Back to Languages

Burmese - Chapter 39 - Az-Zumar

Translation by Ba Sein — Permalink

Verse 1 — Surah Az-Zumar 39:1

၁။ ကျမ်းမြတ်ကုရ်အာန်ကို အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်၊ အလ္လာဟ်အရှင်မြတ် ထုတ်ပြန် ချပေးသနားတော်မူ၏။

Verse 2 — Surah Az-Zumar 39:2

၂။ အို-တမန်တော်မိုဟမ္မဒ်၊ မှတ်သားလော့၊ ငါသည် သင့်အား ကုရ်အာန်ကျမ်းတော်ကို အမှန်ချပေးသနားတော် မူ၏၊ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်အားသာလျှင် ဝတ်ပြုလော့၊ အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ခြင်း သည် ဖြူစင်မှန်ကန်သောတရားဖြစ်၏။

Verse 3 — Surah Az-Zumar 39:3

၃။ သန့်ရှင်းစင်ကြယ်သော ဘာသာအယူဝါဒမှာ အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ခြင်းဖြစ်၏၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားကာကွယ်စောင့်ရှောက်သူ အဆွေခင်ပွန်းကို ရွေးကောက်သူတို့က အကျွနု်ပ် တို့သည် သူတို့ကို ဝတ်ပြုခြင်းမှာ သူတို့သည် အကျွနု်ပ်တို့အား အလ္လာဟ်အရှင်မြတ်သည် သူတို့အလည်ကြား တွင် သူတို့ကွဲလွဲမှုကို စစ်ကြောစီရင်တော်မူလတ့ံ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မုသားစကား ဆိုသူနှင့် ကျေးဇူးကန်းသူတို့ကို လမ်းပြတော်မမူချေ။

Verse 4 — Surah Az-Zumar 39:4

၄။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သားရတနာရွေးကောက်တော်မူလိုပါလျှင် မိမိဖန်ဆင်းတော်မူသော လူသား များထဲမှ ယူနိုင်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် ကုံလုံမွန်မြတ် အ့ံချီးမဆုံးဖြစ်တော်မူ၏၊ အရှင်မြတ်သည် အလ္လာဟ်ဖြစ်တော်မူ၏၊ တဆူတည်းအထီးထီ တည်တော်မူ၏၊ ဇာတိပကတိအားဖြင့် ကုံလုံပြည့်စေတော်မူ၏။

Verse 5 — Surah Az-Zumar 39:5

၅။ အလ္လာဟ်အရှင်မြတ်သည် မိုးမြေကို အမှန်ပင်ဖန်ဆင်းတော်မူ၏၊ နေ့ပြီးညဉ့်၊ ညဉ့်ပြီးနေ့ကို ခဏမစဲဖြစ်ပေါ်လာစေ တော်မူ၏၊ နေလတို့ကို တာဝန်ဝတ္တရားသတ်မှတ်၍ အလုပ်ချတော်မူ၏၊ နေလတို့သည် ပိုင်းခြားသတ်မှတ် ထားတော်မူသောအချိန်ကာလအတိုင်းသာ သွားလာဝင်ထွက်ရကြ၏၊ အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ အဖန်တလဲလဲအပြစ်လွှတ်တော်မူသောအရှင်မဟုတ်ချေလော။

Verse 6 — Surah Az-Zumar 39:6

၆။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါင်းကို လူသားတစ်ဦးတည်းမှ ဖန်ဆင်းတော်မူ၏၊ ထို့နောက်ထိုလူသား ထံမှ သူ၏ မယားမိန်းမကို စီရင်တော်မူ၏၊ အရှင်မြတ်သည် သင်တို့အဖို့ ခြေလေးချောင်းတိရိစ္ဆာန်ရှစ်မျိုးကို ချပေးတော်မူ၏၊ သင်တို့ကိုလည်း အမိဝမ်းတွင်း၌ မိုက်မှောင်အတိကျလျက်ရှိသောကန့်လန့်ကာသုံးထပ်အထဲ ဝယ် ကလကရေကြည်မှ သွေးခဲ၊ သွေးခဲမှ သားတစ်၊ သားတစ်မှ ခြေလက်အင်္ဂါစသည်များကို တစ်ခုနောက် တစ်ခုဖန်ဆင်းတော်မူ၏၊ သင်တို့၏ အရှင်သခင်အလ္လာဟ်အရှင်မြတ်သည် ယင်းသို့ဖန်ဆင်းတော်မူထသော၊ အချုပ်အခြာအာဏာပိုင်သတော်မူသောအရှင် ဖြစ်တော်မူ၏၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ သို့ပါလျက် သင်တို့သည် အဘယ်ကြောင့်ကျောခိုင်းသွားကြသနည်း။

Verse 7 — Surah Az-Zumar 39:7

၇။ အကယ်၍ သင်တို့သည် ကျေးဇူးကန်းကြလျှင် အလ္လာဟ်အရှင်မြတ်၌ တစ်စုံတစ်ရာဆုံးရှုံးခြင်းမရှိ၊ အရှင်မြတ် သည် သင်တို့ကို မှီခိုအားထားတော်မမူချေ၊ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များက ကျေးဇူးကန်းကြသည်ကို နှစ်သက်တော်မမူချေ၊ သင်တို့သည် ကျေးဇူးတော်ကို ချီးကျူးလျှင် သင်တို့ကို နှစ် ခြိုက်တော်မူ၏၊ မိမိဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်နေရသောလူသားသည် သူတပါး၏ အထုပ်အပိုးကို မထမ်းဆောင် နိုင်ချေ၊ သင်တို့သည် မိမိတို့၏ ကျေးဇူးတော်သခင်ထံ ပြန်ကြရမည့်သာတည်း၊ ထိုအခါ အရှင်မြတ်သည် သင်တို့အား သင်တို့ပြုကျင့်လေ့ရှိသောအမှုများကို ဖော်ပြတော်မူလတ့ံ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ် သည် လူသားတို့၏ စိတ်နှလုံးအိမ်အတွင်းရှိသမျှကို အကြွင်းမဲ့သိတော်မူ၏။

Verse 8 — Surah Az-Zumar 39:8

၈။ လူသားသည် ဘေးဒုက္ခထိသောအခါ မိမိ၏ အရှင်သခင်အထံတော်၌ မိမိအပြစ်များကို ဝန်ချတောင်းပန်၏၊ ထိုဘေးအန္တရာယ်မှ ကယ်နှုတ်တော်မူရန် ဆုတောင်း၏၊ ငါအရှင်မြတ်သည် သူ့အား ကောင်းကြီးမင်္ဂလာပေး သနားတော်မူသောအခါ သူသည် မိမိဆုတောင်းချက်များကို မေ့လျော့ပြီးလျှင် လူတို့အား အရှင်မြတ်လမ်းမှ တိမ်းစောင်းကျအောင် သွေးဆောင်ရန်အလို့ငှာ အရှင်မြတ်နှင့် တုဘက်ပြိုင်ဘက်များကို ရှာဖွေဆည်းကပ် ကိုးကွယ်ကြ၏၊ အို-မိုဟမ္မဒ်၊ သင်သည် ယင်းကဲ့သို့ပြုကျင့်သူအား ဟောကြားလော့၊ ဟယ်-မိစ္ဆာမိုက်၊ သင်၏ မိစ္ဆာအယူဝါဒ၌ လောကီတခဏမျှ ပျော်ရွှင်ချမ်းသာစွာနေလော့၊ မှတ်သားလော့၊ သင်သည် အဝီစိ ငရဲမီးကို ပိုင်ဆိုင်သူတို့ဘောင်တွင် အပါအဝင်ဖြစ်၏။

