Verse 1 — Surah As-Saffat 37:1
၁။ စီတန်းနေသောသူတို့။
Verse 2 — Surah As-Saffat 37:2
၂။ တဖန်ရှိုင်တန်မိုက်ကို ငေါက်ငမ်းမောင်းနှင်ထုတ်ပစ်သောသူတို့။
Verse 3 — Surah As-Saffat 37:3
၃။ တဖန်တရားသံဝေဂရရာရကြောင်း ကျမ်းမြတ်ကုရ်အာန်ကို ဖတ်ရွတ်လေ့လာသောသူတို့၊ ဤသူအပေါင်းကို စဉ်းစားဆင်ခြင်လျက် ငါအရှင်မြတ်၏ တန်ခိုးတော်၊ ဂုဏ်တော်ကို အောက်မေ့သတိရကြလော့။
Verse 4 — Surah As-Saffat 37:4
၄။ မှတ်သားကြလော့၊ သင်၏အရှင်သခင်သည် တစ်ဆူတည်းအထီးထီးတည်တော်မူ၏။
Verse 5 — Surah As-Saffat 37:5
၅။ အရှင်မြတ်သည် မိုးမြေနှင့် မိုးမြေစပ်ကြား ရှိရှိသမျှတို့၏ အရှင်သခင်၊ နေ့ထွက်ပေါ်လာရသောစက်ဝန်း၏ အရှင်သခင်ဖြစ်တော်မူ၏။
Verse 6 — Surah As-Saffat 37:6
၆။ မှတ်သားကြလော့၊ ငါအရှင်မြတ်သည် ကမ္ဘာမြေပြင်နှင့်အနီးဆုံးသောမိုးကောင်းကင်ကို နေလနက္ခတ်တာရာ တို့ဖြင့် တန်ဆာဆင်ထားတော်မူ၏။
Verse 7 — Surah As-Saffat 37:7
၇။ ထောင်ထားခြားနားသောမာရ်နတ်၏ နှောက်ယှက်ခြင်းမှ ကင်းလွတ်အောင် မိုးကောင်းကင်ကို ကာကွယ်စောင့် ရှောက်ထားတော်မူ၏။
Verse 8 — Surah As-Saffat 37:8
၈။ ထို့ကြောင့်ရှိုင်တန်မာရ်နတ်နှင့် ၎င်း၏ ဘက်တော်သားတို့သည် ကောင်းကင်ဘုံအထပ်ထပ်၌ ကောင်းကင်တမန် တော်အကြီးအကဲတို့ပြောဆိုဆွေးနွေးသည်ကို အလျင်းနားမထောင်ရကြချေ၊ အကြောင်းမူကား ထိုနတ်မိုက် တို့အား လေးဖက်လေးတန်အဘက်ဘက်မှ မီးလက်နက်တို့ဖြင့် ပစ်ခတ်ခြင်းကြောင့်ဖြစ်၏။
Verse 9 — Surah As-Saffat 37:9
၉။ ထို့အပြင်၎င်းမာရ်နတ်တို့သည် အပေါင်းအဖော်မရှိ၊ သပိတ်မှောက်ခြင်းခံရပြီးလျှင် ငရဲမီးထဲတွင် အမြဲလောင်ကျွမ်း ရသူများဖြစ်ကြ၏။
Verse 10 — Surah As-Saffat 37:10
၁ဝ။ မည်သည့်မာရ်နတ်မဆို တခါတရံတိတ်တဆိတ်ကောင်းကင်သို့ ခိုးတက်လာပြီးလျှင် ကောင်းူကင်တမန်တို့၏ ဆွေးနွေးပွဲကို နာအာရုံခံမည်ရှိရာ အရှိန်အလျှံရဲရဲညီသောမီးလက်နက်တို့သည် ၎င်း၏နောက်က ထက်ချပ်မကွာ လိုက်ပါ၍ ဖွဲပြာဖြစ်အောင် ကျွမ်းလောင်ပျက်စီးစေ၏။
Verse 11 — Surah As-Saffat 37:11
၁၁။ အို-တမန်တော်၊ မိစ္ဆာဒိဋ္ဌိတို့အား မေးလော့၊ ဟယ်-အချင်းတို့၊ သင်တို့ကို ဖန်ဆင်းခြင်းက သာလွန်ခဲယဉ်း သလော၊ သို့မဟုတ်ကောင်းကင်မိုးမြေနက္ခတ်တာရာတို့ကို ဖန်ဆင်းခြင်းက သာလွန်ခဲယဉ်းသလော၊ မှတ်သား ကြလော့၊ ငါအရှင်မြတ်သည် သူတို့ကို ရွှံ့မြေစေးမှ ဖန်ဆင်းတော်မူ၏။
Verse 12 — Surah As-Saffat 37:12
၁၂။ အို-တမန်တော်၊ အမှန်ကိုဆိုသော် သင်သည် သူတို့ပြက်ချော်ပြောင်လှောင်သောအခါ အ့ံသြမိ၏။
Verse 13 — Surah As-Saffat 37:13
၁၃။ ထို့အပြင်သူတို့သည် သမ္မာတရားတော်ကို ကြားနာရသောအခါ ဂရုမစိုက်မထီမဲ့မြင်ပြုကြ၏။
Verse 14 — Surah As-Saffat 37:14
၁၄။ ထို့အပြင်သူတို့သည် နိမိတ်လက္ခဏာအ့ံဖွယ်တော်တစ်ပါးပါးကို မြင်ရသောအခါ ပြက်ချော်ပြောင်လှောင်ဖို့ရာ ကြိုးစားကြ၏။
Verse 15 — Surah As-Saffat 37:15
၁၅။ ထို့အပြင်သူတို့က ကြည့်ကြလော့၊ ဤအရာသည် မျက်လှည့်အတတ်သာတည်းဟု ဆိုကြ၏။
Verse 16 — Surah As-Saffat 37:16
၁၆။ ထို့အပြင်သူတို့က ငါတို့သည် အနိစ္စရောက်၍ ဖုံမှုန့်နှင့် အရိုးများသာဖြစ်ပြီးနောက် တဖန်ရှင်ရဦးမည်လော။
Verse 17 — Surah As-Saffat 37:17
၁၇။ ထို့အပြင်ငါတို့၏ မိဘဘိုးဘွားတို့လည်း ရှင်ပြန်ထမြောက်ရဦးမည်လောဟု မေးကြ၏။
Verse 18 — Surah As-Saffat 37:18
၁၈။ အို-တမန်တော် ဟောကြားလော့၊ ဟယ်-သူမိုက်တို့၊ သင်တို့နှင့်တကွသင်တို့၏ မိဘဘိုးဘွားသူဟောင်းအားလုံး ပင် အမှန်ရှင်ပြန်ထမြောက်ကြရဦးမည်၊ သင်တို့သည် အရှက်တကွဲရှုံ့ချခြင်းကို ခံရကြလတ့ံ။
Verse 19 — Surah As-Saffat 37:19
၁၉။ အလွန်ကြီးမားသောအသံကြီးမြည်ဟည်းလာသည်နှင့်တပြိုင်နက် သူတို့ဒိဋ္ဌိမြင်ရ၍။
Verse 20 — Surah As-Saffat 37:20
၂ဝ။ ငါတို့အမှန်ပျက်စီးဆုံးရှုံးရလေစွ၊ ယနေ့မူကား တရားစီရင်တော်မူသောနေ့တော်ကြီးတည်းဟု ညည်းညူကြ၏။
Verse 21 — Surah As-Saffat 37:21
၂၁။ ဤနေ့ကား အမှန်နှင့်အမှား၊ ယုတ်မြတ်နှစ်ပါးခွဲခြားသည့်နေ့တော်ကြီးတည်း၊ သင်တို့သည် ဤနေ့တော်ကြီးကို မယုံမကြည်ငြင်းခုံလေ့ရှိခဲ့ကြ၏။
Verse 22 — Surah As-Saffat 37:22
၂၂၊၂၃၊၂၄။ ထို့အပြင်ကောင်းကင်တမန်တော်ထံသို့ ပြစ်မှုကျူးလွန်သူခဲ့သူများ၊ သူတို့၏ ဇနီးမိန်းမများ၊ အလ္လာဟ်အရှင် မြတ်မှတပါး သူတို့ကိုးကွယ်ခဲ့သောဘုရားတုဘုရားယောင်များအားလုံးကို စုရုံး၍ ငရဲလမ်းကို ညွှန်ပြကြလော့၊ သူတို့ကို စစ်ကြောစီရင်ဖို့ရာ ရပ်တန့်၍ ထားကြလော့ဟု ဗျာဒိတ်တော်လာ၏၊
Verse 23 — Surah As-Saffat 37:23
