Back to Languages

Burmese - Chapter 38 - Sad

Translation by Ba Sein — Permalink

Verse 1 — Surah Sad 38:1

၁။ ဆွားဒ်။ အလွန်ထင်ရှားကျော်ဇော်သော ကျမ်းမြတ်ကုရ်အာန်ရှိသကဲ့သို့။

Verse 2 — Surah Sad 38:2

၂။ မိစ္ဆာဒိဋ္ဌိတို့သည် အနှစ်သာရမရှိသော ပလွှားဝင့်မော်ခြင်း၌ မွေ့လျော်နေကြ၏၊ ဂိုဏ်းဂဏကွဲပြားတည်ထောင် နေကြ၏။

Verse 3 — Surah Sad 38:3

၃။ ငါအရှင်မြတ်သည် ဤလူများထက် ရှေးကျသောလူအဆက်ဆက်ပေါင်းများစွာကို ဖျက်ဆီးရုပ်သိမ်းတော်မူခဲ့ပြီ၊ အပြစ်ဒဏ်မှ လွတ်မြောက်ရမည့်အချိန်ကုန်လွန်သောအခါမှသာ ထိုလူဟောင်းတို့သည် ကယ်ဆယ်စောင်မတော် မူရန် မြည်တမ်းတောင်းပန်ကြ၏။

Verse 4 — Surah Sad 38:4

၄။ ထို့အပြင်မိစ္ဆာမိုက်တို့သည် မိမိတို့အမျိုးသားတစ်ဦး တမန်တော်ဖြစ်လာသည်ကို အ့ံသြကြ၏၊ ဤသူကား မှော်စုံးမျက်လှည့်အတတ်တတ်မြောက်သည့်မုသားကောင်စင်စစ်ဖြစ်သည်ဟု ပြောဆိုကြ၏။

Verse 5 — Surah Sad 38:5

၅။ အချင်းတို့၊ ရှင်မိုဟမ္မဒ်သည် ငါတို့မိရိုးဖလာဘုရားများကို တစ်ပါးတည်းသောဘုရားပြုလုပ်သလား၊ ကြည့်ကြ လော့၊ သူ၏ဟောပြောချက်သည် အလွန်အ့ံသြဖွယ်ကောင်းပေစွဟု ဆိုကြ၏။

Verse 6 — Surah Sad 38:6

၆။ မိစ္ဆာဒိဋ္ဌိတို့အထဲမှ အကြီးအကဲတို့သည် ဟိုဟိုဒီဒီသွားလာ၍ သြဝါဒပေးကြသည်မှာ အချင်းတို့၊ သင်တို့သည် မိမိတို့မိရိုးဖလာကိုးကွယ်သောဘုရားများအပေါ်၌ မြဲမြံသောသစ္စာရှိကြလော့၊ မှတ်သားကြလော့၊ ရှင်မိုဟမ္မဒ်၏ စကားသည် တရားမဟုတ်၊ လုပ်ကြံပြောဆိုသောမုသားစကားသာတည်း။

Verse 7 — Surah Sad 38:7

၇။ အချင်းတို့၊ ငါတို့သည် ဤကဲ့သို့တရားမျိုးကို နောက်ပေါ်သောဘာသာများတွင် တစ်ရံတစ်ခါမျှမကြားဘူးချေ၊ ဤတရားသည် မဟုတ်မမှန် သူ၏ စိတ်ကစားခြင်းသာဖြစ်၏။

Verse 8 — Surah Sad 38:8

၈။ ငါတို့အနက် သူ့ကိုသာလျှင် ရွေးကောက်၍ ကျမ်းတော်ချပေးသလောဟု ပြောဆိုကြ၏၊ အမှန်မှာ သူတို့သည် ငါအရှင်မြတ်ချပေးသနားတော်မူသောကျမ်းတော်ကို ယုံမှားသံသယရှိနေကြ၏၊ သူတို့သည် ငါ၏အပြစ်ဒဏ်တော် ကို မမြည်းရသေးချေ။

Verse 9 — Surah Sad 38:9

၉။ သို့မဟုတ် အနန္တတန်ခိုးတော်ရှင်၊ ရက်ရောပေးကမ်းစွန့်ကြဲတောမူထသောအရှင်၊ သင်၏ အသက်သခင်ကျေးဇူး တော်ရှင်၏ အနန္တကောင်းကြီးမင်္ဂလာတော်သည် သူတို့ပိုင်ဆိုင်သောဥစ္စာရတနာဖြစ်သလော။

Verse 10 — Surah Sad 38:10

၁၀။ သို့မဟုတ် သူတို့သည် ကမ္ဘာမြေပြင်မိုးကောင်းကင်တည်းဟူသောနိုင်ငံတော်ကြီးနှင့် မိုးမြေစပ်ကြားရှိ ဝထ္ထု အစုစုတို့ကို စိုးပိုင်ကြသလော၊ အကယ်၍ စိုးပိုင်လျှင် သူတို့သည် ကောင်းကင်နိုင်ငံတော်ကို ကြိုးလှေကား အားဖြင့် တက်ကြစေလော့။

Verse 11 — Surah Sad 38:11

၁၁။ ရှိရှိသမျှသောမိစ္ဆာအသင်းတို့သည် အရေးနိမ့်ဆုံးရှုံးသောစစ်တပ်သာဖြစ်ကြ၏။

Verse 12 — Surah Sad 38:12

၁၂၊၁၃။ သူတို့ထက်ရှေးကျသောတမန်တော်နူဟို၏ လူများ၊ အားဒ်အမျိုးသားများ၊ လွဒ်၏ လူများ၊ တောင်သူတောင်သား ခေါ်လူများ၊ ဤအသင်းသားတို့သည် မိမိတို့ထံရောက်လာသောတမန်တော်များကို မယုံကြည်ငြင်းဆန်ကြ၏။