Verse 9 — Surah Az-Zumar 39:9

၉။ နောင်တမလွန်ဘဝ၌ ယုံကြည်၍ မိမိ၏ အရှင်သခင်အထံတော်မှ ကျေးဇူးမင်္ဂလာတော်ကို မျှော်လင့်လျက် အလ္လာဟ်အရှင်မြတ်အား ညဉ့်အချိန်နာရီများ၌ ဦးညွှတ်ချ၍သော်လည်းကောင်း၊ မတ်မတ်ရပ်၍သော်လည်း ကောင်း၊ ဆွလားသ်ဝတ်ပြုသူသည် မိစ္ဆာဒိဋ္ဌိနှင့်ထပ်တူထပ်မျှဖြစ်နိုင်သလော၊ အို-မိုဟမ္မဒ်၊ သင်သည် ၎င်းတို့အား ဟောပြောလော့၊ ဟယ်-အချင်းတို့၊ အသိဉာာဏ်ရှိသူတို့နှင့် အသိဉာာဏ်ကင်းမဲ့သူတို့တတန်းတဆင့်တည်း ဖြစ်နိုင် သလော၊ သို့သော်အသိအလိမ္မာပညာဉာာဏ်ရှိသူတို့သာ တမန်တော်ကို စောင့်ကြလိမ့်မည်။

Verse 10 — Surah Az-Zumar 39:10

၁ဝ။ အို-တမန်တော်၊ ငါ၏ ယုံကြည်သူကျေးကျွန်မြတ်တို့အား ဆင့်ဆိုလော့၊ အို-ငါ၏ ယုံကြည်သူကျေးကျွန်အပေါင်း တို့၊ သင်တို့သည် မိမိတို့၏ အရှင်သခင်၏ ဝတ်တော်ကို ပြေလည်အောင် ပြုကြလော့၊ အကြောင်းမူကား အကြင်သူတို့သည် ဤပစ္စုပ္ပန်မျက်မှောက်ဘဝ၌ ကောင်းမှုကို ပြုကျင့်ကြမူ၊ ထိုသူတို့အဖို့အရာ သုခအကျိုး အသင့်ရှိ၏၊ ဤမဟာပထဝီမြေသည် အလွန်ပင်ကျယ်ဝန်း၏၊ အကယ်စင်စစ်သမာဓိတည်ကြည်ခြင်းရှိသူတို့သည် သူတို့၏ အခစားနာကို တွန့်တိုခြင်းမရှိပဲ ပေးခြင်းခံရလတ့ံ။

Verse 11 — Surah Az-Zumar 39:11

၁၁။ အို-မိုဟမ္မဒ်၊ ဟောပြောလော့၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အားသာလျှင် အမြတ်တနိုးကိုးကွယ် အပ်သည်ဟူသော သန့်ရှင်းစင်ကြယ်သော ဘာသာအယူဝါဒနှင့် အရှင်မြတ်အား ဝတ်ပြုလော့ဟု ငါ့ထံသို့ ဗျာဒိတ်တော်လာ၏။

Verse 12 — Surah Az-Zumar 39:12

၁၂။ အလ္လာဟ်အရှင်မြတ်ကို ကျိုးနွံနာခံသူတို့အနက် ငါသည် ရှေးဦးပထမဖြစ်ရမည်ဟုလည်း ဗျာဒိတ်တော်လာ၏။

Verse 13 — Surah Az-Zumar 39:13

၁၃။ အို-တမန်တော်၊ ဟောကြားလော့၊ မှတ်သားကြလော့၊ ငါသည် မိမိ၏အရှင်သခင်အား မကျိုးနွံ မထီမဲ့မြင်ပြုလျှင် ငါသည် တရားစီရင်တော်မူသောနေ့တော်ကြီး၏ အပြစ်ဒဏ်ကို အလွန်ကြောက်ရွံ့စိုးရိမ်၏။

Verse 14 — Surah Az-Zumar 39:14

၁၄။ အို-တမန်တော်၊ ဟောပြောလော့၊ အလ္လာဟ်အရှင်မြတ်အားသာလျှင် အမြတ်တနိုးကိုးကွယ်အပ်သည်ဖြစ်သော သန့်ရှင်းစင်ကြယ်သောဘာသာအယူဝါဒနှင့် ငါသည် အရှင်မြတ်အား ဝတ်ပြု၏။

Verse 15 — Surah Az-Zumar 39:15

၁၅။ သင်တို့လည်း အရှင်မြတ်မှတပါး ကြိုက်နှစ်သက်ရာကို ကိုးကွယ်ကြလော့၊ တဖန်ဟောပြောလော့၊ ဟယ်-အချင်းတို့၊ မုချဧကန်ဆုံးရှုံးရသူတို့ကား တရားစီရင်တော်မူသောနေ့တော်ကြီး၌ မိမိကိုယ်ကိုသော်လည်းကောင်း၊ မိမိတို့အိမ်သူအိမ်သားတို့ကိုသော်လည်းကောင်း၊ ဆုံးရှုံးရသူများဖြစ်ကြ၏၊ စင်စစ်အားဖြင့် ယင်းဆုံးရှုံးခြင်းသည် ရှင်းလင်းထင်ရှားသော ပျက်ပြားဆုတ်ယုတ်ခြင်းအစစ်ပေတည်း။

Verse 16 — Surah Az-Zumar 39:16

၁၆။ ထိုဆုံးရှုံးသူများတို့၏ အမိုးမှာ မီးအတိဖြစ်၏၊ သူတို့အောက်ကြမ်းပြင်မှာလည်း မီးအတိဖြစ်၏၊ ဤငရဲမီးအားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များကို ခြိမ်းခြောက်တော်မူ၏၊ အို-ငါအရှင်မြတ်၏ ကေ်ျးကျွန်အပေါင်း တို့၊ ထို့ကြောင့်ငါအရှင်မြတ်ကို ကြောက်ရွံ့ ကျိုးနွံကြလော့။

Verse 17 — Surah Az-Zumar 39:17

၁၇။ အကြင်သူတို့သည် ဘုရားတုဘုရားယောင်များကို ဝတ်မပြုပဲ စွန့်ပစ်လျက် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ သတိနောက်တရခြင်းနှင့် လှည့်ကြအ့ံ၊ သူတို့အဖို့အရာ ဝမ်းမြောက်ဝမ်းသာဘွယ်သောသတင်းကောင်းများရှိ၏၊ အို-မိုဟမ္မဒ်၊ ထို့ကြောင့် သင်သည် ငါ၏ ကျေးတော်မျိုး ကျွန်တော်မျိုးတို့ကို သုမင်္ဂလာသတင်းကောင်းကို ကြေငြာဟောပြောလော့။

