Back to Languages

Burmese - Chapter 40 - Ghafir

Translation by Ba Sein — Permalink

Verse 1 — Surah Ghafir 40:1

၁။ ဟာ မီး(မ်)။

Verse 2 — Surah Ghafir 40:2

၂။ ဤကျမ်းမြတ်ကုရ်အာန်သည် အနန္တဘုန်းတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင် အလ္လာဟ်အရှင်မြတ် အထံတော်မှ ဖြစ်၏။

Verse 3 — Surah Ghafir 40:3

၃။ အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်၊ အပြစ်ဝန်ချတောင်းပန်ခြင်းကို လက်ခံတော်မူသောအရှင်၊ ပြစ်မှုကျူးလွန်သူများကို ပြင်းပြစွာဒဏ်တပ်ရိုက်စီရင်တော်မူသောအရှင်၊ ကောင်းကြီးမင်္ဂလာအနန္တနှင့် ပြည့်စုံတော် မူလှသောအရှင်ဖြစ်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ သတ္တဝါအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ ပြန်ကြရမည်သာတည်း။

Verse 4 — Surah Ghafir 40:4

၄။ မယုံကြည်သူတို့မှတပါး မည်သူတစ်စုံတစ်ယောက်မျှ အရှင်မြတ်၏ ကျမ်းတော်နှင့်စပ်လျဉ်း၍ မငြင်းခုံကြချေ၊ အို-တမန်တော်၊ ထိုမသူတော်တို့၏ လောကစည်းစိမ်သည် သင့်ကို မလှည့်ဖြားစေနှင့်။

Verse 5 — Surah Ghafir 40:5

၅။ ထိုသူယုတ်မာတို့မရှိသေးမီ လွန်လေခဲ့ပြီးသောကာလများစွာက လူများတို့သည် ၎င်းတို့၏ တမန်တော်အသီးသီး ကို မယုံကြည်၊ ငြင်းပယ်ကြ၏၊ ထိုသူများမှာ တမန်တော်နူဟို၏ အသင်းသားများနှင့် ၎င်းတို့နောက်ဆင့်ဆက် ပေါက်ဖွားကြသောသင်းပေါင်းများစွာတို့ဖြစ်ကြ၏၊ ထိုမစ္ဆာဒိဋ္ဌိအသင်းအသီးသီးတို့သည် သူတို့၏ တမန်တော် များကို ဖမ်းဆီးသတ်ဖြတ်ပစ်ရန် ကြံစည်ကြ၏၊ သူတို့သည် မှန်ကန်သောသာသနာညှိုးမှိန်ကွယ်ပျောက်အောင် တမန်တော်များနှင့် မဟုတ်မဟတ်ငြင်းခုန်ကြ၏၊ ယင်းသို့တရားမဖက် အမိုက်ပွားသူအားလုံးတို့ကို အကုန်အစင် ငါအရှင်မြတ် ဖျက်ဆီးတော်မူလိုက်၏၊ ငါတပ်ရိုက်စီရင်တော်မူသောအပြစ်ဒဏ်တော်သည် အဘယ်မျှလောက် ပြင်းပြသည်ကို သင်တို့စဉ်းစားဆင်ခြင်ကြသလော။

Verse 6 — Surah Ghafir 40:6

၆။ အေ၊ တမန်တော်၊ သင်၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ အပြစ်ဒဏ်တော်သည် အယူမှားသူတို့အပေါ်သို့ ယင်းသို့ကျရောက်ရ၏၊ ထိုမိစ္ဆာဒိဋ္ဌိတို့သည် ငရဲသားများဖြစ်ရမည်ဟု သင်၏ အရှင်သခင် ဗျာဒိတ်ပေးတော်မူ၏။

Verse 7 — Surah Ghafir 40:7

၇။ အလ္လာဟ်အရှင်မြတ်၏ ရာဇပလ္လင်တော်ကို ထမ်းရွက်နေသောကောင်းကင်တမန်များနှင့် ထိုပလ္လင်တော်၏ ပတ်ဝန်းကျင်တွင်ရှိ ကောင်းကင်တမန်များသည် မိမိတို့၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ ဂုဏ်ကျေးဇူးတော်ကို ရင့်ကျူးကြကုန်၏၊ ထိုကောင်းကင်တမန်တော်တို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ယုံကြည်သူအပေါင်း တို့ကို အပြစ်မှ လွှတ်ရန် ဤသို့ဆုတောင်းကြကုန်၏၊ အို-အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်၊ အရှင်သည် အရာခပ်သိမ်းတို့ကို မဟာဂရုဏာတော် သဗ္ဗညုတဉာာဏ်တော်တို့ဖြင့် လွှမ်းမိုးတော်မူပါ၏၊ ထို့ကြောင့် သံဝေဂရ၍ အရှင်၏ လမ်းတော်ကို လျှောက်လိုက်သူတို့ကို အပြစ်လွှတ်တော်မူပါ၊ ငရဲအပြစ်ဒဏ်မှ ကာကွယ်စောင့်ရှောက် တော်မူပါ။

Verse 8 — Surah Ghafir 40:8

၈။ အို-အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်၊ အရှင်ကတိပြုတော်မူသောထာဝရဥယျာဉ်တော်အတွင်းသို့ ထိုသူတို့ သူတို့မိဘများ၊ သားမယား၊ နောင်လာနောက်သားများအနက် တရားသဖြင့် ကျင့်ကြံသူတို့အား ဝင်စေတော်မူပါ၊ အရှင်သာလျှင် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင် ဖြစ်တော်မူပါ၏။

Verse 9 — Surah Ghafir 40:9

၉။ သူတို့ကို မကောင်းမှုအပေါင်းတို့မှ ကာကွယ်စောင့်ရှောက်တော်မူပါ၊ အကြင်သူတို့အား အရှင်သည် ထိုနေ့တော် ကြီး၌ ဆင်းရဲဒုက္ခအပေါင်းတို့မှ ကယ်နှုတ်တော်မူအ့ံ၊ ထိုသူတို့အပေါ်၌ အရှင်သည် ကောင်းကြီးမင်္ဂလာမိုးတော် ကို သွန်းလောင်းတော်မူပါ၏၊ ထိုကယ်နှုတ်တော်မူခြင်းသည် အလွန်ကြီးကျယ်မြင့်မြတ်သောအောင်ဆုမင်္ဂလာ တော်ကြီး မုချဧကန်ဖြစ်ပါ၏၊ အရှင်။

Verse 10 — Surah Ghafir 40:10

၁ဝ။ ထိုနေ့တော်ကြီး၌ မယုံကြည်သူမိစ္ဆာဒိဋ္ဌိတို့အား ပြောဆိုမည်မှာ အို-သူမိုက်တို့၊ နင်တို့အား သမ္မာတရားတော် ဘက်သို့ ဖိတ်ခေါ်ငြားသော်လည်း နင်တို့သည် တရားတော်ကို ငြင်းပယ်သောကြောင့် သင်တို့အချင်းချင်းစက် ဆုတ်ရွံရှာသည် အလ္လာဟ်အရှင်မြတ်က နင်တို့ကို စက်ဆုတ်ရွံရှာတော်မူ၏။

