Verse 1 — Surah Al-Muminun 23:1
၁။ ယုံကြည်သူတို့သည် မုချဧကန်အောင်မြင်ကြ၏။
Verse 2 — Surah Al-Muminun 23:2
၂။ ထိုသူတော်ကောင်းတို့သည် ဆွလားသ်ဝတ်၌ မိမိကိုယ်ကို နှိမ့်ချကြ၏။
Verse 3 — Surah Al-Muminun 23:3
၃။ သူတို့သည် အကျိုးမဲ့သောစကားကို ကြဉ်ရှောင်ကြ၏။
Verse 4 — Surah Al-Muminun 23:4
၄။ သူတို့သည် ဇကားသ်အလှုကို ပေးလှုသူများဖြစ်ကြ၏။
Verse 5 — Surah Al-Muminun 23:5
၅၊၆။ သူတို့သည် သူတို့၏အင်္ဂါဇာတ်များကို သူတို့လက်ထပ်မယား၊ အမြှောင်မယားတို့မှတပါး ကာကွယ်ထိန်းသိမ်း ကြ၏၊ ထို့ကြောင့်သူတို့သည် အပြစ်မသင့်ချေ။
Verse 6 — Surah Al-Muminun 23:6
၅၊၆။ သူတို့သည် သူတို့၏အင်္ဂါဇာတ်များကို သူတို့လက်ထပ်မယား၊ အမြှောင်မယားတို့မှတပါး ကာကွယ်ထိန်းသိမ်း ကြ၏၊ ထို့ကြောင့်သူတို့သည် အပြစ်မသင့်ချေ။
Verse 7 — Surah Al-Muminun 23:7
၇။ သို့သော်ထို့ထက်ပို၍ မက်မောသောသူတို့သည် တရားတော်ကို ကျူးလွန်သူများဖြစ်ကြ၏။
Verse 8 — Surah Al-Muminun 23:8
၈။ ထိုယုံကြည်သူတို့သည် သူတပါးအပ်နှံချက်များနှင့် မိမိတို့၏ ဂတိသစ္စာများကို စောင့်ရှောက်ထိန်းသိမ်းကြ၏။
Verse 9 — Surah Al-Muminun 23:9
၉။ သူတို့သည် ဆွလားသ်ဝတ်များကို စောင့်စည်းကြ၏။
Verse 10 — Surah Al-Muminun 23:10
၁ဝ။ ဤသူတို့သည် အမွေစားအမွေခံများဖြစ်ကြ၏။
Verse 11 — Surah Al-Muminun 23:11
၁၁။ သူတို့သည် နိဗ္ဗာန်ဘုံကို အမွေရမည်သာတည်း၊ သူတို့သည် နိဗ္ဗာန်၌ စံမြန်းကြရမည်။
Verse 12 — Surah Al-Muminun 23:12
၁၂။ မုချဧကန်ငါသည် လူသားကို မြေစိုမြေစေးမှ ဖန်ဆင်းတော်မူ၏။
Verse 13 — Surah Al-Muminun 23:13
၁၃။ ထို့နောက်ငါသည် သူ့အား မျိုးစေ့အရည်အဖြစ်ဖြင့် လုံခြံုသောနေရာတွင် သိမ်းဆည်းထားတော်မူ၏။
Verse 14 — Surah Al-Muminun 23:14
၁၄။ ထို့နောက်ထိုမျိုးစေ့မှ သွေးခဲ၊ သွေးခဲမှ သားတစ်၊ သားတစ်မှ အရိုးများ၊ထိုအရိုးများအပေါ်၌ အသားအရေ၊ ခြေလက်၊ မျက်စိ၊ နား၊ နှာစသောကိုယ်အင်္ဂါအစိတ်အပိုင်းများကို အစဉ်အတိုင်းစုံလင်စေတော်မူ၏၊ ထို့နောက် ဖန်ဆင်းသောအရာတစ်ခုဖြစ်အောင် ဖန်ဆင်းတော်မူ၏၊ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် ကောင်းကြီးမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံတော်မူ၏၊ ဖန်ဆင်းသူတို့အပေါင်းတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူ၏။
Verse 15 — Surah Al-Muminun 23:15
၁၅။ ထို့နောက်သင်တို့သည် မုချအမှန်သေကြရမည်။
Verse 16 — Surah Al-Muminun 23:16
၁၆။ မှတ်သားကြလော့၊ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သင်တို့ကို ပြထစေတော်မူမည်။
Verse 17 — Surah Al-Muminun 23:17
၁၇။ ၎င်းအပြင်ငါအရှင်မြတ်သည် သင်တို့အထက်မိုးခုနစ်ထပ်၊ လမ်းခုနစ်လမ်းကို အမှန်ပင်ဖန်ဆင်းထားတော်မူ၏၊ ငါသည် မိမိဖန်ဆင်းထားတော်မူသောအရာခပ်သိမ်းကုန်တို့ကို မည်သည့်အခါမျှမေ့လျော့ပစ်ထားတော်မူသည် မဟုတ်ချေ။
Verse 18 — Surah Al-Muminun 23:18
၁၈။ ၎င်းအပြင်ငါသည် မိုးကောင်းကင်မှ မိုးရေကို သင့်လျော်ရုံမျှရွာသွန်းချ၍ မြေထဲတွင် နေရာပေးထားတော်မူ၏၊ စင်စစ်အားဖြင့် ငါသည် ထိုမိုးရေကို ရုပ်သိမ်းနိုင်တော်မူ၏။
Verse 19 — Surah Al-Muminun 23:19
၁၉။ ထို့နောက်ငါသည် ထိုမိုးရေဖြင့် သင်တို့အဖို့ရာ စွန်ပလွံ၊ သပြက်ဥယျာဉ်များကို ဖန်ဆင်းတော်မူ၏၊ ထိုဥယျာဉ်များ ကို ဖန်ဆင်းတော်မူ၏၊ ထိုဥယျာဉ်များ၌ သင်တို့အဖို့အရာ သစ်သီးအများအပြားသီးကြ၏၊ ထိုအသီးများကို သင်တို့စားသုံးကြ၏။
Verse 20 — Surah Al-Muminun 23:20