၂၂၊၂၃၊၂၄။ ထို့အပြင်ကောင်းကင်တမန်တော်ထံသို့ ပြစ်မှုကျူးလွန်သူခဲ့သူများ၊ သူတို့၏ ဇနီးမိန်းမများ၊ အလ္လာဟ်အရှင် မြတ်မှတပါး သူတို့ကိုးကွယ်ခဲ့သောဘုရားတုဘုရားယောင်များအားလုံးကို စုရုံး၍ ငရဲလမ်းကို ညွှန်ပြကြလော့၊ သူတို့ကို စစ်ကြောစီရင်ဖို့ရာ ရပ်တန့်၍ ထားကြလော့ဟု ဗျာဒိတ်တော်လာ၏၊
Verse 24 — Surah As-Saffat 37:24
၂၂၊၂၃၊၂၄။ ထို့အပြင်ကောင်းကင်တမန်တော်ထံသို့ ပြစ်မှုကျူးလွန်သူခဲ့သူများ၊ သူတို့၏ ဇနီးမိန်းမများ၊ အလ္လာဟ်အရှင် မြတ်မှတပါး သူတို့ကိုးကွယ်ခဲ့သောဘုရားတုဘုရားယောင်များအားလုံးကို စုရုံး၍ ငရဲလမ်းကို ညွှန်ပြကြလော့၊ သူတို့ကို စစ်ကြောစီရင်ဖို့ရာ ရပ်တန့်၍ ထားကြလော့ဟု ဗျာဒိတ်တော်လာ၏၊
Verse 25 — Surah As-Saffat 37:25
၂၅။ အလ္လာဟ်အရှင်မြတ်က ဟယ်-မိစ္ဆာမိုက်အပေါင်းတို့၊ သင်တို့သည် ယခုအခါတစ်ယောက်ကို တစ်ယောက် မထောက်ပံမကယ်ဆယ်နိုင်လောက်အောင် အဘယ်အဖြစ်သို့ ဆိုက်ရောက်နေကြသနည်းဟု မေးတော်မူ၏။
Verse 26 — Surah As-Saffat 37:26
၂၆။ ထိုနေ့တော်ကြီး၌ သူတို့သည် မာနမကြီးပဲ ညှိုးငယ်ကျိုးနွံသောစိတ်ဖြင့် ဦးညွှတ်ချ၍ အမိန့်တော်ကို နာယူကြ၏။
Verse 27 — Surah As-Saffat 37:27
၂၇။ ထို့အပြင်သူတို့အနက် အချို့က အချို့အပါးသို့ ချဉ်းကပ်၍ အချင်းချင်းမေးမြန်းပြောဆိုကြ၏။
Verse 28 — Surah As-Saffat 37:28
၂၈။ မေးမြန်းပုံမှာ မိတ်ဆွေတို့၊ သင်တို့သည် ငါတို့ထံ မကြာခဏလာ၍ ငါတို့လမ်းမှားရောက်အောင် သွေးဆောင် လှည့်ဖြားလေ့ရှိခဲ့ကြ၏။
Verse 29 — Surah As-Saffat 37:29
၂၉။ အချို့သူမိုက်တို့က တုံ့ပြန်ချေဆိုသည်မှာ ဟယ်-အချင်းတို့၊ ငါတို့ဖျားယောင်းသွေးဆောင်ခြင်းကို မပြုချေ၊ သို့သော်သင်တို့သည် မိမိအလိုအလျောက်မယုံကြည်သူများဖြစ်ကြ၏။
Verse 30 — Surah As-Saffat 37:30
၃ဝ။ ငါတို့သည် သင်တို့အပေါ်၌ သြဇာမညောင်းချေ၊ သို့သော်သင်တို့သည် မိမိစိတ်အလိုကို လိုက်သောသူများ ဖြစ်ကြ၏။
Verse 31 — Surah As-Saffat 37:31
၃၁။ ယခုမူကားငါတို့၏ အရှင်သခင်၏ ဗျာဒိတ်တော်သည် ငါတို့အတွက် ပြည့်စုံတော်မူပြီ၊ စင်စစ်အားဖြင့်ငါတို့သည် အပြစ်ဒဏ်၏ အရသာကို မြိန်ရှက်စွာမြည်းရဖို့နီးလာပြီ။
Verse 32 — Surah As-Saffat 37:32
၃၂။ ယင်းသို့ငါတို့သည် သင်တို့အား လမ်းမှားသို့ သွေးဆောင်ခဲ့လေ၏၊ အမှန်မှာ ငါတို့ကိုယ်ကပင် လမ်းမှားရောက်နေ သူများဖြစ်ကြသည်။
Verse 33 — Surah As-Saffat 37:33
၃၃။ မှတ်သားကြလော့၊ ထိုနေ့တော်ကြီး၌ သူတို့သည် အပြစ်ဒဏ်တော်ကို အတူတကွခံစားကြရ၏။
Verse 34 — Surah As-Saffat 37:34
၃၄။ မှတ်သားကြလော့၊ ငါအရှင်မြတ်သည် အပြစ်ရှိသူများကို ယင်းကဲ့သို့စီရင်တော်မူ၏။
Verse 35 — Surah As-Saffat 37:35
၃၅။ အကြောင်းမူကားသူတို့သည် အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေဟု ဟောကြားသောအခါ မယုံကြည်မထီလေးစားပြုကြ၏။
Verse 36 — Surah As-Saffat 37:36
၃၆။ ထို့အပြင်မေးကြသည်မှာ လင်္ကာဆရာအရူးတစ်ယောက်အတွက်ကြောင့် ငါတို့သည် မိမိတို့မိရိုးဖလာဘုရားများကို စွန့်ပစ်ကြမည်လော။
Verse 37 — Surah As-Saffat 37:37
၃၇။ စင်စစ်အားဖြင့် တမန်တော်သည် သမ္မာတရားတော်ကို ယူဆောင်လာ၏၊ သူ့ထက်အလျင်ပွင့်တော်မူသောတမန် တော်များကိုလည်း တမန်တော်အစစ်ဟု ထောက်ခံ၏။
Verse 38 — Surah As-Saffat 37:38
၃၈။ မှတ်သားကြလော့၊ သင်တို့သည် ယခုအလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်၏အရသာကို မြိန်ရှက်စွာမြည်း ကြလော့။
Verse 39 — Surah As-Saffat 37:39
၃၉။ သင်တို့ပြုကျင့်ခဲ့သောအမှုများမှအပ အခြားအမှုအတွက် သင်တို့ကို လက်စားချေတော်မူသည်မဟုတ်ချေ။
Verse 40 — Surah As-Saffat 37:40
၄ဝ။ သို့သော်အလ္လာဟ်အရှင်မြတ်အား စိတ်နှလုံးအကြွင်းမဲ့ကိုးကွယ်သော ကျေးတော်မျိုး ကျွန်တော်မျိုးတို့မူကား ယင်းသို့အပြစ်ဒဏ်မခံစားရပေ။
Verse 41 — Surah As-Saffat 37:41
၄၁။ သူတို့အဖို့အရာ ထင်ရှားကျော်ဇောသောဘောဇဉ်ရိက္ခာအသင့်ရှိ၏။
Verse 42 — Surah As-Saffat 37:42
၄၂၊၄၃။ သစ်သီးဝလံများ၊ ထို့အပြင်သူတို့သည် သုခဥယျာဉ်တော်များ၌ ဂုဏ်ပြုခြင်း၊ ချီးမြှင့်ခြင်းခံရကြလတ့ံ။
Verse 43 — Surah As-Saffat 37:43
၄၂၊၄၃။ သစ်သီးဝလံများ၊ ထို့အပြင်သူတို့သည် သုခဥယျာဉ်တော်များ၌ ဂုဏ်ပြုခြင်း၊ ချီးမြှင့်ခြင်းခံရကြလတ့ံ။
Verse 44 — Surah As-Saffat 37:44
၄၄။ သူတို့သည် ပလ္လင်တော်များပေါ်၌ မျက်နှာချင်းဆိုင်၍ စံစားကြရလတ့ံ။
Verse 45 — Surah As-Saffat 37:45
၄၅။ ပန်းထွက်နေသောစမ်းရေးပါသောခွက်ကို သူတို့အား တစ်ယောက်စီ တစ်ယောက်အလှည့်ကျပေးလတ့ံ။
Verse 46 — Surah As-Saffat 37:46
၄၆။ ထိုစမ်းရေသည် ဖြူစင်၍ သောက်သူတို့အား အလွန်နှစ်သက်ဖွယ်သောအရသာကို ပေး၏။
Verse 47 — Surah As-Saffat 37:47
