Back to Languages

Burmese - Chapter 36 - Ya-Sin

Translation by Ba Sein — Permalink

Verse 1 — Surah Ya-Sin 36:1

၁။ ယာဆင်။

Verse 2 — Surah Ya-Sin 36:2

၂၊၃၊၄။ ပညာအလင်းရောင်တောက်ပနေသောဤကုရ်အာန်ကျမ်းတော်မြတ်ကို အကြောင်းပြု၍ သင်သည် သမ္မာတရား လမ်းတော်ကြီးကို ရရှိသူတမန်တော်များအနက် တစ်ဦးအမှန်အကန်ဖြစ်၏။

Verse 3 — Surah Ya-Sin 36:3

၂၊၃၊၄။ ပညာအလင်းရောင်တောက်ပနေသောဤကုရ်အာန်ကျမ်းတော်မြတ်ကို အကြောင်းပြု၍ သင်သည် သမ္မာတရား လမ်းတော်ကြီးကို ရရှိသူတမန်တော်များအနက် တစ်ဦးအမှန်အကန်ဖြစ်၏။

Verse 4 — Surah Ya-Sin 36:4

၂၊၃၊၄။ ပညာအလင်းရောင်တောက်ပနေသောဤကုရ်အာန်ကျမ်းတော်မြတ်ကို အကြောင်းပြု၍ သင်သည် သမ္မာတရား လမ်းတော်ကြီးကို ရရှိသူတမန်တော်များအနက် တစ်ဦးအမှန်အကန်ဖြစ်၏။

Verse 5 — Surah Ya-Sin 36:5

၅။ ဤကျမ်းတော်မြတ်သည် အနန္တတန်ခိုးတော်အရှင်၊ မဟာဂရုဏာတော်သခင်ချပေးသနားတော်မူသည့် နှုတ် ကပတ်တော်ပေတည်း။

Verse 6 — Surah Ya-Sin 36:6

၆။ မိမိတို့မိဘများလည်း အဆုံးအမမခံရကြ၊ မိမိတို့လည်း တရားတော်ကို အရေးမစိုက်၊ ထိုသူမိုက်တို့အား ဆုံးမသွန်သင်ဖို့ရာ ဤကျမ်းတော်မြတ်ကို ချပေးသနားတော်မူ၏။

Verse 7 — Surah Ya-Sin 36:7

၇။ ဤစကားသည် ထိုသူများအနက် အများအပြားအတွက် မှန်ကန်ပေ၏၊ အဘယ်ကြောင့်ဆိုသော်သူတို့၌ ယုံကြည် ခြင်းသဘောကင်းမဲ့သောကြောင့်ပေတည်း။

Verse 8 — Surah Ya-Sin 36:8

၈။ ငါအရှင်မြတ်သည် သူတို့၏လည်ပင်းတွင် မေးစေ့အထိ မကောင်းကျိုး၊ လည်ထိပ်လည်တောက်များတပ်ဆင် ထားတော်မူ၏၊ ထို့ကြောင့်သူတို့၏ ဦးခေါင်းများသည် မော့နေကြသောကြောင့် သူတို့၌ မြင်နိုင်စွမ်းရှိသော သတ္တိကင်းမဲ့လျက်ရှိနေကြ၏။

Verse 9 — Surah Ya-Sin 36:9

၉။ တဖန်သူတို့ကို ရှေ့မှလည်းကောင်း၊ အမှောင်ထုတံတိုင်းကြီးများဖြင့် ငါအရှင်မြတ်ကာဆီးထားတော်မူ၏၊ အမှောင် ထုဖြင့်လည်း ဖုံးလွှမ်းထားတော်မူ၏၊ ထို့ကြောင့်သူတို့သည် အလင်းမရ၊ မျက်မမြင်ကဲ့သို့ ဖြစ်ရကြ၏။

Verse 10 — Surah Ya-Sin 36:10

၁ဝ။ ထိုသူယုတ်များအား သင်သည် သွန်သင်ဆုံးမသည်ဖြစ်စေ၊ မဆုံးမသည်ဖြစ်စေ၊ မထူးချေ၊ သူတို့သည် မယုံကြည် ကြချေ။

Verse 11 — Surah Ya-Sin 36:11

၁၁။ သင်သည် အဆုံးအမတော်ကို လိုက်နာကျင့်သုံးသောမဟာဂရုဏာတော်အရှင်အား မဖူးမမြင်ရပဲလျက် ကြောက်ရွ့ံ ရိုကျိုးသူကိုသာလျှင် သွန်သင်ပဲ့ပြင်နိုင်၏၊ ထိုသူမြတ်တို့အား အပြစ်လွှတ်တော်မူမည်၊ အောင်ဆုမင်္ဂလာကို ရက်ရောစွာပေးတော်မူမည့်အကြောင်း သတင်းကောင်းမင်္ဂလာကို ပေးလော့။

Verse 12 — Surah Ya-Sin 36:12

၁၂။ ငါအရှင်မြတ်သည် သေသူတို့ကို ရှင်ပြန်ထစေတော်မူ၏၊ သူတို့၏ တင်ကြိုပို့ထားနှင့်သောအမှုအခင်းများနှင့် နောက်တွင် ကျန်ရစ်သောအမှုအခင်းများကိုလည်း ငါသည် မှတ်သားထားတော်မူ၏၊ အရာခပ်သိမ်းကို သက်သေ ခံချက်စာရင်းစာအုပ်ကြီးတွင် အစုံအလင်ရှင်းလင်းစွာရေးသားမှတ်ထားတော်မူ၏။

