Back to Languages

Burmese - Chapter 26 - Ash-Shuara

Translation by Ba Sein — Permalink

Verse 1 — Surah Ash-Shuara 26:1

၁။ တာ၊ ဆင်၊ မီ(မ်)။

Verse 2 — Surah Ash-Shuara 26:2

၂။ ဤဂါထာတော်မြတ်များသည် ရှင်းလင်းစေသောကျမ်းတော်၏ နှုတ်ကပတ်တော်များတည်း။

Verse 3 — Surah Ash-Shuara 26:3

၃။ အို--တမန်တော်မိုဟမ္မဒ်၊ သူတို့သည် မယုံကြည်သဖြင့် သင်သည် မိမိကိုယ်ကို မိမိနှိပ်စက်ကလူပြုချင်လုမတတ် ရှိနေတော့သည်။

Verse 4 — Surah Ash-Shuara 26:4

၄။ ငါအလိုတော်ရှိလျှင် အထက်ကောင်းကင်ဘုံမှ တစ်ခုတစ်ခုသောနိမိတ်လက္ခဏာအ့ံဖွယ်တော်ကို ၎င်းတို့အပေါ်သို့ ချပေးတော်မူလတ့ံ၊ ထိုအခါသူတို့၏ လည်ကုတ်များသည် ထိုနိမိတ်လက္ခဏာတော်ရှေ့မှောက်၌ ကိုင်းညွတ်လျက် နေကြလတ့ံ။

Verse 5 — Surah Ash-Shuara 26:5

၅။ မဟာကရုဏာတော်အရှင်အထံတော်မှ သူတို့ထံသို့ ကျမ်းတော်သစ်ကျရောက်လာသည့်အခါတိုင်း မိစ္ဆာမိုက် တို့သည် ကျမ်းတော်မှ လှည့်သွားကြ၏။

Verse 6 — Surah Ash-Shuara 26:6

၆။ ယခုလည်းသူတို့သည် သစ္စာတရားတော်ကို လက်မခံငြင်းပယ်ကြ၏၊ သို့သော်သူတို့ထံသို့ သူတို့ပျက်ရယ်ပြု ကြလေ့ရှိသောအမှုအခင်း၏ သတင်းသည် လာလတ့ံ။

Verse 7 — Surah Ash-Shuara 26:7

၇။ သူတို့သည် ကမ္ဘာမြေပြင်ကို မကြည့်ရှုကြသလော၊ ငါသည် မြေ၌ အထူးထူးသောဥမျိုး၊ ပွင့်မျိုး၊ သီးမျိုးစုံတို့ကို အဘယ်မျှလောက်များပြားစွာပေါက်ရောက်စေတော်မူသည်ကို မြင်ကြသည်မဟုတ်လော။

Verse 8 — Surah Ash-Shuara 26:8

၈။ မှတ်သားကြလော့၊ ဤအဖြစ်အပျက်တွင် နိမိတ်လက္ခဏာအ့ံဖွယ်တော်တစ်ခုအမှန်ပါရှိ၏၊ သို့ပါလျက်သူတို့အနက် များလှစွာသောသူတို့ကား မယုံကြည်သူများဖြစ်ကြ၏။

Verse 9 — Surah Ash-Shuara 26:9

၉။ မှတ်သားလော့၊ သင်၏အသက်သခင်ကျေးဇူးရှင်သည် အနန္တတန်ခိုးတော်အရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော် သခင်ဖြစ်တော်မူ၏။

Verse 10 — Surah Ash-Shuara 26:10

၁ဝ၊၁၁။ သင်၏အသက်သခင်ကျေးဇူးရှင်က အို--တမန်တော်မူစာ၊ သင်သည် ပြစ်မှုကျူးလွန်နေသောဖွာရောမင်း၏ လူများထံသို့ သွားလော့ဟု ဗျာဒိတ်တော်နှင့်ခေါ်တော်မူ၏၊ ထိုသူတို့သည် မကောင်းမှုကို တားဆီးကြမည် မဟုတ်လော။

Verse 11 — Surah Ash-Shuara 26:11

၁ဝ၊၁၁။ သင်၏အသက်သခင်ကျေးဇူးရှင်က အို--တမန်တော်မူစာ၊ သင်သည် ပြစ်မှုကျူးလွန်နေသောဖွာရောမင်း၏ လူများထံသို့ သွားလော့ဟု ဗျာဒိတ်တော်နှင့်ခေါ်တော်မူ၏၊ ထိုသူတို့သည် မကောင်းမှုကို တားဆီးကြမည် မဟုတ်လော။

Verse 12 — Surah Ash-Shuara 26:12

၁၂။ တမန်တော်မူစာက ဤသို့တင်လျှောက်၏၊ အို--အကျွနု်ပ်၏ အရှင်သခင် သူတို့သည် အကျွနု်ပ်အား မယုံကြည် ငြင်းဆန်မည်ကို ကြောက်ပါ၏။

Verse 13 — Surah Ash-Shuara 26:13

၁၃။ အကျွန်ုပ်သည် စိတ်ကျပ်တည်းလှပါမည်၊ အကျွနု်ပ်၏ နှုတ်လျှာသည် ပြေလည်အောင်စကားချေတင်ပြောဆိုခြင်း မှာ စွမ်းနိုင်မဟုတ်ပါ၊ ထို့ကြောင့်အကျွနု်ပ်အစ်ကိုဟာရွန်ကို အကျွနု်ပ်အား ကူညီဖို့ရာ ထည့်တော်မူပါ။

Verse 14 — Surah Ash-Shuara 26:14

၁၄။ အကျွန်ုပ်အပေါ်တွင် ထိုလူများနှင့်စပ်လျဉ်း၍ အမှုတစ်ခုရှိပါသည်၊ ထို့ကြောင့်သူတို့သည် အကျွနု်ပ်အား ဖမ်းဆီး၍ အဆုံးစီရင်မည်ကို ကြောက်ပါ၏။

Verse 15 — Surah Ash-Shuara 26:15

၁၅။ အလ္လာဟ်အရှင်မြတ်က ယင်းသို့မဖြစ်စေရ၊ ထို့ကြောင့်သင်တို့ညီနောင်သည် ငါ၏နိမိတ်လက္ခဏာအ့ံဖွယ်တော် များနှင့် သွားကြလော့၊ မှတ်သားကြလော့၊ ငါသည် နားထောင်လျက် သင်တို့နှင့်အတူတကွရှိတော်မူမည်။

Verse 16 — Surah Ash-Shuara 26:16

၁၆၊၁၇။ သင်တို့နှစ်ဦးသည် ဖွာရောမင်းရှိရာသို့ ကြွသွား၍ ဤသို့ဟောကြားလော့၊ အကျွနု်ပ်တို့သည် အနန္တစကြာဝဠာ တို့၏ အရှင်သခင်အထံတော်မှ အမှာဗျာဒိတ်တော်ကို ယူဆောင်လာကြ၏၊ အစ္စရာအီလ်အမျိုးသားတို့ကို ငါတို့နှင့်အတူ သွားခွင့်ပြုလော့ဟု ဗျာဒိတ်ပေးတော်မူ၏။

Verse 17 — Surah Ash-Shuara 26:17

၁၆၊၁၇။ သင်တို့နှစ်ဦးသည် ဖွာရောမင်းရှိရာသို့ ကြွသွား၍ ဤသို့ဟောကြားလော့၊ အကျွနု်ပ်တို့သည် အနန္တစကြာဝဠာ တို့၏ အရှင်သခင်အထံတော်မှ အမှာဗျာဒိတ်တော်ကို ယူဆောင်လာကြ၏၊ အစ္စရာအီလ်အမျိုးသားတို့ကို ငါတို့နှင့်အတူ သွားခွင့်ပြုလော့ဟု ဗျာဒိတ်ပေးတော်မူ၏။

Verse 18 — Surah Ash-Shuara 26:18

၁၈။ ဖွာရောမင်းက တမန်တော်မူစာအား ငါတို့သည် သင့်ကို ငါတို့အထဲ ငယ်စဉ်တောင်ကျေး ကလေးဘဝက ကျွေးမွေးလာသည်မဟုတ်လော၊ သင်သည် ငါတို့နှင့်အတူတကွနှစ်ပေါင်းများစွာနေခဲ့၏။

Verse 19 — Surah Ash-Shuara 26:19

၁၉။ အို--မူစာ၊ သင်အမှုအခင်းတစ်ခုကို ပြုကျင့်ခဲ့သည်ကို သင်ကောင်းစွာသိ၏၊ သင်သည် ကျေးဇူးကန်းသူတို့ ဘောင်တွင် ပါဝင်၏ဟု ပြော၏။

Verse 20 — Surah Ash-Shuara 26:20

၂ဝ။ တမန်တော်မူစာက အကျွနု်ပ်သည် လမ်းလွဲသွားသူတို့အထဲ ပါဝင်စဉ်က ထိုအမှုကို ပြုမိပါသည်ဟု ပြန်ပြော၏။

Verse 21 — Surah Ash-Shuara 26:21

၂၁။ ထို့နောက်သင့်အား ကြောက်ရွံ့သဖြင့့် သင့်ထံမှ ထွက်ပြေး၏၊ အကျွနု်ပ်၏အသက်သခင်ကျေးဇူးရှင်သည် အကျွနု်ပ်အား ဗျာဒိတ်ပေးတော်မူ၏၊ အကျွနု်ပ်ကို မိမိစေလွှတ်တော်မူသောတမန်တော်များအနက် တစ်ပါး အဖြစ်ဖြင့် ခန့်ထားတော်မူ၏။