၄၇။ ထိုစမ်းရေကို သောက်စားခြင်းကြောင့် ဥိးခေါင်းခဲခြင်း၊ မူးယစ်ခြင်းမရှိ၊ သုံးစွဲသူတို့ကို အရူးအပေါကဲ့သို့ ဖြစ်စေသည်မဟုတ်ချေ။
Verse 48 — Surah As-Saffat 37:48
၄၈။ ထို့အပြင်အလွန်ချစ်ဖွယ်သောမျက်စိမျက်ခုံးရှိ၍ အိန္ဒြေရရကြည့်ရှုသောနတ်ကညာများလည်း ၎င်းတို့အပါးခစား လျက် ရှိကြ၏။
Verse 49 — Surah As-Saffat 37:49
၄၉။ ထိုနတ်ကညာတို့၏ မျက်လုံးမှာ ဖုံးအုပ်ထားသောငှက်ကုလားအုတ်ဥများကဲ့သို့ သန့်ရှင်းကြည်လင်ကြ၏။
Verse 50 — Surah As-Saffat 37:50
၅ဝ။ ထို့အပြင်ထိုနိဗ္ဗာန်ဘုံတွင် စံစားရသူတို့သည် တစ်ဥိးဘက်သို့ တစ်ဦးကပ်လာကြပြီးလျှင် အလ္လာပသလ္လာပ ပြုကြ၏။
Verse 51 — Surah As-Saffat 37:51
၅၁၊၅၂၊၅၃။ ထို့အပြင်သူတို့အနက် တစ်ပါးက တရားသံပြောဆိုသည်မှာ အဆွေတို့၊ ငါ့မှာ အဆွေခင်ပွန်းတစ်ယောက်ရှိ၏၊ သင်သည် တမန်တော်၏ တရားဒေသနာကို အမှန်ယုံကြည်သူများအနက် တစ်ဦးဖြစ်သလောဟု သူသည် ငါ့အား မေးလေ့ရှိ၏၊ ငါတို့သည် သေကြေပျက်စီး၍ မြေမှုန့်နှင့် အရိုးများသာဖြစ်သောအခါ တဖန်ရှင်ပြန်ထ မြောက်နိုင်ပါဦးမည်လောဟု သူက ဆက်လက်မေးလေ့ရှိ၏။
Verse 52 — Surah As-Saffat 37:52
၅၁၊၅၂၊၅၃။ ထို့အပြင်သူတို့အနက် တစ်ပါးက တရားသံပြောဆိုသည်မှာ အဆွေတို့၊ ငါ့မှာ အဆွေခင်ပွန်းတစ်ယောက်ရှိ၏၊ သင်သည် တမန်တော်၏ တရားဒေသနာကို အမှန်ယုံကြည်သူများအနက် တစ်ဦးဖြစ်သလောဟု သူသည် ငါ့အား မေးလေ့ရှိ၏၊ ငါတို့သည် သေကြေပျက်စီး၍ မြေမှုန့်နှင့် အရိုးများသာဖြစ်သောအခါ တဖန်ရှင်ပြန်ထ မြောက်နိုင်ပါဦးမည်လောဟု သူက ဆက်လက်မေးလေ့ရှိ၏။
Verse 53 — Surah As-Saffat 37:53
၅၁၊၅၂၊၅၃။ ထို့အပြင်သူတို့အနက် တစ်ပါးက တရားသံပြောဆိုသည်မှာ အဆွေတို့၊ ငါ့မှာ အဆွေခင်ပွန်းတစ်ယောက်ရှိ၏၊ သင်သည် တမန်တော်၏ တရားဒေသနာကို အမှန်ယုံကြည်သူများအနက် တစ်ဦးဖြစ်သလောဟု သူသည် ငါ့အား မေးလေ့ရှိ၏၊ ငါတို့သည် သေကြေပျက်စီး၍ မြေမှုန့်နှင့် အရိုးများသာဖြစ်သောအခါ တဖန်ရှင်ပြန်ထ မြောက်နိုင်ပါဦးမည်လောဟု သူက ဆက်လက်မေးလေ့ရှိ၏။
Verse 54 — Surah As-Saffat 37:54
၅၄။ ထိုတရားသံပါသူက အဆွေတို့၊ သင်တို့ကြည့်ကြမည်လောဟု မေး၏။
Verse 55 — Surah As-Saffat 37:55
၅၅။ ထိုသို့ပြောဆိုလျက် အောက်သို့ ငုံ့ရှုလိုက်ရာ မိမိ၏မိတ်ဆွေဟောင်းကို ငရဲတွင်းကြီးတွင် မြင်ရ၏။
Verse 56 — Surah As-Saffat 37:56
၅၆။ ထိုအခါနိဗ္ဗာန်သားက မိတ်ဆွေငရဲသားအား ပြောသည်မှာ မိတ်ဆွေ ငါသည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ပြော၏၊ သင်၏ ဖျားယောင်းသွေးဆောင်မှုကြောင့် ငါသည် ပျက်စီးဆုံးရှုံးရာသို့ ရောက်ဖို့ လက်မတင်ကလေးသာ လိုလေ၏။
Verse 57 — Surah As-Saffat 37:57
၅၇။ ငါ၏ အရှင်သခင်ကသာလျှင် အကယ်၍ငါ့ကို ကောင်းကြီးမင်္ဂလာပေးသနားတော်မမူခဲ့ပါလျှင် ငါသည်လည်း ငရဲသို့ လားသောလူတို့အထဲတွင် ပါဝင်ရလတ့ံ။
Verse 58 — Surah As-Saffat 37:58
၅၈၊၅၉။ အကျွနု်််ပ်တို့သည် ပထမကွယ်လွန်သေဆုံးပြီးနောက် နောက်တခါမသေရတော့ဘူးလားမဟုတ်လား၊ ထို့အပြင် အကျွနု်ပ်တို့ကို အပြစ်ဒဏ်မခတ်တော့ဘူးမဟုတ်လား။
Verse 59 — Surah As-Saffat 37:59
၅၈၊၅၉။ အကျွနု်််ပ်တို့သည် ပထမကွယ်လွန်သေဆုံးပြီးနောက် နောက်တခါမသေရတော့ဘူးလားမဟုတ်လား၊ ထို့အပြင် အကျွနု်ပ်တို့ကို အပြစ်ဒဏ်မခတ်တော့ဘူးမဟုတ်လား။
Verse 60 — Surah As-Saffat 37:60
၆ဝ။ မှတ်သားကြလော့၊ နိဗ္ဗာန်ဘုံတွင် ဤသို့ခံစားရခြင်းသည် အောင်မြင်ခြင်းအပေါင်းတို့၌ အထွဋ်အခေါင်ဖြစ်၏။
Verse 61 — Surah As-Saffat 37:61
၆၁။ ထို့ကြောင့်ကြိုးစားအားထုတ်သူတို့သည် ယင်းအောင်မြင်မှုရရှိဖို့ရာ ကြိုးစားအားထုတ်ကြလော့။
Verse 62 — Surah As-Saffat 37:62
၆၂။ ဤသို့ဧည့်ခံခြင်းသည် သာလွန်ကောင်းမြတ်သလော၊ သို့မဟုတ် ရှားစောင်းကြီးပင်နှင့် ဧည့်ခံခြင်းက သာလွန် ကောင်းမြတ်သလော။
Verse 63 — Surah As-Saffat 37:63
၆၃။ မှတ်သားကြလော့၊ ငါအရှင်မြတ်သည် ရှားစောင်းကြီးပင်ကို အမှားပြုသူဒုစရိုက်ကောင်များအား ညှင်းဆဲဖို့ရာ စီရင်ထားတော်မူ၏။
Verse 64 — Surah As-Saffat 37:64
၆၄။ မှတ်သားကြလော့၊ ဤသစ်ပင်သည် အဝီစိငရဲအလယ်တွင် ပေါက်ရောက်သောအပင်ဖြစ်၏။
Verse 65 — Surah As-Saffat 37:65
၆၅။ ထိုအပင် အသီးသည် ရှိုင်တန်မာရ်နတ်တို့၏ ဦးခေါင်းကဲ့သို့ဖြစ်၏။
Verse 66 — Surah As-Saffat 37:66
၆၆။ ထို့အပြင်မှတ်သားကြလော့၊ ငရဲသားတို့သည် ဤအသီးကို မုချစားသုံးရ၏၊ သူတို့၏ ဝမ်းများကို ဤအသီးနှင့် ဖြည့်ကြရ၏။
Verse 67 — Surah As-Saffat 37:67
၆၇။ ထို့နောက်မှတ်သားကြလော့၊ သူတို့သည် ကျိုကျိုက်ဆူသောရေပူကို သောက်ကြရ၏။
Verse 68 — Surah As-Saffat 37:68
၆၈။ ထို့နောက်မှတ်သားကြလော့၊ သူတို့သည် အဝီစီငရဲသို့ ဧကန်ပြန်ကြရ၏။
Verse 69 — Surah As-Saffat 37:69