Verse 13 — Surah Ya-Sin 36:13

၁၃။ အို-တမန်တော်၊ ဤမြို့သူမြို့သားတို့၏ အတ္ထုပ္ပတ္တိကို ဥပမာဆောင်၍ သင်ဟောပြောလော့၊ မှတ်လော့၊ ထို မြို့သို့ တရားဟောပြောရန် တမန်တော်များကြွလာတော်မူ၏။

Verse 14 — Surah Ya-Sin 36:14

၁၄။ ငါသည် ထိုမြို့သူမြို့သားတို့ထံ တမန်တော်နှစ်ပါးကို ရှေးဦးစွာစေလွှတ်တော်မူသောအခါ သူတို့သည် တမန်တော် များကို မယုံကြည်ငြင်းပယ်ကြ၏၊ သို့သော်ငါသည် ထိုတမန်တော်တို့ကို တတိယတမန်တော်အားဖြင့် ဖြည့်တင်း တော်မူ၏၊ သူတို့ဟောပြောကြသည်မှာ အချင်းတို့၊ သင်တို့အား သမ္မာတရားတော်ကို ဟောပြောသွန်သင်ပေး ဖို့ရာ ငါတို့ကို အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူ၏။

Verse 15 — Surah Ya-Sin 36:15

၁၅။ မြို့သူမြို့သားတို့က ပြန်ပြောသည်မှာ သင်တို့သည် ငါတို့ကဲ့သို့ သေမျိုးများသာဖြစ်ကြ၏၊ မဟာကရုဏာတော် အရှင်သည် သင်တို့အား မည်သည့်ဗျာဒိတ်တော်မျှချပေးတော်မမူချေ၊ သင်တို့သည် မဟုတ်မမှန်မုသားစကား ဆိုသူတို့သာတည်း။

Verse 16 — Surah Ya-Sin 36:16

၁၆၊၁၇။ တမန်တော်တို့ပြန်ကြားကြသည်မှာ အသင်တို့အား ဖြောင့်မတ်မှန်ကန်သောတရားတော်ကို ဟောပြောစေခြင်းငှာ ငါတို့ကို စေလွှတ်လိုက်တော်မူ၏၊ ထိုအကြောင်းကို အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်ကိုယ်တော်တိုင် သိတော်မူ၏၊ ငါတို့၏ ဝတ္တရားမှာကား အဓိပ္ပါယ်ရှင်းလင်းသည့်ကျမ်းတော်မြတ်ကို ဟောပြောကြေငြာရန်သာ ဖြစ်၏။

Verse 17 — Surah Ya-Sin 36:17

၁၆၊၁၇။ တမန်တော်တို့ပြန်ကြားကြသည်မှာ အသင်တို့အား ဖြောင့်မတ်မှန်ကန်သောတရားတော်ကို ဟောပြောစေခြင်းငှာ ငါတို့ကို စေလွှတ်လိုက်တော်မူ၏၊ ထိုအကြောင်းကို အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်ကိုယ်တော်တိုင် သိတော်မူ၏၊ ငါတို့၏ ဝတ္တရားမှာကား အဓိပ္ပါယ်ရှင်းလင်းသည့်ကျမ်းတော်မြတ်ကို ဟောပြောကြေငြာရန်သာ ဖြစ်၏။

Verse 18 — Surah Ya-Sin 36:18

၁၈။ မြို့သားတို့က တဖန်ဆိုကြသည်မှာ ငါတို့ကား သင်တို့ထံမှ ဘေးဘယာကျရောက်မည့်နိမိတ်လက္ခဏာဆိုးကိုသာ မြင်ရ၏၊ သင်တို့သည် မိမိတို့တရားဟောပြောခြင်းကို မရပ်စဲပါလျှင် ငါတို့သည် သင်တို့အား မုချဧကန်ကျောက်ခဲ နှင့်ထုအ့ံ၊ အလွန်ပြင်းထန်သည့်ညှင်းပန်းမှုကို မချွတ်ဧကန်ပြုကြလတ့ံ။

Verse 19 — Surah Ya-Sin 36:19

၁၉။ တမန်တော်တို့ပြန်ချေပြောပြသည်မှာ သင်တို့၏ အတိတ်ဆိုး၊ နိမိတ်ဆိုးများမှာ သင်တို့ကြောင့်သာလျှင် ဖြစ်ပေါ် လာကြ၏၊ သင်တို့အား သမ္မာတရားတော်ကို ပြသသွန်သင်ဆုံးမခြင်းကို သင်တို့သည် မကောင်းဆိုးဝါးသော အတိနိမိတ်ဟု ထင်မှတ်ကြသလော၊ ထိုသို့မဖြစ်နိုင်ချေ၊ သင်တို့သည် မှန်သောတရားတော်ကို အလွန်အကျူး ဖောက်ဖျက်သူများသာတည်း။

Verse 20 — Surah Ya-Sin 36:20

၂ဝ။ ထိုအခါတွင် မြို့စွန်မြို့ဖျားမှ လူတစ်ယောက်သည် အို-အချင်းတို့၊ တမန်တော်တို့စကားကို နားထောင်ကြပါ ကုန်ဟု ဟစ်အော်ကြွေးကြော်လျက် ပြေးလာ၏။

Verse 21 — Surah Ya-Sin 36:21

၂၁။ ထိုလူဆက်လက်ပြောကြားသည်မှာ အချင်းတို့၊ တမန်တော်တို့စကားကို နားထောာင်ကြပါကုန်၊ သူတို့သည် တရားတော်ကို ဟောရခြင်းကြောင့် သင်တို့ထံမှ အခကြေးငွေတစ်စုံတစ်ရာမျှမတောင်းချေ၊ သူတို့သည် တရားမှန် ကို ရရှိသူများသာဖြစ်ကြ၏။