Verse 22 — Surah Ash-Shuara 26:22

၂၂။ ဤကျေးဇူးတော်ကြောင့် သင်သည် အကျွနု်ပ်အား ကဲ့ရဲ့အပြစ်တင်၏၊ သင်သည် အစ္စရာအီလ်လူမျိုးတို့ကို ကျွန်ဘဝသွင်း၍ နှိပ်စက်ညှင်းပန်း၏ဟု တမန်တော်မူစာက ဖွာရောမင်းအား ပြန်ပြော၏။

Verse 23 — Surah Ash-Shuara 26:23

၂၃။ ထိုမင်းက အနန္တစကြာဝဋ္ဌာတို့၏ အရှင်သခင်ဆိုသည်မှာ အဘယ်အရာဖြစ်သနည်း။

Verse 24 — Surah Ash-Shuara 26:24

၂၄။ တမန်တော်က ကမ္ဘာမြေပြင်မိုးကောင်းကင်နှင့် မိုးမြေစပ်ကြားရှိရှိသမျှတို့၏ အရှင်သခင်ဖြစ်တော်မူ၏၊ သင် ယုံကြည်လျှင် ကောင်းပေစွ။

Verse 25 — Surah Ash-Shuara 26:25

၂၅။ ထိုအခါဖွာရောမင်းက သူ၏မှုးမတ်တို့အား လှည့်၍ သင်တို့မကြားကြဘူးလားဟု ဆို၏။

Verse 26 — Surah Ash-Shuara 26:26

၂၆။ တဖန်တမန်တော်မူစာက ထိုအရှင်မြတ်သည် သင်တို့၏အရှင်သခင်နှင့် သင်တို့၏မိဘဘိုးဘွားတို့၏ အသက် သခင်ကျေးဇူးရှင်ဖြစ်တော်မူ၏။

Verse 27 — Surah Ash-Shuara 26:27

၂၇။ ထိုအခါဖွာရောမင်းက သူ၏မှုးမတ်တို့အား မှတ်သားကြလော့၊ သင်တို့ထံသို့ စေလွှတ်တော်မူသောသင်တို့၏ တမန်တော်သည် သူရူးသူနှမ်းအစစ်ဖြစ်၏ဟု ဆို၏။

Verse 28 — Surah Ash-Shuara 26:28

၂၈။ တဖန်တမန်တော်မူစာက ထိုအရှင်မြတ်သည် အရှေ့မျက်နှာစွန်း၊ အနောက်မျက်နှာစွန်းနှင့် ထိုမျက်နှာစွန်း စပ်ကြား ရှိသမျှတို့၏အသက်သခင်ကျေးဇူးရှင်ဖြစ်တော်မူ၏၊ သင်နားလည်လျှင် ကောင်းလေစွဟု ဟောပြော၏။

Verse 29 — Surah Ash-Shuara 26:29

၂၉။ ထိုအခါဖွာရောမင်းက အို--မူစာ၊ သင်သည် ငါမှတပါး အခြားဘုရားကို ခဝပ်ကိုးကွယ်လျှင် ငါသည် သင့်ကို အကျဉ်းသားတို့အထဲ၌ မုချထားမည်ဟု ကျိန်းမောင်း၏။

Verse 30 — Surah Ash-Shuara 26:30

၃ဝ။ သို့သော်တမန်တော်မူစာက အကျွနု်ပ်သည် သင့်အား ထင်ရှားပေါ်လွင်သောအရာတစ်ခုပြသော်လည်း ယင်းသို့ ပြုမည်လောဟု မေး၏။

Verse 31 — Surah Ash-Shuara 26:31

၃၁။ ထိုအခါဖွာရောမင်းက အို--မူစာ၊ သင်အမှန်ကို ဆိုလျှင် သင်ပြောသောအရာကို ပြလော့ဟု ဆို၏။

Verse 32 — Surah Ash-Shuara 26:32

၃၂။ ထို့ကြောင့်တမန်တော်မူစာသည် မိမိ၏ လှံတံတောင်ဝှေးကို ပစ်ချလိုက်၏၊ ထိုအခါထိုလှံတန်တောင်ဝှေးသည် မြွေဖြစ်သွား၏။

Verse 33 — Surah Ash-Shuara 26:33

၃၃။ ထို့အပြင်တမန်တော်မူစာသည် မိမိလက်ကို ထုတ်ယူလိုက်ရာ လက်သည် ဆွတ်ဆွတ်ဖြူသွား၏။

Verse 34 — Surah Ash-Shuara 26:34

၃၄။ ထိုအခါဖွာရောမင်းသည် မိမိအပါးရှိ မှုးမတ်တို့အား ပြောဆိုသည်မှာ အို--အမတ်တို့၊ မူစာသည် ဝိဇ္ဇာအတတ်၌ တစ်ဘက်ကမ်းခတ်အောင် တတ်မြောက်သူတည်း။

Verse 35 — Surah Ash-Shuara 26:35

၃၅။ အို--အမတ်တို့၊ ဤသူသည် မိမိ၏ ဝိဇ္ဇာအတတ်ပညာအားဖြင့် သင်တို့ငါတို့ကို မိမိတို့ပြည်မှ နှင်ထုတ်ရန် ကြံစည်၏၊ ယခုသင်တို့ ဘယ်အကြံကို ပေးကြမည်နည်းပြော၏။

Verse 36 — Surah Ash-Shuara 26:36

၃၆။ အမတ်တို့က အရှင်မင်းကြီး၊ ဤမူစာနှင့် သူ၏အစ်ကိုအား အချိန်အနည်းငယ်ဆိုင်းင့ံထားတော်မူပါ၊ ထို့နောက် နိုင်ငံတော်အတွင်း မြို့ရွာအရပ်ရပ်သို့ ဆင့်ခေါ်သူများကို စေလွှတ်တော်မူပါ။

Verse 37 — Surah Ash-Shuara 26:37

၃၇။ ထိုဆင့်ခေါ်သူများသည် အရှင်မင်းကြီးထံသို့ ဝိဇ္ဇာဆရာတိုင်းကို ခေါ်ငင်လာရကြပါမည်ဟု ဆို၏။

Verse 38 — Surah Ash-Shuara 26:38

၃၈။ ထို့ကြောင့်ဝိဇ္ဇာဆရာတို့ကို ပညာပြိုင်ရန် နေ့ရက်ချိန်းချက်၍ သတ်မှတ်သောနေရာတွင် စုရုံးစည်းဝေးစေ၏။

Verse 39 — Surah Ash-Shuara 26:39

၃၉။ ထို့အပြင်တိုင်းသူပြည်သားတို့အား သင်တို့လည်း စုရုံးစည်းဝေးကြမည်လောဟု မောင်းခတ်မေးမြန်းစေ၏။

Verse 40 — Surah Ash-Shuara 26:40

၄ဝ။ တိုင်းသူပြည်သားတို့က အကျွနု်ပ်တို့လည်း အစည်းအဝေးသို့ တက်ရောက်မည်။ ဝိဇ္ဇာဆရာတို့နိုင်လျှင် အကျွန်ုပ် တို့သည် သူတို့နောက်သို့ လိုက်လိုကြ၏ဟု ဆိုကြ၏။

Verse 41 — Surah Ash-Shuara 26:41

၄၁။ ထို့အပြင်ဝိဇ္ဇာဆရာတို့ရောက်လာကြသောအခါ သူတို့က ဖွာရောမင်းအား အကျွနု်ပ်တို့အောင်ပါလျှင် အကျွနု်ပ် တို့အား ဆုလာဘ်နှင့်အမှန်ချီးမြှင့်ပါမည်လောဟု လျှောက်ကြ၏။

Verse 42 — Surah Ash-Shuara 26:42

၄၂။ ထိုအခါမင်းကြီးက သင်တို့အမှန်အကန်ဆုရချေမည်၊ ထိုအခါသင်တို့သည် အမှန်ပင်ငါ့အား နီးကပ်စွာခစား ရမည်ဟု ပြန်ပြော၏။

Verse 43 — Surah Ash-Shuara 26:43

၄၃။ တမန်တော်မူစာက ထိုဝိဇ္ဇာဆရာတို့အား သင်တို့ပစ်ချလိုသောအရာကို ပစ်ချလော့ဟု ဆို၏။

Verse 44 — Surah Ash-Shuara 26:44

၄၄။ ထိုအခါဝိဇ္ဇာဆရာတို့သည် မိမိတို့စွဲကိုင်သောလှံတံတောင်ဝှေးနှင့် ကြိုးခွေကြီးများကို ပစ်ချ၍ အကျွန်ုပ်တို့သည် ဖွာရောမင်း၏ ဘုန်းတော်ကြောင့် အမှန်အကန်နိုင်ရမည်သာတည်းဟု ဆိုကြ၏။

Verse 45 — Surah Ash-Shuara 26:45

၄၅။ ထို့နောက်တမနတော်မူစာသည် မိမိ၏ လှံတံကို ပစ်ချ၏၊ ထိုလှံတံသည် ဝိဇ္ဇာဆရာတို့ဥပါယ်တမည်ကြံစည် ပြုပြင်ထားသောအတတ်အလုံးကို တစ်စုတစ်စည်းတည်းဟပ်မျိုလိုက်ကုန်၏။

Verse 46 — Surah Ash-Shuara 26:46

၄၆။ ထိုအခါဝိဇ္ဇာဆရာတို့သည် ဝပ်တွားဦးချကြ၏။

Verse 47 — Surah Ash-Shuara 26:47

၄၇။ သူတို့ပြောဆိုကြသည်မှာ အကျွနု်ပ်တို့သည် အနန္တစကြာဝဠာတို့၏ အသက်သခင်ကျေးဇူးရှင်အား ယုံကြည် ကြပါ၏။

