Verse 1 — Surah Al-Hajj 22:1
၁။ အို--လူသားအပေါင်းတို့၊ သင်တို့၏အရှင်သခင်အား ကြောက်ရွံ့ရိုကျိုးကြလော့၊ မှတ်သားကြလော့၊ အချိန် တော်ကြီး၏ ငလျင်တုန်လှုပ်ခြင်းသည် အလွန်ကြီးကျယ်ကြောက်မက်ဖွယ်ကောင်း၏။
Verse 2 — Surah Al-Hajj 22:2
၂။ ထိုအချိန်ကို သင်တို့မြင်ရသောနေ့၌ နို့စို့ကလေးရှိသောမိခင်တို့သည် သားငယ်သမီးငယ်တို့ကို သတိမရ မေ့လျော့မည်၊ သင်မိုဟမ္မဒ်သည် လူသားအပေါင်းတို့ကို ယစ်မူးတွေဝေနေသကဲ့သို့ တွေ့မြင်ရမည်၊ သို့သော် သူတို့သည် မယစ်မူးချေ၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ်၌ အလွန်ပြင်းထန်တော်မူလိမ့်မည်။
Verse 3 — Surah Al-Hajj 22:3
၃။ လူသားတို့အနက် အသိတရားမရှိပဲ အလ္လာအရှင်မြတ်နှင့်စပ်လျဉ်း၍ ငြင်းခုံပြောဆိုပြီးလျှင် တော်လှန်သော ရှိုင်တန်မာရ်နတ်နောက်သို့ တကောက်ကောက်လိုက်သူရှိ၏။
Verse 4 — Surah Al-Hajj 22:4
၄။ ရှိုင်တန်မာရ်နတ်နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏ ခတ်နှိပ်တော်မူသောဗျာဒိတ်တော်မှာကား အကြင်သူသည် ရှိုင်တန်မာရ်နတ်နှင့် အဆွေခင်ပွန်းဖွဲ့အ့ံ၊ ထိုသူအား ရှိုင်တန်မာရ်နတ်သည် လမ်းမှားသို့ အမှန်အကန်သွေးဆောင် ပြီးလျှင် ငရဲမီးအပြစ်ဒဏ်သို့ ညွှန်မည်သာတည်း။
Verse 5 — Surah Al-Hajj 22:5
၅။ အို--လူသားအပေါင်းတို့၊ အကယ်၍သင်တို့သည် ရှင်ပြန်ထမြောက်ရမည့်အကြောင်း၌ ယုံမှားသံသယရှိကြလျှင် သင်တို့မှတ်သားကြလော့၊ ငါသည် သင်တို့အား မြေမှုန့်မှ ထို့နောက်ကလကရေကြည်အစက်တစ်စက်မှ ထို့ နောက်သွေးခဲတစ်ခဲမှ ထို့နောက်ပုံသဏ္ဍာန်မဲ့နှင့် ပုံသဏ္ဍာန်ရှိသောအသားတုံးကလေးမှ ဖန်ဆင်းတော်မူ၏၊ ယင်းသို့ဖန်ဆင်းတော်မူခြင်းကား သင်တို့အား ငါတန်ခိုးတော်ကို ထင်ရှားစေဖို့ရာဖြစ်၏၊ ငါသည် အလိုတော်ရှိရာ သူတို့ကို နေ့လရက်သတ်မှတ်ပိုင်းခြားတော်မူသောအချိန်ကာလစေ့ရောက်သည့်တိုင်အောင် အမိ၏သားအိမ် တွင်း၌ ကိန်းအောင်းတည်နေစေတော်မူ၏၊ နေ့လစေ့သောအခါ သင်တို့အား အမိဝမ်းမှ မွေးဖွားစေတော်မူ၏၊ တဖန်သူငယ်အဖြစ်က အရွယ်ရောက်သည့်တိုင်အောင် ငါကြီးပြင်းစေတော်မူ၏၊ သင်တို့အနက် သူအချို့တို့မှာ သက်ရွယ်နုနယ်စဉ်ကပင် ကွယ်လွန်သေဆုံးကြရ၏၊ အချို့တို့မှာ သက်ရွယ်ကြီးရင့်အိုမင်းမစွမ်းဖြစ်အောင် အသက်ရှည်၍ သတိလစ်ဟင်းသူငယ်ပြန်ရသူအဖြစ်သို့ ရောက်စေတော်မူ၏၊ အို--တမန်တော်မိုဟမ္မဒ်၊ သင် သည် ပထဝီမြေကို သွေ့ခြောက်သရောင်းနေသည်ကို မြင်ရ၏၊ ငါသည် ထိုသွေ့ခြောက်သောမြေပေါ်၌ မိုးရေကို ရွာသွန်းစေရာ အမျိုးမျိုးသောသစ်ပင်၊ ပန်းပင်စသည်ကို လှပတင့်တယ်ရှုချင်ဖွယ်ဖြစ်အောင် စိမ်းလန်းစိုပြေစွာ ပေါက်ရောက်ကြ၏။
Verse 6 — Surah Al-Hajj 22:6
၆။ ယင်းသို့ဖန်ဆင်းတော်မူခြင်းကား မုချဧကန်အလ္လာဟ်အရှင်မြတ်သည် တရားမှန်ဖြစ်တော်မူသောကြောင့်၊ မှတ် သားကြလော့၊ အရှင်မြတ်သည် သေသူအပေါင်းတို့ကို အမှန်ရှင်စေတော်မူ၏၊ အရာခပ်သိမ်းတို့အတွက် မုချဧကန်ပြုစွမ်းနိုင်တော်မူ၏။
Verse 7 — Surah Al-Hajj 22:7
၇။ အချိန်တော်ကြီးဆိုက်ရောက်လာမည်ဖြစ်သောကြောင့် ဤအကြောင်းကို ယုံမှားသံသယမရှိနိုင်ချေ၊ ထိုနေ့တော် ကြီး၌ အလ္လာဟ်အရှင်မြတ်သည် သချုႋင်းတွင်း၌ ရှိနေသောသူသေအပေါင်းတို့ကို ရှင်ပြန်ထမြောက်စေတော်မူ လိမ့်မည်ဖြစ်သောကြောင့်ဖြစ်၏။
Verse 8 — Surah Al-Hajj 22:8
၈။ လူသားတို့အနက် သူတစ်ဦးတစ်ယောက်ရှိ၏၊ ထိုသူသည် အသိတရားသော်လည်းကောင်း၊ လမ်းညွှန်ပြခြင်း သော်လည်လည်းကောင်း မခံစားရ၊ အလင်းပြကျမ်းတော်သော်လည်းကောင်း၊ မရှိပဲလျက် အလ္လာဟ်အရှင်မြတ် နှင့်စပ်လျဉ်း၍ အငြင်းအခုံပြု၏။
Verse 9 — Surah Al-Hajj 22:9
၉။ သူသည် သူတပါးကို လှည့်စားစိမ့်သောငှာ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ကြီးမားသောမာန်မာနနှင့် လှည့်သွား၏၊ ထိုသူအတွက် ဤလောကမျက်မှောက်ဘဝ၌ အရှက်တကွဲအသရေပျက်ခြင်းသာရှိ၏၊ ရှင်ပြန် ထမြောက်ရသောနေ့တော်ကြီး၌ ငါသည် သူ့အား လောင်ကျွမ်းခြင်းအပြစ်ဒဏ်တော်ကို မြည်းစမ်းစေတော်မူသည်၊