၂ဝ။ ၎င်းအပြင်ငါသည် စီနာတောင်ပေါ်၌ ဆီပေးသောသစ်ပင်တစ်မျိုးကို ပေါက်ရောက်စေတော်မူ၏၊ ထိုဆီသည် စားသုံးသူတို့အတွက် အလွန်မြိန်ယှက်သောအရသာကို ဆောင်၏။
Verse 21 — Surah Al-Muminun 23:21
၂၁။ ၎င်းအပြင်မှတ်သားကြလော့၊ အခြေလေးချောင်းတိရိစ္ဆာန်များတွင် သင်တို့အတွက် သင်ခန်းစာတစ်ခုပါရှိ၏၊ ငါသည် သင်တို့သောက်ဖို့ရာ ၎င်းတို့၏ စမ်းအတွင်းမှ နို့ရည်ကို ပေးသနားတော်မူ၏၊ သင်တို့သည် ၎င်းတို့ကို အမျိုးမျိုးအဖုံဖုံအသုံးပြုကြ၏၊ ၎င်းတို့၏အသားကို သင်တို့စားသုံးကြ၏။
Verse 22 — Surah Al-Muminun 23:22
၂၂။ ထိုတိရိစ္ဆာန်များ၏ ကျောကုန်းပေါ်နှင့် လှေသင်္ဘောတို့၏ အပေါ်တွင် သင်တို့စီးနင်း၍ သွားလိုရာသွားလာကြရ၏။
Verse 23 — Surah Al-Muminun 23:23
၂၃။ ငါသည် တမန်တော်နူဟိုအား သူ၏အသင်းသားများထံသို့ စေလွှတ်တော်မူ၏၊ သူသည် မိမိအမျိုးသားတို့အား ဟောကြားသည်မှာ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ကြလော့၊ သင်တို့တွင် အရှင်မြတ် မှတပါး အခြားအရှင်သခင်မရှိချေ၊ သင်တို့သည် ဒုစရိုက်မကောင်းမှုကို ရှောင်ကြဉ်ကြမည်မဟုတ်လော။
Verse 24 — Surah Al-Muminun 23:24
၂၄။ သို့သော်သူ၏ အမျိုးသားတို့မှ အကြီးအကဲတို့သည် မိစ္ဆာဒိဌိဖြစ်ကြပြီးလျှင် ဤသို့ဆိုကြကုန်၏၊ သူသည် သင်တို့ကဲ့သို့ သေမျိုးသာဖြစ်၏၊ သူသည် သူ့ကိုယ်ကို သင်တို့ထက်သာလွန်မြင့်မြတ်သူဖြစ်လို၏၊ အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါလျှင် အရှင်မြတ်သည် ကောင်းကင်တမန်တော်များကို မုချဧကန်စေလွှတ်နိုင် တော်မူသည်၊ ငါတို့သည် မိမိတို့မိဘဘိုးဘွားလက်ထက်၌ ဤအရာကို မကြားဖူးချေ။
Verse 25 — Surah Al-Muminun 23:25
၂၅။ သူသည် မိမိ၌ ရူးသွပ်ခြင်းရှိသောသူသာဖြစ်၏၊ ထို့ကြောင့်သူ့ကို အချိန်ကာလအတော်ကြာအောင် စောင့်ကြည့် ကြလော့။
Verse 26 — Surah Al-Muminun 23:26
၂၆။ ထိုအခါတမန်တော်နူဟိုသည် အို-အကျွနု်ပ်၏ အသက်သခင်ကျေးဇူးရှင်၊ ဤလူများသည် အကျွနု်ပ်ကို ငြင်းပယ် ကြပါသည်၊ အကျွနု်ပ်ကို မှိုင်းမတော်မူပါဟု အလ္လာဟ်အရှင်မြတ်အား တင်လျှောက်၏။
Verse 27 — Surah Al-Muminun 23:27
၂၇။ ထိုအခါငါသည် သူ၏စိတ်နှလုံးတွင် ဤဗျာဒိတ်တော်ကို ထင်ရှားစေတော်မူ၏၊ သင်သည် ငါ၏ရှေ့တော်ဝယ် ငါ၏ဗျာဒိတ်တော်အတိုင်း သင်္ဘောကြီးတည်လုပ်လော့၊ ထို့နောက်ငါ၏အမိန့်တော်ကျရောက်လာ၍ ပေါင်းဖိုမှ ရေပန်းထွက်လာသောအခါ ထိုသင်္ဘောပေါ်သို့ တိရိစ္ဆာန်အမျိုးမျိုးကို ဖိုမတစ်စုံစီတင်လော့၊ သင်၏ အိမ်သူ အိမ်သားတို့ကိုလည်း မတင်ယူလင့်၊ သို့သော်ငါအပြစ်ဒဏ်ခတ်ရန် ချမှတ်တော်မူပြီးသောသူတို့ကို မတင်ယူလင့်၊ ထို့အပြင်ဒုစရိုက်ပြစ်မှုကျူးလွန်သူများအတွက် ငါ့အထံတော်၌ သင်မလျှောက်လဲမတောင်းပန်လင့်၊ မှတ်သား လော့၊ ထိုသူတို့သည် ရေတွင်နစ်မြုပ်၍ သေရမည်ဖြစ်၏။
Verse 28 — Surah Al-Muminun 23:28
၂၈။ သင်သည် သင်္ဘောပေါ်သို့ တက်ရောက်မိသောအခါ သင်နှင့်တကွသင့်အဆွေအမျိုးတို့သည် ဒုစရိုက်မကောင်းမှု များကို ကျူးလွန်သောသူတို့မှ အကျွနု်ပ်တို့ကို ကယ်နှုတ်တော်မူထသောအရှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာ ဖြစ်တော်မူ၏ဟု ရင်းကျူးကြလော့။
Verse 29 — Surah Al-Muminun 23:29
၂၉။ အို-အကျွနု်ပ်၏ အသက်သခင်ကျေးဇူးရှင်၊ အကျွနု်ပ်ကို မင်္ဂလာရှိသောမြေမြတ်ပေါ်တွင် ဆိုက်ရောက်စေတော် မူပါ၊ အရှင်သည် မြေသို့ချပေးသောသူတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူပါ၏ဟု ဆုတောင်းလော့။
Verse 30 — Surah Al-Muminun 23:30
