al-Anbiya 21:11
၁၁။ မတရားမှုတွင် နစ်မြုပ်နေသောလူမျိုးစုအမြောက်အများကို ငါအရှင်မြတ်သည် ဖျက်ဆီးရုပ်သိမ်းတော်မူ၍ ၎င်းတို့နောက် အခြားလူမျိုးစုကို ဖန်ဆင်းတော်မူ၏။
Verse 12 — Surah Al-Anbiya 21:12
၁၂။ ထိုမတရားကောင်တို့သည် ငါ၏တန်ခိုးတော်ကို တွေ့ကြံုရသောအခါ တန်ခိုးတော်မှ ထွက်ပြေးကြသည်ကို ကြည့်ကြလော့။
Verse 13 — Surah Al-Anbiya 21:13
၁၃။ သို့သော်သူတို့အား မိန့်တော်မူသည်မှာ နင်တို့မပြေးကြလင့်၊ နင်တို့အား စစ်ကြောမေးမြန်းဖို့ရာ နင်တို့ကို ညစ်ညမ်းအားလျော့စေသောဘဝသို့ ပြန်ကြလော့၊ နင်တို့နေအိမ်သို့ ပြန်သွားကြလော့။
Verse 14 — Surah Al-Anbiya 21:14
၁၄။ သူတို့ဤသို့ငိုကြွေးမြည်တမ်းကြ၏။ ဒုက္ခပဲ အမှန်ပင်အကျွနု်ပ်တို့သည် မတရားကျူးလွန်သူများဖြစ်ကြ၏။
Verse 15 — Surah Al-Anbiya 21:15
၁၅။ ငါသည် သူတို့အား ကောက်ပဲသီးနှံများကို ရိတ်ပြီးသောလယ်မြေကဲ့သို့ သေကြေပျက်စီးတော်မူသည့်တိုင်အောင် သူတို့၏ဟစ်အော်ငိုကြွေးခြင်းသည် ရပ်တန့်မည်မဟုတ်ချေ။
Verse 16 — Surah Al-Anbiya 21:16
၁၆။ ငါသည် ကမ္ဘာမြေပြင်မိုးကောင်းကင်ကိုလည်းကောင်း၊ မိုးမြေစပ်ကြားရှိသမျှသောအရာများကိုလည်းကောင်း၊ ကစားစရာကဲ့သို့ဖန်ဆင်းတော်မူသည်မဟုတ်ချေ။
Verse 17 — Surah Al-Anbiya 21:17
၁၇။ အကယ်၍ငါသည် ကစားပျော်ရွှင်လိုတော်မူခဲ့လျှင် ပျော်ရွှင်အပျင်းဖြေစရာကို အပါးတော်၌ တွေ့တော်မူမည်၊ ငါအလိုတော်မရှိချေ။
Verse 18 — Surah Al-Anbiya 21:18
၁၈။ အကယ်၍ငါသည် သစ္စာတရားတော်အား မိစ္ဆာတရားကို တိုက်စေတော်မူ၏၊ မိစ္ဆာတရားသည် မိမိဦးခေါင်းကို ခွဲ၏၊ မုချဧကန်ပျောက်ကွယ်သွား၏၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဘက်စပ်ပေးသောကြောင့် စိတ်ဒုက္ခ ရောက်မည်သာတည်း။
Verse 19 — Surah Al-Anbiya 21:19
၁၉။ အလ္လာဟ်အရှင်မြတ်သည် မိုးမြေပေါ်ရှိသမျှတို့ကို စိုးပိုင်တော်မူ၏၊ အရှင်မြတ်၏အပါးတော်၌ ခစားနေကြသော ကောင်းကင်တမန်များသည် အရှင်မြတ်အား မကိုးကွယ်လောက်အောင် မာနထောင်လွှားကြသည်မဟုတ်ချေ၊ အရှင်မြတ်အား ဝတ်ပြုရာတွင်လည်း ငြီးငွေ့ကြသည်လည်းမဟုတ်ချေ။
Verse 20 — Surah Al-Anbiya 21:20
၂ဝ။ သူတို့သည် အရှင်မြတ်အား နေ့ညမပြတ်အစဉ်အမြဲဝတ်ပြုချီးကျူးကြ၏၊ မောပန်းငြီးငွေ့ကြသည်မဟုတ်ချေ။
Verse 21 — Surah Al-Anbiya 21:21
၂၁။ သို့မဟုတ် မိစ္ဆာမိုက်တို့သည် သေသူအား ရှင်ပြန်ထမြောက်စေတော်မူသောဘုရားများကို ကမ္ဘာမြေကြီးပေါ်မှ ရွေးချယ်ပြီးပြီလော။
Verse 22 — Surah Al-Anbiya 21:22
၂၂။ အကယ်၍ကမ္ဘာမြေကြီးအပေါ်ဝယ် အလ္လာဟ်အရှင်မြတ်မှတပါး အခြားဘုရားများရှိခဲ့လျှင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် ဖရိုဖရဲဖြစ်ရာ၏၊ ရာဇပလ္လင်တော်ကြီးအရှင်၊ အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဌိတို့စွပ်စွဲသော အညစ်အကြေးများမှ သန့်ရှင်းစုံလင်တော်မူ၏။
Verse 23 — Surah Al-Anbiya 21:23
၂၃။ အရှင်မြတ်သည် မိမိပြုကျင့်မှုအတွက် စစ်ကြောခြင်းခံရတော်မူမည်မဟုတ်ချေ၊ လူသားတို့သာလျှင် အစစ် အကြောခံကြရမည်ဖြစ်၏။
Verse 24 — Surah Al-Anbiya 21:24
၂၄။ သို့မဟုတ်မိစ္ဆာမိုက်တို့သည် အလ္လာဟ်အရှင်မြတ်မှတပါး အခြားဘုရားများကို ရွေးကောက်ပြီးပြီလော၊ အို---တမန်တော်၊ သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ သင်တို့ကိုးကွယ်သောဘုရားများသည် အစစ်အမှန် ဖြစ်ကြောင်းကို သက်သေသာဓကပြကြလော့၊ ဤကျမ်းတော်သည် ငါနှင့်အတူရှိသူများ၊ ငါ့အလျင်ရှေးလူဟောင်း များအဖို့အရာ အဆုံးအမတော်တည်း၊ သို့သော်သူတို့အနက် များပြားလှစွာသောသူတို့သည် သစ္စာတရားတော်ကို မသိကြချေ၊ ထို့ကြောင့်သူတို့သည် တရားတော်ကို မနှစ်သက်ကြချေ။