၆၉။ သူတို့သည် မိမိတို့၏ မိဘဘိုးဘွားတို့ကို လမ်းမှားပေါ်တွင် အမှန်တွေ့ကြ၏။
Verse 70 — Surah As-Saffat 37:70
၇ဝ။ သူတို့သည် မိဘဘိုးဘွားတို့၏ ခြေရာကို အလောတကြီးနင်းလိုက်ကြ၏။
Verse 71 — Surah As-Saffat 37:71
၇၁။ ထို့အပြင်အမှန်ကိုဆိုသော် ၎င်းတို့အလျင်ရှေးလူဟောင်အဆက်ဆက်တို့တွင် အရေအတွက်များစွာသောသူတို့ သည် လမ်းမှားသို့ ရောက်ကြပြီ။
Verse 72 — Surah As-Saffat 37:72
၇၂။ ထို့အပြင်ငါအရှင်မြတ်သည် ထိုလူဟောင်းများထံ အပြစ်ဒဏ်အကြောင်းသတိပေးဟောပြောသောတမန်တော် များကို မုချဧကန်စေလွှတ်တော်မူလေပြီ။
Verse 73 — Surah As-Saffat 37:73
၇၃။ ထို့ကြောင့်သတိပေးဆုံးမခံရသူအပေါင်းတို့သည် အဆုံးသတ်၌ အဘယ်အဖြစ်သို့ ရောက်ကြသည်ကို ကြည့်ရှု ကြလော့။
Verse 74 — Surah As-Saffat 37:74
၇၄။ သို့သော်အလ္လာဟ်အရှင်မြတ်အား ထက်သန်သောစိတ်သဘောနှင့် အမြတ်တနိုးကိုးကွယ်သောကျေးတော်မျိုး ကျွန်တော်မျိုးတို့မူကား အပြစ်ဒဏ်မထိရချေ။
Verse 75 — Surah As-Saffat 37:75
၇၅။ ထို့အပြင်တမန်တော်နူဟိုသည် ငါ့အထံတော်၌ မုချဧကန်ဆုတောင်းလေ၏၊ သူ၏ ပန်ကြားလွှာကို နာကြားတော် မူသောအခါ အရှင်သည် မဟာဂရုဏာတော်ရှင်ဖြစ်တော်မူ၏။
Verse 76 — Surah As-Saffat 37:76
၇၆။ ထို့အပြင်ငါသည် သူနှင့်တကွအိမ်သူအိမ်သားတို့ကို အလွန်ကြီးလှသောဘေးဥပါဒ်မှ ကယ်နှုတ်တော်မူ၏။
Verse 77 — Surah As-Saffat 37:77
၇၇။ ထို့အပြင်ငါသည် သူ၏အဆက်အနွယ်သားမြေးများကို အသက်နှင့်ခြွင်းချန်ထားတော်မူ၏။
Verse 78 — Surah As-Saffat 37:78
၇၈။ ထို့အပြင်ငါသည် နောင်လာနောက်သားများကို သူ့အား မေတ္တာပို့စေတော်မူ၏။
Verse 79 — Surah As-Saffat 37:79
၇၉။ ထိုသူတို့ပို့ရသောဆုတောင်းမေတ္တာစကားမှာ ခပ်သိမ်းကုန်သောလူသားအပေါင်းတို့တွင် တမန်တော်နူဟိုအပေါ်သို့ အေးချမ်းသာယာခြင်းမင်္ဂလာကျရောက်ပါစေသောဝ်ဟူ၍ ဖြစ်သည်။
Verse 80 — Surah As-Saffat 37:80
၈ဝ။ မှတ်သားကြလော့၊ သူတော်စင်သူတော်ကောင်းတို့အား ငါသည် ယင်းကဲ့သို့အောင်ဆုမင်္ဂလာပေးသနားတော်မူ၏။
Verse 81 — Surah As-Saffat 37:81
၈၁။ မှတ်သားကြလော့၊ တမန်တော်နူဟိုသည် ငါ၏သမ္မာတရားတော်ကို ယုံကြည်သောကျေးတော်မျိုးကျွန်တော်မျိုး တွင် အပါအဝင်ဖြစ်၏။
Verse 82 — Surah As-Saffat 37:82
၈၂။ ထိုအခါငါသည် အခြားသောမိစ္ဆာဒိဋ္ဌိအသင်းသားများကို ရေတွင် နစ်မြုပ်သေစေတော်မူ၏။
Verse 83 — Surah As-Saffat 37:83
၈၃။ ထို့အပြင်မှတ်သားကြလော့၊ တမန်တော်အေဗရာဟမ်သည် တမန်တော်နူဟို၏ ဘာသာအယူဝါဒကို လက်ခံသူ ဖြစ်၏။
Verse 84 — Surah As-Saffat 37:84
၈၄။ တမန်တော်အေဗရာဟမ်သည် မိမိ၏ အရှင်သခင်အထံတော်သို့ သန့်ရှင်းစင်ကြယ်သောစိတ်နှလုံးနှင့် ချဉ်းကပ်၏။
Verse 85 — Surah As-Saffat 37:85
၈၅။ သူသည် မိမိ၏အဘနှင့် အမျိုးသားတို့အား သင်တို့မည်သည်ကို ခဝပ်ကိုးကွယ်ကြသည်သနည်းဟု မေး၏။
Verse 86 — Surah As-Saffat 37:86
၈၆။ အလ္လာဟ်အရှင်မြတ်မှတပါး အခြားဘုရားတုဘုယောင်ကို ဝတ်ပြုသည့်မိစ္ဆာအယူဝါဒကို သင်တို့နှစ်သက်လိုလား ကြသလော။
Verse 87 — Surah As-Saffat 37:87
၈၇။ အနန္တစကြဝဠာတို့၏ အရှင်သခင်အား သင်တို့အဘယ်ကဲ့သို့ ထင်မှတ်ကြသနည်းဟုလည်း မေး၏။
Verse 88 — Surah As-Saffat 37:88
၈၈။ ထို့အပြင်သူသည် ကြယ်နက္ခတ်တာရာကို မော်ကြည့်၏။
Verse 89 — Surah As-Saffat 37:89
၈၉။ ထို့နောက်အချင်းတို့၊ ငါ ကိုယ်လက်မအီမသာဖြစ်ကြ၏။
Verse 90 — Surah As-Saffat 37:90
၉ဝ။ ထိုအခါသူတို့သည် တမန်တော်အီဗရာဟင်ကို ကျောပေးပြီး ထွက်ခွာသွားကြ၏။
Verse 91 — Surah As-Saffat 37:91
၉၁။ ထိုအခါသူတို့သည် တမန်တော်အေဗရာဟမ်သည် သူတို့၏ဘုရားတုဘုရားယောင်များရှိရာသို့ သွား၍ အို-ဆင်းတုရုပ်ပွားဘုရားများတို့၊ ဘောဇဉ်ချိုချဉ်ရသာများကို သုံးစားမည်မဟုတ်လော။
Verse 92 — Surah As-Saffat 37:92
၉၂။ သင်တို့သည် စကားလည်းမဆိုပဲ နေကြသည်မှာ အကြောင်းအသို့နည်းဟု ဆို၏။
Verse 93 — Surah As-Saffat 37:93
၉၃။ ယင်းသို့ဆိုပြီးလျှင် ရုပ်ပွားဆင်းတုများကို လင်္ကျာလက်နှင့် ရိုက်ချိုး၏။
Verse 94 — Surah As-Saffat 37:94
၉၄။ ထိုအခါသူတို့၏လူတို့သည် သူ့ထံသို့ ပြေးလာကြ၏။
Verse 95 — Surah As-Saffat 37:95
၉၅။ ထိုအခါတမန်တော်အေဗရာဟမ်က ဟယ်-အချင်းတို့၊ သင်တို့သည် မိမိလက်ဖြင့် ထုလုပ်သောရုပ်ပွားဆင်းူတု များကို ဘုရားအမှတ်ဖြင့် ဆည်းကပ်ကိုးကွယ်ကြသလော။
Verse 96 — Surah As-Saffat 37:96
၉၆။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကိုလည်းကောင်း၊ သင်တို့ပြုအပ်သောအရာများကိုလည်းကောင်း၊ ဖန်ဆင်း တော်မူ၏ဟု ပြော၏။
Verse 97 — Surah As-Saffat 37:97