၃ဝ။ မှတ်သားကြလော့၊ ဤအဖြစ်အပျက်တွင် အလွန်နက်နဲသောသာဓကတော်များအမှန်ပါရှိ၏၊ အကြောင်းမူကား ငါသည် မုချဧကန်လူသားတို့ကို အစဉ်မပြတ်စုံစမ်းတော်မူ၏။
Verse 31 — Surah Al-Muminun 23:31
၃၁။ ထိုသူတို့နောက် ငါသည် အခြားလူမျိုးတစ်ဆက်ကို ဖန်ဆင်းတော်မူ၏။
Verse 32 — Surah Al-Muminun 23:32
၃၂။ ထို့အပြင်ထိုသူတို့ထံသို့ မိမိတို့အထဲမှ တမန်တော်တစ်ပါးကို စေလွှတ်တော်မူ၏၊ သူဟောကြားသည်မှာ အလ္လာဟ် အရှင်မြတ်အား ခဝပ်ကိုးကွယ်ကြလော့၊ သင်တို့သည် အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ သင်တို့သည် ဒုစရိုက်အပြစ်များကို ကာဆီးကြမည်မဟုတ်လော။
Verse 33 — Surah Al-Muminun 23:33
၃၃။ သူ၏ လူများအနက် အကြီးအမှုးတို့သည် မယုံကြည်၊ နောင်တမလွန်ဘဝ၏ အစည်းအဝေးပွဲကိုလည်း ငြင်းဆန် ကြ၏၊ ထိုလူများအား ငါသည် လောကီစည်းစိမ်ကို ပေးသနားတော်မူ၏၊ သူတို့က ဤသူသည် သင်တို့ကဲ့သို့ သေမျိုးသာဖြစ်၏၊ သူသည် သင်တို့စားသောက်သောအစာကို စား၏၊ သင်တို့သောက်သောသောက်စရာကို သောက်၏။
Verse 34 — Surah Al-Muminun 23:34
၃၄။ အကယ်၍သင်တို့သည် မိမိတို့ကဲ့သို့သောသေမျိုး၏စကားကို နားထောင်လျှင် သင်တို့သည် အမှန်ဆုံးရှုံးသူများ ဖြစ်ကြမည်သာတည်း။
Verse 35 — Surah Al-Muminun 23:35
၃၅။ ထိုသူက သင်တို့အား သင်တို့သည် ကွယ်လွန်သေဆုံး၍ ဖုံမှုန့်နှင့်အရိုးအတိဖြစ်ပြီးမှ တဖန်ထွက်ပေါ်လာရမည်ဟု ကတိပေးသလော။
Verse 36 — Surah Al-Muminun 23:36
၃၆။ စင်စစ်အားဖြင့်သူ၏ ကတိစကားအတိုင်း မုချမဖြစ်လာနိုင်ချေ၊ ဝေးလေစွ၊ အလွန်ဝေးလေစွ။
Verse 37 — Surah Al-Muminun 23:37
၃၇။ ဤပစ္စုပ္ပန်မျက်မှောက်ဘဝမှတပါး အခြားဘဝမရှိချေ၊ အကျွနု်ပ်တို့သည် သေကြေရှင်ကြ၏၊ သေပြီးနောက် ပြန်ထရမည်မဟုတ်ချေ။
Verse 38 — Surah Al-Muminun 23:38
၃၈။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ အကြောင်းတော်ကို မုသားဖန်တီးသူသာဖြစ်၏၊ အကျွနု်ပ်တို့သည် သူ့အား ယုံကြည်ကြမည်မဟုတ်ချေ။
Verse 39 — Surah Al-Muminun 23:39
၃၉။ ထိုအခါထိုတမန်တော်က အို--အကျွနု်ပ်၏အရှင်သခင်၊ သူတို့သည် အကျွနု်ပ်ကို ငြင်းဆန်ကြပါ၏၊ အကျွနု်ပ်ကို မှိုင်းမတော်မူပါဟု တင်လျှောက်လေ၏။
Verse 40 — Surah Al-Muminun 23:40
၄ဝ။ ထိုအခါအလ္လာဟ်အရှင်မြတ်က ကာလမကြာမြင့်မီ သူတို့သည် မုချဧကန်နောင်တသတိရကြလိမ့်မည်ဟု ဗျာဒိတ် တော်ပေးတော်မူ၏။
Verse 41 — Surah Al-Muminun 23:41
၄၁။ ထို့ကြောင့်အလွန်ကြောက်မက်ဖွယ်ကောင်းသောအသံကြီးသည် သူတို့အား တရားသဖြင့်ဖမ်းဆီး၏၊ ထို့အပြင် ငါသည် သူတို့ကို အစိတ်စိတ်အမွှာမွှာပျက်စီးယိုယွင်းစေတော်မူ၏၊ ဒုစရိုက်ပြစ်မှုကျူးလွန်သူများအတွက် ကောင်းစွာသုတ်သင်ဖယ်ရှားခြင်းဖြစ်၏။
Verse 42 — Surah Al-Muminun 23:42
၄၂။ သူတို့နောက်တွင် ငါသည် အခြားလူမျိုးအဆက်ဆက်ကို ဖန်ဆင်းတော်မူ၏။
Verse 43 — Surah Al-Muminun 23:43
၄၃။ မည်သည့်လူမျိုးမှ မိမိတို့အတွက် သတ်မှတ်ထားသောအချိန်ကို ပို၍မနေနိုင်ချေ၊ မရွှေ့ဆိုင်းနိုင်ချေ။
Verse 44 — Surah Al-Muminun 23:44
၄၄။ ထို့နောက်ငါသည် ငါ၏တမန်တော်များကို တစ်ယောက်ပြီးတစ်ယောက်စေလွှတ်တော်မူ၏၊ လူမျိုးတစ်စုထံသို့ သူတို့၏ တမန်တော်ပွင့်လာသောအခါ သူတို့သည် ထိုတမန်တော်ကို မယုံကြည်ငြင်းပယ်ကြ၏၊ ထို့ကြောင့် ငါသည် ထိုလူမျိုးတို့အား တစ်မျိုးပြီးတစ်မျိုးပျက်စီးစေတော်မူ၏၊ သူတို့ကို ဥဒါဟရုဏ်များဖြစ်စေတော်မူ၏၊ မယုံကြည်သူအား မရှုမလှဖျက်ဆီးပယ်ရှားတော်မူ၏။
Verse 45 — Surah Al-Muminun 23:45