Verse 25 — Surah Al-Anbiya 21:25
၂၅။ အို--မိုဟမ္မဒ်၊ သင့်အလျင်ငါသည် တမန်တော်တို့ကို သူတို့၏စိတ်နှလုံးအတွင်းတွင် ဗျာဒိတ်တော်ကို ထင်ရှားစေ တော်မူသည်မဟုတ်ချေ၊ ဗျာဒိတ်တော်ကား ငါအရှင်မြတ်မှတပါး အခြားဘုရားသခင်မရှိချေ၊ ထို့ကြောင့်ငါ့ကို သာလျှင် ကိုးကွယ်ကြလော့။
Verse 26 — Surah Al-Anbiya 21:26
၂၆။ အယူမှားသူတို့က မဟာဂရုဏာတော်အရှင်၌ သားရတနာရှိ၏ဟူ၍ ဆိုကြ၏၊ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့ ခြင်းအပေါင်းမှ ကင်းတော်မူ၏၊ တန်ခိုးကြီးတော်မူ၏၊ သားတော်မရှိချေ၊ သူတို့သားတော်ဟုဆိုကြသောသူတို့ သည် အရှင်မြတ်ဂုဏ်ပြုချီးမြှင့်တော်မူသောကျေးကျွန်တော်များဖြစ်ကြ၏။
Verse 27 — Surah Al-Anbiya 21:27
၂၇။ ဤကျေးကျွန်တို့သည် အရှင်မြတ် ဗျာဒိတ်ချတော်မူသည့်တိုင်အောင် မဟောပြောကြချေ၊ ဗျာဒိတ်တော်အတိုင်း မှသာလျှင် ဟောကြားကြ၏။
Verse 28 — Surah Al-Anbiya 21:28
၂၈။ အရှင်မြတ်သည် သူတို့၏အတိတ်အနာဂတ်ရှေးနောက်တို့ကို သိတော်မူ၏၊ ထို့အပြင်သူတို့သည် အရှင်မြတ် လက်ခံတော်မူသောသူမှတပါး အခြားသူတစ်စုံတစ်ယောက်ကိုမျှ တောင်းပန်ကယ်နှုတ်နိုင်ကြမည်မဟုတ်ချေ၊ သူတို့သည် အရှင်မြတ်အား ကြောက်ရွံ့တုန်လှုပ်ကြ၏။
Verse 29 — Surah Al-Anbiya 21:29
၂၉။ သူတို့အနက် အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှတပါး ငါသည် မုချဧကန်ဘုရားဖြစ်၏ဆိုမူ၊ ထိုသူအား ငါအရှင်မြတ်သည် ငရဲဖြင့် လက်စားချေတော်မူ၏၊ ဤကဲ့သို့ငါအရှင်မြတ်သည် မကောင်းမှုပွားများသူတို့အား လက်စားချေတော်မူ၏။
Verse 30 — Surah Al-Anbiya 21:30
၃ဝ။ မိုးမြေသည် အစကနဦးက အရာဝထ္ထုတစ်ခုတည်းသာဖြစ်ကြောင်း၊ ထို့နောက်မှ မိုးမြေကို တစ်ခုစီ ငါခွဲခြားတော် မူကြောင်း၊ သက်ရှိသတ္တဝါတို့ကို ငါ ရေမှဖန်ဆင်းတော်မူကြောင်း၊ ဤအကြောင်းအရာများကို မိစ္ဆာယုတ်တို့ မသိကြသလော၊ သူတို့သည် ယုံကြည်ကြမည်မဟုတ်ပေ။
Verse 31 — Surah Al-Anbiya 21:31
၃၁။ ငါသည် ပထဝီမြေကြီးမတုန်မလှုပ်စေခြင်းငှာ၊ မြေပေါ်တွင် တောင်ကြီးတောင်ငယ်အသွယ်သွယ်ကို မြဲမြံစွာစီရင် ထားတော်မူ၏၊ လူသားတို့လမ်းရရှိစိမ့်ခြင်းငှာ တောင်ကြားတောင်ဝှမ်းများကို လမ်းအဖြစ်ဖန်ဆင်းတော်မူ၏။
Verse 32 — Surah Al-Anbiya 21:32
၃၂။ ငါသည် မိုးကောင်းကင်ကို အမိုးအကာအဖြစ်ဖြင့် ဖန်ဆင်းတော်မူ၏၊ လူသားတို့အပေါ်သို့ ပြိုပျက်မကျစေရန် ထိန်းသိမ်းစောင့်ရှောက်ထားတော်မူ၏၊ သို့ပါလျက်အယူမှားသူတို့သည် အရှင်မြတ်၏ နိမိတ်လက္ခဏာအ့ံဖွယ် တော်များကို မျက်နှာနောက်ထားနေကြ၏။
Verse 33 — Surah Al-Anbiya 21:33
၃၃။ အလ္လာဟ်အရှင်မြတ်သည် ညဉ့်၊ နေ့၊ နေ၊ လတို့ကို ဖန်ဆင်းတော်မူထသောအရှင်ဖြစ်တော်မူ၏၊ သူတို့သည် မိမိတို့ဂြိုဟ်နက္ခတ်လမ်းတွင် သွားလာလှည့်ပတ်နေကြ၏။
Verse 34 — Surah Al-Anbiya 21:34
၃၄။ အို--တမန်တော်၊ သင့်အလျင်ရှေးလွန်လေပြီးသောကာလ၌ လူသားတို့အား မသေခြင်း၊ ထာဝရဖြစ်ခြင်းကို ငါအရှင်မြတ်ပေးတော်မူဖူးသည်မဟုတ်ချေ၊ အကယ်၍သင်ပင်လျှင် သေခြင်းတရားတို့ကို မလွန်ဆန်နိုင်လျှင် ထိုမိစ္ဆာညစ်တို့သည် မသေမပျောက်ရှိနိုင်ကြမည်လော။
Verse 35 — Surah Al-Anbiya 21:35
၃၅။ ဝိညာဉ်တိုင်းသည် သေခြင်းတရားကို မြည်းရမည်သာတည်း၊ ငါအရှင်မြတ်သည် သင်တို့အား မကောင်းမှုဒုက္ခနှင့် သော်လည်းကောင်း၊ ကောင်းမှုသုခနှင့်သော်လည်းကောင်း ကြပ်တည်းစွာစုံစမ်းတော်မူ၏၊ ငါ့အထံတော်သို့ သင်တို့ကို ပြန်ပို့ချေမည်။
Verse 36 — Surah Al-Anbiya 21:36
၃၆။ မယုံကြည်သူမိစ္ဆာမိုက်တို့သည် သင်တမန်တော်ကို တွေ့မြင်သောအခါ သင့်ကို ပြောင်လှောင်စရာမှတ်၍ ဤသို့ပြောဆိုကြ၏၊ အဆွေတို့ သင်တို့၏ ဘုရားများအကြောင်းကို ပြောဟောသူသည် ဤသူမဟုတ်ချေလော၊ ထို့အပြင်သူတို့သည် မဟာဂရုဏာတော်အရှင်အကြောင်းကို ဟောပြောခွင့်လုံးဝမပြုချေ။