Verse 11 — Surah Ghafir 40:11

၁၁။ ထိုအခါ ထိုသူယုတ်မာတို့က တင်လျှောက်မည်မှာ အို-အကျွန်ုပ်တို့၏ အသက်သခင်ကျေးဇူးရှင်၊ အရှင်သည် အကျွနု်ပ်တို့အား နှစ်ကြိမ်နှစ်ခါသေစေတော်မူပါပြီ၊ နှစ်ကြိမ်နှစ်ခါရှင်စေတော်မူပါပြီ၊ ယခုအခါ အကျွနု်ပ်တို့သည် မိမိကျူးလွန်မိသောအပြစ်များကို ဝန်ချတောင်းပန်ပါ၏၊ ဤငရဲမှ ထွက်ပေါက်တစ်စုံတစ်ခုရှိပါ၏လော။

Verse 12 — Surah Ghafir 40:12

၁၂။ သူတို့အား မိန့်တော်မူသည်မှာ ဤအဖြစ်သို့ ရောက်ရခြင်းကား တစ်ဆူတည်းအထီးထီး တည်တော်မူသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ကိုးကွယ်ရမည်ဟုဆိုသော အယူဝါဒကို သင်တို့လက်မခံ ငြင်းဆန်သောကြောင့် ဖြစ်၏၊ ထို့အပြင် အလ္လာဟ်အရှင်မြတ်နှင့် ဘုရားတုဘုရားယောင်များကို တွဲဖက်၍ ကိုးကွယ်သည့်အယူဝါဒ ကိုကား သင်တို့ယုံကြည်ခြင်းကြောင့်လည်းဖြစ်သည်၊ အမိန့်ထုတ်ပြန်ခြင်းသည် အတိုင်းထက်အလွန်မြင့်မြတ် ကြီးကျယ်သော အလ္လာဟ်အရှင်မြတ်၏ အရာသာဖြစ်၏။

Verse 13 — Surah Ghafir 40:13

၁၃။ အို-လူသားအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အရှင်မြတ်၏ သက်သေသာဓကတော်များကို ပြတော်မူ၏၊ သင်တို့စားဖို့ရာ အစားအစာများကို အထက်ကောင်းကင်ဘုံမှ ချပေးသနားတော်မူ၏၊ အလ္လာဟ် အရှင်မြတ်ဘက်တော်သို့ တရားသံဝေဂရလျက် လှည့်သောသူတို့မှတပါး အခြားသူတို့သည် တရားကို အရေးစိုက် ကြမည်မဟုတ်ချေ။

Verse 14 — Surah Ghafir 40:14

၁၄။ သို့ဖြစ်၍ သင်တို့သည် ဘာသာတရားကို အလ္လာဟ်အရှင်မြတ်အဖို့ သန့်ရှင်းစွာထားလျက် အရှင်မြတ်၌ ဆုပန် ကြကုန်လော့၊ ဤအယူဝါဒကို အယူမှားသူတို့သည် မည်မျှပင်မနှစ်သက်စေကာမူ သင်တို့သည် ယင်းသို့ပြုမူ ကြကုန်လော့။

Verse 15 — Surah Ghafir 40:15

၁၅။ အလ္လာဟ်အရှင်မြတ်သည် အတိုင်းထက်အလွန်မြင့်မြတ်တော်မူ၍ ဘုန်းတန်ခိုးတော်နှင့်ပြည့်စုံသော ပလ္လင်တော်၏ အရှင်သခင်ဖြစ်တော်မူ၏၊ အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအနက် အလိုတော်ရှိရာ ကျေးကျွန်ထံသို့ နှုတ်ကပတ်တော်ကို ချပေးတော်မူ၏၊ ယင်းကဲ့သို့ချပေးတော်မူခြင်းကား အရှင်မြတ်သည် လူသားအပေါင်းတို့အား စည်းဝေးပွဲကြီး နေ့တော်ကြီးအကြောင်းကို သတိပေးတော်မူဖို့ရာ ဖြစ်၏။

Verse 16 — Surah Ghafir 40:16

၁၆။ ထိုနေ့တော်ကြီး၌ လူသားအားလုံးထွက်လာကြရမည်၊ သူတို့နှင့်စပ်လျဉ်းသည့်အမှုအခင်းတစ်စုံတစ်ရာကိုမျှ အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖုံးကွယ်၍ မထားနိုင်ချေ၊ ထိုနေ့တော်ကြီးကို အဘယ်သူစိုးပိုင်သနည်း၊ တစ်ဆူတည်းအထီးထီး တည်တော်မူသောအရှင်၊ အနန္တတန်ခိုးတော်အရှင်၊ အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင် တော်မူ၏။

Verse 17 — Surah Ghafir 40:17

၁၇။ ထိုနေ့တော်ကြီး၌ ဝိညာဉ်တိုင်းသည် မိမိပြုကျင့်ခဲ့သောအမှုအခင်းအတိုင်း ကောင်းကျိုးဆိုးကျိုးကို ခံစားရ၏၊ ထိုနေ့တော်ကြီး၌ မတရားမှု၊ နိုင်ထက်စီးနင်းညှင်းပန်းနှိပ်စက်မှုလုံးဝမရှိချေ၊ အကြောင်းမူကား အလ္လာဟ်အရှင် မြတ်သည် စစ်ကြောစီရင်ခြင်းတွင် အလွန်လျင်မြန်မှန်ကန်သောကြောင့်တည်း။

Verse 18 — Surah Ghafir 40:18

၁၈။ အို-တမန်တော်၊ အမြဲနီးကပ်လာနေသောနေ့တော်ကြီးအကြောင်း သတိပေးလော့၊ ထိုနေ့တော်ကြီးရောက်လာ သောအခါ လူခပ်သိမ်းတို့၏ နှလုံးတို့သည် သူတို့၏ လည်မျိုကို ဆို့ကြလတ့ံ၊ ထိုနေ့တော်ကြီး၌ မတရားမှု ပြုသူအပေါင်းတို့မှာ အဆွေခင်ပွန်းဆို၍လည်း တစ်စုံတစ်ယောက်မျှမရှိ၊ သူတို့ကို အပြစ်မှ ချမ်းသာပေးပါရန် အလ္လာဟ်အရှင်မြတ်ထံတော်၌ တောင်းပန်နိုင်သူလည်း တစ်စုံတစ်ယောက်မျှရှိမည်မဟုတ်ချေ။

Verse 19 — Surah Ghafir 40:19

၁၉။ အလ္လာဟ်အရှင်မြတ်သည် မျက်စိများ၏ သစ္စာဖောက်မှုနှင့် ရင်ဘတ်များ လျှို့ဝှက်ဖုံးအုပ်ထားသောအရာများကို အကုန်အစင်သိတော်မူ၏။

Verse 20 — Surah Ghafir 40:20

၂ဝ။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်စွာစီရင်ဆုံးဖြတ်တော်မူမည်၊ မိစ္ဆာဒိဋ္ဌိတို့ကိုးကွယ်သောဘုရားတု ဘုရားယောင်များမှာကား တစ်စုံတစ်ရာမျှ မစီရင်မဆုံးဖြတ်နိုင်ချေ၊ အမှန်ဆိုသော် အလ္လာဟ်အရှင်မြတ်သာလျှင် အရာခပ်သိမ်းတို့ကို ကြားတော်မူသောအရှင်၊ မြင်တော်မူသောအရှင်သာတည်း။