၄၅။ ထို့နောက်ငါသည် တမန်တော်မူစာနှင့် သူ၏အစ်ကိုတမန်တော်ဟာရွန်တို့ကို ငါ၏သာဓကတော်များ၊ ထင်ရှား သောဗျာဒိတ်တော်များနှင့်တကွ စေလွှတ်တော်မူ၏။
Verse 46 — Surah Al-Muminun 23:46
၄၆။ ထိုတမန်တော်နှစ်းပါးကို ဖွာရောမင်းနှင့် သူ၏မှုးမတ်အရာရှိတို့ထံ စေလွှတ်တော်မူ၏၊ သို့သော်သူတို့သည် တမန်တော်တို့သည် မထီမဲ့မြင်ပြုကြ၏၊ သူတို့သည် နိုင်ထက်စီးနင်းပြုသောအာဏာရှင်များဖြစ်ကြ၏။
Verse 47 — Surah Al-Muminun 23:47
၄၇။ ထို့အပြင်သူတို့က အကျွနု်ပ်တို့သည် မိမိတို့ကဲ့သို့သောသေမျိုးနှစ်ဦးကို ယုံကြည်ရမည်လော၊ သူတို့၏ အမျိုးသား တို့သည် ငါတို့၏ကျေးကျွန်သာဖြစ်ကြ၏ဟု ဆိုကြ၏။
Verse 48 — Surah Al-Muminun 23:48
၄၈။ ယင်းကဲ့သို့ပြောဆိုပြီးလျှင် သူတို့သည် တမန်တော်နှစ်ပါးအား မယုံကြည်ငြင်းဆန်ကြ၏၊ ပျက်စီးယိုယွင်းသော သူတို့ဘောင်တွင် အပါအဝင်ဖြစ်သွားကြ၏။
Verse 49 — Surah Al-Muminun 23:49
၄၉။ ထို့အပြင်ထိုသူအပေါင်းတို့သည် လမ်းမှန်ကို လိုက်စိမ့်သောငှာ ငါသည် တမန်တော်မူစာအား ကျမ်းတော်ကို မုချဧကန်ထုတ်ပြန်ချပေးသနားတော်မူ၏။
Verse 50 — Surah Al-Muminun 23:50
၅ဝ။ ထို့အပြင်ငါသည် မာရီယမ်၏သားနှင့် အမိမာရီယမ်တို့ကို သာဓကတော်ကြီးတစ်ပါးဖြစ်စေတော်မူ၏၊ ထို့အပြင် ငါသည် ထိုသားအမိနှစ်ယောက်တို့အား စုဝေးအမောဖြေသောရေစမ်းများရှိသည့်ကုန်းမြင့်ပေါ်တွင် မွေ့လျော် စံပျော်စေတော်မူ၏။
Verse 51 — Surah Al-Muminun 23:51
၅၁။ အို--တမန်တော်အပေါင်းတို့၊ သင်တို့သည် ကောင်းသောအစာအာဟာရကို စားသုံးမှီဝဲ၍ မှန်ကန်မှုကို ပြုကျင့် ကြလော့၊ မှတ်သားကြလော့၊ ငါသည် သင်တို့ပြုကျင့်သမျှတို့ကို သိတော်မူ၏။
Verse 52 — Surah Al-Muminun 23:52
၅၂။ မှတ်သားကြလော့၊ သင်တို့အသီးသီးကိုးကွယ်သောဘာသာတရားသည် တပါးတည်းသာရှိ၏၊ ငါသည် သင်တို့၏ အရှင်သခင်ဖြစ်တော်မူ၏၊ သင်တို့သည် ငါ့အား ဝတ္တရားကျေပြွန်ကြလော့။
Verse 53 — Surah Al-Muminun 23:53
၅၃။ သို့သော်လူသားတို့သည် သူတို့ဘာသာအယူဝါဒကြီးကို အကွဲကွဲအပြားပြားပြုလုပ်ကြပြီး ဂိုဏ်းကွဲကြ၏၊ ဂိုဏ်း တစ်ဂိုဏ်းစီသည် ၎င်း၏အယူဝါဒ၌ ပျော်ရွှင်ကြ၏။
Verse 54 — Surah Al-Muminun 23:54
၅၄။ ထို့ကြောင့်သူတို့ကို ခေတ္တခဏသူတို့၏ မှားယွင်းမှုတွင် ထားလော့။
Verse 55 — Surah Al-Muminun 23:55
၅၅၊၅၆။ ငါအရှင်မြတ်သည် သူတို့အား ပေးသနားတော်မူသောဥစ္စာပစ္စည်း၊သားသမီးအခြွေအရံများဖြင့် ငါသည် သူတို့ အကျိုးကို အဆောတလျင်ဆောင်ရွက်တော်မူသည်ဟု သူတို့ထင်ကြသလော၊ ယင်းသို့မဟုတ်ချေ၊ သို့သော် သူတို့သည် မမြင်ကြချေ။
Verse 56 — Surah Al-Muminun 23:56
၅၅၊၅၆။ ငါအရှင်မြတ်သည် သူတို့အား ပေးသနားတော်မူသောဥစ္စာပစ္စည်း၊သားသမီးအခြွေအရံများဖြင့် ငါသည် သူတို့ အကျိုးကို အဆောတလျင်ဆောင်ရွက်တော်မူသည်ဟု သူတို့ထင်ကြသလော၊ ယင်းသို့မဟုတ်ချေ၊ သို့သော် သူတို့သည် မမြင်ကြချေ။
Verse 57 — Surah Al-Muminun 23:57
၅၇။ မှတ်သားကြလော့၊ မိမိတို့၏ အရှင်သခင်အား အမြဲတစေကြောက်ရွံ့ရိုသေသူများ။
Verse 58 — Surah Al-Muminun 23:58
၅၈။ ထို့အပြင်မိမိတို့၏ အရှင်သခင်ထုတ်ပြန်ချပေးသနားတော်မူသောနှုတ်ကပတ်တော်များကို ယုံကြည်သူများ။
Verse 59 — Surah Al-Muminun 23:59
၅၉။ ထို့အပြင်မိမိတို့၏ အရှင်သခင်အား ဖက်စပ်သူများ၊ မပေးသူများ။
Verse 60 — Surah Al-Muminun 23:60
၆ဝ။ ထို့အပြင်မိမိတို့၏အရှင်သခင်ထံသို့ ပြန်ရမည်ဖြစ်သောကြောင့် အရှင်မြတ်အား ကြောက်ရွံ့ခြင်းဖြင့် လှုဒါန်းစွန့်ကြဲ သူများ။
Verse 61 — Surah Al-Muminun 23:61
၆၁။ ဤလူများသည် ကုသိုလ်ကောင်းမှုကို အဆောတလျင်ပြုလုပ်ကြ၏၊ ထို့ကြောင့်ကုသိုလ်ကောင်းမှု၏အကျိုးဆက် ကို ခံစားကြရလတ့ံ။
