Back to Languages

Burmese - Chapter 4 - An-Nisa

Translation by Ba Sein — Permalink

Verse 1 — Surah An-Nisa 4:1

၁။ အို-လူသားတို့၊ သင်တို့သည် မိမိတို့၏အသျှင်သခင်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြ လော့။ အသျှင်မြတ်သည် သင်တို့အား လူတစ်ဦးတစ်ယောက်တည်းမှ ဖန်ဆင်းတော်မူ၏ ထိုလူသားမှ ၎င်း၏မယား မိန်းမကို ဖန်ဆင်းတော်မူ၏။ သူတို့နှစ်ဦးမှ များပြားလှစွာသော ယောကျ်ား၊ မိန်းမတို့ကို အနှံ့အပြား ပေါက်ဖွားစေတော်မူ၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြလော့။ အသျှင်၏တန်ခိုးတော်အားဖြင့် သင်တို့သည် တစ်ဦးအပေါ် တစ်ဦးက အခွင့်အရေးတောင်းကြ၏။ သင်တို့သည် မိမိတို့မွေးသမိခင်၏ ဝတ္တရားကို ကောင်းစွာ စောင့်ထိန်းကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား အစဉ်ထာဝရ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိတော်မူ၏။

Verse 2 — Surah An-Nisa 4:2

၂။ သင်တို့သည် မိဘမဲ့တို့အား သူတို့၏ဥစ္စာပစ္စည်းများကို ပေးကြလော့။ ဥစ္စာကောင်းကို မကောင်းသော ဥစ္စာနှင့် လဲလှယ်၍မယူကြလင့်။ သူတို့၏ပစ္စည်းများကို သင်တို့၏ ပစ္စည်းထဲတွင် မြုပ်ဝင်မသွားစေ ကြလင့်။ မှတ်သားကြလော့။ ယင်းသို့ပြုကျင့်မှုသည် ကြီးလေးသောအပြစ်ဖြစ်၏။

Verse 3 — Surah An-Nisa 4:3

၃။ အကယ်၍ သင်တို့သည် မိဘမဲ့တို့အား တရားမျှတစွာ ဆက်ဆံနိုင်မည်မဟုတ်ဟု စိုးရိမ်လျှင် မိန်းမများအနက် သင်တို့သည် မိမိကြိုက်နှစ်သက်သော နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ၊ လေးယောက်ဖြစ်စေ ထိမ်းမြားလက်ထပ်ကြလော့။ အကယ်၍ သင်တို့သည် သူတို့အလယ်တွင် ချိန်ခွင်လျှာကဲ့သို့ တရားမျှတနိုင်မည်မဟုတ်ဟု စိုးရိမ်ကြောင့်ကြလျှင် တစ်ယောက်တည်းကိုသာ သိမ်းပိုက်လော့။ သို့မဟုတ် သင်တို့လက်အောက်ဖြစ်သော ကျွန်မိန်းမများကို သိမ်းပိုက်လော့။ ယင်းသို့ ပြုကျင့်လျှင် သင်တို့မတရားမှုကို ပိုမိုရှောင်ကြဉ်နိုင်စရာအကြောင်းဖြစ်မည်။

Verse 4 — Surah An-Nisa 4:4

၄။ သင်တို့သည် မိမိတို့၏ လက်ထပ်မိန်းမများအား သူတို့၏ ခန်းဝင်ပစ္စည်းများကို ရွှင်ရွှင်လန်းလန်း ပေးကမ်းကြလော့။ သို့သော် သူတို့သည် ၎င်းတို့အလိုအလျောက် ခန်းဝင်ပစ္စည်းများအနက် အချို့ တစ်ဝက်ကိုလျော့ပေါ့လျှင် ထိုလျော့ပေါ့သည်ပစ္စည်းကို သင်တို့ပစ္စည်းအတွင်းသို့ သွင်းနိုင်၏။

Verse 5 — Surah An-Nisa 4:5

၅။ အလ္လာဟ်အသျှင်မြတ်က သင်တို့အား အသက်မွေးမြူရန်ပေးသော ဥစ္စာပစ္စည်းများကို သင်တို့သည် စိတ်မနှံ့သူအရူးတို့အား မလွဲအပ်ကြလင့်။ သို့သော် ထိုပစ္စည်းမှ သူတို့ကို ကျွေးမွေး ဝတ်ဆင်ထား ကြလော့။ သူတို့အား သနားကြင်နာယုယသောစကားကို ဆိုကြလော့။

Verse 6 — Surah An-Nisa 4:6

၆။ သင်တို့သည် မိဘမဲ့တို့အား အချိန်အရွယ်ရောက်သည့်တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ကြလော့။ ထိုအခါ သူတို့သည် ရူးသွပ်သူတို့မဖြစ်လျှင် သူတို့အား ၎င်းတို့၏ဥစ္စာပစ္စည်းမျာကို လွှဲပြောင်းပေး ကြလော့။ သူတို့ကြီးပြင်းလာမည်ကိိုစိုးရိမ်သဖြင့် ထိုပစ္စည်းများကို လျှင်မြန်စွာ မဖြုန်းတီးကြလင့် အကြင်အုပ်ထိန်းသူသည် ဥစ္စာရှိ၏။ ထိုသူသည် မိဘမဲ့တို့၏ပစ္စည်းကို မစားသင့်။ အကြင် အုပ်ထိန်းသူသည် ဆင်းရဲအံ့။ ထိုသူသည် အုပ်ထိန်းရခြင်းကြောင့် ထိုဥစ္စာမှ တရားမျှတစွာ စားထိုက်၏။ သင်တို့သည် မိဘမဲ့တို့အား ၎င်းတို့၏ပစ္စည်းကို လွှဲအပ်သောအခါ သူတို့နှင့်တကွ သက်သေတို့ရှေ့တွင် လွှဲအပ်ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် စာရင်းစစ်အဖြစ်ဖြင့် လုံလောက်တော်မူ၏။

Verse 7 — Surah An-Nisa 4:7

၇။ ဥစ္စာပစ္စည်းနည်းများမဟူ မိဘနှစ်ပါးနှင့် ဆွေမျိုးရင်းချာတို့ ထားရစ်ခဲ့ကြသော ဥစ္စာပစ္စည်းများမှ ယောကျ်ား၊ မိန်းမနှစ်ဦးစလုံးပင် အမွေရထိုက်၏။ တရားအတိုင်း သတ်မှတ်ထားသောဝေစုဖြစ်၏။

Verse 8 — Surah An-Nisa 4:8

၈။ အမွေခွဲဝေပေးသောအခါတွင် ဆွေမျိုးနည်းစပ်များ၊ မိဘမဲ့များ၊ သူဆင်းရဲများရောက်ရှိကြလျှင် သူတို့အား ပေးကမ်းကြလော့။ သူတို့အား ကြင်နာချိုသာသောစကားကို ဆိုကြလော့။

Verse 9 — Surah An-Nisa 4:9

၉။ သင်တို့သည် မိမိတို့ကွယ်လွန်သောအခါ သားငယ်၊ သမီးငယ်၊ လူမမယ်တို့ကို ချန်ထားခဲ့ရန် ကြောက်ရွံ့စိုးရိမ်းသကဲ့သို့ မိဘမဲ့တို့နှင့်ဆက်သွယ်သောအခါ စိုးရိမ်ကြလော့။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ထမ်းဆောင်ကြလော့။ တရားမျှတသောစကားဆိုကြလော့။

Verse 10 — Surah An-Nisa 4:10

၁ဝ။ မှတ်သားကြလော့။ အကြင်သူတို့သည် မိဘမဲ့တို့၏ဥစ္စာစီးပွားကို မတရားစားသောက်ကြ၏။ ထိုသူတို့သည် မိမိတို့ဝမ်းတွင်းများသို့ မီးတောက်လျှံကိုသာ မျိုချကြ၏။ သူတို့သည် တောက်လောင် နေသော မီးတောက်မီးလျှံတွင်း အကင်ခံကြရမည်သာတည်း။

Verse 11 — Surah An-Nisa 4:11

၁၁။ အမွေခွဲရာ၌ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ဤသို့ ပညတ်တော်မူ၏။ သားသမီးတို့အား သားယောကျ်ားများကို သမီးမိန်းမ၏ နှစ်ဆပေးကြလော့။ သမီးဦးရေမှာ နှစ်ယောက်ထက်များသော် သူတို့အား အမွေပစ္စည်း၏သုံးပုံနှစ်ပုံကို ပေးကြလော့။ မိဘနှစ်ပါးအား သေသူတွင် သားယောကျ်ား ရှိသော ခြောက်ပုံတစ်ပုံစီပေးကြလော့။ သူ့တွင် သားမရှိ၍ မိဘတို့သာ အမွေစားအမွေခံဖြစ်လျှင် သူ၏မိခင်အား သုံးပုံတစ်ပုံပေးကြလော့။ သူ့တွင် ညီအကိုရှိလျှင် မိခင်အား ခြောက်ပုံတစ်ပုံ ပေးကြလော့။ အမွေပစ္စည်းကို သေတမ်းစာနှင့်ပေးသော ပစ္စည်းနှင့် ကြွေးမြီများကိုပေးပြီးမှ ဝေကြလော့။ သင်တို့၏ မိဘနှစ်ပါးနှင့် သားသမီးတို့တွင် အဘယ်သူတို့သည် သင်တို့အတွက် အသုံးကျသည်ကို သင်တို့မသိကြချေ။ ဤပညတ်တော်သည် အလ္လာဟ်အသျှင်မြတ်၏ ပညတ်တော် ဖြစ်၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သိတော်မူသောအသျှင် အနန္တဉာဏ်တော်ရှင် ဖြစ်တော်မူ၏။

Verse 12 — Surah An-Nisa 4:12

၁၂။ သင်တို့ဇနီးမိန်းမများတွင် သားသမီးမကျန်ရစ်လျှင် သင်တို့သည် သူတို့၏ပစ္စည်းတစ်ဝက်ကို ပိုင်ဆိုင် ကြ၏။ သို့သော်သူတို့မှာ သားသမီးရှိလျှင် သင်တို့သည် လေးပုံတစ်ပုံသာဆိုင်၏။ ဤခွဲဝေခြင်းကို သေသူသေတမ်းစာနှင့်ပေးထားသောပစ္စည်းများနှင့် သေသူ၏ကြွေးများကိုပေးပြီးမှပြုရမည်။ သင်တို့မှာ သားသမီးမကျန်ရစ်လျှင် သင်တို့၏ဇနီးများသည် သင်တို့ထားခဲ့သောပစ္စည်းများမှ လေးပုံတစ်ပုံဆိုင်သည်။ သင်တို့မှာ သားသမီးကျန်ရစ်လျှင် သင်တို့၏ဇနီးများသည် သင်တို့၏ပစ္စည်း ရှစ်ပုံတစ်ပုံဆိုင်၏။ ထိုဝေမှုကို သင်တို့၏သေတမ်းသာနှင့်ပေးသော ပစ္စည်းနှင့် သင်တို့၏ကြွေးများကို ဆပ်ပြီးမှ ပြုရမည်။ ၎င်းပြင် သေသူယောကျ်ားမှာသော်လည်းကောင်း၊ မိန်းမမှာသော်လည်းကောင်း၊ မိဘလည်းမကျန်ရစ်၊ သားသမီးလည်းမကျရစ်ဘဲ ဆွေမျိုးနီးစပ်သူရှိ၏။ သေသူတွင် အမိဘက်မှ ညီအစ်ကိုနှင့် အမ၊ ညီမရှိသော် သူတို့နှစ်ဦးဖြစ်လျှင် တစ်ဦးခြောက်ပုံတစ်ပုံစီရထိုက်၏။ သူတို့ နှစ်ဦးထက်ပိုလျှင် သူတို့သည် ပစ္စည်းသုံးပုံတစ်ပုံ၌ ဝေစုရှိကြ၏။ ထိုဝေခြင်းကို သေတမ်းစာအားဖြင့် ပေးသောပစ္စည်းများနှင့် ကြွေးမြီများကိုပေးပြီး ကျန်သောပစ္စည်းအပေါ်မှာပြုရမည်။ သေတမ်းစာဖြင့် ပေးသောပစ္စည်းကြောင့် အမွေစားတို့မနစ်နာစေရ။ ထိုပစ္စည်းသည် အမွေပစ္စည်း၏ တန်ဖိုး၏ သုံးပုံတစ်ပုံထက်မပိုရချေ။ ဤပညတ်သည် အလ္လာဟ်အသျှင်မြတ်၏ ပညတ်တော်တစ်ပါးဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် သိမြင်တော်မူသောအသျှင်၊ အလိုလိုက်တော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 13 — Surah An-Nisa 4:13

၁၃။ ဤဥပဒေများသည် အလ္လာဟ်အသျှင်မြတ် သတ်မှတ်ပေးတော်မူသော ကျင့်စဉ်တရားတည်း။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏တမန်တော်တို့၏အမိန့်တော်ကို လိုက်နာ ဆောင်ရွက်၏။ ထိုသူအား အသျှင်မြတ်သည် သုခဥယျာဉ်တော်များသို့ ဝင်စေတော်မူမည်။ ထိုဥယျာဉ်တော်များအောက်တွင် မြစ်ချောင်းအသွယ်သွယ်စီးဆင်းလျက်ရှိကြ၏။

Verse 14 — Surah An-Nisa 4:14

၁၄။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ် တမန်တော်ကို မနာခံ တရားတော်ကို ကျုးလွန်၏။ ထိုသူအား ငရဲမီးထဲတွင် အစဉ်အမြဲနေရန်၊ ငရဲမီးထဲသို့ သွတ်သင်းတော်မူလတ္တံ့။ ထိုသူ၏အပြစ်ဒဏ်မှာ အလွန်ရှက်ဖွယ်ဖြစ်၏။

Verse 15 — Surah An-Nisa 4:15

၁၅။ သင်တို့၏မိန်းမတို့အနက် ကာမခိုးမှုကျူးလွန်သောမိန်းမများ၏အမှုများတွင် သူတို့နှင့်ဆန့်ကျင်သော သက်သေလေးယောက်ကို ဆင့်ခေါ်ကြလော့။ ထိုသက်သေတို့သည် စွပ်စွဲချက်မှန်ပါသည်ဟု ထွက်ဆိုကြလျှင် ထိုမိန်းမများကို သေသည်တိုင်အောင် သို့မဟုတ် အလ္လာဟ်အသျှင်မြတ် ဗျာဒိတ် ပေးတော်မူသည့်တိုင်အောင် သူတို့၏အိမ်တွင်း၌ ချုပ်နှောင်ထားကြလော့။

Verse 16 — Surah An-Nisa 4:16

၁၆။ သင်တို့အနက် မတရားသော ကာမကျူးလွန်သော ယောကျ်ား၊ မိန်းမနှစ်ဦးလုံးကိုပင် အပြစ်ဒဏ် ပေးကြလော့။ အကယ်၍ ထိုသူတို့သည် သတိနောင်တရ၍ မိမိကိုယ်ကို ပြုပြင်ကြလျှင် သူတို့အား ဆက်လက်၍ အပြစ်မပေးကြလင့်။ အလ္လာဟ်အသျှင်မြတ်သည် မုချဧကန် အပြစ်လွှတ်တော်မူသော အသျှင်၊ ကောင်းချီးမင်္ဂလာပေးသနားတော်မူသောအသျှင်တည်း။

Verse 17 — Surah An-Nisa 4:17

၁၇။ အကြင်သူတို့သည် တရားတော်ကိုမသိသဖြင့် ဒုစရိုက်မှုကို ပြုကျင့်မိကြ၏။ နောက် အလျှင်အမြန် သတိသံဝေဂရ၍ အလ္လာဟ်အသျှင်မြတ်ထံ ဝန်ချတောင်းပန်၏။ ဤလူများကို အလ္လာဟ်အသျှင်မြတ် အပြစ်လွှတ်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အမြဲသိမြင်တော်မူသောအသျှင်၊ အနန္တ ဉာဏ်တော်ရှင် ဖြစ်တော်မူ၏။

Verse 18 — Surah An-Nisa 4:18

၁၈။ အကြင်သူတို့သည် အသက်ထွက်ခွာနီးတိုင်အောင် မကောင်းမှုများကို ကျူးလွန်၍ သေခါနီးတွင် အကျွနု်ပ် သတိသံဝေဂအမှန်ရပြီဟုဆို၏။ ထိုသူတို့၏အပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်ပေ။ အကြင်သူတို့သည် မိစ္ဆာဒိဌိဘဝတွင် အသက်ကုန်၏။ ထိုသူတို့သည် အပြစ်လွှတ်ခြင်းခံရမည် မဟုတ်ပေ။ ဤလူ ဤလူများအတွက် ငါသည် အလွန်နာကျင်ဘွယ်သောအပြစ်ဒဏ်ကို စီရင်ထား တော်မူ၏။

Verse 19 — Surah An-Nisa 4:19

၁၉။ အို-ယုံကြည်သူတို့ သင်တို့သည် မိန်းမတို့ကို အတင်းအဓမ္မ အမွေအဖြစ်ဖြင့် သိမ်းပိုက်ခြင်းသည် တရားမဝင်ပေ။ သူတို့သည် ကာမခိုးမှု မကျူးလွန်ဘဲလျက် သူတို့၏ခန်းဝင်ပစ္စည်းများမှ အချို့ တစ်ဝက်ကိုရစိမ့်သောငှာ သူတို့ကို နှိပ်စက်ခြင်းသည်လည်း တရားမဝင်ပေ။ သူတို့ကို သနား ကြင်နာစွာ ဆက်ဆံပေါင်းသင်းကြလော့။ အကြောင်းမူကား သင်တို့သည် သူတို့အား မုန်းတီးလျှင် အလ္လယဟ်အသျှင်မြတ် ကောင်းစွာမင်္ဂလာပြုသောအရာကို သင်တို့ မုန်းမိကောင်းမုန်းမိကြလိမ့်မည်။