Verse 21 — Surah Ghafir 40:21

၂၁။ သူတို့သည် အမြို့မြို့အရွာရွာသို့ လှည့်ပတ်၍ ၎င်းတို့ထက်ရှေးကျသောအယူမှားကြသလော၊ ရှေးလူဟောင်း များသည် ခွန်အားဗလတွင်သော်လည်းကောင်း၊ သူတို့ထားခဲ့သောလက်ရာခြေရာများတွင်သော်လည်းကောင်း၊ ယခုလူတို့ထက် သာလွန်၏၊ သို့ပါလျက်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မိမိတို့အပြစ်များကြောင့် ဖမ်းဆီး ကွပ်မျက်စီရင်တော်မူလိုက်လေ၏၊ သူတို့ကို အရှင်မြတ်၏ အပြစ်ဒဏ်တော်မှ ကာကွယ်မည့်သူတစ်စုံတစ်ယောက် မျှမရှိချေ။

Verse 22 — Surah Ghafir 40:22

၂၂။ ယင်းသို့မရှုမလှခံစားရခြင်းကား ထိုသူတို့ထံ သူတို့၏ အမျိုးသားချင်းတမန်တော်များသည် ရှင်းလင်းထင်ရှားသော သက်သေခံချက်များကို ယူဆောင်လာကြ၏၊ သူတို့သည် မယုံကြည်ကြချေ၊ ထိုသူမိုက်တို့ကို အလ္လာဟ်အရှင် မြတ်သည် အနန္တတန်ခိုးတော်နှင့် ပြည့်စုံတော်မူသော၊ ပြင်းပြစွာဒဏ်ခတ်တော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 23 — Surah Ghafir 40:23

၂၃၊၂၄။ လွန်လေပြီးသောအခါဝယ် ငါအရှင်မြတ်သည် တမန်တော်(မူစာ)ကို မုချဧကန်ငါ့ကျမ်းတော်နှင့်တကွ ထင်ရှား ခိုင်မာသောအမိန့်တော်ကို ပေးသနားတော်မူပြီးလျှင် ဖွာရော၊ ဟာမန်နှင့် ကိုရာဟ်တို့ထံ စေလွှတ်တော်မူ၏၊ သူတို့သည် တမန်တော်အား မုသားဆိုသူမျက်လှည့်ဆရာဟု ပုတ်ခတ်ကြ၏။

Verse 24 — Surah Ghafir 40:24

၂၃၊၂၄။ လွန်လေပြီးသောအခါဝယ် ငါအရှင်မြတ်သည် တမန်တော်(မူစာ)ကို မုချဧကန်ငါ့ကျမ်းတော်နှင့်တကွ ထင်ရှား ခိုင်မာသောအမိန့်တော်ကို ပေးသနားတော်မူပြီးလျှင် ဖွာရော၊ ဟာမန်နှင့် ကိုရာဟ်တို့ထံ စေလွှတ်တော်မူ၏၊ သူတို့သည် တမန်တော်အား မုသားဆိုသူမျက်လှည့်ဆရာဟု ပုတ်ခတ်ကြ၏။

Verse 25 — Surah Ghafir 40:25

၂၅။ တမန်တော်(မူစာ)သည် ငါ့အထံတော်မှ သမ္မာတရားတော်ကို ယူဆောင်၍ ၎င်းတို့ထံ သွားရောက်ဟောပြော၏၊ သူတို့က ဟယ်-အချင်းတို့၊ (မူစာ)ယုံကြည်သူတို့မှ မွေးဖွားသောသားယောက်ျားများကို တစ်ယောက်မကျန် သတ်ဖြတ်ကြကုန်၊ သမီးမိန်းမကိုသာ အသက်နှင့်ချန်ထားကြဟု ဆိုကြ၏၊ အမှန်ဆိုသော် ထိုအယူလွဲသူတို့၏ ဥပါယ်တမည် အကြံအစည်များသည် အမှားမှားအယွင်းယွင်းသာဖြစ်၏။

Verse 26 — Surah Ghafir 40:26

၂၆။ ထို့နောက်ဖွာရောမင်းက သူ၏ အသင်းသားများကို ပြောဆိုသည်မှာ အချင်းတို့၊ မူစာကို ငါကိုယ်တော်တိုင် သတ်မည်၊ ထိုအခါသူသည် သူ၏ အသင်သခင်ကျေးဇူးရှင်ကို ခေါ်ပါစေ၊ သူသည် သင်တို့၏ မိရိုးဖလာကိုးကွယ် လာသောအယူဝါဒကို ပြောင်းလွဲမည်၊ သို့မဟုတ် ငါ့တိုင်းပြည်မြို့ရွာ ဗရုန်းဗရင်းဖြစ်မည်ကို ငါစိုးရိမ်၏ဟု ဆို၏။

Verse 27 — Surah Ghafir 40:27

၂၇။ တမန်တော်(မူစာ)ပြောဆိုသည်မှာ အချင်းတို့၊ ဤကဲ့သို့ဂုဏ်မာနပလွှား၍ တရားစစ်ကြောစီရင်တော်မူသော နေ့ကြီးကို မယုံကြည်သူအားလုံးတို့မှ ကင်းဝေးချမ်းသာရန် ငါသည် မိမိ၏ အရှင်သခင်နှင့် သင်တို့၏ အရှင် သခင်၌ ခိုလှုံပါ၏။

Verse 28 — Surah Ghafir 40:28

၂၈။ ဖွာရောဘုရင်၏ သားချင်းဆွေမျိုးတို့အနက် ယုံကြည်သူတစ်ယောက်ရှိ၏၊ ထိုသူတော်ကောင်းသည် မိမိ၏ ယုံကြည်မှုကို လူမသိစေရန် လျှို့ဝှက်ထား၏၊ သူက အချင်းတို့၊ အကြင်သူသည် ငါ၏အသက်သခင်ကျေးဇူးရှင် သည် အလ္လာဟ်အရှင်မြတ်ပင်တည်းဟု ပြောဆိုရုံမျှနှင့် ထိုသူကို သင်တို့သည် သတ်ဖြတ်မည်ကြံသလော၊ ထိုသူသည် သင်တို့၏ အသက်သခင်ကျေးဇူးရှင်အထံတော်မှ ရှင်းလင်းထင်ရှားသောသက်သေသာဓကတော် များကို ဆောင်လာ၍ သင်တို့အား ပြသပြီး ဖြစ်ပါ၏၊ ထိုသူသည် မဟုတ်မမှန်လုပ်ကြံပြောဆိုအ့ံ၊ ထိုသူသည် သူ၏ မုသားကံ၏ အပြစ်ကို သူပင်လျှင် ခံစားရလတ့ံ၊ သို့မဟုတ် သူသည် ဖြောင့်မတ်မှန်ကန်သောစကားကို ဆိုပါအ့ံ၊ ထိုတမန်တော်ခြိမ်းခြောက်ဟောပြောသောအပြစ်ဒဏ်သည် သင်တို့ကို ထိလတ့ံ၊ အမှန်မှာ အလ္လာဟ် အရှင်မြတ်သည် တရားတော်ကို ကျူးလွန်၍ မုသားစကားဆိုသူအား မည်သည့်အခါမှ လမ်းညွှန်တော်မမူချေဟု ဆို၏။