Verse 48 — Surah Ash-Shuara 26:48

၄၈။ ထိုအရှင်သခင်သည် တမန်တော်မူစာနှင့် တမန်တော်ဟာရွန်တို့၏ အရှင်သခင်ဖြစ်တော်မူ၏။

Verse 49 — Surah Ash-Shuara 26:49

၄၉။ ထိုအခါဖွာရောမင်းက သင်တို့သည် ငါခွင့်ပေးတော်မမူခဲ့ပဲ သူ့အား လက်ခံယုံကြည်ကြသလော၊ အမှန်မှာ သူသည် သင်တို့အား ဝိဇ္ဇာအတတ်ပညာကို သင်ကြားပြသသောဆရာကြီးဖြစ်၏၊သို့သော်သင်တို့သည် မချွတ် ဧကန်အမှန်သိရစေမည်၊ မုချအမှန်သင်တို့၏ခြေလက်ကို ဝဲယာလွှဲဖြတ်၍ ကားတိုင်တင်ကာ သင်တို့အားလုံးကို ငါကွပ်မျက်တော်မူမည်ဟု ခြိမ်းခြောက်၏။

Verse 50 — Surah Ash-Shuara 26:50

၅ဝ။ ဝိဇ္ဇာဆရာတို့က ၎င်းသည် ဘေးဥပါဒ်မဟုတ်ပါ၊ အကြောင်းမူကား အကျွနု်ပ်တို့သည် မိမိတို့၏အသက်သခင် ကျေးဇူးရှင်ထံမှောက်သို့ ပြန်ရပါမည်သာတည်းဟု ပြန်ပြောကြ၏။

Verse 51 — Surah Ash-Shuara 26:51

၅၁။ မှတ်သားကြလော့၊ အကျွနု်ပ်တို့သည် လူခပ်သိမ်းတို့ထက် ရှေးဦးစွာယုံကြည်သူများဖြစ်ကြသဖြင့် အကျွနု်ပ်တို့၏ အရှင်သခင်သည် အကျွနု်ပ်တို့၏ အပြစ်များကို လွှတ်တော်မူရန်ကိုသာ အကျွနု်ပ်တို့စိတ်အားသန်၏ဟု ဆက်လက်ပြောကြ၏။

Verse 52 — Surah Ash-Shuara 26:52

၅၂။ ထို့နောက်ငါသည် တမန်တော်မူစာအား ၎င်း၏စိတ်နှလုံးတွင် သင်တို့ကို လိုက်လံဖမ်းဆီးကြမည်ဖြစ်သောကြောင့် သင်သည် ငါ၏ကျေးကျွန်များကို ညဉ့်ချင်းတွင်းပင် တိတ်တဆိတ်ခေါ်ငင်သွားလော့ဟူသောဗျာဒိတ်ကို ထင်ရှား စေတော်မူ၏။

Verse 53 — Surah Ash-Shuara 26:53

၅၃။ ထိုအခါဖွာရောမင်းသည် အမြို့မြို့သို့ အခေါ်တော်များစေလွှတ်လေ၏။

Verse 54 — Surah Ash-Shuara 26:54

၅၄။ ထိုမင်းချင်းတို့က ဤအစ္စရာအီလ်လူမျိုးတို့ကား စစ်တပ်ကလေးသာဖြစ်၏။

Verse 55 — Surah Ash-Shuara 26:55

၅၅။ ၎င်းအပြင်ကြည့်ကြလော့၊ သူတို့သည် ငါတို့အား ရန်စကြ၏။

Verse 56 — Surah Ash-Shuara 26:56

၅၆။ ငါတို့မူကား အသင့်ရှိသောစစ်တပ်ကြီးဖြစ်ပေ၏ဟု ကြွေးကြော်ကြ၏။

Verse 57 — Surah Ash-Shuara 26:57

၅၇။ ငါသည် ဖွာရောမင်း၏ လူမျိုးများကို ဥယျာဉ်၊ ပန်းမာလ်၊ ရေကန်၊ ရေစမ်းတို့မှ ထုတ်ယူတော်မူ၏။

Verse 58 — Surah Ash-Shuara 26:58

၅၈။ ထို့အပြင်၎င်းတို့ကို ၎င်းတို့၏ပစ္စည်းဥစ္စာရတနာများစွာတို့နှင့် ကြီးကျယ်ခမ်းနားသောတိုက်တာအိမ်ယာတို့အတွင်း မှလည်း နှင်ထုတ်တော်မူ၏။

Verse 59 — Surah Ash-Shuara 26:59

၅၉။ ငါသည် ၎င်းတို့ကို ယင်းကဲ့သို့စီရင်တော်မူ၍ ၎င်းတို့၏စည်းစိမ်ချမ်းသာကို အစ္စရာအီလ်တို့အား အမွေခံစေ တော်မူ၏။

Verse 60 — Surah Ash-Shuara 26:60

၆ဝ။ သူတို့သည် အစ္စရာအီလ်လူမျိုးတို့ကို အာရုံတက်မှီကြ၏။

Verse 61 — Surah Ash-Shuara 26:61

၆၁။ ထို့နောက်စစ်တပ်တော်ကြီးနှစ်တပ်သည် တစ်တပ်ကို တစ်တပ်ကို မြင်ရသောအခါ တမန်တော်မူစာ၏ လူများက ကြည့်ကြလော့၊ အကျွနု်ပ်တို့ကို အမှန်မိချေပြီဟု ပြောဆိုကြ၏။

Verse 62 — Surah Ash-Shuara 26:62

၆၂။ တမန်တော်က ယင်းသို့မဟုတ်ချေ၊ အကြောင်းမူကားအကျွန်ုပ်၏ အရှင်သခင်သည် အကျွနု်ပ်နှင့်တကွ မုချ ရှိတော်မူ၏၊ အရှင်မြတ်သည် အကျွနု်ပ်အား ညွှန်ပြတော်မူမည်ဟု ဆို၏။

Verse 63 — Surah Ash-Shuara 26:63

၆၃။ ထိုအခါငါသည် တမန်တော်မူစာ၏ နှလုံးတွင် သင်သည် ပင်လယ်ကို သင်၏လှံတံဖြင့် ရိုက်လော့ဟူသော ဗျာဒိတ်ကို ထင်ရှားစေတော်မူ၏၊ ထိုသို့ရိုက်ခတ်သောအခါ ပင်လယ်သည် နှစ်ခြမ်းကွဲ၍ ကျယ်ပြန့်သော တောင်ကြီးတစ်ခုစီဖြစ်လာ၏။

Verse 64 — Surah Ash-Shuara 26:64

၆၄။ ထို့နောက်ငါသည် အခြားအသင်းသားများကို ထိုနေရာသို့ ချဉ်းကပ်စေတော်မူ၏။

Verse 65 — Surah Ash-Shuara 26:65

၆၅။ ငါသည် တမန်တော်မူစာနှင့်တကွ နောက်ပါအသင်းသားတို့ကို တစ်ယောက်မကျန်ကယ်ဆယ်တော်မူ၏။

Verse 66 — Surah Ash-Shuara 26:66

၆၆။ သို့သော်အခြားအသင်းသားအားလုံးကို ရေနစ်သေစေတော်မူ၏။

Verse 67 — Surah Ash-Shuara 26:67

၆၇။ မှတ်သားကြလော့၊ ဤအဖြစ်အပျက်တွင် နိမိတ်လက္ခဏာအ့ံဖွယ်အမှန်ပင်ပါရှိ၏၊ သို့ပါလျက်သူတို့အနက် အများအပြားတို့သည် ယုံကြည်သူများမဟုတ်ချေ။

Verse 68 — Surah Ash-Shuara 26:68

၆၈။ အို--တမန်တော်၊ မှတ်သားလော့၊ သင်၏အသက်သခင်ကျေးဇူးရှင်သည် အနန္တတန်ခိုးတော်အရှင်၊ အနန္တ ကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။

Verse 69 — Surah Ash-Shuara 26:69

၆၉။ အို--တမန်တော်၊ သူတို့အား တမန်တော်အေဗရာဟမ်၏ ပုံဝထ္ထုကို ဟောကြားလော့။

Verse 70 — Surah Ash-Shuara 26:70

၇ဝ။ သူသည် သူ၏အဘနှင့် အမျိုးသားတို့အား သင်တို့သည် အဘယ်အရာကို ကိုးကွယ်ကြသနည်းဟု မေး၏။

Verse 71 — Surah Ash-Shuara 26:71

၇၁။ သူတို့က ငါတို့သည် ဆင်းတုရုပ်ပွားကို ဝတ်ပြု၍ ထိုဆင်းတုများကို မပြတ်မလပ်ဆည်းကပ်ကြပြန်၏ဟု ပြန်ပြောကြ၏။

Verse 72 — Surah Ash-Shuara 26:72

၇၂။ ထိုအခါသူက သူတို့သည် သင်တို့ဆုတောင်းသည်ကို ကြားသလော။

Verse 73 — Surah Ash-Shuara 26:73

၇၃။ သို့မဟုတ်သူတို့သည် သင်တို့အား အကျိုးပေးကြသလော၊ သို့မဟုတ်ဘေးဥပါဒ်ရောက်စေသလောဟု သူတို့အား မေး၏။

Verse 74 — Surah Ash-Shuara 26:74

၇၄။ သူတို့က ယင်းသို့မဟုတ်ချေ၊ သို့သော်ငါတို့သည် မိဘဘိုဘွားတို့၊ ယင်းသို့ကိုးကွယ်နေသည်ကို တွေ့ကြ၏ဟု ဆိုကြ၏။

Verse 75 — Surah Ash-Shuara 26:75

၇၅၊၇၆။ သင်တို့နှင့် သင်တို့ဘိုးဘွားတို့ ကိုးကွယ်ရာကို ကြည့်ရှုကြလော့။

Verse 76 — Surah Ash-Shuara 26:76

၇၅၊၇၆။ သင်တို့နှင့် သင်တို့ဘိုးဘွားတို့ ကိုးကွယ်ရာကို ကြည့်ရှုကြလော့။

Verse 77 — Surah Ash-Shuara 26:77

၇၇။ အနန္တစကြာဝဠာတို့၏ အသက်သခင်ကျေးဇူးရှင်မှတပါး အခြားသောကိုးကွယ်ရာတို့သည် အကျွနု်ပ်၏ ရန်သူ အစစ်အမှန်ဖြစ်သည်။