၉၇။ ထိုအခါမိစ္ဆာယုတ်တို့အချင်းချင်းးပြောကြသည်မှာ အို-အချင်းတို့၊ အေဗရာဟမ်အတွက် အဆောက်အဦးတစ်ခု ဆောက်၍ သူ့ကို ညီးညီးတောက်လောင်နေသောမီးပုံထဲသို့ ပစ်ချကြစို့။
Verse 98 — Surah As-Saffat 37:98
၉၈။ ထိုမိစ္ဆာမိုက်တို့သည် တမန်တော်အေဗရာဟမ်ကို ယင်းကဲ့သို့သတ်ဖြတ်ရန် ဥပါယ်တမည်တစ်ခုကြံစည်ကြ၏၊ သို့သော်ငါအရှင်မြတ်သည် သူတို့အား ဆုံးရှုံးအောက်ကျစေတော်မူ၏၊ အနိမ့်ဆုံးသို့ ချတော်မူ၏။
Verse 99 — Surah As-Saffat 37:99
၉၉။ ထို့နောက်တမန်တော်က ၎င်းတို့အား ပြောဆိုသည်မှာ ဟယ်-အချင်းတို့၊ မှတ်သားကြလော့၊ ငါသည် သမ္မာ တရားလမ်းတော်ကို ပြတော်မူသောမိမိ၏ ကျေးဇူးတော်သခင်အထံတော်သို့ သွားနေသည်။
Verse 100 — Surah As-Saffat 37:100
၁ဝဝ။ အို-အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်အား သားကောင်းသားမြတ်တစ်ယောက်ပေးသနားတော်မူပါဟု ဆုပန်၏။
Verse 101 — Surah As-Saffat 37:101
၁ဝ၁။ ထိုအခါ ငါသည် သူ့အား နူးည့ံသိမ်မွေ့သောသားရတနာတစ်ပါးကို သနားတော်မူမည့်သုမင်္ဂလာသတင်းကို ပေးတော်မူ၏။
Verse 102 — Surah As-Saffat 37:102
၁ဝ၂။ သတို့သားသည် ခမည်းတော်နှင့်အတူတကွသွားလာနိုင်သောအရွယ်သို့ ရောက်သောအခါ အေဗရာဟမ်က အို-ချစ်သား၊ ငါသည် သင့်အား ယဇ်ပူဇော်ရမည်ဟု အိပ်မက်မြင်မက်၏၊ ထို့ကြောင့်ချစ်သား၊ အဘယ်သဘော ရသနည်းဟု သားတော်အား ပြောဆို၏၊ သားတော်က ကျေးဇူးရှင်ခမည်းတော်၊ ခမည်းတော်အား အလ္လာဟ် အရှင်မြတ်က အိပ်မက်အားဖြင့် ပေးတော်မူသောဗျာဒိတ်အမိန့်တော်အတိုင်း ပြုတော်မူပါ၊ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိပါလျှင် ခမည်းတော်သည် အကျွနု်ပ်အား မတုန်မလှုပ်မြဲမြံတည်ကြည်သူအဖြစ်နှင့်ပင် တွေ့ရပါ လိမ့်မည်ဟု ဆို၏။
Verse 103 — Surah As-Saffat 37:103
၁ဝ၃။ ယင်းသို့သားခမည်းနှစ်ဦးစလုံးပင် ငါ့အား ကျိုးနွံ၍ သားတော်ကို ယဇ်ပူဇော်ဖို့ရာ မြေပေါ်တွင် မှောက်လျက် လဲလျောင်းစေသောအခါ။
Verse 104 — Surah As-Saffat 37:104
၁ဝ၄။ ငါသည် အို-အေဗရာဟမ်ဟု ခေါ်တော်မူ၏။
Verse 105 — Surah As-Saffat 37:105
၁ဝ၅။ သင်သည် မိမိမြင်မက်သောအိပ်မက်အတိုင်း အမှန်ပြုလေပြီ၊ မှတ်သားကြလော့၊ ငါသည် သူတော်စင်တို့အား ယင်းကဲ့သို့အောင်မှုကို သနားတော်မူ၏။
Verse 106 — Surah As-Saffat 37:106
၁ဝ၆။ မှတ်သားကြလော့၊ ဤအချက်တော်သည် ကြီးမားသောစုံစမ်းခြင်းတစ်ခုဖြစ်၏။
Verse 107 — Surah As-Saffat 37:107
၁ဝ၇။ ငါသည် ကြီးမားသောယဇ်ကောင်တစ်ကောင်နှင့် ထိုသတို့သားကို ရွေးယူတော်မူ၏။
Verse 108 — Surah As-Saffat 37:108
၁ဝ၈၊၁ဝ၉။ ထို့အပြင်နောင်လာနောက်သားတို့အား တမန်တော်အေဗရာဟမ်ကို ဤသို့မေတ္တာပို့သစေတော်မူ၏၊ တမန် တော်အေဗရာဟမ်အပေါ်သို့ အေးချမ်းသာယာခြင်းမင်္ဂလာတော် သက်ရောက်ပါစေသောဝ်။
Verse 109 — Surah As-Saffat 37:109
၁ဝ၈၊၁ဝ၉။ ထို့အပြင်နောင်လာနောက်သားတို့အား တမန်တော်အေဗရာဟမ်ကို ဤသို့မေတ္တာပို့သစေတော်မူ၏၊ တမန် တော်အေဗရာဟမ်အပေါ်သို့ အေးချမ်းသာယာခြင်းမင်္ဂလာတော် သက်ရောက်ပါစေသောဝ်။
Verse 110 — Surah As-Saffat 37:110
၁၁ဝ။ ယင်းကဲ့သို့ငါသည် သူတော်ကောင်းတို့အား အောင်ဆုမင်္ဂလာပေးသနားတော်မူ၏။
Verse 111 — Surah As-Saffat 37:111
၁၁၁။ မှတ်သားကြလော့၊ တမန်တော်အေဗရာဟမ်သည် ငါ၏ သမ္မာတရားတော်ကို ယုံကြည်သောကျေးတော်မျိုး ကျွန်တော်မျိုးတို့၏ ဘောင်တွင် အပါအဝင်ဖြစ်၏။
Verse 112 — Surah As-Saffat 37:112
၁၁၂။ ထို့အပြင် ငါသည် သူ့အား အစ္စဟတ်(က်)မည်သော သားကောင်းရတနာကိုလည်း ပေးသနားတော်မူမည်ဟု သတင်းကောင်းကို ပေးတော်မူ၏၊ ထိုအစ္စဟတ်(က်)သည် သူတော်သူမြတ်တို့ဘောင်တွင် ပါဝင်သောတမန်တော် တစ်ပါးဖြစ်၏။
Verse 113 — Surah As-Saffat 37:113
၁၁၃။ ထို့အပြင်ငါသည် တမန်တော်အေဗရာဟမ်နှင့် တမန်တော်အစ္စဟတ်(က်)တို့ကို ကောင်းကြီးမင်္ဂလာပေးသနား တော်မူ၏၊ ထို့အပြင်သူတို့၏ အမျိုးအနွယ်များအနက် အချို့တို့လည်း သုစရိုကောင်းမှုပွားများကြ၏၊ အချို့ တို့လည်း မိမိကိုယ်ကို မိမိအထင်အရှားပြစ်မှားကြ၏။
Verse 114 — Surah As-Saffat 37:114
၁၁၄။ ထို့အပြင်ငါသည် တမန်တော်မူစာနှင့် တမန်တော်ဟာရွန်တို့ကို ကောင်းကြီးမင်္ဂလာပြုတော်မူ၏။
Verse 115 — Surah As-Saffat 37:115
၁၁၅။ ထို့အပြင် ငါသည် ထိုတမန်တော်နှစ်ပါးနှင့် သူတို့အမျိုးသားတို့ကို အလွန်ကြီးကျယ်သောဘေးအန္တရာယ်မှ ကယ်နှုတ်တော်မူ၏။
Verse 116 — Surah As-Saffat 37:116
၁၁၆။ ထို့အပြင်ငါသည် သူတို့အား အောင်မြင်သူများဖြစ်သည့်တိုင်အောင် ကြည့်ရှုစောင်မတော်မူ၏။
Verse 117 — Surah As-Saffat 37:117
၁၁၇။ ထို့အပြင်ငါသည် သူတို့နှစ်ပါးအား အလွန်ကျော်စောထင်ရှားသောကျမ်းတော်ကို ထုတ်ပြန်ပေးသနားူတော်မူ၏။
