Verse 1 — Surah Ar-Rum 30:1
၁။ ''အလိ(ဖ်)လာမ်မီး(မ်)''။
Verse 2 — Surah Ar-Rum 30:2
၂။ ရောမမြို့သားတို့ကို နှိမ်နင်းပြီ။
Verse 3 — Surah Ar-Rum 30:3
၃၊၄။ သူတို့ကို အနီးအနားရှိ အရပ်ဒေသများတွင် နှိမ်နင်း၏၊ သို့သော်သူတို့သည် စစ်ရှုံးပြီး ဆယ်နှစ်ကြာသောအခါ စစ်နိုင်သူများဖြစ်ကြရမည်၊ အလျင်ကိစ္စ၊ နောက်ကိစ္စ၊ကိစ္စနှစ်ခုလုံးပင်လျှင် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ် တော်ဖြစ်၏၊ ထိုနေ့၌ အရှင်မြတ်နှင့် ယုံကြည်သူတို့သည် ဝမ်းမြောက်ဝမ်းသာရှိကြလိမ့်မည်။
Verse 4 — Surah Ar-Rum 30:4
၃၊၄။ သူတို့ကို အနီးအနားရှိ အရပ်ဒေသများတွင် နှိမ်နင်း၏၊ သို့သော်သူတို့သည် စစ်ရှုံးပြီး ဆယ်နှစ်ကြာသောအခါ စစ်နိုင်သူများဖြစ်ကြရမည်၊ အလျင်ကိစ္စ၊ နောက်ကိစ္စ၊ကိစ္စနှစ်ခုလုံးပင်လျှင် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ် တော်ဖြစ်၏၊ ထိုနေ့၌ အရှင်မြတ်နှင့် ယုံကြည်သူတို့သည် ဝမ်းမြောက်ဝမ်းသာရှိကြလိမ့်မည်။
Verse 5 — Surah Ar-Rum 30:5
၅။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အောင်မြင်အောင် စောင်မတော်မူသဖြင့် ရွှင်မြူးကြ၏၊ အရှင်မြတ်သည် အလိုတော်ရှိသူအား အောင်မြင်အောင် ကူညီတော်မူ၏၊ အရှင်မြတ်သည် အနန္တတန်ခိုးူတော်ရှင်၊ အနန္တ ကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။
Verse 6 — Surah Ar-Rum 30:6
၆။ ဤအရာများသည် အလ္လာဟ်အရှင်မြတ်၏ ကတိသစ္စာတော်ဖြစ်၏၊ အရှင်မြတ်သည် မိမိကတိသစ္စာကို ဖျက်တော် မမူချေ၊ သို့သော်လူသားတို့အနက် အများအပြားတို့သည် မသိကြချေ။
Verse 7 — Surah Ar-Rum 30:7
၇။ သူတို့သည် အပေါ်ရိကလောကီရေးရာကိုသာ သိကြ၏၊ နောင်တမလွန်ဘဝကို အရေးမစိုက်ကြချေ။
Verse 8 — Surah Ar-Rum 30:8
၈။ သူတို့သည် မိမိတို့အကြောင်းကို မဆင်ခြင်မသုံးသပ်ကြသလော၊ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေပြင် မိုးကောင်းကင်နှင့် မိုးမြေအကြားရှိရှိသမျှအပေါင်းကို အခြားကြောင့်ဖန်ဆင်းတော်မူသည်မဟုတ်၊ မှန်ကန်ခြင်း တရားနှင့် ရည်မှန်းထားသောပန်းတိုင်ကို ပြဖို့ရာ ဖန်ဆင်းတော်မူ၏၊ သို့သော်လူသားအမြောက်အများတို့သည် သူတို့၏ အရှင်သခင်ရှေ့တော်သို့ ဝင်ရမည်ကို မုချဧကန်မယုံကြည်ကြချေ။
Verse 9 — Surah Ar-Rum 30:9
၉။ သူတို့သည် ပထဝီမြေပေါ်တွင် လှည့်လည်သွားလာ၍ သူတို့ထက် ရှေးကျသောသူတို့သည် အဘယ်ကဲ့သို့ ဘဝခရီးဆုံးရသည်ကို မမြင်ကြသလော၊ ရှေးလူဟောင်းတို့သည် ယခုလူများထက် ခွန်အားဗလကြီးမား၏၊ သူတို့သည် မြေကို တူး၍ မြေပေါ်တွင် တည်ဆောက်ခြင်းတွင် ယခုလူများထက် ပိုမိုကျွမ်းကျင်ကြ၏၊ ထို လူဟောင်းများထံသို့ မိမိတို့သားချင်းဖြစ်သောတမန်တော်အသီးသီးလာရောက်ကြ၏၊ အလ္လာဟ်အရှင်မြတ်သည် အချုပ်အခြာအာဏာကို ထောက်ခံသည့်ထင်ရှားသောအကိုးအကားများူကို ယူဆောင်လာကြသည်။ အမှန် ဆိုသော် ထိုလူဟောင်းတို့အား အလ္လာဟ်အရှင်မြတ်သည် မတရာစီရင်တော်မမူချေ၊ သူတို့သည် မိမိကိုယ်ကို မိမိပြစ်မှားသူများဖြစ်ကြ၏။