Verse 22 — Surah Ya-Sin 36:22

၂၂။ ငါသည် မိမိကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို မခဝပ်မကိုးကွယ်လျှင် ငါ၌ ဆင်ခြင်တုံတရားမရှိရာ ရောက်ချေမည်၊ အရှင်မြတ်ထံသို့ သင်တို့အားလုံးသည် ပြန်ကြရမည်သာတည်း။

Verse 23 — Surah Ya-Sin 36:23

၂၃။ ငါသည် အလ္လာဟ်အရှင်မြတ်အစား ဘုရားတုဘုရားယောင်များကို ဝတ်ပြုမည်လော၊ မဟာဂရုဏာတော်အရှင် သည် ငါ့အား ဆင်းရဲဒုက္ခပေးရန် ကြံစည်တော်မူအ့ံ၊ ထိုဘုရားတုများသည် ငါ့ကို တောင်းပန်ကယ်နှုတ်နိုင်မည် မဟုတ်ချေ၊ သူတို့သည် ငါ့ကို ဘေးဥပါဒ်မှ ကယ်တင်နိုင်မည်လည်းမဟုတ်ချေ။

Verse 24 — Surah Ya-Sin 36:24

၂၄။ အလ္လာဟ်အရှင်မြတ်မှတပါး ဘုရားတုများကို ကိုးကွယ်ခဲ့လျှင် ငါသည် ထင်ရှားသောအမှားကြီးကို ပြုမိလတ့ံ။

Verse 25 — Surah Ya-Sin 36:25

၂၅။ ငါ့မှာမူကား သင်တို့အားလုံး၏ အသက်သခင်ကျေးဇူးရှင်အားသာလျှင် ယုံကြည်၏၊ သို့အတွက် ငါ့စကားကို နားထောင်ကြပါကုန်။

Verse 26 — Surah Ya-Sin 36:26

၂၆။ ထိုသူမွန်တို့ထံ ကျလာသောဗျာဒိတ်တော်မှာကား သင်သည် နိဗ္ဗာန်ဥယျာဉ်တော်သို့ ဝင်လော့၊ ထိုသူမြတ် ညည်းတွားသည်မှာ အလို၊ ငါသိသည့်အကြောင်းအရာကို ငါ့အမျိုးသားတို့သိလျှင် ကောင်းလေစွ။

Verse 27 — Surah Ya-Sin 36:27

၂၇။ အကြောင်းမူကားငါ၏ အရှင်သခင်သည် ငါ့ကို အပြစ်မှ ခွင့်လွှတ်တော်မူပြီးလျှင် အရှင်မြတ်ဂုဏ်ပြုတော်မူသော သူတော်ကောင်းတို့၏ ဘောင်တွင်လည်း ငါ့အား သွင်းထားတော်မူပြီ။

Verse 28 — Surah Ya-Sin 36:28

၂၈။ ထိုသူမြတ်သေလွန်ပြီးသည်နောက် သူ၏အမျိုးသားတို့ကို တိုက်ခိုက်ဖို့ရာ ငါအရှင်မြတ်သည် ကောင်းကင်ဘုံမှ စစ်သည်တော်များကို စေလွှတ်တော်မမူချေ၊ သူတို့ကို တိုက်ခိုက်ရန် စစ်ဆင်ဖို့ရာမလိုချေ။

Verse 29 — Surah Ya-Sin 36:29

၂၉။ အလွန်ကြီးမားပြင်းထန်သည့်ပေါက်ကွဲခြင်းကြောင့်သာ သူတို့သည် ပြာအတိဖြစ်လျက် ဆိတ်ဆိတ်ငြိမ်သွားလေ၏။

Verse 30 — Surah Ya-Sin 36:30

၃ဝ။ အို-တမန်တော်၊ အယူမှားသူတို့အတွက် ဝမ်းနည်းဖွယ်ကောင်းပေစွ၊ အကြောင်းမူကား ထိုသူမိုက်တို့ထံ တမန်တော်ရောက်မလာလေမှ၊ ရောက်လာလျှင် သူတို့သည် တမန်တော်ကို မကြည်ညိုမရိုသေမယုံကြည်ပဲ ပျက်ရယ်ပြုကြ၏။

Verse 31 — Surah Ya-Sin 36:31

၃၁။ ထိုသူယုတ်တို့သည် မိမိတို့ကို မဖန်ဆင်းမီအထက်ကျော်ကာလ၌ အဘယ်မျှသောလူမျိုးဆက်ကို ငါအရှင်မြတ် ဖျက်သိမ်းတော်မူသည်ကို မသိကြသလော၊ ဤသေကြေပျက်စီးသွားသူတို့သည် ဤလူမိုက်တို့ထံ ပြန်လာမည် မဟုတ်ချေ။

Verse 32 — Surah Ya-Sin 36:32

၃၂။ သို့သော်ဤလွန်လေပြီးသောလူတိုင်း၊ အားလုံးပင် ငါအရှင်မြတ်၏ မျက်မှောက်တော်သို့ စစ်ကြောစီရင်ဖို့ အလို့ငှာ ဝင်ကြရလိမ့်မည်။