Verse 78 — Surah Ash-Shuara 26:78

၇၈။ ထုကျေးဇူးရှင်သည် ငါ့ကို ဖန်ဆင်းတော်မူ၏၊ လမ်းညွှန်တော်မူ၏။

Verse 79 — Surah Ash-Shuara 26:79

၇၉။ ထိုအရှင်သည် ငါ့အား စားဖို့ရာအစား၊ သောက်ဖို့ရာရေပေးသနားတော်မူ၏။

Verse 80 — Surah Ash-Shuara 26:80

၈ဝ။ ထိုအရှင်သည် ငါမနာကျန်းဖြစ်သောအခါ ဝေဒနာကင်းပျောက်ကျန်းမာခြင်းကို ပေးသနားတော်မူ၏။

Verse 81 — Surah Ash-Shuara 26:81

၈၁။ ထိုအရှင်သည် ငါ့ကို သေစေတော်မူ၍ တဖန်ပြန်ရှင်စေတော်မူမည်။

Verse 82 — Surah Ash-Shuara 26:82

၈၂။ ထိုအရှင်မြတ်သည် ငါ၏အပြစ်ကို တရားစီရင်တော်မူသောနေ့တော်ကြီး၌ ခွင့်လွှတ်တော်မူမည်ဟု ကြီးစွာ မျှော်ကိုး၏ဟု တမန်တော်အေဗရာဟမ်သည် ဟောပြော၏။

Verse 83 — Surah Ash-Shuara 26:83

၈၃။ ထို့နောက်သူသည် အလ္လာဟ်အရှင်မြတ်ကို ဤသို့ဆုတောင်း၏၊ အို--အကျွနု်ပ်၏အရှင်သခင် အကျွနု်ပ်အား ပညာအလင်းရောင်ကို ပေးသနားတော်မူပါ၊ အကျွနု်ပ်ကို သူတော်ကောင်းတို့နှင့် ပေါင်းသင်းပေးတော်မူပါ။

Verse 84 — Surah Ash-Shuara 26:84

၈၄။ နောင်လာနောက်သားတို့ဘောင်တွင် အကျွနု်ပ်ကို ကောင်းမွန်စွာဖော်ထုတ်ပြတော်မူပါ။

Verse 85 — Surah Ash-Shuara 26:85

၈၅။ အကျွနု်ပ်အား သုခနိဗ္ဗာန်ဥယျာဉ်တော်ကို အမွေခံစားရသူတို့အထဲတွင် အပါအဝင်ဖြစ်စေတော်မူပါ။

Verse 86 — Surah Ash-Shuara 26:86

၈၆။ အကျွနု်ပ်၏ ဖခင်ကို အပြစ်လွှတ်တော်မူပါ၊ သူသည် အယူမှားများသူတို့အထဲမှ ဖြစ်ပါ၏။

Verse 87 — Surah Ash-Shuara 26:87

၈၇။ လူသားအပေါင်းတို့ တဖန်ရှင်ပြန်ထမြောက်ရသော နေ့တော်ကြီးတွင် အကျွနု်ပ်ကို အရှက်တကွဲရှုံ့ချတော် မမူပါလင့်။

Verse 88 — Surah Ash-Shuara 26:88

၈၈။ ထိုနေ့တော်ကြီး၌ ဥစ္စာပစ္စည်းနှင့် သားသမီးတို့သည် အသုံးကြမည်မဟုတ်ပါ။

Verse 89 — Surah Ash-Shuara 26:89

၈၉။ သို့ရာတွင်မည်သူမဆို အလ္လာဟ်အရှင်မြတ်အထံတော်သို့ သန့်ရှင်းဖြူစင်အပြစ်ကင်းသောစိတ်နှလုံးကောင်းကို ယူဆောင်လာနိုင်ပါမူ ထိုအရာသည် သာလွန်ကောင်းကျိုးပေးနိုင်ပါ၏ဟု ဆုတောင်း၏။

Verse 90 — Surah Ash-Shuara 26:90

၉ဝ။ နိဗ္ဗာန်ဥယျာဉ်တော်အား ဒုစရိုက်မှုကို ရှောင်ကြဉ်သူတို့အတွက် နီးကပ်လာစေတော်မူလတ့ံ။

Verse 91 — Surah Ash-Shuara 26:91

၉၁။ ထို့အပြင်ပြစ်မှုကျူးလွန်သူတို့သည် အဝီစီငရဲကို မျက်ဝါးထင်ထင်မြင်ကြရလတ့ံ။

Verse 92 — Surah Ash-Shuara 26:92

၉၂၊၉၃။ ထိုသူမိုက်တို့အား အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့ဦးညွတ်ဝတ်ပြုလေ့ရှိသောဘုရားတုတို့သည် အဘယ်မှာ ရှိကြသနည်း၊ သူတို့သည် သင်တို့အား စောင်မနိုင်ကြသလော၊ သို့မဟုတ်သူတို့သည် မိမိကိုယ်ကိုမိမိ ထောက်ပ့ံ နိုင်ကြသလောဟု မေးတော်မူလတ့ံ။

Verse 93 — Surah Ash-Shuara 26:93

၉၂၊၉၃။ ထိုသူမိုက်တို့အား အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့ဦးညွတ်ဝတ်ပြုလေ့ရှိသောဘုရားတုတို့သည် အဘယ်မှာ ရှိကြသနည်း၊ သူတို့သည် သင်တို့အား စောင်မနိုင်ကြသလော၊ သို့မဟုတ်သူတို့သည် မိမိကိုယ်ကိုမိမိ ထောက်ပ့ံ နိုင်ကြသလောဟု မေးတော်မူလတ့ံ။

Verse 94 — Surah Ash-Shuara 26:94

၉၄၊၉၅။ ထိုအခါသူတို့အား ငရဲထဲသို့ ပစ်ချလတ့ံ၊ သူတို့ကို လှည့်စားသူများ၊ အီဗလစ်၏ စစ်သည်တော်များအားလုံးကို တစ်ယောက်မကျန်ငရဲထဲသို့ ပစ်သွင်းလတ့ံ။

Verse 95 — Surah Ash-Shuara 26:95

၉၄၊၉၅။ ထိုအခါသူတို့အား ငရဲထဲသို့ ပစ်ချလတ့ံ၊ သူတို့ကို လှည့်စားသူများ၊ အီဗလစ်၏ စစ်သည်တော်များအားလုံးကို တစ်ယောက်မကျန်ငရဲထဲသို့ ပစ်သွင်းလတ့ံ။

Verse 96 — Surah Ash-Shuara 26:96

၉၆။ ငရဲအတွင်းသူတို့အချင်းချင်း အငြင်းဖြစ်ပွားနေသောအခါ သူတို့ပြောဆိုကြသည်မှာ။

Verse 97 — Surah Ash-Shuara 26:97

၉၇။ ငါတို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ဆိုကြပါ၏၊ ငါတို့သည် အမှား၌ မုချရှိကြသည်။

Verse 98 — Surah Ash-Shuara 26:98

၉၈။ ငါတို့သည် သင်တို့ကို အနန္တစကြာဝဠာတို့၏ အရှင်သခင်နှင့်တန်းတူထား၍ ကိုးကွယ်ခြင်းသည် မှားလေစွ။

Verse 99 — Surah Ash-Shuara 26:99

၉၉။ အပြစ်ရှိသူများသာ ငါတို့အား လမ်းမှားသို့ သွေးဆောင်ကြလေ၏။

Verse 100 — Surah Ash-Shuara 26:100

၁ဝဝ။ ယခုမှာမူငါတို့မှာ တောင်းပန်ကယ်ဆယ်မည့်သူများမရှိချေ။

Verse 101 — Surah Ash-Shuara 26:101

၁ဝ၁။ သို့မဟုတ်ခင်မင်သောအဆွေခင်ပွန်းများလည်းမရှိချေ။

Verse 102 — Surah Ash-Shuara 26:102

၁ဝ၂။ ငါတို့သည် ယုံကြည်သူတို့အထဲမှဖြစ်အောင် ကမ္ဘာမြေကြီးသို့ တစ်ခေါက်ပြန်ကြရလျှင် တော်သေး၏ဟု ပြောဆို ကြလတ့ံ။

Verse 103 — Surah Ash-Shuara 26:103

၁ဝ၃။ မှတ်သားကြလော့၊ ဤအဖြစ်အပျက်တွင် နိမိတ်လက္ခဏာတော်ပါရှိ၏၊ သို့သော်သူတို့အနက် အမြောက်အများသောသူတို့သည် ယုံကြည်သူများမဟုတ်ချေ။

Verse 104 — Surah Ash-Shuara 26:104

၁ဝ၄။ မှတ်သားလော့၊ သင်၏အသက်သခင်ကျေးဇူးရှင်သည် အနန္တတန်ခိုးတော်အရှင် အနန္တကောင်းကြီးမင်္ဂလာတော် သခင်ဧကန်ဖြစ်တော်မူ၏။

Verse 105 — Surah Ash-Shuara 26:105

၁ဝ၅။ တမန်တော်နူဟို၏လူများသည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်တို့ကို မယုံကြည်ကြချေ။

Verse 106 — Surah Ash-Shuara 26:106

၁ဝ၆။ သူတို့၏အမျိုးသားတမန်တော်နူဟိုက ဤသို့ဟောပြော၏၊ အချင်းတို့၊ သင်တို့သည် ဒုစရိုက်မကောင်းမှုကို ရှောင်ကြဉ်ကြမည်မဟုတ်လော။