Verse 29 — Surah Ghafir 40:29

၂၉။ ဆက်လက်၍ ပြောပြန်သည်မှာ အဆွေတို့၊ ယနေ့မူကား တန်ခိုးအာဏာသည် သင်တို့၏လက်၌ ရှိ၏၊ မြေပေါ် ဝယ်သင်တို့သည် အမြင့်ဆုံး၌ ရှိ၏၊ အကယ်၍အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်တော်ကျရောက်လာပါလျှင် အကျွနု်ပ်တို့ကို ထိုအပြစ်ဒဏ်တော်မှ အဘယ်သူက ကယ်တင်နိုင်ပါမည်နည်းဟု ဆို၏၊ ထိုစကားကို ဖွာရော ဘုရင်ကြားလျှင် ငါသည် မိမိကိုယ်တိုင်မျက်ဝါးထင်ထင်မြင်ရသောအရာကိုသာလျှင် သင်တို့အား ပြောပြ၏၊ ငါသည် ဖြောင့်မတ်သောလမ်းမှတပါး အခြားလမ်းကို သင်တို့အား ညွှန်ပြသည်မဟုတ်ချေ။

Verse 30 — Surah Ghafir 40:30

၃ဝ။ တဖန်ယုံကြည်သူ၊ သူတော်စင်က အို-အချင်းတို့၊ ရှေးအသင်းဟောင်းတို့၏ ကံကြမ္မာမျိုးကို သင်တို့အတွက် အကျွန်ုပ်ကြောက်လှပါ၏။

Verse 31 — Surah Ghafir 40:31

၃၁။ အို-အချင်းတို့၊ တမန်တော်(နူဟို)၏ အသင်းသားကဲ့သို့လည်းကောင်း၊ (အားဒ်)တို့ကဲ့သို့လည်းကောင်း၊ (သမုဒ်)တို့ ကဲ့သို့လည်းကောင်း၊ သင်တို့အတိဒုက္ခရောက်ကြရမည့်အရေးကို ချင့်တွေး၍ ငါစိုးရိမ်၏၊ အလ္လာဟ်အရှင်မြတ်၌ မိမိကျေးတော်မျိုးကျွန်တော်မျိုးတို့အား မတရားစီရင်လိုတော်မူသောဆန္ဒတော် အလျဉ်းမရှိချေ။

Verse 32 — Surah Ghafir 40:32

၃၂။ အို-အချင်းတို့၊ ငါသည် သင်တို့ကို ဆင့်ခေါ်တော်မူမည့်နေ့တော်ကြီးကို ကြောက်လှပါ၏။

Verse 33 — Surah Ghafir 40:33

၃၃။ ထိုနေ့တော်ကြီး၌ သင်တို့သည် ကျောခိုင်း၍ ပြေးကြလတ့ံ၊ သို့သော်အလ္လာဟ်အရှင်မြတ်အထံတော်မှ လွတ်မြေက် အောင် သင်တို့ကို ကာကွယ်မည့်သူဆို၍ တစ်စုံတစ်ယောက်မျှမရှိချေ၊ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှားတွင် ပစ်ထားတော်မူအ့ံ၊ ထိုသူအား လမ်းမှန်ကို ပြမည့်သူတစ်စုံတစ်ယောက်မျှရှိမည်မဟုတ်ချေ။

Verse 34 — Surah Ghafir 40:34

၃၄။ ထို့အပြင် ဆိုပြန်သည်မှာ အို-အဆွေတို့၊ အထက်ကျော်ကာလကလည်း တမန်တော်(ယူစွတ်ဖ်)သည် သင်တို့ထံ ထင်ရှားသောသက်သေခံချက်တော်များကို ယူဆောင်ခဲ့လေ၏၊ ထိုအခါသင်တို့သည် သူယူဆောင်လာသော လက္ခဏာတော်များကို မရပ်မနားယုံမှားသံသယရှိကြ၏၊ ၎င်းအပြင် ထိုတမန်တော်ပျံလွန်တော်မူသောအခါ အလ္လာဟ်အရှင်မြတ်သည် နောက်ထပ်မံ၍ တမန်တော်စေလွှတ်တော့မည်မဟုတ်ဟု သင်တို့ဆိုကြလေ၏၊ ယင်းသို့တရားတော်ကို ကျူးလွန်သူနှင့် ယုံမှားသံသယရှိသူတို့သည် လမ်းမှားတွင် အရှင်မြတ်ပစ်ထားတော်မူ၏။

Verse 35 — Surah Ghafir 40:35

၃၅။ အကြင်သူတို့သည် သူတို့ထံ ရောက်လာသောအလ္လာဟ်အရှင်မြတ်၏ သက်သေသာဓကတော်များကို အကိုး အကားတစ်စုံတစ်ရာမရှိပဲ ငြင်းခုံကြ၏၊ ထိုငြင်းခုံမှုသည် အလ္လာဟ်အရှင်မြတ်ထံတော်၌လည်းကောင်း၊ ယုံကြည် သူတို့ထံ၌လည်းကောင်း၊ မနှစ်သက်စက်ဆုတ်ရွံရှာဖွယ်ရာဖြစ်၏၊ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မာနကြီးသော၊ ခေါင်းမာသော၊ ရွံရှာဖွယ်ဖြစ်သောစိတ်နှလုံးကို ယင်းကဲ့သို့မာမြင်းအောင် တံဆိပ်ခတ်နှိပ်တော် မူ၏။

Verse 36 — Surah Ghafir 40:36

၃၆။ ထိုစကားကို ဖွာရောဘုရင်ကြားလေသော် အမတ်(ဟာမန်)ကို ခေါ်၍ အမတ်ကြီး အကျွန်ုပ်အတွက် ရဲတိုက်ကြီး တစ်ခုဆောက်လုပ်လော့၊ အကြောင်းညီညွတ်လျှင် ထိုမြင့်မားသောရဲတိုက်အားဖြင့် အကျွနု်ပ်လမ်းများရကောင်း ရမည်။

Verse 37 — Surah Ghafir 40:37

၃၇။ ထိုလမ်းများမှာ ကောင်းကင်ဘုံကို တက်ရောက်ရာလမ်းများဖြစ်မည်၊ ငါသည် (မူစာ)ကိုးကွယ်သောအလ္လာဟ် အရှင်မြတ်ထံသို့ တက်လို၏၊ သို့သော်သူသည် ဖွာရောမင်းအား သူ၏ မကောင်းမှုများကို တင့်တယ်လျှောက်ပတ် ဟန်ဖြစ်ပေါ်စေတော်မူ၏၊ သူ့ကို မှန်ကန်သောလမ်းမှ တားဆီးထားတော်မူ၏၊ စင်စစ်အားဖြင့် ဖွာရောမင်း၏ အကြံအစည်သည် ပျက်စီးခြင်း၌ပင် အဆုံးသတ်ရ၏။

Verse 38 — Surah Ghafir 40:38

၃၈။ ထိုယုံကြည်သူသူတော်စင်က ဆက်လက်၍ ပြောသည်မှာ အို-အမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြ ကုန်လော့၊ ငါသည် သင်တို့အား သမ္မာတရားလမ်းတော်ကို ပြပါအ့ံ။

Verse 39 — Surah Ghafir 40:39

၃၉။ အို-အမျိုးသားအပေါင်းတို့၊ ဤဘဝသည် အနိစ္စသာဖြစ်၏၊ နောင်တမလွန်ဘဝသာလျှင် ထာဝရအမြဲနေထိုင်ရာ ဖြစ်၏။