Verse 10 — Surah Al-Hajj 22:10
၁ဝ။ ထိုအခါသူ့အား အမိန့်တော်မူမည်မှာ ဤဒဏ်တော်သည် နင်၏လက်နှစ်ဘက်တင်ကြိုပို့ထားသောပြုကျင့်မှု အတွက်ဖြစ်၏၊ အကြောင်းမူကားအလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များကို မတရားနှိပ်စက်ကလူ ပြုတော်မူသောအရှင်မဟုတ်သောကြောင့်တည်း။
Verse 11 — Surah Al-Hajj 22:11
၁၁။ လူသားတို့အနက် သူတစ်ဦးတစ်ယောက်ရှိ၏၊ ထိုသူသည် နှစ်ခွသောစိတ်နှင့်သာ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်၏၊ ထိုသူသည် လောကီစည်းစိမ်ရရှိသောအခါ၊ သာသနာတော်၌ ရောင့်ရဲတင်းတိမ်ပျော်မွေ့၏၊ သို့သော်ဘေးဥပါဒ်အားဖြင့် စုံစမ်းခြင်းကို ခံရသောအခါ သူသည် တရားတော်ကို စွန့်လွှတ်၏၊ ထိုသူသည် ဤဘဝနောင်ဘဝ၊ နှစ်ဘဝများကို ဆုံးရှုံး၏၊ ဤသည်ကား ဆုံးရှုံးခြင်းတည်း။
Verse 12 — Surah Al-Hajj 22:12
၁၂။ ထိုသူသည် အလ္လာဟ်အရှင်မြတ်မှတပါး မိမိအား ကျိုးပြစ်မတတ်စွမ်းနိုင်သောဘုရားတုများကို ရှိခိုးပူဇော်၏၊ ယင်းအမှုကား မဟာအမှားကြီးဖြစ်၏။
Verse 13 — Surah Al-Hajj 22:13
၁၃။ ထိုသူသည် ဘုရားတုကို ကိုးကွယ်၏၊ ထိုဘုရား၏ ဘေးဥပါဒ်သည် သူ၏အကျိုးကျေးဇူးထက် သာ၍နီးသည်၊ စင်စစ်အားဖြင့် ထိုဘုရားသည် မကောင်းသောကာကွယ်သူ၊ မကောင်းသောအဆွေခင်ပွန်းမုချဖြစ်သည်။
Verse 14 — Surah Al-Hajj 22:14
၁၄။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်၍ သုစရိုက်ကောင်းမှုပြုကျင့်သူတို့အား သုခဥယျာဉ်တော် များသို့ ဝင်စေတော်မူ၏၊ ထိုဥယျာဉ်တော်များအောက်၌ စိမ့်စမ်းရေမြောင်းအယာဉ်အထွေထွေစီးဆင်းလျက် ရှိ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မိမိကြံရွယ်သည့်အတိုင်း စီရင်တော်မူ၏။
Verse 15 — Surah Al-Hajj 22:15
၁၅။ အကြင်သူက အလ္လာဟ်အရှင်မြတ်သည် တမန်တော်မိုဟမ္မဒ်အား ဤဘဝနောင်ဘဝနှစ်ဖြာသောဘဝတွင် စောင်မ တော်မူမည်မဟုတ်ဟု တွေးတောလတ့ံ၊ ထိုသူအား ကြိုးတစ်ချောင်းကို မိုးကောင်းကင်အထိ ဆန့်စေလော့၊ ထို့နောက်ထိုကြိုးကို ဖြတ်စေလော့၊ ထိုသူသည် မိမိ၏ဥပါယ်တမျည်သည့် သူ့အား ဒေါသထွက်စေသောအရာကို ဖယ်ပစ်နိုင်သလားကို ကြည့်စေလော့။
Verse 16 — Surah Al-Hajj 22:16
၁၆။ ဤကဲ့သို့ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရှင်းလင်းသောနှုတ်ကပတ်တော်များအဖြစ်ဖြင့် ထုတ်ပြန်ချပေး သနားတော်မူ၏၊ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိသူအား လမ်းပြတော်မူ၏။
Verse 17 — Surah Al-Hajj 22:17
၁၇။ မှတ်သားကြလော့၊ ဤကုရ်အာန်ကျမ်းတော်မြတ်ကို ယုံကြည်သူများ၊ ယဟူဒီများ၊ စာဘီယင်များ၊ ခရစ်ယာန် ဘာသာဝင်များ၊ မဂျူစီများ၊ ရုပ်ပွားဆင်းတုကို ကိုးကွယ်သူများစသည့်ဖြင့် လူမျိုးအသီးသီးရှိကြ၏၊ အလ္လာဟ် အရှင်မြတ်သည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ ထိုလူမျိုးအသီးသီးတို့အလည်ကြားတွင် စီရင်ဆုံးဖြတ် တော်မူလိမ့်မည်။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့အပေါ်၌ သက်သေဖြစ်တော် မူ၏။
Verse 18 — Surah Al-Hajj 22:18
၁၈။ အို--တမန်တော်၊ ကမ္ဘာမြေပြင်နှင့် မိုးကောင်းကင်တွင် ရှိရှိသမျှကို နေ၊ လ၊ နက္ခတာရာတို့၊ တောင်များ၊ သစ်ပင်များ၊ တိရိစ္ဆာန်များ အရေအတွက်များလှစွာသောလူသားတို့အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်အား ပျဝပ်ကိုးကွယ်ကြသည်ကို သင်မြင်သည်မဟုတ်လော၊ ကျန်များလှစွာသောလူသားတို့သည်လည်း အပြစ်ဒဏ် အမှန်အကန်သင့်ကြ၏၊ အကြင်သူအား အလ္လာဟ်အရှင်မြတ်ရှုံ့ချတော်မူအ့ံ၊ ထိုသူအား ဂုဏ်ပြုမည့်တစ်စုံ တစ်ယောက်မျှမရှိချေ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိရာကို စီရင်တော်မူ၏။
Verse 19 — Surah Al-Hajj 22:19
၁၉။ ဤလူနှစ်ဦးတို့သည် သူတို့၏အရှင်သခင်နှင့်စပ်လျဉ်း၍ အချင်းဖြစ်ပွားသောရန်သူနှစ်ဦးဖြစ်ကြ၏၊ သို့သော် မိစ္ဆာမိုက်တို့မှာမူကား မီးအတိပြီးသောအဝတ်အစားကို ရရှိကြလိမ့်မည်၊ ပွက်ပွက်ဆူသောအရည်ကိုလည်း သူတို့ဦးခေါင်းထက်သို့ သွန်းလောင်းလိမ့်မည်။