Verse 20 — Surah An-Nisa 4:20

၂ဝ။ အကယ်၍ သင်တို့သည် ဇနီးမိန်းမတစ်ယောက်ကိုပစ်၍ အခြားတစ်ယောက်ကိုယူရန် အကြံပေါက် လာလျှင် သူမအားပေးပြီးသော ခန်းဝင်ပစ္စည်းမှ တစ်စုံတစ်ရာမျှ ပြန်မယူကြလင့်။ သင်တို့သည် ထိုပစ္စည်းကို သူမအား မတရားစွပ်စွဲခြင်း၊ ပြောင်တိုက် မတရားပြုကျင့်ခြင်းတို့ဖြင့် ပြန်ယူကြမည်လော။

Verse 21 — Surah An-Nisa 4:21

၂၁။ သင်တို့သည် ထိုဇနီးမိန်းမထံဝင်ပြီးနောက် သူ၏ခန်းဝင်ပစ္စည်းကို အဘယ်နည်းနှင့် ပြန်ယူနိုင်အံ့ နည်း။ သူတို့သည် သင်တို့ထံမှ ခိုင်မာသောဂတိသစ္စာကို ယူထားပြီးပြီ။

Verse 22 — Surah An-Nisa 4:22

၂၂။ အတိတ်တွင်ဖြစ်ပြီးသည်မှတစ်ပါး သင်တို့သည် မိမိတို့အဘများ၏ မယားများကို မယူကြလင့်။ မှတ်သားကြလော့။ ဤအပြုအမူသည် ကာမခိုးမှုဖြစ်၏။ စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်၏။ ဒုစရိုက် မကောင်းမှုလည်းဖြစ်၏။

Verse 23 — Surah An-Nisa 4:23

၂၃။ သင်တို့မသိမ်းပိုက်ရဟု တားမြစ်ပိတ်ပင်ထားတော်မူသော မိန်းမများမှာ သင်တို့အမိများ၊ သမီးများ၊ အမ၊ နှမများ၊ သင်တို့အဘ၏ အမ၊ နှမများ၊ သင်တို့အမိ၏ ညီအစ်မများ၊ ညီအစ်ကိုတို့၏ သမီးများ၊ သင်တို့အစ်မ၊ နှမတို့၏သမီးများ သင်တို့အား နို့တိုက်မွေးစားသောအမိများ၊ သင်တို့အား နို့တိုက်သော အစ်မ၊ နှမများ၊ သင်တို့ယောက္ခများ၊ သင်တို့ပေါင်းသင်းပြီးသော မယားများ၏သမီးများဖြစ်၍ သင်တို့ထံခိုလှုံနေရသော မယားပါသမီးများ သို့သော် သင်တို့သည် ထိုမယားများထံ မဝင်သေးသော် သူတို့၏သမီးများကို လက်ထပ်ရာ၌ အပြစ်မထိုက်ချေ။ သင်တို့ကျောများမှဖြစ်ကြသော သားအရင်း တို့၏မယားများဖြစ်ကြ၏။ အတိတ်တွင်ဖြစ်ပြီးသည်မှတစ်ပါး သင်တို့ ညီအစ်မနှစ်ယောက်ကို တစ်ချိန်တစ်ခါတည်းမယူရန် တားမြစ်တော်မူ၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အခါမလပ် အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာ ပေးသနားတော်မူ၏။

Verse 24 — Surah An-Nisa 4:24

၂၄။ သင်တို့လက်အောက်ကျလာသော သုံ့ပန်းလက်ရမိန်းမများမှတစ်ပါး အခြား လင်ရှိမိန်းမများကို မသိမ်းပိုက်ရန် တားမြစ်တော်မူ၏။ သင်တို့အဖို့ရာ ပြဌာန်းသော အလ္လာဟ်အသျှင်မြတ်၏ ပညတ်တော်ဖြစ်၏။ ဖော်ပြခဲ့ပြီးသောမိန်းမများမှတစ်ပါး အခြားမိန်းမများကို တရားသဖြင့် သင်တို့ လက်ထပ်နိုင်ကြ၏။ ထို့ကြောင့် သင်တို့သည် သူတို့ကို ပစ္စည်းဥစ္စာပေး၍ ရိုးသားဖြောင့်မတ်စွာ လက်ထပ်ကြလော့။ သို့သော် ကာမဂုဏ်ကျူးဘို့ရာ ခေတ္တမယားမဖြစ်စေလင့်။ သင်တို့သွားလာ ပြီးသော မိန်းမတို့အား ခန်းဝင်ပစ္စည်းပေးကြလော့။ ထို့နောက် သင်တို့နှစ်ဦးနှစ်ဖက်သဘောတူ၍ ခန်းဝင်ပစ္စည်းကိုလျှော့ခြင်း၊ လွှတ်ခြင်းတို့ကို အပြစ်မဲ့ပြုလုပ်နိုင်ကြ၏။ မှတ်သားကြလော့။ အသျှင်မြတ်သည် အခါမလပ် သိမြင်တော်မူသော ဉာဏ်ပညာရှိတော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 25 — Surah An-Nisa 4:25

၂၅။ အကြင်သူသည် ဥစ္စာအင်အားနည်းပါးသောကြာင့် ယုံကြည်သူ၊ သူကောင်းမိန်းမများကို လက်မထပ်နိုင်သော် ထိုသူသည် မိမိလက်အောက်ရှိ ယုံကြည်သူ ကျွန်မိန်းမများကို လက်ထပ်ယူခွင့် ရှိ၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့၏ဘာသာအယူဝါဒကို ကောင်းစွာသိတော်မူ၏။ သင်တို့သည် တစ်ဦးမှတစ်ဦး ဆင်းသက်လာကြ၏။ ထို့ကြောင့် ကျွန်မိန်းမများကို သူတို့၏ ဆွေမျိုးထံမှ ခွင့်ပန်ပြီးလျှင် ထိမ်းမြားကြလော့။ သူတို့အား သနားကြင်နာ တရားမျှတစွာ ခန်းဝင်ပစ္စည်း ပေးကြလော့။ သူတို့သည် ရိုးသားဖြောင့်မတ်ရမည်။ ကာမကျူးလွန်ခြင်း၊ လျှပ်ပေါ်လော်မာခြင်းတို့ ကင်းရမည်။ တရားသဖြင့် လက်ထပ်ပြီးသည့်နောက် သူတို့သည် ကာမခိုးမှုကျူးလွန်လျှင် ကျွန်မဟုတ်သော လွတ်လပ်သည့် သူကောင်းမတို့အား ပေးသောအပြစ်ဒဏ်တစ်ဝက်ကို သူတို့အား ပေးရမည်။ ဤကျင့်စဉ်တရားကား သင်တို့အနက် အပြစ်ကျူးလွန်ရန် ထိတ်လန့်သောသူတို့အဖို့ ဖြစ်၏။ သို့သော် သည်းခံခြင်းပါရမီကိုဖြည့်ခြင်းသည် သင်တို့အတွက် သာလွန်မွန်မြတ်၏။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။

Verse 26 — Surah An-Nisa 4:26

၂၆။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား သင်တို့မဖြစ်ထွန်းမီ ဖြစ်ပေါ်လာသော ရှေးလူဟောင်းတို့၏ ဥပမာများကိုဆောင်၍ သွန်သင်တော်မူ၏။ နည်းပြလမ်းညွှန် အလင်းပြန်တော်မူ၏။ သင်တို့ဘက်သို့ သနားကြင်နာခြင်းဖြင့် ရှုစားတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် သိမြင်တော်မူသော၊ ဉာဏ်ပညာ ရှိတော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 27 — Surah An-Nisa 4:27

၂၇။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ကောင်းကြီးမင်္ဂလာပေးသနားတော်မူမည်။ သို့သော် မိမိတို့၏ ဝါကြွားလိုသောဆန္ဒနောက်သို့ တကောက်ကောက်လိုက်သောသူတို့ကား လမ်းအမှားကြီး မှားပြီ။

Verse 28 — Surah An-Nisa 4:28

၂၈။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့၏ ဝန်ထုပ်ဝန်ပိုးကို ပေါ့လျော့စေတော်မူမည်။ အကြောင်းမူကား လူသားသည် အားနည်းသူအဖြစ်ဖြင့် ဖန်ဆင်းခြင်းခံရ၏။

Verse 29 — Surah An-Nisa 4:29

၂၉။ အို-ယုံကြည်သူတို့ သင်တို့သည် အချင်းချင်း သဘောတူ ဖောက်ကားရောင်းဝယ်မှုပြုခြင်းမှတပါး သင်တို့၏ဥစ္စာစီးပွားကို အလဟဿ မဖြုန်းတီးကြလင့်။ အချင်းချင်း မသတ်ဖြတ်ကြလင့်။ မှတ်သား ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား အမြဲစေတနာထား ကြင်နာတော်မူ၏။

Verse 30 — Surah An-Nisa 4:30

၃ဝ။ အကြင်သူသည် ထိုအမှုကို မတရားကျူးလွန်စော်ကား၏။ ထိုသူအား ငါသည် ငရဲမီးထဲသို့ ပစ်သွင်း တော်မူလတ္တံ့။ ယင်းကိစ္စသည် အလ္လာဟ်အသျှင်မြတ်အတွက် အလွန်လွယ်ကူလှ၏။

Verse 31 — Surah An-Nisa 4:31

၃၁။ အကယ်၍ သင်တို့သည် တားမြစ်ထားတော်မူသော အပြစ်ကြီးများကို ရှောင်ရှားကြလျှင် ငါသည် သင်တို့မကောင်းမှုများကို ဖယ်ရှား၍ သင်တို့ကို ဂုဏ်ကျက်သရေရှိသော တံခါးကြီးမှ ဝင်စေတော် မူမည်။

Verse 32 — Surah An-Nisa 4:32

၃၂။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အနက် အချို့သူတို့ကို အချို့သူတို့ထက် သာလွန်ပေးသနားတော် မူသော ကျေးဇူးတော်ကို မနာလိုဝန်တိုမက်မောခြင်းမရှိကြလင့်။ ယောကျ်ားများကို မိမိတို့ ကြိုးစားမှု၏ အကျိုးဆက်ကို ခံစားစေတော်မူမည်။ မိန်းမတို့ကို မိမိတို့ကြိုးစားမှု၏အကျိုးဆက်ကို ခံစားစေတော် မူမည်။ သို့သော် အသျှင်မြတ်ထံတော်၌ အသျှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကို တောင်းကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို အမြဲသိတော်မူသောအသျှင် ဖြစ်တော်မူ၏။၏

Verse 33 — Surah An-Nisa 4:33

၃၃။ ငါသည် သင်တို့အား မိမိတို့၏မိဘ၊ ဆွေမျိုးရင်းချာတို့၏ အမွေစားအမွေခံဖြစ်စေတော်မူ၏။ သင်တို့ လက်အောက်ရှိ ကျွန်များအား သူတို့ရထိုက်သော ဝေစုကို ပေးကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို အမြဲသိမြင်တော်မူသောအသျှင်ဖြစ်တော်မူ၏။

Verse 34 — Surah An-Nisa 4:34

၃၄။ အလ္လာဟ်အသျှင်မြတ်သည် ယောကျ်ားတို့အား မိန်းမတို့ထက် သာလွန်မြင့်မြတ်စေတော်မူ၏။ ယောကျ်ားတို့သည် မိန်းမတို့အား ကျွေးမွေးကြ၏။ ထို့ကြောင့် ယောကျ်ားတို့သည် မိန်းမတို့အား စောင့်ရှောက်ကြရ၏။ ထို့ကြောင့် မိန်းမမြတ်တို့သည် မိမိတို့၏လင်ယောကျ်ားစကားကို နားထောင်ကြ ၏။ အသျှင်မြတ်စောင့်ရှောက်တော်မူသော မိမိတို့ဂုဏ်သိက္ခာကို တိတ်တဆိတ်စောင့်ထိန်းကြ၏။ အကြင်မိန်းမတို့သည် သင်တို့၏စကားကိုနားမထောင်ဘဲ ဆန့်ကျင်ဘက်ပြုကျင့်မည်ဟု သင်တို့ စိုးရိမ်ကြ၏။ ထိုမိန်းမတို့အား သွန်သင်ဆုံးမကြလော့။ သီးခြားအိပ်စေကြလော့။ ကြိမ်နှင့်ရိုက်၍ ဆုံးမကြလော့။ ထို့နောက် သူတို့သည် သင်တို့၏ အမိန့်သြဇာကိုနာခံကြလျှင် သူတို့ကို ညှင်းပန်း နှိပ်စက်ခြင်းမပြုကြလင့်။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အတိုင်းထက်အလွန် ကြီးကျယ်မြင့်မြတ်တော်မူ၏။

Verse 35 — Surah An-Nisa 4:35

၃၅။ အကယ်၍ သင်တို့သည် လင်မယာဇနီးမောင်နှံကို ကွဲကွာမည်စိုးရိမ်လျှင် ဖြန်ဖြေသူ ခုံသမာဓိ၊ ယောကျ်ားဘက်ကတစ်ယောက်၊ မိန်းမဘက်မှတစ်ယောက် ခန့်ကြလော့။ ဇနီးခင်ပွန်းတို့သည် မိမိတို့ကိုယ်ကိုမိမိတို့ ပြုပြင်လိုသော် အလ္လာဟ်အသျှင်မြတ်သည် သူတို့နှစ်ဦးကို တစ်စိတ်တည်း၊ တသဘောတည်း ဖြစ်စေတော်မူမည်။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သိတော်မူ သော၊ သတင်းရတော်မူသောအသျှင်ဖြစ်တော်မူ၏။

Verse 36 — Surah An-Nisa 4:36

၃၆။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ထမ်းဆောင်ကြလော့။ တစ်စုံတစ်ခုသော အရာကိုမျှ အသျှင်မြတ်နှင့်တန်းတူမထားကြလင့်။ မိဘနှစ်ပါး၊ ဆွေမျိုးနီးစပ်သူများ၊ မိဘမဲ့များ၊ သူဆင်းရဲများ၊ ဆွေမျိုးဖြစ်မည့်အိမ်နီးချင်းများ၊ ဆွေမျိုးမဟုတ်သည့် အိမ်နီးချင်းများ၊ မိတ်ဆွေ ခရီးသည်များ၊ အာဂန္တုခရီးသည်များ၊ မိမိလက်အောက်ရှိကျွန်များ၊ ဤသူအပေါင်းတို့အား သင်တို့သည် သနားကြင်နာခြင်းပြကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် မာန်မာန ထောင်လွှားသူသူများ၊ ဝါကြွားသူများကို နှစ်သက်တော်မမူပေ။

Verse 37 — Surah An-Nisa 4:37

၃၇။ ထိုသူမိုက်တို့သည် ဥစ္စာပစ္စည်းကို မသုံးရက်မစွဲရက် စုဆောင်းသိုလှောင်ထားကြ၏။ သူများကို လောဘကြီးရန် တိုက်တွန်းနှိုးဆော်ကြ၏။ အလ္လာဟ်အသျှင်မြတ် ချပေးသနားတော်မူသော ကျေးဇူးတော်ကို ဖုံးကွယ်ထားကြ၏။ မိစ္ဆာဒိဌိများအတွက် အလွန်ရှက်ဖွယ်သောအပြစ်ဒဏ်ကို ငါ စီရင်ထားတော်မူ၏။

Verse 38 — Surah An-Nisa 4:38

၃၈။ မိမိ၏ဥစ္စာစီးပွားကို လူမြင်ဖို့ရာ သုံးစွဲလှူဒါန်းသော အလ္လာဟ်အသျှင်မြတ်နှင့် တရားစီရင်တော်မူမည့် နေ့တော်ကြီးကို မယုံကြည်သောသူတို့လည်း ယင်းအပြစ်ဒဏ်ကို ခံစားကြရမည်။ အကြင်သူသည် ရှိုင်တန်မာရ်နတ်နှင့် အဆွေခင်ပွန်းဖွဲ့၏။ ထိုသူမှာ မိတ်ဆွေဆိုးရှိ၏။

Verse 39 — Surah An-Nisa 4:39

၃၉။ အလ္လာဟ်အသျှင်မြတ်သည် သူတို့နှင့် သူတို့ပြုလုပ်မှုတို့ကို အကြွင်းမရှိ သိမြင်တော်မူ၏။ သူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်ကြ၍ မိမိတို့အား အသျှင်မြတ် ပေးသနားတော်မူသော ဥစ္စာပစ္စည်းမှ အလှူဒါနပေးကြလျှင် သူတို့၌ မည်သည့်ကြောက်ရွံ့စိုးရိမ်စရာ ရှိသနည်း။

Verse 40 — Surah An-Nisa 4:40

၄ဝ။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် မြှူမှုန်တစ်မှုန်ခန့်မျှ မတရားပြုတော်မမူပေ။ ကောင်းမှုတစ်ခုရှိလျှင် ထိုကောင်းမှုကို အသျှင်မြတ်သည် နှစ်ဆဖြစ်စေတော်မူမည်။ ထိုကောင်းမှု ပြုသူအား အထံတော်မှ ကြီးမားသော ဆုလာဘ်ပေးသနားတော်မူလတ္တံ့။

Verse 41 — Surah An-Nisa 4:41

၄၁။ သို့သော် ငါအသျှင်မြတ်သည် လူမျိုးတိုင်းမှ သက်သေတော်တစ်ယောက်စီခေါ်ယူသောနေ့တော်ကြီး၌ သူတို့သည် အဘယ်သို့ရှိကြမည်နည်း။ အို-မိုဟမ္မဒ် ငါသည် သင့်အား ဤသူများ၏ဆန့်ကျင်ဘက် သက်သေအဖြစ်ဖြင့် ခေါ်ယူတော်မူမည်။

Verse 42 — Surah An-Nisa 4:42

၄၂။ ထိုနေ့တော်ကြီး၌ အယူဝါဒမှောက်မှား၍အလ္လာဟ်အသျှင်မြတ်၏ တမန်တော်၏ သြဝါဒတော်ကို မလိုက်နာခဲ့ကြသောသူတို့သည် မိမိတို့ကို မြေနှင့်အညီ မြှုပ်နှံထားလိုကြလိမ့်မည်။ သူတို့သည် တစ်စုံတစ်ခုသောအရာကိုမှ အလ္လာဟ်အသျှင်မြတ်အထံတော်မှ လျှို့ဝှက်၍ မထားနိုင်ကြပေ။