Verse 118 — Surah As-Saffat 37:118
၁၁၈။ ထို့အပြင် သမ္မာတရားတော်ကိုလည်း ပြသတော်မူ၏။
Verse 119 — Surah As-Saffat 37:119
၁၁၉၊၁၂ဝ။ ထို့အပြင် ငါသည် နောင်လာနောက်သားတို့အား သူတို့ကို တမန်တော်မူစာနှင့် တမန်တော်ဟာရွန်တို့အပေါ်သို့ အေးချမ်းသာယာခြင်းမင်္ဂလာတော်သက်ရောက်ပါစေသောဝ်ဟူ၍ ဆုတောင်းမေတ္တာပို့သစေတော်မူ၏။
Verse 120 — Surah As-Saffat 37:120
၁၁၉၊၁၂ဝ။ ထို့အပြင် ငါသည် နောင်လာနောက်သားတို့အား သူတို့ကို တမန်တော်မူစာနှင့် တမန်တော်ဟာရွန်တို့အပေါ်သို့ အေးချမ်းသာယာခြင်းမင်္ဂလာတော်သက်ရောက်ပါစေသောဝ်ဟူ၍ ဆုတောင်းမေတ္တာပို့သစေတော်မူ၏။
Verse 121 — Surah As-Saffat 37:121
၁၂၁။ မှတ်သားကြလော့၊ ငါသည် သူတော်ကောင်းတို့အား ယင်းကဲ့သို့အောင်ဆုမင်္ဂလာပေးသနားတော်မူ၏
Verse 122 — Surah As-Saffat 37:122
၁၂၂။ မှတ်သားကြလော့၊ ဤတမန်တော်နှစ်ပါးသည် ငါ၏ သမ္မာတရားတော်ကို ယုံကြသူတို့ဘောင်တွင် အပါအဝင် ဖြစ်ကြ၏။
Verse 123 — Surah As-Saffat 37:123
၁၂၃။ တဖန်မှတ်သားကြလော့၊ အီလ်ယားစ်လည်း မုချဧကန်တမန်တော်တို့ဘောင်တွင် အပါအဝင်ဖြစ်၏။
Verse 124 — Surah As-Saffat 37:124
၁၂၄၊၁၂၅၊၁၂၆။ ဤတမန်တော်သည် သူ၏ အမျိုးသားတို့အား ဟယ်-အချင်းတို့၊သင်တို့သည် မကောင်းမှုကို ကာဆီး တွန်းလှန်မည်မဟုတ်ကြသလော၊ သင်တို့သည် ဘအလခေါ် ဆင်းတုရုပ်ပွားကို ဆည်းကပ်ကိုးကွယ်ကြမည်လော၊ သင်တို့၏အရှင်သခင်၊ သင်တို့၏ မိဘဘိုးဘွားတို့၏ အရှင်သခင်၊ ဖန်ဆင်းသူများအနက် အကောင်းဆုံးသော ဖန်ဆင်းသူကို မယုံမကြည်စွန့်လွှတ်ကြမည်လောဟု ဟောကြား၏။
Verse 125 — Surah As-Saffat 37:125
၁၂၄၊၁၂၅၊၁၂၆။ ဤတမန်တော်သည် သူ၏ အမျိုးသားတို့အား ဟယ်-အချင်းတို့၊သင်တို့သည် မကောင်းမှုကို ကာဆီး တွန်းလှန်မည်မဟုတ်ကြသလော၊ သင်တို့သည် ဘအလခေါ် ဆင်းတုရုပ်ပွားကို ဆည်းကပ်ကိုးကွယ်ကြမည်လော၊ သင်တို့၏အရှင်သခင်၊ သင်တို့၏ မိဘဘိုးဘွားတို့၏ အရှင်သခင်၊ ဖန်ဆင်းသူများအနက် အကောင်းဆုံးသော ဖန်ဆင်းသူကို မယုံမကြည်စွန့်လွှတ်ကြမည်လောဟု ဟောကြား၏။
Verse 126 — Surah As-Saffat 37:126
၁၂၄၊၁၂၅၊၁၂၆။ ဤတမန်တော်သည် သူ၏ အမျိုးသားတို့အား ဟယ်-အချင်းတို့၊သင်တို့သည် မကောင်းမှုကို ကာဆီး တွန်းလှန်မည်မဟုတ်ကြသလော၊ သင်တို့သည် ဘအလခေါ် ဆင်းတုရုပ်ပွားကို ဆည်းကပ်ကိုးကွယ်ကြမည်လော၊ သင်တို့၏အရှင်သခင်၊ သင်တို့၏ မိဘဘိုးဘွားတို့၏ အရှင်သခင်၊ ဖန်ဆင်းသူများအနက် အကောင်းဆုံးသော ဖန်ဆင်းသူကို မယုံမကြည်စွန့်လွှတ်ကြမည်လောဟု ဟောကြား၏။
Verse 127 — Surah As-Saffat 37:127
၁၂၇။ သို့သော်ထိုအမျိုးသားတို့သည် ဤတမန်တော်ကို မယုံကြည်ငြင်းပယ်ကြ၏၊ ထို့ကြောင့်သူတို့သည် အဝီစိငရဲက ခရီးဦးကြိုဆိုခြင်းကို မုချဧကန်ခံကြရလတ့ံ။
Verse 128 — Surah As-Saffat 37:128
၁၂၈။ သို့သော် အလ္လာဟ်အရှင်မြတ်ကို တစ်ခုတည်းသောစိတ်နှင့် အမြတ်တနိုးကိုးကွယ်သောကျေးတော်မျိုးကျွန်တော် မျိုးတို့မူကား အပြစ်ဒဏ်မထိရချေ။
Verse 129 — Surah As-Saffat 37:129
၁၂၉၊၁၃ဝ။ တဖန်ငါသည် နောင်လာနောက်သားအပေါင်းတို့အား အေးချမ်းသာယာခြင်းမင်္ဂလာတော်ကျရောက်ပါစေသောဝ် ဟူ၍ ဆုတောင်းမေတ္တာပို့သစေတော်မူ၏။
Verse 130 — Surah As-Saffat 37:130
၁၂၉၊၁၃ဝ။ တဖန်ငါသည် နောင်လာနောက်သားအပေါင်းတို့အား အေးချမ်းသာယာခြင်းမင်္ဂလာတော်ကျရောက်ပါစေသောဝ် ဟူ၍ ဆုတောင်းမေတ္တာပို့သစေတော်မူ၏။
Verse 131 — Surah As-Saffat 37:131
၁၃၁။ မှတ်သားကြလော့၊ ငါသည် ဤသူမွန်တို့အား ယင်းကဲ့သို့အောင်ဆုမင်္ဂလာပေးသနားတော်မူ၏။
Verse 132 — Surah As-Saffat 37:132
၁၃၂။ မှတ်သားကြလော့၊ တမန်တော်အီလ်ယား(စ်)သည် ငါ၏ သမ္မာတရားတော်ကို ယုံကြည်သူတို့ဘောင်တွင် အပါအဝင်ဖြစ်၏။
Verse 133 — Surah As-Saffat 37:133
၁၃၃။ တဖန်မှတ်သားကြလော့၊ တမန်တော်လွဒ်သည် ငါစေလွှတ်တော်မူသောတမန်တော်တို့ဘောင်တွင် အမှန်ဧကန် အပါအဝင်ဖြစ်၏။
Verse 134 — Surah As-Saffat 37:134
၁၃၄။ ငါသည် ဤတမန်တော်နှင့် သူ၏ အိမ်သူအိမ်သားအားလုံး တစ်ယောက်မကျန်ကယ်နှုတ်တော်မူ၏။
Verse 135 — Surah As-Saffat 37:135
၁၃၅။ သို့သော်သူ့အိမ်တွင် ကျန်ရစ်ခဲ့သောသက်ကြီးအိုမတစ်ယောက်ကိုမူကား ကယ်နှုတ်တော်မမူချေ။
Verse 136 — Surah As-Saffat 37:136
၁၃၆။ ထို့နောက်ငါသည် အခြားသူများကို ဖျက်ဆီးပစ်တော်မူ၏။
Verse 137 — Surah As-Saffat 37:137
၁၃၇၊၁၃၈။ တဖန်မှတ်သားကြလော့၊ ကြားနရသူအပေါင်းတို့၊ သင်တို့သည် ၎င်းလူဟောင်းတို့နေထိုင်ဖူးသောမြို့ဟောင်း ရွာဟောင်းများသို့ နေ့ညဉ့်မပြတ်အထပ်ထပ်မုချဧကန် သွားလာရောက်ပေါက်ဖူးကြ၏၊ ထိုိ့ကြောင့်သင်တို့တွင် စဉ်းစားဉာာဏ်မရှိကြသလော။
Verse 138 — Surah As-Saffat 37:138