Verse 62 — Surah Al-Muminun 23:62
၆၂။ ငါသည် မည်သည့်ဝိညာဉ်တော်အား မိမိ၏အင်အားနှင့်မမျှသောတာဝန်ကို ပေးတော်မမူချေ၊ ငါ့အထံတော်၌ မှန်ကန်သောမှတ်ပုံတင်စာအုပ်တော်ကြီးရှိ၏။ လူသားတို့သည် မတရားနှိပ်စက်ခြင်းခံကြရမည်မဟုတ်ချေ။
Verse 63 — Surah Al-Muminun 23:63
၆၃။ သို့သော်မိစ္ဆာမိုက်တို့၏ စိတ်နှလုံးများသည် ကုရ်အာန်ကျမ်းတော်မြတ်ကို မသိကြချေ၊ ထို့အပြင်သူတို့ပြုကျင့် နေသည်မှတပါး အခြားအမှုအခင်းများ သူတို့မှာ ရှိကြ၏။
Verse 64 — Surah Al-Muminun 23:64
၆၄။ ငါသည် ယင်းသူမိုက်အထဲမှ ကုံလုံကြွယ်ဝသောသူတို့ကို အပြစ်ဒဏ်တော်နှင့် ဖမ်းဆီးသောအခါတိုင်အောင် ထိုသူတို့သည် ယင်းသို့ပြုကျင့်၏၊ ကြည့်ကြလော့၊ အပြစ်ဒဏ်တော်ကျရောက်လာမှသာလျှင် သူတို့သည် အသနားခံကြ၏။
Verse 65 — Surah Al-Muminun 23:65
၆၅။ ဤနေ့၌ အသနားမခံကြလင့်၊ အကယ်စင်စစ်ငါသည် နင်တို့ကို မှိုင်းမတော်မူမည်မဟုတ်ချေ။
Verse 66 — Surah Al-Muminun 23:66
၆၆။ ငါ၏နှုတ်ကပတ်တော်များကို နင်တို့အား ဖတ်ရွတ်ပြလေပြီ၊ သို့သော်နင်တို့သည် မနာယူထွက်ပြေးကြ၏။
Verse 67 — Surah Al-Muminun 23:67
၆၇။ နင်တို့သည် ငါ၏ကုရ်အာန်ကျမ်းတော်ကို မထီလေးစားမထီမဲ့မြင်ပြုကြ၏၊ ည၌ နင်တို့သည် အရူးစကားပြောဆို ကြ၏။
Verse 68 — Surah Al-Muminun 23:68
၆၈။ သူတို့သည် ဗျာဒိတ်တော်ကို စဉ်းစားဆင်ခြင်ကြည့်ကြပြီမဟုတ်လော၊ သူတို့၏မိဘဘိုးဘွားများထံသို့ မရောက် သောပညတ်တရားတော်သည် သူတို့ထံသို့ ရောက်သလော။
Verse 69 — Surah Al-Muminun 23:69
၆၉။ သို့မဟုတ်သူတို့သည် မိမိတို့၏တမန်တော်ကို မသိကြသလော၊ ထို့ကြောင့်သူ့ကို ငြင်းဆန်ကြသလော။
Verse 70 — Surah Al-Muminun 23:70
၇ဝ။ သို့မဟုတ်သူတို့က သူသည် ရူးသွပ်သည်ဟု ဆိုကြသလော၊ တမန်တော်သည် မရူးချေ၊ သို့သော်သူသည် သူတို့ထံသို့ သစ္စာတရားတော်ကို ယူဆောင်လာ၏၊ များပြားသောသူတို့သည် တရားမှန်ကို မုန်းတီးသူများ ဖြစ်ကြ၏။
Verse 71 — Surah Al-Muminun 23:71
၇၁။ ထို့အပြင်အကယ်၍သစ္စာတရားတော်သည် ထိုသူတို့၏အလိုဆန္ဒများကို လိုက်ခဲ့လျှင် မိုးကောင်းကင်၊ ကမ္ဘာ မြေပြင်နှင့် မိုးမြေဝယ်ရှိရှိသမျှတို့သည် မုချဧကန်ပျက်စီးသွားလေမည်သာတည်း၊ ယင်းသို့မဖြစ်နိုင်ချေ၊ ငါသည် သူတို့ထံသို့ သတိပေးကျမ်းတော်ကို ယူတော်ခဲ့ပြီ၊ သို့သော်သူတို့သည် မိမိတို့၏တရားတော်ကို ယခုလှည့်သွား ကြ၏။
Verse 72 — Surah Al-Muminun 23:72
၇၂။ သို့မဟုတ်သင်မိုဟမ္မဒ်၊ သင်သည် သူတို့ထံမှ တရားဟောခတောင်းဆိုသလော၊ သို့သော်သင်၏ အသက်သခင် ကျေးဇူးရှင်ထံမှ သာလွန်မွန်မြတ်၏၊ အကြောင်းမူကားအလ္လာဟ်အရှင်မြတ်သည် ပေးကမ်းစွန့်ကြဲသူအပေါင်းတို့ တွင် အထွဋ်အခေါင်ဖြစ်တော်မူ၏။
Verse 73 — Surah Al-Muminun 23:73
၇၃။ ထို့အပြင်မှတ်သားလော့၊ သင်သည် သူတို့အား လမ်းမှန်သို့ အမှန်ပင်ခေါ်ငင်၏။
Verse 74 — Surah Al-Muminun 23:74
၇၄။ တဖန်မှတ်သားလော့၊ နောင်တမလွန်ဘဝကို မယုံကြသည်သူတို့သည် လမ်းမှန်မှ မုချသွေဖယ်သွားကြ၏။
Verse 75 — Surah Al-Muminun 23:75
၇၅။ ငါသည် သူယုတ်တို့အား မဟာဂရုဏာပြတော်မူ၏၊ သူတို့အား ဖိစီးနှိပ်စက်နေသောဘေးအန္တရာယ်မှ ကယ်နှုတ် တော်မူ၏၊ သို့ငြားသော်လည်းသူတို့သည် ထောင်ထားခြားနားလျက်ပင်ရှိကြသေး၏။
Verse 76 — Surah Al-Muminun 23:76
၇၆။ ငါသည် ထိုသူမိုက်တို့အား အပြစ်ဒဏ်နှင့်ဖမ်းဆီးတော်မူပြီ၊ သို့သော်သူတို့သည် မိမိ၏အရှင်သခင်ထံ မိမိကိုယ်ကို နှိမ့်ချကြသည်မဟုတ်၊ ဆွလားသ်ဝတ်ပြုကြသည်လည်းမဟုတ်ချေ။