Verse 43 — Surah An-Nisa 4:43

၄၃။ အို-ယုံကြည်သူတို့ သင်တို့သည် မူးယစ်နေသောအခါ မိမိတို့မြွက်ဆိုသောအရာကို သိနားလည်းသည့် တိုင်အောင်၎င်း၊ သင်တို့သည် ခရီးသွားလာနေစဉ်မဟုတ်ဘဲ ကိုယ်မသန့်စင်သောအခါ သင်တို့ ရေချိုးပြီးသည့်တိုင်အောင်၎င်း၊ ဆွလာသ်ဝတ်ပြုမှုကို မချဉ်းကပ်ကြလင့်။ သင်တို့သည် နာမကျန်း ဖြစ်လျှင်သော်လည်းကောင်း၊ ခရီးဝေးသွားလာနေလျှင်သော်လည်းကောင်း၊ ကျင်ကြီးကျင်ငယ်စွန့်ပြီး လျှင်သော်လည်းကောင်း၊ မိန်းမများနှင့် ထိကိုင်စပ်ရှက်ပြီးလျှင်သော်လည်းကောင်း၊ ရေချိုးရန် ရေမရကြလျှင် သန့်ရှင်းသောမြေပြင်သို့သွား၍ သင်တို့၏မျက်နှာများ၊ လက်များကို မြေမှုန်နှင့် ပွတ်တိုက်ကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် ကျေးဇူးပြုတော်မူသော၊ အပြစ်လွှတ်တော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 44 — Surah An-Nisa 4:44

၄၄။ အို-တမန်တော် ရှေးကျမ်းတော် တစ်စိတ်တစ်ပိုင်းကိုရရှိသောသူတို့သည် အမှားကိုပယ်ကြ၍ သင်တို့အား လမ်းမှန်မှ တိမ်းစောင်းစေရန် ကြိုးစားအားထုတ်နေကြသည်ကို သင်သည် မမြင်သလော။

Verse 45 — Surah An-Nisa 4:45

၄၅။ အဘယ်သူတို့သည် သင်တို့၏ရန်သူများဖြစ်သည်ကို အလ္လာဟ်အသျှင်မြတ်သည် ကောင်းစွာ သိမြင်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အဆွေခင်ပွန်းအဖြစ်ဖြင့် လုံလောက်တော်မူ၏။ အလ္လာဟ်သည် ကူညီစောင်မသူအဖြစ်ဖြင့်လည်း လုံလောက်တော်မူ၏။

Verse 46 — Surah An-Nisa 4:46

၄၆။ ရဟူဒီလူမျိုးတို့အနက် လူတစ်ချို့တို့သည် ကျမ်းစာတော်ပါစကားများကို မူလအစီအစဉ်မှ ရွှေ့ပြောင်းကြ၍ ဤသို့ပြောဆိုကြ၏။ အကျွနု်ပ်တို့သည် ကြားရ၏။ သို့သော်မနာခံပါ။ မကြားနိုင်သောသူကဲ့သို့ သင်နားထောင်လော့။ ၎င်းပြင် အကျွနု်ပ်တို့ ကြားနာပါ။ သူတို့သည် မိမိတို့လျှာဖြင့် အဓိပ္ပာယ်ကို မှောက်လှန်ပစ်ပြီးလျှင် တရားတော်ကို ရှုံ့ချစော်ကားကြ၏။ အကယ်၍ သူတို့သည် အကျွနု်ပ်တို့သည် ကြားရပါ၏။ နာယူလိုက်နာပါ၏။ သင်နားစွင့်လော့။ အကျွနု်ပ်တို့ကို ရှုပါဟုဆိုလေလျှင် ထိုသူတို့အတွက် သာလွန်ကောင်းမြတ်၍ ဖြောင့်မတ်မှန်ကန်ပေမည်။ သို့သော် အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ၎င်းတို့၏ မိစ္ဆာအယူဝါဒကြောင့် ကျိန်ဆဲတော်ပြီ။ အနည်းငယ်သောသူတို့မှတစ်ပါး သူတို့သည် မယုံကြည်ကြပေ။

Verse 47 — Surah An-Nisa 4:47

၄၇။ အို-ရှေးကျမ်းတော်ရရှိသူတို့ ငါအသျှင်မြတ်သည် မျက်နှာများကို မမှတ်မိအောင် ဖျက်ဆီးတော်မမူမီ သော်လည်းကောင်း၊ ဥပုသ်ချိုးသူ ရှောင်းလူဟောင်းတို့ ကျိန်ဆဲတော်မူသကဲ့သို့ သူတို့ကို ကျိန်ဆဲတော် မမူမီသော်လည်းကောင်း၊ သင်တို့သည် မိမိတို့လက်ရှိကျမ်းတော်ကို ထောက်ခံအတည်ပြုသော ငါအသျှင်မြတ် ချပေးသနားတော်မူသည့် ကျမ်းတော်ကို ယုံကြည်ကြလော့။ အလ္လာဟ်အသျှင်မြတ်၏ အမိန့်တော်သည် အတည်ဖြစ်ရမည်သာတည်း။

Verse 48 — Surah An-Nisa 4:48

၄၈။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၌ ဘက်စပ်သူရှိသည်ဟုပြောဆိုခြင်းကို ခွင့်လွှတ်တော်မမူပေ။ ထိုပြစ်မှုမှတစ်ပါး ကျန်အပြစ်များကို အလိုတော်ရှိသူအား အပြစ်လွှတ်တော် မူ၏။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်၌ ဘက်စပ်သူရှိသည်ဟုဆို၏။ ထိုသူသည် အလွန် ကြီးမာသောအပြစ်ကို အမှန်ပင် လုပ်ကြံဖန်တီးပေပြီ။

Verse 49 — Surah An-Nisa 4:49

၄၉။ အို-တမန်တော် မိမိကိုယ်ကိုမိမိ သန့်ရှင်းဖြူစင်သူဟု ချီးကျူးသူတို့ကို သင်သည် မမြင်သလော။ အမှန်မှာ အလ္လာဟ်အသျှင်မြတ်သည် အလိုတော်ရှိသူတို့အား သန့်ရှင်းစင်ကြယ်စေတော်မူ၏။ သူတို့သည် စွန်ပလွံစေ့ပေါ်ရှိ အမြှေးတစ်ပင်လောက်မျှပင် မတရားပြုတော်မူခြင်းကို ခံရမည် မဟုတ်ပေ။

Verse 50 — Surah An-Nisa 4:50

၅ဝ။ ကြည့်ရှုလော့။ သူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ အဘယ်ကဲ့သို့ မဟုတ်မလျား မုသားလုပ်ကြံပြောဆိုကြသနည်း။ ဤလုပ်ကြံမှုပင်လျှင် အလွန်ကြီးမားထင်ရှားသော အပြစ်ဖြစ်ပေ၏။

Verse 51 — Surah An-Nisa 4:51

၅၁။ အို-တမန်တော် ကျမ်းတော်ကို (တစ်စိတ်တစ်ဒေသ)ရရှိသူတို့သည် ဆင်းတုများ၊ ဘုရားတုများကို ခဝပ်ကိုးကွယ်သည်ကိုသော်လည်းကောင်း၊ သူတို့က အယူဝါဒမှောက်မှားသူတို့သည် ယုံကြည်သူများ ထက် သလွန်မှန်ကန်သောနည်းလမ်း ညွှန်ပြချက်ကို ရရှိကြ၏ဟု ပြောဆိုသည်ကိုသော်လည်းကောင်း၊ သင်သိမြင်ပြီးပြီမဟုတ်လော။

Verse 52 — Surah An-Nisa 4:52

၅၂။ ထိုသူများသည် အလ္လာဟ်အသျှင်မြတ် ကျိန်ဆဲတော်မူပြီးသောသူများ ဖြစ်ကြ၏။ အကြင်သူအား အလ္လာဟ်အသျှင်မြတ် ကျိန်ဆဲတော်မူ၏။ ထိုသူအတွက် သင် မိုဟမ္မဒ်သည် ကူညီသူရှာတွေ့နိုင်မည် မဟုတ်ပေ။

Verse 53 — Surah An-Nisa 4:53

၅၃။ သို့မဟုတ် ထိုသူများသည် အလ္လာဟ်အသျှင်မြတ်၏ အချုပ်အခြာအာဏာပိုင်သတော်မူခြင်း၌ ဝေစုရှိကြသလော။ ယင်းသို့ရှိခဲ့လျှင် သူတို့သည့် လူသားတို့အား စွန်ပလွံ့စေ့အပေါ်တွင်ရှိသော အစွန်းကွက်ကလေးမျှလောက်ပင် ပေးကမ်းကြမည်မဟုတ်ပေ။

Verse 54 — Surah An-Nisa 4:54

၅၄။ သို့မဟုတ် ထိုသူများသည် လူသားတို့ကို ၎င်းတို့အား အလ္လာဟ်အသျှင်မြတ်က မိမိအနန္တ ကောင်းကြီးမင်္ဂလာတော်မှ ချပေးသနားတော်မူသော ကျေးဇူးတော်ကြောင့် မနာလို ဝန်တိုကြသလော။ အကြောင်းမူကား ငါအသျှင်မြတ်သည် တမန်တော် အီဗရဟီမ်၏သားမြေးတို့အား ကျမ်းတော်နှင့် ပညာအလင်းရောင်ကို ပေးသနားတော်မူ၏။ ထို့ပြင် ငါသည် သူတို့အား အလွန်ကြီးမားသော နိုင်ငံတော်ကို ပေးသနားတော်မူ၏။

Verse 55 — Surah An-Nisa 4:55

၅၅။ ထို့ပြင် သူတို့အနက် အချို့သောသူတို့သည် ထိုကျမ်းတော်ကို ယုံကြည်ကြ၏။ အချို့မူကား မယုံကြည် ကြပေ။ သူတို့လောင်ကျွမ်းဖို့ရာ ငရဲမီးနှင့် လုံလောက်၏။

Verse 56 — Surah An-Nisa 4:56

၅၆။ မှတ်သားကြလော့။ အကြင်သူသည် ငါအရှင်မြတ်၏ဗျာဒိတ်တော်များကို မယုံကြည်ကြအံ့။ ထိုသူတို့အား ငါသည် ငရဲီးထဲသို့ သွတ်သွင်းတော်မူမည်။ ထိုသူတို့သည် အလွန်နာကျင်ခြင်းဒဏ်ကို ခံစားစေခြင်းငှာ သူတို့၏အရေများသည် လောင်ကျွမ်းသွားတိုင်း အရေသစ်များကို ငါလဲပေးတော် မူမည်။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင် ဖြစ်တော်မူ၏။

Verse 57 — Surah An-Nisa 4:57

၅၇။ အကြင်သူတို့သည် ယုံကြည်လျက် ကောင်းမှုပွားများအံ့။ ထိုသူတို့အား ဂျန္နတ်ဥယျာဉ်တော်ကြီးများ သို့ ဝင်စေတော်မူမည်။ ထိုဥယျာဉ်တော်များအောက်တွင် မြစ်ချောင်းအသွယ်သွယ် စီးဆင်းလျက် ရှိကြ၏။ ထိုသူတို့သည် ဥယျာဉ်များတွင် အစဉ်ထာဝရစံမြန်းနေထိုင်ကြရမည့် ဥယျာဉ်တော်များ၌ သူတို့အတွက် သန့်ရှင်းမွန်မြတ်သောအပေါင်းအဖော်များလည်း ရှိကြမည်။ ငါအသျှင်မြတ်သည် သူတို့အား များပြားသောအရိပ်အာဝါသအောက်သို့ ဝင်စေတော်မူမည်။

Verse 58 — Surah An-Nisa 4:58

၅၈။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား သူတစ်ပါးအပ်နှံထားသောပစ္စည်းများ ကို ပိုင်ရှင်များသို့ပြန်ပေးရန် ပညတ်တော်မူ၏။ သင်တို့သည် လူသားတို့အလယ်တွင် တရားစီရင်လျှင် ဖြောင့်မတ်မှန်ကန်စွာစီရင်ရန်လည်း ပညတ်တော်မူ၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ပေးသနားတော်မူသော ဤသြဝါဒတော်သည် သင့်တင့်လျှောက်ပတ်၏။ မှတ်သားကြ လော့။ အလ္လာဟ်အသျှင်မြတ်သည် အမြဲကြားတော်မူသောအသျှင်၊ မြင်တော်မူသောအသျှင်တည်း။

Verse 59 — Surah An-Nisa 4:59

၅၉။ အို-ယုံကြည်သူတို့ အလ္လာဟ်အသျှင်မြတ်၊ အသျှင်မြတ်၏ တမန်တော်၊ သင်တို့အနက် စိုးမိုးအုပ်ချုပ် သူတို့ကို နာခံကြလော့။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို အမှန် ယုံကြည်ကြလျှင် သင်တို့သည် မည်သည့်ကိစ္စတွင်မဆို အငြင်းအခုံရှိသော် ၎င်းကိစ္စကို အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏တမန်တော်သို့ လွှဲအပ်ကြလော့။ ယင်းသို့ပြုမူခြင်းသည် သာလွန်ကောင်းမွန်၍ နောက်ဆုံးစွန်၌ သာလွန်လျောက်ပတ်၏။

Verse 60 — Surah An-Nisa 4:60

၆ဝ။ အို-တမန်တော်၊ အကြင်သူတို့သည် သင့်အားချပေးသနားတော်မူသော ကုရ်အာန်ကျမ်းတော်၊ သင်မပွင့်မီချပေးသနားတော်မူသော ကျမ်းတော်များကို ယုံကြည်သည်ဟု ဟန်ဆောင်ကြ၏။ ထိုသူတို့အား မဟုတ်မမှန်သောဘုရားများကို ပစ်ပယ်ထားရန် ပညတ်ထားသော်လည်း သူတိုသည် အငြင်းအခုန်ဖြစ်ကြသောအခါ မိမိတို့အမှုကို စီရင်ဆုံးဖြတ်ဖို့ရာ ဘုရားတုများကို ဆည်းကပ်ကြ၏။ ထိုသူတို့နှင့် သူတို့၏ အပြုအမူကို သင်မသိမမြင်သလော။ ရှိုင်တန်မာရ်နတ်သည် ထိုသူတို့အား လမ်းမှားသို့ ကောင်းစွာလှည့်ဖြားပို့ဆောင်လိမ့်မည်။

Verse 61 — Surah An-Nisa 4:61

၆၁။ ထိုသူတို့အား ဟယ် အချင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ် ချပေးသနားတော်မူသော ကုရ်အာန်ကျမ်းတော်မြတ်နှင့် အသျှင်မြတ်၏ တမန်တော်ထံသို့လာကြလော့ဟု ဟောပြောသောအခါ ထိုယုံကြည်ဟန်ဆောင်သူတို့သည် မနှစ်မြို့ခြင်းအားဖြင့် လှည့်သွားကြသည်ကို သင်မြင်ရ၏။

Verse 62 — Surah An-Nisa 4:62

၆၂။ သူတို့တင်ကြိုပို့ထားနှင့်သော ပြုကျင့်မှုကြောင့် သူတို့ထံသို့ ဘေးအန္တရာယ်တစ်စုံတစ်ခု ဆိုက်ရောက် လာလျှင် သူတို့အသို့ရှိမည်နည်း။ ထိုအခါ သူတို့သည် သင့်ထံသို့လာပြီးလျှင် မိမိတို့သည် သင့်တင့် ညီညွှတ်မှုနှင့် သနားကြင်နာမှုမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ မရှာမှီးပါဟု အလ္လာဟ်အသျှင်မြတ် ကို တိုင်တည်၍ ကျိန်ဆိုကြလိမ့်မည်။

Verse 63 — Surah An-Nisa 4:63

၆၃။ အလ္လာဟ်အသျှင်မြတ်သည် သူတို့၏စိတ်နှလုံးများအတွင်းရှိ လျှို့ဝှက်သောအရာများကို သိမြင်တော် မူ၏။ ထို့ကြောင့် သူတို့ကို ခုခံလော့။ ဆုံးမသွန်သင်လော့။ သူတို့၏ စိတ်နှလုံးများအကြောင်းကို ဘွင်းဘွင်းကြီးဟောကြားလော့။

Verse 64 — Surah An-Nisa 4:64

၆၄။ အသျှင်မြတ်၏အလိုတော်အားဖြင့် တမန်တော်၏သြဝါဒကို နာယူဖို့ရာမှတစ်ပါး အခြား အကြောင်း ကြောင့် ငါသည် တမန်တော်ကို စေလွှတ်တော်မူသည်မဟုတ်ပေ။ သူတို့သည် မိမိကိုယ်ကို ပြစ်မှား မိသောအခါ သင့်ထံသို့လာ၍ အလ္လာဟ်အသျှင်မြတ်၏ အပြစ်လွှတ်တော်မူခြင်းဆုကိုတောင်း၍ တမန်တော်၏အပြစ်လွှတ်ခြင်းကို တောင်းဆိုလျှင် အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော် မူသောအသျှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောအသျှင် ဖြစ်တော်မူကြောင်းကို သူတို့ တွေ့မြင်ကြရပေလိမ့်မည်။

Verse 65 — Surah An-Nisa 4:65

၆၅။ သို့သော် သင်၏အသျှင်သခင်အားဖြင့် သူတို့သည် အမှန်ပင်မယုံကြည်သူများဖြစ်ကြ၏။ သူတို့ အချင်းချင်း ငြင်းခုံမှုကို သူတို့စပ်ကြားတွင် သင့်အား စီရင်ဆုံးဖြတ်ရန် တောင်းပန်ခြင်း၊ သင်၏ ဆုံးဖြတ်ချက်ကို အပြစ်မဆို နှစ်သက်ခြင်း၊ ကျေနပ်စွာလက်ခံခြင်း စသည်တို့ကို သူတို့မပြုသည့် ကာလပတ်လုံး သူတို့သည် ယုံကြည်သူများမဖြစ်ပေ။