Verse 18 — Surah Az-Zumar 39:18

၁၈။ ထိုသူမြတ်တို့သည် ဆုံးမသြဝါဒတော်ကို နာယူ၍ သြဝါဒတော်အတိုင်း ပြုကျင့်ကြ၏၊ ဤကဲ့သို့သောသူတို့ကို အလ္လာဟ်အရှင်မြတ်က လမ်းပြတော်မူ၏၊ သူတို့သည် အသိအလိမ္မာဉာာဏ်ပညာရှိသူများဖြစ်ကြ၏။

Verse 19 — Surah Az-Zumar 39:19

၁၉။ အကြင်သူအား အပြစ်ဒဏ်ပေးတော်မူအ့ံ၊ ထိုသူသည် ကူညီထောက်ပ့ံခြင်းရမည်လော၊ ထို့အပြင် အို-မိုဟမ္မဒ်၊ အဝီစီငရဲမီးတွင် ခံစားနေရသူအား သင်သည် ကယ်နှုတ်နိုင်မည်လော။

Verse 20 — Surah Az-Zumar 39:20

၂ဝ။ သို့သော်အကြင်သူတို့သည် မိမိ၏ အရှင်သခင်၏ ဝတ်ကို ပြေလည်အောင် ပြု၏၊ ထိုသူတို့စံမြန်းဖို့ရာ မြင့်စွင့် သောဘုံဗိမာန်များကို တဘုံပေါ်တဘုံဆင့်၍ မြင့်သည်ထက်မြင့်အောင် စီရင်ထားတော်မူ၏၊ ထိုနန်းပြဿဒ်တို့ အောက်၌ စိမ့်စမ်းရေမြောင်း၊ ချောင်းအသွယ်သွယ်တို့လည်း အယဉ်ထွေထွေစီးဆင်းလျက်ရှိ၏၊ ဤအရာများ သည် အလ္လာဟ်အရှင်မြတ်၏ ကတိသစ္စာတော်အတိုင်းဖြစ်၏၊ အရှင်မြတ်သည် မိမိထားတော်မူသောကတိသစ္စာ တော်ကို မည်သည့်အခါမှ ဖျက်တော်မမူချေ။

Verse 21 — Surah Az-Zumar 39:21

၂၁။ အို-တမန်တော်၊ သင်မမြင်သလော၊ အလ္လာဟ်အရှင်မြတ်သည် အထက်ကောင်းကင်မှ မိုးရေကို ရွာသွန်းစေ တော်မူ၏၊ ထိုမိုးရေကို မြေကြီးအထဲသို့ စိမ့်ဝင်စေပြီးလျှင် စိမ့်စမ်းများဖြစ်စေတော်မူ၏၊ ထို့နောက်၎င်းစိမ့်စမ်းရေ များအားဖြင့် အရောင်အမျိုးမျိုးရှိသောကောက်ပဲသီးနှံများကို သီးစေတော်မူ၏၊ ထို့နောက်၎င်းအသီးအနှံများ သည် ညှိုးနွမ်းလာ၍ အရောင်ဝါလာသည်ကို သင်မြင်ရ၏၊ ထို့နောက်၎င်းအသီးအနှံကို ဖွဲ့ဖြစ်စေတော်မူ၏၊ မှတ်သားကြလော့၊ àဤအဖြစ်အပျက်များတွင် အသိဉာာဏ်ရှိသူတို့အဖို့အရာ သတိပေးစကားသြဝါဒတစ်ပါးမုချ အမှန်ပါရှိ၏။

Verse 22 — Surah Az-Zumar 39:22

၂၂။ အလ္လာဟ်အရှင်မြတ်သည် အကြင်သူ၏ စိတ်နှလုံးအား အလ္လာဟ်အရှင်မြတ်ကို ကျိုးနွံနာခံရန် ကျယ်ဝန်းစေတော် မူသောသဒ္ဓါတရားကို ပေးတော်မူ၏၊ ထို့ကြောင့်ထိုသူသည် မိမိ၏ အရှင်သခင်ထံမှ လာသောအလင်းရောင်ခြည် တော်ကို လိုက်၏၊ ထိုသူသည် မယုံကြည်သူမိစ္ဆာဒိဋ္ဌိတို့နှင့် ထပ်တူထပ်မျှဖြစ်သလော၊ ထို့ကြောင့်အရှင်မြတ်ကို သတိမရ၊ မေ့လျော့နေအောင် စိတ်နှလုံးမာမြင်းသူတို့သည် ပျက်စီးဆုံးရှုံးကြရလတ့ံ၊ ဤကဲ့သို့သောသူတို့သည် ရှင်းူလင်းထင်ရှားသောမဟာအမှားကြီးတွင် နစ်မွန်းနေကြ၏။

Verse 23 — Surah Az-Zumar 39:23

၂၃။ အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မြတ်နက်နဲသိမ်မွေ့သောဗျာဒိတ်တော်များပါရှိသည့် ကျမ်းမြတ်ကုရ်အာန် ကို ထုတ်ပြန်ပို့ချပေးသနားတော်မူပြီး ထိုကျမ်းတော်၌ ခြားနားခြင်းမရှိ၊ ညီညွတ်ခြင်းသာရှိ၏၊ ထိုကျမ်းတော်မြတ် သည် အောင်ဆုမင်္ဂလာတော်အကြောင်းနှင့် အပြစ်ဒဏ်တော်အကြောင်းကို နှစ်မျိုးနှစ်ဖုံယှဉ်တွဲ၍ ဖော်ပြထား၏၊ ကုရ်အာန်ကျမ်းတော်မြတ်ကို ကြားနာရသောအခါ မိမိတို့၏ ကျေးဇူးတော်သခင်ကို ကြောက်ရွံ့ရိုကျိုးသူတို့၏ အရေအသားတို့သည် ရိုးတွင်းခြင်ဆီစိမ့်မျှ ကြက်သီးမွေးညှင်းထ၍ လာကြကုန်၏၊ ထို့ကြောင့်သူတို့၏ စိတ်နှလုံး များသည် နူးည့ံသိမ်မွေ့လာ၍ ကုရ်အာန်ကျမး်တော်မြတ်ကို ယုံကြည်ကိုင်းရှိုင်းလာကြကုန်၏၊ အလ္လာဟ်အရှင် မြတ်၏ လမ်းပြတရားတော်သည် ထိုကဲ့သို့ဖြစ်၏၊ အရှင်မြတ်သည် လမ်းပြလိုတော်မူသောသူကို လမ်းပြတော် မူ၏၊ လမ်းမှားတွင် ပစ်ထားလိုတော်မူသောသူအတွက်မူကား လမ်းပြသူမရှိချေ။