Verse 77 — Surah Al-Muminun 23:77
၇၇။ သူတို့သည် ငါအရှင်မြတ် ငရဲတံခါးကြီးကို ဖွင့်သည့်တိုင်အောင်၊ ယင်းကဲ့သို့ပြုကျင့်သွားကြ၏၊ ထိုအခါသူတို့သည် ငရဲကို ကြောက်ရွံ့ထိတ်လန့်နေသည်ကို ကြည့်ကြလော့။
Verse 78 — Surah Al-Muminun 23:78
၇၈။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အဖို့ နားများ၊ မျက်စိများ၊ နှလုံးများကို ဖန်ဆင်းတော်မူ၏၊ သင်တို့သည် ကျေးဇူးအနည်းငယ်သာ တင်ကြ၏။
Verse 79 — Surah Al-Muminun 23:79
၇၉။ အရှင်မြတ်သည် သင်တို့အား မဟာပထဝီမြေပေါ်တွင် အနှံ့အပြားနေရာချပေးသနားတော်မူထသောအရှင်ဖြစ် တော်မူ၏၊ အရှင်မြတ်အထံတော်သို့ သင်တို့အားလုံးကို စုရုံးယူဆောင်တော်မူမည်သာတည်း။
Verse 80 — Surah Al-Muminun 23:80
၈ဝ။ အရှင်မြတ်သည် အသက်ပေးတော်မူထသော၊ သေစေတော်မူထသောအရှင်ဖြစ်တော်မူ၏၊ ညဉ့်နှင့်နေ့ကိုလည်း အလှည့်ကျလဲလှယ်စေတော်မူထသောအရှင်ဖြစ်တော်မူ၏၊ သို့ပါလျက်သင်တို့၌ အသိဉာာဏ်မရှိသလော။
Verse 81 — Surah Al-Muminun 23:81
၈၁။ သူတို့၌ ဉာာဏ်မရှိချေ၊ သူတို့သည် ရှေးလူဟောင်းများပြောဆိုသကဲ့သို့ ပြောဆိုကြ၏။
Verse 82 — Surah Al-Muminun 23:82
၈၂။ သူတို့က အကျွန်ုပ်တို့သည် သေကြေပျက်စီး၍ ဖုံမှုန့်နှင့်အရိုးအတိဖြစ်ပျက်ပြီးသည်နောက် အမှန်ပင်ပြန်ထစေ တော်မူမည်လောဟု ဆိုကြကုန်၏။
Verse 83 — Surah Al-Muminun 23:83
၈၃။ အကျွနု်ပ်တို့အား ဤရှင်ပြန်ထရမည့်ကတိစကားကို ပေးလေ၏၊ အကျွနု်ပ်တို့မိဘဘိုးဘွားကိုလည်း ဤနည်း အတိုင်းပင် ကတိပေးလေ၏၊ မှတ်သားကြလော့၊ ဤကတိစကားသည် ရှေးလူဟောင်းတို့ဖန်တီးသောဒဏ္ဍာရီ စကားမှတပါး အခြားဘာမျှမဟုတ်ဟု ဆိုကြကုန်၏။
Verse 84 — Surah Al-Muminun 23:84
၈၄။ သင်ဟောကြားလော့၊ သင်တို့သိလျှင် မဟာပထဝီမြေနှင့်တကွ မြေပေါ်ရှိသတ္တဝါအပေါင်းတို့ကို အဘယ်သူ စိုးပိုင်သနည်း။
Verse 85 — Surah Al-Muminun 23:85
၈၅။ သူတို့က အလ္လာဟ်အရှင်မြတ်ဟု ဖြေလိမ့်မည်၊ ထို့ကြောင့်သင်တို့သည် တရားတော်ကို သတိရကြမည်မဟုတ် လားဟု ပြောလော့။
Verse 86 — Surah Al-Muminun 23:86
၈၆။ တဖန်ပြောလော့၊ အထက်ကောင်းကင်ခုနစ်ထပ်နှင့် ကြီးကျယ်မြင့်မြတ်သောရာဇပလ္လင်တော်ကြီးတို့၏ အရှင် သခင်သည် အဘယ်သူဖြစ်သနည်း။
Verse 87 — Surah Al-Muminun 23:87
၈၇။ သူတို့က အလ္လာဟ်အရှင်မြတ်ဟု ဖြေမည်၊ ထိုအခါပြောလော့၊ ထို့ကြောင့်သင်တို့သည် အရှင်မြတ်၏တာဝန် ဝတ္တရားတော်ကို ထိန်းသိမ်းကြမည်မဟုတ်လော။
Verse 88 — Surah Al-Muminun 23:88
၈၈။ တဖန်ဟောကြားလော့၊ ခပ်သိမ်းကုန်သောသက်ရှိသက်မဲ့အပေါင်းတို့ကို စိုးပိုင်သောတန်ခိုးတော်ဂုဏ်တော်သည် မည်သူ့လက်တော်ဝယ်ရှိသနည်း၊ အလ္လာဟ်အရှင်မြတ်သည် ကာကွယ်စောင့်ရှောက်တော်မူ၏၊ သို့သော်အရှင် မြတ်မှ ကာကွယ်ခြင်းမရှိချေ၊ သင်တို့တွင် အသိဉာာဏ်ရှိလျှင် ကောင်းလေစွ။
Verse 89 — Surah Al-Muminun 23:89
၈၉။ သူတို့က ခပ်သိမ်းကုန်တို့ကို အလ္လာဟ်အရှင်မြတ်အစိုးရတော်မူ၏ဟု ဆိုကြလိမ့်မည်၊ ထိုအခါ သူတို့အား သို့ပါလျက်သင်တို့သည် အဘယ်ကြောင့်စုန်းအဖမ်းခံကြသနည်းဟု ဆိုလော့။
Verse 90 — Surah Al-Muminun 23:90
၉ဝ။ ငါအရှင်မြတ်သည် သူတို့ထံသို့ သစ္စာတရားတော်ကို ယူခဲ့တော်မူပြီ၊ မှတ်သားကြလော့၊ ထိုမိစ္စာမိုက်တို့သည် မုသားကောင်များဖြစ်ကြသည်။
Verse 91 — Surah Al-Muminun 23:91
၉၁။ အလ္လာဟ်အရှင်မြတ်သည် သားသမီးရှိခြင်း၊ အညစ်အကြေးမှ ကင်းစင်တော်မူ၏၊ အရှင်မြတ်နှင့်တွဲဖက်၍ ဘုရားမရှိချေ၊ ရှိပါလျှင် ထိုဘုရားတိုင်းသည် မိမိဖန်ဆင်းတော်မူသောအရာများကို လွှမ်းမိုးဧကန်အားပေး စောင်မလတ့ံ၊ အချို့ဘုရားများက အချို့သောဘုရားများကို လွှမ်းမိုးနိုင်နင်းကြလတ့ံ၊ အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဌိတို့စွပ်စွဲသောအညစ်အကြေးတို့မှ သန့်ရှင်းတော်မူထသောအရှင်ဖြစ်တော်မူ၏။