Verse 66 — Surah An-Nisa 4:66

၆၆။ အကယ်၍ ငါသည် သူတို့အား သင်တို့သည် မိမိတို့အသက်ကိုစွန့်ကြလော့။ သို့မဟုတ် သင်တို့၏ နေအိမ်များမှ ထွက်ခွာသွားကြလော့ဟု ဗျာဒိတ်ချတော်မူလျှင် သူတို့အနက် အနည်းငယ်သော သူတို့သာ ဗျာဒိတ်တော်ကို လိုက်နာဆောင်ရွက်ကြမည်။ အကယ်၍ သူတို့အား မိန့်တော်မူသည် များကို သူတို့ဆောင်ရွက်ကြလျှင် သူတို့အဖို့ သာလွန်ကောင်းမြတ်၍ အင်အား ပိုမိုတောင့်တင်း လာလိမ့်မည်။

Verse 67 — Surah An-Nisa 4:67

၆၇။ ထိုအခါ ငါသည် သူတို့အား ကြီးမားသော ဆုတော်လာဘ်တော်ကို ငါ့အထံတော်မှ ချပေးသနားတော် မူမည်။

Verse 68 — Surah An-Nisa 4:68

၆၈။ ထို့ပြင် သူတို့အား လမ်းမှန်ကို ညွှန်ပြတော်မူ၏။

Verse 69 — Surah An-Nisa 4:69

၆၉။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့် တမန်တော်ကို နာယူကြ၏။ ထိုသူတို့သည် အလ္လာဟ် အသျှင်မြတ် ကောင်းကြီးမင်္ဂလာပေးသနားတော်မူသော သူတော်မြတ်တို့နှင့်အတူကတွ ရှိကြ၏။ ထိုသူမြတ်တို့မှာ တမန်တော်များ၊ သူတော်သူမြတ်များ၊ သာသနာ့အာဇာနည်များ၊ သီလဝန်များ၊ အလ္လာဟ်နှင့် တရားတော်ကိုရိုသေသူများဖြစ်ကြ၏။ သူတို့သည် အကောင်းဆုံးသော အပေါင်းအဖော် ဖြစ်ကြ၏။

Verse 70 — Surah An-Nisa 4:70

၇ဝ။ အလ္လာဟ်အသျှင်မြတ်၏ကောင်းကြီးမင်္ဂလာတော်သည် ယင်းသို့ဖြစ်၏။ အလ္လဟ်အသျှင်မြတ်သည် သိမြင်သူအဖြစ်နှင့် လုံလောက်တော်မူ၏။

Verse 71 — Surah An-Nisa 4:71

၇၁။ အို-ယုံကြည်သူတို့ သင်တို့သည် တင်ကြို၍ ဘေးဆီးရန်ကာပြုလုပ်ခြင်း၌ မလစ်ဟင်းကြလင့်။ ထို့နောက် စစ်သည်တော်များကို စစ်ထိုးစေကြလော့။ သို့မဟုတ် သင်တို့အားလုံး အတူတကွ စစ်ချီတက်ကြလော့။

Verse 72 — Surah An-Nisa 4:72

၇၂။ မှတ်သားကြလော့။ သင်တို့အနက် ဖင့်နွဲ့သူရှိ၏။ အကယ်၍ သင်တို့သည် စစ်ရေးရှုံးနိမ့်၍ အတိဒုက္ခ ခံစားကြလျှင် ထိုသူက အကျွနု်ပ်ပေါ်၌ အလ္လာဟ်အသျှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကြီးလှပေ၏။ ထို့ကြောင့် အကျွနု်ပ်သည် သူတို့နှင့်ပါမသွားဟု ပြောဆိုကြ၏။

Verse 73 — Surah An-Nisa 4:73

၇၃။ အကယ်၍ သင်တို့အား အလ္လာဟ်အသျှင်မြတ်သည် ကောင်းကြီးမင်္ဂလာပေးသနားတော်မူပါလျှင် သင်တို့နှင့် ထိုသူတို့စပ်ကြားတွင် ချစ်ကြည်ရေးမရှိသကဲ့သို့ ထိုသူက အကျွနု်ပ်သည် သူတို့နှင့်အတူ ရှိလေလျှင် ကောင်းလေစွ။. အကျွနု်ပ်သည် ကြိးမားသောအောင်မြင်မှုကို ရရှိလေအ့ံဟု အမှန်ပင် ညည်းညူလတ္တံ့။

Verse 74 — Surah An-Nisa 4:74

၇၄။ ဤဘဝကို အရင်းအနှီးပြု၍ နောင်တမလွန်ဘဝကို ရှာမှီးသောသူတို့အား အလ္လာဟ်အသျှင်မြတ်၏ ဘက်တော်၌ စစ်ဝင်တိုက်၍ စစ်မြေပြင်ဝယ်ကျ၏။ သို့မဟုတ် စစ်ရေးသာအနိုင်ရ၏။ ထိုသူအား ငါအသျှင်မြတ်သည် မဟာဆုတော်ကြီးကို ချပေးတော်မူမည်။

Verse 75 — Surah An-Nisa 4:75

၇၅။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏လမ်းတွင်သော်လည်းကောင်း၊ အင်အားချိနဲ့သူများအတွက် သော်လည်းကောင်း၊ မိန်းမသားများအတွက်သော်လည်းကောင်း၊ ကလေးသူငယ်များအတွက်သော် လည်းကောင်း၊ အဘယ်ကြောင့် စစ်မတိုက်အပ်သနည်း။ ထိုဒုက္ခသည်တို့သည် အလ္လာဟ်အသျှင် ထံတော်၌ ဤသို့ဆုတောင်းကြ၏။ အို-အကျွနု်ပ်တို့၏အသျှင်သခင် သူတစ်ပါးတို့ကို ညှင်းဆဲနှိပ်စက် သူများနေထိုင်သည့် ဤမြို့မှ အကျွနု်ပ်တို့အား ကယ်နှုတ်တော်မူပါ။ အို-ကျေးဇူးတော်သခင် အကျွနု်ပ်တို့ကို ကာကွယ်စောင့်ရှောက်သူ အဆွေခင်ပွန်းတစ်ဦးဦးကို အထံတော်မှ ချပေးသနား တော်မူပါအသျှင်။ အို-ကျေးဇူးတော်သခင် အကျွနု်ပ်တို့အတွက် ခုခံတိုက်ခိုက်သူတစ်ဦးဦးကို အထံတော်မှ ချပေးသနားတော်မူပါအသျှင်။

Verse 76 — Surah An-Nisa 4:76

၇၆။ ယုံကြည်သူတို့သည် အသျှင်မြတ်လမ်းတွင် စစ်တိုက်ကြ၏။ မယုံကြည်သူတို့မူကား ဘုရားတု ဘုရားယောင်များအတွက် စစ်ခင်းကြ၏။ ထို့ကြောင့် သင်တို့သည် ရှိုင်တန်မာရ်နတ်၏ စစ်သည်များကို တိုက်ခိုက်ကြလော့။ မှတ်သားကြလော့။ ရှိုင်တန်မာရ်နတ်၏ သေနင်္ဂဗျူဟာသည် ညံ့ဖျင်း၏။

Verse 77 — Surah An-Nisa 4:77

၇၇။ အို-တမန်တော် သင်သည် ဤသူများကို မသိမမြင်သလော။ ထိုသူတို့သည် စစ်မက်တိုက်ခိုက်ခြင်းကို မပြုကြလင့်။ ဆွလာသ်ဝတ်ပြုကြလော့။ ဇကာသ်အလှူပေးကြလော့ဟု ဗျာဒိတ်ပေးတော်မူခြင်းခံရသူ များဖြစ်ကြ၏။ သို့သော် သူတို့ထံ စစ်တိုက်ရန် အမိန့်တော်ကျရောက်လာသောအခါ သူတို့အနက် လူတစ်စုသည် လူသားတို့ကို အလ္လာဟ်အသျှင်မြတ်အား ကြောက်ရွံ့သကဲ့သို့ သို့မဟုတ် အသျှင်မြတ် အား ကြောက်ရွံ့သည်ထက် ကြောက်ရွံ့ပြီးလျှင် အို-အကျွနု်ပ်တို့၏အသျှင်သခင် အသျှင်သည် အကျွနု်ပ်တို့အပေါ်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကို အဘယ်ကြောင့် ပညတ်တော်မူပါသနည်း။ အသျှင်သည် အကျွနု်ပ်တို့အား အချိန်အနည်းငယ် ဆိုင်းင့ံပေးတော်မူပါလျှင် ကောင်းလေစွဟု တင်လျှောက်ကြ၏။ အို-မိုဟမ္မဒ် သင်သည် သူတို့အား ဟယ် အချင်းတို့ လောကီစည်းစိမ်ဥစ္စာသည် မမှုလောက်သောအရာဖြစ်၏။ နောင်တမလွန်ဘဝသည် ဒုစရိုက်မှုများကို ရှောင်ကြဉ်သူများအတွက် သာလွန်မွန်မြတ်၏။ သင်တို့သည် စွန်ပလွံ့စေ့၏ အမြှေးလောက်မျှ မတရားပြုခြင်းခံရမည်မဟုတ်ပေ။

Verse 78 — Surah An-Nisa 4:78

၇၈။ သင်တို့သည် မည်သည့်နေရာတွင်မဆိုရှိရှိ ခိုင်ခန့်မြင့်စွင့်သော ရဲတိုက်အတွင်း၌ေ ခိုလှုံ့သော်လည်း သေခြင်းသည် သင်တို့ထံရောက်လာပေမည်။ သို့သော် သူတို့အပေါ် ချမ်းသာသုခ ကျရောက်လာ သောအခါ သူတို့က ဤချမ်းသာသုခသည် အလ္လာဟ်အသျှင်မြတ်ထံတော်မှဖြစ်သည်ဟု ရင့်ကျူးကြ ၏။ ဆင်းရဲဒုက္ခကျရောက်လာသောအခါ သူတို့က ဤဒုက္ခသည် သင် မိုဟမ္မဒ်လက်ချက်ဘဲဟု ပြောဆိုကြ၏။ အို-တမန်တော် သင်သည် သူတို့အား သုခ၊ ဒုက္ခတို့သည် အလ္လာဟ်အသျှင်မြတ် အထံတော်မှသာတည်းဟု ဟောကြားလော့။ ဤလူများသည် ဖြစ်ပျက်ခြင်းတစ်ရပ်၏ အကျိုးအကြောင်းကို မသိနိုင်ကြသည်မှာ သူတို့တွင် အဘယ်အရာ ချွတ်ယွင်းနေသနည်း။

Verse 79 — Surah An-Nisa 4:79

၇၉။ အို-လူသားတို့ သင်တို့စံစားရသောချမ်းသာသုခများသည် အလ္လာဟ်အသျှင်မြတ်အထံတော်မှ တဖြစ်ကြ၏။ သင်တို့ခံစားရသော ဆင်းရဲဒုက္ခများသည် သင်တို့ထံမှဖြစ်ကြ၏။ မိုဟမ္မဒ် ငါသည် သင့်အား လူသားတို့ထံသို့ တမန်တော်အဖြစ်ဖြင့် စေလွှတ်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် သက်သေတော်အဖြစ်ဖြင့် လုံလောက်တော်မူ၏။

Verse 80 — Surah An-Nisa 4:80

၈ဝ။ အကြင်သူသည် တမန်တော်ကိုနာခံ၏။ ထိုသူသည် အလ္လာဟ်အသျှင်မြတ်အား နာခံသည်မည်၏။ အကြင်သူတို့သည့် လှည့်သွား၏။ ထိုသူတို့ကို စောင့်ထိန်းဖို့ရာ သင့်အား စေလွှတ်တော်မမူပေ။

Verse 81 — Surah An-Nisa 4:81

၈၁။ ထို့ပြင် သူတို့က ထိုအရာသည် နာခံခြင်းဖြစ်၏ဟုဆိုကြ၏။ သို့သော် သူတို့သည် သင်တို့ထံမှ ထွက်သွားသောအခါ သူတို့အနက် လူတစ်စုသည် သင်၏သြဝါဒမှတစ်ပါး အခြားအရာများကို ကြံစည်အားထုတ်၍ ညဉ့်ကိုကုန်ကြ၏။ အလ္လာဟ်အသျှင်မြတ်သည် ညဉ့်အချိန်တွင် သူတို့ကြံစည် သည့် စီမံကိန်းကို မှတ်သားထားတော်မူ၏။ ထို့ကြောင့် သင်သည် သူတို့အား ခုခံလော့။ အလ္လာဟ်အသျှင်မြတ်အား ယုံကြည်ကိုးစားလော့။ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်ကိုးစားရာ အတွက် လုံလောက်တော်မူ၏။

Verse 82 — Surah An-Nisa 4:82

၈၂။ သူတို့သည် ကုရ်အာန်ကျမ်းတေ်ကို စဉ်းစားဆင်ခြင်ကြမည်မဟုတ်လော။ ကုရ်အာန်ကျမ်းတော်သည် အလ္လာဟ်အသျှင်မြတ်အထံတော်မှမဟုတ်ဘဲ အခြားသူတို့ထံမှဖြစ်ခဲ့လျှင် သူတို့သည် ထိုကျမ်းတော်၌ များစွာသော မညီညွတ်၊ ကွဲလွဲချက်များကို တွေ့ကြရမည်။

Verse 83 — Surah An-Nisa 4:83

၈၃။ သူတို့ထံ ဘေးရန်ကင်းခြင်းသတင်းသော်လည်းကောင်း၊ စိုးရိမ်ကြောင့်ကြဘွယ်သတင်းဆိုး ရောက်လာလျှင် သူတို့သည် ထိုသတင်း အနှံ့အပြား ကြော်ငြာကြ၏။ အကယ၍ သူတို့သည် ထိုသတင်းကို တမန်တော်သခင်နှင့် အကြီးအကဲအုပ်ချုပ်သူတို့အား အကြောင်းကြားခဲ့လျှင် သူတို့အနက် စဉ်းစားဆင်ခြင်တတ်သူတို့သည် ထိုသတင်းအကြောင်းအရာကို စစ်ဆေးစုံစမ်း၍ အမှန်ကို သိရှိကြလတ္တံ့။ အကယ်၍ အလ္လာဟ်အသျှင်မြတ်၏ မဟာဂရုဏာတော်အနန္တ ကောင်းကြီးမင်္ဂလာတော်တို့ကြောင့်သာမဟုတ်လျှင် သင်တို့အနက် အလွန်နည်းပါးသောသူတို့မှ တစ်ပါး၊ သင်တို့အားလုံးသည် ရှိုင်တန်မာရ်နတ်နောက်သို့ လိုက်ခဲ့ကြလတ္တံ့။

Verse 84 — Surah An-Nisa 4:84

၈၄။ ထို့ကြောင့် အို-မိုဟမ္မဒ် အလ္လာဟ်အသျှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်လော့။ သင်သည် မိိမိအတွက်မှတစ်ပါး၊ သူတစ်ပါးအတွက် တာဝန်မထမ်းရပေ။ ယုံကြည်သူတို့ကို တိုက်တွန်း လှု့ံဆော်လော့။ အလ္လာဟ်အသျှင်မြတ်သည် မယုံကြည်သူ၏အင်အားကို တားမြစ်ဟန့်တားတော် မူကောင်း ဟန့်တားတော်မူလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် သာလွန်အင်အားကြီးမားတော် မူ၏။ အပြစ်ဒဏ်ခတ်ရာ၌ သာလွန်ခက်ထန်တော်မူ၏။

Verse 85 — Surah An-Nisa 4:85

၈၅။ အကြင်သူသည် ကောင်းသောကိစ္စ၌ ဝင်ရောက်အားထုတ်အံ့။ ထိုသူသည် ထိုအားထုတ်မှု၏ အကျိုးဆက်ကို ခံစားရလတ္တံ့။ အကြင်သူသည် မကောင်းသောအမှု၌ ဝင်ရောက်ကြိုးပမ်း၏။ ထိုသူသည် ထိုကြိုးပမ်းမှု၏ မကောင်းကျိုးကို ခံစားရလတ္တံ့။ အလ္လာဟ်အသျှင်မြတ်သည် ခပ်သိမ်းကုန်သောအရာများအပေါ်၌ တန်ခိုးကြီးတော်မူပါ၏။

Verse 86 — Surah An-Nisa 4:86

၈၆။ သင်တို့သည် နှုတ်ဆက်မေတ္တာပို့ခြင်းခံရသောအခါ ထိုနှုတ်ဆက်စကားထက် သာလွန်၍ လည်းကောင်း၊ သို့မဟုတ် အလားတူ မင်္ဂလာရှိသောစကားဖြင့်လည်းကောင်း တုန့်ပြန်နှုတ်ဆက်ကြ လော့။ အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို မှတ်သားတော်မူ၏။

Verse 87 — Surah An-Nisa 4:87

၈၇။ အသျှင်မြတ်တစ်ပါး အခြားအသျှင်သခင်မရှိပေ။ အသျှင်မြတ်သည် သင်တို့အားလုံးကို ရှင်ပြန် ထမြောက်ရမည့်နေ့ဘက်သို့ စုရုံးတော်မူမည်။ ထိုနေ့တော်ကြီး ဆိုက်ရောက်လာမည်ကို ယုံမှား သံသယ လုံးဝမရှိနိုင်ပေ။ အကြောင်းတစ်ခုခုကို သိမြင်ပြောကြားရာ၌ အဘယ်သူသည် အလ္လာဟ် အသျှင်မြတ်ထက် သာလွန်မှန်ကန်သနည်း။

Verse 88 — Surah An-Nisa 4:88

၈၈။ သင်တို့သည် ယုံကြည်ဟန်ဆောင်သူများနှင့်စပ်လျဉ်း၍ နှစ်သင်းကွဲရခြင်းသည် သင်တို့၌ အဘယ် ရောဂါဆိုက်ရောက်သနည်း။ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ၎င်းတို့၏ပြုကျင့်မှုကြောင့် မိစ္ဆာဒိဌိပြန်ဖြစ်စေတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် လမ်းမှားကိုသွားစေတော်မူသော သူများကို သင်တို့သည် လမ်းပြရန် ကြိုးစားကြသလော။ အကြင်သူအား အလ္လာဟ်အသျှင်မြတ်သည် လမ်းလွဲသွားစေတော်မူ၏။ ထိုသူတို့အတွက် သင် မိုဟမ္မဒ် လမ်းကို မတွေ့နိုင်ပေ။