Verse 24 — Surah Az-Zumar 39:24

၂၄။ အကြင်သူသည် တရားစီရင်တော်မူသောနေ့တော်ကြီး၌ အလွန်ပြင်ပြကြောက်မက်ဖွယ်သော အပြစ်ဒဏ်နှင့် ပက်ပင်းပါတွေ့ရှိရ၏၊ ထိုသူသည် ကောင်းမှုပြုကျင့်သူနှင့် တူသလော၊ ထို့အပြင်မကောင်းမှုကျုးလွန်သူတို့အား မိန့်တော်မူမည်မှာ ဟယ်-ဒုစရိုက်ကောင်တို့၊ နင်တို့ပြုကျင့်လေ့ရှိသောမကောင်းမှု၏ ဆိုးကျိုးအရသာကို မြည်းကြ လော့။

Verse 25 — Surah Az-Zumar 39:25

၂၅။ ဤသူမိုက်တို့ထက်ရှေးကျသောလူဟောင်းတို့လည်း သမ္မာတရားတော်ကို မယုံကြည်ငြင်းပယ်ကြ၏၊ ထို့ကြောင့် သူတို့အပေါ်သို့ အပြစ်ဒဏ်တော်ကြီး ကျရောက်လာ၏၊ အဘယ်နေရာက ကျရောက်လာသည်ကို သူတို့မသိ ကြချေ။

Verse 26 — Surah Az-Zumar 39:26

၂၆။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ဤဘဝ၌ ဂုဏ်အသရေသိမ်ဖျင်း၍ အောက်ကျနောက်ကျဖြစ်ခြင်း အရသာကို မြည်းစေတော်မူ၏၊ သို့သော်အမှန်မှာ နောင်တမလွန်ဘဝတွင် ခံစားရမည့်အပြစ်ဒဏ်တော်ကား သာလွန်ကြီးမားပြင်းပြလိမ့်မည်၊ သူတို့သိနားလည်လျှင် ကောင်းလေစွ။

Verse 27 — Surah Az-Zumar 39:27

၂၇။ စင်စစ်အားဖြင့် ငါအရှင်မြတ်သည် လူသားတို့အဖို့အရာ ဤကျမ်းမြတ်ကုရ်အာန်တွင် ဥပမာဥပမေယျနည်း အမျိုးမျိုးကို ဆောင်တော်မူ၏၊ သူတို့စဉ်းစားဆင်ခြင်တွေးတောဖို့အလို့ငှာဖြစ်၏။

Verse 28 — Surah Az-Zumar 39:28

၂၈။ ငါသည် မဖောက်မပြန်မုသားစကားကင်းမဲ့သောကုရ်အာန်ကျမး်တော်မြတ်ကို သူတို့ဒုစရိုက်မကောင်းမှုကို ကြဉ် ရှောင်ဖို့ရာ အာရဗီဘာသာဖြင့် ထုတိ််ပြန်ချပေးသနားတော်မူ၏။

Verse 29 — Surah Az-Zumar 39:29

၂၉။ အလ္လာဟ်အရှင်မြတ်သည် ဥပမာတစ်ခုကို တင်ပြတော်မူ၏၊ သဘောမညီကွဲလွဲလျက်ရှိသောသခင်များပိုင်ဆိုင် သော ကျွန်ယောက်ျားတစ်ယောက်နှင့် သခင်တစ်ဦးတည်းသာ ပိုင်ဆိုင်သောကျွန်ယောက်ျားတစ်ယောက်၊ ဤလူနှစ်ယောက်သည် ထပ်တူထပ်မျှပင်ဖြစ်ကြသလော၊ အလ္လာဟ်အရှင်မြတ်သည် အ့ံချီးမဆုံးဖြစ်တော်မူ၏၊ သို့သော်သူတို့အနက် အရေအတွက်များလှစွာသောသူတို့သည် မသိကြချေ။

Verse 30 — Surah Az-Zumar 39:30

၃ဝ။ မှတ်သားကြလော့၊ သင်တမန်တော်လည်း အနိစ္စရောက်ရမည်သာတည်း၊ သူတို့လည်း မုချဧကန် ကံကုန်ကြရ မည်သာတည်း။

Verse 31 — Surah Az-Zumar 39:31

၃၁။ ထို့နောက် ရှင်ပြန်ထမြောက်တရားစီရင်တော်မူသောနေ့တော်ကြီး၌ မိမိတို့၏ အရှင်သခင်ရှေ့တော်ဝယ် သင်တို့ သည် အငြင်းအခုံပြုကြမည်။

Verse 32 — Surah Az-Zumar 39:32

၃၂။ အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ မုသားစကားဆို၍ သမ္မာတရားတော်ရောက်လာသောအခါ တရားတော်ကို ငြင်းပယ်သောသူထက် ဒုစရိုက်မကောင်းမှုကို အဘယ်သူသည် ပိုမိုကျုးလွန်သနည်း၊ အယူလွဲသောမိစ္ဆာညစ်တို့ နေအိမ်သည် ငရဲပြည်၌ ရှိမည်မဟုတ်လော။

Verse 33 — Surah Az-Zumar 39:33

၃၃။ အကြင်သူသည် သမ္မာတရားတော်ကို ယူဆောင်လာ၍ ထိုတရားတော်ကို ယုံကြည်မြတ်နိုး၏၊ ထိုကဲ့သို့သော သူတို့သည် အရှင့်ဝတ်ကို ပြေလည်အောင် ပြုသူများဖြစ်ကြ၏။

Verse 34 — Surah Az-Zumar 39:34

၃၄။ ထိုသူတော်ကောင်းတို့သည် သူတို့၏ အရှင်သခင်၏ ကောင်းကြီးမင်္ဂလာတော်အနန္တမှ ၎င်းူတို့လိုရာကို ရရှိကြ ရမည်၊ ဤဆန္ဒပြည့်ဝရခြင်းသည် သူတော်မွန်သူတော်မြတ်တို့၏ အောင်ဆုမင်္ဂလာတော်ဖြစ်၏။

Verse 35 — Surah Az-Zumar 39:35

၃၅။ သူတို့၏ ကုသိုလ်ကောင်းမှုကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏အပြစ်တို့ကို ခွင့်လွှတ်တော်မူလိမ့်မည်၊ သူတို့၏ ကုသိုလ်ကံ၏ အကျိုးဆက်ကို ပေးသနားတော်မူလိမ့်မည်။

Verse 36 — Surah Az-Zumar 39:36

၃၆။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးတော်မျိုး ကျွန်တော်မျိုးကို ကာကွယ်စောင့်ရှောက်မည်မဟုတ်လော၊ သို့ပါလျက် သူတို့သည် သင်တမန်တော်အား အလ္လာဟ်အရှင်မြတ်မှတပါး သူတို့ကိုးကွယ်သောဘုရားတုဘုရား ယောင်များနှင့် ခြိမ်းူခြောက်ကြသေး၏၊ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ ပစ်ထားတော်မူ၏၊ ထိုသူအတွက် လမ်းပြသူမရှိချေ။

Verse 37 — Surah Az-Zumar 39:37

၃၇။ ထို့အပြင် အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းပြတော်မူ၏၊ ထိုသူအား လမ်းတော်ကို သွေဖွယ်သွားစေ နိုင်သူမရှိချေ၊ အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ အပြစ်များကို လက်စားချေစွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူသည်မဟုတ်တုံလော။