Verse 37 — Surah Al-Anbiya 21:37
၃၇။ လူသားသည် လျင်မြန်လောကြီးတတ်သောသတ္တဝါဖြစ်၏၊ ငါသည် မိမိ၏လက္ခဏာအ့ံဖွယ်တော်များကို သင်တို့ အား ပြသတော်မူမည်၊ သို့သော်ငါအဆောတလျင်ပြသတော်မူရန် ဆုမတောင်းကြလင့်။
Verse 38 — Surah Al-Anbiya 21:38
၃၈။ အယူလွဲသူတို့က သင်တို့အမှန်ကို ဆိုလျှင်၊ အရှင်မြတ်၏ဂတိသစ္စာတော်သည် ဘယ်သောအခါပြည့်စုံမည်နည်းဟု မေးကြ၏။
Verse 39 — Surah Al-Anbiya 21:39
၃၉။ အကယ်၍ထိုမိစ္ဆာမိုက်တို့သည် မိမိ၏မျက်နှာနှင့် ကျောကုန်းများမှ ငရဲမီးတို့မဖယ်ရှားနိုင်သောအချိန်၊ အကူအညီ လုံးဝမရသောအချိန်၊ ဤအချိန်ကို သိလျှင် ကောင်းလေစွ။
Verse 40 — Surah Al-Anbiya 21:40
၄ဝ။ သူတို့သိကြမည်မဟုတ်ချေ၊ ဤအချိန်သည် ရုတ်တရက်ရှောင်တခင်သူတို့အပေါ်သို့ ကျရောက်လာ၍ သူတို့ကို သတိမေ့လျော့ကြက်သေသေစေ၏၊ သူတို့သည် ထိုအချိန်ကို တွန်းလှန်ဖယ်ရှားနိုင်မည်မဟုတ်ချေ၊ သူတို့၏ အပြစ်ဒဏ်ကိုလည်း ရွှေ့ဆိုင်းထားတော်မူမည်မဟုတ်ချေ။
Verse 41 — Surah Al-Anbiya 21:41
၄၁။ အို--တမန်တော်၊ သင့်အလျင်ပွင့်ခဲ့ကြသောတမန်တော်တို့သည်လည်း မုချဧကန်ပြောင်လှောင်ခြင်းကို ခံရ လေ၏၊ သို့သော်သူတို့ကို မထီလေးစားပြုသောသူတို့အား ၎င်းတို့၏ပျက်ချော်မှုများက ဝိုင်းဝန်းထားကြ၏။
Verse 42 — Surah Al-Anbiya 21:42
၄၂။ အို--တမန်တော်ပြောလော့၊ သင်တို့အား နေ့ရောညဉ့်ပါ အဘယ်သူသည် မဟာဂရုဏာတော်အရှင်မှ စောင့် ရှောက်ကာကွယ်သနည်း၊ စောင့်ရှောက်သူမရှိချေ၊ သို့သော်သူတို့သည် ၎င်းတို့၏အရှင်သခင်အား သတိရခြင်းမှ မျက်နှာလွှဲကြ၏။
Verse 43 — Surah Al-Anbiya 21:43
၄၃။ သို့မဟုတ် သူတို့မှာ သူတို့ကို ငါအရှင်မှ ကာကွယ်မည့်ဘုရားများရှိကြသလော၊ သူတို့သည် မိမိကိုယ်ကို မိမိမကူညီနိုင်ချေ၊ သို့မဟုတ် သူတို့ကို ငါအရှင်မှ ကာကွယ်၍မရနိုင်ချေ။
Verse 44 — Surah Al-Anbiya 21:44
၄၄။ ငါအရှင်မြတ်အား ခုခံတားဆီးနိုင်သူမရှိချေ၊ သို့သော်ငါလည်း သူတို့နှင့် သူတို့၏မိဘတို့အား အသက်ကြီးရင့်လာ သည့်တိုင်အောင် သာယာခြင်းကို ပေးသနားတော်မူ၏၊ ငါသည် မိစ္ဆာဒိဌိတို့၏နယ်ပယ်များကို တောရွာဇနပုဒ် မှစ၍ တဖြည်းဖြည်းနှိမ်နင်းလာတော်မူသည်ကို သူတို့မမြင်ကြသလော၊ ထို့ကြောင့်သူတို့သည် အောင်နိုင်သူများ ဖြစ်နိုင်ကြသလော။
Verse 45 — Surah Al-Anbiya 21:45
၄၅။ အို--မိုဟမ္မဒ်၊ သင်သည် လူသားတို့အား ဟောပြောလော့၊ ငါသည် သင်တို့ကို အရှင်မြတ်က ငါ၏စိတ်နှလုံး အတွင်း၌ ထင်ရှားစေတော်မူသောဗျာဒိတ်တော်အားဖြင့် သတိပေးဟောပြော၏၊ သို့သော်နားပင်းသူတို့သည် သူတို့အား သတိပေးသောအခါ တရားတော်ကို မကြားကြချေ။
Verse 46 — Surah Al-Anbiya 21:46
၄၆။ ထို့အပြင်သင်၏ကျေးဇူးတော်သခင်၏ အပြစ်ဒဏ်တော်သည် သူတို့ကို အနည်းငယ်မျှထိလျှင် သူတို့သည် ဒုက္ခပဲ ငါတို့သည် မတရားမှုကို ကျူးလွန်သူတို့အမှန်ဖြစ်၏ဟု မုချဧကန်ဝန်ခံကြလတ္တံ့။
Verse 47 — Surah Al-Anbiya 21:47
၄၇။ ထို့အပြင်ငါသည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ မည်သည့်ဝိညာဉ်ကိုမျှ မတရားမပြုစေခြင်းငှာ ဖြောင့် မတ်မှန်ကန်သောစည်းချိန်ကို အသင့်ဆင်ထားတော်မူ၏၊ အကယ်၍အကြင်သူ၏ ပြုကျင့်မှုသည် မုန်ညင်းစေ့ခန့်မျှ ရှိသော်လည်း ထိုအမှုကို ငါထင်ရှားစေတော်မူ၏၊ ထို့အပြင်စာရင်းရှင်းဖို့ရာ ငါနှင့်ပင်လုံလောက်ပြီ။
Verse 48 — Surah Al-Anbiya 21:48
၄၈။ ထို့အပြင်ငါသည် တမန်တော်မူစာနှင့် ဟာရွန်တို့ထံ ယုတ်မြတ်နှစ်ပါးကို ပိုင်းခြားဝေဖန်စွမ်းနိုင်သောကျမ်းတော် မြတ်ကို ထုတ်ပြန်ချပေးသနားတော်မူ၏၊ ထိုကျမ်းတော်သည် မကောင်းမှုကို ကြဉ်ရှောင်သူတို့အဖို့ရာ ဝိဇ္ဇာ အလင်းရောင်နှင့် အဆုံးအမတရားတော်ဖြစ်၏။