Verse 20 — Surah Al-Hajj 22:20
၂ဝ။ ထိုအဝတ်အရည်များကြောင့် သူတို့ဝမ်းတွင်း၌ ရှိရှိသမျှတို့နှင့် အသားအရေအားလုံးတို့ပင် အရည်ပျော်၍ ကျလိမ့်မည်။
Verse 21 — Surah Al-Hajj 22:21
၂၁။ ထို့အပြင်သူတို့အတွက် မီး သံ တုတ်ကောက်များလည်းအသင့်ရှိ၏။
Verse 22 — Surah Al-Hajj 22:22
၂၂။ သူတို့သည် သူတို့၏ဝေဒနာကြီးများကြောင့် ငရဲမှ ထွက်ပြေးသောအခါတိုင်း သူတို့ကို ငရဲမီးအတွင်းသို့ တဖန်မောင်းထုတ်၍ ဟယ်-သူမိုက်တို့၊ မီးလောင်ကျွမ်းခြင်းဒဏ်ကို မြည်းကြလော့ဟု မိန့်တော်မူလတံ့။
Verse 23 — Surah Al-Hajj 22:23
၂၃။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်၍ ကောင်းမှုပွားများသူတို့အား သုခဘုံဥယျာဉ် တော်များ အတွင်း ဝင်စေတော်မူမည်၊ ထိုဥယျာဉ်တော်များအောက်တွင် စိမ့်စမ်းချောင်းမြောင်းအယဉ်အထွေထွေစီးဆင်း လျက်ရှိ၏၊ သုခဘုံတွင် သူတို့သည် ရွှေလက်ကောက်ပုလဲရတနာနှင့် ပိုးဖဲအဝတ်အစားများကို ဆင်မြန်းကြ ရလတ့ံ။
Verse 24 — Surah Al-Hajj 22:24
၂၄။ သူတို့အား သန့်ရှင်းသာယာနာပျော်ဖွယ်သောစကားသို့ ညွှန်ပြတော်မူ၏၊ သူတို့ကို ချို့တဲ့ခြင်းကင်း၍ တန်ခိုး ကြီးမားတော်မူသောအရှင်၏ လမ်းတော်သို့ ညွှန်ပြတော်မူ၏။
Verse 25 — Surah Al-Hajj 22:25
၂၅။ မှတ်သားကြလော့၊ မယုံကြည်၍ သူတပါးအား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်နှင့် အရှင်မြတ်၏ ဘေးမဲ့ ကျောင်းတော်မှ တားမြစ်ကာဆီးထားသောသူတို့နှင့် ထိုကျောင်းတော်ကြီးတွင် မတရားပြုကျင့်သူတို့အား ငါသည် အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်ကြီးကို မြည်းစေတော်မူမည်၊ ထိုကျောင်းတော်ကြီးကို ကျေးလက်သား၊ မြို့သားမဟူ၊ လူသားအားလုံးတို့ဆွလားသ်ဝတ်ကို ဘေးမဲ့ပြုဖို့ရာ ငါအရှင်မြတ်စီမံပြဋ္ဌာန်း ထားတော်မူ၏။
Verse 26 — Surah Al-Hajj 22:26
၂၆။ အို--တမန်တော်၊ မှတ်သားလော့၊ ငါသည် တမန်တော်အေဗရာဟမ်အား ကျောင်းတော်ကြီးတည်ရာနေရာဌာန ကို သတ်မှတ်ပေးသနားတော်မူ၏၊ ငါက အို--အေဗရာဟမ်၊ သင်သည် တစ်စုံတစ်ခုသောဝထ္ထုကိုမှ ငါနှင့် တန်းတူတွဲဖက်ခြင်းမပြုလင့်၊ ကျောင်းတော်ကြီးကို လှည့်ပတ်သူ၊ ကျောင်းတော်ကြီးတွင် ဆွလားသ်ဝတ်ပြုရာတွင် မတ်မတ်ရပ်သူပျပ်ဝပ်ဦးချသူစသည့်အပေါင်းအဖို့အရာ ငါ၏ကျောင်းတော်ကြီးကို စင်ကြယ်သန့်ရှင်းအောင် သုတ်သင်ရှင်းလင်းထားရှိရမည်ဟု မိန့်တော်မူ၏။
Verse 27 — Surah Al-Hajj 22:27
၂၇။ အို--တမန်တော်၊ သင်သည် ဤကျောင်းတော်ကြီးသို့ ဟဂျ်ပြုရမည့်အကြောင်းကို လူသားအပေါင်းတို့အား ကြေငြာလော့၊ သူတို့သည် သင့်ထံသို့ ခြေလျင်သော်လည်းကောင်း၊ ကြံလှီပိန်ခြောက်သောကုလားအုတ်တိရိစ္ဆာန် များကို စီးနင်း၍သော်လည်းကောင်း၊ အရပ်လေးမျက်နှာမှ လာကြလိမ့်မည်။
Verse 28 — Surah Al-Hajj 22:28
၂၈။ လူသားတို့သည် မိမိတို့အကျိုးဖြစ်ထွန်းစေသောအရာများကို တွေ့မြင်ကြရန် ယင်းသို့လာကြလိမ့်မည်၊ သူတို့သည် သတ်မှတ်ထားသောရက်များ၌ အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသော အခြေလေးချောင်းတိရိစ္ဆာန်များအပေါ် ၌ ငါ၏နာမတော်ကို ရွတ်ဖတ်ရန် လာကြလိမ့်မည်၊ ထိုအခါသင်တို့သည် သားကောင်၏ အသားများကို မိမိ တို့လည်း စားသုံးကြလော့၊ ကံဆိုးလှသောသူဆင်းရဲတို့ကိုလည်း ကျွေးမွေးကြလော့။
Verse 29 — Surah Al-Hajj 22:29
၂၉။ ထို့နောက်ဟဂျ်ပြုသူတို့သည် မိမိကိုယ်ကို သန့်စင်စေကြလော့၊ အဓိဋ္ဌာန်ပြုကြလော့၊ ရှေ့လက်ဟောင်းကျောင်း တော်ကြီးကို လှည့်ခြင်းဝတ်များကို ပြုကြလော့။
Verse 30 — Surah Al-Hajj 22:30