Verse 38 — Surah Az-Zumar 39:38

၃၈။ အို-တမန်တော်၊ ၎င်းတို့အား ဟယ်-အချင်းတို့၊ မိုးမြေကို အဘယ်သူဖန်ဆင်းတော်မူသနည်းဟု သင်မေးခဲ့လျှင် မုချဧကန်ပြန်ဖြေကြမည်မှာ အလ္လာဟ်အရှင်မြတ်ဟု ဖြစ်၏၊ ထိုအခါသင်က အချင်းတို့၊ သို့ဖြစ်လျှင် အရှင်မြတ်မှ တပါး သင်တို့ခဝပ်ကိုးကွယ်သောဘုရားတုဘရားယောင်များအကြောင်းကို ဆင်ခြင်စုံစမ်းကြလော့၊ အကယ်၍ အလ္လာဟ်အရှင်မြတ်က အကျွနု်ပ်အား တစ်စုံတစ်ခုသောဘေးအန္တရာယ်ပြုလိုတော်မူပါလျှင် သင်တို့၏ ဘုရားပျက် များက ထိုဘေးအန္တရာယ်ကို ဖယ်ရှားနိုင်ကြသလော၊ သို့မဟုတ် အရှင်မြတ်က ကျေးဇူးပြုလိုတော်မူလျှင် သင်တို့၏ ဘုရားပျက်များက ထိုကျေးဇူးတော်ကို တားဆီးထားနိုင်ကြသလောဟု မေးလော့၊ တဖန်သင်ဟောပြော လော့၊ အလ္လာဟ်အရှင်မြတ်သည် ငါ့အတွက် လုံလောက်တော်မူ၏၊ ယုံကြည်ကိုးစားသူအပေါင်းတို့သည် အရှင် မြတ်အားသာ ကိုးစားကြ၏။

Verse 39 — Surah Az-Zumar 39:39

၃၉။ အို-တမန်တော်၊ ဟောကြားလော့၊ ဟယ်-မိစ္ဆာဒိဋ္ဌိအပေါင်းတို့၊ သင်တို့သည် သင်တို့နည်းလမ်းအတိုင်း ပြုကျင့် ကြလော့၊ ငါလည်း ငါ့နည်းအတိုင်း ကျင့်ကြံနေ၏၊ ကာလမကြာမြင့်မီ သင်တို့သည် သိကြရလတ့ံ။

Verse 40 — Surah Az-Zumar 39:40

၄ဝ။ ထိုအခါဘယ်သူဘယ်ဝါတို့ကို ဂုဏ်သရေယုတ်ညံ့စေသောအပြစ်ဒဏ်ထိသည်၊ ဘယ်သူဘယ်ဝါအပေါ်၌ အစဉ် အမြဲဆင်းရဲကြီးစွာ ခံစားရသည့်အတွက် အပြစ်ဒဏ်ရောက်လာသည်ကို သိရကြလတ့ံ။

Verse 41 — Surah Az-Zumar 39:41

၄၁။ အို-မုဟမ္မဒ်၊ အကယ်စစ်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမူး်တော်မြတ်ကို လူသားအပေါင်းတို့အဖို့အရာ သင့်အား အမှန်အကန်ထုတ်ပြပို့ချပေးသနားတော်မူ၏၊ ထို့နောက်အကြင်သူသည် လမ်းမှန်ကို လျှောက်လိုက်၏၊ ထိုလျှောက်လိုက်ခြင်းသည် သူ၏ အကျိုးငှာဖြစ်၏၊ ထို့အပြင် အကြင်သူသည် လမ်းမှန်ကို သွေဖယ်သွားအ့ံ၊ ထိုသူသည် မိမိနစ်နာဆုံးရှုံးဖို့ရာ သွေဖယ်သွား၏၊ သင်သည် ထိုသူတို့ကို စောင့်ထိန်းရသူမဟုတ်ချေ။

Verse 42 — Surah Az-Zumar 39:42

၄၂။ အလ္လာဟ်အရှင်မြတ်သည် ကွယ်လွန်သေဆုံးသောလူတို့၏ ဝိညာဉ်မျာကိုသော်လည်းကောင်း၊ အိပ်ပျော်နေသော လူတို့၏ ဝိညာဉ်များကိုသော်လည်းကောင်း၊ နှုတ်သိမ်းတော်မူ၏၊ သေစေတော်မူသောသူ၏ ဝိညာဉ်ကို သိမ်းယူ ထားတော်မူ၏၊ ကျန်သောဝိညာဉ်များကို ချိန်းမှတ်တော်မူသောအချိန်ကာလရောက်သည့်တိုင်အောင် ပြန်လွှတ် တော်မူ၏၊ မှတ်သားကြလော့၊ ဤအဖြစ်အပျက်တွင် စဉ်းစားဆင်ခြင်တတ်သူတို့အဖို့အရာ နိမိတ်လက္ခဏာ အ့ံဖွယ်တော်တို့ ပါရှိ၏။

Verse 43 — Surah Az-Zumar 39:43

၄၃။ သူတို့သည် အလ္လာဟ်အရှင်မြတ်မှတပါး အခြားဘုရားများမှားဘုရားပျက်များကို အပြစ်ဖြေရန် ယုံကြည်ကိုးစား အားထားကြသလော၊ အို-တမန်တော်၊ သင်ဟောပြောလော့၊ သူတို့၌ တစုံတရာကိုမျှ အစိုးရခြင်းလည်းမရှိ၊ အသိဉာာဏ်လည်းမရှိ၊ သို့ပါလျက် သင်တို့သည် တစုံတရာကိုမျှ ထိုဘုရားပျက်တို့ကို ကိုးစားကြသေးသလော။

Verse 44 — Surah Az-Zumar 39:44

၄၄။ တဖန်ဟောပြောလော့၊ အပြစ်မှ ကယ်နှုတ်ခြင်းအာဏာကို အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူ၏၊ အရှင်မြတ်သည် ကမ္ဘာမြေပြင်မိုးကောင်းကင်ကို စိုးပိုင်တော်မူ၏၊ အဆုံးစွန်၌ သင်တို့ကို အရှင်မြတ်အထံတော် သို့ ယူဆောင်ခဲ့လတ့ံ။

Verse 45 — Surah Az-Zumar 39:45

၄၅။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို ထုတ်ဖော်ပြောဆိုသောအခါ နောင်တမလွန်ဘဝကို မယုံကြည်သူတို့၏ စိတ်နှလုံးသည် ထိခိုက်ညှိုးငယ်သွား၏၊ အလ္လာဟ်အရှင်မြတ်မှတပါး သူတို့ကိုးကွယ်သောဘုရားပျက်များ အကြောင်းကို ပြောပြသောအခါ သူတို့စိတ်နှလုံးသည် ရွှင်လန်းပျော်မြူးလာ၏။