Verse 13 — Surah Sad 38:13

၁၂၊၁၃။ သူတို့ထက် ရှေးကျသောတမန်တော်နူဟို၏ လူများ၊ အားဒ်အမျိုးသားများ၊ လွဒ်၏ လူများ၊ တောင်သူတောင်သား ခေါ်လူများ၊ဤအသင်းသားတို့သည် မိမိတို့ထံရောက်လာသောတမန်တော်များကို မယုံကြည်ငြင်းဆန်ကြ၏။

Verse 14 — Surah Sad 38:14

၁၄။ ဤအသင်းသားတို့တစ်ယောက်မျှမကျန် အားလုံးသည် မိမိတို့ထံလာသောတမန်တော်များကို မယုံကြည် မထီ မဲ့မြင်ပြုကြသောကြောင့် ငါအရှင်မြတ်၏ ပြင်းပြသောအပြစ်ဒဏ်တော်နှင့်သာ ထိုက်တန်၏။

Verse 15 — Surah Sad 38:15

၁၅။ ဤသူတို့သည် အလွန်ထိတ်လန့်ကြောက်မက်ဖွယ်သောအသံကြီးကိုသာ စောင့်ဆိုင်းနေကြ၏၊ ထိုအသံကြီး တစ်ခါတစ်ကြိမ်တည်းသာ မည်ဟီး၏။

Verse 16 — Surah Sad 38:16

၁၆။ သူတို့သည် အို-အကျွနု်ပ်တို့၏အရှင်သခင်၊ အကျွနု်ပ်တို့အား ကံကြမ္မာအလျောက် တရားစီရင်တော်မူသော နေ့တော်ကြီးမတိုင်မီ အမြန်စီရင်တော်မူပါဟု ဆုတောင်းဝ့ံကြ၏။

Verse 17 — Surah Sad 38:17

၁၇။ အို-တမန်တော်၊ ဤသူမိုက်တို့၏ စကားကို သည်းခံ၍ ဘုန်အာနုဘော်နှင့် ပြည့်စုံသောငါ၏ ကျေးကျွန်တမန် တော်ဒါဝတ်(ဒ်)၏ ထုံးကို စဉ်းစားဆင်ခြင်လော့၊ မှတ်သားလော့၊ ထိုတမန်တော်သည် တရားသံဝေဂရ၍ ငါ့ အား ဝတ်အထူးပြု၏။

Verse 18 — Surah Sad 38:18

၁၈။ မှတ်သားကြလော့၊ ငါသည် တောင်များကို ထိုတမန်တော်နှင့်အတူ ညဉ့်တိုင်းနံနက်တိုင်း ငါ့အား ဝတ်ပြု၍ ငါ၏ ဂုဏ်ကျေးဇေူးတော်ကို ချီးကျုးတသစေတော်မူ၏။

Verse 19 — Surah Sad 38:19

၁၉။ ထို့အပြင်ငှက်အပေါင်းတို့လည်း စုရုံးစည်းဝေး၍ အလ္လာဟ်အရှင်မြတ်အား နားစွင့်နေကြ၏။

Verse 20 — Surah Sad 38:20

၂၀။ ငါသည် ထိုတမန်တော် စိုးမိုးအုပ်ချုပ်သောနိုင်ငံတော်ကို အင်အားတောင့်တင်းပြည့်ဝစေတော်မူ၏၊ သူ့အားလည်း ဉာာဏ်ပညာနှင့် ထက်မြက်မှန်ကန်စွာဆုံးဖြတ်နိုင်သည့်စွမ်းရည်သတ္တိတို့ကို ပေးသနားတော်မူ၏။

Verse 21 — Surah Sad 38:21

၂၁။ ထို့အပြင်အို-တမန်တော်၊ တမန်တော်ဒါဝတ်(ဒ်)ထံ ထရားစွဲဆိုရန် လာကြသူတို့၏ အကြောင်းအရာများကို သင်ကြားရပြီလော၊ ထိုအမှုသည်တို့သည် တံတိုင်းပြဿဒ်ကို ချိပ်တက်ကျော်နင်းပြီးလျှင် ဘုရင်မင်းမြတ်၏ အခမး်တော်ထဲသို့ ဝင်လာကြ၏။

Verse 22 — Surah Sad 38:22

၂၂။ သူတို့သည် ရုတ်တရက်ဝင်ရောက်လာကြသဖြင့် တမန်တော်ဒါဝတ်(ဒ်)သည် ထိတ်လန့်သွား၏၊ သူတို့က တမန်တော်ကြီးမကြောက်ရွံ့ပါနှင့်၊ အကျွနု်ပ်တို့သည် အမှုသည်နှစ်ယောက်ဖြစ်ပါသည်။ အကျွနု်ပ်တို့အနက် တစ်ယောက်သည် အခြားတစ်ယောက်ကို ပြစ်မှားမိပါ၏။ ထို့ကြောင့်အကျွနု်ပ်တို့စပ်ကြားတွင် မှန်ကန်စွာဆုံးဖြတ် ပေးတော်မူပါ၊ မတရားဆုံးဖြတ်တော်မမူပါနှင့်၊ သမာသမတ်လမ်းကို ပြသတော်မူပါ။