Verse 49 — Surah Al-Anbiya 21:49
၄၉။ ထိုသူမြတ်တို့သည် မိမိ၏အရှင်သခင်အား တိတ်ဆိတ်လျှို့ဝှက်စွာကြောက်ရွံ့ရိုကျိုးကြ၏၊ အချိန်တော်ကြီးကို အလွန်တရာကြောက်လန့်ကြ၏။
Verse 50 — Surah Al-Anbiya 21:50
၅ဝ။ ဤကျမ်းတော်သည် ငါထုတ်ပြန်ချပေးသနားတော်မူသောမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသောသတိပေးကျမ်းတော် မြတ်ဖြစ်၏၊ သို့ပါလျက်သင်တို့သည် ဤကျမ်းတော်ကို မယုံကြည်၊ ဖီဆန်ကြမည်လော။
Verse 51 — Surah Al-Anbiya 21:51
၅၁။ ငါသည် အထက်ကျော်ကာရီက တမန်တော်အေဗရာဟမ်အား သင့်တော်သောလမ်းကြောင်းကို ပေးသနားတော် မူ၏၊ ငါသည် သူတို့ကို သိတော်မူ၏။
Verse 52 — Surah Al-Anbiya 21:52
၅၂။ သူသည် မိမိ၏ခမည်းတော်နှင့် အမျိုးသားတို့အား သင်တို့ခဝပ်ကိုးကွယ်သော ဤရုပ်ပွားဆင်းတုများသည် အဘယ်အရာများဖြစ်သနည်းဟု မေး၏။
Verse 53 — Surah Al-Anbiya 21:53
၅၃။ သူတို့က ငါတို့သည် မိမိတို့၏ဘိုးဘွားများအား ဆင်းတုများကို ရှိခိုးပူဇော်လျက် တွေ့ကြ၏ဟု ပြန်ဆို၏။
Verse 54 — Surah Al-Anbiya 21:54
၅၄။ ထိုအခါတမန်တော်အေဗရာဟမ်က သင်တို့နှင့်သင်တို့၏ မိဘဘိုးဘွားတို့သည် ရှင်းလင်းသောအမှားသို့ ဧကန် အမှန်ရောက်နေကြ၏ဟု ပြော၏။
Verse 55 — Surah Al-Anbiya 21:55
၅၅။ သူတို့က သင်သည် ငါတို့ထံသို့ သစ္စာတရားတော်ကို ယူခဲ့သလော၊ သို့မဟုတ် သင်သည် လူပျက်လောဟု မေးကြ၏။
Verse 56 — Surah Al-Anbiya 21:56
၅၆။ တမန်တော်အေဗရာဟမ်က ငါသည် လူပျက်မဟုတ်၊ သို့သော်သင်တို့၏အရှင်သခင်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်တို့၏ အရှင်သခင်ဖြစ်တော်မူ၏၊ အရှင်မြတ်သည် ၎င်းတို့ကို ဖန်ဆင်းတော်မူ၏၊ ငါသည် ဤ အကြောင်းကို သက်သေခံသူတို့တွင် အပါအဝင်ဖြစ်၏ဟု ပြန်ဖြေ၏။
Verse 57 — Surah Al-Anbiya 21:57
၅၇။ ထို့အပြင်သူက ဆက်လက်၍ပြောသည်မှာ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကြောင့် သင်တို့သည် ကျောခိုင်း၍ ထွက်ခွာသွားသောအခါ ငါသည် သင်တို့၏ရုပ်ပွားများကို လှည့်ဖြားမည်။
Verse 58 — Surah Al-Anbiya 21:58
၅၈။ ထိုအခါသူသည် ရုပ်ပွားအကြီးဆုံးမှတပါး အခြားသောရုပ်ပွားများကို အစိတ်စိတ်အပိုင်းပိုင်းချိုးဖဲ့ဖျက်ဆီး၏၊ ထိုသို့ပြုခြင်းမှာ သူတို့သည် ရုပ်ပွားများထံ ပြန်ကောင်းပြန်လိမ့်မည်ဖြစ်သောကြောင့်တည်း။
Verse 59 — Surah Al-Anbiya 21:59
၅၉။ ထိုသူတို့က ငါတို့ဘုရားများကို အဘယ်သူသည် ဤသို့စော်ကားသနည်း၊ စော်ကားသူသည် မုချဧကန်ဒုစရိုက် မကောင်းမှုပြုသူဖြစ်ရမည်ဟု ဆိုကြ၏။
Verse 60 — Surah Al-Anbiya 21:60
၆ဝ။ သူတို့ဆက်လက်ပြောသည်မှာ လုလင်ပျိုတစ်ယောက်သည် ငါတို့ဘုရားများအကြောင်းပြောသံကို ငါတို့ကြား၏၊ သူ့ကို အေဗရာဟမ်ဟု ခေါ်သည်။
Verse 61 — Surah Al-Anbiya 21:61
၆၁။ သူတို့က တဖန်ဆိုသည်မှာ သို့ပါလျှင် လူထုက သက်သေခံနိုင်ဖို့ရာ ထိုအေဗရာဟမ်ကို လူထုရှေ့သို့ ဆွဲထုတ် ကြလော့။
Verse 62 — Surah Al-Anbiya 21:62
၆၂။ သူတို့က မေးသည်မှာ အို--အေဗရာဟမ်၊ ငါတို့ဘုရားများကို စော်ကားသူသည် သင်ပင်ဖြစ်သလော။
Verse 63 — Surah Al-Anbiya 21:63
၆၃။ သူက ပြန်ပြောသည်မှာ သူတို့အကြီးအကဲဤဆင်းတုက စော်ကားဖျက်ဆီး၏၊ သူတို့စကားပြောနိုင်လျှင် သူတို့အား မေးမြန်းပါလော့။
Verse 64 — Surah Al-Anbiya 21:64
၆၄။ ထိုအခါ သူတို့သည် အေဗရာဟမ်ထံမှ ခွဲခွာလျက် စည်းဝေးပြီးလျှင် မှတ်သားကြလော့၊ သင်တို့ပင်လျှင် အမှားပြုသူများဖြစ်ကြ၏ဟု ဆိုကြ၏။
Verse 65 — Surah Al-Anbiya 21:65