Verse 89 — Surah An-Nisa 4:89

၈၉။ သူတို့ကဲ့သို့ သင်တို့လည်း မယုံကြည်သည်ကို လိုလားကြ၏။ သို့မှသာလျှင် သင်တို့နှင့် သူတို့သည် တူညီကြလိမ့်မည်။ သူတို့သည် အလ္လာဟ်အသျှင်မြတ်၏ သာသနာရေးအတွက် မိမိတို့နေအိမ်များမှ စွန့်ခွာမသွားကြသမျှကာလပတ်လုံး သင်တို့သည် သူတို့ထဲမှ မိတ်ဆွေခင်ပွန်း မရွေးကောက်ကြလင့်။ အကယ်၍ သူတို့သည် ရန်သူပြန်ဖြစ်လျှင် သူတို့ကိုတွေ့သည့်နေရာမှာ ဖမ်းဆီးသတ်ဖြတ်လော့။ သင်တို့သည် သူတို့အထဲမှ မိတ်ဆွေကိုသော်လည်းကောင်း၊ ကူညီသူကိုသော်လည်းကောင်း မရွေးချယ်ကြလင့်။

Verse 90 — Surah An-Nisa 4:90

၉ဝ။ သို့သော် သင်တို့နှင့် ပဋိညာဉ်ပြုလုပ်ပြုလုပ်သူတို့ထံတွင် ခိုလှုံသူများကိုသော်လည်းကောင်း၊ သင်တို့ကိုဖြစ်စေ၊ မိမိတို့ဆွေမျိုးများကိုဖြစ်စေ၊ စစ်တိုက်လိုသော စိတ်ရှိသောကြောင့် သင်တို့၏ဘက် သို့ ဝင်လာသောသူများကိုသော်လည်းကောင်း သင်တို့သည် မိတ်ဆွေအဖြစ်ဖြင့် သို့မဟုတ် ကူညီသူအဖြစ်ဖြင့် လက်ခံနိုင်ခွင့်ရှိ၏။ အကယ်၍ အလ္လာဟ်အသျှင်မြတ်အလိုတော်ရှိခဲ့ပါလျှင် အသျှင်မြတ်သည် သူတို့အား သင်တို့၏အပေါ်၌ သြဇာအာဏာပေးသနားတော်မူခဲ့မည်. ထိုအခါ သူတို့သည် သင်တို့ကို အမှန်ပင် တိုက်ခိုက်ပေမည်။ သူတို့သည် သင်တို့ကို ရှောင်ရှား၍ စစ်မတိုက်ဘဲ စစ်ပြေငြိမ်းရေးစကား ကမ်းလှမ်းကြလျှင် အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား သူတို့ကို တိုက်ခိုက်ရန် အခွင့်ပေးတော်မမူပေ။

Verse 91 — Surah An-Nisa 4:91

၉၁။ အခြားသူတို့သည် သင်တို့နှင့် သူတို့၏ဆွေမျိုးတို့ထံမှ ဘေးရန်ကင်းခြင်းကို လိုလားကြသည်ကို သင်တို့တွေ့ရှိရမည်။ သို့သော် သူတို့သည် ရန်သူအဖြစ်သို့ ပြန်ပို့ခံရသောအခါတိုင်း ရန်သူဘက်သို့ တဟုန်တည်းဝင်သွားကြ၏။ အကယ်၍ သူတို့သည် သင်တို့ကို ရှောင်ကြဉ်ခြင်း၊ စစ်ငြိမ်းချမ်းမှု အတွက် စကားကမ်းလှမ်းခြင်း၊ စစ်ရပ်စဲခြင်းများကို မပြုလုပ်ကြလျှင် သင်တို့သည် သူတို့ကို တွေ့သည့်နေရာတိုင်း၌ ဖမ်းဆီးသတ်ဖြတ်ကြလော့။ ဤလူများကိုဆန့်ကျင်ဖို့ သင်တို့အား ငါသည် ထင်ရှားသောအခွင့်ကို ပေးတော်မူပြီ။

Verse 92 — Surah An-Nisa 4:92

၉၂။ မှားယွင်းခြင်းမှတစ်ပါး ယုံကြည်သူတစ်ဦးသည် အခြားယုံကြည်သူတစ်ဦးအား မသတ်ဖြတ်သင့်။ အကြင်ယုံကြည်သူသည် အခြား ယုံကြည်သူတစ်ဦးကို မှားယွင်း၍ သတ်ဖြတ်မိ၏။ ထိုယုံကြည်သူ သည် ယုံကြည်သူကျွန်တစ်ယောက်ကို လွှတ်ပစ်ရမည်။ သေသူ၏အိမ်ထောင်အား အသက်ဖိုး လျော်ကြေးပေးရမည်။ သို့သော် သူတို့က လျော်ကြေးကို အလှူအဖြစ် လျှော်ပစ်လျှင် အပြစ်လွတ် အောင် မိမိကိုယ်ကို ဆုံးမခြင်းမှာ ယုံကြည်သူကျွန်တစ်ယောက်ကို လွှတ်ခြင်းဖြစ်သည်။ သေသူသည် သင်တို့နှင့် မဟာမိတ်စာချုပ် ချုပ်ဆိုသူတို့အထဲမှဖြစ်လျှင် သင်တို့သည် သူ၏ဆွေမျိုးအား အသက်ဖိုး လျော်ကြေးကိုပေးရမည်။ ယုံကြည်သူကျွန်တစ်ယောက်ကိုလည်း လွှတ်ပစ်ရမည်။ ဥစ္စာပစ္စည်း ခေါင်းပါးသူမှာ ဥပုသ်သီလ နှစ်လဆက်၍ ဆောက်တည်ရမည်။ အလ္လာဟ်အသျှင်မြတ်၏ မိမိကိုယ်ကို မိမိ ဆုံးမဒဏ်ဥပဒေတော်တည်း။ အလ္လာဟ်အသျှင်သည် သိမြင်တော်မူသောအသျှင်၊ ဉာဏ်ရှိတော်မူသောအသျှင်တည်း။

Verse 93 — Surah An-Nisa 4:93

၉၃။ အကြင်သူသည် ယုံကြည်သူတစ်ဦးကို သေစေလိုသောစိတ်ဖြင့် သတ်အံ့။ ထိုသူ၏ဆုလာဘ်မှာ ငရဲ၌ အစဉ်အမြဲ ခံစားရခြင်းဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် သူ့ကို အမျက်ရှတော်ူ၏။ ကျိန်ဆဲတော်မူ၏။ အလွန်ကြောက်မက်ဖွယ်ကောင်းေသောအပြစ်ဒဏ်ကို စီရင်ထားတော်မူ၏။

Verse 94 — Surah An-Nisa 4:94

၉၄။ အို-ယုံကြည်သူတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်လမ်းတော်၌ ချီတက်သွားသောအခါ ပိုင်းခြား ဝေဖန်မှုကို သတိမလစ်ကြလင့်။ စစ်ပြေငြိမ်းစကား ကမ်းလှမ်းသူအား လောကီဥစ္စာကိုရလိုသော အကြောင်းကြောင့် သင်သည် မိစ္ဆာဒိဌိဖြစ်သည်ဟု မဆိုကြလင့်။ အလ္လာဟ်အသျှင်မြတ်အထံတော်၌ စစ်သုံ့ပစ္စည်းအမြောက်အများရှိ၏။ သင်တို့သည် အထက်ကျော်ကာရီက မယုံကြည်ကြပေ။ သို့သော် ထိုသို့မယုံကြည်ပြီးမှ အလ္လာဟ်အသျှင်မြတ်၏ ကောင်းကြီးမင်္ဂလာသည် သင်တို့အပေါ်သို့ ကျရောက် လာပြီ။ ထို့ကြောင့် ကောင်းစွာစီစစ်ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့ပြုသမျှ သတင်း ရတော်မူသောအသျှင်ဖြစ်တော်မူ၏။

Verse 95 — Surah An-Nisa 4:95

၉၅။ အကြင်ယုံကြည်သူတို့သည် ကိုယ်လက်မသန်စွမ်းသည့် ဒုက္ခိတမဟုတ်ဘဲ မလှုပ်မရှား နေထိုင် ကြ၏။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်၏လမ်းတော်ကြီးဝယ် မိမိတို့ဥစ္စာပစ္စည်းနှင့် အသက်များ အားဖြင့် ကြိုးပမ်းအားထုတ်သူတို့နှင့် ထပ်တူညီမျှမဖြစ်ကြပေ။ အလ္လာဟ်အသျှင်မြတ်သည် မိမိတို့ အသက်စည်းစိမ်ဥစ္စာအားဖြင့် ကြိုးစားသူတို့အား ငြိမ်ဆိမ်စွာ ထိုင်နေတတ်သူများထက် အဆင့်အတန်း တစ်ဆင့်တိုးပေးတော်မူ၏။ ယုံကြည်သူတိုင်းကို ကောင်းကြီးမင်္ဂလာပေးတော်မူမည် ဟု ဗျာဒိတ်ချမှတ်တော်မူ၏။ သို့သော် ကြိုးပမ်းသူတို့အား မလှုပ်မရှား အငြိမ်းထိုင်နေတတ်သူများ ထက် ဆုလာဘ်ပိုမိုပေးတော်မူ၏။

Verse 96 — Surah An-Nisa 4:96

၉၆။ ထိုဆုတော်ကြီးသည် အဆင့်အတန်းပေးတော်မူခြင်း၊ အပြစ်လွှတ်တော်မူခြင်း၊ ကောင်းကြီးင်္ဂလာ ပေးတော်မူခြင်းတို့ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် အမြဲ အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောအသျှင်တည်း။

Verse 97 — Surah An-Nisa 4:97

၉၇။ မှတ်သားကြလော့ အကြင်သူတို့သည် မိမိကိုယ်ကိုမိမိ ပြစ်မှားနေစဉ် ကောင်းကင်တမန်တော်များက အသက်ကို နှုတ်ယူခြင်းကို ခံကြရ၏။ ကောင်းကင်တမန်တော်များသည် သူတို့အား သင်တို့ ဘာလုပ် နေကြသနည်းဟု မေးကြလိမ့်မည်။ သူတိုက အကျွနု်ပ်တို့သည် ကမ္ဘာပေါ်တွင် နှိပ်စက်ဖိစီး ချိနဲ့ခြင်းကို ခံကြရပါသည်ဟု ပြန်ပြောလိမ့်မည်။ ထိုအခါ ကောင်းကင်တမန်များသည် သူတို့အား သင်တို့သည် တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့သွားနိုင်အောင် အလ္လာဟ်အသျှင်မြတ်၏ ပထဝီမြေကြီးသည် အပြောမကျယ်ဘူးလောဟု မေးမြန်းလိမ့်မည်။ ဤသူတို့၏နေထိုင်ရာဌာနသည် ငရဲဲဖြစ်လိမ့်မည်။ ဘဝခရီး၏ အလွန်ဆိုးဝါးသောအဆုံးစွန်တည်း။

Verse 98 — Surah An-Nisa 4:98

၉၈။ သို့သော် သူတို့အနက်အား ချိနဲ့သူဒုက္ခိတယောကျ်ားများ၊ မိန်းမသားများ၊ ကလေးသူငယ်များသည် ပြောင်းရွှေ့သွားရန် မကြံစည်နိုင်ကြပေ။ ထွက်မြောက်ရာလမ်းလည်း အပြမခံကြရ။ သူတို့သည် ယင်းသို့ မေးမြန်းခြင်းခံရသောသူတို့ဘောင်တွင် မပါဝင်ပေ။

Verse 99 — Surah An-Nisa 4:99

၉၉။ ဤသူတို့အား အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်ကောင်းလွှတ်တော်မူလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် အမြဲတစေ ထောက်ထားညှာတာတော်မူ၏။ အပြစ်လွှတ်တော်မူ၏။

Verse 100 — Surah An-Nisa 4:100

၁ဝဝ။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်၏ သာသနာတော်ကြီးအတွက်ကြောင့် မိမိတို့နေရပ်မှ ပြောင်းရွှေ့သွားကြရအံ့။ ထိုသူတို့သည် ကမ္ဘာမြေပေါ်ဝယ် များစွာသောခိုလှုံရာနှင့် ပေါများကြွယ်ဝ ခြင်းများကို တွေ့ကြလိမ့်မည်။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်၏ တမန်တော်ကို ယုံကြည်မှု ကြောင့် မိမိနေအိမ်မှ ထွက်ပြေးတိ်မ်းရှောင်နေရ၏။ ထိုပြေးနေစဉ် အနိစ္စရောက်၏။ ထိုသူအား ဆုလာဘ်ပေးသနားတော်မူရန် အသျှင်မြတ်၌ တာဝန်ရှိတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အမြဲတစေ အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလပေးသနားတော်မူ၏။

Verse 101 — Surah An-Nisa 4:101

၁ဝ၁။ သင်တို့သည် ခရီးသွားလာသောအခါ ခရီးလမ်းတွင် မိစ္ဆဒိဌိတို့ တိုက်ခိုက်မည်ကို စိုးရိမ်ကြောင့်ကြ သောကြောင့် ဆွလာသ်ဝတ်ကိုလျှော့၍ပြု၏။ ယင်းကဲ့သို့ ချုံးခြင်းကြောင့် သင်တို့၌ အပြစ်မသင့် ပေ။ အမှန်မှာ မိစ္ဆာမိုက်တို့သည် သင်တို့၏ ပွင့်လင်းသောရန်သူဖြစ်၏။

Verse 102 — Surah An-Nisa 4:102

၁ဝ၂။ အို-မိုဟမ္မဒ် သင်သည် ခရီးသည်တို့နှင့်အတူတကွရှိ၍ သူတို့အတွက် ဆွလာသ်ဝတ်ပြုမှုကို စီစဉ်ပေး သောအခါ သူတို့အနက် အချို့တစ်ဝက်ကို မိမိတို့ လက်နက်ကိရိယာများကို စွဲကိုင်လျက် သင်နှင့် အတူတကွ ဝတ်ပြုကြစေလော့။ သူတို့သည် ဝတ်တွားဦးညွတ်ချရသည့်အခန်းကို ပြီးဆုံးသောအခါ ထိုသူတို့အား နောက်ဆုတ်သွားစေပြီးသော် ဝတ်မပြုရသေးသောသူတို့ ရှေ့သို့တိုးလာပြီးလျှင် သင်နှင့် အတူတကွ ဝတ်ပြုစေလော့။ သူတို့အား ဘေးကာဆီးမှုကို ပြုလုပ်စေလော့။ သူတို့အား လက်နက် ကိရိယာတို့ကိုလည်း စွဲကိုင်စေလော့။ အယူလွဲသူတို့သည် သင်တို့အား မိမိတို့၏ လက်နက်ကိရိယာ ဥစ္စာပစ္စည်းများကို သတိမမူ ပေါ့ဆစေလိုကြ၏။ သို့မှသာလျှင် သူတို့သည် သင်တို့အား လွယ်လင့်တကူ အပြီးအပိုင် တိုက်ခိုက်သတ်ဖြတ်နိုင်လိမ့်မည်။ မိုးရွာသွန်း၍သော်လည်းကောင်း၊ မကျန်းမာ၍သော်လည်းကောင်း လက်နက်ကိရိယာများကို စွဲကိုင်ထားခြင်းမပြုဘဲ ချထားရလျှင် သင်တို့၌ အပြစ်မထိုက်ပေ။ သို့သော် သင်တို့သည် မိမိတို့လုံခြံုရေးကို စီစဉ်ထားကြလော့။ မှတ်သား ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် မိစ္ဆာဒိဌိတို့အတွက် အလွန်ရှက်ဖွယ်ကောင်းသော အပြစ်ဒဏ်ကို စီရင်ထားတော်မူ၏။

Verse 103 — Surah An-Nisa 4:103

၁ဝ၃။ သင်တို့သည် ဆွလာသ်ဝတ်ကို ပြုပြီးသောအခါ အလ္လာဟ်အသျှင်မြတ်ကို ထ၍သော်လည်းကောင်း၊ ထိုင်၍သော်လည်းကောင်း၊ လျောင်း၍သော်လည်းကောင်း အာရုံပြုကြလော့။ ထို့ပြင် သင်တို့သည် ဘေးရန်ကင်းမဲ့၊ လုံခြံုသောအခါ ဆွလာသ်ဝတ်ကို ကျင့်စဉ်တရားအတိုင်း ပြည့်စုံစွာပြုကြလော့။ သတ်မှတ်ထားသော အချိန်နာရီများတွင် ဆွလာသ်ဝတ်ပြုရန် ယုံကြည်သူတို့အား ပညတ်တော်မူ၏။

Verse 104 — Surah An-Nisa 4:104

၁ဝ၄။ ရန်သူမာျးကို လိုက်လံတိုက်ခိုက်ရာ၌ လုံ့လဝိရိယမလျှော့ကြလင့်။ အကယ်၍ သင်တို့သည် ဒုက္ခ ဆင်းရဲခံရလျှင် သူတို့လည်းအလားတူ ဒုက္ခဆင်းရဲခံရသည်ကို မှတ်သားကြလော့။ သို့သော် သူတို့ မမျှော်ကိုးနိုင်သည်ကို အသင်တို့သည် အလ္လာဟ်အသျှင်မြတ်အထံတော်မှ မျှော်လင့်နိုင်ကြ၏။ အလ္လာဟ်အသျှင်မြတ်သည် အမြဲသိတော်မူသောအသျှင်၊ ပညာဉာဏ်ရှိတော်ူသောအသျှင်တည်း။

Verse 105 — Surah An-Nisa 4:105

၁ဝ၅။ အို-တမန်တော် မှတ်သားလော့။ သင်သည် အလ္လာဟ်အသျှင်မြတ် ချပေးသနားတော်မူသော ဤကုရ်အာန်ကျမ်းတော်ဖြင့် လူသားတို့အလယ်တွင် စီရင်ဆုံးဖြတ်နိုင်စေရန် ငါသည် သင့်အား ဤကျမ်းတော်မြတ်ကို မုချဧကန် ထုတ်ပြန်ချပေးသနားတော်မူ၏။ သင်သည် သစ္စာဖောက်တို့အတွက် တောင်းပန်သူတစ်ဦးမဖြစ်လင့်။