Verse 33 — Surah Ya-Sin 36:33

၃၃။ ထိုသူတို့အနက်ငါအရှင်မြတ်ပြထားတော်မူသောနိမိတ်လက္ခဏာတော်များအနက် တစ်ပါးသောလက္ခဏာတော်မှာ သွေ့ခြောက်သယောင်း၍ နေသောမြေသေမြေဟောင်းများပင်ဖြစ်၏၊ ထိုမြေသေမြေဟောင်းများကို ငါတဖန် ရှင်စေတော်မူ၏၊ ငါသည် ထိုမြေမှ ကောက်ပဲသီးနှံများကို ဖြစ်ထွန်းစေတော်မူ၏၊ ထိုအသီးအနှံတို့ကို သင်တို့မှီဝဲ စားသုံးကြရ၏။

Verse 34 — Surah Ya-Sin 36:34

၃၄။ ထို့အပြင်ပထဝီမြေကြီးပေါ်တွင် စွန်ပလွန်၊ သပြက်စသောဥယျာဉ်များကို ဖန်ဆင်းတော်မူ၏၊ ထိုဥယျာဉ်များတွင် စိမ့်စမ်းရေကို ချောင်းမြောင်းအသွယ်သွယ်တို့တွင် အယဉ်ထွေထွေစီးဆင်းလျက်နေစေ၏၊

Verse 35 — Surah Ya-Sin 36:35

၃၅။ထိုဥယျာဉ်များဖြင့် ကမ္ဘာမြေကြီးကို တန်ဆာဆင်ယင်ထားရခြင်းအကြောင်းမူကား ထိုဥယျာဉ်များမှ ထွက်သောအသီးအနှံ၊ ဝတ်ဆံ ပွင့်ဖူးအထူးထူးကို သူတို့မှီဝဲသုံးစားဖို့ရာ အလို့ငှာဖြစ်၏၊ ထိုသီးနှံပွင့်ဖူးများကို သူတို့ပြုလုပ်နိုင်ကြသည်မဟုတ်၊ ထို့ကြောင့်သူတို့သည် ငါ၏ကျေးဇူးတော်ကို ချီးမွမ်းကြမည်မဟုတ်လော။

Verse 36 — Surah Ya-Sin 36:36

၃၆။ ပထဝီမြေကြီးပေါ်၌ ပေါက်ရောက်သောသစ်ပင်ဝါးပင်များ၊ လူသားတို့နှင့် လူသားတို့မသိသေးသောအခြားအရာ ဝထ္ထုစသည့်အရာခပ်သိမ်းကုန်သောအရာများကို အစုံစုံတွဲဖက်၍ ဖန်ဆင်းတော်မူသောအလ္လာဟ်အရှင်မြတ်သည် စုံလင်တော်မူသောအနန္တဂုဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 37 — Surah Ya-Sin 36:37

၃၇။ ထို့အပြင်သူတို့အတွက် ငါပြထားတော်မူသောတပါးသောနိမိတ်လက္ခဏာတော်မှာ ညဉ့်ဖြစ်၏၊ ငါသည် ညဉ့်မှ နေ့၏ အလင်းရောင်ကို ထုတ်ယူတော်မူလိုက်သည်နှင့်တပြိုင်နက်သူတို့သည် အမှောင်ထုအတွင်းသို့ ကျရောက် သွားကြရ၏။

Verse 38 — Surah Ya-Sin 36:38

၃၈။ ထို့အပြင်နေလည်း ငါပြဋ္ဌာန်းထားသောရာသီအလိုက်သာလျှင် သွားလာဝင်ထွက်ရ၏၊ စင်စစ်အားဖြင့်ယင်းအချက် တော်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်၊ အလ္လာဟ်အရှင်မြတ်၏ စီမံခန့်ခွဲတော်မူခြင်း ဖြစ်၏။

Verse 39 — Surah Ya-Sin 36:39

၃၉။ ငါသည် လအတွက်လည်း သွားလာဝင်ထွက်လှည့်လည်ရန် လမ်းကို သတ်မှတ်ပိုင်းခြားတော်မူ၏၊ လသည် လဆန်းပက္ခ၌ တရွေ့ရွေ့ကြီး၍ လဆုတ်ပက္ခ၌ တရွေ့ရွေ့ငယ်ပြီးလျှင် စွန်ပလွံကိုင်းခြောက်ပမာဖြစ်သွား၏။

Verse 40 — Surah Ya-Sin 36:40

၄၀။ နေသည် ရာသီစက်ဝန်းတွင် ကူးပြောင်းသွားလာရာ၌ လကို မှီအောင် လိုက်ခွင့်မရှိချေ၊ ညဉ့်သည်လည်း နေ့ကို ကျော်လွန်သွားနိုင်ခွင့်မရှိချေ၊ ထိုနေ့နှင့်လစသည့်ကောင်းကင်တန်ဆာတို့သည် အလ္လာဟ်အရှင်မြတ် ပညတ်ထားတော်မူသောနည်းဥပဒေသအတိုင်းသာလျှင် မိမိတို့စက်ဝန်းအတွင်းတွင် လူးလာပြန်ခတ်သွားလာ နေကြရ၏။

Verse 41 — Surah Ya-Sin 36:41

၄၁။ ထို့အပြင်သူတို့အတွက် ငါ၏တပါးသောနိမိတ်လက္ခဏာတော်မှာ လူသား၏အဆက်အနွယ်များကို သက်ရှိသက်မဲ့ အစာရိက္ခာပြည့်နှက်စွာပါရှိသောသင်္ဘောထက်သို့ တက်စေ၍ သူတို့အား ကမ္ဘာမြေကြီးကို ရေလွှမ်းမိုးစဉ်အခါဝယ် ငါယူဆောင်ကယ်တင်တော်မူ၏။

Verse 42 — Surah Ya-Sin 36:42

၄၂။ ထို့အပြင်ငါသည် သူတို့စီးနင်းစေဖို့ရာ ထိုသင်္ဘောကဲ့သို့ လှေငယ်တက်ငယ်များကို ပြုပြင်ဖန်ဆင်းထားတော်မူ၏။