Verse 46 — Surah Az-Zumar 39:46

၄၆။ အို-တမန်တော်၊ သင်သည် ဤသို့တသချီးကျူးလော့၊ အို-မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ကို ဖန်ဆင်းတော်မူ သောအရှင်၊ မမြင်ရသောအရာ၊ မမြင်စွမ်းနိုင်သောအရာများကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အလ္လာဟ် အရှင်မြတ်၊ အရှင်မြတ်သည် မိမိ၏ ကျေးတော်မျိုး ကျွန်တော်မျိုးတို့အလယ်ကြားတွင် သူတို့ငြင်းခုံကွဲပြားလေ့ ရှိသောအမှုများကို စစ်ကြောစီရင်တော်မူပါမည်။

Verse 47 — Surah Az-Zumar 39:47

၄၇။ မကောင်းမှုပြုကျင့်သူများသည် အကယ်၍ ကမ္ဘာပေါ် ရှိသမျှကို ပိုင်ဆိုင်သည်မက ထပ်မံတဆထမ်းပိုးတိုး၍ ကြွယ်ဝငြားသော်လည်း ထိုပစ္စည်းဥစ္စာအားလုံးကို မိမိတို့အား တရားစီရင်တော်မူသောနေ့တော်ကြီး၌ တွေ့ကြံု ရမည့်ကြောက်မက်ဖွယ်အပြစ်ဒဏ်မှ လွတ်ကင်းချမ်းသာရအောင် မုချဧကန်ပေးလိုကြလတ့ံ၊ ထိုနေ့တော်ကြီး ၌ အလ္လာဟ်အရှင်မြတ်အထံတော်မှ ထိုသူတို့မမျှော်လင့်သောအပြစ်ဒဏ်တော်များသည် သူတို့ရှေ့မှောက်ကျ ရောက်လာလတ့ံ။

Verse 48 — Surah Az-Zumar 39:48

၄၈။ ထို့အပြင် ထိုသူတို့ပြုကျင့်ခဲ့သောဒုစရိုက်မကောင်းမှု၏ ကံဆိုးများသည် သူတို့မျက်မှောက်ပေါ်လွင်လာအ့ံ၊ ထို့အပြင် သူူတို့ပျက်ချော်ပြောင်လှောင်ပြုခဲ့သောအရာဝထ္ထုများသည် သူတို့အား ဝန်းဝိုင်းပိတ်ဆီး၍ ထားကြလတ့ံ။

Verse 49 — Surah Az-Zumar 39:49

၄၉။ ယခုမူကား လူသားတစ်ယောက်အား ဘေးဥပါဒ်ထိခိုက်လျှင် ထိုလူသည် ငါအရှင်မြတ်ထံ ငိုကြွေးဆုတောင်း၏၊ ထို့ကြောင့် ငါသည် သူ့အား ကောင်းကြီးမင်္ဂလာပြုတော်မူသောအခါ သူက ဤချမ်းသာမှုကို ငါ၏ ပညာဉာာဏ် အစွမ်းဖြင့်သာ ငါရ၏ဟု ဝါကြွား၏၊ ယင်းသို့မဟုတ်ချေ၊ သူ့အား စုံစမ်းခြင်းမျှသာဖြစ်၏၊ သို့သော်သူတို့အနက် များစွာသောသူတို့သည် မသိကြချေ။

Verse 50 — Surah Az-Zumar 39:50

၅ဝ။ ထိုသူတို့မဖြစ်ပေါ်မီ ဖြစ်ထွန်းလာသောရှေးလူဟောင်းတို့လည်း ဤကဲ့သို့ပင် ဝါကြွားခဲ့၏၊ သို့သော်သူတို့၏ စည်းစိမ်ချမ်းသာများသည် သူတို့အား တစုံတခုသောအကျိုးကို မပေးချေ။

Verse 51 — Surah Az-Zumar 39:51

၅၁။ ထိုသူဟောင်းတို့ပြုကျင့်ခဲ့သောမကောင်းမှုအကုသိုလ်၏ အပြစ်ဒုက္ခသည် သူတို့ကို ညှင်းဆဲကြ၏၊ ထို့အပြင် ဤလူများအနက် ဒုစရိုက်မကောင်းမှုကျူးလွန်သူများကိုလည်း မိမိတို့ပြုကျင့်ခဲ့သောအကုသိုလ်ကံဆိုးကြီးသည် ညှင်းပန်းကြလတ့ံ၊ မကောင်းမှု၏ အကျိုးဆက်မှ မလွတ်မြောက်နိုင်ချေ။

Verse 52 — Surah Az-Zumar 39:52

၅၂။ အလ္လာဟ်အရှင်မြတ်သည် အကြင်သူအား ရိက္ခာပစ္စည်းပေါများစေလိုတော်မူ၏၊ ထိုသူအား ပေါများစေတော်မူ၏၊ အကြင်သူအား ပစ္စည်းရှားပါးစေလိုတော်မူ၏၊ ထိုသူအား ရှားပါးစေတော်မူ၏၊ ဤအကြောင်းအရာကို ဤသူများ မသိကြပေလော့၊ မှတ်သားကြလော့၊ ဤအဖြစ်အပျက်၌ ယုံကြည်သူအပေါင်းသူတော်ကောင်းတို့ အဖို့အရာ နိမိတ်လက္ခဏာအ့ံဖွယ်တော်များပါရှိ၏။

Verse 53 — Surah Az-Zumar 39:53

၅၃။ အို-တမန်တော်၊ ငါ၏ ဗျာဒိတော်ကို ၎င်းတို့အား သင်ဤသို့ဟောကြားလော့၊ ဟယ်-မိမိကိုယ်ကို မိမိရက်စက်စွာ နှိပ်စက်သောငါ၏ ကျေးကျွန်အပေါင်းတို့၊ သင်တို့သည် အပြစ်လွှတ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ ကောင်း ကြီးမင်္ဂလာတော်ကို မျှော်လင့်ကိုးစားခြင်းစိတ်ကို မလျှော့ကြနှင့်၊ မှတ်သားကြလော့၊ အရှင်မြတ်သည် အဖန် တလဲလဲအပြစ်လွှတ်တော်မူသောအရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။

Verse 54 — Surah Az-Zumar 39:54

၅၄။ တရားစီရင်တော်မူသောနေ့တော်ကြီး မဆိုက်ရောက်လာမီ အပြစ်ဒဏ်တော်မထိမီ သင်တို့သည် သတိနောင်တ ကောင်းစွာရလျက် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ မျက်နှာမူကြလော့၊ အရှင်မြတ်အား ယုံကြည်ကျိုးနွံနာခံ ကြလော့၊ ထိုနေ့တော်ကြီး၌ သင်တို့ကို ကူညီနိုင်မည်မဟုတ်ချေ။

Verse 55 — Surah Az-Zumar 39:55

၅၅။ ထို့အပြင် သင်တို့၏ အရှင်သခင်ချပေးသနားတော်မူသော သာလွန်ကောင်းမြတ်သောညွှန်ပြချက်ကို အပြစ်ဒဏ် တော်ကြီးသည် ရုတ်တရက်ရှောင်တခင် သင်တို့မသိပဲ ရောက်လာလတ့ံ။

Verse 56 — Surah Az-Zumar 39:56

၅၆။ အလိုလေး၊ ဒုက္ခပဲ၊ ငါသည် အလ္လာဟ်အရှင်မြတ်ကို ဂရုမစိုက်မလေးစားခဲ့ချေ၊ ငါသည် ပျက်ချော်ပြောင်လှောင် သူတို့ဘောင်တွင် ပါဝင်ခဲ့၏ဟု သတိသံဝေဂရ၍ မြည်တမ်းငိုကြွေးခြင်းမပြုရအောင်။