Verse 107 — Surah Ash-Shuara 26:107

၁ဝ၇။ မှတ်သားကြလော့၊ ငါသည် သင်တို့အတွက် သစ္စာရှိသောတမန်တော်ဖြစ်၏။

Verse 108 — Surah Ash-Shuara 26:108

၁ဝ၈။ ထို့ကြောင့်သင်တို့သည် အရှင်မြတ်၏ဝတ်တော်ကို ကျေကုန်အောင် ပြုကြလော့၊ ငါ့ကို နားထောင်ကြလော့။

Verse 109 — Surah Ash-Shuara 26:109

၁ဝ၉။ ထို့အပြင်ငါသည် သင်တို့ထံမှ တရားဟောခတစ်ပြားတစ်ချပ်မှ မတောင်းချေ၊ ငါ့အဖိုးအခသည် အနန္တစကြာဝဠာ များ၏ အရှင်သခင်နှင့်သာသက်ဆိုင်၏။

Verse 110 — Surah Ash-Shuara 26:110

၁၁ဝ။ ထို့ကြောင့်သင်တို့သည် အရှင်မြတ်၏ဝတ်တော်ကို ကျေကုန်အောင်ပြုကြလော့၊ ငါ့စကားကို နားထောင်ကြလော့။

Verse 111 — Surah Ash-Shuara 26:111

၁၁၁။ သူတို့က အို--နူဟို၊ အောက်ဆုံးအလွှာသားလူနုံချာတို့သည် သင့်ကို ယုံကြည်မြတ်နိုးသောကြောင့် ငါတို့လည်း သင့်ကို ယုံရမှာလောဟု ဆိုကြ၏။

Verse 112 — Surah Ash-Shuara 26:112

၁၁၂။ တမန်တော်နူဟိုက သူတို့သည် အဘယ်အမှုအခင်းများကို ပြုကျင့်နေသည်ကို ငါအသို့သိမည်နည်း။

Verse 113 — Surah Ash-Shuara 26:113

၁၁၃။ မှတ်သားကြလော့၊ သူတို့ကို စစ်ကြောစီရင်သည့်အလုပ်မှာ ငါ၏အသက်သခင်ကျေးဇူးရှင်နှင့်သာသက်ဆိုင်၏၊ သင်တို့သိလျှင် တော်လေစွ။

Verse 114 — Surah Ash-Shuara 26:114

၁၁၄။ ထို့အပြင်ငါသည် ယုံကြည်သူတို့အား တွန်းလှန်နှင်ထုတ်ဖို့ရာမဟုတ်ချေ။

Verse 115 — Surah Ash-Shuara 26:115

၁၁၅။ ငါသည် သတိပေးသူရိုးရိုးသာတည်း။

Verse 116 — Surah Ash-Shuara 26:116

၁၁၆။ ထိုသူတို့က အို--နူဟို၊ သင်သည် မရပ်တန့်လျှင် သင်သည် ကျောက်ခဲနှင့်ပစ်သတ်ခြင်းခံရသူတို့တွင် အပါအဝင် ဖြစ်လတ့ံဟု ဆိုကြ၏။

Verse 117 — Surah Ash-Shuara 26:117

၁၁၇။ ထိုအခါသူက အို--ကျွနု်ပ်၏အရှင်သခင်၊ အကျွနု်ပ်၏လူတို့သည် အကျွနု်ပ်ကို ငြင်းပယ်ကြပါ၏။

Verse 118 — Surah Ash-Shuara 26:118

၁၁၈။ ထို့ကြောင့်အရှင်သည် အကျွနု်ပ်တို့အလယ်ကြားတွင် စီရင်ဆုံးဖြတ်တော်မူပါ၊ ပြတ်သားစွာဆုံးဖြတ်တော်မူပါ၊ အကျွနု်ပ်၊ အကျွနု်ပ်နှင့်အတူတကွရှိသောယုံကြည်သူတို့ကို ကယ်နှုတ်တော်မူပါဟု အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်း၏။

Verse 119 — Surah Ash-Shuara 26:119

၁၁၉။ ငါအရှင်မြတ်သည် တမန်တော်နူဟိုနှင့် သူနှင့်အတူနေသူတို့ကို သင်္ဘောတွင်တင်၍ ကယ်ဆယ်တော်မူ၏။

Verse 120 — Surah Ash-Shuara 26:120

၁၂ဝ။ ထို့နောက်အခြားသူများကို ရေတွင် နစ်မြုပ်သေစေတော်မူ၏။

Verse 121 — Surah Ash-Shuara 26:121

၁၂၁။ မှတ်သားကြလော့၊ ဤအဖြစ်အပျက်များတွင် နိမိတ်လက္ခဏာအထူးအမှန်ပင်ပါရှိ၏၊ သို့သော်သူတို့အနက်များလှ စွာသောသူများသည် ယုံကြည်သူများမဟုတ်ချေ။

Verse 122 — Surah Ash-Shuara 26:122

၁၂၂။ မှတ်သားလော့၊ သင်၏အရှင်သခင်သည် အနန္တတန်ခိုးတော်အရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်အမှန်ဖြစ် တော်မူ၏။

Verse 123 — Surah Ash-Shuara 26:123

၁၂၃။ အာဒ်လူမျိုးသည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်များကို ငြင်းဆန်ကြ၏။

Verse 124 — Surah Ash-Shuara 26:124

၁၂၄။ သူတို့၏သားချင်းဖြစ်သော တမန်တော်ဟုဒ်က သူတို့အား ဤသို့ဟောကြား၏၊ သင်တို့သည် ဒုစရိုက်မကောင်းမှု ကို ဖယ်ရှားကြမည်မဟုတ်လော။

Verse 125 — Surah Ash-Shuara 26:125

၁၂၅။ မှတ်သားကြလော့၊ ငါသည် သင်တို့အတွက် သစ္စာရှိသောတမန်တော်ဖြစ်၏။

Verse 126 — Surah Ash-Shuara 26:126

၁၂၆။ ထို့ကြောင့်သင်တို့သည် အရှင်မြတ်၏ဝတ်တော်ကို ကြေကုန်အောင် ပြုကြလော့၊ ငါ့ကို နားထောင်ကြလော့။

Verse 127 — Surah Ash-Shuara 26:127

၁၂၇။ ထို့အပြင်ငါသည် သင်တို့ထံမှ တရားဟောကြေးတစ်ပြားတစ်ချပ်မှ မတောင်းချေ၊ ငါ၏ အဖိုးအခသည် အနန္တ စကြာဝဠာတို့၏ အရှင်သခင်နှင့်သာ သက်ဆိုင်သည်။

Verse 128 — Surah Ash-Shuara 26:128

၁၂၈။ သင်တို့သည် မြေမြင့်ရာတောင်ကုန်းစသည်တို့အပေါ်၌ အကျိုးမဲ့ပျော်ရွှင်မှုအတွက် အဆောက်အဦးကြီးများကို တည်ဆောက်ကြသလော။

Verse 129 — Surah Ash-Shuara 26:129

၁၂၉။ ထို့အပြင်သင်တို့သည် ထာဝရတည်မြဲကောင်းတည်မြဲစိမ့်သောငှာ ခတပ်ကြီများရှာဖွေကြသလော။

Verse 130 — Surah Ash-Shuara 26:130

၁၃ဝ။ ထို့အပြင်အကယ်၍သင်တို့သည် အာဏာအားဖြင့် ဖမ်းဆီးသောအခါ သက်ဦးဆံပိုင်အာဏာရှင်ကဲ့သို့ ပြုကျင့် ကြသလော။

Verse 131 — Surah Ash-Shuara 26:131

၁၃၁။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဝတ်တော်ကို ကြေကုန်အောင်ပြု၍ ငါ့ကို နားထောင်ကြလော့။

Verse 132 — Surah Ash-Shuara 26:132

၁၃၂။ သင်တို့ကို သင်တို့သိသောစည်းစိမ်ဥစ္စာအားဖြင့် ချီးမြှောက်တော်မူသောအရှင်မြတ်၏ ဝတ်တော်ကို ကြေကုန် အောင် ပြုကြလော့။

Verse 133 — Surah Ash-Shuara 26:133

၁၃၃။ အရှင်မြတ်သည် သင်တို့အား ခြေလေးချောင်းတိရိစ္ဆာန်များ၊ သားသမီးများတို့နှင့်။

Verse 134 — Surah Ash-Shuara 26:134

၁၃၄။ ဥယျာဉ်ပန်းမာလ်အမျိုးမျိုး၊ စိမ့်စမ်းရေတွင်းရေကန်များနှင့် ချီးမြှင့်တော်မူ၏။

Verse 135 — Surah Ash-Shuara 26:135

၁၃၅။ မှတ်သားကြလော့၊ အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့တော်ကြီး၏ လက်စားချေမှုကို ငါသည် သင့်အတွက် ကြောက်ရွံ့လှ၏။

Verse 136 — Surah Ash-Shuara 26:136

၁၃၆။ ထိုသူတို့က သင်သည် အကျွနု်ပ်တို့အတွက် တရားဟောသည်ဖြစ်စေ၊ မဟောသည်ဖြစ်စေ အကျိုးမထူးတော့ချေ။

Verse 137 — Surah Ash-Shuara 26:137

၁၃၇။ ဤတရားသည် ရှေးလူဟောင်းတို့၏ ပုံပြင်ဝထ္ထုသာဖြစ်၏။

Verse 138 — Surah Ash-Shuara 26:138

၁၃၈။ ထို့ကြောင့်ငါတို့သည် အပြစ်ဒဏ်ထိမည်မဟုတ်ချေ။

Verse 139 — Surah Ash-Shuara 26:139

၁၃၉။ ထိုသူတို့သည် သူ့ကို ငြင်းဆန်ကြ၏၊ ထို့ကြောင့်ငါသည် သူတို့အား သုတ်သင်ရှင်းလင်းတော်မူ၏၊ မှတ်သား ကြလော့၊ ဤအကြောင်းအရာများတွင် နိမိတ်လက္ခဏာထူးအမှန်ပါရှိ၏၊ သို့သော်သူတို့အနက်များပြားလှသော သူတို့သည် ယုံကြည်သူများမဟုတ်ကြချေ။