၃ဝ။ ယင်းအချက်သည် အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်ဖြစ်၏၊ အကြင်သူသည် အရှင်မြတ်နှင့်သက်ဆိုင်ရာများကို အမြတ်တနိုးလေးစားစောင့်ရှောက်အ့ံ၊ ထိုသူသည် အရှင်မြတ်၏ မျက်နှာတော်၌ ကောင်းမြတ်မည်၊ သင်တို့အား မသန့်ရှင်းဟု ဗျာဒိတ်တော်များလာပြီးသော တိရိစ္ဆာန်များမှတပါး အခြားခြေလေးချောင်းတိရိစ္ဆာန်များသည် သင်တို့အဖို့ တရားဝင်သောအစာဖြစ်၏၊ ထို့အပြင်ရုပ်ပွားဆင်းတုများကိုးကွယ်ခြင်း၊ အညစ်အကြေးနှင့် မုသား စကားဆိုခြင်းကို ရှောင်ကြဉ်ကြလော့။
Verse 31 — Surah Al-Hajj 22:31
၃၁။ သင်တို့သည် အရှင်မြတ်အားသာ ကိုးကွယ်ကြလော့၊ အရှင်မြတ်အား ဖက်စပ်သူများမပေးကြလင့် အကြောင်း မူကား အရှင်မြတ်အား ဖက်စပ်သူများပေးသောသူမိုက်တို့သည် ကောင်းကင်မှ စောက်ထိုးမိုးမျှော်ကျလာ၍ ငှက်များကို ထိုးဆွကိုက်ဖဲ့စားခြင်းခံရသူကဲ့သို့ဖြစ်ရ၏၊ သို့မဟုတ်လေပြင်းမုန်တိုင်းက ဝေးရာအရပ်သို့ တိုက်ခတ် ပစ်ချသူကဲ့သို့ဖြစ်ရ၏။
Verse 32 — Surah Al-Hajj 22:32
၃၂။ ယင်းအချက်သည် အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်ဖြစ်၏၊ အကြင်သူသည် အရှင်မြတ်၏ သာဓကတော် များကို ရိုသေလေးစားအ့ံ၊ ထိုလေးစားခြင်းသည် စိတ်နှလုံးများ၏ လှိုက်လှိုက်လှဲလှဲတရားကြည်ညိုမှုမှ အမှန် ဖြစ်၏။
Verse 33 — Surah Al-Hajj 22:33
၃၃။ သတ်မှတ်ထားသောအချိန်ကာလအတွင်း ထိုအလှုကောင်တို့သည် သင်တို့အဖို့အရာအကျိုးဖြစ်စေ၏၊ ထို့နောက် ၎င်းတို့ကို လှုဒါန်းဖို့ရာ ရှေးလက်ဟောင်းကျောင်းတော်ကြီးသို့ ယူဆောင်လာကြရ၏။
Verse 34 — Surah Al-Hajj 22:34
၃၄။ ငါသည် လူသားတို့အား အစားအစာအဖို့ ပေးသနားတော်မူသောခြေလေးချောင်းတိရိစ္ဆာန်များအပေါ်၌ အရှင် မြတ်၏ နာမတော်ကို ရွတ်ဖတ်စေခြင်းငှာ ငါသည် လူမျိုးလူမျိုးတိုင်းအတွက် ကျင့်စဉ်တရားကို ပညတ်ထား တော်မူ၏၊ သင်တို့၏အလ္လာဟ်သည် တစ်ဆူတည်းသောအရှင်သခင်ဖြစ်တော်မူ၏၊ ထို့ကြောင့်အရှင်မြတ်အား ကျိုးနွံနာခံကြလော့၊ အို--တမန်တော်၊ နှိမ့်ချသူတို့အား ကောင်းသောသတင်းများကို ပေးလော့။
Verse 35 — Surah Al-Hajj 22:35
၃၅။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို ကြားရသောအခါ သူတို့၏စိတ်နှလုံးများသည် ကြောက်ရွံ့ တုန်လှုပ်ကြ၏၊ မည်သည့်အဖြစ်အပျက်ကျရောက်စေကာမူ သည်းခံခြင်းရှိကြ၏၊ ဆွလားသ်ဝတ်ပြုကြ၏၊ ငါပေးသနားတော်မူသောစည်းစိမ်ဥစ္စာများမှ သုံးစွဲကြ၏။
Verse 36 — Surah Al-Hajj 22:36
၃၆။ ကုလားအုပ်တိရိစ္ဆာန်များ၊ ငါသည် ၎င်းတို့ကို သင်တို့အဖို့ အလ္လာဟ်အရှင်မြတ်အား လှုသောပစ္စည်းများတွင် အပါအဝင်ဖြစ်စေတော်မူ၏၊ ၎င်းတို့၌ သင်တို့အတွက် အကျိုးများများရှိ၏၊ ထို့ကြောင့်၎င်းတို့ကို စီတန်းထားသော အခါ ၎င်းတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏နာမတော်ကို တသရွတ်ဖတ်သရဇ္ဈာယ်ကြလော့၊ ထို့နောက်၎င်းတို့ သေ၍ ၎င်းတို့၏နံဘေးသည် မြေပေါ်သို့ လဲကျသည်ရှိသော် ၎င်းတို့၏အသားများအနက် အချို့ကို သင်တို့ စားသုံး၍ အချို့ကို ဘုန်းတောင်းယာစကာများနှင့် သူဆင်းရဲများအား ကျွေးမွေးကြလော့၊ သင်တို့သည် ငါ၏ ကျေးဇူးတော်ကို ချီးကျူးဖို့ရာ ယင်းသို့ ငါသည် တိရိစ္ဆာန်များကို သင်တို့၏သြဇာခံဖြစ်စေတော်မူ၏။
Verse 37 — Surah Al-Hajj 22:37
၃၇။ ၎င်းတို့၏ အသားနှင့်အသွေးများသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ မရောက်ကြချေ၊ သို့သော်သင်တို့၏ သဒ္ဒါကြည်ညိုခြင်းသည် အရှင်မြတ်အထံတော်သို့ ရောက်ရှိ၏၊ အလ္လာဟ်အရှင်မြတ်သည် သင့်အား လမ်းမှန်ကို ပြသခြင်းတည်းဟူသောကျေးဇူးတော်ကို ချီးကျူးဖို့ရာ ငါသည် ယင်းသို့တိရိစ္ဆာန်များကို သင်တို့လက်အောက်ခံ ဖြစ်စေတော်မူ၏၊ အို--မိုဟမ္မဒ်၊ သင်သည် သူတော်ကောင်းတို့အား ကောင်းမြတ်သောသတင်းများကို ပေးကြလော့။
Verse 38 — Surah Al-Hajj 22:38
၃၈။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အယူမှန်သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏၊ မှတ်သား ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်ကျေးစွပ်သူတို့ကို ချစ်မြတ်နိုးတော်မမူချေ။
Verse 39 — Surah Al-Hajj 22:39