Verse 92 — Surah Al-Muminun 23:92
၉၂။ အလ္လာဟ်အရှင်မြတ်သည် မြင်ရသောအရာ၊ မမြင်နိုင်စွမ်းသောအရာတို့ကို သိတော်မူ၏၊ သူတို့တွဲဖက်သော ဘက်စပ်ဘုရားများထက် သာလွန်မြင့်မြတ်တော်မူ၏။
Verse 93 — Surah Al-Muminun 23:93
၉၃။ အို--အကျွန်ုပ်၏ အသက်သခင်ကျေးဇူးရှင်၊ အကယ်၍အရှင်သည် မိစ္ဆာယုတ်တို့အား ပေးတော်မူမည်ဟု ကတိထားတော်မူသောအပြစ်ဒဏ်ကို အကျွနု်ပ်အား ပြသတော်မူပါလျှင်။
Verse 94 — Surah Al-Muminun 23:94
၉၄။ အို--အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်ကို မတရားပြစ်မှုကျူးလွန်သူတို့အထဲတွင် ထားတော်မမူပါလင့်ဟု ဆုတောင်းလော့။
Verse 95 — Surah Al-Muminun 23:95
၉၅။ အို--တမန်တော်၊ ငါသည် မိစ္ဆာမိုက်တို့အား ကတိထားတော်မူသည့်အပြစ်ဒဏ်တော်ကို သင့်အား မုချဧကန် ပြသနိုင်တော်မူ၏။
Verse 96 — Surah Al-Muminun 23:96
၉၆။ အို--တမန်တော်၊ မကောင်းမှုကို ၎င်းထက်ကောင်းသောအမှုနှင့် တုံ့ပြန်လော့၊ ငါသည် သူယုတ်တို့စွပ်စွဲသည်ကို အသိဆုံးဖြစ်တော်မူ၏။
Verse 97 — Surah Al-Muminun 23:97
၉၇။ တဖန်ဆုတောင်းလော့၊ အို--ကျွနု်ပ်၏အသက်သခင်ကျေးဇူးရှင်၊ အကျွနု်ပ်သည် ရှိုင်တွာန်ယုတ်တို့၏ ဖျား ယောင်းခြင်းတို့မှ အရှင်၌ ခိုလှုံပါ၏။
Verse 98 — Surah Al-Muminun 23:98
၉၈။ အို--အရှင်သခင်၊ ရှိုင်တွာန်မာရ်နတ်များသည် အကျွနု်ပ်နှင့်အတူတကွမရှိဖို့ရာ အရှင်မြတ်၌ ခိုလှုံပါ၏။
Verse 99 — Surah Al-Muminun 23:99
၉၉။ သူတို့သည် သေဆုံးသည့်တိုင်အောင်ဒုစရိုက်မကောင်းမှု၌ နစ်မြုပ်နေကြ၏၊ ထိုသူယုတ်တို့အနက် တစ်ယောက် ယောက်သေဆုံးသောအခါ ထိုသူသည် အို--အကျွနု်ပ်၏အရှင်သခင်၊ အရှင်သည် အကျွနု်ပ်အား လောကသို့ တဖန်ပြန်၍ လွှတ်တော်မူပါဦး။
Verse 100 — Surah Al-Muminun 23:100
၁ဝဝ။ အကျွနု်ပ်သည် လောကဝယ်မိမိမပြုကျင့်ခဲ့သောကုသိုလ်ကောင်းမှုကို ပွားများစေဖို့ရာ ပြန်လွှတ်တော်မူပါဟု ဆုပန်၏၊ သို့သော်ယင်းသို့မလွှတ်နိုင်ချေ၊ ဤအမှုသည် သူ၏စကားသာဖြစ်၏၊ ရှင်ပြန်ထမြောက်ရတော်မူသော နေ့တော်ကြီးတိုင်အောင် သူတို့၏နောက်၌ အကာအရံတစ်ခုရှိ၏။
Verse 101 — Surah Al-Muminun 23:101
၁ဝ၁။ ၎င်းအပြင်တံပိုးကြီးကို မှုတ်လိုက်သောအခါ ထိုနေ့တော်ကြီး၌ သူတို့အထဲတွင် တစ်ဦးနှင့်တစ်ဦးဆွေမျိုးတော်စပ် ခြင်းသော်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦးစကားစမြည်မေးမြန်းပြောဆိုခြင်းသည်လည်းကောင်း အလျဉ်းမရှိချေ။
Verse 102 — Surah Al-Muminun 23:102
၁ဝ၂။ ထိုနေ့တော်ကြီး၌ အကြင်သူတို့၏ စည်းချိန်သည် လေးလံအ့ံ၊ ထိုသူတို့သည် အောင်မြင်ရသူများဖြစ်ကြ၏။
Verse 103 — Surah Al-Muminun 23:103
၁ဝ၃။ တဖန်အကြင်သူတို့၏ စည်းချိန်သည် ပေါ့အ့ံ၊ ထိုသူတို့သည် မိမိတို့ဝိညာဉ်ကို ဆုံးရှုံး၍ ငရဲတွင် နေထိုင်ကြသူများ ဖြစ်ကြ၏။
Verse 104 — Surah Al-Muminun 23:104
၁ဝ၄။ ငရဲမီးသည် သူတို့၏မျက်နှာများကို လောင်မြိုက်လျက် သူတို့သည် စိတ်ညစ်ညူးလျက် တိတ်ဆိတ်စွာနေကြ၏။
Verse 105 — Surah Al-Muminun 23:105
၁ဝ၅။ သူတို့အား ငါ၏ပညတ်တရားတော်များကို နင်တို့အား ရွတ်ဖတ်ဟောပြောပြသည်မဟုတ်လောဟု ဗျာဒိတ်တော် ရှိလတံ့။
Verse 106 — Surah Al-Muminun 23:106