Verse 43 — Surah Ya-Sin 36:43

၄၃၊၄၄။ အကယ်၍ငါသည် အလိုတော်ရှိက သူတို့ကို ရေတွင် နစ်မြုပ်နစ်မွန်းစေနိုင်၏၊ ထိုအခါသူတို့၏ မြည်တမ်းငိုကြွေး ခြင်းကို ကြားမည့်သူ၊ သူတို့ကို ကယ်ဆယ်စောင်မမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှရှိမည်မဟုတ်ချေ၊ ငါ၏ ဂရုဏာတော်မှတပါး သူတို့ကို မည်သူမျှ ဤရေဘေးမှ မကယ်နှုတ်နိုင်ချေ၊ သူတို့အား သတ်မှတ်ပိုင်းခြားထား တော်မူသောရက်တိုင်အောင် လောကီစည်းစိမ်ကို ခံစားစေတော်မူ၏။

Verse 44 — Surah Ya-Sin 36:44

၄၃၊၄၄။ အကယ်၍ငါသည် အလိုတော်ရှိက သူတို့ကို ရေတွင် နစ်မြုပ်နစ်မွန်းစေနိုင်၏၊ ထိုအခါသူတို့၏ မြည်တမ်းငိုကြွေး ခြင်းကို ကြားမည့်သူ၊ သူတို့ကို ကယ်ဆယ်စောင်မမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှရှိမည်မဟုတ်ချေ၊ ငါ၏ ဂရုဏာတော်မှတပါး သူတို့ကို မည်သူမျှ ဤရေဘေးမှ မကယ်နှုတ်နိုင်ချေ၊ သူတို့အား သတ်မှတ်ပိုင်းခြားထား တော်မူသောရက်တိုင်အောင် လောကီစည်းစိမ်ကို ခံစားစေတော်မူ၏။

Verse 45 — Surah Ya-Sin 36:45

၄၅။ ထိုသူတို့အား အချင်းတို့၊ သင်တို့ကို အလ္လာဟ်အရှင်မြတ်သနားစောင့်ရှောက်ချီးမြှောက်စေခြင်းငှာ သင်တို့သည် မိမိတို့ရှေ့တွင် တင်ကြိုပို့နှင့်သောအမှုအခင်းများကိုသော်လည်းကောင်း၊ မိမိတို့နောက်တွင် ကျန်ရစ်ခဲ့မည့် အမှုအခင်းမျာကိုသော်လည်းကောင်း၊ ကြောက်ရွံ့ကြလော့ဟု ဆုံးမပြောဆိုသောအခါ သူတို့သည် နားမထောင်၊ ကျောပေးကြ၏။

Verse 46 — Surah Ya-Sin 36:46

၄၆။ ထိုသူတို့သည် သူတို့၏အရှင်သခင်၏ တန်ခိုးနိမိတ်လက္ခဏာတော်များအနက် တစ်ပါးပါးသောလက္ခဏာတော် ပေါ်ပေါက်လာလျှင် ထိုသူယုတ်တို့သည် ထိုနိမိတ်လက္ခဏာတော်ကို ကျောခိုင်းသွားကြ၏။

Verse 47 — Surah Ya-Sin 36:47

၄၇။ ထို့အပြင်ထိုသူတို့အား အချင်းတို့၊ သင်တို့၏ ကျေးဇူးတော်သခင်ချပေးသနားတော်မူသောစည်းစိမ်ဥစ္စာများ မှ ပေးကမ်းစွန့်ကြဲကြလော့ဟု ပြောသောအခါ အယူလွဲသူတို့က အယူမှန်သူတို့အား ပြန်ပြောကြသည်မှာ အကြင်သူတို့ကို အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါလျှင် ကျွေးမွေးနိုင်ပါလျက် ထိုသူတို့ကို ငါတို့ကျွေးမွေး ရမည်လော၊ သင်တို့၏အယူဝါဒသည် အမှားကြီးမှားပေစွ။

Verse 48 — Surah Ya-Sin 36:48

၄၈။ တဖန်ထိုသူမိုက်တို့မေးမြန်းကြသည်မှာ သင်တို့သည် အမှန်စကားကိုဆိုလျှင် ကတိထားတော်မူသောစစ်ကြော စီရင်မည့်နေ့တော်ကြီး မည်သည့်အခါကျရောက်မည်နည်း။

Verse 49 — Surah Ya-Sin 36:49

၄၉။ ထိုသူယုတ်တို့သည် ပြင်းထန်သောပေါက်ကွဲခြင်းကိုသာ စောင့်ဆိုင်းနေကြသည်၊ ထိုပေါက်ကွဲခြင်းသည် သူတို့ အား အချင်းချင်းငြင်းခုံနေကြစဉ်တွင် ရုတ်တရက်ထိခိုက်လတ့ံ။

Verse 50 — Surah Ya-Sin 36:50

၅၀။ ထိုအခါသူတို့သည် မိမိတို့အမှုအခင်များကို သေတမ်းစာရေးလျက် ထုခွဲပေးကမ်းရန်သော်လည်းကောင်း၊ ဆွေမျိုး သားချင်းထံ ပြန်ရန်သော်လည်းကောင်း၊ အခွင့်အရေးရမည်မဟုတ်ချေ။