၃၉။ မတရားနှိပ်စက်ခံရသောကြောင့် စစ်တိုက်သူတို့အား စစ်တိုက်ခွင့်ကို ပေးသနားတော်မူ၏၊ အလ္လာဟ်အရှင်မြတ် သည် သူတို့အား အောင်နိုင်ခြင်းကို မုချဧကန်ပေးစွမ်းနိုင်တော်မူ၏။
Verse 40 — Surah Al-Hajj 22:40
၄ဝ။ အကျွနု်ပ်၏အသက်သခင်ကျေးဇူးရှင်သည် အလ္လာဟ်အရှင်မြတ်ဖြစ်သည်ဟု ဆိုသောကြောင့် ထိုသူတို့သည် မိမိတို့မြို့ရွာနေအိမ်များမှ မတရားပြည်နှင်ဒဏ်ခံရကြ၏၊ အကယ်၍အလ္လာဟ်အရှင်မြတ်သည် အချို့သောသူဆိုး သူမိုက်တို့၏ ပြုမူချက်ကို အချို့သောသူကောင်းသူလိမ္မာတို့နှင့် တားဆီးကန့်ကွက်တော်မမူပဲ လျစ်လျူရှုနေတော် မူပါလျှင် ရသေ့တို့သီတင်းသုံးနေထိုင်ရာတောရကျောင်းများ၊ ခရစ်ယာန်လူမျိုးတို့ဘုရားရှိခိုးကျောင်းများ၊ ယဟူဒီ လူမျိုးတို့ဝတ်ကျောင်းများ၊ မိုအ်မင်န်ပသီတို့၏ ဗလီကျောင်းများသည် အမှန်အကန်ဖျက်ဆီးဖြိုဖျက်ခြင်းခံကြ ရလတ့ံ၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို မကြာခဏရွတ်ဖတ်သရဇ္ဈာယ်ကြ၏၊ အလ္လာဟ်အရှင်မြတ်သည် မိမိအား ကူညီစောင့်ရှောက်သောသူတို့ကို မုချဧကန်စောင်မတော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ် သည် ခွန်အားဗလရှိတော်မူ၏၊ အနန္တတန်ခိုးတော်ရှိတော်မူ၏။
Verse 41 — Surah Al-Hajj 22:41
၄၁။ အကယ်၍ငါအရှင်မြတ်က သူတို့အား ကမ္ဘာမြေပေါ်တွင် တန်ခိုးအာဏာပေးသနားတော်မူလျှင် ထိုသူတို့သည် ဆွလားသ်ဝတ်ပြုခြင်း၊ ဇကားသ်အလှုကို ပေးခြင်း၊ သနားကြင်နာခြင်းကို ဆင့်ဆိုအားပေးခြင်း၊ မကောင်း ဆိုးသွမ်းမှုကို တားမြစ်ကန့်ကွက်ခြင်းများကို ပြုကြ၏၊ အမှန်မှာ အမှုအခင်းများ၏ ပြီးဆုံးရာသည် အလ္လာဟ် အရှင်မြတ်ဖြစ်တော်မူ၏။
Verse 42 — Surah Al-Hajj 22:42
၄၂။ အို--မိုဟမ္မဒ်၊ သူတို့သည် သင့်ကို မယုံကြည်ငြင်းပယ်လျှင် သင့်အထက်ပွင့်လေပြီးသောငါ၏တမန်တော်များ ကိုလည်း တမန်တော်နူဟို၏လူများ၊ အားဒ်လူမျိုးများနှင့် စမူးဒ်လူမျိုးများသည် ငြင်းဆန်ခဲ့ပြီ။
Verse 43 — Surah Al-Hajj 22:43
၄၃။ ထို့အပြင်တမန်တော်အေဗရာဟမ်၏ လူများ၊ တမန်တော်လွတ်၏ လူများလည်း ငြင်းပယ်ခဲ့ပြီ။
Verse 44 — Surah Al-Hajj 22:44
၄၄။ ထို့အပြင် မဒယန်မြို့သူမြို့သားတို့လည်း ငြင်းဆန်ခဲ့ပြီ၊ တမန်တော်မူစာကိုလည်း မယုံကြည်ငြင်းဆန်ခဲ့ပြီ၊ သို့သော်ငါသည် မိစ္ဆာဒိဋ္ဌိတို့အား အချိန်ပေးတော်မူ၏၊ ထို့နောက်ငါသည် သူတို့ကို ဖမ်းဆီးအပြစ်ပေးတော်မူ၏၊ ငါ၏ စက်ဆုတ်ရွံရှာတော်မူခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။
Verse 45 — Surah Al-Hajj 22:45
၄၅။ ငါအရှင်မြတ်သည် ဒုစရိုက်မကောင်းမှု၌ နစ်မွန်းနေသောမြို့ရွာနယ်ပယ်များကို ဖျက်ဆီးတော်မူလိုက်၏၊ ထိုနေရပ် တို့သည် ယခုတိုင်ပျက်စီးယိုယွင်းလျက်ရှိကြ၏၊ များစွာသောစွန့်ပစ်ထားသည့်ရေတွင်း၊ မြစ်နှင့်ပြအိုးများလည်း ရှိကြ၏။
Verse 46 — Surah Al-Hajj 22:46
၄၆။ ဤအယူမှားသူတို့သည် ကမ္ဘာမြေပေါ်တွင် ခရီးသွားလာ၍ မကြည့်ရှုကြသလော၊ သူတို့တွင် သံဝေဂရဖို့ရာ စိတ်နှလုံး၊ ကြားဖို့ရာနားများမရှိကြသလော၊ စင်စစ်အားဖြင့်၎င်းတို့၏ မျက်စိများကန်းသည်မဟုတ်၊ ၎င်းတို့၏ ရင်ဘတ်အတွင်းရှိ စိတ်နှလုံးများကန်းခြင်းဖြစ်၏။
Verse 47 — Surah Al-Hajj 22:47
၄၇။ ဤမိစ္ဆာမိုက်တို့သည် သင့်အား အပြစ်ဒဏ်မြန်မြန်ပေးရန် တောင်းဆိုကြလတ့ံ၊ အလ္လာဟ်အရှင်မြတ်သည် မိမိဂတိသစ္စာတော်ကို ဖျက်တော်မမူချေ၊ သို့သော်မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ တစ်နေ့သည် သင်တို့အရေအတွက်အားဖြင့် နှစ်တစ်ထောင်နှင့်တူမျှ၏။
Verse 48 — Surah Al-Hajj 22:48
၄၈။ ငါအရှင်မြတ်သည် ဒုစရိုက်မကောင်းမှုတွင် နစ်မွန်းနေသောမြို့ရွာနယ်ပယ်အမြောက်အမြားကို ကြာကြာ သည်းခံတော်မူ၏။ ထို့နောက်ငါသည် သူတို့ကို ဖမ်းဆီးတော်မူ၏၊ အပြန်ခရီးသည် ငါ့ထံသို့တည်း။
Verse 49 — Surah Al-Hajj 22:49
၄၉။ အို--တမန်တော် ဟောကြားလော့၊ ဟယ်-လူသားအပေါင်းတို့၊ ငါသည် သင်တို့အား သတိပေးသူရိုးရိုး သာဖြစ်၏။