Verse 10 — Surah Ar-Rum 30:10
၁ဝ။ မကောင်းမှုကို ပြုကျင့်သူတို့သည် မကောင်းကျိုးကိုသာ ခံစားရ၏၊ အကြောင်းမူကားသူတို့သည် အလ္လာဟ် အရှင်မြတ်၏ နှုတ်ကပတ်တော်များကို မယုံကြည်ပြောင်လှောင်ရယ်မောကြ၏။
Verse 11 — Surah Ar-Rum 30:11
၁၁။ အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခြင်းကို စတင်စီရင်တော်မူ၏၊ ထပ်မံဖန်ဆင်းတော်မူ၏၊ ထို့နောက်သင်တို့ အားလုံးကို အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြန်ပို့မည်သာတည်း။
Verse 12 — Surah Ar-Rum 30:12
၁၂။ တရားစီရင်တော်မူသောနေ့တော်ကြီး၌ မတရားမှုကျူးလွန်သူတို့သည် စိတ်ပျက်ကြရလိမ့်မည်။
Verse 13 — Surah Ar-Rum 30:13
၁၃။ သူတို့ အလ္လာဟ်အရှင်မြတ်နှင့် တန်းတူပြိုင်ဆိုင်ထားသောဘုရားတုများမှ သူတို့အား တောင်းပန်ကယ်နှုတ်သူ တစ်ယောက်မျှရှိမည်မဟုတ်ချေ၊ ထိုနေ့၌ သူတို့သည် မိမိတို့၏ဘုရားပျက်များကို စွန့်ပစ်ကြလိမ့်မည်။
Verse 14 — Surah Ar-Rum 30:14
၁၄။ တရားစီရင်တော်မူသောနေ့တော်ကြီး၌ သူတို့ကို ခွဲခြားတော်မူမည်။
Verse 15 — Surah Ar-Rum 30:15
၁၅။ အကြင်သူတို့သည် ယုံကြည်၍ ကောင်းမှုပြုခဲ့ကြအ့ံ၊ ထိုသူတို့အား နိဗ္ဗာန်ဥယျာဉ်တော်၌ ရွှန်လန်းပျော်ပါးစေ တော်မူမည်။
Verse 16 — Surah Ar-Rum 30:16
၁၆။ သို့သော်အကြင်သူတို့သည် အယူမှား၍ ငါအရှင်၏နှုတ်ကပတ်တော်များကို ပယ်ရှားလျက် နောင်ဘဝတွင် ငါ့ရှေ့တော်သို့ ဝင်ရမည်ကိုလည်း မယုံကြည်ကြအ့ံ၊ ထိုသူတို့အား ပျက်စီးဆုံးရှုံးရာသို့ ဆိုက်ရောက်စေတော် မူလိမ့်မည်။
Verse 17 — Surah Ar-Rum 30:17
၁၇။ ထို့ကြောင့်သင်တို့သည် ညဉ့်အချိန်သို့ဝင်သောအခါသော်လည်းကောင်း၊ နံနက်အချိန်သို့ ဝင်သောအခါသော် လည်းကောင်း၊ ဆွလားသ်ဝတ်ပြုကြလော့၊ အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးတသကြလော့။
Verse 18 — Surah Ar-Rum 30:18
၁၈။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် ချီးမွမ်းခြင်းတည်ရာသည် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏၊ မွန်းလွဲနှင့် မွန်းတည့်အချိန်များတွင်လည်း ဆွလားသ်ဝတ်ပြုကြလော့။
Verse 19 — Surah Ar-Rum 30:19
၁၉။ အလ္လာဟ်အရှင်မြတ်သည် သက်မဲ့မှ သက်ရှိကို ဖန်ဆင်းတော်မူ၏၊ သက်ရှိကိုလည်း သက်မဲ့ဖြစ်စေတော်မူ၏၊ မြေသေကို တဖန်မြေရှင်ဖြစ်စေတော်မူ၏၊ ထိုသို့ပင်လျှင်သင်တို့ကို ရှင်ပြန်ထမြောက်စေတော်မူလိမ့်မည်။