၁၃၇၊၁၃၈။ တဖန်မှတ်သားကြလော့၊ ကြားနရသူအပေါင်းတို့၊ သင်တို့သည် ၎င်းလူဟောင်းတို့နေထိုင်ဖူးသောမြို့ဟောင်း ရွာဟောင်းများသို့ နေ့ညဉ့်မပြတ်အထပ်ထပ်မုချဧကန် သွားလာရောက်ပေါက်ဖူးကြ၏၊ ထိုိ့ကြောင့်သင်တို့တွင် စဉ်းစားဉာာဏ်မရှိကြသလော။
Verse 139 — Surah As-Saffat 37:139
၁၃၉။ တဖန်မှတ်သားကြလော့၊ တမန်တော်ယူနွတ်(စ်)သည် ငါစေလွှတ်တော်မူသောတမန်တော်တို့ဘောင်တွင် မုချ ဧကန်အပါအဝင်ဖြစ်၏။
Verse 140 — Surah As-Saffat 37:140
၁၄ဝ။ ထိုတမန်တော်သည် မိမိ၏အသင်းသားတို့ထံမှ ကုန်စည်ပစ္စည်းပြည့်နှက်နေသောသင်္ဘောတစ်စင်းရှိရာသို့ ထွက် ပြေး၏။
Verse 141 — Surah As-Saffat 37:141
၁၄၁။ ထို့နောက်စာရေးတံမဲချကြရာ ထိုတမန်တော်သည် စွန့်ပစ်ရမည့်လူတို့အထဲတွင် အပါအဝင်ဖြစ်၏။
Verse 142 — Surah As-Saffat 37:142
၁၄၂။ ထို့နောက်တမန်တော်သည် အပြစ်သင့်နေစဉ် ငါးကြီးသည် မိမိဝမ်းထဲသို့ သူ့ကို မျိုချ၏။
Verse 143 — Surah As-Saffat 37:143
၁၄၃။ အကယ်၍ သူသည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးတသသူမဟုတ်ခဲ့လျှင်။
Verse 144 — Surah As-Saffat 37:144
၁၄၄။ သူသည် ငါးကြီးဝမ်းထဲတွင် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီးတိုင်အောင် နေရလတ့ံ။
Verse 145 — Surah As-Saffat 37:145
၁၄၅။ ငါသည် သူ့ကို သဲသောင်ပြင်ပေါ်တွင် ငါးကြီးဝမ်းမှ အန်ထုတ်စေတော်မူ၏၊ ထိုအခါတမန်တော်သည် ခွန်အား ကုန်ခန်း မကျန်းမမာဝေဒနာကြီးကပ်ရောက်လေ၏။
Verse 146 — Surah As-Saffat 37:146
၁၄၆။ ထိုအခါငါသည် တမန်တော်အပေါ်၌ ဘူးပင်တစ်ပင်ကို ပေါက်ရောက်စေတော်မူ၏။
Verse 147 — Surah As-Saffat 37:147
၁၄၇။ ထို့နောက်ငါသည် လူနေအိမ်ခြေသောင်းသိန်းမက များလှစွာသောမြို့သူမြို့သားတို့အား တရားဓမ္မဟောကြားရန် တမန်တော်ယူနွတ်(စ်)ကို ထပ်မံစေလွှတ်တော်မူ၏။
Verse 148 — Surah As-Saffat 37:148
၁၄၈။ ထိုအခါထိုမြို့သူမြို့သားတို့သည် တရားရ၍ ယုံကြည်ကြ၏၊ ထို့ကြောင့်ငါသည် သူတို့အား လောကီစည်းစိမ်ကို တခဏပေးသနားတော်မူ၏။
Verse 149 — Surah As-Saffat 37:149
၁၄၉။ အို-တမန်တော်မိုဟမ္မဒ်၊ သူတို့အား ဟယ်-အချင်းတို့၊ သင်တို့မှာ သားယောက်ျားများရှိကြ၍ အလ္လာဟ်အရှင် မြတ်မှာ သမီးမိန်းမများသာ ရှိကြသလောဟု မေးမြန်းလော့။
Verse 150 — Surah As-Saffat 37:150
၁၅ဝ။ သို့မဟုတ် ငါသည် ထိုသူမိုက်တို့ရှေ့တွင် ကောင်းကင်တမန်များကို မိန်းမအဖြစ်နှင့် ဖန်ဆင်းတော်မူသလော။
Verse 151 — Surah As-Saffat 37:151
၁၅၁၊၁၅၂။ မှတ်သားကြလော့၊ သူတို့က အလ္လာဟ်အရှင်မြတ်သည် သားသမီးမွေးဖွားတော်မူ၏ဟု ဆိုကြ၏၊ တဖန် မှတ်သားကြလော့၊ သူတို့သည် မုချဧကန်မုသားစကားဆိုကြ၏။
Verse 152 — Surah As-Saffat 37:152
၁၅၁၊၁၅၂။ မှတ်သားကြလော့၊ သူတို့က အလ္လာဟ်အရှင်မြတ်သည် သားသမီးမွေးဖွားတော်မူ၏ဟု ဆိုကြ၏၊ တဖန် မှတ်သားကြလော့၊ သူတို့သည် မုချဧကန်မုသားစကားဆိုကြ၏။
Verse 153 — Surah As-Saffat 37:153
၁၅၃။ တဖန်သူတို့မုသားဆိုကြသည်မှာ အလ္လာဟ်အရှင်မြတ်သည် သမီးမိန်းမကို သားယောက်ျားထက် သာလွန်မြတ်နိုး တော်မူ၏။
Verse 154 — Surah As-Saffat 37:154
၁၅၄။ အို-ကြားနာရသူအပေါင်းတို့၊ သင်တို့သည် အဘယ်အဖြစ်သို့ ရောက်ကြသနည်း၊ သင်တို့အဘယ်သို့ ဆုံးဖြတ် ကြသနည်း။
Verse 155 — Surah As-Saffat 37:155
၁၅၅။ သင်တို့၌ ဆင်ခြင်တုံတရားမရှိသလော။
Verse 156 — Surah As-Saffat 37:156
၁၅၆။ သို့မဟုတ် သင်တို့တွင် ခိုင်မာသောအကိုးအကားရှိသလော။
Verse 157 — Surah As-Saffat 37:157
၁၅၇။ သင်တို့အမှန်ကို ဆိုကြလျှင် ထိုအကိုးအကားကို ပြကြလော့။
Verse 158 — Surah As-Saffat 37:158
၁၅၈။ တဖန် ထိုမိစ္ဆာမိုက်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ဂျင်နတ်သားတို့သည် အဆွေအမျိုးတော်စပ်သည်ဟု အယူရှိကြ၏၊ စင်စစ်အားဖြင့်ဂျင်တို့သည် မိမိတို့အား တရားစီရင်တော်မူသောနေ့တော်ကြီး၌ အလ္လာဟ်အရှင် မြတ်အထံတော်သို့ ယူဆောင်ခြင်းခံရမည်ဟု ကောင်းစွာသိကြ၏။
Verse 159 — Surah As-Saffat 37:159
၁၅၉။ အလ္လာဟ်အရှင်မြတ်သည် ထိုမိစ္ဆာယုတ်တို့ အထူးထူးအထွေထွေ ကြံဖန်ပြောဆိုသောအရာများမှ ကင်းစင်တော် မူထသောကုံလုံမွန်မြတ် အ့ံချီးမဆုံးဖြစ်တော်မူ၏။
Verse 160 — Surah As-Saffat 37:160
၁၆ဝ။ အလ္လာဟ်အရှင်မြတ်အား စိတ်အားထက်သန်စွာနှင့် အမြတ်တနိုးကိုးကွယ်ကြသောကျေးတော်မျိုးကျွန်တော်မျိုး တို့မူကား အပြစ်ဒဏ်မထိရချေ။
Verse 161 — Surah As-Saffat 37:161
၁၆၁။ မှတ်သားကြလော့၊ မုချဧကန် သင်တို့နှင့် သင်တို့ကိုးကွယ်သောဘုရားပျက်တို့။
Verse 162 — Surah As-Saffat 37:162