Verse 50 — Surah Al-Hajj 22:50
၅ဝ။ အကြင်သူတို့သည် ယုံကြည်၍ သုစရိုက်မှုကို ပွားများအ့ံ၊ ထိုသူတို့အတွက် အပြစ်လွှတ်ခြင်းနှင့် ပေါများကြွယ်ဝ သောစည်းစိမ်ချမ်းသာတို့ရှိ၏။
Verse 51 — Surah Al-Hajj 22:51
၅၁။ သို့သော်ငါ၏ နှုတ်ကပတ်တော်များကို ခုခံပယ်ဖျက်ရန် ကြိုးစားသူတို့မှာမူကား ငရဲမီးကို တရားသဖြင့် ပိုင်ဆိုင်သူ များဖြစ်ကြ၏။
Verse 52 — Surah Al-Hajj 22:52
၅၂။ အို--တမန်တော်၊ သင်၏အထက်အဆက်ဆက်သောတမန်တော်တို့ကို ငါအရှင်မြတ်စေလွှတ်တော်မူ၏၊ ထို တမန်တော်တို့သည် ငါ၏ဗျာဒိတ်တော်များကို ရွတ်ဖတ်သောအခါ ရှိုင်တွာန်မာရ်နတ်သည် ထိုတရားတော်များကို ခုခံတိုက်ခိုက်ရန် ဖြားယောင်းသွေးဆောင်၏၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် ရှိုင်တန်မာရနတ်၏ အကြံ အစည်ကို ဖျက်ဆီးတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် မိမိချပေးသနားတော်မူသောကျမ်းတော်မြတ်ကို တည် စေတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် သိတော်မူ၏၊ လိမ္မာတော်မူ၏။
Verse 53 — Surah Al-Hajj 22:53
၅၃။ အလ္လာဟ်အရှင်မြတ်သည် ရှိုင်တန်မာရ်နတ်၏ အကြံပေးချက် စိတ်နှလုံးတွင် အယူဝါဒရောဂါစွဲကပ်သူများနှင့် စိတ်နှလုံးမာမြင်းသူတို့အား လှည့်ဖြားဖို့ရာ ဖြစ်စေတော်မူ၏၊ မှတ်သားကြလော့၊ ဒုစရိုက်မှုကျူးလွန်သူတို့သည် အတိအလင်းဂုဏ်းကွဲသူများဖြစ်၏။
Verse 54 — Surah Al-Hajj 22:54
၅၄။ ပညာဉာာဏ်ပေးသနားတော်မူခြင်းခံရသောသူတို့ကိုမူကား ကုရ်အာန်ကျမ်းတော်မြတ်မှာ သင်၏အသက်သခင် ကျေးဇူးရှင် မုချဧကန်ချပေးသနားတော်မူသောသစ္စာတော်ဖြစ်ကြောင်းကို သိစေတော်မူ၏၊ ထို့အပြင်သူတို့သည် ကျမ်းတော်မြတ်ကို ယုံကြည်လျက် သူတို့၏ စိတ်နှလုံးများသည် အရှင်မြတ်အား နှိမ့်ချကျိုးနွံကိုးစားဖို့ရာ စီရင်တော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ကိုးစားသူတို့အား လမ်းမှန်သို့ အမှန် ညွှန်နေတော်မူ၏။
Verse 55 — Surah Al-Hajj 22:55
၅၅။ ထို့အပြင်မယုံကြည်သူတို့က အချိန်တော်ကြီးသည် သူတို့အပေါ်သို့ ရုတ်တရက်ရှောင်တခင်ဆိုက်ရောက်လာသည့် တိုင်အောင် သို့မဟုတ် ပျက်စီးခြင်းအပေါင်းနှင့်တွေ့ကြံုနေရသောနေ့တော်ကြီး၏ အပြစ်ဒဏ်သည် သူတို့အပေါ် သို့ ကျရောက်လာသည့်တိုင်အောင် ကုရ်အာန်ကျမ်းတော်မြတ်ကို ယုံမှားသံသယရှိခြင်းကို ရပ်တန့်ကြလိမ့်မည် မဟုတ်ချေ။
Verse 56 — Surah Al-Hajj 22:56
၅၆။ ထိုနေ့တော်ကြီး၌ အချုပ်အခြာအာဏာသည် အလ္လာဟ်အရှင်မြတ်အဖို့သာတည်း၊ အရှင်မြတ်သည် လူသားတို့ အလည်ကြား၌ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်၊ ယုံကြည်၍ ကုသိုလ်ကောင်းမှုပွားသူတို့သည် သုခဥယျာဉ်တော် များတွင် နေထိုင်ကြရလိမ့်မည်။
Verse 57 — Surah Al-Hajj 22:57
၅၇။ သို့သော်မယုံကြည်ပဲ ငါ၏ကျမ်းတော်ကို ငြင်းခုံသူတို့၊ သူတို့အတွက်မူကား အလွန်ရှက်ဖွယ်ကောင်းသောအပြစ် ဒဏ်ရှိ၏။
Verse 58 — Surah Al-Hajj 22:58
၅၈။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်အတွက် မိမိတို့မြို့ရွာနေရပ်မှ ထွက်ပြေးပြီးနောက် အသတ်ခံရကြအ့ံ၊ သို့မဟုတ် အလိုအလျောက်ကွယ်လွန်သေဆုံးကြအ့ံ၊ ထိုသူတို့အား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သောစည်းစိမ်ရိက္ခာကို အမှန်အကန်ပေးသနားတော်မူလိမ့်မည်၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင် မြတ်သည် စည်းစိမ်ရိက္ခာပေးသနားသောသူတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူ၏။
Verse 59 — Surah Al-Hajj 22:59
၅၉။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား မိမိတို့နှစ်သက်မြတ်နိုးသောဝင်ခြင်းဖြင့် ဝင်စေတော်မူလိမ့်မည်၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မုချသိတော်မူ၏၊ ဧကန်အလိုလိုက်တော်မူ၏။
Verse 60 — Surah Al-Hajj 22:60