Verse 57 — Surah Az-Zumar 39:57

၅၇။ သို့မဟုတ် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ငါ့အား လမ်းပြတော်မူခဲ့ပါလျှင် ငါသည် အရှင့်ဝတ်ကို ပြု သူတို့ဘောင်တွင် အပါအဝင်ဖြစ်ခဲ့လတ့ံဟုလည်း မညည်းရလေအောင်။

Verse 58 — Surah Az-Zumar 39:58

၅၈။ သို့မဟုတ် အပြစ်ဒဏ်တော်ကို မျက်ဝါးထင်ထင်မြင်ရသောအခါ အကယ်၍ ငါသည် ဒုတိယအကြိမ်အခွင့်ရရှိ ပါလျှင် ငါသည် တရားစောင့်သောသူတော်ကောင်းတို့ဘောင်တွင် မုချဧကန်ပါမည်သာတည်းဟုလည်း မဆို ရအောင် ငါအရှင်မြတ်၏ ပညတ်တရားတော်ကို ယခုက တင်ကြို၍ မသွေမလှန်နာခံဆောင်ရွက်ကြလော့။

Verse 59 — Surah Az-Zumar 39:59

၅၉။ ထိုအခါ ထိုသူမိုက်တို့အား ဗျာဒိတ်ပေးတော်မူမည်မှာ ဟယ်-မိစ္ဆာယုတ်တို့၊ နင်တို့အား တစ်စုံတစ်ရာချမ်းသာခွင့် ပေးတော်မူမည်မဟုတ်၊ အကြောင်းမူကား ငါ၏ပညတ်တော်များသည် နင်တို့ထံသို့ ကျရောက်၏၊ သို့သော် နင်တို့သည် ပညတ်တော်များကို မယုံမကြည်ငြင်းဆန်၏၊ စက်ဆုတ်ရွံရှာဖွယ်မလေးမခန့်ပြုကြ၏၊ နင်တို့သည် မယုံကြည်သူတို့ဘောင်တွင် ပါဝင်ကြ၏။

Verse 60 — Surah Az-Zumar 39:60

၆ဝ။ အို-မိုဟမ္မဒ်၊ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ မဟုတ်မလျားမုသား ဆိုသူတို့အား လွန်စွာမည်းနက်သောမျက်နှာများနှင့် သင်မြင်ရ၏၊ တရားတော်ကို စက်ဆုတ်ရွံရှာမလေးမခန့် သူတို့၏ နေအိမ်သည် အဝီစီငရဲမဟုတ်ပေလော။

Verse 61 — Surah Az-Zumar 39:61

၆၁။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်မကောင်းမှုကို ကြည့်ရှောင်သောသူတော်ကောင်းတို့အား မိမိတို့၏ ကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် မြင့်မြတ်သောနေရာဌာနသို့ ပို့တော်မူ၏၊ သူတို့သည် ဒုက္ခမရ၊ ညှိုးနွမ်းပူဆွေးခြင်းလည်း မရကြချေ။

Verse 62 — Surah Az-Zumar 39:62

၆၂။ အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာဝထ္ထုအပေါင်းတို့ကို ဖန်ဆင်းထိန်းသိမ်းစောင့်ရှောက်တော် မူသောအရှင်ဖြစ်တော်မူ၏။

Verse 63 — Surah Az-Zumar 39:63

၆၃။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်၏ သော့များသည် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များဖြစ်၏၊ ထို့ကြောင့် အရှင်မြတ်၏ ကျမ်းဗျာဒိတ်တော်များကို မယုံကြည်ဖီဆန်သူတို့သည် ပျက်စီးဆုံးရှုံးသူများသာ ဖြစ်ကြ၏။

Verse 64 — Surah Az-Zumar 39:64

၆၄။ အို-မိုဟမ္မဒ်၊ သင်သည် မိစ္ဆာမိုက်တို့အား ဟောပြောလော့၊ ဟယ်-မိုက်ရူးရဲတို့၊ သင်တို့သည် ငါ့အား အလ္လာဟ် အရှင်မြတ်မှတပါး ဘုရားတုဘုရားယောင်များကို ဦးညွှတ်ဝတ်ပြုဖို့ရာ တိုက်တွန်းသွေးဆောင်ကြသလော။

Verse 65 — Surah Az-Zumar 39:65

၆၅။ အို-မိုဟမ္မဒ်၊ သင့်အလျင် ပွင့်သောတမန်တော်များကဲ့သို့ သင့်ကိုလည်း ဗျာဒိတ်ပေးတော်မူ၏၊ ဗျာဒိတ်တော်မှာ အကယ်၍ သင်သည် အရှင်မြတ်အား ဖက်စပ်သူပေးခြင်းကို ပြုလျှင် သင်၏အလုပ်သည် မအောင်မြင်၊ အ ချည်းနှီးသာဖြစ်မည်၊ သင်သည် မုချဧကန်ပျက်ပြားဆုတ်ယုတ်သူတို့ဘောင်တွင် အပါအဝင်ဖြစ်မည်။

Verse 66 — Surah Az-Zumar 39:66

၆၆။ သင်သည် ယင်းသို့မပြုထိုက်ချေ၊ သို့သော်အလ္လာဟ်အရှင်မြတ်၏ ဝတ်ကို ပြုလော့၊ ကျေးဇူးမင်္ဂလာတော်ကို ချီးမွမ်းသူတို့ဘောင်တွင် အပါအဝင်ဖြစ်လော့။

Verse 67 — Surah Az-Zumar 39:67

၆၇။ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ ကမ္ဘာမြေကြီးအလုံးသည် အလ္လာဟ်အရှင်မြတ်၏ လက်ဆုပ်တော်တွင် ရှိလတ့ံ၊ မိုးမြေခုနစ်ထပ်ကိုလည်း လက်ယာက်လက်တော်တွင် စက္ကူလိပ်ကဲ့သို့ လိပ်ကိုင်၍ ထားတော်မူလတ့ံ၊ သို့ပါလျက်လူသားတို့သည် အလ္လာဟ်အရှင်မြတ်ကို ရိုသေမြတ်နိုးထိုက်သည့်အတိုင်း မလေးစားကြချေ၊ အလ္လာဟ် အရှင်မြတ်သည် ကုံလုံမွန်မြတ်အ့ံချီးမဆုံးဖြစ်တော်မူ၏၊ အရှင်မြတ်သည် သူတို့တွဲဖက်ပေးထားသောဖက်စပ် သူများတွင် အတိုင်းထက်အလွန်ကြီးကျယ်မြင့်မြတ်တော်မူ၏။