၆၅။ ထို့နောက်သူတို့သည် အ့ံအားကြီးသင့်ပြီးလျှင် အို--အေဗရာဟမ်၊ ဤဘုရားများသည် စကားမပြောနိုင်ကြောင်း ကို သင်ကောင်းစွာသိ၏ဟု ပြောကြ၏။
Verse 66 — Surah Al-Anbiya 21:66
၆၆။ ထိုအခါသူဟောပြောသည်မှာ ဟယ်-အချင်းတို့၊ သို့ပါလျက်သင်တို့သည် အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့ကို ကောင်းကျိုးဆိုးကျိုးလုံးဝမပေးနိုင်သောဘုရားပျက်တို့ကို မြတ်နိုးကိုးကွယ်ကြသလော။
Verse 67 — Surah Al-Anbiya 21:67
၆၇။ သင်တို့နှင့်တကွ အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့ကိုးကွယ်သောဘုရားပျက်များသည် ရှက်ဖွယ်ဖြစ်ကြ၏၊ သင်တို့၌ ဆင်ခြင်တုံတရားမရှိသလော။
Verse 68 — Surah Al-Anbiya 21:68
၆၈။ ဤဟောပြောချက်ကို ကြားသည်နှင့်တပြိုင်နက်သူတို့ကြွေးကြော်ကြသည်မှာ ဟယ်-အချင်းတို့၊ သင်တို့တစ်စုံ တစ်ရာပြုလုပ်လိုပါလျှင် သင်တို့သည် အေဗရာဟမ်ကို မီးလောင်တိုက်သွင်း၍ မိမိတို့ဘုရားများကို ထောက်ခံ ကြလော့။
Verse 69 — Surah Al-Anbiya 21:69
၆၉။ ငါအရှင်မြတ်က အို--မီး၊ သင်သည် အေဗရာဟမ်အတွက် အေးချမ်းသာယာခြင်းနှင့် မင်္ဂလာဖြစ်လော့ဟု မီးအား ဗျာဒိတ်ပေးတော်မူ၏။
Verse 70 — Surah Al-Anbiya 21:70
၇ဝ။ ထို့နောက်သူတို့သည် အေဗရာဟမ်ကို လှည့်ဖြားလိုကြသည်၊ သို့ရာတွင် ငါအရှင်မြတ်သည် သူတို့အား ပိုမို ဆုံးရှုံးသူများဖြစ်စေတော်မူ၏။
Verse 71 — Surah Al-Anbiya 21:71
၇၁။ ငါအရှင်မြတ်သည် တမန်တော်အေဗရာဟမ်နှင့် တမန်တော်လွတ်တို့အား ကယ်နှုတ်တော်မူ၍ လူသားအပေါင်း တို့ကို ငါအရှင်မြတ် ကောင်းကြီးမင်္ဂလာပြုသောနယ်မြေသို့ ယူဆောင်လာခဲ့တော်မူ၏။
Verse 72 — Surah Al-Anbiya 21:72
၇၂။ ထို့အပြင်ငါသည် တမန်တော်အေဗရာဟမ်အား အစ္စဟတ်က်ခေါ်သားရတနာနှင့် ယာကွတ်ခေါ်မြေးရတနာကို ပေးသနားတော်မူ၏၊ ငါအရှင်မြတ်သည် သူတို့နှစ်ဦးစလုံးကို တရားစောင့်ရှောက်သောသူတော်ကောင်းဖြစ်စေ တော်မူ၏။
Verse 73 — Surah Al-Anbiya 21:73
၇၃။ ထို့အပြင်ငါသည် သူတို့အား ငါ၏အမိန့်ဗျာဒိတ်တော်အားဖြင့် လမ်းပြသောအကြီးအကဲများဖြစ်စေတော်မူ၏၊ ထို့အပြင်ငါသည် သူတို့၏စိတ်နှလုံးအတွင်း၌ ဗျာဒိတ်တော်ကို ထင်ရှားစေတော်မူ၏၊ ဗျာဒိတ်တော်က သုစရိုက် ကောင်းမှုပွားများရန် ဆွလားသ်ဝတ်ပြုရန်နှင့် ဇကားသ်အလှုပေးကမ်းရန် ပညတ်၏၊ ထို့အပြင် သူတို့သည် ငါ့အားသာလျှင် ရှိခိုးဝတ်ပြုကြသူများဖြစ်ကြ၏။
Verse 74 — Surah Al-Anbiya 21:74
၇၄။ ငါသည် တမန်တော်လွတ်အား ပိုင်းခြားဝေဖန်တတ်သောဉာာဏ်၊ သိတတ်သောဉာာဏ်ကို ပေးသနားတော်မူ၏၊ ထို့အပြင်ငါသည် သူ့အား ရှက်ကြောက်ရွံရှာဖွယ်ရာသောအကျင့်ယုတ်အကျင့်ဆိုးများကို ကျူးလွန်သောအသင်း သားများသည် ဒုစရိုက်မကောင်းမှုနှင့် ကာမသုမိစ္ဆာစာရကို ပြုကျင့်သူများဖြစ်ကြ၏။
Verse 75 — Surah Al-Anbiya 21:75
၇၅။ ထို့အပြင်ငါသည် တမန်တော်လွတ်အား ငါ၏ ဂရုဏာနိုင်ငံတော်ကြီးအတွင်းသို့ ယူဆောင်ခဲ့၏၊ မှတ်သား ကြလော့၊ သူသည် တရားတော်ကို စောင့်ရှောက်သူတို့ဘောင်တွင် အပါအဝင်ဖြစ်၏။
Verse 76 — Surah Al-Anbiya 21:76
၇၆။ တဖန်ရှေးကာလက တမန်တော်နူဟိုသည် ငါအရှင်မြတ်ထံ ငိုကြွေးပန်ထွာသောအခါ၊ ငါသည် သူတောင်းသော ဆုကို ပေးသနားတော်မူ၏၊ သူနှင့်တကွသူ၏ အိမ်သူအိမ်သားတို့ကို အလွန်ကြီးကျယ်သောဘေးဒုက္ခမှ ကယ်နှုတ်တော်မူ၏။
Verse 77 — Surah Al-Anbiya 21:77
၇၇။ ငါသည် သူ့အား ငါ၏တရားတော်များကို မယုံကြည်သောလူများထံမှ ကယ်တင်တော်မူ၏၊ မှတ်သားကြလော့၊ ထိုသူတို့သည် မတရားသူများဖြစ်၍ ငါသည် သူတို့အားလုံး ရေနှစ်မြုပ်သေစေတော်မူ၏။
Verse 78 — Surah Al-Anbiya 21:78
၇၈။ တဖန်တမန်တော်ဒါဝတ်(ဒ)နှင့် တမန်တော်စိုလိုင်မာန်တို့သည် ထွန်ယက်စိုက်ပျိုးထားသောလယ်အတွင်းသို့ ညဉ့်အချိန်တွင် လူများတို့၏ သိုးများဝင်စားဖျက်ဆီးသောအမှု၌ တရားစီရင်ဆုံးဖြတ်ကြ၏၊ သူတို့၏ဆုံးဖြတ်ချက် ကို ငါအရှင်သိတော်မူ၏။