Verse 20 — Surah Ar-Rum 30:20
၂ဝ။ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးအ့ံဖွယ်တော်များအနက် တစ်ပါးမှာ အရှင်မြတ်သည် သင်တို့အား မြေမှုန့်မှ ဖန်ဆင်းတော်မူခြင်းဖြစ်သည်၊ သင်တို့သည် မြေပေါ်တွင် အနှံ့အပြားသွားလာနေကြသည်ကို ကြည့်ကြလော့။
Verse 21 — Surah Ar-Rum 30:21
၂၁။ တဖန်အလ္လာဟ်အရှင်မြတ်၏ တန်ခိုးအ့ံဖွယ်တော်များအနက် တစ်ပါးမှာ သင်တို့သည် မိမိတို့၏ဇနီးနှင့် အမော အပန်းပြေဖို့ရာ သင်တို့အမျိုးအနွယ်ဘက်မှ ဇနီးမိန်းမများကို ဖန်ဆင်းပေးတော်မူ၏၊ ထို့အပြင်အရှင်မြတ်သည် သင်တို့ဇနီးမောင်နှံတို့အား တစ်ဦးနှင့်တစ်ဦးချစ်ခင်မြတ်နိုးသနားကြင်နာတတ်သောစိတ်သဘောကို စီရင်ပေး သနားတော်မူ၏၊ မှတ်သားကြလော့၊ ဤအကြောင်းအရာ၌ တွေးတောဆင်ခြင်တတ်သူတို့အဖို့အရာ နိမိတ် လက္ခဏာတော်များအမှန်ပါရှိ၏။
Verse 22 — Surah Ar-Rum 30:22
၂၂။ တဖန်အလ္လာဟ်အရှင်မြတ်၏ တန်ခိုးအ့ံဖွယ်တော်များအနက် တစ်ပါးမှာ မိုးမြေကို ဖန်ဆင်းတော်မူခြင်း၊ သင်တို့ ဘာသာစကားနှင့် အရောင်အဆင်းကို ခွဲခြားဖန်ဆင်းတော်မူခြင်းတို့ဖြစ်ကြ၏၊ မှတ်သားကြလော့၊ ဤဖန်ဆင်း တော်မူခြင်း၌ ပညာရှိသူတို့အဖို့အရာ နိမိတ်လက္ခဏာတော်များအမှန်ပါရှိ၏။
Verse 23 — Surah Ar-Rum 30:23
၂၃။ တဖန်အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်အ့ံဖွယ်တော်များအနက် တစ်ပါးမှာ သင်တို့သည် နေ့နှင့် ညတွင် အိပ်စက်အမောအပန်းဖြေခြင်းနှင့် အရှင်မြတ်၏ ရိက္ခာကျေးဇူးတော်ကို ရှာမီးခြင်းတို့ဖြစ်ကြ၏၊ မှတ်သားကြလော့၊ ဤအချင်းအရာတွင် တရားတော်ကို လေးစားသူတို့အဖို့အရာ နိမိတ်လက္ခဏာတော်ကြီးများအမှန်ပါရှိ၏။
Verse 24 — Surah Ar-Rum 30:24
၂၄။ တဖန်အလ္လာဟ်အရှင်မြတ်၏ တန်ခိုးအ့ံဖွယ်တော်များအနက် တစ်ပါးမှာ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ထိတ်လန့်ကြောက်ရွံ့ဖို့ရာသော်လည်းကောင်း၊ မျှော်လင့်ကိုးစားဖို့ရာသော်လည်းကောင်း၊ လျှပ်စစ်မိုးကြိုအခိုးအလျှံ ကို ပြသတော်မူ၏၊ မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူ၏၊ ထိုမိုးရေအားဖြင့် သေပြီးသောမြေကို တဖန်ရှင်စေတော်မူ၏၊ မှတ်သားကြလော့၊ ဤအချက်အရာများ၌ နားလည်သိတတ်သူတို့အဖို့အရာ နိမိတ်လက္ခ ဏာတော်ကြီးများပါရှိ၏။
Verse 25 — Surah Ar-Rum 30:25
၂၅။ တဖန်အလ္လာဟ်အရှင်မြတ်၏ တန်ခိုးအ့ံဖွယ်တော်များအနက် တစ်ပါးမှာ မိုးကောင်ကင်နှင့် ကမ္ဘာမြေပြင်သည် အရှင်မြတ်၏ ဗျာဒိတ်တော်ကြောင့် ခိုင်ခန့်မြဲမြံစွာတည်နေရ၏၊ ထို့နောက်အရှင်မြတ်ဆင့်ခေါ်တော်မူသောအခါ သင်တို့သည် မြေကြီးထဲမှ အမှန်ထွက်လာကြရမည်သာတည်း။