Verse 23 — Surah Sad 38:23

၂၃။ နားဆင်တော်မူပါ၊ ဤအကျွနု်ပ်ညီရင်းအစ်ကိုဖြစ်သူတွင် သိုးမကောင်ရေကိုးဆယ်ကိုးရှိပါ၏၊ အကျွနု်ပ်မှာမူကား သိုးမတစ်ကောင်သာရှိပါ၏၊ သို့ပါလျက် သူက ထိုသိုးမကို သူ့အား အပ်နှံရန်ပြောပါ၏၊ ထို့အပြင် သူသည် စကားဖြင့် အနိုင်ကျင့်ပါ၏။

Verse 24 — Surah Sad 38:24

၂၄။ ထိုအခါဒါဝတ်(ဒ်)က အို-လျှောက်သူ၊ ထိုသူသည် မိမိသိုးများအပြင် သင်၏ သိုးကို တောင်းရာ၌ သင့်ကို ပြစ်မှားမိ၏၊ မှတ်သားကြလော့၊ များလှစွာသောအလုပ်ဖက်စပ်သူတို့သည် အချင်းချင်းတစ်ဦးကို တစ်ဦးက အနိုင်အထက်နှိပ်စက်ညှင်းပန်းတတ်၏၊ သို့ရာတွင် သမ္မာတရားတော်ကို ယုံကြည်လျက် ကောင်းမှုပြုကျင့်သူ များသည် ယင်းသို့မကျင့်ကြံချေ၊ သို့သော်သူတို့၏ အရေအတွက်မူကား နည်းလှချေ၏၊ ထို့နောက်တမန်တော်ဒါဝတ်(ဒ်)သည် မိမိအား ငါအရှင်မြတ်စုံစမ်းတော်မူပြီဟု ရိပ်မိသဖြင့် သူသည် မိမိအသက်ကျေးဇူးရှင်အထံတော် ၌ အပြစ်လွှတ်တော်မူရန် ဦးခေါင်းညွှတ်ချပျပ်ဝပ်လျက် အပြစ်ကို ဝန်ချတောင်းပန်၏။

Verse 25 — Surah Sad 38:25

၂၅။ ငါသည် ကျူးလွန်မိသောအပြစ်များကို ခွင့်လွှတ်တော်မူ၏၊ မှတ်သားကြလော့၊ သူသည် ငါ၏ မျက်မှောက် တော်သို့ ဝင်ခွင့်ရှိ၏၊ သူ၏ခရီးပန်းတိုင်သည် သုမင်္ဂလာဖြစ်၏။

Verse 26 — Surah Sad 38:26

၂၆။ သူ့အား မိန့်တော်မူသည်မှာ အို-ဒါဝတ်(ဒ်)မှတ်သားလော့၊ ငါသည် သင့်အား ဤကမ္ဘာမြေပေါ်တွင် ငါ၏ ကိုယ်စားလှယ်တော်ရာထူူးဖြင့် ချီးမြှင့်ထားတော်မူပြီ၊ လူသားတို့အလယ်ကြား၌ တရားကို မှန်ကန်စွာဆုံးဖြတ် လော့၊ အလ္လာဟ်အရှင်မြတ်၏ သမ္မာတရားလမ်းတော်မှ သွေဖယ်သွားအောင် လှည့်ဖြားသောသင်၏ ရာဂ၊ ဒေါသစသောမကောင်းစိတ်ဆွဲငင်ရာ လိုက်ပါကျင့်မူခြင်းကို မပြုလင့်၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ လွဲချော်သွားသောသူတို့သည် တရားစစ်ကြောစီရင်တော်မူသောနေ့တော်ကြီးကို သတိမမူမေ့လျော့ နေကြသောကြောင့် အလွန်ပြင်းပြကြောက်မက်ဖွယ်အပြစ်ဒဏ်ကို ခံစားကြရလတ့ံ။

Verse 27 — Surah Sad 38:27

၂၇။ တဖန်ငါသည် ကမ္ဘာမြေပြင်မိုးကောင်းကင်နှင့်တကွ ေျကာင်းကင်မိုးမြေအကြားခပ်သိမ်းကုန်သောဝထ္ထုများကို အချည်းနှီးအကျိုးမဲ့ဖန်ဆင်းတော်မူသည်မဟုတ်ချေ၊ မယုံကြည်သူမိစ္ဆာမိုက်တို့က ယင်းသို့ဖန်ဆင်းတော်မူသည် ဟု ထင်မှတ်ကြ၏၊ သို့ဖြစ်၍ မိစ္ဆာယုတ်တို့သည် ငရဲမီးတွင် ပျက်စီးဆုံးရှုံးရမည်သာတည်း။

Verse 28 — Surah Sad 38:28

၂၈။ ငါသည် သမ္မာတရားတော်ကို ယုံကြည်၍ ကောင်းမြတ်သောအကျင့်သီလကို ဖြည့်ကျင့်သူတို့အား ကမ္ဘာပေါ်တွင် ဒုစရိုက်မကောင်းမှုပွားများနှံ့ပြားစေသောသူတို့နှင့် ထပ်တူထပ်မျှထားတော်မူမည်လော၊ သို့မဟုတ် ငါသည် အပြစ်ကို ရှောင်ကြဉ်သူ၊ သူတော်ကောင်းကို အပြစ်ကျူးလွန်သူ၊ သူယုတ်မာနှင့် တတန်းတစားတည်းထားတော် မူမည်လော။