Verse 79 — Surah Al-Anbiya 21:79
၇၉။ တဖန်ငါသည် တမန်တော်စိုလိုင်မာန်အား ထိုအမှုကို ကောင်းစွာသိနားလည်စေတော်မူ၏၊ ထို့အပြင်ထိုတမန် တော်နှစ်ဦးစလုံးကိုပင် ငါသည် ဝေဖန်တတ်သောဉာာဏ်၊ သိတတ်သောဉာာဏ်ကို ပေးသနားတော်မူ၏၊ ထို့အပြင် ငါသည် တောင်များ၊ ငှက်များကို တမန်တော်ဒါဝတ်(ဒ)နှင့်တကွ အရှင်မြတ်အား ချီးကျူးတသစေတော်မူ၏၊ ငါသည် ထိုအရာများကို ငါစီရင်ပြုလုပ်သူတည်း။
Verse 80 — Surah Al-Anbiya 21:80
၈ဝ။ တဖန်ငါသည် သင်တို့စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ရာ၌ သင်တို့ကို ကာကွယ်ဖို့ရာ သံချပ်အကျႌလုပ်သောအတတ်ကို တမန်တော်ဒါဝတ်(ဒ်)အား သွန်သင်တော်မူ၏။
Verse 81 — Surah Al-Anbiya 21:81
၈၁။ တဖန်ငါသည် လေကို တမန်တော်စိုလိုင်မာန်၏အမိန့်အတိုင်း တိုက်ခိုက်ရန် စီမံခန့်ခွဲတော်မူ၏၊ ထိုလေသည် သူ၏အမိန့်အတိုင်း ငါ ကောင်းကြီးမင်္ဂလာပြုတော်မူသောနယ်ပယ်သို့ တိုက်ခတ်လေ၏၊ ငါသည် အရာခပ်သိမ်း ကုန်တို့ကို သိတော်မူ၏။
Verse 82 — Surah Al-Anbiya 21:82
၈၂။ တဖန်ငါသည် ရှိုင်တန်နတ်ဘီလူးများကို ထိုတမန်တော်၏ အလုပ်အကျွေးဖြစ်စေတော်မူ၏၊ ထိုဘီလူးများအနက် အချို့သည် တမန်တော်စိုလိုင်မာန်အဖို့အရာ ပုလဲသန္တာစသောရတနာတို့ကို သမုဒ္ဒရာပင်လယ်အတွင်းမှ ငုတ်ယူ ကြ၏၊ အခြားအလုပ်အကိုင်များကိုလည်း လုပ်ကိုင်ကြ၏၊ ငါသည် ထိုနတ်ဆိုးတို့ကို ထိန်းသိမ်းအုပ်ချုပ်သူ ဖြစ်တော်မူ၏။
Verse 83 — Surah Al-Anbiya 21:83
၈၃။ တဖန်တမန်တော်အိုင်ယူး(ဘ်)၊ သူသည် မိမိ၏အရှင်သခင်အား ကြွေးကြော်တင်လျှောက်သည်မှာ အို---အကျွနု်ပ်၏ ကျေးဇူးတော်သခင်၊ အကျွနု်ပ်သည် အတိဒုက္ခရောက်နေပါရပါ၏၊ အရှင်မြတ်သည် သနားဂရုဏာ ပြသူတကာတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူထသော မဟာဂရုဏာတော်အရှင်ဖြစ်တော်မူပါ၏။
Verse 84 — Surah Al-Anbiya 21:84
၈၄။ ငါသည် ထိုတမန်တော်၏ ဆုတောင်းပဋ္ဌနာကို ကြားတော်မူ၍ သူခံစားနေရသောဘေးဒုက္ခကို ဖယ်ရှားပစ်တော် မူ၏၊ ထို့အပြင်ငါသည် သူ့အား မိမိဆုံးရှုံးနေသောအိမ်ထောင်သူအိမ်ထောင်သားနှင့်တကွ အလားတူများကို ပေးသနားတော်မူ၏၊ ဤသို့စီရင်တော်မူခြင်းသည် ငါ၏ကောင်းကြီးမင်္ဂလာတော်တည်း၊ ကိုးကွယ်သူတို့မှတ်သား အားရှိဖို့ရာလည်းဖြစ်၏။
Verse 85 — Surah Al-Anbiya 21:85
၈၅။ တဖန်တမန်တော်အစ္စမာအီလ်၊ တမန်တော်အစ်ဒရစ်၊ တမန်တော်ဇွတ်ကစ်(ဖ်)လေ့တို့အကြောင်းကိုလည်း ဖော်ပြ လော့၊ သူတို့အားလုံးသည် သည်းခံသူများဘောင်မှ ဖြစ်ကြ၏။
Verse 86 — Surah Al-Anbiya 21:86
၈၆။ ထို့အပြင်ငါသည် သူတို့အားလုံးကို မိမိ၏ ဂရုဏာတော်နိုင်ငံအတွင်းသို့ သွတ်သွင်းချီးမြှင့်တော်မူ၏၊ မှတ်သား ကြလော့၊ သူတို့သည် တရားစောင့်သောသူတော်မြတ်တို့အထဲမှာ ဖြစ်ကြသည်။
Verse 87 — Surah Al-Anbiya 21:87
၈၇။ တဖန်တမန်တော်ယူနွတ်(စ်)အကြောင်းကို ဖော်ပြလော့၊ သူသည် စိတ်မာန်ဒေါသအမျက်ချောင်းချောင်းထွက် လျက် ထွက်ပြေးလေ၏၊ ငါသည် သူ၏အပေါ်၌ တန်ခိုးအာဏာမရှိဟု သူသည် ထင်မှတ်လေ၏၊ သို့သော် သူသည် အမှောင်ထုအတွင်းမှ အို--အကျွနု်ပ်၏အရှင်သခင်၊ အရှင်မှတပါး အခြားအရှင်သခင်မရှိပါ၊ အရှင်သည် ချို့တဲ့ခြင်းကင်း၍ တန်ခိုးကြီးတော်မူပါ၏၊ အကျွနု်ပ်သည် အမှန်ပင်မတရားမှုပြုကျင့်မိပါပြီဟု ဝန်ချငိုကြွေး တောင်းပန်၏။
Verse 88 — Surah Al-Anbiya 21:88
၈၈။ ထိုအခါငါအရှင်မြတ်သည် သူ၏ဆုတောင်းပဋ္ဌနာကို ကြားတော်မူပြီးလျှင် သူ့အား ဘေးဒုက္ခမှ ကယ်နှုတ်တော် မူ၏၊ ငါသည် ယုံကြည်သူတို့အား ဤကဲ့သို့ပင်ကယ်တင်တော်မူ၏။
Verse 89 — Surah Al-Anbiya 21:89