Verse 26 — Surah Ar-Rum 30:26
၂၆။ မြေနှင့်ဘင်္ဂတွင် ရှိသမျှအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်သည် စိုးပိုင်တော်မူ၏၊ အနန္တစကြဝဠာတို့သည် အရှင်မြတ်အား ကျိုးနွံနာခံကြ၏။
Verse 27 — Surah Ar-Rum 30:27
၂၇။ အလ္လာဟ်အရှင်မြတ်သည် ရှေးဦးစတင်ဖန်ဆင်းတော်မူပြီးလျှင် အဖန်တလဲလဲဖန်ဆင်းတော်မူ၏၊ ဤဖန်ဆင်းမှု သည် အရှင်မြတ်အဖို့ အလွန်လွယ်ကူချေ၏၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ဝယ်ရှိသောဥပမာတို့တွင် မြင့်မြတ် ကြီးကျယ်ခမ်းနားဆုံးသောဥပမာတို့နှင့်သာ အရှင်မြတ်ကို ဥပမာဆောင်နိုင်၏၊ အရှင်မြတ်သည် အနန္တတန်ခိုး တော်ရှင်သခင် သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။
Verse 28 — Surah Ar-Rum 30:28
၂၈။ အရှင်မြတ်သည် သင်တို့အဖို့အရာ ဥပမာတစ်ခုစီရင်တော်မူ၏၊ သင်တို့၏အခိုင်းအစေများသည် သင်တို့အား ငါပေးသနားတော်မူသောစည်းစိမ်ဥစ္စာတွင် သင်တို့နှင့်ညီတူညီမျှဝေစုရှိနိုင်သလော၊ ထိုသို့ဝေစုရှိသောကြောင့် သင်တို့အချင်းချင်းကြောက်ရွံ့သကဲ့သို့ သင်တို့သည် မိမိတို့ကျေးကျွန်များကို ကြောက်ရွံ့ကြသလော၊ ထိုနည်းတူ သင်တို့သည် ငါဖန်ဆင်းတော်မူသောအရာများကို ငါနှင့်တန်းတူထား၍ ခဝပ်ကိုးကွယ်ကြမည်လော၊ ဤနည်း အားဖြင့် ငါသည် ဉာာဏ်ပညာရှိသူတို့အဖို့အရာ ကျမ်းတော်မြတ်ကို ရှင်းလင်းဖော်ပြတော်မူ၏။
Verse 29 — Surah Ar-Rum 30:29
၂၉။ ထိုသို့စီရင်တော်မူသော်လည်း မတရားမှုကျူးလွန်သူတို့သည် အသိပညာမရှိပဲ မိမိတို့ကိလေသာဖုံးပိတ် မကောင်း ဓာတ်ဆွဲငင်ရာကိုသာ အမြဲလိုက်နာပြုမူကြ၏၊ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှားတွင် ပစ်ထား ပါမူ ထိုသူအား အဘယ်သူသည် လမ်းမှန်ကို ညွှန်ပြနိုင်အ့ံနည်း၊ ဤကဲ့သို့သောအမိုက်တုံးတို့အား ကူညီစောင်မ မည့်သူမရှိချေ။
Verse 30 — Surah Ar-Rum 30:30
၃ဝ။ တမန်တော်မိုဟမ္မဒ်၊ ဇာတိပကတိအားဖြင့် ဖြောင့်မတ်မှန်ကန်သကဲ့သို့ သင်သည် သာသနာရေးတွင် မိမိ၏ ရည်ရွယ်ချက်ကို ဖြောင့်မတ်စေလော့၊ အလ္လာဟ်အရှင်မြတ်သည် လူသားကို ဖန်ဆင်းတော်မူသောအခါ ရိုးသား ဖြောင့်မတ်ခြင်းစိတ်ဓာတ်ကို ထည့်သွင်းပေးသနားတော်မူ၏၊ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခြင်းနှင့်သက်ဆိုင် သောပညတ်တော်များသည် တစ်စုံတစ်ရာပြောင်းလဲခြင်းမရှိ၊ ပကတိမြဲမြံစွာတည်ရှိ၏၊ ဤဖြောင့်မတ်မှန်ကန် စင်ကြယ်ခြင်းသဘောတရားသည် သာသနာအစစ်အမှန်ဖြစ်၏၊ သို့သော်များလှစွာသောလူသားတို့သည် မသိ ကြချေ။
Verse 31 — Surah Ar-Rum 30:31