Verse 140 — Surah Ash-Shuara 26:140

၁၄ဝ။ မှတ်သားလော့၊ သင်၏အရှင်သခင်သည် အနန္တတန်ခိုးတော်ရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်အမှန် ဖြစ်တော်မူ၏။

Verse 141 — Surah Ash-Shuara 26:141

၁၄၁။ ဆမုဒ်လူမျိုးတို့သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်များကို ငြင်းပယ်ကြ၏။

Verse 142 — Surah Ash-Shuara 26:142

၁၄၂။ သူတို့သားချင်းတမန်တော်ဆွာလေ(ဟ်)သည် သူတို့အား ဤသို့ဟောကြား၏၊ ဟယ်-အချင်းတို့၊ သင်တို့သည် ဒုစရိုက်အပြစ်များကို ရှောင်ရှားကာဆီးမည်မဟုတ်လော။

Verse 143 — Surah Ash-Shuara 26:143

၁၄၃။ မှတ်သားကြလော့၊ ငါသည် သင်တို့အတွက် သစ္စာရှိသောတမန်တော်ဖြစ်၏။

Verse 144 — Surah Ash-Shuara 26:144

၁၄၄။ ထို့ကြောင့်အရှင်မြတ်၏ဝတ်တော်ကို ကျေကုန်အောင် ပြုကြလော့၊ ငါ၏သြဝါဒကို လိုက်နာကြလော့။

Verse 145 — Surah Ash-Shuara 26:145

၁၄၅။ တဖန်ငါသည် သင်တို့ထံမှ တရားဟောကြေးတစ်ပြားတစ်ချပ်မှ မတောင်းချေ၊ ငါ့တရားဟောကြေးမှာ အနန္တ စကြာဝဠာများ၏ အရှင်သခင်နှင့်သာ သက်ဆိုင်၏။

Verse 146 — Surah Ash-Shuara 26:146

၁၄၆။ သင်တို့သည် ဤလောကီစည်းစိမ်ဥစ္စာများတွင် မပျက်မပြားလုံခြံုစွာနေရမည်ဟု ထင်မှတ်ကြသလော။

Verse 147 — Surah Ash-Shuara 26:147

၁၄၇။ သင်တို့၏ဥယျာဉ်ပန်းမာလ်၊ စိမ့်စမ်းရေကန်၊ ရေတွင်းတို့တွင်သော်လည်းကောင်း။

Verse 148 — Surah Ash-Shuara 26:148

၁၄၈။ သင်တို့ထွန်ယက်သောလယ်မြေများနှင့် အသီးအခိုင်ပြည့်နှက်နေသောစွန်ပလွန်ပင်များတွင်သော်လည်းကောင်း။

Verse 149 — Surah Ash-Shuara 26:149

၁၄၉။ သင်တို့သည် မိမိအတတ်ပညာ၊ စွမ်းရည်သတ္တိရှိ၍ တောင်ကို ဖောက်ထွင်းပြီးလျှင် တည်ဆောက်သောနေအိမ် တိုက်တာများတွင်သော်လည်းကောင်း၊ မပျက်မစီးအစဉ်အမြဲနေရမည်ဟု ယူဆကြသလော။

Verse 150 — Surah Ash-Shuara 26:150

၁၅ဝ။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်၏ ဝတ်တော်ကို မပျက်မကွက်ကျေကုန်အောင် ပြုကြလော့၊ ငါ၏ သြဝါဒကို လိုက်နာကြလော့။

Verse 151 — Surah Ash-Shuara 26:151

၁၅၁။ ပြစ်မှုကျူးလွန်သူတို့၏ သြဝါဒကို မနာခံကြလင့်။

Verse 152 — Surah Ash-Shuara 26:152

၁၅၂။ ထိုသူတို့သည် ကမ္ဘာမြေပေါ်တွင် ဒုစရိုက်အမိုက်မှုများကို အနှံ့အပြားပွားများကြ၏၊ ကောင်းအောင်မပြုပြင်ကြချေ။

Verse 153 — Surah Ash-Shuara 26:153

၁၅၃။ ထို့အပြင်သူတို့က တမန်တော်အား ဟယ်-ဆွာလေ(ဟ်)၊ သင်သည် စုံးပယောဂဖမ်းထားသူဘောင်တွင် ပါဝင်သူ ဖြစ်၏။

Verse 154 — Surah Ash-Shuara 26:154

၁၅၄။ သင်သည် အကျွနု်ပ်တို့ကဲ့သို့ သေမျိုးသာဖြစ်၏၊ ထို့ကြောင့်သင်သည် အမှန်စကားကိုဆိုလျှင် နိမိတ်လက္ခဏာ အ့ံဖွယ်သရဲတစ်ပါးပါးကို ယူဆောင်ခဲ့လော့ဟု ဆိုကြ၏။

Verse 155 — Surah Ash-Shuara 26:155

၁၅၅။ တမန်တော်က သူတို့အား ဤသို့ပြောဆို၏၊ ဤကုလားအုတ်မကို ကြည့်ရှုကြလော့၊ ထိုကုလားအုပ်မနှင့် သင်တို့သည် မိမိတို့အတွက် သတ်မှတ်ထားသောနေ့၌ ရေတွင်းတွင် အလှည့်ကျသောက်သုံးခွင့်ရှိကြ၏။

Verse 156 — Surah Ash-Shuara 26:156

၁၅၆။ သို့သော်သင်တို့အပေါ်သို့ အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့တော်ကြီး၏ လက်စားချေဒဏ်သည် မကျ ရောက်စိမ့်သောငှာ ထိုကုလားအုပ်မအား ဘေးဥပါဒ်မပြုကြလင့်။

Verse 157 — Surah Ash-Shuara 26:157

၁၅၇။ သို့သော်သူတို့သည် ကုလားအုပ်မ၏ ဒူးကောက်ကြောကို လှီးဖြတ်ကြ၏၊ ထို့နောက်မှ ယူကျုံးမရဖြစ်ကြကုန်၏။

Verse 158 — Surah Ash-Shuara 26:158

၁၅၈။ ထိုအခါသူတို့အပေါ်သို့ လက်စားချေဒဏ်တော်ကြီးကျရောက်လာ၏၊ မှတ်သားကြလော့၊ ဤအဖြစ်အပျက် များတွင် နိမိတ်ထူးလက္ခဏာများပါရှိ၏၊ သို့ပါလျက်သူတို့အနက် များလှစွာသောသူတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။

Verse 159 — Surah Ash-Shuara 26:159

၁၅၉။ မှတ်သားလော့၊ သင်၏အသက်သခင်ကျေးဇူးရှင်သည် အနန္တကျေးဇူးရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင် အစစ်ဖြစ်တော်မူ၏။

Verse 160 — Surah Ash-Shuara 26:160

၁၆ဝ။ တမန်တော်လွဒ်၏အမျိုးသားတို့သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်များကို မယုံကြည်ကြချေ။

Verse 161 — Surah Ash-Shuara 26:161

၁၆၁။ သူတို့၏ အမျိုးသားချင်းတမန်တော်လွဒ်က ဤသို့ဟောကြား၏၊ ဟယ်-အချင်းတို့၊ သင်တို့သည် ဒုစရိုက်အမှုများ ရှောင်ကြဉ်ကြမည်မဟုတ်လော။

Verse 162 — Surah Ash-Shuara 26:162

၁၆၂။ မှတ်သားကြလော့၊ ငါသည် သင်တို့အတွက် သစ္စာရှိသောတမန်တော်ဖြစ်၏။

Verse 163 — Surah Ash-Shuara 26:163

၁၆၃။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်၏ ဝတ်တော်ကို ကျေကုန်အောင်ပြု၍ ငါ၏သြဝါဒကို နားထောင်ကြလော့။

Verse 164 — Surah Ash-Shuara 26:164

၁၆၄။ ထို့အပြင်ငါသည် သင်တို့ထံမှ တရားဟောကြေးတစ်ပြားတစ်ချပ်မှ မတောင်းဆိုချေ၊ ငါ့အဖိုးအခမှာ အနန္တ စကြာဝဠာတို့၏ အရှင်သခင်နှင့်သာသက်ဆိုင်၏။

Verse 165 — Surah Ash-Shuara 26:165

၁၆၅။ ဘာလဲ---သင်တို့သည် သတ္တဝါများအနက် ယောက်ျားအချင်းချင်းပစ်မှားကြသလော။

Verse 166 — Surah Ash-Shuara 26:166

၁၆၆။ သင်တို့၏ အရှင်သခင်ဖန်ဆင်းပေးသနားတော်မူသော ဇနီးမယားများနှင့်မပျော်ပဲလျက် ယောက်ျားအချင်းချင်း ပစ်မှားကြသလော၊ သင်တို့သည် တရားတော်ကို ချိုးဖဲ့သောသူများဖြစ်ကြ၏။

Verse 167 — Surah Ash-Shuara 26:167

၁၆၇။ သူတို့က အို--လွတ်ဒ်၊ သင်သည် ရပ်တန်းက မရပ်လျှင် သင်သည် ဆေးကြောမေးဖော်မရှိ၊ သပိတ်မှောက်ခြင်း ခံရလိမ့်မည်ဟု ပြောကြ၏။