Verse 29 — Surah Sad 38:29

၂၉။ အို-တမန်တော်၊ ဤကျမ်းမြတ်ကုရ်အာန်ကို သင့်အား ငါထုတ်ပြန်ချပေးသနားတော်မူ၏၊ ဤကျမ်းတော်မြတ် သည် ကောင်းကြီးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံ၏၊ သို့ထုတ်ပြန်ပို့ချပေးသနားတော်မူသည်မှာ လူသားအပေါင်း တို့သည် ကျမ်းတော်မြတ်၏ ဂါထာတော်များကို စဉ်းစားဆင်ခြင်ဖို့ရာသော်လည်းကောင်း၊ အသိဉာာဏ်ရှိသူတို့ တွေးတော်သုံးသပ်ဖို့ရာသော်လည်းကောင်း ဖြစ်၏။

Verse 30 — Surah Sad 38:30

၃၀။ ငါသည် တမန်တော်ဒါဝတ်(ဒ်)အား စိုလိုင်မံခေါ် သားကောင်းရတနာကို ပေးသနားတော်မူ၏၊ မှတ်သားကြလော့၊ သူသည် အလ္လာဟ်အရှင်မြတ်ကို အမြဲဝတ်ပြု၍ မိမိအပြစ်များကို ဝန်ချတောင်းပန်၏။

Verse 31 — Surah Sad 38:31

၃၁။ တနေ့သ၌ နေမဝင်မီညနေချမ်းအချိန်တွင် အလွန်လျင်မြန်သောစစ်မြင်းများကို သူ့အား ပြသောအခါ။

Verse 32 — Surah Sad 38:32

၃၂။ သူပြောဆိုသည်မှာ ထိုမြင်းများကို ကန့်လန့်ကာနောက်ကွယ်သို့ ယူသွားသည့်တိုင်အောင် ငါသည် အလ္လာဟ် အရှင်မြတ်အား အာရုံပြုသည်ထက် လောကီစည်းစိမ်ဥစ္စာများကို သာလွန်နှစ်သက်မိချေပြီ။

Verse 33 — Surah Sad 38:33

၃၃။ ထို့နောက်ထိုမြင်းများကို ငါ၏ရှေ့သို့ သွင်းခဲ့ကြလော့ဟု အမိန့်ပေး၍ ရောက်သောအခါ ၎င်းမြင်းများ၏ ခြေ များနှင့် လည်တိုင်များကို သန်လျက်ဖြင့် ခုတ်ပိုင်းလေ၏။

Verse 34 — Surah Sad 38:34

၃၄။ ငါသည် တမန်တော်စိုလိုင်မာန်အား မုချဧကန်စုံစမ်းတော်မူ၏၊ သူ၏ ပလ္လင်ပေါ်၌ ရုပ်ကလာပ်တစ်ခုချထားူတော် မူ၏၊ ထိုအခါသူသည် သတိနောင်တရ၏။

Verse 35 — Surah Sad 38:35

၃၅။ တမန်တော်စိုလိုင်မာန်သည် ငါ့အထံတော်၌ ပန်ထွာဆုတောင်းသည်မှာ အို-အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ၊ အကျွနု်ပ်မရှိသည့်နောက် မည်သူတစ်စုံတစ်ယောက်နှင့်မျှ မထိုက်တန်သော အချုပ်အခြာအာဏာကို အကျွနု်ပ်အား ပေးသနားတော်မူပါ၊ အရှင်သည် ပေးကမ်းစွန့်ကြဲတော်မူထသောအရှင် အမှန်အကန်ဖြစ်တော်မူ၏။

Verse 36 — Surah Sad 38:36

၃၆။ ထိုအခါ ငါသည် လေကို တမန်တော်စိုလိုင်မာန်၏ အမိန့်ကို နာခံစေတော်မူ၏၊ လေသည် တမန်တော်၏ အမိန့်အတိုင်းရောက်လိုသောအရပ်သို့ ဖြည်းညှင်းသာယာစွာယူဆောင်၍ သွားလေ၏။

Verse 37 — Surah Sad 38:37

၃၇။ ထို့အပြင်အဆောင်အအုံတည်ဆောက်လျက်ရှိသောနတ်ဘီလူး၊ ပုလဲရတနာများကို ငုပ်ယူသောနတ်ဘီလူးများ အပါအဝင်ဖြစ်သောရှိုင်တန်မာရ်နတ်များကိုလည်း တမန်တော်စိုလိုင်မာန်၏ အမိန့်ကို နာခံစေတော်မူ၏။

Verse 38 — Surah Sad 38:38

၃၈။ ထို့အပြင်သံကြိုးနှင့်အတူတကွ ဖွဲ့နှောင်ထားသောရှိုင်တန်နတ်ဘီလူးများကိုလည်း တမန်တော်၏ အခိုင်းအစေ ဖြစ်စေတော်မူ၏။

Verse 39 — Surah Sad 38:39

၃၉။ ထို့နောက် တမန်တော်ကို ငါမိန့်တော်မူသည်မှာ အို-စိုလိုင်မာန်၊ ဤသည်ဤဟာများသည် ငါက သင့်အား ချပေးသနားတော်မူသောစည်းစိမ်ဥစ္စာများတည်း၊ ထို့ကြောင့်ပေးကမ်းူစွန့်ကြဲလိုလျှင် စွန့်ကြဲလော့၊ သိုမှီးသိမ်း ဆည်းထားလိုလျှင် သိမ်းဆည်းထားလော့၊ သင့်အား ဤပစ္စည်းများအတွက် တစ်စုံတစ်ရာစစ်ကြောမေးမြန်းမည် မဟုတ်ချေဟု ဖြစ်၏။

Verse 40 — Surah Sad 38:40

၄၀။ ထို့အပြင်မှတ်သားကြလော့၊ တမန်တော်စိုလိုင်မာန်သည် ငါ့အထံတော်၌ မျက်နှာရသူဖြစ်၏၊ သူ၏ ပန်းတိုင်သည် သုမင်္ဂလာဖြစ်၏။