၆ဝ။ ယင်းသို့အမှန်ဖြစ်၏၊ ထို့အပြင်အကြင်သူသည် မိမိနစ်နာဆုံးရှုံးရသလောက် လက်စားချေလို၏၊ ထို့နောက် သူသည် တဖန်မတရားညှင်းဆဲခြင်းကို ခံရအ့ံ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား စောင်မတော်မူအ့ံ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် နူးည့ံသိမ်မွေ့တော်မူ၏၊ အပြစ်လွှတ်တော်မူ၏။
Verse 61 — Surah Al-Hajj 22:61
၆၁။ ယင်းကဲ့သို့စောင်မတော်မူခြင်းကား အလ္လာဟ်အရှင်မြတ်သည် ညဉ့်အချိန်ကာလကို နေ့အတွင်းသို့၊ နေ့အချိန် ကာလကို ညဉ့်အတွင်းသို့ သွတ်သွင်းတော်မူသောကြောင့်တည်း၊ အလ္လာဟ်အရှင်မြတ်သည် ကြားတော်မူသော အရှင်၊ မြင်တော်မူသောအရှင်ဖြစ်တော်မူသောကြောင့်တည်း။
Verse 62 — Surah Al-Hajj 22:62
၆၂။ ထို့အပြင်အလ္လာဟ်အရှင်မြတ်သည် အစစ်အမှန်ဖြစ်တော်မူသောကြောင့်တည်း၊ အရှင်မြတ်မှတပါး မိစ္ဆာမိုက်တို့ ကိုးကွယ်သောဘုရားများသည် အစစ်အမှန်မဟုတ်သောကြောင့်တည်း၊ အလ္လာဟ်အရှင်မြတ်သည် အတိုင်းထက် အလွန်ကြီးကျယ်မြင့်မြတ်တော်မူသောအရှင်ဖြစ်သောကြောင့်တည်း။
Verse 63 — Surah Al-Hajj 22:63
၆၃။ အလ္လာဟ်အရှင်မြတ်သည် အထက်မိုးကောင်းကင်မှ ကမ္ဘာကြီးပေါ်သို့ မိုးကို ရွာသွန်းစေတော်မူခြင်း၊ ထိုမိုးရွာသွန်း ပြီးနောက် နံနက်မိုးသောက်တွင် ပထဝီမြေကြီးသည် စိမ်းလန်းစွတ်စိုလာခြင်းတို့ကို သင်မမြင်သလော၊ မှတ်သား ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် နက်နဲသိမ်မွေ့တော်မူ၏၊ သိမြင်တော်မူ၏။
Verse 64 — Surah Al-Hajj 22:64
၆၄။ အလ္လာဟ်အရှင်မြတ်သည် အထက်မိုးကောင်းကင်နှင့် အောက်ကမ္ဘာမြေကြီးပေါ်ဝယ် ရှိရှိသမျှတို့ကို သိမ်းရုံးစိုးပိုင် တော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံတော်မူ၏၊ အ့ံချီးမဆုံး ဖြစ်တော်မူ၏။
Verse 65 — Surah Al-Hajj 22:65
၆၅။ အလ္လာဟ်အရှင်မြတ်သည် မဟာပထဝီမြေပြင်ပေါ်ဝယ် ရှိရှိသမျှတို့ကို သင်တို့အား ကျိုးနွံစေတော်မူသည်ကို သင်တို့မမြင်ကြသလော၊ လှေသင်္ဘောစသည်တို့သည် အရှင်မြတ်၏အမိန့်တော်အားဖြင့် ပင်လယ်သမုဒ္ဒရာ ရေလမ်းဖြတ်သန်းသွားကြရကုန်၏၊ အရှင်မြတ်သည် မိမိ၏အမိန့်တော်မရှိပဲလျက် မိုးကောင်းကင်ကို မြေပေါ်သို့ အလိုအလျောက်ပြိုပျက်၍ မကျရအောင် ထိန်းစောင့်တော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အဖို့အရာ မဟာဂရုဏာတော်အရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်အရှင်သခင်ဖြစ်တော်မူ၏။
Verse 66 — Surah Al-Hajj 22:66
၆၆။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို အသက်ရှင်စေတော်မူသောအရှင်၊ ထို့နောက်သေစေတော်မူမည့်အရှင်၊ တဖန်ရှင်ပြန်ထမြောက်စေတော်မူမည့်အရှင်ဖြစ်တော်မူ၏၊ မှတ်သားကြလော့၊ လူသားသည် ကျေးဇူးကန်းသူ အမှန်ဖြစ်၏။
Verse 67 — Surah Al-Hajj 22:67
၆၇။ ငါအရှင်မြတ်သည် လူမျိုးတိုင်းကို ၎င်းတို့လိုက်နာဆောင်ရွက်ဖို့ရာ ကျင့်စဉ်များချပေးသနားတော်မူခဲ့ပြီ၊ ဤသူ တို့အား သာသနာတော်ရေးနှင့်စပ်လျဉ်း၍ သင့်အား မငြင်းခုံကြစေလင့်၊ သို့သော်သူတို့အား သင်၏ အသက် သခင်ကျေးဇူးရှင်ဘက်တော်သို့ ဖိတ်မန္တကပြုလော့၊ မှတ်သားလော့၊ သင်သည် မှန်သောညွှန်ပြချက်ကို လိုက်နာ သူအမှန်ဖြစ်၏။
Verse 68 — Surah Al-Hajj 22:68
၆၈။ အကယ်၍ဤသူတို့သည် သင့်အား ငြင်းခုံကြအ့ံ၊ သူတို့အား သင်တို့ပြုကျင့်သမျှကို အလ္လာဟ်အရှင်မြတ်သည် အသိဆုံးဖြစ်တော်မူ၏ဟု သင်ဟောကြားလော့။
Verse 69 — Surah Al-Hajj 22:69
၆၉။ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သင်တို့အလယ်တွင် သင်တို့ငြင်းခုံကွဲလွဲမှုများကို အလ္လာဟ်အရှင်မြတ် စစ်ကြောစီရင်တော်မူလိမ့်မည်။
Verse 70 — Surah Al-Hajj 22:70
၇ဝ။ အလ္လာဟ်အရှင်မြတ်သည် အထက်မိုးကောင်းကင်၊ အောက်ကမ္ဘာကြီးပေါ်ဝယ်ရှိရှိသမျှကို သိတော်မူကြောင်း၊ သင်သိပြီမဟုတ်လော၊ မှတ်သားကြလော့၊ ၎င်းသည် မှတ်ပုံစာအုပ်ကြီး၌ အမှန်ရှိ၏၊ ထိုအရာသည် အလ္လာဟ် အရှင်မြတ်အဖို့ အမှန်လွယ်ကူ၏။