Verse 106 — Surah An-Nisa 4:106

၁ဝ၆။ ထို့ပြင် အလ္လာဟ်အသျှင်မြတ်၏ အပြစ်လွှတ်ခြင်းကို ရှာမှီးလော့။ အလ္လာဟ်အသျှင်မြတ်သည် အမြဲတစေ အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။

Verse 107 — Surah An-Nisa 4:107

၁ဝ၇။ ထို့ပြင် မိမိကိုယ်ကိုမိမိတို့ လှည့်စားသောသူတို့အတွက် မှတ်သားလော့။ အလ္လာဟ်အသျှင်မြတ်သည် သစ္စာဖောက်၍ ပြစ်မှုကျူးလွန်သူကို ချစ်ခင်တော်မမူပေ။

Verse 108 — Surah An-Nisa 4:108

၁ဝ၈။ သူတို့သည် လူသားတို့ထံမှ ဖုံးကွယ်ထားခြင်းကို ရှာမှီးကြ၏။ သို့သော် အလ္လာဟ်အသျှင်မြတ် အထံတော်မှ လျှို့ဝှက်ထားခြင်းကို မရှာမှီးကြပေ။ သူတို့သည် ညဉ့်အချိန်ကာလတွင် အလ္လာဟ် အသျှင်မြတ် နှစ်သက်တော်မမူသောတရားကို ဟောပြောသောအခါ အသျှင်မြတ်သည် သူတို့နှင့် အတူတကွရှိတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် သူတို့ပြုသမျှတို့ကို အမြဲဝိုင်းထားတော်မူ၏။

Verse 109 — Surah An-Nisa 4:109

၁ဝ၉။ မှတ်သားကြလော့။ သင်တို့သည် ဤဘဝ၌ သူတို့အတွက် ပန်ထွာကြ၏။ သို့သော် ရှင်ပြန်ထမြောက် သောနေ့တော်ကြီး၌ သူတို့အတွက် အဘယ်သူသည် အလ္လာဟ်အသျှင်မြတ်ရှေ့တော်ဝယ် တောင်းပန်မည်နည်း။ ထိုအခါ သူတို့ကို အဘယ်သူသည် ကာကွယ်စောင့်ရှောက်မည့်သူဖြစ်သနည်း။

Verse 110 — Surah An-Nisa 4:110

၁၁ဝ။ သို့ငြားသော်လည်း အကြင်သူသည် ဒုစရိုက်ပြစ်မှု ကျူးလွန်မိ၏။ သို့မဟုတ် မိမိကိုယ်ကိုမိမိ ပြစ်မှား မိ၏။ ထို့နောက် အသျှင်မြတ်အထံတော်၌ ဝန်ချတောင်းပန်၏။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောအသျှင် ဖြစ်သည်ကို ထိုသူတွေ့ရှိရလိမ့်မည်။

Verse 111 — Surah An-Nisa 4:111

၁၁၁။ အကြင်သူသည် အပြစ်ကျူးလွန်၏။ ထိုကျူးလွန်မှုသည် မိမိနစ်နာဆုံးရှုံးဖို့ရာသာဖြစ်၏။ အလ္လာဟ် အသျှင်မြတ်သည် အမြဲသိမြင်တော်မူသော၊ ပညာဉာဏ်ရှိတော်မူ၏။

Verse 112 — Surah An-Nisa 4:112

၁၁၂။ အကြင်သူသည် ပေါ့လျော့ပျက်ကွက်မှုကိုသော်လည်းကောင်း၊ ရာဇဝတ်ပြစ်မှုကိုသော်လည်းကောင်း ကျူးလွန်ပြီးလျှင် မိမိ၏အပြစ်ကို အပြစ်ကင်းမဲ့သူအပေါ်သို့ လွှဲချ၏။ ထိုသူသည် မိမိအပေါ်၌ မုသားစကားဆိုမှုနှင့် ကြီးမားသောအပြစ်ဝန်ထုပ်ကြီးကို တင်သူဖြစ်၏။

Verse 113 — Surah An-Nisa 4:113

၁၁၃။ အို-မိုဟမ္မဒ် သင့်အပေါ် အလ္လာဟ်အသျှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်များ သက်ရောက်၍သာ သို့မဟုတ်လျှင် သူတို့သည် သင့်ကို လမ်းမှားသို့ သွေးဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြလတ္တံ့။ သို့သော် သူတို့သည် ၎င်းတို့ကိုယ်ကိုသာ ၎င်းတို့ လမ်းမှားသို့ ညွှန်ပြလိမ့်မည်။ သင့်ကို တစ်စုံတစ်ရာ နစ်နာ စေနိုင်လိမ့်မည်မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ်သည် သင့်အား ဤကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချပေးသနားတော်မူ၏။ ပညာအလင်းရောင်ကိုလည်း ပေးသနားတော်မူ၏။ သင်မသိသော ကျင့်စဉ်တရားကို သင်ပေးတော်မူ၏။ သင့်အပေါ်၌ အလ္လာဟ်အသျှင်မြတ်၏ ကောင်းကြီး မင်္ဂလာတော်သည် အနန္တဖြစ်၏။

Verse 114 — Surah An-Nisa 4:114

၁၁၄။ သူတို့၏လျှို့ဝှက်အစည်းအဝေးပွဲများ၌ ကောင်းကျိုးတစ်စုံတစ်ရာမရှိပေ။ သို့သော် အကြင်သူသည် အလှူဒါနပေးကမ်းမှု၊ သနားကြင်နာမှုနှင့် လူတို့အလယ်တွင် ရန်ပြေငြိမ်းချမ်းမှုများ တိုက်တွန်း လှုံ့ဆော်၏။ ထိုသူ၌ ကောင်းမှုရှိ၏။ အကြင်သူသည် အသျှင်မြတ်၏ နှစ်သက်စုံမက်ခြင်းကို လိုလား၍ ထိုကောင်းမှုကိုပြုအံ့။ ငါသအသျှင်မြတ်သည် ထိုသူအား အလွန်ကြီးကျယ်သောဆုတော်ကို ပေးသနားတော်မူမည်။

Verse 115 — Surah An-Nisa 4:115

၁၁၅။ အကြင်သူအား အလ္လာဟ်အသျှင်မြတ်၏နည်းလမ်းညွှန်ပြချက်တော်ကို ထင်လင်းစေပြီးနောက် တမန်တော်ကို ဆန့်ကျင်ခုခံ၏။ ယုံကြည်သူ၏လမ်းမှတစ်ပါ။ အခြားလမ်းကိုလိုက်၏။ ငါအသျှင်မြတ် သည်ထိုသူကို သူကိုယ်တိုင်လိုက်သောလမ်းတွင် ထားတော်မူ၏။ ငရဲသို့ လားစေတော်မူမည်။ ထိုငရဲသည် အလွန်ဆိုးဝါး ဒုက္ခများသောခရီးအဆုံးစွန်ဖြစ်ပေ၏။

Verse 116 — Surah An-Nisa 4:116

၁၁၆။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အသျှင်မြတ်အား ဖက်စပ်ပေးမှုကို အပြစ်လွှတ်တော် မမူချေ။ ထိုပြစ်မှုမှတစ်ပါး အခြားပြစ်မှုများကို အလိုတော်ရှိသူအား ခွင့်လွှတ်တော်မူ၏။ အကြင်သူ သည် အလ္လာဟ်အသျှင်မြတ်အား ဖက်စပ်သူများပေးအံ့။ ထိုသူသည် တရားလမ်းကြောင်းမှဝေးစွာ တိမ်းစောင်းသွားသူဖြစ်၏။

Verse 117 — Surah An-Nisa 4:117

၁၁၇။ သူတို့သည် အလ္လာဟ်အသျှင်မြတ်အစား မိန်းမများကို ဝတ်ပြုကိုးကွယ်တသကြ၏။ သူတို့သည် ထောင်ထားခြားနားခံရသူ ရှိုင်တန်မာရ်နတ်မှတစ်ပါး ဘာကိုမျှ ခဝပ်ကိုးကွယ်သည်မဟုတ်ချေ။

Verse 118 — Surah An-Nisa 4:118

၁၁၈။ ရှိုင်တန်မာရ်နတ်သည် အလ္လာဟ်အသျှင်မြတ် ကျိန်ဆဲတော်မူခြင်းကိုခံရ၍ ဤသို့ တင်လျှောက်၏။ အို-အသျှင် အကျွနု်ပ်သည် အသျှင်၏ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအနက် သမတ်မှတ်ထားသော သူတို့ကို အမှန်ပင်ရယူပါမည်။

Verse 119 — Surah An-Nisa 4:119

၁၁၉။ အကျွနု်ပ်သည် သူတို့အား လမ်းမှားသို့ မုချသွေးဆောင်ပါမည်။ အကျွနု်ပ်သည် သူတို့၏သဏ္ဍာန် တွင်း၌ မကောင်းသောဆန္ဒများကို အမှန်ပင်ဖြစ်ပေါ်စေပါမည်။ အကျွနု်ပ်သည် သူတို့ကို ဧကန်အမှန် အမိန့်ပေးပါမည်။ သူတို့သည် တိရစ္ဆာန်များ၏နားများကို အကယ်စင်စစ်ဖြတ်ကြပါမည်။ အမှန်ပင် အကျွနု်ပ်သည် သူတို့ကို အမိန့်ပေး၍ သူတို့သည် အသျှင်မြတ်၏ ဖန်ဆင်းခြင်းကို အသွင်ပြောင်း အောင် ပြုလုပ်ပါလိမ့်မည်။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်အစား ရှိုင်တန်မာရ်နတ်ကို မိမိ၏ အကြီးအကဲ မှီခိုသူအဖြစ်ရွေးယူ၏။ ထိုသူသည် အမှန်ပင် ဆုံးရှုံးပျက်စီးသူဖြစ်၏။ သူ၏ ဆုံးရှုံးခြင်း သည် ထင်ရှား၏။

Verse 120 — Surah An-Nisa 4:120

၁၂ဝ။ ရှိုင်တန်သည် သူတို့အား ဂတိသစ္စာပေး၏။ သူတို့၌ အလိုဆန္ဒဆိုးများ တက်ကြွစေ၏။ ရှိုင်တန်သည် သူတို့အား လှည့်စားရန် ဂတိထား၏။

Verse 121 — Surah An-Nisa 4:121

၁၂၁။ ဤသူများအတွက် သူတို့၏နေရာထိုင်ခင်းသည် ငရဲဖြစ်လိမ့်မည်။ သူတို့သည် ထိုငရဲမှ လွတ်ပေါက် တစ်စုံတစ်ရာ တွေ့မည်မဟုတ်ချေ။

Verse 122 — Surah An-Nisa 4:122

၁၂၂။ အကြင်သူတို့သည် ယုံကြည်လျက် သုစရိုက်ကောင်းမှုများကို ပြုကျင့်ကြ၏။ ထိုသူတို့အား ငါအသျှင်မြတ်သည် မြစ်ချောင်းအသွယ်သွယ် စီးဆင်းလျက်ရှိသော သုခဥယျာဉ်တော်များသို့ အမြဲထာဝစဉ်နေရန် ပို့ဆောင်တော်မူလိမ့်ည်။ ဤအကြောင်းသည် အလ္လာဟ်အသျှင်မြတ်၏ ဂတိဗျာဒိတ်တော်အစစ်ဖြစ်၏။ စကားပြောဆိုရာ၌ အဘယ်သူသည် အလ္လာဟ်အသျှင်မြတ်ထက် သာွန်၍ အမှန်ကို ဆိုနိုင်သနည်း။

Verse 123 — Surah An-Nisa 4:123

၁၂၃။ အသျှင်မြတ်၏ ဗျာဒိတ်တော်သည် သင်တို့အကြိုက်များနှင့်သော်လည်းကောင်း၊ ရှေးကျမ်းတော် ရရှိသူတို့၏အကြိုက်များနှင့်သော်လည်းကောင်း မတိုက်ဆိုင်ပေ။ အကြင်သူသည် ဒုစရိုက်ပြစ်မှု ကျူးလွန်၏။ ထိုသူသည် မိမိပြစ်မှု၏အပြစ်ကိုသာလျှင် ခံစားရလတ္တံ့။ အသျှင်မြတ်နှင့်ဆန့်ကျင်သော ကာကွယ်သူ၊ သို့မဟုတ် ကူညီသူ၊ ထိုသူတို့၌ ရှိမည်မဟုတ်ပေ။

Verse 124 — Surah An-Nisa 4:124

၁၂၄။ အကြင်သူသည် ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမှုပွားများ၍ ယုံကြည်သူဖြစ်၏။ ထိုသူသည် သုခဘုံနန်းသို့ဝင်ကြရမည်။ သူတို့ကို စွန်ပလွန်စေ့ရှိ အချိုင့်ကလေးမျှလောက်ပင် မတရားပြုတော် မူမည်မဟုတ်ပေ။

Verse 125 — Surah An-Nisa 4:125

၁၂၅။ အကြင်သူသည် မိမိကိုယ်ကို အလ္လာဟ်အသျှင်မြတ်အား ပုံအပ်ထား၏။ ကုသိုလ်ကောင်းမှုပြုကျင့် ၏။ ဖြောင့်မတ်မှန်ကန်သော တမန်တော်အီဗရာဟီမ်၏ထုံးတမ်းကို လိုက်နာ၏။ ထိုသူထက် အဘယ်သူသည် ဘာသာအယူဝါဒ၌ သာလွန်မှန်ကန်မည်နည်း။ အလ္လာဟ်အသျှင်မြတ်ကိုယ်တော်တိုင် တမန်တော်အီဗရာဟီမ်အား မိတ်ဆွေအဖြစ်ဖြင့် ရွေးကောက်တော်မူ၏။

Verse 126 — Surah An-Nisa 4:126

၁၂၆။ အလ္လာဟ်အသျှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် ရှိရှိသမျှအပေါင်းတို့ကို သိမ်းရုံး စိုးပိုင်တော်မူ၏။ အရာခပ်သိမ်းကုန်တို့ကို ဝိုင်းဝန်းလွှမ်းမိုးတော်မူ၏။

Verse 127 — Surah An-Nisa 4:127

၁၂၇။ အို-တမန်တော် ၎င်းတို့သည် သင့်အား မိန်းမမားနှင့်စပ်လျဉ်း၍ နှီးနှောတိုင်ပင်ကြ၏။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် သူတို့နှင့်ပတ်သက်၍ ပညတ်ပေးတော်မူ၏။ သင်တို့အား ရွတ်ဖတ်ပြသော ကုရ်အာန်ကျမ်းတော်မြတ်၌ သင်တို့အတွက် မိဘမဲ့မိန်းမတို့နှင့် စပ်လျဉ်း၍ ပညတ်တော်ပါရှိ၏။ သင်တို့သည် သူတို့ကို ထိမ်းမြားလက်ထပ်လိုသော်လည်း သူတို့အား ပေးရမည်ဟု ပညတ်တော်မူသောအရာဝထ္ထုကို သင်တို့မပေးပေ။ ကျမ်းတော်၌ အရွယ်မရောက်သော ကလေးများနှင့်ပတ်သက်သော ပညတ်တော်လည်းပါရှိ၏။ သင်တို့အား မိဘမဲ့တို့နှင့် တရားမျှတစွာ ဆက်ဆံရန် ပညတ်တော်မူ၏။ သင်တို့ ကောင်းမှုပြုသမျှကို အလ္လာဟ်အသျှင်မြတ် မုချဧကန် သိမြင်တော်မူ၏။

Verse 128 — Surah An-Nisa 4:128

၁၂၈။ အကယ်၍ မိန်းမတစ်ယောက်သည် မိိမိလင်ယောကျ်ား နှိပ်စက်မည်ကိုသော်လည်းကောင်း၊ စွန့်ပစ် သွားမည်ကိုသော်လည်းကောင်း စိုးရိမ်ကြောင့်ကြလျှင် သူတို့သည် သင့်တင့်ညီညွှတ်အောင် စေ့စပ်ကြ သော် သူတို့နှစ်ဦးသည် အပြစ်မထိုက်ပေ။ သင့်မြတ်ခြင်းသည်ကောင်း၏။ သို့သော် လူသားတို့သည် လောဘကြီးတတ်ကြ၏။ အကယ်၍ သင်တို့သည် ကုသိုလ်ကောင်းမှုပွားများ၍ မကောင်းမှုကို ရှောင်ရှားလျှင် အလ္လာဟ်အသျှင်မြတ်သည် သင်တို့၏ ပြုကျင့်မှုများကို သတင်းရတော်မူ၏။

Verse 129 — Surah An-Nisa 4:129

၁၂၉။ သင်တို့သည် ဘယ်လောက်ပင်ပြုလိုသော်လည်း မိမိတို့ချစ်မယားတို့အလယ်တွင် တရားမျှတစွာ ဆက်ဆံနိုင်ကြမည်မဟုတ်ပေ။ သို့သော် သင်တို့သည် မိန်းမတစ်ဦးတစ်ယောက်ကို မတင်တကျ ဖြစ်အောင် သူမကို လုံးဝပစ်မထားကြလင့်။ သင်တို့သည် ကုသိုလ်ကောင်းမှုပြု၍ ပြစ်မှုရှောင်ကြဉ် လျှင် အလ္လာဟ်အသျှင်မြတ်သည် အမှန်ပင် အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမဂင်္လာ ပေးသနားတော်မူ၏။

Verse 130 — Surah An-Nisa 4:130

၁၃ဝ။ သို့သော် သူတို့နှစ်ဦး ကွာရှင်းကြသော် အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ကောာင်းကြီးမင်္ဂလာတော် အနန္တမှ ယောကျ်ားကိုသော်လည်းကောင်း၊ မိန်းမကိုသော်လည်းကောင်း လျော်ကြေးပေးသနားတော် မူလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် မုချဧကန် အရာခပ်သိမ်းကုန်တို့ကို အရေးစိုက်တော်မူ၏။ သိမြင်တော်မူ၏။