Verse 41 — Surah Sad 38:41

၄၁။ ထို့အပြင်အို-မိုဟမ္မဒ်၊ ငါ၏ ကျေးကျွန်အိုင်ယူး(ဘ်)၏ အကြောင်းကိုလည်း သင်ဟောပြောလော့၊ သူသည် မိမိ၏ အသက်သခင်ကျေးဇူူးတော်ရှင်ကို တင်လျှောက်သည်မှာ အို-အရှင်မြတ်၊ ရှိုင်တန်မာရ်နတ်သည် အကျွနု်ပ် အား ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် နှိပ်စက်နေပါသည်။

Verse 42 — Surah Sad 38:42

၄၂။ ထိုအခါသူ့အား အို-အိုင်ယူး(ဘ်)၊ သင်သည် မိမိခြေဖနောင့်ဖြင့် မြေကို ဆောင့်ေျလာ့ဟု ဗျာဒိတ်ပေးတော်မူ၏၊ သို့ဆောင့်သောအခါ စမ်းရေထွက်လာ၏၊ ဤရေသည် ရေချိုးဖို့ရာ ရေအေးလည်း ဖြစ်၏၊ သောက်ဖို့ရာရေ၊ အမောဖြေအားဖြည့်ဖို့ ရေလည်းဖြစ်၏။

Verse 43 — Surah Sad 38:43

၄၃။ ထို့အပြင်ငါသည် မိမိ၏ မဟာဂရုဏာတော်ဖြင့် တမန်တော်အိုင်ယူး(ဘ်)အား ၎င်း၏ အိမ်သူအိမ်သားကိုသော် လည်းကောင်း၊ သူတို့နှင့်တူသူများကိုသော်လည်းကောင်း၊ ပေးသနားတော်မူ၏၊ ယင်းသို့ပေးသနားတော်မူခြင်း ကား ငါ့ထံမှ ကောင်းကြီးမင်္ဂလာတော်ဖြစ်၏၊ အသိဉာာဏ်ရှိသူတို့အဖို့ အမှတ်သညာလည်းဖြစ်၏။

Verse 44 — Surah Sad 38:44

၄၄။ ထို့အပြင်သူ့အား အို-အိုင်ယူး(ဗ်)၊ သင်သည် သစ်ကိုင်းတစ်ကိုင်းကို ကိုင်၍ ရိုက်လော့၊ သင်သည် မိမိပြုသော သစ္စာကို မဖျက်လင့်၊ မှတ်သားကြလော့၊ ငါသည် သူ့အား တည်ကြည်သမာဓိရှိသူအဖြစ်နှင့်ပင် တွေ့မြင်တော် မူ၏၊ အလွန်မွန်မြတ်သောကျေးတော်မျိုး ကျွန်တော်မျိုးတစ်ဦးဖြစ်ပေစွ၊ စင်စစ်မှာ သူသည် မိမိကျေးဇူးတော် သခင် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ သတိနောင်တရခြင်းဖြင့် အမြဲမျက်နှာမူ၏။

Verse 45 — Surah Sad 38:45

၄၅။ အို-တမန်တော်မိုဟမ္မဒ်၊ ငါ၏ ကျေးကျွန်တမန်တော်အေဗရာဟမ်၊ အစ်စ်ဟတ်(က်)၊ ယအ်ကွတ်(ဘ်)တို့၏ အကြောင်းူအရာကို ဟောပြောလော့၊ ထိုတမန်တော်တို့သည် အရည်အချင်းကောင်းမြတ်၏၊ အမြော်အမြင်ကြီး သူတို့ဖြစ်ကြ၏။

Verse 46 — Surah Sad 38:46

၄၆။ မှတ်သားကြလော့၊ ငါသည် ထိုတမန်တော်တို့အား နောင်တမလွန်ဘဝ၌ရှိသောဘုံဗိမာန်ကို အမြဲသတိရတတ် သောဖြူစင်သောစိတ်သဘောအားဖြင့် သန့်ရှင်းစင်ကြယ်တော်မူ၏။

Verse 47 — Surah Sad 38:47

၄၇။ မှတ်သားကြလော့၊ ငါ၏ရှေ့တော်၌ ထိုတမန်တော်တို့သည် ငါအမြတ်တနိုးရွေးကောက်တော်မူသောသူတော် သူမြတ်တို့ဘောင်တွင် ပါဝင်သူများမုချဖြစ်ကြ၏။

Verse 48 — Surah Sad 38:48

၄၈။ အို-တမန်တော်မိုဟမ္မဒ်၊ အစ္စမာအီလ်၊ အီလီရှားဇွလ်ကစ်(ဖ်)လေ့တို့သည် တမန်တော်များဖြစ်ကြ၏၊ သူတို့ အကြောင်းကိုလည်း ဟောကြားလော့၊ စင်စစ်အားဖြင့် သူတို့သည် ငါရွေးကောက်တင်မြှောက်တော်မူသော သူတော်သူမြတ်တို့ဘောင်တွင် အပါအဝင်ဖြစ်ကြ၏။

Verse 49 — Surah Sad 38:49

၄၉။ ဤကျမ်းတော်မြတ်သည် အဆုံးအမသတိပေးတရားတော်ဖြစ်၏၊ မှတ်သားကြလော့၊ ဒုစရိုက်မကောင်းမှုကို ရှောင်ကြဉ်သူတို့အတွက်မူကား သူတို့၏ ခရီးပန်းတိုင်သည် သုမင်္ဂလာဖြစ်၏။