၃၁။ ထိုသဘောတရားအတိုင်း အလ္လာဟ်အရှင်မြတ်ဘက်တော်သို့သာ လှည့်ရကြ၏၊ အရှင်မြတ်၏ အမှုတော်ကို ကြေကုန်အောင် ထမ်းကြလော့၊ ဆွလားသ်ဝတ်ပြုကြလော့၊ အရှင်မြတ်နှင့်တွဲဖက်၍ ဘုရားတုဘုရားယောင် များကို ကိုးကွယ်သူတို့ဘောင်တွင် မပါဝင်ကြလင့်။
Verse 32 — Surah Ar-Rum 30:32
၃၂။ ဤသူများသည် မိမိတို့သာသနာကို အစိတ်စိတ်အမွှာအမွှာပြုလုပ်ကြ၏၊ များလှစွာသောဂိုဏ်းများကို ထောင်ကြ ၏၊ ထိုဂိုဏ်းသားတို့သည် မိမိတို့အယူဝါဒအသီးသီးတွင် မြူးတူးပျော်ရွှင်ကြ၏။
Verse 33 — Surah Ar-Rum 30:33
၃၃။ သို့သော်ဘေးဥပါဒ်ထိသောအခါ လူသားတို့သည် သတိသံဝေဂရလျက် မိမိ၏အရှင်သခင်ဘက်တော်သိို့ မျက်နှာ မူ၍ အထံတော်၌ ဆုတောင်းကြ၏၊ ထို့နောက်အရှင်မြတ်၏ ကယ်တင်ခြင်းကျေးဇူးတော်ကို မြည်းရသောအခါ မြည်းရသည်နှင့်တပြိုင်နက် သူတို့အနက် အချို့သောသူတို့တွင် ဘုရားတုဘုရားယောင်များကို မိမိတို့၏ကျေးဇူး တော်သခင်နှင့်တွဲဖက်ကိုးကွယ်ကြ၏။
Verse 34 — Surah Ar-Rum 30:34
၃၄။ ငါပေးသနားတော်မူသောကျေးဇူးတော်ကို မယုံကြည်ဖို့ရာ ထိုသို့ပြုမူကြ၏၊ ဤကျေးဇူးကန်းသူတို့အား သင်တို့ သည် လောကီစည်းစိမ်ကို ခေတ္တခဏခံစားကြလော့၊ သို့သော်သင်တို့သည် သိကြရလတ့ံဟု ဗျာဒိတ်စကား မိန့်တော်မူ၏။
Verse 35 — Surah Ar-Rum 30:35
၃၅။ သို့မဟုတ်ငါသည် ထိုမိစ္ဆာမိုက်တို့အား ထိုသို့အရှင်မြတ်နှင့်တွဲဖက်မှုကို ပြုဖို့ရာ ဗျာဒိတ်ပေးတော်မူခဲ့ဖူးသလော။
Verse 36 — Surah Ar-Rum 30:36
၃၆။ ငါသည် လူသားတို့အား ကောင်းကြီးမင်္ဂလာတော်ကို မြည်းစေတော်မူသောအခါ သူတို့သည် ဝမ်းမြောက်ရွှင်လန်း စွာမြည်းကြကုန်၏၊ သို့သော် သူတို့၏ပြုကျင့်မှုကြောင့် တစ်စုံတစ်ခုသောအန္တရာယ်သည် သူတို့အပေါ်သို့ ကျရောက်လာလျှင် သူတို့သည် မုချဧကန်စိတ်ပျက်လက်လျှော့၍ မျှော်ကိုးရာကင်းမဲ့သကဲ့သို့ ဖြစ်ကြ၏။
Verse 37 — Surah Ar-Rum 30:37
၃၇။ အလ္လာဟ်အရှင်မြတ်သည် စည်းစိမ်ချမ်းသာကျယ်ဝန်းစေလိုတော်မူသောသူအား ကျယ်ဝန်းစေကြောင်း၊ စည်းစိမ် ချမ်းသာကျဉ်းမြောင်းစေလိုတော်မူသောသူအား ကျဉ်းမြောင်းစေလိုကြောင်းကို လူသားတို့မသိကြသလော၊ ဤအချင်းအရာ၌ ယုံကြည်သူတို့အဖို့အရာ နိမိတ်လက္ခဏာတော်များမုချဧကန်ပါရှိ၏။
Verse 38 — Surah Ar-Rum 30:38
၃၈။ ထို့ကြောင့်သင်တို့သည် ဆွေမျိုးညာတိတို့အား သူတို့၏အခွင့်အရေးအတိုင်း ပေးကမ်းစွန့်ကြဲကြလော့၊ သူဆင်းရဲ နှင့် ခရီးသည်တို့အား ထောက်ပ့ံလှုဒါန်းကြလော့၊ ဤထောက်ပံ့လှုဒါန်းခြင်းသည် အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်ကို ဖူးဖြင်လိုသူများအတွက် အလွန်မွန်မြတ်သောကျင့်မှုဖြစ်၏၊ ထိုသို့အလှုပေးသူများသည် အောင် မြင်သူများဖြစ်ကြ၏။
Verse 39 — Surah Ar-Rum 30:39