Verse 40 — Surah Ghafir 40:40

၄ဝ။ ဒုစရိုက်မကောင်းမှုကို ပြုသောသူသည် မိမိပြုကျင့်သောမကောင်းမှု၏ အပြစ်ကိုသာ ခံစားရလတ့ံ၊ သို့သော် အကြင်ယောက်ျား၊ အကြင်မိန်းမသည် သုစရိုက်ကောင်းမှုကို ပြု၍ ယုံကြည်ကြအ့ံ၊ ထိုယောက်ျား၊ ထိုမိန်းမသည် သုခဥယျာဉ်တော်သို့ ဝင်ရလတ့ံ၊ ထိုဥယျာဉ်တော်၌ သူတို့သည် အတိုင်းအထွာပမာဏမရှိသောပေါများကြွယ်ဝ ခြင်းကို ခံစားကြရလတ့ံ။

Verse 41 — Surah Ghafir 40:41

၄၁။ အို-အချင်းတို့၊ သင်တို့သည် ငါ့အား ငရဲမီးထဲသို့ ခေါ်နေ၏၊ ငါမူကား သင်တို့အား ငရဲမီးဘေးမှ လွတ်ကင်းရာသို့ ခေါ်ငင်နေ၏၊ ဤအခြင်းအရာသည် ဘယ်လောက်ထူးဆန်းပါသလဲ။

Verse 42 — Surah Ghafir 40:42

၄၂။ သင်တို့ကား ငါ့အား အလ္လာဟ်အရှင်မြတ်ကို မယုံကြည်ရန်နှင့် ငါမသိသောသူများကို အရှင်မြတ်နှင့်တန်းတူ တွဲဖက်ရန် သွေးဆောင်ကြ၏၊ သို့သော်ငါမူကား သင်တို့အား အနန္တတန်ခိုးတော်အရှင်၊ အဖန်တလဲလဲ အပြစ် လွှတ်တော်မူသောသခင်ဘက်တော်သို့ ခေါ်ငင်၏။

Verse 43 — Surah Ghafir 40:43

၄၃။ ဤလောကတွင်သော်လည်းကောင်း၊ နောက်လောကုတ္တရာတွင်သော်လည်းကောင်း၊ မကိုးကွယ်ထိုက်သူကို ဦးညွတ်ရန် သင်တို့သည် ငါ့အား ဧကန်အမှန်တိုက်တွန်းကြ၏၊ ငါတို့အားလုံးသည် အလ္လာဟ်အရှင်မြတ်အထံ တော်သို့ ပြန်ကြရလတ့ံ၊ ထိုအခါသမ္မာတရားတော်ကို ကျုးလွန်ဖောက်ပြန်သောသူတို့သည် ငရဲမီးကို ပိုင်ဆိုင်ကြ ရလတံ့။

Verse 44 — Surah Ghafir 40:44

၄၄။ သင်တို့သည် ငါဟောပြောသောတရားဒေသနာကို သတိရကြလတ့ံ၊ ငါသည် မိမိ၏ အမှုကိစ္စအဝဝကို အလ္လာဟ် အရှင်မြတ်အား ပုံ၍ အပ်၏၊ အကြောင်းမူကား အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များကို အမြဲမြင်တော်မူ၏။

Verse 45 — Surah Ghafir 40:45

၄၅။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုသူတော်ကောင်းအား ထိုသူတို့ကြံစည်သောဘေးဥပါဒ်တိုင်းမှ ကယ်တင် တော်မူ၏၊ ဖွာရောမင်း၏ အသင်းသားတို့ကိုမူ အပြစ်ဒဏ်တော်ဖြင့် ဝိုင်းဝန်းထားတော်မူ၏။

Verse 46 — Surah Ghafir 40:46

၄၆။ ငရဲမီးရှေ့သို့ သူတို့ကို နံနက်နှင့်ညနေတွင် ယူခဲ့လတ့ံ၊ တရားစီရင်တော်မူသောနေ့တော်ကြီး၌ ဖွာရောမင်း၏ အသင်းသားများကို အပြင်းထန်ဆုံးသောငရဲမီးပုံကြီးထဲသို့ ပစ်ချလော့ဟု မိန့်တော်မူလတ့ံ။

Verse 47 — Surah Ghafir 40:47

၄၇။ သူတို့သည် ငရဲမီးအတွင်း၌ တစ်ဦးနှင့်တစ်ဦး အခြေအတင်အငြင်းအခုံပြုကြလတ့ံ၊ အင်အားနည်းပါး၍ နောက် လိုက်ဖြစ်သောသူများက မာန်မာနထောင်လွှားသောခေါင်းဆောင်များအား အကျွနု်ပ်တို့သည် သင်တို့နောက် သို့သာ လိုက်ခဲ့ရ၏၊ ထို့ကြောင့်သင်တို့သည် အကျွနု်ပ်တို့ထံမှ ငရဲမီးအချို့အဝက်ကို ဝေစုခံယူနိုင်ပါသလောဟု မေးမြန်းကြလတ့ံ။

Verse 48 — Surah Ghafir 40:48

၄၈။ မာနကြီးခဲ့သူများက ငါတို့အားလုံးသည် ဤငရဲမီးတွင် ဆင်းရဲဒုက္ခခံနေကြရ၏၊ အမှန်စင်စစ် အလ္လာဟ်အရှင် မြတ်သည် မိမိကျေးကျွန်တို့စပ်ကြားတွင် စစ်ကြောစီရင်တော်မူပြီဟု ဆိုကြလတ့ံ။

Verse 49 — Surah Ghafir 40:49

၄၉။ ငရဲခံစားနေရသူတို့က ငရဲထိန်းတို့အား တောင်းပန်ကြမည်မှာ အကျွနု်ပ်တို့ကို တစ်နေ့မျှသာ ငရဲမှ ချမ်းသာ ပေးတော်မူပါရန် သင်တို့၏ အရှင်သခင်ထံ ဆုတောင်းပေးကြပါ။

Verse 50 — Surah Ghafir 40:50

၅ဝ။ ငရဲထိန်းတို့က ပြန်ပြောမည်မှာ သင်တို့ထံသို့ ရှင်းလင်းထင်ရှားသောသက်သေခံချက်တော်များနှင့်တကွ တမန် တော်များပွင့်လာသည်မဟုတ်လော၊ ပွင့်လာပါသည်ဟု ဖြေကြလတ့ံ၊ ထိုအခါငရဲထိန်းများက သို့ဖြစ်လျှင် သင်တို့ဆုတောင်းလိုသလောက် တောင်းကြလော့၊ မယုံကြည်သူမိစ္ဆာဒိဋ္ဌိတို့၏ ဆုတောင်းခြင်းသည် အလဟဿ အချည်းနှီးသာဖြစ်မည်ဟု ပြောဆိုလတ့ံ။

Verse 51 — Surah Ghafir 40:51

၅၁။ ငါအရှင်မြတ်သည် ငါ၏ တမန်တော်များနှင့် ယုံကြည်သူအပေါင်းတို့အား ဤလောကတွင် အသက်ရှင်နေစဉ် အခါ၌လည်းကောင်း၊ သက်သေများကို စီတန်းစေမည့်တရားစီရင်တော်မူသောနေ့တော်ကြီး၌လည်းကောင်း၊ မုချဧကန်စောင်မတော်မူ၏။

Verse 52 — Surah Ghafir 40:52

၅၂။ ထိုနေ့တော်ကြီး၌ မကောင်းမှုပြုသူတို့၏ ဆင်ခြေများသည် တစ်စုံတစ်ခုသော အကျိုးကျေးဇူးရှိမည်မဟုတ်၊ သို့သော်သူတို့အပေါ်၌ အရှင်မြတ်၏ ကျိန်ဆဲခြင်းကျရောက်မည်သာဖြစ်၏၊ စင်စစ်အားဖြင့် သူတို့နေထိုင်ရန် ဌာနကား အလွန်ဆိုးဝါးဆင်းရဲလှသောနေရာဌာနသာ ဖြစ်၏။