၁၆၂၊၁၆၃။ သင်တို့အားလုံးသည် ငရဲမီးတွင် လောင်ကျွမ်းရမည့်သူမှတပါး အခြားတစ်စုံတစ်ယောက်ကိုမျှ အလ္လာဟ် အရှင်မြတ်အား ရန်ဘက်ပြုရန် သွေးမဆောင်နိုင်ချေ။
Verse 163 — Surah As-Saffat 37:163
၁၆၂၊၁၆၃။ သင်တို့အားလုံးသည် ငရဲမီးတွင် လောင်ကျွမ်းရမည့်သူမှတပါး အခြားတစ်စုံတစ်ယောက်ကိုမျှ အလ္လာဟ် အရှင်မြတ်အား ရန်ဘက်ပြုရန် သွေးမဆောင်နိုင်ချေ။
Verse 164 — Surah As-Saffat 37:164
၁၆၄။ ကောင်းကင်တမန်များက ဝန်ခံပြောဆိုကြသည်မှာ ငါတို့အနက် နေရာသီးခြားမရှိသူတစ်စုံတစ်ယောက်မျှမရှိချေ။
Verse 165 — Surah As-Saffat 37:165
၁၆၅။ မှတ်သားကြလော့၊ ငါတို့ကောင်းကင်တမန်များပင်လျှင် စီတန်းလျက် အလ္လာဟ်အရှင်မြတ်အား ဝတ်ပြုသူများ ဖြစ်ကြ၏။
Verse 166 — Surah As-Saffat 37:166
၁၆၆။ မှတ်သားကြလော့၊ ငါတို့ကောင်းကင်တမန်များပင်လျှင် အရှင်မြတ်၏ ကျေးဇူးတော်ဂုဏ်တော်ကို ချီးမွမ်းသူများ ဖြစ်ကြ၏။
Verse 167 — Surah As-Saffat 37:167
၁၆၇၊၁၆၈၊၁၆၉။ ထိုမိစ္ဆာမိုက်တို့က မုချအမှန်ပြောဆိုလေ့ရှိကြသည်မှာ အကယ်၍ ငါတို့ထံသို့ ရှေးပေါရာဏလူဟောင်း ထံမှ သမ္မာတရားတော်ကို သတိရဝေရာ ကျမ်းစာတော်တစ်စောင်ရရှိပါလျှင် ငါတို့သည် အလ္လာဟ်အရှင်မြတ်အား စိတ်အားထက်သန်စွာနှင့် အမြတ်တနိုးကိုးကွယ်သော ကျေးတော်မျိုးကျွန်တော်မျိုးများ မုချဧကန်ဖြစ်လတ့ံဟု ဆိုကြ၏။
Verse 168 — Surah As-Saffat 37:168
၁၆၇၊၁၆၈၊၁၆၉။ ထိုမိစ္ဆာမိုက်တို့က မုချအမှန်ပြောဆိုလေ့ရှိကြသည်မှာ အကယ်၍ ငါတို့ထံသို့ ရှေးပေါရာဏလူဟောင်း ထံမှ သမ္မာတရားတော်ကို သတိရဝေရာ ကျမ်းစာတော်တစ်စောင်ရရှိပါလျှင် ငါတို့သည် အလ္လာဟ်အရှင်မြတ်အား စိတ်အားထက်သန်စွာနှင့် အမြတ်တနိုးကိုးကွယ်သော ကျေးတော်မျိုးကျွန်တော်မျိုးများ မုချဧကန်ဖြစ်လတ့ံဟု ဆိုကြ၏။
Verse 169 — Surah As-Saffat 37:169
၁၆၇၊၁၆၈၊၁၆၉။ ထိုမိစ္ဆာမိုက်တို့က မုချအမှန်ပြောဆိုလေ့ရှိကြသည်မှာ အကယ်၍ ငါတို့ထံသို့ ရှေးပေါရာဏလူဟောင်း ထံမှ သမ္မာတရားတော်ကို သတိရဝေရာ ကျမ်းစာတော်တစ်စောင်ရရှိပါလျှင် ငါတို့သည် အလ္လာဟ်အရှင်မြတ်အား စိတ်အားထက်သန်စွာနှင့် အမြတ်တနိုးကိုးကွယ်သော ကျေးတော်မျိုးကျွန်တော်မျိုးများ မုချဧကန်ဖြစ်လတ့ံဟု ဆိုကြ၏။
Verse 170 — Surah As-Saffat 37:170
၁၇ဝ။ ယခုတရားတော်ရောက်လာပြီ၊ သို့သော်သူတို့သည် ကျမ်းတော်မြတ်ကို မယုံကြည်ကြချေ၊ ထို့ကြောင့်သူတို့သည် ကာလမကြာမြင့်မီ သိကြရလိမ့်မည်။
Verse 171 — Surah As-Saffat 37:171
၁၇၁။ ရှေးလွန်လေပြီးသောအခါ ငါအရှင်မြတ်သည် မိမိစေလွှတ်တော်မူသောကျေးကျွန်တော်များသို့ ကတိဗျာဒိတ် တော်များသို့ ဂတိဗျာဒိတ်ပေးသနားတော်မူ၏။
Verse 172 — Surah As-Saffat 37:172
၁၇၂၊၁၇၃။ ထိုဂတိဗျာဒိတ်တော်မှာ ငါ၏ တမန်တော်များကို မုချဧကန် ငါစောင်မတော်မူမည်၊ ထို့အပြင် ငါ၏စစ်သည် တော်များသည် အမှန်အကန်အောင်မြင်ရမည့်သူများသာတည်း။
Verse 173 — Surah As-Saffat 37:173
၁၇၂၊၁၇၃။ ထိုဂတိဗျာဒိတ်တော်မှာ ငါ၏ တမန်တော်များကို မုချဧကန် ငါစောင်မတော်မူမည်၊ ထို့အပြင် ငါ၏စစ်သည် တော်များသည် အမှန်အကန်အောင်မြင်ရမည့်သူများသာတည်း။
Verse 174 — Surah As-Saffat 37:174
၁၇၄။ အို-မိုဟမ္မဒ်၊ ထိုအယူမှားသူမိုက်တို့အား ခေတ္တခဏအရေးမယူလျစ်လျူရှုစားကျောခိုင်း၍ ထားလော့။
Verse 175 — Surah As-Saffat 37:175
၁၇၅။ ထို့အပြင် သင်သည် သူတို့ကို ကြည့်၍သာ နေလော့၊ အကြောင်းမူကား သူတို့သည် ကာလမကြာမြင့်မီ မြင်ကြရလတ့ံ။
Verse 176 — Surah As-Saffat 37:176
၁၇၆။ ထိုသူမိုက်တို့သည် ငါ၏ အပြစ်ဒဏ်တော်ကို မြန်မြန်ရလိုကြသလော။
Verse 177 — Surah As-Saffat 37:177
၁၇၇။ သို့သော် အပြစ်ဒဏ်တော်သည် သူတို့၏ အိမ်များသို့ ကျရောက်လာသောအခါ သတိပေးဟောပြောခြင်းခံရသော မိစ္ဆာညစ်အပေါင်းတို့၏ မိုးသောက်နံနက်သည် အလွန်ဆိုးယုတ်သည့်အမင်္ဂလာရက်ဖြစ်ကြလတ့ံ။
Verse 178 — Surah As-Saffat 37:178
၁၇၈။ အို-တမန်တော်၊ သင်သည် ထိုသူယုတ်တို့အား ခေတ္တခစဏအရေးမယူလစ်လျူရှုစားကျောခိုင်းကာ ထားလော့။
Verse 179 — Surah As-Saffat 37:179
၁၇၉။ ထို့အပြင်သင်သည် သူတို့ကို ကြည့်၍သာ နေလော့၊ အကြောင်းမူကား သူတို့သည် ကာလမကြာမြင့်မီ မြင် ကြရလတ့ံ။
Verse 180 — Surah As-Saffat 37:180
၁၈ဝ။ သင်၏ အသင်သခင်ကျေးဇူးရှင်သည် ကုံလုံးမွန်မြတ် အ့ံချီးမဆုံးဖြစ်တော်မူ၏၊ အရှင်မြတ်သည် မိစ္ဆာမိုက်တို့ လုပ်ကြံပြောဆိုသောစကားရပ်များမှ ကင်းစင်တော်မူသောကျက်သရေမင်္ဂလာတော်ရှင် ဖြစ်တော်မူ၏။
Verse 181 — Surah As-Saffat 37:181
၁၈၁။ တမန်တော်အပေါင်းတို့အပေါ်သို့ ငြိမ်သက်ခြင်းမင်္ဂလာတော်သက်ရောက်ပါစေသောဝ်။
Verse 182 — Surah As-Saffat 37:182
၁၈၂။ အနန္တစကြဝဠာအပေါင်းတို့၏ အရှင်သခင်၊ အလ္လာဟ်အရှင်မြတ်သည် အ့ံချီးမဆုံးဖြစ်တော်မူ၏။