Verse 71 — Surah Al-Hajj 22:71
၇၁။ ထို့အပြင်မိစ္ဆာမိုက်တို့သည် အရှင်မြတ်မှတပါး ဘုရားတုကို ကိုးကွယ်ဆည်းကပ်ကြသည်၊ ယင်းသို့ပြုလုပ်ရန် သူတို့မှာ အကိုးအကားတစ်စုံတစ်ရာမရှိချေ၊ ထို့အပြင်သူတို့သည် မိမိတို့၏ဘုရားပျက်အကြောင်းကို တစ်စုံတစ်ရာ မသိရှိကြချေ၊ အကြောင်းမူကားဒုစရိုက်မကောင်းမှုကို ကျူးလွန်သူများအဖို့အရာ ကူညီစောင်မသူလုံးဝမရှိချေ။
Verse 72 — Surah Al-Hajj 22:72
၇၂။ သင်သည် ငါအရှင်မြတ်၏ ကုရ်အာန်ကျမ်းတော်မှ ဂါထာတော်များကို မိစ္ဆာဒိဋ္ဌိတို့အား ရွတ်ဖတ်ပြသူအား ဟယ်--အချင်းတို့၊ ဤရွေ့ဤမျှမက ကြောက်မက်ဖွယ်သောအရာကို ငါဟောပြောကြေငြာရမည်လော၊ ငရဲ မီးကြီး၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူအား ထိုမီးကို ပေးသနားတော်မူရန် ဂတိဗျာဒိတ်ချမှတ်ထားတော် မူပြီ၊ ထိုမီးသည် အလွန်စက်ဆုပ်ရွံရှာဖွယ်သောခရီးဆုံးဖြစ်၏။
Verse 73 — Surah Al-Hajj 22:73
၇၃။ အို--လူသားအပေါင်းတို့၊ ဥပမာတစ်ခုဆောင်အ့ံ၊ ထိုဥပမာကို ကောင်းစွာနာခံကြလော့၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့ကိုးကွယ်သောဘုရားတို့သည် သူတို့အားလုံးပူးပေါင်းဆောင်ရွက်သော်လည်း ယင်ကောင်တစ်ကောက်ကိုမျှ မဖန်ဆင်းနိုင်ကြချေ၊ အကယ်၍ထိုယင်ကောင်သည် သူတို့ထံမှ တစ်စုံတစ်ခုကို ချီယူသွားလျှင် သူတို့သည် ထိုအရာကို ထိုယင်ကောင်ကလေးထံမှ ပြန်မယူနိုင်ကြချေ၊ ကိုးကွယ်သူနှင့် ကိုးကွယ်ခံရသူနှစ်ဦးစလုံးပင် အင်အားချိနဲ့သူများဖြစ်ကြ၏။
Verse 74 — Surah Al-Hajj 22:74
၇၄။ မှတ်သားကြလော့၊ ထိုမိစ္ဆာမိုက်တို့သည် အလ္လာဟ်အရှင်မြတ်အား ထောက်ချင့်ထိုက်သလောက်မထောက်ချင့် ကြချေ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အတိုင်းမသိခွန်အားကြီးတော်မူသောအရှင်၊ အနန္တဘုန်း တန်ခိုးတော်အရှင်ဖြစ်တော်မူ၏။
Verse 75 — Surah Al-Hajj 22:75
၇၅။ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်တော်နှင့် လူသားတို့အထဲမှ မိမိ၏ တမန်တော်များကို ရွေးကောက် တော်မူ၏၊ မှတ်သားကြလော့၊ အရှင်မြတ်သည် ကြားတော်မူသောအရှင်၊ မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 76 — Surah Al-Hajj 22:76
၇၆။ အရှင်မြတ်သည် လူသားတို့၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးပါးကို သိတော်မူ၏၊ အလ္လာဟ်အရှင်မြတ် အထံတော်သို့ ခပ်သိမ်းကုန်သောအရာတို့ကို ပြန်ပို့မည်သာတည်း။
Verse 77 — Surah Al-Hajj 22:77
၇၇။ အို--ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မိမိတို့၏အသက်သခင်ကျေးဇူးရှင်အာ ဦးညွတ်ချပျဝပ်ရှိခိုးကြလော့၊ သုစရိုက်ကောင်းမှုကို ပွားများကြလော့၊ သို့မှသာလျှင်သင်တို့သည် ကြီးပွားကောင်းကြီးပွားကြလိမ့်မည်။
Verse 78 — Surah Al-Hajj 22:78
၇၈။ ထို့အပြင်အလ္လာဟ်အရှင်မြတ်အတွက် အရှင်မြတ်နှင့်လျောက်ပတ်သောလုံ့လဝီရိယာဖြင့် အားထုတ်ဆောင်ရွက် ကြလော့၊ အရှင်မြတ်သည် သင်တို့အား ရွေးကောက်တော်မူပြီ၊ သင်တို့၏သာသနာရေးတွင် သင်တို့အပေါ်သို့ ခဲယဉ်းခြင်းကို တင်တော်မမူချေ၊ သင်တို့ဘိုးဘအေဗရာဟမ်၏ ဘာသာအယူဝါဒသည် သင်တို့၏အမည်နာမကို သင်တို့၏ အယူဝါဒဖြစ်၏၊ အရှင်မြတ်သည် ရှေးဦးမဆွကပင် သင်တို့၏ အမည်နာမကို မူစလင်(မ်)ဟု မှည့် ခေါ်တော်မူ၏။ ကုရ်အာန်ကျမ်းတော်မြတ်တွင်လည်း ထို့အတူသင်တို့ကို မူစလင်(မ်)ဟု ခေါ်ဝေါ်တော်မူ၏၊ သို့အမည်ပေးတော်မူခြင်းမှ တမန်တော်မိုဟမ္မဒ်သည် သင်တို့အပေါ်တွင် သက်သေခံစိမ့်သောငှာ သင်တို့လည်း လူသားတို့အပေါ်တွင် သက်သေခံစိမ့်သောငှာဖြစ်၏၊ ထို့ကြောင့်ဆွလားသ်ဝတ်ပြုကြလော့၊ ဇကားသ်အလှုကို လှုကြလော့၊ ထို့အပြင်အလ္လာဟ်အရှင်မြတ်အား အမြဲဆည်းကပ်ကြလော့၊ အရှင်မြတ်သည် သင်တို့၏ကာကွယ် စောင့်ရှောက်သောအဆွေခင်ပွန်းဖြစ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံတော်မူသောနာယက၊ ကောင်းကြီးမင်္ဂလာနှင့် ပြည့်စုံတော်မူသောကူညီရိုင်းပင်းသူဖြစ်တော်မူ၏။