Verse 51 — Surah Ya-Sin 36:51

၅၁။ တံပိုးမှုတ်လတံ့၊ မှုတ်လိုက်သည်နှင့်တပြိုင်နက်သင်္ချိုင်းမှ သူသေအပေါင်းတို့သည် သူတို့၏ အရှင်သခင်ထံ လျင်မြန်စွာပြေးလာကြရလိမ့်မည်။

Verse 52 — Surah Ya-Sin 36:52

၅၂။ ထိုအခါသူတို့ညည်းညူမြည်တမ်းကြမည်မှာ ငါတို့သည် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်လေစွ၊ ငါတို့ကို ငြိမ်သက်စွာ အိပ်နေရာမှ အဘယ်သူသည် ထစေပါသနည်း၊ အသံတစ်ခုက ပြန်ပြောသည်မှာ ဤဟာသည် မဟာဂရုဏာ တော်ရှင်အလ္လာဟ်အရှင်မြတ်ကတိသစ္စာထားတော်မူသောရှင်ပြန်ထမြောက်ခြင်းပေတည်း၊ တမန်တော်တို့၏ ဟောပြောချက်သည် မှန်ပေစွ။

Verse 53 — Surah Ya-Sin 36:53

၅၃။ ဤသို့ရှင်ပြန်ထမြောက်စိမ့်သောငှာ တံပိုးတစ်ကြိမ်သာမှုတ်၏၊ တံပိုးတစ်ကြိမ်မှုတ်ခါမျှနှင့် သေသူအားလုံးတို့သည် ရှင်ပြန်ထမြောက်၍ ငါအရှင်မြတ်မျက်မှောက်တော်သို့ ဝင်ကြရ၏။

Verse 54 — Surah Ya-Sin 36:54

၅၄။ ထို့အပြင်ထိုနေ့တော်ကြီး၌ မည်သည့်ဝိညာဉ်ကိုမျှ မတရားခံစားစေမည်မဟုတ်ချေ၊ သင်တို့အား မိမိတို့ပြုကျင့် ခဲ့သောကောင်းကျိုးဆိုးပြစ်များအလျောက်သာလျှင် ပြန်ပေးလတ့ံ။

Verse 55 — Surah Ya-Sin 36:55

၅၅။ အကယ်စင်စစ်နိဗ္ဗာန်ဥယျာဉ်တော်ကို ဝင်ရသူသည် ထိုနေ့တော်ကြီး၌ မိမိတို့ပြုလုပ်သမျှတွင် မြူးတူးပျော်ရွှင် ကြရလတ့ံ။

Verse 56 — Surah Ya-Sin 36:56

၅၆။ သူတို့နှင့် သူတို့၏မိန်းမတို့သည် သစ်ပင်အုပ်များ၏ အေးမြသောအရိပ်အာဝါသအောက်၌ ဂုဏ်ကျက်သရေ မင်္ဂလာရှိသောပလ္လင်များပေါ်တွင် လဲလျောင်းစံစားနေရကြလတ့ံ။

Verse 57 — Surah Ya-Sin 36:57

၅၇။ ထိုဥယျာဉ်တော်တွင် သူတို့မှီဝဲစားသုံးရန်အတွက် သစ်သီးသစ်ဥအမျိုးမျိုးရှိလတ့ံ၊ သူတို့သည် မိမိလိုရာဟူသမျှကို ရရှိကြလတ့ံ။

Verse 58 — Surah Ya-Sin 36:58

၅၈။ ငြိမ်သက်စေကုန်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်၏ နှုတ်ဆက်နှုတ်ကပတ်တော်တည်း။

Verse 59 — Surah Ya-Sin 36:59

၅၉။ ထို့အပြင် အို--ငရဲသားအပေါင်းတို့၊ ဤနေ့တွင် နင်တို့သီးခြားနေကြလော့။

Verse 60 — Surah Ya-Sin 36:60

၆၀။ အို-အာဒမ်၏ သားမြေးအပေါင်းတို့၊ နင်တို့၏ ရန်သူဟု အတိအလင်းကြေငြာထားသောရှိုင်တန်မာရ်နတ်ကို မခဝပ်မကိုးကွယ်ကြကုန်လင့်ဟု ငါအရှင်မြတ်သည် နင်တို့အား ပညတ်တော်မူသည်မဟုတ်လော။

Verse 61 — Surah Ya-Sin 36:61

၆၁။ ထို့အပြင်ငါ့အား ခဝပ်ကိုးကွယ်ကြကုန်လော့၊ ထိုကိုးကွယ်ခြင်းသာလျှင် လမ်းမှန်ဖြစ်ကြောင်းကို ဗျာဒိတ်ချပေး တော်မူသည်မဟုတ်လော။

Verse 62 — Surah Ya-Sin 36:62

၆၂။ သို့သော်ရှိုင်တန်မာရ်နတ်သည် နင်တို့အနက် အမြောက်အမြားသောသူတို့ကို လမ်းမှားသို့ လှည့်ဖြားပို့ဆောင် လေ၏၊ ထိုဖျားယောင်းခြင်းသည် နင်တို့မသိမမြင်ကြသလော။

Verse 63 — Surah Ya-Sin 36:63

၆၃။ နင်တို့အား အထပ်ထပ်ခြိမ်းခြောက်ဟောပြောခဲ့သည့်ငရဲသည်ကား ဤအရာပင်တည်း။

Verse 64 — Surah Ya-Sin 36:64

၆၄။ နင်တို့သည် သမ္မာတရားတော်ကို စွဲစွဲမြဲမြဲငြင်းဆန်ပယ်ရှားသောကြောင့် ယနေ့ငရဲမီးကို ဖက်ကြလော့။