Verse 50 — Surah Sad 38:50

၅၀။ ထိုပန်းတိုင်သည် သုခဥယျာဉ်တော်များဖြစ်၏၊ ထိုဥယျာဉ်တော်များ၏ တံခါးများကို သူတို့အတွက် ဖွင့်ထား တော်မူ၏။

Verse 51 — Surah Sad 38:51

၅၁။ သူတို့သည် ထိုဥယျာဉ်တော်များတွင် လဲလျောင်းလျက် ဥယျာဉ်ရှိ မွန်မြတ်များပြားသော သစ်သီးသစ်ဥနှင့် အေးမြသောသောက်စရာတို့ကို တောင်းသောက်စားကြ၏။

Verse 52 — Surah Sad 38:52

၅၂။ ထို့အပြင်သူတို့အပါးတွင် စက္ခုအိန္ဒြေရှိသောနတ်ကညာများူလည်းရှိကြ၏။

Verse 53 — Surah Sad 38:53

၅၃။ ဤကျေးဇူးတော်များသည် တရားစီရင််တော်မူသောနေ့တွင် ပေူးသနားတော်မူမည်ဟု သင်တို့အား ဂတိသစ္စာ ထားတော်မူသောအောင်ဆုမင်္ဂလာတော်တည်း။

Verse 54 — Surah Sad 38:54

၅၄။ မှတ်သားကြလော့၊ ဤကျေးဇူးတော်များသည် ငါပေးသနားတော်မူသောဘောဇဉ်ရိက္ခာများအမှန်ဖြစ်၏၊ ၎င်းတို့ သည် ဘယ်သောအခါမျှ မပုပ်သိုးမပျက်စီးချေ။

Verse 55 — Surah Sad 38:55

၅၅။ ဤအောင်ဆုမင်္ဂလာတော်ကြီးသည် သမ္မာတရားတော်အတိုင်း ကျင့်ကြံသောသူမွန်သူမြတ်တို့အဖို့အရာဖြစ်၏၊ မှတ်သားကြလော့၊ တရားလွန်သူအပြစ်ကောင်တို့မှာမူကား သူတို့၏ခရီးပန်းတိုင်သည် အမင်္ဂလာဖြစ်ရလတ့ံ။

Verse 56 — Surah Sad 38:56

၅၆။ သူတို့သည် အဝီစိငရဲမီးတွင် လောင်ကျွမ်းကြရလတ့ံ၊ အလွန်ဆိုးဝါသောနေရာထိုင်ခင်ဖြစ်၏။

Verse 57 — Surah Sad 38:57

၅၇။ ငရဲအတွင်း၌ သူတို့သောက်ဖို့ရာ ကျိုက်ကျိုက်ဆူသောရေပူရှိ၏၊ အလွန်အေးသောရေခဲရေလည်း ရှိ၏၊ သူတို့ သည် ၎င်းရေကိုသာ သောက်ရမည်သာတည်း။

Verse 58 — Surah Sad 38:58

၅၈။ ထို့အပြင်အပူအအေးစုံတွဲရှိသကဲ့သို့့ အခြားအပြစ်ဒဏ်များလည်း စုံတွဲစုံတွဲစီ အမျိုးမျိုးအဖုံဖုံရှိသေး၏။

Verse 59 — Surah Sad 38:59

၅၉။ အို-ငရဲသားတို့၊ သည်မှာ သင်တို့ထံသို့ မစဉ်းစားမဆင်ခြင်ပဲ အရေးတကြီးတိုးဝင်လာသောစစ်တပ်ကြီးတစ်ခု ရှိသေး၏၊ ငရဲသားတို့က သင်တို့အဖို့သာယာသောခရီးဦးကြိုဆိုသောစကားမရှိချေ၊ အကယ်စင်စစ်သူတို့သည် ငရဲမီး၌ ဖုတ်ကင်ခြင်းကို ခံကြရလတ့ံဟု ဆို၏။

Verse 60 — Surah Sad 38:60

၆၀။ သူတို့က ဟယ်-လမ်းမှားသို့ သွေးဆောင်သောသူယုတ်မာကြီးတို့၊ သင်တို့ကို ခရီးဦးကြိုဆိုဖို့ရာ နှစ်သိမ့်စေ သောစကားမရှိချေ၊ သင်တို့သည် မိမိတို့ဖျားယောင်းသွေးဆောင်ခြင်းအားဖြင့် ငါတို့ကို ဤဘေးဒဏ်သို့ ယူဆောင် လာကြ၏၊ ယခုမူကား ကံဆိုးမိုးမှောင်ဘဝသို့ ရောက်ရချေပြီဟု ဆိုကြ၏။

Verse 61 — Surah Sad 38:61

၆၁။ တဖန်သူတို့က အို-အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်၊ အကျွနု်ပ်တို့အား ဤဘေးဒုက္ခသို့ ပို့ဆောင်သောသူ တို့အား အပြစ်ဒဏ်နှစ်ဆထမ်းပိုးတိုးပေးတော်မူပါဟု တင်လျှောက်ကြ၏။

Verse 62 — Surah Sad 38:62

၆၂။ ငရဲသားတို့အချင်းချင်း ဤသို့မေးမြန်းကြ၏၊ ငါတို့မလိမ္မာဆိုးသွမ်းသူဟု ယူဆလေ့ရှိသောသူများကို ငါတို့ ယခုမမြင်ရချေ၊ ငါတို့အဘယ်အဖြစ်သို့ ဆိုက်ရောက်နေကြသနည်း။

Verse 63 — Surah Sad 38:63

၆၃။ ငါတို့သည် သူတို့အား ရယ်စရာဟု ထင်မှတ်ခဲ့ခြင်းသည် မှားပြီလော သို့မဟုတ် ငါတို့သည် သူတို့ကို မမြင် ပဲ မျက်စိမှောက်နေသလော။