၃၉။ သူတပါး၏ ပစ္စည်းဥစ္စာအားဖြင့် မိမိစီးပွားဖြစ်စေခြင်းငှာ အတိုးချသောအရင်းပစ္စည်းသည် အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်ကို ဖူးမြင်လိုသောဆန္ဒဖြင့် ပေးသောအလှုဒါနသည် အဆပေါင်းများစွာတိုးပွား၏။
Verse 40 — Surah Ar-Rum 30:40
၄ဝ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို ဖန်ဆင်းကျွေးမွေးထားတော်မူ၏၊ ထို့နောက်သင်တို့ကို သေစေတော်မူ၏၊ ထို့နောက်ပြန်ရှင်စေတော်မူ၏၊ သင်တို့ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်သောဘုရားတုဘုရားယောင်များသည် ထိုကဲ့သို့တစ်စုံတစ်ရာစီရင်ပြုလုပ်နိုင်ကြသလော၊ သူတို့တွဲဖက်သောဘုရားတုများထက် အလ္လာဟ်အရှင်မြတ်သည် အတိုင်းမသိ၊ သာလွန်မြင့်မြတ်တော်မူ၏၊ ကုံလုံအ့ံချီးမဆုံးဖြစ်တော်မူ၏။
Verse 41 — Surah Ar-Rum 30:41
၄၁။ လူသားတို့၏လက်များသည် ဒုစရိုက်မှုများကို ပြုကြသောကြောင့် ကြည်းရေနှစ်ပါးအရပ်များ၌ ဘေးအန္တရာယ် သည် အနှံ့အပြားပေါ်ပေါက်လာ၏၊ ထိုပေါ်လာရခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား မိမိတို့ ပြုကျင့်မှုအချို့၏ အရသာကို မြည်းစမ်းစေဖို့ရာဖြစ်၏၊ သို့မှသာလျှင်သူတို့သည် သုစရိုက်မှုသို့ ပြန်လာကြ လိမ့်မည်။
Verse 42 — Surah Ar-Rum 30:42
၄၂။ မိုဟမ္မဒ်၊ သင်သည် အယူမှားသူတို့အား ဟယ်-အချင်းတို့၊ ကမ္ဘာမြေပေါ်တွင် လှည့်ပတ်သွားလာ၍ သင်တို့ထက် ရှေးကျသောလူဟောင်းတို့သည် မည်သို့ဖြစ်ပျက်ကြလေသည်ကို ကြည့်ရှုကြလော့၊ သူတို့အနက် အများအပြား တို့သည် ဆင်းတုရုပ်များသည် ကိုးကွယ်သူများဖြစ်ကြ၏။
Verse 43 — Surah Ar-Rum 30:43
၄၃။ ထို့ကြောင့်ရှောင်တိမ်း၍မရနိုင်သောနေ့တော်ကြီးသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ မကျရောက်မီ သင်သည် သာသနာအစစ်အမှန်ကို စိတ်အားထက်သန်စွာနှင့် ယုံကြည်အားထုတ်လော့၊ ထိုနေ့တော်ကြီး၌ လူသားအပေါင်း တို့ကို နှစ်မျိုးနှစ်စားခွဲခြားထားလိမ့်မည်။
Verse 44 — Surah Ar-Rum 30:44
၄၄။ အကြင်သူသည် အယူမှားအ့ံ၊ ထိုသူသည် ထိုနေ့တော်ကြီး၌ မိမိ၏ မိစ္ဆာဝါဒ၏ အကျိုးဆက်များကို ခံစားရ၏၊ သို့သော်မှန်ကန်မှုကို ပြုကျင့်သူတို့မူကား မိမိတို့အတွက် ရိက္ခာစုဆောင်းထားကြ၏။
Verse 45 — Surah Ar-Rum 30:45
၄၅။ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်၍ သုစရိုက်ကောင်းမှုပွားများသူတို့အား မိမိ၏ကောင်းကြီးမင်္ဂလာတော်များမှ ရက်ရက်ရောရောပေးသနားတော်မူ၏၊ မှတ်သားကြလော့၊ အရှင်မြတ်သည် မိမိ၏အဆုံးအမတော်ကို မလေးစား မယုံကြည်သူတို့ကို နှစ်သက်တော်မမူချေ။
Verse 46 — Surah Ar-Rum 30:46