၁ဝ၆။ ထိုသူယုတ်တို့က တုံ့ပြန်လျှောက်ထားသည်မှာ အို--အကျွနု်ပ်တို့၏အရှင်သခင်၊ အကျွနု်ပ်တို့၏ကံဆိုးသည် အကျွနု်ပ်တို့ကို လွှမ်းမိုးပါ၏၊ ထို့ကြောင့်အကျွနု်ပ်တို့သည် အမှန်ပင်ဒုစရိုက်ကောင်များဖြစ်ကြပါမည်။
Verse 107 — Surah Al-Muminun 23:107
၁ဝ၇။ အို--အကျွနု်ပ်တို့၏အရှင်သခင်၊ အကျွနု်ပ်တို့ကို ဤငရဲမှ ကယ်နှုတ်တော်မူပါ၊ အကယ်၍အကျွနု်ပ်တို့သည် မကောင်းမှုများသို့ ပြန်ကြပါလျှင် အကျွနု်ပ်တို့သည် အမှန်ပင်ဒုစရိုက်ကောင်များဖြစ်ကြပါမည်။
Verse 108 — Surah Al-Muminun 23:108
၁ဝ၈။ အလ္လာဟ်အရှင်မြတ်က သူတို့အား နင်တို့ငရဲထဲသို့ ဝင်ကြလော့၊ ငါ့အား မတင်လျှောက်ကြလင့်ဟု ဗျာဒိတ်ပေး တော်မူ၏။
Verse 109 — Surah Al-Muminun 23:109
၁ဝ၉။ မှတ်သားကြလော့၊ ငါအရှင်မြတ်၏ ကျေးကျွန်များအနက် အသင်းတစ်သင်းရှိ၏၊ သူတို့က ဤသို့လျှောက်ထား ကြ၏၊ အို--အကျွနု်ပ်တို့၏အသက်သခင်ကျေးဇူးရှင်၊ အကျွနု်ပ်တို့သည် ယုံကြည်ကြပါ၏၊ ထို့ကြောင့်အကျွနု်ပ် တို့အား အပြစ်လွှတ်တော်မူပါ၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူပါ၊ အကြောင်းမူကားအရှင်သည် ကောင်းကြီး မင်္ဂလာပေးသူတကာတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူပါ၏။
Verse 110 — Surah Al-Muminun 23:110
၁၁ဝ။ အို--မိစ္ဆာမိုက်တို့၊ နင်တို့သည် ယုံကြည်သူအပေါင်းသူတော်ကောင်းတို့အား ပြက်ရယ်ပြုကြ၏၊ နင်တို့သည် သူတို့ကို ပြောင်လှောင်နေခြင်းဖြင့် ငါ့အား တသဖို့ရန် မေ့လျော့သွားကြ၏။
Verse 111 — Surah Al-Muminun 23:111
၁၁၁။ မှတ်သားကြလော့၊ ဤနေ့တော်ကြီး၌ ငါသည် ခန္တီပါရမီရှင်တို့အား ဆုလာဘ်ပေးသနားတော်မူ၏၊ သူတို့သည် မုချဧကန်အောင်မြင်သူတို့ဖြစ်ကြ၏။
Verse 112 — Surah Al-Muminun 23:112
၁၁၂။ အလ္လာဟ်အရှင်မြတ်က သူတို့အား နင်တို့သည် ကမ္ဘာမြေပေါ်ဝယ် နှစ်ပေါင်းမည်မျှကြာခဲ့သနည်းဟု မေးတော် မူလတ့ံ။
Verse 113 — Surah Al-Muminun 23:113
၁၁၃။ သူတို့က အကျွနု်ပ်တို့သည် တစ်နေ့(သို့မဟုတ်)နေ့တစ်ဝက်အချို့မျှသာနေခဲ့ရပါ၏၊ စာရင်းအင်းထားသူတို့အား မေးတော်မူပါဟု လျှောက်ထားကြလတံ့။
Verse 114 — Surah Al-Muminun 23:114
၁၁၄။ အလ္လာဟ်အရှင်မြတ်က နင်တို့သည် ကာလအနည်းငယ်မျှသာနေခဲ့ကြ၏၊ ဤအကြောင်းကို နင်တို့သိခဲ့လျှင် တော်လေစွဟု မိန့်တော်မူလတ့ံ။
Verse 115 — Surah Al-Muminun 23:115
၁၁၅။ ထို့အပြင်နင်တို့ကို ငါသည် အချည်းနှီးအကြောင်းမဲ့ဖန်ဆင်းတော်မူသည်ဟု ထင်မှတ်ကြသလော၊ နင်တို့သည် ငါ့အထံတော်သို့ ပြန်မလာကြရဟု နင်တို့ထင်မှတ်စွဲလမ်းခဲ့ကြသလော။
Verse 116 — Surah Al-Muminun 23:116
၁၁၆။ ယခုအလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်တော်မူ၏၊ ရှင်ဘုရင်အစစ်ဖြစ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသောရာဇပလ္လင်တော်ကြီး၏ အရှင်သခင်၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ။
Verse 117 — Surah Al-Muminun 23:117
၁၁၇။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ အခြားဘုရားများကို ဝတ်ပြုအ့ံ၊ ထိုသူ၌ မိမိ၏အယူဝါဒအတွက် အကိုးအကားမရှိချေ၊ အလ္လာာဟ်အရှင်မြတ်သာ သူ့ကို စစ်ကြောစီရင်တော်မူမည်၊ မှတ်သားကြလော့၊ မိစ္ဆာမိုက် တို့သည် အောင်မြင်ရကြလိမ့်မည်မဟုတ်ချေ။
Verse 118 — Surah Al-Muminun 23:118
၁၁၈။ အို--တမန်တော်မိုဟမ္မဒ်၊ သင်သည် ဤသို့ဆုတောင်းလော့၊ အို--အကျွနု်ပ်၏ အသက်သခင်ကျေးဇူးရှင်၊ အကျွနု်ပ်ကို အပြစ်လွှတ်တော်မူပါ၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူပါ၊ အကြောင်းမူကား အရှင်သည် ကောင်းကြီးပေးသူတကာတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူပါ၏အရှင်။