Verse 53 — Surah Ghafir 40:53

၅၃။ ငါအရှင်မြတ်သည် ရှေးအထက်ကျော်ကာလက တမန်တော်(မူစာ)အား လမ်းညွှန်ကျမ်းတော်ကို ချပေးသနားတော် မူ၏၊ ငါသည် ထိုကျမ်းတော်ကို (အစ္စရာအီလ်)လူမျိုးတို့အား အမွေပေးတော်မူ၏။

Verse 54 — Surah Ghafir 40:54

၅၄။ ထိုကျမ်းတော်သည် အသိဉာာဏ်ရှိသောသူတို့အဖို့အရာ တရားလမ်းညွှန်သတိပေးအလင်းပြကျမ်းတော်ဖြစ်၏။

Verse 55 — Surah Ghafir 40:55

၅၅။ ထို့ကြောင့်သင်သည် သည်းခံခြင်းတရား၌ ခိုင်မြဲလော့၊ အလ္လာဟ်အရှင်မြတ်၏ ကတိသစ္စာတော်သည် မှန်ကန်၏၊ သင်၏ အပြစ်ကို ခွင့်လွှတ်တော်မူရန် ဆုတောင်းလော့၊ သင်၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ ဂုဏ်ကျေးဇူး တော်ကို နံနက်တိုင်းညတိုင်း ချီးကျုးလော့။

Verse 56 — Surah Ghafir 40:56

၅၆။ အကြင်သူတို့သည် မိမိတို့ထံခိုင်မာလုံလောက်သောအကြောင်းအရာတစ်စုံတစ်ခုမျှ မရောက်လာပဲလျက် အလ္လာဟ် အရှင်မြတ်၏ တရားတော်နှင့်စပ်လျဉ်း၍ အငြင်းအခုံပြုကြအ့ံ၊ ထိုသူတို့စိတ်နှလုံးတွင် မာနထောင်လွှားမှုမှတပါး မည်သည်မျှမရှိချေ၊ သူတို့သည် မိမိတို့လိုရာသို့ မရောက်နိုင်ချေ၊ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်၌ ခိုလှုံလော့၊ အရှင်မြတ်သာလျှင် ခပ်သိမ်းသောအရာတို့ကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ မြင်တော်မူသောအရှင်ဖြစ် တော်မူ၏။

Verse 57 — Surah Ghafir 40:57

၅၇။ အမှန်ကိုဆိုသော် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းသည် လူသားအပေါင်းကို ဖန်ဆင်းခြင်း ထက် သာလွန်ကြီးကျယ်၏၊ များလှစွာသောလူသားတို့၌ကား အသိတရားမရှိချေ။

Verse 58 — Surah Ghafir 40:58

၅၈။ မျက်စိကန်းသူတို့နှင့် မျက်စိအလင်းရသူတို့သည် ထပ်တူထပ်မျှမဟုတ်သကဲ့သို့ ယုံကြည်လျက် ကောင်းမှုပွားသူ တို့နှင့် ဒုစရိုက်မကောင်းမှုကျူးလွန်သူတို့သည်လည်း ထပ်တူထပ်မျှမဟုတ်ချေ၊ သို့ပါလျက်သင်တို့သည် အနည်း ငယ်မျှမစဉ်းစားကြချေ၊ မှတ်သားကြလော့၊ အချိန်တော်ကြီးသည် မုချဧကန်ဆိုက်ရောက်လာမည်၊ ယုံမှားစရာ လုံးဝမရှိချေ၊ သို့သော်လည်း များစွာသောလူသားတို့သည် မယုံကြည်ကြချေ။

Verse 59 — Surah Ghafir 40:59

၅၉။ မှတ်သားကြလော့၊ အချိန်တော်ကြီးသည် မုချဧကန်ဆိုက်ရောက်လာမည်၊ ယုံမှားစရာလုံးဝမရှိချေ၊ သို့သော်လည်း များစွာသောလူသားတို့သည် မယုံကြည်ကြချေ။

Verse 60 — Surah Ghafir 40:60

၆ဝ။ အို-ကြားနာရသူအပေါင်းတို့ သင်တို့၏အသက်သခင်ကျေးဇူးရှင်ကြီး၏ အမိန့်တော်မှာ အို-ငါ၏ ကျေးကျွန် အပေါင်းတို့၊ သင်တို့သည် ငါ့အထံတော်၌ ဆုတောင်းကြလော့၊ ငါသည် သင်တို့ဆုတောင်းလွှာကို ကြားတော် မူမည်၊ မှတ်သားကြလော့၊ ငါ၏ အမှုတော်ကို ရွံရှာသောသူတို့သည် အရှက်တကွဲငရဲထဲသို့ ဝင်ကြရမည် သာတည်း။

Verse 61 — Surah Ghafir 40:61

၆၁။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အိပ်စက်အမောဖြေဖို့ရာ ညဉ့်ကို ဖန်ဆင်းတော်မူ၏၊ နေ့ကိုမူကား တောင် မြောက်လေးပါးကို မြင်နိုင်ရန်အလို့ငှာ ဖန်ဆင်းထားတော်မူ၏၊ စင်စစ်အားဖြင့် အရှင်မြတ်သည် လူသားတို့ အဖို့ ရက်ရောစွာပေးကမ်းတော်မူသောအရှင်သခင်ဖြစ်တော်မူ၏၊ သို့ပါလျက် များလှစွာသောသူတို့သည် အရှင် မြတ်အား ကျေးဇူးမတင် ကျေးစွပ်ကြကုန်၏။

Verse 62 — Surah Ghafir 40:62

၆၂။ သင်တို့၏ အသင်သခင်ကျေးဇူးရှင်၊ ခပ်သိမ်းကုန်သောဝထ္ထုအစုစုကို ဖန်ဆင်းတော်မူသောအရှင်၊ အလ္လာဟ် အရှင်မြတ်သည် ယင်းကဲ့သို့ဖြစ်တော်မူ၏၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ သို့ပါလျက် သင်တို့သည် အဘယ်ကြောင့်လမ်းလွဲကြသနည်း။

Verse 63 — Surah Ghafir 40:63

၆၃။ အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်ကို မယုံကြည်ငြင်းပယ်သောသူများသည် ယင်းကဲ့သို့လမ်းချော်ကြ၏။

Verse 64 — Surah Ghafir 40:64

၆၄။ အလ္လာဟ်အရှင်မြတ်သည် သင်တို့နေထိုင်ဖို့ရာ ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူ၏၊ အထက်မိုးကောင်းကင် ကိုလည်း မျက်နှာကြက်အတွက် ဖန်ဆင်းတော်မူ၏၊ သင်တို့၏ ပုံသဏ္ဍာန်အဆင်းအင်္ဂါတို့ကိုလည်း ဖန်ဆင်း တော်မူ၏၊ ထိုပုံသဏ္ဍာန်အဆင်းအင်္ဂါတို့ကို ညီညွတ်ပြေပြစ်အောင် စီရင်တော်မူ၏၊ သင်တို့စားဖို့ရာ သန့်ရှင်း ကောင်းမွန်သောဘောဇဉ်ခဲဖွယ်များကို ချပေးသနားတော်မူ၏၊ သင်တို့၏ အသက်သခင်ကျေးဇူးရှင်၊ အလ္လာဟ် အရှင်မြတ်သည် ယင်းကဲ့သို့ဖြစ်တော်မူ၏၊ အနန္တစကြဝဠာအပေါင်းတို့၏ အရှင်သခင်သည် ကောင်းကြီးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံတော်မူ၏။