Verse 64 — Surah Sad 38:64

၆၄။ မှတ်သားကြလော့၊ ငရဲသားတို့သည် အချင်းချင်းတစ်ဦးနှင့်တစ်ဦး ယင်းကဲ့သို့မုချဧကန်အငြင်းအခုန်ပြုကြ၏၊ အချင်းဖြစ်ပွားကြ၏။

Verse 65 — Surah Sad 38:65

၆၅။ အို-တမန်တော်မိုဟမ္မဒ်၊ သင်သည် သူတို့အား ဟောကြားလော့၊ ငါသည် အဆုံးအမသတိပေးသူသာတည်း၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ အရှင်မြတ်သည် တစ်ဆူတည်းအထီးထီးတည်တော် မူ၏၊ ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံတော်မူ၏။

Verse 66 — Surah Sad 38:66

၆၆။ အရှင်မြတ်သည် ကမ္ဘာမြေပြင်မိုးကောင်းကင်နှင့် မိုးမြေအကြားရှိရှိသမျှတို့ကို သိမ်းရုံးစိုးပိုင်တော်မူ၏၊ အနန္တ တန်ခိုးတော်သခင်၊ အပြစ်လွှတ်တော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 67 — Surah Sad 38:67

၆၇။ အို-တမန်တော် ဟောပြောလော့၊ ဟယ်-အချင်းတို့၊ ဤကျမ်းမြတ်ကုရ်အာန်သည် အတိုင်းမသိသိမ်မွေ့နက်နဲ မြင့်မြတ်လှ၏။

Verse 68 — Surah Sad 38:68

၆၈။ သို့ပါလျက် သင်တို့သည် ဤကျမ်းတော်မြတ်ကို မလိုက်နာ ကျောပေးကြ၏။

Verse 69 — Surah Sad 38:69

၆၉။ ဟယ်-အချင်းတို့၊ ကောင်းကင်းတမန်တော်ကြီးများအချင်းချင်း ငြင်းခုံကြသောအခါ သူတို့အကြောင်းကို ငါ မသိရချေ။

Verse 70 — Surah Sad 38:70

၇၀။ ငါသည် အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူသော တမန်တော်ရိုးရိုးသာတည်းဟု ငါ့ထံ ဗျာဒိတ်တော်လာ၏။

Verse 71 — Surah Sad 38:71

၇၁။ အို-တမန်တော်၊ သင်၏ အသက်သခင်ကျေးဇူးရှင်သည် ကောင်းကင်တမန်တော်မျာအား မိန့်တော်မူသည်မှာ အို-ကောင်းကင်တမန်အပေါင်းတို့၊ ကြည့်ကြလော့၊ ငါသည် လူသားကို ရွှံ့မြေမှ ဖန်ဆင်းတော်မူမည်ဖြစ်၏။

Verse 72 — Surah Sad 38:72

၇၂။ ယင်းသို့ဗျာဒိတ်ပေးတော်မူပြီးနောက် လူသားကို ကိုယ်ကာယခြေလက်အင်္ဂါအစုံအလင်ဖန်ဆင်းတော်မူ၏၊ ၎င်း ကိုယ်ကာယအတွင်း ငါ၏ အသက်ဝိညာဉ်ကို မှုတ်သွင်းတော်မူ၏၊ ယင်းသို့အသက်သွင်းတော်မူပြီးသည်နောက် ကောင်းကင်တမန်တို့အား လူသားကို ဦးညွှတ်ချ၍ အရိုအသေပြုရန် ခိုင်းတော်မူ၏။

Verse 73 — Surah Sad 38:73

၇၃။ ကောင်းကင်တမန်တော်များအနက် တဦးသောတမန်တော်မှတပါး အခြားတမန်တော်များသည် ဦးညွှတ်ချ၍ အရိုအသေပြုကြ၏။

Verse 74 — Surah Sad 38:74

၇၄။ အရိုအသေမပြုသောကောင်းကင်တမန်မှာ အီဗလစ်(စ်)ဖြစ်၏၊ သူသည် လူသားအား စက်ဆုတ်ရွံရှာ၏၊ မထီ လေးစားပြု၏၊ မယုံကြည်သူမိစ္ဆာမိုက်တို့ဘောင်တွင် အပါအဝင်ဖြစ်သွား၏။

Verse 75 — Surah Sad 38:75

၇၅။ အလ္လာဟ်အရှင်မြတ် ဗျာဒိတ်ပေးသည်မှာ အို-အီဗလစ်(စ်)၊ နင်သည် ငါ၏လက်တော်နှစ်ဘက်ဖြင့် ဖန်ဆင်းသော လူသားကို ဦးညွှတ်ချခြင်းမပြုအောင် နင့်အား အဘယ်အရာတစ်စုံတစ်ခုက တားဆီးကန့်ကွက်သနည်း၊ နင်သည် အလွန်မာနကြီးသလော၊ သို့မဟုတ် နင်သည် မြင့်မြတ်၍ တန်ခိုးကြီးသူတို့ဘောင်တွင် အပါအဝင်ဖြစ်သလော။

Verse 76 — Surah Sad 38:76

၇၆။ အီဗလစ်(စ်)က တုံ့ပြန်လျှောက်သည်မှာ အို-အလ္လာဟ်အရှင်၊ အကျွနု်ပ်သည် လူသားထက်သာလွန်မြင့်မြတ်ပါ၏၊ အရှင်မြတ်သည် အကျွနု်ပ်ကို မီးမှ ဖန်ဆင်းတော်မူပါ၏၊ လူသားကို မြေစေးမှ ဖန်ဆင်းတော်မူပါ၏။