၄၆။ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးအံ့ဖွယ်တော်များအနက် တစ်ပါးမှာ သင်တို့သည် အရှင်မြတ်၏ ကောင်းကြီး မင်္ဂလာတော်ကို မြည်းစေရန်သော်လည်းကောင်း၊ အရှင်မြတ်၏ အမိန့်တော်အားဖြင့် လှေသင်္ဘောများနှင့် သွားလာဖို့ရန်သော်လည်းကောင်း၊ သင်တို့သည် အရှင်မြတ်၏ကျေးဇူးတော်ကို ရှာမှီးဖို့ရန်သော်လည်းကောင်း၊ အရှင်မြတ်သည် လေကို တင်ကြိုတိုက်ခတ်စေတော်မူ၏၊ ၎င်းစီရင်တော်မူခြင်းကား သင်တို့သည် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ရင့်ကျုးဖို့ရာဖြစ်၏။
Verse 47 — Surah Ar-Rum 30:47
၄၇။ မိုဟမ္မဒ်၊ ငါသည် သင်မပွင့်မီအချိန်ကာလတွင် တမန်တော်အသီးသီးတို့ကို ၎င်းတို့၏ အမျိုးသားတို့ထံသို့ မုချစေလွှတ်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် အချုပ်အခြာအာဏာပိုင်သတော်မူကြောင်းကို ထင်ရှားစေသော ရှင်းလင်းခိုင်မာသည့်သက်သေခံချက်ကြီးများကို ထိုတမန်တော်တို့ယူဆောင်လာကြ၏၊ ထို့နောက်ငါသည် တမန် တော်တို့အား ပြစ်မှားသောသူတို့ကို လက်စားချေတော်မူ၏၊ ယုံကြည်သူတို့ကို စောင်မကြည့်ရှုမှုကား အရှင်မြတ် ၏ တာဝန်တော်ဖြစ်၏။
Verse 48 — Surah Ar-Rum 30:48
၄၈။ အလ္လာဟ်အရှင်မြတ်သည် လေများအား မိုးတိမ်တို့ကို ယူဆောင်သွားဖို့ရာ တိုက်ခတ်စေတော်မူ၏၊ အရှင်မြတ် သည် မိမိအလိုတော်အတိုင်း မိုးတိမ်တို့ကို အထက်ကောင်းကင်ဝယ် ဖြန့်ခင်းတော်မူ၏၊ ထို့အပြင်အရှင်မြတ်သည် မိုးတိမ်တို့ကို အပိုင်းပိုင်းအစစဖြစ်စေတော်မူ၏၊ ထို့နောက် ထိုမိုးတိမ်မှ မိုးရွာသွန်းချသည်ကို သင်မြင်ရ၏၊ ထို့အပြင်အရှင်မြတ်သည် မိမိကျေးကျွန်များအနက် အလိုတော်ရှိသူတို့အပေါ်သို့ မိုးရွာသွန်းစေတော်မူ၏၊ ထိုအခါ သူတို့သည် မုချဧကန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။
Verse 49 — Surah Ar-Rum 30:49
၄၉။ စင်စစ်အားဖြင့် ထိုသူတို့သည် သူတို့အပေါ်သို့ မိုးမရွာသွန်းမီ မိုးတိမ်ကို မမျှော်လင့်လက်လျှော့နေကြ၏။
Verse 50 — Surah Ar-Rum 30:50
၅ဝ။ ထို့ကြောင့်သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်၏ အမှတ်အသားကို သေပြီးသောမြေ အား ပြန်ရှင်စေခြင်း၌ ကြည့်ရှုကြလော့၊ အရှင်မြတ်သည် သေသူတို့ကို ရှင်ပြန်ထမြောက်စေတော်မူသောအရှင်၊ အရာရာတို့ကို ပြုနိုင်စွမ်းတော်မူသောအရှင်တည်း။
Verse 51 — Surah Ar-Rum 30:51
၅၁။ အကယ်၍ငါသည် လေကို စေလွှတ်တော်မူ၍ သူတို့သည် ထိုလေဝါဝင်လာသည်ကို မြင်ရကြပါလျက် သူတို့သည် မိစ္ဆာဝါဒကို ဆက်လက်ယုံကြည်ကြသေး၏။
Verse 52 — Surah Ar-Rum 30:52
၅၂။ အမှန်မှာ သင်မိုဟမ္မဒ်သည် သေသူများကို ကြားအောင်မပြုနိုင်ချေ၊ နားပင်းသူတို့ကိုလည်း သူတို့ထွက်ပြေးသွား သောအခါ ကြားအောင်မခေါ်နိုင်ချေ။