Verse 168 — Surah Ash-Shuara 26:168

၁၆၈။ ထိုအခါသူက ဟယ်-အချင်းတို့၊ အမှန်မှာ ငါသည် သင်တို့အပြုအမူကို မုန်းထားသောသူတို့ဘောင်တွင် ပါဝင်၏ဟု ပြန်ပြော၏။

Verse 169 — Surah Ash-Shuara 26:169

၁၆၉။ အို--အကျွန်ုပ်၏အရှင်သခင်၊ အကျွနု်ပ်နှင့် အကျွနု်ပ်၏ အိမ်သူအိမ်သားတို့အား သူတို့၏အကြံများမှ ကယ်နှုတ် တော်မူပါဟု အလ္လာဟ်အရှင်မြတ်အထံတော်၌ သူဆုပန်၏။

Verse 170 — Surah Ash-Shuara 26:170

၁၇ဝ။ ထို့ကြောင့်ငါသည် တမန်တော်လွဒ်နှင့် သူ၏အိမ်သူအိမ်သားများအားလုံးကို ကယ်နှုတ်တော်မူ၏။

Verse 171 — Surah Ash-Shuara 26:171

၁၇၁။ သို့သော်သူ့အိမ်တွင် ကျန်ရစ်ခဲ့သောမိန်းမအိုတစ်ယောက်ကိုကား ကယ်ဆယ်တော်မမူချေ။

Verse 172 — Surah Ash-Shuara 26:172

၁၇၂။ ထို့နောက်အခြားကြွင်းကျန်သူအပေါင်းတို့ကို ငါဖျက်ဆီးတော်မူ၏။

Verse 173 — Surah Ash-Shuara 26:173

၁၇၃။ ထို့အပြင်သူတို့အပေါ်၌ မိုးရွာသွန်းစေတော်မူ၏၊ သတိပေးခံရသူတို့အပေါ်တွင် ရွာသွန်းသောမိုးသည် အလွန် ပြင်းထန်ကြောက်မက်ဖွယ်ဖြစ်၏။

Verse 174 — Surah Ash-Shuara 26:174

၁၇၄။ ဤအဖြစ်အပျက်တွင် နိမိတ်ထူးလက္ခဏာထူးပါရှိ၏၊ အနန္တတန်ခိုးတော်ရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင် အမှန်ဖြစ်တော်မူ၏။

Verse 175 — Surah Ash-Shuara 26:175

၁၇၅။ မှတ်သားလော့၊ သင်၏အရှင်သခင်သည် အနန္တတန်ခိုးတော်ရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်အမှန် ဖြစ်တော်မူ၏။

Verse 176 — Surah Ash-Shuara 26:176

၁၇၆။ မီဒီရန်တောတောင်တွင် နေထိုင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်များကို မယုံကြည်ကြချေ။

Verse 177 — Surah Ash-Shuara 26:177

၁၇၇။ တမန်တော်ရှိုအိုက်(ဘ်)က သူတို့အား ဤသို့ဟောကြား၏၊ ဟယ်-အချင်းတို့၊ သင်တို့သည် ဒုစရိုက်မကောင်းမှုကို ရှောင်ကြဉ်ကြမည်မဟုတ်လော။

Verse 178 — Surah Ash-Shuara 26:178

၁၇၈။ မှတ်သားကြလော့၊ ငါသည် သင်တို့အတွက် သစ္စာရှိသောတမန်တော်အဟုတ်အမှန်ဖြစ်၏။

Verse 179 — Surah Ash-Shuara 26:179

၁၇၉။ ထို့ကြောင့်သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဝတ်တော်ကို ကြေကုန်အောင် ပြုကြလော့၊ ငါ့ကို နာခံကြလော့။

Verse 180 — Surah Ash-Shuara 26:180

၁၈ဝ။ ထို့အပြင်ငါသည် သင်တို့ထံမှ တရားဟောကြေးမတောင်းချေ၊ ငါ၏အဖိုးအခမှာ အနန္တစကြဝဠာတို့၏ အရှင် နှင့်သာသက်ဆိုင်၏။

Verse 181 — Surah Ash-Shuara 26:181

၁၈၁။ သူတစ်ပါးအား ပေးစရာကို အပြည့်အစုံပေးကြလော့၊ လျော့ပေါ့ပေးသူတို့ဘောင်တွင် အပါအဝင်မဖြစ်ကြလင့်။

Verse 182 — Surah Ash-Shuara 26:182

၁၈၂။ ထို့အပြင်စည်းချိန်မှန်နှင့် ချိန်တွယ်ကြလော့။

Verse 183 — Surah Ash-Shuara 26:183

၁၈၃။ ထို့အပြင် သင်တို့သည် လူသားတို့အား ၎င်းတို့၏ပစ္စည်းများနှင့်ပတ်သက်၍ မတရားမပြုကြလင့်၊ ထို့အပြင် သင်တို့သည် ကမ္ဘာမြေပေါ်ဝယ်အကျိုးပျက်မှုပွားများအောင် မကောင်းမှုဒုစရိုက်ကို မကျူးလွန်ကြလင့်။

Verse 184 — Surah Ash-Shuara 26:184

၁၈၄။ သင်တို့နှင့်တကွ သင်တို့၏အဆက်ဆက်သောလူဟောင်းများကို ဖန်ဆင်းတော်မူထသောအရှင်မြတ်၏ ဝတ်တော် ကို ပြုကြလော့။

Verse 185 — Surah Ash-Shuara 26:185

၁၈၅။ သူတို့က ဟယ်-ရှုအိုက်(ဘ်)၊ သင်သည် စုံးပယောဂပူးသူတို့အထဲတွင် အပါအဝင်သာဖြစ်၏။

Verse 186 — Surah Ash-Shuara 26:186

၁၈၆။ သင်သည် ငါတို့ကဲ့သို့သေမျိုးသာလျှင်ဖြစ်၏၊ အကျွနု်ပ်တို့သည် သင့်အား လူလိမ်လူကောက်တို့ဘောင်တွင် အပါအဝင်အမှန်ဖြစ်သည်ဟု ထင်မှတ်ကြ၏။

Verse 187 — Surah Ash-Shuara 26:187

၁၈၇။ သင်သည် အမှန်ဆိုပါလျှင် အထက်ကောင်းကင်၏ အစအနများ အကျွနု်ပ်တို့အပေါ်သို့ကျအောင် သင်ပြုလော့ဟု ဆိုကြ၏။

Verse 188 — Surah Ash-Shuara 26:188

၁၈၈။ တမန်တော်က အကျွနု်ပ်၏အသက်သခင်ကျေးဇူးရှင်သည် သင်တို့ပြုကျင့်သမျှကို အသိဆုံးဖြစ်တော်မူ၏ဟု ဟောပြော၏။

Verse 189 — Surah Ash-Shuara 26:189

၁၈၉။ သို့သော်သူတို့သည် တမန်တော်အား မကြည်ညိုမယုံကြည်ကြချေ၊ ထို့ကြောင့်သူတို့အပေါ်သို့ တရားစီရင် တော်မူသောနေ့တော်ကြီး၌ အပြစ်ဒဏ်တော်ကျရောက်၏၊ မှတ်သားကြလော့၊ ထိုအပြစ်ဒဏ်သည် အလွန် ထိတ်လန့်ဖွယ်ကောင်းသောနေ့တော်ကြီး၏ လက်စားချေဒဏ်ဖြစ်၏။

Verse 190 — Surah Ash-Shuara 26:190

၁၉ဝ။ မှတ်သားကြလော့၊ ဤအကြောင်းအရာများ၌ နိမိတ်ထူးလက္ခဏာထူးတစ်ပါးအမှန်ပါရှိ၏၊ သို့ပါလျက်သူတို့အနက် အမြောက်အများတို့သည် ယုံကြည်သူများမဟုတ်ချေ။

Verse 191 — Surah Ash-Shuara 26:191

၁၉၁။ မှတ်သားလော့၊ သင်၏အသက်သခင်ကျေးဇူးရှင်သည် အနန္တတန်ခိုးတော်ရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော် သခင်အစစ်ဖြစ်တော်မူ၏။

Verse 192 — Surah Ash-Shuara 26:192

၁၉၂။ မှတ်သားကြလော့၊ ကုရ်အာန်ကျမ်းတော်မြတ်သည် အနန္တစကြာဝဠာတို့၏အရှင်ထုတ်ပြန်ချပေးသနားတော်မူ ထသောကျမ်းတော်ကြီးဖြစ်၏။

Verse 193 — Surah Ash-Shuara 26:193

၁၉၃။ ထိုကျမ်းတော်မြတ်ကို ကောင်းကင်တမန်တော်မင်းကြီးက ယူဆောင်လာ၏။

Verse 194 — Surah Ash-Shuara 26:194

၁၉၄။ သင်သည် သတိပေးသူတမန်တော်များအနက် တစ်ပါးဖြစ်စေဖို့ရာ ထိုကျမ်းတော်မြတ်ကို သင်၏နှလုံးတွင်းသို့ ချသွင်းပေးသနားတော်မူပါ။

Verse 195 — Surah Ash-Shuara 26:195

၁၉၅။ ဤကျမ်းတော်မြတ်ကို ရှင်းလင်းသောအာရဗီဘာသာဖြင့် ထုတ်ပြန်ပို့ချတော်မူ၏။

Verse 196 — Surah Ash-Shuara 26:196

၁၉၆။ ထို့အပြင်မှတ်သားကြလော့၊ ကုရ်အာန်ကျမ်းတော်မြတ်ကို ရှေးလူဟောင်းတို့၏ ကျမ်းတော်များ၌ ဖော်ပြထား၏။

Verse 197 — Surah Ash-Shuara 26:197

၁၉၇။ အစ္စရာအီလ်လူမျိုးပညာရှိသုခမိန်တို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို သိကြခြင်းသည် သူတို့အတွက် သက်သေသာဓကတစ်ပါးမဟုတ်လော့။