၈၉။ တဖန်တမန်တော်ဇကရီယာ၊ သူသည် သူ၏အရှင်သခင်အထံတော်၌ ဆုတောင်းပဋ္ဌနာပြုသည်မှာ အို--- အကျွနု်ပ်၏ကျေးဇူးတော်သခင်၊ အရှင်သည် သာလွန်မြင့်မြတ်သောအမွေစားအမွေခံဖြစ်တော်မူငြားသော်လည်း အကျွနု်ပ်ကို သားမဲ့သမီးမဲ့ပစ်ထားတော်မမူပါလင့်။
Verse 90 — Surah Al-Anbiya 21:90
၉ဝ။ ထိုအခါငါသည် သူ၏ဆုတောင်းပဋ္ဌနာကို ကြားတော်မူ၍ သူ့အား ယဟ်ယာကို ပေးသနားတော်မူ၏၊ သူ၏ ဇနီးမိန်းမကိုလည်း သားမွေးဖို့ရာ ပြုပြင်ပေးတော်မူ၏၊ မှတ်သားကြလော့၊ သူတို့သည် ကုသိုလ်ကောင်းမှုကို အပြိုင်အဆိုင်ပွားများကြ၏၊ သူတို့သည် ငါ့အထံတော်၌ မျှော်လင့်ခြင်း၊ ကြောက်ရွံ့ခြင်းများနှင့် ဆုတောင်းကြ၏၊ သူတို့သည် ငါ့အား ကျိုးနွံနာခံကြ၏။
Verse 91 — Surah Al-Anbiya 21:91
၉၁။ တဖန်သူမသည် ယောက်ျားမထိသေးသောကညာအစစ်ဖြစ်၏၊ ငါသည် သူမ၏ ဝမ်းတွင်းသို့ ငါ၏ဝိညာဉ်မှ အသက်ဝိညာဉ်တစ်ခုကို မှုတ်သွင်းတော်မူ၏၊ သူမနှင့်တကွ သူမ၏သားတော်ကို လူသားအပေါင်းတို့အတွက် နိမိတ်လက္ခဏာအ့ံဖွယ်တော်ဖြစ်စေတော်မူ၏။
Verse 92 — Surah Al-Anbiya 21:92
၉၂။ မှတ်သားကြလော့၊ သင်တို့၏ဤဘာသာအယူဝါဒမှာ တစ်ခုတည်းသောဘာသာဖြစ်၏၊ ငါသည် သင်တို့၏ အရှင်သခင်ဖြစ်တော်မူ၏၊ ငါ့ကိုသာလျှင် ဦးညွတ်ကိုးကွယ်ကြလော့။
Verse 93 — Surah Al-Anbiya 21:93
၉၃။ တဖန်သူတို့သည် မိမိတို့အလယ်ကြားတွင် မိမိတို့ဘာသာအယူဝါဒကို အစိတ်စိတ်အမွှာမွှာခွဲပစ်ခဲ့ကြ၏၊ သို့ငြား သော်လည်း သူတို့အားလုံးပင် ငါ့အထံတော်သို့ ပြန်ကြရမည်သာတည်း။
Verse 94 — Surah Al-Anbiya 21:94
၉၄။ ထိုအခါအကြင်သူသည် ကောင်းမှုကုသိုလ်ပြု၍ ယုံကြည်သူဖြစ်အ့ံ၊ ထိုသူ၏ ကြိုးစားမှုကို ပယ်ရှားမည်မဟုတ်ချေ၊ မှတ်သားကြလော့၊ ငါသည် ဤအမှုများကို သူ့အတွက် စာရင်းတင်ထားတော်မူ၏။
Verse 95 — Surah Al-Anbiya 21:95
၉၅၊၉၆။ ထို့အပြင်ငါအရှင်မြတ်ပျက်စီးသေကြေစေတော်မူပြီးသော လူ့အစုအဖွဲ့များတို့အပေါ်၌ တားမြစ်ခြင်းတစ်ခုပြဋ္ဌာန်း ထားတော်မူ၏၊ ထိုပြဋ္ဌာန်းချက်မှာကား သူတို့သည် ယာဂျူး(ဂျ်)နှင့် မာဇု(ဂျ်)တို့ကို လွှတ်မပစ်သည့်တိုင်အောင် သူတို့သည် ရှင်ပြန်ထမြောက်ရမည်မဟုတ်၊ ထိုသို့လွှတ်ပစ်ထားသောအခါ သူတို့သည် သချုႋင်းအတွင်းမှ လျင်မြန်စွာထွက်လာကြရလိမ့်မည်။
Verse 96 — Surah Al-Anbiya 21:96
၉၅၊၉၆။ ထို့အပြင်ငါအရှင်မြတ်ပျက်စီးသေကြေစေတော်မူပြီးသော လူ့အစုအဖွဲ့များတို့အပေါ်၌ တားမြစ်ခြင်းတစ်ခုပြဋ္ဌာန်း ထားတော်မူ၏၊ ထိုပြဋ္ဌာန်းချက်မှာကား သူတို့သည် ယာဂျူး(ဂျ်)နှင့် မာဇု(ဂျ်)တို့ကို လွှတ်မပစ်သည့်တိုင်အောင် သူတို့သည် ရှင်ပြန်ထမြောက်ရမည်မဟုတ်၊ ထိုသို့လွှတ်ပစ်ထားသောအခါ သူတို့သည် သချုႋင်းအတွင်းမှ လျင်မြန်စွာထွက်လာကြရလိမ့်မည်။
Verse 97 — Surah Al-Anbiya 21:97
၉၇။ ထို့အပြင်ဂတိသစ္စာမှန်တော်သည် နီးကပ်လာသည်၊ ထိုအခါကြည့်ကြလော့၊ အယူလွဲသူမိစ္ဆာမိုက်တို့သည် ကြောက်ရွံ့ထိတ်လန့်ခြင်းဖြင့် မျက်လုံးမျက်ဆံပြူးပြူးထွက်၍ ငေးကြည့်နေကြလတ္တံ့၊ ထို့အပြင်သူတို့မြည်တမ်း ညည်းညူကြမည်မှာ အကျွနု်ပ်တို့ဒုက္ခတွေ့ကြပြီ၊ အကျွနု်ပ်တို့သည် ဤအရာကို မေ့မေ့ပျောက်ပျောက်နေခဲ့ကြ လေပြီ၊ စင်စစ်အားဖြင့် အကျွနု်ပ်တို့သည် မတရားကျင့်ကြံသူများဖြစ်ကြ၏။
Verse 98 — Surah Al-Anbiya 21:98
၉၈။ အို--သင်ရုပ်ပွားဆင်းတုဝါဒီတို့၊ မှတ်သားကြလော့၊ သင်တို့နှင့်တကွ အရှင်မြတ်မှတပါး သင်တို့ကိုးကွယ်သော ဘုရားပျက်တို့သည် အဝီစိငရဲမီး၏ လောင်စာထင်းများသာဖြစ်ကြ၏၊ သင်တို့သည် ငရဲမီးထဲသို့ လားကြရမည်။
Verse 99 — Surah Al-Anbiya 21:99
၉၉။ အကယ်၍သင်တို့၏ဘုရားပျက်များသည် ဘုရားများဖြစ်ခဲ့လျှင် သူတို့သည် ငရဲမီးသို့ လာမည်မဟုတ်ချေ၊ သို့သော်သူတို့အားလုံးသည် ငရဲမီးထဲတွင် နေထိုင်ကြရလိမ့်မည်။