Verse 68 — Surah Az-Zumar 39:68

၆၈။ တံပိုးကို မှုတ်လိုက်သည်ရှိသော် အလ္လာဟ်အရှင်မြတ်အလိုတော်ရှိသူတို့မှတပါး မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင် ဝယ် ရှိရှိသမျှသောသတ္တဝါအပေါင်းတို့သည် မူးမိုက်တွေဝေလျက် အကုန်အစင်သေကျေပျက်စီးကြရ၏၊ ထို့နောက် ထပ်မံ၍ ဒုတိယတစ်ကြိမ်မှုတ်လိုက်ပြန်သော် မှုတ်လိုက်သည်နှင့် တပြိုင်နက်သူသေအပေါင်းတို့သည် မတ်တပ် ရပ်၍ စောင့်နေကြသည်ကို ရှုကြလော့။

Verse 69 — Surah Az-Zumar 39:69

၆၉။ ထိုအခါ ကမ္ဘာမြေပြင်တဝှမ်းလုံးသည် မိမိ၏အရှင်သခင်၏ ရောင်ခြည်တော်အားဖြင့် ထွန်းလင်းတောက်ပရ၏၊ ပြုကျင့်မှုစာရင်းစာအုပ်ကြီးကိုလည်း ဖွင့်ထား၏၊ တမန်တော်များနှင့် သက်သေတော်များလည်း ရောက်လာကြ၏၊ သူတို့အလယ်ကြားတွင် တရားသဖြင့် မှန်ကန်စွာစစ်ကြောစီရင်တော်မူ၏၊ သူတို့ကို မတရားစီရင်တော်မမူချေ။

Verse 70 — Surah Az-Zumar 39:70

၇ဝ။ ထို့အပြင် ဝိညာဉ်သည် မိမိပြုကျင့်ခဲ့သောအမှုများအတွက် ရထိုက်သည့်ကောင်းကျိုးဆိုးကျိုးကို တင်းပြည့် ကျပ်ပြည့်ရကြ၏၊ အကယ်စင်စစ်အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုကျင့်သမျှအပေါင်းတို့ကို အကြွင်းမဲ့သိတော် မူ၏။

Verse 71 — Surah Az-Zumar 39:71

၇၁။ တရားစီရင်တော်မူသောနေ့တော်ကြီး၌ မယုံကြည်သူမိစ္ဆာမိုက်တို့သည် အဝီစီငရဲထဲသို့ တဖွဲ့ပြီး တစ်ဖွဲ့မောင်း သွင်းခြင်းခံကြရ၏၊ အဝီစိငရဲသို့ ရောက်သောအခါ တံခါးကို ဖွင့်လှစ်၍ ငရဲထိန်းတို့က ဟယ်-ဒုစရိုက်ကောင်တို့၊ သင်တို့ထံသို့ သက်ဆိုင်ရာတမန်တော်များလာ၍ သင်တို့၏ ကျေးဇူးတော်သခင်၏ ပညတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြသည်မဟုတ်လော၊ ဤနေ့တော်ကြီးအကြောင်းကို ဟောပြောသတိပေးကြသည်မဟုတ် လောဟု မေးမြန်းကြ၏၊ သူတို့ကို ပြောကြသည်မှာ ဟုတ်ပါ၏၊ အမှန်အကန်ဟောကြပါ၏၊ မယုံကြည်သူမိစ္ဆာ ဒိဋ္ဌိတို့အား အပြစ်ဒဏ်ခတ်နှိပ်တော်မူမည်ဟူသော ဗျာဒိတ်တော်အမိန့်တော်သည် ပြည့်စုံ၏။

Verse 72 — Surah Az-Zumar 39:72

၇၂။ မိစ္ဆာမိုက်တို့ ပြောသည်မှာ ဟယ်-အမိုက်ကောင်တို့၊ အဝီစိငရဲ၌ အစဉ်အမြဲခံစားနေထိုင်ရန် ငရဲတံခါးများအတွင်း သို့ ဝင်ကြလော့၊ တရားတော်ကို စက်ဆုတ်ရွံရှာသောသူတို့အတွက် ခရီးအဆုံးသည် ဤသို့ပင်ဆိုးဝါး၏။

Verse 73 — Surah Az-Zumar 39:73

၇၃။ သို့သော် မိမိတို့၏ အရှင်သခင်၏ ဝတ်ကို ပြေအောင် ပြုသူတို့ကိုမူကား သုယဥယျာဉ်တော်သို့ တစ်သင်းပြီး တစ်သင်းဆက်ကာ ဆက်ကာ ဝင်စေတော်မူ၏၊ ဥယျာဉ်တော်သို့ ရောက်သောအခါ တံခါးများကို ဖွင့်လှစ်၍ ဥယျာဉ်မှူးတို့က ထိုသူတော်ကောင်းတို့အား အို-သူတော်မြတ်အပေါင်းတို့၊ သင်တို့အပေါ်သို့ အေးချမ်းသာာခြင်း မင်္ဂလာသက်ရောက်ပါစေသောဝ်၊ သင်တို့သည် သူတော်စင်များဖြစ်ကြ၍ ပျော်ရွှင်မွေ့လျော်ဖွယ်ကောင်းလှသော ဥယျာဉ်တော်သို့ ဝင်ကြလော့၊ ဥယျာဉ်တော်မှာ အမြဲထာဝရနေထိုင်ကြလော့ဟု နှုတ်ဆက်ပြောဆိုကြ၏။

Verse 74 — Surah Az-Zumar 39:74

၇၄။ သုခဘုံသားတို့က အလ္လာဟ်အရှင်မြတ်သည် အ့ံချီးမဆုံးဖြစ်တော်မူ၏၊ အကျွနု်ပ်တို့အား ထားတော်မူသော ကတိသစ္စာတော်ကို တည်တော်မူပါပြီ၊ အကျွန်ုပ်တို့အား ဤနိဗ္ဗာန်ရွှေဘုံတဝှမ်းလုံးကို အမွေပေးတော်မူပါပြီ၊ ဤဥယျာဉ်တော်၌ အကျွန်ုပ်တို့သည် မိမိအလိုရှိရာနေရာတွင် စံမြန်းနေထိုင်နိုင်ကြ၏ဟု ဥဒါန်းရင့်ကျူးကြ၏၊ ကုသိုလ်ကောင်းမှုပြုသူတို့၏ အဖိုးအခသည် ဤကဲ့သို့ပေါများကြွယ်ဝ၏။

Verse 75 — Surah Az-Zumar 39:75

၇၅။ အို-မိုဟမ္မဒ်၊ ကောင်းကင်တမန်တော်တို့သည် ငါအရှင်မြတ်၏ ကျေးဇူးတော်ဂုဏ်တော်တို့ကို ချီးကျိုးတသ လျက် ငါ၏ ရာဇပလ္လင်ကို ခြံရံခစားနေကြသည်ကို သင်မြင်ရ၏၊ ထိုအခါအလ္လာဟ်အရှင်မြတ်သည် လူသား တို့ကို တရားသဖြင့်မှန်ကန်စွာစစ်ကြောစီရင်တော်မူ၏၊ ထို့အပြင်အနန္တစကြာဝဠာအပေါင်းတို့၏ အရှင်သခင် အလ္လာဟ်အရှင်မြတ်သည် အ့ံချီးမဆုံးဖြစ်တော်မူ၏ဟု ကျုးအေးကြ၏။