Verse 198 — Surah Ash-Shuara 26:198

၁၉၈။ ထို့အပြင်အကယ်၍ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို အာရပ်လူမျိုးမှတပါး အခြားအမျိုးသားတစ်ဦးတစ် ယောက်ထံသို့ ချပေးသနားတော်မူခဲ့လျှင်။

Verse 199 — Surah Ash-Shuara 26:199

၁၉၉။ ထိုပုဂ္ဂိုလ်သည် ဤကျမ်းတော်မြတ်ကို ရွတ်ဖတ်ဟောကြားလျှင် အာရပ်အမျိုးသားတို့သည် ကျမ်းတော်မြတ်ကို သက်ဝင်ယုံကြည်ကြမည်မဟုတ်ချေ။

Verse 200 — Surah Ash-Shuara 26:200

၂ဝဝ။ ဤနည်းအားဖြင့် ငါသည် ကုရ်အာန်ကျမ်းတော်ကို အပြစ်ကျူးလွန်သူတို့၏ နှလုံးတွင်းသို့ ထိုးဖောက်ဝင်သွား စေတော်မူ၏။

Verse 201 — Surah Ash-Shuara 26:201

၂ဝ၁။ သို့သော်သူတို့သည် အလွန်နာကျင်ဖွယ်သောအပြစ်ဒဏ်တော်ကြီးကို မျက်ဝါးထင်ထင်မြင်ရသည့်တိုင်အောင် ကုရ်အာန်ကျမ်းတော်ကို ယုံကြည်မည်မဟုတ်ချေ။

Verse 202 — Surah Ash-Shuara 26:202

၂ဝ၂။ ထိုအပြစ်ဒဏ်တော်ကြီးကား ထိုသူတို့အပေါ်၌ သူတို့မသိမမြင်ပဲလျက် ရုတ်တရက်ရှောင်တခင်ရောက်လာလတ့ံ။

Verse 203 — Surah Ash-Shuara 26:203

၂ဝ၃။ ထိုအခါထိုသူတို့က အကျွနု်ပ်တို့အတွက် ဤအပြစ်ဒဏ်တော်ကို ရွှေ့ဆိုင်းထား၍ ရပါမည်လော။

Verse 204 — Surah Ash-Shuara 26:204

၂ဝ၄။ အကျွနု်ပ်တို့ပျက်စီးဆုံးရှုံးခြင်းအပြစ်ဒဏ်တော်ကို အဆောတလျင်ကျရောက်ကြမည်လောဟု တင်လျှောက် ကြလတ့ံ။

Verse 205 — Surah Ash-Shuara 26:205

၂ဝ၅။ ထို့ကြောင့်သင်စဉ်းစားဆင်ခြင်သလော၊ အကယ်၍ငါသည် ထိုမိစ္ဆာမိုက်တို့အား လောကီစည်းစိမ်ကာမဂုဏ်၌ နှစ်လရှည်ကြာစွာမွေ့လျော်ပျော်ပါးနေစေကာမူ။

Verse 206 — Surah Ash-Shuara 26:206

၂ဝ၆။ သူတို့အား ကတိထားတော်မူသောအပြစ်ဒဏ်တော်သည် နောက်ဆုံးတွင် သူတို့အပေါ်သို့ ကျရောက်လာ မည်သာတည်း။

Verse 207 — Surah Ash-Shuara 26:207

၂ဝ၇။ သူတို့မက်မောကျေနပ်သောလောကီစည်းစိမ်ချမ်းသာသည် သူတို့အား အကျိုးမပေးချေ။

Verse 208 — Surah Ash-Shuara 26:208

၂ဝ၈။ ငါသည် လူမျိုးတစ်မျိုးအား သတိပေးရန် တမန်တော်များစေလွှတ်တော်မမူပဲ ထိုအမျိုးသားတိုကို ဘယ်သော အခါမျှ ဖျက်ဆီးတော်မမူချေ။

Verse 209 — Surah Ash-Shuara 26:209

၂ဝ၉။ ထိုတမန်တော်များသည် တရားဟောသတိပေးဖို့ရာဖြစ်ကြ၏၊ ငါသည် မည်သည့်အခါမျှမတရားညှင်းပန်းတော် မမူချေ။

Verse 210 — Surah Ash-Shuara 26:210

၂၁ဝ။ ရှိုင်တန်မာရ်နတ်တို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ယူဆောင်လာသည်မဟုတ်ချေ။

Verse 211 — Surah Ash-Shuara 26:211

၂၁၁။ ယင်းအလုပ်သည် သူတို့နှင့်မတော်ချေ၊ ယင်းအလုပ်လုပ်ရန် သူတို့၌ အင်အားမရှိချေ။

Verse 212 — Surah Ash-Shuara 26:212

၂၁၂။ မှတ်သားကြလော့၊ သူတို့ကို တရားနာခြင်းမှ ဝေးစွာမောင်းနှင်ထား၏။

Verse 213 — Surah Ash-Shuara 26:213

၂၁၃။ ထို့ကြောင့် အို--တမန်တော်၊ သင်သည် ပျက်စီးဆုံးရှုံးခြင်းသို့ မဆိုက်ရောက်စေခြင်းငှာ အလ္လာဟ်အရှင်မြတ် မှတပါး ဘုရားတုဘုရားယောင်ကို ကိုးကွယ်ခြင်းကို မပြုလင့်။

Verse 214 — Surah Ash-Shuara 26:214

၂၁၄။ ထို့အပြင်သင်သည် ဆွေမျိုးရင်းခြာတို့အား သတိတရားပေးလော့။

Verse 215 — Surah Ash-Shuara 26:215

၂၁၅။ ထို့အပြင်သင်၏ ယုံကြည်သူနောက်လိုက်တို့အား သနားကြင်နာခြင်းဖြင့် ဆက်ဆံလော့။

Verse 216 — Surah Ash-Shuara 26:216

၂၁၆။ ထို့အပြင်အကယ်၍ သင်၏ဆွေမျိုးရင်းချာတို့သည် သင့်အား နားမထောင်ကြလျှင် သူတို့အား ဟယ်-အချင်းတို့၊ ငါသည် သင်တို့၏အပြစ်မှ ကင်းရှင်း၏ဟု ပြောလော့။

Verse 217 — Surah Ash-Shuara 26:217

၂၁၇။ ထို့အပြင်သင်သည် အနန္တတန်ခိုးတော်အရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်အား ယုံကြည်ကိုးစားလော့။

Verse 218 — Surah Ash-Shuara 26:218

၂၁၈။ အရှင်မြတ်သည် သင်ဆွလားသ်ဝတ်ပြုရန် မတ်မတ်ရပ်သောအခါ၌သော်လည်းကောင်း။

Verse 219 — Surah Ash-Shuara 26:219

၂၁၉။ ထို့အပြင် ဆွလတ်ဝတ်၌ ပျပ်ဝတ်ညွှတ်ချ၍ သူတို့ ဆွလတ်ဝတ်၌ ပျပ်ဝတ်ချသူတို့ အထဲ၌ သင်၏ ဦးညွှတ်နှိမ့်ချခြင်းကိုသော်၄င်း မြင်တော်မူ၏။

Verse 220 — Surah Ash-Shuara 26:220

၂၂ဝ။ မှတ်သားလော့၊ အရှင်မြတ်သာလျှင် ကြားတော်မူသောအရှင်၊ သိတော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 221 — Surah Ash-Shuara 26:221

၂၂၁။ ရှိုင်တန်မာရ်နတ်များသည် မည်သူ့အပေါ်သို့ ကျရောက်လာသည်ကို သင့်အား ငါပြောပြတော်မူရမည်လော။

Verse 222 — Surah Ash-Shuara 26:222

၂၂၂။ သူတို့သည် အပြစ်ကျူးလွန်သောမုသားကောင်တိုင်းအပေါ်သို့ ကျရောက်ကြ၏။

Verse 223 — Surah Ash-Shuara 26:223

၂၂၃။ ထိုသူတို့သည် စိတ်ထက်သန်ခြင်းဖြင့် နားထောင်ကြ၏၊ သို့သော်သူတို့အနက် များလှစွာသောသူတို့သည် မုသားကောင်များဖြစ်ကြ၏။

Verse 224 — Surah Ash-Shuara 26:224

၂၂၄။ သို့သော်ပျို့ကဗျာလင်္ကာဆရာများကို အယူမှားသူတို့လိုက်နာကြ၏။

Verse 225 — Surah Ash-Shuara 26:225

၂၂၅။ ထိုလင်္ကာဆရာများ တောင်ကြားချိုင့်ဝှမ်းတိုင်းတွင် လမ်းမှားနေသည်ကိုသော်လည်းကောင်း။

Verse 226 — Surah Ash-Shuara 26:226

၂၂၆။ သူတို့သည် မိမိတို့မပြုသည်ကို ပြုသကဲ့သို့ ပြောဆိုသည်ကိုသော်လည်းကောင်း၊ သင်မမြင်သလော။

Verse 227 — Surah Ash-Shuara 26:227

၂၂၇။ သို့သော်အကြင်သူတို့သည် ယုံကြည်ကြ၏၊ ကောင်းမှုများပြုကြ၏၊ အလ္လာဟ်အား ကောင်းစွာအာရုံပြုကြ၏၊ မတရားနှိပ်စက်ပြီးနောက် မိမိကိုယ်ကို မိမိကာကွယ်ကြ၏၊ ထိုသူတို့အပေါ်သို့ မာရ်နတ်များမကျဆင်းနိုင်ကြချေ၊ ဒုစရိုက်ပြစ်မှုကျူးလွန်သူတို့သည် မည်သည့်ဖျက်ဆီးမှုက မိမိတို့အား ဖျက်ဆီးသည်ကို သိကြရလတ့ံ။