Verse 131 — Surah An-Nisa 4:131

၁၃၁။ အလ္လာဟ်အသျှင်မြတ်သည် အထက်ကောင်းကင်ဘုံ၊ အောက်မဟာပထဝီမြေပေါ်ဝယ် ရှိရှိသမျှတို့ကို အစိုးရတော်မူ၏။ ငါအသျှင်မြတ်သည် သင်တို့အလျင် ကျမ်းတော်ရရှိသူတို့နှင့် သင်တို့အား အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြလော့ဟု ဗျာဒိတ်ပေးတော် မူ၏။ အကယ်၍ သင်တို့သည် မယုံကြည်သူများဖြစ်လျှင် မှတ်သားကြလော့။ အလ္လာဟ်အသျှင် မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် ရှိရှိသမျှအပေါင်းတို့ကို သိမ်းရုံးစိုးပိုင်တော်မူ၏။ ဇာတိပကတိအားဖြင့် ကုံုလုံပြည့်စုံတော်မူလှ၏။ ချီးမွမ်းခြင်း၏အသျှင်ဖြစ်တော်မူ၏။

Verse 132 — Surah An-Nisa 4:132

၁၃၂။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ်ရှိရှိသမျှအပေါင်းတို့ကို အလ္လာဟ်အသျှင်မြတ်သည် အစိုးရတော် မူ၏။ အလ္လာဟ်အသျှင်မြတ်သည် ကာကွယ်စောင့်ရှောက်သူအဖြစ်ဖြင့် လုံလောက်တော်မူ၏။

Verse 133 — Surah An-Nisa 4:133

၁၃၃။ အို-လူသားတို့ အလ္လာဟ်အသျှင်မြတ်သည် အလိုရှိတော်မူပါလျှင် သင်တို့အားလုံးကို သုတ်သင် ရှင်းလင်း၍ သင်တို့အစား အခြားလူသားများကို ဖန်ဆင်းနိုင်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် ယင်းသို့ပြုစွမ်းနိုင်တော်မူ၏။

Verse 134 — Surah An-Nisa 4:134

၁၃၄။ အကြင်သူသည် လောကီကို လိုချင်မက်မော၏။ အသျှင်မြတ်အထံတော်၌ ဤဘဝ၊ နောင်ဘဝ၏ ဆုတော်ရှိကြောင်းကို ထိုသူအားသိစေလော့။ အလ္လာဟ်အသျှင်မြတ်သည် အကြွင်းမရှိကြားတော် မူသော၊ အကြွင်းမရှိမြင်တော်မူသောအသျှင်တည်း။

Verse 135 — Surah An-Nisa 4:135

၁၃၅။ အို-ယုံကြည်သူတို့ သင်တို့သည် အမြဲပင် တရားဖြောင့်မတ်မှန်ကန်စွာ ကျင့်ကြံကြလော့။ သင်တို့သော် လည်းကောင်း၊ သင်တို့၏မိဘသော်လည်းကောင်း၊ သင်တို့၏ ဆွေမျိုးညာတိသော်လည်းကောင်း၊ နစ်နာငြားသော်လည်း အမှုသည်တို့သည် ချမ်းသာသော်လည်းကောင်း၊ ဆင်းရဲနွမ်းပါးသော် လည်းကောင်း သင်တို့သည် မျက်နှာမလိုက်စားဘဲ ဖြောင့်မတ်မှန်ကန်စွာ အလ္လာဟ်အသျှင်မြတ်၏ သက်သေတာ်များဖြစ်ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အမှုသည်နှစ်ဦးနှင့် သင်တို့နီးစပ်သည် ထက် ပိုမိုနီးစပ်တော်မူ၏။ ထို့ကြောင့် သင်တို့သည် ဆန္ဒဂတိကိုလိုက်၍ မတရားမလုပ်ကြလင့်။ ယင်းသို့ပြုကျင့်လျှင် သင်တို့ပြုသမျှကို အလ္လာဟ်အသျှင်မြတ်သည် သတင်းရတော်မူ၏။

Verse 136 — Surah An-Nisa 4:136

၁၃၆။ အို-ယုံကြည်သူတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏တမန်တော်ကို လည်းကောင်း၊ တမန်တော်ထံချပေးသနားတော်မူသော ကုရ်အာန်ကျမ်းတော်ကြီးကိုလည်းကောင်း၊ ရှေးလွန်လေပြီးသောအခါက ချပေးသနားတော်မူသော ကျမ်းတော်ကိုလည်းကောင်း၊ သက်ဝင် ယုံကြည်ကြလော့။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်၏ ကောင်းကင်တမန်တော်များ၊ အသျှင်မြတ်၏ ကျမ်းတော်များ၊ အသျှင်မြတ်၏တမန်တော်များနှင့် နောက်ဆုံးနေ့တော်ကြီးကို မယုံကြည်အံ့။ ထိုသူသည် တရားလမ်းကြောင်းမှဝေးစွာ တိမ်းစောင်းသွားသူဖြစ်၏။

Verse 137 — Surah An-Nisa 4:137

၁၃၇။ မှတ်သားကြလော့။ အကြင်သူတို့သည် ယုံကြည်ကြ၏။ ထို့နောက် မယုံကြည်ကြ။ နောက်တစ်ဖန် ယုံကြည်ပြန်၏။ နောက်တစ်ဖန် ယုံကြည်မှုကို စွန့်ပယ်၍ မယုံကြည်ကြ။ သူတို့၏ မယုံကြည်မှုသည် ပြင်းထန်တိုးပွားလာ၏။ အလ္လာဟ်အသျှင်မြတ်သည် ထိုသူတို့အား ဘယ်သောအခါမျှ အပြစ်လွှတ် တော်မူမည်မဟုတ်ပေ။ လမ်းမှန်ကိုလည်း ညွှန်ပြတော်မူမည်မဟုတ်ပေ။

Verse 138 — Surah An-Nisa 4:138

၁၃၈။ ယုံကြည်သူ၊ ဟန်ဆောင်သူတို့အား သူတို့အတွက် အလွန်နာကျင်ဘွယသော အပြစ်ဒဏ်ရှိကြောင်း သတင်းဆိုးကို ဟောကြားလော့။

Verse 139 — Surah An-Nisa 4:139

၁၃၉။ ထိုသူတို့သည် ယုံကြည်သူတို့အစား မိစ္ဆာဒိဌိတို့ကို မိတ်ဆွေများအဖြစ် ရွေးချယ်ကြ၏။ သူတို့သည် ထိုမိစ္ဆာမိုက်တို့ထံမှ တန်ခိုးအာဏာ မျှော်လင့်ကြသလော။ မှတ်သားကြလော့။ ခပ်သိမ်းကုန်သော တန်ခိုးအာဏာတို့သည် အလ္လာဟ်အသျှင်မြတ်အထံတော်၌သာလျှင် ရှိကြ၏။

Verse 140 — Surah An-Nisa 4:140

၁၄ဝ။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်၏ ကုရ်အာန်ကျမ်းတော်မြတ်ကို မယုံကြည် ကဲ့ရဲ့ ပြောင်းလှောင်နေကြသည်ကို သင်တို့ကြားကြသောအခါ ထိုသူတို့သည် မိမိတို့ကဲ့ရဲ့မှုကိုရပ်တန့်၍ အခြားအကြောင်းအရာကို မပြောဆိုသည့်ကာလပတ်လုံး သူတို့နှင့်အတူတကွ သင်တို့သည် ထိုင်မနေကြလင့်ဟူသော အမိန့်ပညတ်တော်ကို ကျမ်းတော်မြတ်၌ ချပေးတော်မူပြီ။ မှတ်သားကြ လော့။

Verse 141 — Surah An-Nisa 4:141

၁၄၁။ ထိုယုံကြည်ဟန်ဆောင်သူတို့သည် သင်တို့၏သတင်းကိုစောင့်၍ နားထောင်နေကြ၏။ သင်တို့အား အလ္လာဟ်အသျှင်မြတ်သည် စစ်ရေးသား၍ အောင်နိုင်ခြင်းနှင့် ချီးမြှင့်တော်မူပါလျှင် သူတို့က ကျွနု်ပ်တို့သည် သင်တို့ဘက်ကမဟုတ်ပါလော့ဟု ဆိုကြ၏။ အောင်မြင်ကြသောအခါ ထိုဟန်ဆောင် သူတို့သည် မိစ္ဆာဒိဌိတို့အား အကျွနု်ပ်တို့သည် သင်တို့ထက် မွန်မြတ်သည်မဟုတ်လော။ သင်တို့ကို ကာကွယ်စောင့်ရှောက်သည်မဟုတ်လောဟု ပြောကြ၏။ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ အလ္လာဟ်အသျှင်မြတ်သည် သင်တို့၏စပ်ကြားတွင် စစ်ကြောစီရင်တော်မူလိမ့်မည်။ အလ္လာဟ် အသျှင်မြတ်သည် အယူမှားသူတို့အား အယူမှန်ယုံကြည်သူတို့အား ဘယ်နည်းနှင့်မှ အောင်နိုင်နည်း ကို ပေးတော်ူမည်မဟုတ်ပေ။

Verse 142 — Surah An-Nisa 4:142

၁၄၂။ မှတ်သားကြလော့။ ယုံကြည်ဟန်ဆောင်သူတို့သည် အလ္လာဟ်အသျှင်မြတ်ကို လှည့်ဖြားရန် အားထုတ်ကြ၏။ သို့သော် အလ္လာဟ်အသျှင်မြတ်ကသာလျှင် သူတို့ကို လှည့်စားတော်မူ၏။ သူတို့သည် ဆွလာသ်ဝတ်ပြုသောအခါ စိတ်မပါဘဲ ပျင်းရိ၍ လူမြင်ကောင်းအောင်သာ ဝတ်ပြုကြပြီးလျှင် အလ္လာဟ်အသျှင်မြတ်အား အနည်းငယ်သာ အာရုံပြုကြ၏။

Verse 143 — Surah An-Nisa 4:143

၁၄၃။ သူတို့သည် သည်ဘက်ယိမ်း၊ ဟိုဘက်ယိုင်ကြ၏။ ဤသူတို့ဘက်လည်းမပါ ထိုသူဘက်လည်းမပါ၊ ခြံစည်းရိုးပေါ်တွင် နေသူများဖြစ်ကြ၏။ အို-မိုဟမ္မဒ် အကြင်သူအား အလ္လာဟ်အသျှင်မြတ်သည် လမ်းမှန်မှ တိမ်းစောင်းစေတော်မူ၏။ ထိုသူအတွက် သင်သည် လမ်းရှာ၍ ရနိုင်လိမ့်မည်မဟုတ်ပေ။

Verse 144 — Surah An-Nisa 4:144

၁၄၄။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် ယုံကြည်သူများအစား မယုံကြည်သူတို့ကို အဆွေခင်ပွန်း အဖြစ်နှင့်မယူကြလင့်။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အား သင်တို့နှင့် ဆန့်ကျင်သော ထင်ရှား ခိုင်မာသော သက်သေသာဓက ပေးလိုကြသလော။

Verse 145 — Surah An-Nisa 4:145

၁၄၅။ မှတ်သားကြလော့။ ယုံကြည်ဟန်ဆောင်သောသူတို့သည် ငရဲမီးအောက်ဆုံးလွှာတွင် ခံစားကြရမည်။ သင်သည် သူတို့အတွက် ကူညီသူရှာတွေ့မည်မဟုတ်ပေ။

Verse 146 — Surah An-Nisa 4:146

၁၄၆။ သို့သော် အကြင်သူတို့သည် သတိနောင်တရကြ၏။ မိမိကိုယ်ကို မိမိ ပြုပြင်ကြ၏။ အလ္လာဟ် အသျှင်မြတ်အား မြဲစွာဆည်းကပ်ကြ၏။ မိမိတို့ဘာသာတရားကို အလ္လာဟ်အတွက်သာ သန့်ရှင်း အောင် လုပ်ကြ၏။ ထိုသူတို့သည် ယင်းသို့ခံစားရမည်မဟုတ်ပေ။ ဤသူတို့သည် ယုံကြည်သူတို့နှင့် အတူတကွရှိကြ၏။ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်သူတို့အား အောင်ဆုမင်္ဂလာတော်ကြီးကို ပေးသနားတော်မူမည်။

Verse 147 — Surah An-Nisa 4:147

၁၄၇။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ဂုဏ်ကျေးဇူးတော်များကို ချီးကျူး၍ အသျှင်မြတ်အား ယုံကြည် ကြလျှင် အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား အပြစ်ဒဏ်ခတ်တော်မူရန် အဘယ်အကြောင်း ရှိသနည်း။ အလ္လာဟ်အသျှင်မြတ်သည် ကောင်းမှုကို နှစ်သက်တော်မူသောအသျှင်၊ သိမြင်တော် မူသောအသျှင်ဖြစ်တော်မူ၏။

Verse 148 — Surah An-Nisa 4:148

၁၄၈။ မတရားနှိပ်စက်ခြင်းခံရသူမှတစ်ပါး၊ အခြားသူတို့ ဒေါသပါသောစကားဆိုခြင်းကို အလ္လာဟ်အသျှင် သည် နှစ်သက်တော်မမူပေ။ အလ္လာဟ်အသျှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအသျှင် အကြွင်းမဲ့သိတော်မူသောအသျှင်တည်း။

Verse 149 — Surah An-Nisa 4:149

၁၄၉။ သင်တို့သည် သုစရိုက်ကောင်းမှုကို လူသိရှင်ကြားသော်လည်းကောင်း၊ တိတ်တိတ်တိုးတိုးသော် လည်းကောင်း၊ ပြုကျင့်သည်ဖြစ်စေ၊ မကောင်းမှုကို ခွင့်လွှတ်သည်ဖြစ်စေ၊ အလ္လာဟ်အသျှင်မြတ်သည် မုချဧကန် အပြစ်လွှတ်တော်မူ၏။ အနန္တတန်ခိုးတော်သျှင်ဖြစ်တော်မူ၏။

Verse 150 — Surah An-Nisa 4:150

၁၅ဝ။ မှတ်သားကြလော့။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏တမန်တော်တို့ကို မယုံကြည်ကြ။ အသျှင်မြတ်နှင့် တမန်တော်များစပ်ကြားတွင် ခွဲခြားရန် ကြိုးစားကြ၏။ အကျွနု်ပ်တို့ သည် တမန်တော်အချို့ကို ယုံကြည်ကြ၏။ တစ်ချို့ကို မယုံကြည်ဟုပြောကြ၏။ ထိုစပ်ကြားတွင် အလယ်အလပ်လမ်းကို ရှာဖွေကြ၏။

Verse 151 — Surah An-Nisa 4:151

၁၅၁။ ထိုသူတို့သည် အမှန်ပင် မိစ္ဆာမိုက်တို့အဘို့ဖြစ်ကြ၏။ ၎င်းတို့အဘို့ရာ ငါအသျှင်မြတ်သည် အလွန် ရှက်ဖွယ်ကောင်းသောအပြစ်ဒဏ်ကို စီရင်ထားတော်မူ၏။

Verse 152 — Surah An-Nisa 4:152

၁၅၂။ သို့သော် အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏တမန်တော်များကို ယုံကြည်ကြ ၏။ တမန်တော်များကို တစ်ပါးထက်တစ်ပါး သာလွန်မြင့်မြတ်သည်ဟု ခွဲခြားကြ။ ထိုသူတို့အား အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့၏လုပ်ခများကို ပေးသနားတော်မူမည်။ အလ္လာဟ်အသျှင်မြတ် သည် အတိုင်းမသိ အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူလှသော အသျှင်ဖြစ်တော်မူ၏။

Verse 153 — Surah An-Nisa 4:153

၁၅၃။ ရှေးကျမ်းတော်များရရှိသော အမျိုးသားတို့သည် သင်တမန်တော်အား သူတို့ထံသို့ ကောင်းကင်ဘုံမှ ကျမ်းတော်တစ်စောင် ကျရောက်လာအောင်ပြုလုပ်ရန် တောင်းဆိုကြ၏။ ရှေးကာလကသူတို့သည် တမန်တော်မူဆာအား သည့်ထက်ကြီးမားသောအရာကို တောင်းဆိုကြ၏။ အကြောင်းမူကား သူတို့သည် မူဆာအား အို-မူဆာ အလ္လာဟ်အသျှင်မြတ်ကို မျက်ဝါးထင်ထင် ဖူးမြင်ရအောင် ပြသ လော့ဟုဆိုကြ၏။ သူတို့သည် မိမိတို့မလိမ္မာမှုကြောင့် လျှပ်စစ်မုန်တိုင်းဖျက်ဆီးခြင်းကို ခံကြရ၏။ သူတို့သည် သူတို့ထံသို့ ထင်ရှားသော သာဓကများရောက်လာပြီးနောက် သူတို့သည် ထိုနွားကလေးကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြီးပင် ငါအသျှင်မြတ်သည် သူတို့အား ခွင့်လွှတ်တော်မူ၏။ ငါသည် တမန်တော်မူဆာအား ထင်ရှားသော တန်ခိုးအာဏာကို ပေးသနားတော်မူ၏။

Verse 154 — Surah An-Nisa 4:154

၁၅၄။ ထို့ပြင် သူတို့သည် ပဋိညာဉ်ပြုလုပ်သောအခါ ငါသည် တောင်တော်ကိုကြွ၍ သူတို့အပေါ်တွင် မိုးနေစေတော်မူ၏။ ထို့ပြင် ငါသည် သူတို့အား သင်တို့သည် တံခါးပေါက်ကို ကျိုးနွံ့ရိုသေစွာ ဝင်ကြလော့ဟု ဗျာဒိတ်ပေးတော်မူ၏။ တစ်ဖန် ငါသည် သူတို့အား ဥပုဒ်သီလကို မချိုးကြလင့်ဟု ပညတ်တော်မူ၏။ တစ်ဖန် ငါသည် သူတို့ထံမှ ခိုင်မာသောပဋိညာဉ်ကို ယူတော်မူ၏။