Verse 53 — Surah Ar-Rum 30:53
၅၃။ ထို့အပြင်သင်သည် မျက်စိကန်းသူတို့ကိုလည်း ၎င်းတို့အမှားမှ အမှန်သို့ မညွှန်ပြနိုင်ချေ၊ ငါသည် ကျမ်းတော်မြတ် ကို ယုံကြည်၍ ငါ့ကို ကျိုးနွံနာခံသူတို့မှတပါး အခြားသူတို့ကို ကြားအောင် သင်သည် မပြုနိုင်ချေ။
Verse 54 — Surah Ar-Rum 30:54
၅၄။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို အင်အားနည်းပါးချိနဲ့သောဘဝတွင် ဖန်ဆင်းတော်မူ၏၊ ၎င်းဘဝမှ ခွန်အား ကြီးမားသောဘဝသို့ ပို့တော်မူ၏၊ အင်အားသန်စွမ်းသောဘဝမှ အင်အားနည်းပါး၍ ဆံပင်ဖြူအိုမင်းမစွမ်းချိနဲ့ သောဘဝသို့ တဖန်ရောက်စေတော်မူ၏၊ အရှင်မြတ်သည် မိမိအလိုတော်ရှိရာကို ဖန်ဆင်းတော်မူ၏၊ သဗ္ဗညုတ ဉာာဏ်တော်ရှင်၊ အနန္တတန်ခိုးတော်သခင်ဖြစ်တော်မူ၏။
Verse 55 — Surah Ar-Rum 30:55
၅၅။ အချိန်တော်ကြီးဆိုက်ရောက်လာသောနေ့၌ အပြစ်ရှိသူများက သူတို့သည် တစ်နာရီအချိန်လောက် ဆိုင်းင့ံနေခဲ့ပါ သည်ဟု ကျိန်ဆိုကြလတ့ံ၊ ထိုသို့သူတို့သည် လှည့်စားခြင်းကို အမြဲခံရကြ၏။
Verse 56 — Surah Ar-Rum 30:56
၅၆။ သို့သော်အကြင်သူတို့သည် ဉာာဏ်ပညာဂုဏ်နှင့် ယုံကြည်ခြင်းဂုဏ်များဖြင့် ချီးမြှင့်ခြင်းကို ခံရကြ၏၊ ထိုသူတို့က ဟယ်-အချင်းတို့၊ အမှန်ကိုဆိုသော် သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်ကြောင့် ရှင်ပြန်ထမြောက် ရသောနေ့တော်ကြီးတိုင်အောင် ဆိုင်းင့ံနေခဲ့ကြရ၏၊ ဤနေ့သည်ကား ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး ပင်တည်း။
Verse 57 — Surah Ar-Rum 30:57
၅၇။ ထိုနေ့တော်ကြီး၌ မတရားမှုကျူးလွန်သူတို့ချေပလျှောက်လဲချက်များသည် သူတို့အား အကျိုးမပေးချေ၊ ထို့အပြင် ၎င်းတို့အား မိမိကိုယ်ကို မိမိပြုပြင်ခွင့်ပေးတော်မူလိမ့်မည်မဟုတ်ချေ။
Verse 58 — Surah Ar-Rum 30:58
၅၈။ အမှန်မှာ ငါသည် လူသားတို့အဖို့အရာ ကျမ်းမြတ်ကုရ်အာန်၌ ပမာပမြည်အမျိုးမျိုးအဖုံဖုံတို့အား စီရင်ထား တော်မူ၏၊ တမန်တော်၊ အကယ်၍သင်သည် သူတို့ထံသို့ အ့ံဖွယ်သရတစ်ပါးပါးကို ဆောင်ကြဉ်းလာလျှင် မိစ္ဆာဒိဋ္ဌိမိုက်တို့က ဟယ်-အချင်းတို့၊ သင်တို့သည် မျက်လှည့်အတတ်၌ လိမ္မာသူလူလိမ်လူကောက်များသာ ဖြစ်ကြ၏ဟု အမှန်ကြွေးကြော်ကြလတံ့။
Verse 59 — Surah Ar-Rum 30:59
၅၉။ အလ္လာဟ်အရှင်မြတ်သည် မသိသောသူတို့၏ စိတ်နှလုံးကို ထိုကဲ့သို့တံဆိပ်ခတ်နှိပ်တော်မူ၏။
Verse 60 — Surah Ar-Rum 30:60
၆ဝ။ ထို့ကြောင့်မိုဟမ္မဒ်၊ သင်သည် သည်းခံခြင်းတရားကို မြဲမြံစွာကိုင်ထားလော့၊ အလ္လာဟ်အရှင်မြတ်၏ ကတိတော် သည် အမှန်ပင်မှန်ကန်၏၊ ထို့ကြောင့်ယုံမှားသင်္ကာရှိသောမိစ္ဆာမိုက်တို့သည် သင့်အား စိတ်မတိုစိတ်မပျက် စေလင့်။