Verse 65 — Surah Ghafir 40:65

၆၅။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းအထီးထီးတည်တော်မူ၏၊ အသင်ရှင်နေတော်မူ၏၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ အရှင်မြတ်အားသာ ဝတ်ပြုကြကုန်လော့၊ ဘာသာတရားကို အရှင်မြတ်အဖို့သာ ဖြူစင်စွာထားကြကုန်လော့၊ အနန္တစကြဝဠာအပေါင်းတို့၏ အရှင်သခင်၊ အလ္လာဟ်အရှင်မြတ်သည် အ့ံချီးမဆုံး ဖြစ်တော်မူ၏။

Verse 66 — Surah Ghafir 40:66

၆၆။ အို-တမန်တော်၊ ဟောပြောလော့၊ အချင်းတို့၊ ငါ၏အသက်သခင်၊ ကျေးဇူးရှင်ကြီးသည် ရှင်းလင်းထင်ရှားသော သက်သေခံချက်တော်များကို ချပေးသနားတော်မူပြီ၊ အရှင်မြတ်မှတပါး သင်တို့ခဝပ်ကိုးကွယ်သောဘုရားယောင် များကို မကိုးကွယ်ရန် ငါ့ထံသို့ ပညတ်တော်လာ၏၊ ထို့အပြင်အနန္တစကြဝဠာအပေါင်းတို့၏ အရှင်သခင်အားသာ လျှင် ကျိုးနွံနာခံရန်လည်း ပညတ်တော်လာ၏။

Verse 67 — Surah Ghafir 40:67

၆၇။ အို-လူသားအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို မြေမှုန့်မှ၊ ထို့နောက်ကလကရေကြည်မှ၊ ထို့နောက် သွေးခဲဥတစ်ခုမှ တစ်ဆင့်ပြီးတစ်ဆင့် အစဉ်အလာအတိုင်းဖန်ဆင်းတော်မူ၏၊ ထို့နောက်သင်တို့ကို သူငယ် အဖြစ်သို့ ရောက်စေတော်မူ၏၊ အမိဝမ်းတွင်းမှ အပြင်သို့ ထုတ်ယူ၍ ခွန်အားဗလနှင့်ပြည့်စုံသောအရွယ်ရောက် အောင် မွေးမြူစောင့်ထိန်းတော်မူ၏၊ ထို့နောက်သင်တို့ကို အိုမင်းရင့်ရော်မှည့်ပျော်သောအရွယ်သို့ ရောက်အောင် မွေးမြူတော်မူ၏၊ သင်တို့အနက် အချို့သူတို့ကို သက်ရွယ်မကြီးပြင်းမီ ငယ်ရွယ်စဉ်ကပင် သေဆုံးစေတော်မူ၏၊ အချို့ကို ပိုင်းခြားသတ်မှတ်ထားသောနေ့ရက်တိုင်အောင် အသက်ရှင်နေစေတော်မူ၏၊ ယင်းအချက်များက သင်တို့အသိတရားရစိမ့်သောငှာဖြစ်ကြ၏။

Verse 68 — Surah Ghafir 40:68

၆၈။ အလ္လာဟ်အရှင်မြတ်သည် သက်မဲ့မှ သက်ရှိကို ဖန်ဆင်းတော်မူ၏၊ သက်ရှိကိုလည်း သက်မဲ့ဖြစ်စေတော်မူ၏၊ အရှင်မြတ်သည် အရာတစ်ခုခုကို ကြံတော်မူသောအခါ ထိုအရာအား ဖြစ်စေဟူ၍သာ မိန့်တော်မူ၏၊ ထိုအခါ ထိုအရာသည် ဖြစ်ပေါ်လာ၏။

Verse 69 — Surah Ghafir 40:69

၆၉။ အို-တမန်တော်၊ အလ္လာဟ်အရှင်မြတ်ချပေးသနားတော်မူသောကုရ်အာန်ကျမ်းတော်မြတ်နှင့်စပ်လျဉ်း၍ အငြင်း အခုံပြုသူတို့ကို သငသ်မမြင်သလော၊။ သူတို့ကောပေးလှည့်သွားကြသည်ကိုလည်း သင်မမြင်သလော။

Verse 70 — Surah Ghafir 40:70

၇ဝ။ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ငါအရှင်မြတ်၏ တမန်တော်များအား ချပေးသနားတော်မူသောပညတ်တရားတော် များကို မယုံကြည်ပယ်ရှားသောသူမိုက်တို့သည် ကာလမကြာမြင့်မီ သိကြရလတ့ံ။

Verse 71 — Surah Ghafir 40:71

၇၁။ ထိုသိရသောအချိန်၌ကား သူတို့သည် မိမိတို့၏လည်ပင်းတွင် လည်ထိပ်ခတ်၍ မီးသံကြိုးစွပ်တပ်လျက် ဆွဲငင်ခြင်း ကို ခံကြရလတ့ံ။

Verse 72 — Surah Ghafir 40:72

၇၂။ သူတို့သည် ပွက်ပွက်ဆူသောရေပူတလျှောက် ဆွဲငင်ပြီးလျှင် ငရဲမီးထဲသို့ ပစ်ချခြင်းကို ခံကြရလတံ့။

Verse 73 — Surah Ghafir 40:73

၇၃၊၇၄။ ထို့နောက်သူတို့အား မေးမြန်းမည်မှာ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ သင်တို့ကိုးကွယ်သောဘုရားတုများ သည် အဘယ်မှာရှိသနည်း၊ သူတို့က ဤသို့ပြန်လျှောက်ကြလတံ့၊ အကျွန်ုပ်တို့ကိုးကွယ်ခဲ့သောဘုရားယောင်များ သည် အကျွနု်ပ်တို့ကို ဘေးဒုက္ခတွင် ပစ်ထားခဲ့ကြပါပြီ၊ အမှန်ကိုဆိုသော် အကျွနု်ပ်တို့သည် အထက်ကျော်ကာလ က အခြေအမြစ်မရှိသောအရာများကို ကိုးကွယ်ခဲ့ကြပါသည်၊ အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့ကို လမ်းမှား တွင် ယင်းကဲ့သို့ပစ်ထားတော်မူပါ၏။

Verse 74 — Surah Ghafir 40:74

၇၃၊၇၄။ ထို့နောက်သူတို့အား မေးမြန်းမည်မှာ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ သင်တို့ကိုးကွယ်သောဘုရားတုများ သည် အဘယ်မှာရှိသနည်း၊ သူတို့က ဤသို့ပြန်လျှောက်ကြလတံ့၊ အကျွန်ုပ်တို့ကိုးကွယ်ခဲ့သောဘုရားယောင်များ သည် အကျွနု်ပ်တို့ကို ဘေးဒုက္ခတွင် ပစ်ထားခဲ့ကြပါပြီ၊ အမှန်ကိုဆိုသော် အကျွနု်ပ်တို့သည် အထက်ကျော်ကာလ က အခြေအမြစ်မရှိသောအရာများကို ကိုးကွယ်ခဲ့ကြပါသည်၊ အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့ကို လမ်းမှား တွင် ယင်းကဲ့သို့ပစ်ထားတော်မူပါ၏။