Verse 77 — Surah Sad 38:77

၇၇။ ထိုအခါအလ္လာဟ်အရှင်မြတ်ဗျာဒိတ်ပေးတော်မူသည်မှာ အို-အီဗလစ်(စ်)၊ နင်သည် ဤသုခဘုံနန်းမှ အမြန် ထွက်သွားလော့၊ မှတ်သားလော့၊ အမှန်မှာ နင်သည် ငါ့အထံတော်မှ နှင်ထုတ်ခံရသောရာဇဝတ်ကောင်ဖြစ်၏။

Verse 78 — Surah Sad 38:78

၇၈။ ထို့အပြင် မှတ်သားလော့၊ စစ်ကြောစီရင်တော်မူသောနေ့တော်ကြီးတိုင်အောင် ငါ၏ ကျိန်ဆဲခြင်းသည် နင့်ကို နှိပ်စက်လတ့ံ။

Verse 79 — Surah Sad 38:79

၇၉။ ထိုအခါသူက အို-အကျွနု်ပ်၏အရှင်သခင်၊ သူတို့ကို ရှင်ပြန်ထမြောက်စေတော်မူသောနေ့တော်ကြီးတိုင်အောင် အကျွနု်ပ်၏ အပြစ်ဒဏ်ကို ဆိုင်းင့ံထားတော်မူပါဟု ပြန်လျှောက်၏။

Verse 80 — Surah Sad 38:80

၈၀၊၈၁။ နင်သည် ချိန်းချက်သတ်မှတ်ထားသောအချိန်တိုင်အောင် အပြစ်ဒဏ်တော်ကို ရွှေ့ဆိုင်းထားခြင်းခံရသော သူတို့ဘောင်တွင် အပါအဝင်ဖြစ်၏ဟု အရှင်မြတ်ဗျာဒိတ်ပေးတော်မူ၏။

Verse 81 — Surah Sad 38:81

၈၀၊၈၁။ နင်သည် ချိန်းချက်သတ်မှတ်ထားသောအချိန်တိုင်အောင် အပြစ်ဒဏ်တော်ကို ရွှေ့ဆိုင်းထားခြင်းခံရသော သူတို့ဘောင်တွင် အပါအဝင်ဖြစ်၏ဟု အရှင်မြတ်ဗျာဒိတ်ပေးတော်မူ၏။

Verse 82 — Surah Sad 38:82

၈၂။ ထိုအခါအီဗလစ်(စ်)က အို-အရှင်မြတ်၊ အရှင်၏ အနန္တတန်ခိုးတော်ကို တိုင်တည်၍ ဆိုပါ၏၊ အကျွန်ုပ်သည် လူသားအားလုံးတို့ကို မုချအမှန်ဖျားယောင်းသွေးဆောင်ပါမည်။

Verse 83 — Surah Sad 38:83

၈၃။ သို့သော် အရှင်မြတ်ကို အမြတ်တနိုးဝတ်ပြုသောစိတ်တခုတည်းသောရှိသော ကျေးတော်မျိုးကျွန်တော်မျိုးတို့ကို မူကား အကျွနု်ပ်မလှည့်စားနိုင်ပါဟု လျှောက်ထားပြန်၏။

Verse 84 — Surah Sad 38:84

၈၄၊၈၅။ အလ္လာဟ်အရှင် ဗျာဒိတ်ပေးတော်မူသည်မှာ အို-အီဗလစ်(စ်)၊ ငါသည် အမှန်ကိုသာ မိန့်တော်မူ၏၊ အမှန်စကား ကား ငါသည် ငရဲကို နင်နှင့်တကွ နင့်နောက်ကို လိုက်သူများနှင့် ပြည့်နှက်အောင် ဖြည့်တော်မူမည်။

Verse 85 — Surah Sad 38:85

၈၄၊၈၅။ အလ္လာဟ်အရှင် ဗျာဒိတ်ပေးတော်မူသည်မှာ အို-အီဗလစ်(စ်)၊ ငါသည် အမှန်ကိုသာ မိန့်တော်မူ၏၊ အမှန်စကား ကား ငါသည် ငရဲကို နင်နှင့်တကွ နင့်နောက်ကို လိုက်သူများနှင့် ပြည့်နှက်အောင် ဖြည့်တော်မူမည်။

Verse 86 — Surah Sad 38:86

၈၆။ အို-တမန်တော်မိုဟမ္မဒ်၊ သင်သည် လူသားအပေါင်းတို့အား ဟောကြားလော့၊ ဟယ်-အချင်းတို့၊ ငါသည် သမ္မာတရားတော်ကို ဟောကြားသွန်သင်ဆုံးမရခြင်းကြောင့် သင်တို့ထံမှ အဖိုးအခတောင်းလည်း မတောင်းချေ၊ တမန်တော်ဟန်ဆောင်သောလိမ်လည်သူလည်း မဟုတ်ချေ။

Verse 87 — Surah Sad 38:87

၈၇။ မှတ်သားကြလော့၊ ကျမ်းမြတ်ကုရ်အာန်သည် ဝေနေယျသတ္တဝါအပေါင်းတို့အတွက် အဆုံးအမတရားတော်မှတပါး အခြားတစ်စုံတစ်ရာမဟုတ်ချေ။

Verse 88 — Surah Sad 38:88

၈၈။ သင်တို့သည် ထိုကျမ်းတော်မြတ်အကြောင်းအရာအမှန်ကို ကာလမကြာမီ သိကြရလိမ့်မည်။