Verse 65 — Surah Ya-Sin 36:65

၆၅။ ထိုနေ့တော်ကြီး၌ လူသားတို့၏ပါးစပ်များကို ချိတ်တံဆိပ်ရိုက်နှိပ်ပိတ်ထားလတ့ံ၊ သို့သော်သူတို့၏ လက်များက ငါအရှင်မြတ်အား လျှောက်ထားကြလတ့ံ၊ ခြေများကလည်း လူသားတို့ပြုလုပ်သမျှကို သက်သေခံကြလတ့ံ။

Verse 66 — Surah Ya-Sin 36:66

၆၆။ ငါသည် အလိုတော်ရှိလျှင် လူသားတို့၏ မျက်စိများကို ဧကန်အမှန်ထုတ်ယူပစ်ခဲ့လတ့ံ၊ ထိုအခါသူတို့သည် လမ်းူကို မမြင်၊ စမ်းတဝါးဝါးရှာလျက် ပြေးကြရလတ့ံ၊ သို့သော်သူတို့သည် အဘယ်နည်းအားဖြင့်မြင်နိုင်အ့ံနည်း။

Verse 67 — Surah Ya-Sin 36:67

၆၇။ ထို့အပြင်ငါသည် အလိုတော်ရှိလျှင် လူသားတို့ကို မိမိတို့နေရာမှ မလှုပ်မရှားမရွေ့မပြောင်းနိုင်သည့်ဘဝသို့ ပြောင်းလဲစေခဲ့လတ့ံ၊ ထိုအခါသူတို့သည် သွားလာလှုပ်ရှားခြင်းကို မပြုလုပ်နိုင်ချေ၊ ဒုစရိုက်မှုများကိုလည်း ကျူးလွန်မည်မဟုတ်ချေ။

Verse 68 — Surah Ya-Sin 36:68

၆၈။ ငါသည် မည်သူ့ကိုမဆို အသက်အရွယ်ကြီးရင့်အိုမင်းအောင် ထားတော်မူလျှင် ထိုသူအား သဘာဝအတိုင်း ခွန်အားနည်းပါးသောအဖြစ်သို့ ရောက်အောင် ငါပြန်လှည့်တော်မူ၏၊ သို့ပါလျက် သူတို့သည် ငါ၏ အနန္တ တန်ခိုးတော်ကို အဘယ်ကြောင့်စဉ်းစားဆင်ခြင်သိမြင်ခြင်းမရှိကြသနည်း။

Verse 69 — Surah Ya-Sin 36:69

၆၉။ ငါသည် တမန်တော်မုဟမ္မဒ်အား လင်္ကာရေးအတတ်ပညာကို သင်ကြားပြသတော်မမူချေ၊ ထိုပညာသည် တမန်တော်နှင့် သင့်တင့်လျောက်ပတ်ခြင်းမရှိချေ၊ ဤကျမ်းတော်မြတ်ကား အခြားမဟုတ်၊ ဆုံမသြဝါဒဓမ္မနှင့် ကြေငြာထင်ရှားအဓိပ္ပါယ်နက်နဲလှသောကုရ်အာန်ဒေသနာတော်ကြီးသာတည်း။

Verse 70 — Surah Ya-Sin 36:70

၇၀။ ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ချပေးသနားတော်မူရသည့်အကြောင်းရင်းကား စိတ်နှလုံးရှင်၊ ယုံကြည်သူ အပေါင်းတို့ကို ဆုံးမပဲ့ပြင်ဟောပြောစိမ့်သော်ငှာလည်းကောင်း၊ သူသေအလား သမ္မာတရားတော်ကို မယုံကြည် ငြင်းဆန်သူမိစ္ဆာဒိဋ္ဌိအားလုံးတို့အပေါ်၌ ငရဲအပြစ်ဒဏ်ထိုက်ကြောင်း ထင်ရှားစေသောသက်သေခံချက်ဖြစ်စိမ့် သောငှာလည်းကောင်း၊ ဤအကြောင်းနှစ်ပါးကြောင့် ကျမ်းမြတ်ကုရ်အာန်ကို ငါချပေးသနားတော်မူ၏။

Verse 71 — Surah Ya-Sin 36:71

၇၁။ ငါသည် မိမိတန်ခိုးတော်ဖြင့် ဖန်ဆင်းတော်မူသောအရာဝထ္ထုများအနက် လူသားတို့အဖို့ သူတို့စိုးပိုင်သည့်ခြေ လေးချောင်းရှိ တိရိစ္ဆာန်များကို ဖန်ဆင်းပေးသနားတော်မူသည်ကို သူတို့သည် အဘယ်ကြောင့်စဉ်းစားဆင်ခြင် သိမြင်ခြင်းမရှိသနည်း။း

Verse 72 — Surah Ya-Sin 36:72

၇၂။ ထို့အပြင်ငါသည် ထိုတိရိစ္ဆာန်များကို လူသားတို့ခိုင်းစေသုံးစွဲနိုင်ဖို့ရာ စီရင်ပေးတော်မူ၏၊ သူတို့သည် ထိုတိရိစ္ဆာန် များအနက် အချို့ကို စီးနင်းကြရသည်၊ အချို့ကို စားသုံးကြရသည်။

Verse 73 — Surah Ya-Sin 36:73

၇၃။ ထို့အပြင်လူသားတို့သည် ထိုတိရိစ္ဆာန်များမှ အခြားများမြောင်သောအကျိုးစီးပွားကိုလည်း ရရှိကြ၏၊ သောက် စရာနို့ရည်ကိုလည်း ရရှိကြ၏၊ သူတို့သည် ငါ၏ ကျေးဇူးတော်ကို အဘယ်ကြောင့်မချီးမွမ်းကြသနည်း။