Verse 100 — Surah Al-Anbiya 21:100
၁ဝဝ။ ငရဲတွင် သူတို့၏ဝေစုမှာ ငိုကြွေးခြင်းဖြစ်၏၊ သူတို့သည် နားမကြားကြချေ။
Verse 101 — Surah Al-Anbiya 21:101
၁ဝ၁။ မှတ်သားကြလော့၊ အကြင်သူတို့ထံသို့ ရှေးအချိန်ကာလက ငါ့ထံမှ ကောင်းကြီးမင်္ဂလာတော်ခံစားကြရအ့ံ၊ ထိုသူတို့မူကား ဤငရဲမီးမှ ကောင်းစွာဝေးကြရလိမ့်မည်။
Verse 102 — Surah Al-Anbiya 21:102
၁ဝ၂။ မိမိတို့ဆန္ဒရှိရာတွင် နေထိုင်သောအခါ သူတို့သည် ငရဲမှ အသံအနည်းငယ်မျှကြားရမည်မဟုတ်ချေ။
Verse 103 — Surah Al-Anbiya 21:103
၁ဝ၃။ မဟာကြောက်လန့်ဖွယ်ကြီးသည် သူတို့အား ပူဆွေးစေမည်မဟုတ်၊ ကောင်းကင်တမန်တို့က သူတို့အား ဤနေ့ သည် သင်တို့ကို ဂတိသစ္စာပြုထားတော်မူသောသင်တို့၏ နေ့တော်ကြီးပေတည်းဟုဆိုလျက် ခရီးဦးကြိုဆို ဧည့်ခံကြလိမ့်မည်။
Verse 104 — Surah Al-Anbiya 21:104
၁ဝ၄။ ထိုနေ့တော်ကြီး၌ ငါအရှင်မြတ်သည် စာရင်းတင်သူသည် ရေးပြီးသောစက္ကူပေလွှာကို လိပ်ခေါက်သကဲ့သို့ မိုးကောင်းကင်ကို လိပ်ခေါက်တော်မူမည်၊ ငါသည် စကြဝဠာခပ်သိမ်းကုန်တို့ကို ရှေးဦးပထမဖန်ဆင်းတော်မူ သကဲ့သို့ အသစ်တဖန်ဖန်ဆင်းတော်မူမည်၊ ဤသို့ပြုလုပ်တော်မူခြင်းသည် ငါထားတော်မူသောဂတိသစ္စာတော် အတိုင်းပင်ဖြစ်၏။ မှတ်သားကြလော့၊ ငါသည် ယင်းသို့ဖန်ဆင်းခြင်းကို ပြုတော်မူမည်သာတည်း။
Verse 105 — Surah Al-Anbiya 21:105
၁ဝ၅။ ငါသည် ကျမ်းတော်၌ သမ္မာတရားတော်ကို ပညတ်တော်မူပြီးသည့်နောက် တရားတော်ကို စောင့်ရှောက်သော ငါ့ကျေးတော်မျိုးကျွန်တော်မျိုးတို့သည် ဤမဟာပထဝီမြေကြီးကို အမွေခံစားရကြမည်ဟု ရေးထားတော်မူ၏။
Verse 106 — Surah Al-Anbiya 21:106
၁ဝ၆။ မှတ်သားကြလော့၊ ဤကုရ်အာန်ကျမ်းတော်သည် တရားတော်ကို အမြတ်တနိုးစောင့်စည်းသူတို့အဖို့အရာ ထင်ရှားသောဗျာဒိတ်တော်ဖြစ်၏။
Verse 107 — Surah Al-Anbiya 21:107
၁ဝ၇။ ငါသည် သင်တမန်တော်ကို လူသားတို့အဖို့အရာ ကောင်းကြီးမင်္ဂလာတော်အဖြစ်ဖြင့်မှတပါး အခြားအဖြစ်ဖြင့် စေလွှတ်တော်မူသည်မဟုတ်ချေ။
Verse 108 — Surah Al-Anbiya 21:108
၁ဝ၈။ အို--တမန်တော်၊ ဟောကြားလော့၊ အကျွနု်ပ်၏စိတ်နှလုံးအိမ်တွင် ထင်ရှားစေသောဗျာဒိတ်တော်မှာကား သင်တို့၏ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသောအရှင်သခင်ဖြစ်တော်မူ၏ဟူ၍ဖြစ်၏၊ ထို့ကြောင့်သင်တို့ သည် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံနာခံကြမည်လော။
Verse 109 — Surah Al-Anbiya 21:109
၁ဝ၉။ သို့သော်သူတို့သည် မနှစ်သက်ငြင်းဆန်လျှင် သင်ဟောကြားလော့၊ သင်တို့အား ဂတိပေးထားတော်မူသော နေ့တော်ကြီးသည် နီးကပ်လာသည်ကိုသော်လည်းကောင်း၊ ဝေးကွာသေးသည်ကိုသော်လည်းကောင်း ငါမသိငြား သော်လည်း ငါသည် သင်တို့အားလုံးကို သတိပေးဟောပြောပြီးပြီ။
Verse 110 — Surah Al-Anbiya 21:110
၁၁ဝ။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အတိအလင်းထုတ်ဖော်ပြောဆိုသည်ကိုသော်လည်းကောင်း၊ သင်တို့လျှို့ဝှက်ထားသည်ကိုသော်လည်းကောင်း၊ သိတော်မူ၏။
Verse 111 — Surah Al-Anbiya 21:111
၁၁၁။ ထို့အပြင်အကျွနု်ပ်မသိချေ၊ သို့သော်ထိုအခြင်းအရာသည် သင်တို့အား စုံစမ်းခြင်းနှင့် ခေတ္တခဏပျော်ရွှင်စရာ ဖြစ်ကောင်းဖြစ်လတ့ံ။
Verse 112 — Surah Al-Anbiya 21:112
၁၁၂။ တမန်တော်တင်လျှောက်သည်မှာ အို--အကျွနု်ပ်၏အရှင်သခင်၊ အရှင်သည် တရားသဖြင့် စီရင်ဆုံးဖြတ်တော် မူပါ၊ အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်သည် မဟာဂရုဏာတော်အရှင်ဖြစ်တော်မူ၏၊ သင်တို့သည် အရှင်မြတ် အား မတရားစွပ်စွဲကြ၏၊ ထိုစွပ်စွဲချက်များကို ဖယ်ရှားရန် အရှင်မြတ်၏ စောင့်ရှောက်ခြင်းကျေးဇူးတော်ကို ဆုတောင်းရသည်သာတည်း။