Verse 155 — Surah An-Nisa 4:155

၁၅၅။ ထို့နောက် သူတို့သည် မိမိတို့ပဋိညာဉ်ကို ဖျက်ချိုးမှု၊ အလ္လာဟ်၏နှုတ်ကပတ်တော်များကို မယုံကြည်မှု သူတို့က အကျွနု်ပ်တို့ စိတ်နှလုံးများသည် မာပြင်းလာပြီဟုဆိုမှုများကြောင့် နှလုံးမာသည်မဟုတ်ပေ။ သူတို့၏မယုံမှုကြောင့် အသျှင်မြတ်သည် သူတို့၏နှလုံးကို တံဆိပ်ခပ်နှိပ်ထားတော်မူ၏။ ထို့ကြောင့် သူတို့အနက် လူအနည်းငယ်မှတစ်ပါး အားလုံးသူတို့သည် မယုံကြည်ကြပေ။

Verse 156 — Surah An-Nisa 4:156

၁၅၆။ တစ်ဖန် သူတို့၏ မယုံကြည်မှု၊ မရယမ်အား သူတို့အကြီးအကျယ် မတရားစွပ်စွဲအသရေဖျက်မှုများ ကြောင့်။

Verse 157 — Surah An-Nisa 4:157

၁၅၇။ တဖန် သူတို့က အကျွနု််သည် မရယမ်၏သား အလ္လာဟ်အသျှင်မြတ်၏ တမန်တော်အီဆာကို သတ်ဖြတ်ကြသည်ဟုဆိုမှုကြောင့် သူတို့သည် သူ့အားမသတ်ကြချေ။ လက်ဝါးကပ်တိုင်တင်၍လည်း မသတ်ကြချေ။ သို့သော် ယင်းသို့ပြုသကဲ့သို့သူတို့စိတ်တွင် ထင်ပေါ်လာခြင်းသာဖြစ်၏။ မှတ်သားကြ လော့။ ၎င်းအကြောင်းနှင့်ပတ်သက်၍ သဘောကွဲလွဲသူတို့သည် ယုံမှားသံသယဖြစ်ကြ၏။ သူတို့သည် စိတ်ထင်ရာပြောကြားခြင်းမှတစ်ပါး ထိုအကြောင်းကို မသိကြပေ။ သူတို့သည် တမန်တော် အီဆာကို အမှန်ပင်မသတ်ဖြတ်ပေ။

Verse 158 — Surah An-Nisa 4:158

၁၅၈။ သို့သော် အလ္လာဟ်အသျှင်မြတ်သည် အထံတော်သို့ မြှင့်တင်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 159 — Surah An-Nisa 4:159

၁၅၉။ ရှေးကျမ်းတော်များကို ရရှိသောအမျိုးသားတို့အနက် တမန်တော်အီဆာအား မသေမှီ သူယုံကြည် သူမှတစ်ပါး အခြားသူတစ်ယောက်မျှမရှိချေ။ တရားစီရင်တော်မူသောနေ့တော်ကြီး၌ သူသည် သူတို့နှင့် ဆန့်ကျင်သော သက်သေတော်ဖြစ်လိမ့်မည်။

Verse 160 — Surah An-Nisa 4:160

၁၆ဝ။ ရဟူဒီလူမျိုးတို့၏ မတရားမှုများကြောင့် ရှေးကတရားသည် သတ်မှတ်ထားသည့် ကောင်းသော အရာများကို ငါသည် သူတို့အား ပိတ်ပင်တားမြစ်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်မှ သူတို့၏များမြောင်သော တားဆီးမှုကြောင့်။

Verse 161 — Surah An-Nisa 4:161

၁၆၁။ အတိုးငွေစားခြင်းကို တားမြစ်ထားသော်လည်း သူတို့သည် အတိုးယူခြင်းကြောင့် သူတို့သည် သူတစ်ပါးတို့၏ ဥစ္စာစီးပွားများကို ဥပါယ်တမည်ဖြင့် စားသောက်ခြင်းကြောင့် ငါသည် သူတို့အနက် မယုံကြည်သူတို့အတွက် အလွန်နာကျင်ဘွယ်သောအပြစ်ဒဏ်ကို စီရင်ထားတော်မူ၏။

Verse 162 — Surah An-Nisa 4:162

၁၆၂။ သို့သော် သူတို့အနက် ပညာအလင်းရောင် ကောင်းစွာရသူများ၊ သင်တမန်တော်ကို ချပေးသနား တော်မူသော ကုရ်အာန်ကျမ်းတော်မြတ်နှင့် သင်မပွင့်မီအချိန်ကာလတွင် ချပေးသနားတော်မူသော ကျမ်းတော်များကို ယုံကြည်သူများ၊ ဆွလာသ်ကို မပျက်မကွက်ပြုသူများ၊ ဇကာသ်အလှူကိုပေးသူများ၊ အလ္လာဟ်အသျှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူများ၊ ဤသူတို့အား ငါအသျှင်မြတ် သည် အောင်ဆုင်္ဂလာတော်ကြီးကို ပေးသနားတော်မူမည်။

Verse 163 — Surah An-Nisa 4:163

၁၆၃။ မှတ်သားလော့။ ငါအသျှင်မြတ်သည် တမန်တော်နူဟိုနှင့် ထိုတမန်တော်နောက်တွင်ပွင့်သော တမန်တော်များအား ၎င်းတို့၏စိတ်တွင် ငါ၏ဗျာဒိတ်တော်ကို ထင်ရှားစေသောနည်းဖြင့် ဗျာဒိတ် ပေးတော်မူသကဲ့သို့ သင့်အားလည်း ဗျာဒိတ်ပေးတော်မူ၏။ တမန်တော် အီဗရာဟီမ်၊ တမန်တော် အစ္စမာအီလ်၊ တမန်တော် အီဆတ်(က်)၊ တမန်တော် ယာကူ(တ်)နှင့် သားမြေးတို့၊ တမန်တော် အီဆာ၊ တမန်တော် အိုင့်ယု(ဘ်)၊ တမန်တော် ယူနွတ်(စ်)၊ တမန်တော် ဟာရွန်း၊ တမန်တော် စိုလိုင်မန်တို့ကို ဗျာဒိတ်ပေးသောနည်းအားဖြင့် သင့်ကိုလည်း ဗျာဒိတ်ပေးသနားတော်မူ၏။ တမန်တော် ဒါဝတ်အား ဇဘူရ်မည်သောကျမ်းတော်ကို သင်ပေးတော်မူသကဲ့သို့ သင့်အားလည်း ကုရ်အာန်ကျမ်းတော်ကို ပေးတော်မူ၏။

Verse 164 — Surah An-Nisa 4:164

၁၆၄။ အချို့သောတမန်တော်များ၏အကြောင်းကို သင့်အား ငါအသျှင်မြတ်ဗျာဒိတ်ပေးတော်မူပြီ။ အချို့သောတမန်တော်အကြောင်းကို ဖော်ပြတော်မမူပေ။ တမန်တော်မူဆာအား အလ္လာဟ်အသျှင် မြတ်သည် တိုက်ရိုက်ဗျာဒိတ်ပေးတော်မူ၏။

Verse 165 — Surah An-Nisa 4:165

၁၆၅။ အလ္လာဟ်အသျှင်မြတ်သည် တမန်တော်များကို ဝမ်းမြောက်ဘွယ်သတင်းကောင်း၊ ကြောက်မက်ဘွယ် သတင်းဆိုးများကို ဟောကြားဖို့ရာ စေလွှတ်တော်မူ၏။ တမန်တော်များပွင့်လာပြီးနောက် လူသားတို့ သည် အလ္လာဟ်အသျှင်မြတ်အား ဆင်ခြေစကား မတင်လျှောက်နိုင်စေရန်လည်း တမန်တော်များကို စေလွှတ်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အနန္တဘုန်းတန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင် ဖြစ်တော်မူ၏။

Verse 166 — Surah An-Nisa 4:166

၁၆၆။ သို့သော် သင့်အားချပေးတော်မူသော ကုရ်အာန်ကျမ်းတော်မြတ်နှင့်စပ်လျဉ်း၍ အလ္လာဟ်အသျှင်မြတ် ကိုယ်တော်တိုင်ပင်လျှင် သက်သေခံတော်မူ၏။ အသျှင်မြတ်သည် ကုရ်အာန်ကျမ်းတော်ကို မိမိ၏ အနန္တဉာဏ်တော်နှင့် ချပေးသနားတော်မူ၏။ ကောင်းကင်တမန်တော်များလည်း သက်သေခံကြ၏။ အလ္လာဟ်အသျှင်မြတ်သည် သက်သေအဖြစ်ဖြင့် လုံလောက်တော်မူ၏။

Verse 167 — Surah An-Nisa 4:167

၁၆၇။ မှတ်သားကြလော့။ အကြင်သူတို့သည် မယုံကြည်ကြ။ သူတစ်ပါးတို့ကို အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်မှ တားဆီးပိတ်ပင်ကြ၏။ ထိုသူတို့သည် တရားလမ်းကြောင်းမှဝေးစွာ တိမ်းစောင်းသွား သူတို့ အမှန်ပင်ဖြစ်ကြ၏။

Verse 168 — Surah An-Nisa 4:168

၁၆၈။ မှတ်သားကြလော့။ အကြင်သူသည် မတရားမမှန်မှု၌ ရောင်းဝယ်ဖောက်ကားကြ၏။ ထိုသူတို့ကို အလ္လာဟ်အသျှင်မြတ်သည် ဘယ်သောအခါမှ အပြစ်လွှတ်တော်မူမညမဟုတ်။ လမ်းမှန်သို့ ညွှန်မည်လည်းမဟုတ်ပေ။

Verse 169 — Surah An-Nisa 4:169

၁၆၉။ သို့သော် သူတိုအား ငရဲလမ်းသို့ ပို့ဆောင်တော်မူမည်။ သူတို့သည် ငရဲတွင်အစဉ်အမြဲနေကြရလိမ့် မည်။ ယင်းသို့ စီရင်ရန်မှာ အလ္လာဟ်အသျှင်မြတ်အတွက် အလွန်လွယ်ကူလှ၏။

Verse 170 — Surah An-Nisa 4:170

၁၇ဝ။ အို-လူသားတို့၊ တမန်တော်မိုဟမ္မဒ်သည် သင်တို့ထံသို့ သင်တို့၏ အသျှင်သခင်ထံတော်မှ မှန်ကန်သောတရားတော်ကို ယူဆောင်လာခဲ့ပြီ။ ထို့ကြောင့် သင်တို့သည် ယုံကြည်ကြလော့။ ယုံကြည်မှုသည် သင်တို့အဖို့ သာလွန်ကောင်းမြတ်၏။ သို့သော် သင်တို့မယုံကြည်ကြလျှင် မှတ်သားကြလော့။ အလ္လာဟ်မသျှင်မြတ်သည် မိုးမြေပေါ်ရှိရှိသမျှတို့ကို စိုးပိုင်တော်မူ၏။ အလ္လာဟ် အသျှင်မြတ်သည် အကြွင်းမဲ့သိမြင်တော်မူသောအသျှင်၊ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 171 — Surah An-Nisa 4:171

၁၇၁။ အို-ရှေးကျမ်းတော်များရသောအမျိုးသားတို့ သင်တို့သည် မိမိတို့ဘာသာတရားတော်၌ မိမိတို့ အလိုရှိရာကို မဖန်တီးမချဲ့ထွင်ကြလင့်။ အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ မှန်သောစကားမှ တစ်ပါး အခြားစကားတစ်ခွန်းတပါဒမျှ မပြောဆိုကြလင့်။ မရယမ်၏သား အီဆာဖြစ်သော မေရှိယာ သည် အလ္လာဟ်အသျှင်မြတ်စေလွှတ်တော်မူသော တမန်တော်တစ်ပါးသာဖြစ်၏။ မရယမ်ထံသို့ ပေးထားသော်မူသော ဗျာဒိတ်စကားတော်ဖြစ်၏။ အသျှင်မြတ်ထံတော်မှ ဝိညာဉ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏တမန်တော်တို့ကို ယုံကြည်ကြလော့။ ''သုံးဦး''ဟု မဆိုကြလင့်။ ရပ်တန့်ကြလော့။ ယင်းရပ်တန့်ခြင်းသည် သင်တို့အတွက် သာလွန် ကောင်းမွန်၏။ အလ္လာဟ်အသျှင်မြတ်သည် တစ်ဆူတည်းသောအသျှင်သခင်ဖြစ်တော်မူ၏။ သားရတနာရှိခြင်း၊ အညစ်အကြေးသည် အသျှင်မြတ်၏ အလွန်မြင့်မြတ်သန်ရှင်း စုံလင်တော်မူခြင်း ဂုဏ်တော်နှင့် ဖီလာဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် ရှိရှိသမျှအပေါင်းတို့ကို သိမ်းရုံးစိုးပိုင်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် ကာကွယ်စောင့်ရှောက် သူအဖြစ်ဖြင့် လုံလောက်တော်မူ၏။

Verse 172 — Surah An-Nisa 4:172

၁၇၂။ ခရစ်တော်က အလ္လာဟ်အသျှင်မြတ်၏ကျေးကျွန်တမန်တော်ဖြစ်ရခြင်းသည် အလွန်သေးသိမ် ဂုဏ်နိမ့်သည်ဟု ဘယ်သောအခါမှ ယူဆလိမ့်မည်မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ်အထံတော်၌ မျက်နှာရသော ကောင်းကင်တမန်တော်တို့လည်း ယင်းသို့ယူဆကြလိမ့်မည်မဟုတ်ပေ။ အကြင်သူက အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ထမ်းခြင်းသည် ယုတ်ညံ့သိမ်ဖျင်းသည်ဟုထင်မှတ်၍ မာန်မာန ကြီး၏။ ထိုသူကဲ့သို့သောသူတို့အားလုံးကို အသျှင်မြတ်သည် ရှေ့မှောက်တော်သို့ စုရုံးတော်မူလိမ့် မည်။

Verse 173 — Surah An-Nisa 4:173

၁၇၃။ ထိုအခါ အကြင်သူတို့သည် ယုံကြည်မှုတရားကို လက်ကိုင်ထားလျက် သုစရိုက်ကောင်းမှုများကို ပွားများ၏။ ထိုသူတို့အား အလ္လာဟ်မြတ်သည် သူတို့၏အကျိုးဆက်မည်သော လုပ်ခများကို ပြည့်စုံစွာ ပေးသနားတော်မူလိမ့်မည်။ ထိုပြင် အသျှင်မြတ်၏ အနန္တကောင်းကြီးမင်္ဂလာတော်မှ အပိုဆုကိုလည်း ပေးသနားတော်မူလိမ့်မည်။ အကြင်သူတို့သည် အသျှင်မြတ်၏ အမှုတော်ထမ်းခြင်းကို ယုတ်ညံ့ သည်ဟုထင်မှတ်၍ မာန်မာနကြီး၏။ သူတို့ကို အလ္လာဟ်အသျှင်မြတ်သည် အလွန်ပြင်းပြ နာကျင်ဖွယ်သောအပြစ်ဒဏ် ခတ်တော်မူလိမ့်မည်။ သူတို့သည် မိမိတို့အား အလ္လာဟ်အသျှင်မြတ်မှတစ်ပါး သူတို့ကို စောင့်ရှောက်သူ အဆွေခင်ပွန်း ကိုသော်လည်းကောင်း၊ ကူညီသူကိုသော်လည်းကောင်း ရရှိကြလိမ့်မည် မဟုတ်ပေ။

Verse 174 — Surah An-Nisa 4:174

၁၇၄။ အို-လူသားတို့ သင်တို့၏အသျှင်သခင်အထံတော်မှ သက်သေသာဓကစ်ပါး သင်တို့ထံသို့ ယခု ကျရောက်လာပြီး။ ငါအသျှင်မြတ်သည် သင်တို့ထံသို့ အလွန်ကြည်လင်တောက်ပသော ရောင်ခြည် တော်ကို ချပေးတော်မူပြီ။

Verse 175 — Surah An-Nisa 4:175

၁၇၅။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်ကို ယုံကြည်ကြ၏။ မြဲမြံစွာ ဆည်းကပ်ကြ၏။ ထိုသူတို့အား အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ မဟာကရုဏာတော် အနန္တကောင်းကြီးမင်္ဂလာတော်အတွင်းသို့ ဝင်စေတော်မူလိမ့်မည်။ အထံတော်သို့ ဖြောင့်တန်းစွာလာသော လမ်းတော်ကြီးကိုလည်း ပြသတော် မူလိမ့်မည်။

Verse 176 — Surah An-Nisa 4:176

၁၇၆။ သူတို့သည် သင်တမန်တော်ထံမှ စီရင်ထုံးတစ်ခုကို တောင်းဆိုကြ၏။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် ဆွေဝေးမျိုးဝေးတို့နှင့်ပတ်သက်၍ ပညတ်ပြဌာန်းတော်မူပြီ။ အကယ်၍ ယောကျ်ားတစ်ယောက်သည် သားသမီးမရှိဘဲ ကွယ်လွန်သေဆုံး၍ အစ်မ၊ သို့မဟုတ် နှမ တစ်ယောက်ကျန်ရှိသော် သူမ၏ ဝေစုမှာ အမွေပစ္စည်းတစ်ဝက်ဖြစ်၏။ သူမသည် သားသမီးမရှိဘဲ သေလျှင် သူလည်း ထိုနည်းတူ သူမထံမှ အမွေရမည်။ အကယ်၍ အစ်မနှစ်ယောက်သော် လည်းကောင်း၊ နှမ နှစ်ယောက်သော်လည်းကောင်း၊ အစ်မ၊ နှမ ပေါင်း နှစ်ယောက်သော် လည်းကောင်းရှိကြလျှင် သူတို့၏ဝေစုမှာ အမွေပစ္စည်းသုံးပုံနှစ်ပုံဖြစ်၏။ ညီအစ်ကို မောင်နှမတို့ ဖြစ်ကြလျှင် ယောကျ်ားတစ်ယောက်၏ဝေစုသည် မိန်းမနှစ်ယောက်၏ ဝေစုနှင့်တူညီရမည်။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အမှားမပြုစေခြင်းငှား တရားတော်ကို ရှင်းလင်းထုတ်ပြန်တော် မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို သိတော်မူသော အနန္တဉာဏ်တော်ရှင် ဖြစ်တော်မူ၏။