Verse 74 — Surah Ya-Sin 36:74

၇၄။ သို့သော်သူတို့သည် မိမိတို့အား စောင့်ရှောက်မည်ဟု မျှော်လင့်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်မှတပါး ဘုရားတု ဘုရားယောင်တို့ကို ဆည်းကပ်ကိုးကွယ်ကြ၏။

Verse 75 — Surah Ya-Sin 36:75

၇၅။ ထိုဘုရားတိုတို့၌ မိမိတို့ကိုးကွယ်သည့်အယူမှားသူတို့အား စောင့်ရှောက်ရန် တန်ခိုးအာဏာမရှိချေ၊ ထိုအယူလွဲသူ များသည် ဘုရားတုဘုရားယောင်တို့နှင့်တကွ ငါ၏ရာဇပလ္လင်တော်ရှေ့သို့ စစ်ကြောအစီရင်ခံဖို့ရာ ဝင်ကြရလတ့ံ။

Verse 76 — Surah Ya-Sin 36:76

၇၆။ အို-တမန်တော်၊ ထိုမိစ္ဆာဒိဋ္ဌိတို့ ပုတ်ခတ်ထိပါးပြောဆိုသောစကားရပ်များကြောင့် သင်သည် စိတ်နှလုံးမချမ်း မသာမညှိုးငယ်လင့်၊ အမှန်ကိုဆိုသော် ငါသည် ထိုသူယုတ်တို့၏ စိတ်နှလုံးတွင် လျှို့ဝှက်ထားသောအရာများကို လည်းကောင်း ထုတ်ပြောဆိုသောအရာများကိုလည်းကောင်း အကြွင်းမဲ့သိတော်မူ၏။

Verse 77 — Surah Ya-Sin 36:77

၇၇။ ငါသည် လူသားတို့အား ကလကရေကြည်မှ ဖန်ဆင်းတော်မူသည်ကို သူမမြင်သလော၊ သို့သော်သူ့ကို ကြည့်ရှု လော့၊ သူသည် ငါ့အား ထင်ထင်ရှားရှားရန်မူချေ၏။

Verse 78 — Surah Ya-Sin 36:78

၇၈။ ထို့အပြင်ထိုသူမိုက်တို့သည် ငါ့အား ငါဖန်ဆင်းတော်မူသောအရာဝထ္ထုများနှင့် မနှိုင်းယှဉ်အပ်သော်လည်း ဆိုးသွမ်း သောနှိုင်းယှဉ်မှုကို ပြုဘိ၏၊ ဤသူယုတ်သည် မိမိကို မည်သည်မှ မည်သို့ဖန်ဆင်းတော်မူသည်ကို မေ့လျော့ ပြီးလျှင် မေးမြန်းသည်မှာ ဆွေးမြေ့ဟောင်းမြင်းသောအရိုးများကို အဘယ်သူသည် ရှင်ပြန်ထမြောက်စေနိုင် အ့ံနည်း။

Verse 79 — Surah Ya-Sin 36:79

၇၉။ အို-တမန်တော်၊ ဟောပြောလော့၊ ထိုအရိုးများကို အစကနဦးတွင် ဖန်ဆင်းတော်မူထသောအလ္လာဟ်အရှင် မြတ်သည် ၎င်းတို့ကို တဖန်အသက်သွင်းတော်မူမည်၊ အကြောင်းမူကားအရှင်မြတ်သည် ဖန်ဆင်းပြုပြင်ခြင်း အပေါင်းတို့၌ အတိုင်းထက်အလွန်ကျွမ်းကျင်တော်မူ၏။

Verse 80 — Surah Ya-Sin 36:80

၈၀။ အရှင်မြတ်သည် သင်တို့အသုံးပြုရန် လတ်ဆတ်စိမ်းစိုသောသစ်ပင်မှ မီးကို ဖန်ဆင်းတော်မူ၏၊ ထိုအခါသင် တို့သည် ၎င်းမီးနှင့်ပင် မိမိတို့မီးများကို မွှေးကြရ၏။

Verse 81 — Surah Ya-Sin 36:81

၈၁။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအလုံးစုံကို ဖန်ဆင်းတော်မူသောအလ္လာဟ်အရှင်မြတ်သည် လူကဲ့သို့အသေး အဖွဲကို ဖန်ဆင်းခြင်းငှာစွမ်းနိုင်သည်မဟုတ်လော၊ မုချဧကန်အမှန်ပင်စွမ်းနိုင်တော်မူ၏၊ အကြောင်းမူကား အရှင်မြတ်သည် သဗ္ဗညုတဉာာဏ်တော်ရှင်၊ အတိုင်းထက်အလွန်ကြီးကျယ်မြင့်မြတ်တော်မူသောအရှင်၊ အရာခပ်သိမ်းကုန်တို့ကို ဖန်ဆင်းနိုင်တော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 82 — Surah Ya-Sin 36:82

၈၂။ အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ခုကို ကြံတော်မူခဲ့ပါလျှင် ထိုအရာအား ဖြစ်စေဟုသာ ဗျာဒိတ်တော်ချတော်မူ၏၊ ထိုအခါထိုအရာသည် ဖြစ်ပေါ်လာ၏။

Verse 83 — Surah Ya-Sin 36:83

၈၃။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို စိုးပိုင်တော်မူသောအလ္လာဟ်အရှင်မြတ်သည် ကုံလုံမွန်မြတ် အ့ံချီးမဆုံး ဖြစ်တော်မူ၏၊ သင်တို့အားလုံးသည် အရှင်မြတ်အထံတော်သို့ ပြန်လာကြရမည်သာတည်း။