Verse 75 — Surah Ghafir 40:75

၇၅။ ထိုသူယုတ်မာတို့အား ဆက်လက်၍ မိန့်တော်မူမည်မှာ ယင်းကဲ့သို့မရှုမလှခံစားရခြင်းကား နင်တို့သည် ကမ္ဘာ မြေကြီးပေါ်တွင် မသင့်မလျော်မတော်မတရားရွှင်မြူးပျော်ပါး မာနထောင်လွှားခဲ့ခြင်းကြောင့်တည်း။

Verse 76 — Surah Ghafir 40:76

၇၆။ ယနေ့မူကား နင်တို့သည် ငရဲ၏ တံခါးများအတွင်းသို့ ဝင်၍ ငရဲအတွင်းနေထိုင်ကြလော့၊ တရားတော်ကို ရွံ ရှာသူတို့၏ နေထိုင်ရာသည် မင်္ဂလာမရှိသောဌာနဆိုးဖြစ်၏။

Verse 77 — Surah Ghafir 40:77

၇၇။ အေ-တမန်တော်၊ သည်းခံခြင်းတရားရှိလော့၊ အလ္လာဟ်အရှင်မြတ်၏ ဂတိသစ္စာတော်သည် မုချဧကန်မှန်ကန်၏၊ အကယ်၍ ငါအရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့အား ထားတော်မူသောကတိသစ္စာအချို့ကို သင့်အား ပြသတော်မူသည် ဖြစ်စေ၊ သို့မဟုတ် ပြသတော်မမူမီ သင့်အား ကံကုန်စေတော်မူသည်ဖြစ်စေ၊ သူတို့အားလုံးသည် ငါ့အထံတော်သို့ ပြန်ကြရမည်သာတည်း။

Verse 78 — Surah Ghafir 40:78

၇၈။ အို-တမန်တော်၊ ငါသည် သင်မပွင့်လာမီ တမန်တော်တို့ကို စေလွှတ်တော်မူခဲ့၏၊ သူတို့အနက် အချို့တို့၏ အတ္ထုပ္ပတ္တိကို သင့်အား ငါမိန့်ကြားတော်မူပြီ၊ အချို့တို့၏ အကြောင်းကိုမူကား မိန့်တော်မမူချေ၊ ငါအလိုရှိတော် မမူပဲ မည်သည့်တမန်တော်မှ သက်သေသာဓကတော်တစ်ပါးပါးကို ယူဆောင်ခွင့်မရချေ၊ သို့သော်အလ္လာဟ် အရှင်မြတ်အမိန့်တော်ထုတ်ပြန်လိုက်သည်နှင့် တပြိုင်နက်အမှုကိစ္စတို့ကို မှန်ကန်စွာစီရင်ဆုံးဖြတ်တော်မူပြီး၏၊ ထိုအခါဝါကြွားမှုကို လိုက်သောသူတို့သည် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ကြလေ၏။

Verse 79 — Surah Ghafir 40:79

၇၉။ သင်တို့သည် အချို့တိရိစ္ဆာန်များကို စီးနင်းရန် အချို့ကို အာဟာရအဖြစ်ဖြင့် မှီဝဲစားသုံးရန်အလို့ငှာ အခြေ လေးချောင်းရှိ တိရိစ္ဆာန်များကို အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းတော်မူ၏။

Verse 80 — Surah Ghafir 40:80

၈ဝ။ ထိုတိရိစ္ဆာန်များ၌ သင်တို့အကျိုးခံစားရန် များစွာရှိသေး၏၊ ထိုတိရိစ္ဆာန်များအားဖြင့် သင်တို့သည် မိမိတို့ အလိုဆန္ဒများကို ဖြည့်စွက်စေရန် ဖြစ်၏၊ သင်တို့သည် ထိုတိရိစ္ဆာန်များအား လှေသင်္ဘောများကို စီးနင်းသွား သကဲ့သို့ အလိုရှိရာ စီးနင်းသွားလာကြ၏။

Verse 81 — Surah Ghafir 40:81

၈၁။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိ၏ သက်သေသာဓကတော်များကို ပြသတော်မူ၏၊ သာဓကတော်များ အနက် မည်သည့်သာဓကတော်ကို သင်တို့ငြင်းပယ်ကြမည်နည်း။

Verse 82 — Surah Ghafir 40:82

၈၂။ ထိုသူတို့သည် ကမ္ဘာမြေပေါ်ရှိ အမြို့မြို့အရွာရွာသို့ လှည့်ပတ်သွားလာပြီးလျှင် သူတို့အလျင်ဖြစ်ပေါ်သော ရှေးလူဟောင်းတို့သည် မည်သို့မည်ပုံပျက်စီးသွားရလေသည်ကို မကြည့်ရှုကြသလော၊ ထိုရှေးလူဟောင်းတို့သည် သူတို့ထက် အရေအတွက်လည်း အလွန်များ၏၊ သတ္တိခွန်အားဗလလည်း အဆများစွာသာ၏၊ မြေပေါ်တွင် ပြုပြင်စီမံဆောက်လုပ်သည်ထက် အဆများစွာသာလွန်ခမ်းနားကြီးကျယ်၏၊ သို့ပါလျက် ရှေးမိစ္ဆာဒိဋ္ဌိတို့ပင်ပန်း ကြီးစွာစီမံပြုလုပ်ခဲ့သောအရာဝထ္ထုအားလုံးတို့သည် သူတို့အတွက် လုံးဝအကျိုးမရှိချေ။

Verse 83 — Surah Ghafir 40:83

၈၃။ ထိုမိစ္ဆာဒိဋ္ဌိတို့ထံသို့ တမန်တော်အသီးသီးသည် ထင်ရှားသောသာဓကတော်များကို ယူဆောင်လာသောအခါ ထိုအယူမှားသူတို့သည် မိမိတို့ရရှိပြီးသောလောကီပညာ၌သာ မြူးတူးပလွှားကြ၏၊ သူတို့မယုံကြည်ပျက်ရယ် ကျီစယ်သောအပြစ်ဒဏ်တော်သည် သူတို့ကို ဝိုင်းထား၏။

Verse 84 — Surah Ghafir 40:84

၈၄။ သူတို့သည် ငါအရှင်မြတ်၏ အပြစ်ဒဏ်တော်ကို မျက်ဝါးထင်ထင်မြင်ရကြသောအခါ သူတို့က အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင် ယုံကြည်ကြပါ၏၊ အရှင်နှင့်တွဲဖက်ကိုးကွယ်ခဲ့သောဘုရားတုများကို အကျွနု်ပ် တို့ စွန့်ပါ၏ဟု ဆိုကြ၏။

Verse 85 — Surah Ghafir 40:85

၈၅။ ငါအရှင်မြတ်၏ အပြစ်ဒဏ်တော်ကို မြင်ရသောအခါမှ ယုံကြည်ခြင်းသည် သူတို့အား မည်သည့်အကျိုးကိုမျှ မပေးနိုင်ချေ၊ ဤအဖြစ်အပျက်သည် အရှင်မြတ်က မိမိကျေးကျွန်များအတွက် ပြဋ္ဌားထားတော်မူသောတရား ဥပဒေသအတိုင်းပင်ဖြစ်၏၊ ထိုအခါမိစ္ဆာဒိဋ္ဌိအပေါင်းတို့သည် မရှုမလှပျက်စီးရမည်သာတည်း။