Verse 1 — Surah Ash-Shura 42:1
၁။ ဟာ မီး(မ်)။
Verse 2 — Surah Ash-Shura 42:2
၂။ အိုင်၊ စင်၊ ကား(ဖ်)။
Verse 3 — Surah Ash-Shura 42:3
၃။ အို-တမန်တော်၊ အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်၊ အလ္လာဟ်အရှင်မြတ်သည် သင့်အလျင် ရှေးတမန်တော်တို့အား ဗျာဒိတ်ပေးတော်မူသည့်နည်းအတိုင်း သင့်ကိုလည်း ဗျာဒိတ်ပေးတော်မူ၏။
Verse 4 — Surah Ash-Shura 42:4
၄။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ်ရှိရှိသမျှအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်စိုးပိုင်တော်မူ၏၊ အရှင်မြတ်လည်း အတိုင်းမသိမြင့်မြတ်ကြီးကျယ်တော်မူ၏။
Verse 5 — Surah Ash-Shura 42:5
၅။ ကောင်းကင်တမန်တော်များ၏ ရင့်ကျူးသံ၊ ဆုတောင်းသံများကြောင့် ကောင်းကင်ဘုံများသည် ပြိုကွဲလုဘနန်း ရှိကြသည်၊ ကောင်းကင်တမန်များသည် သူတို့၏အရှင်သခင်၏ ဂုဏ်ကျေးဇူးတော်တို့ကို ရင့်ကျုးကြ၏၊ ကမ္ဘာ မြေပေါ်ရှိ ဝေနေယျသတ္တဝါအပေါင်းတို့ အပြစ်ချမ်းသာရအောင် ဆုတောင်းကြ၏၊ မှတ်သားကြလော့၊ အရှင် မြတ်သည် အဖန်တလဲလဲအပြစ်လွှတ်တော်မူသောအရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။
Verse 6 — Surah Ash-Shura 42:6
၆။ အရှင်မြတ်မှတပါး အခြားစောင့်ရှောက်ကာကွယ်သူ အဆွေခင်ပွန်းရှာသူတို့ကို အရှင်မြတ်စောင့်ကြည့်တော်မူ၏၊ အေ-တမန်တော် သင်သည် ထိုသူတို့ကို အုပ်ထိန်းရသူမဟုတ်ချေ။
Verse 7 — Surah Ash-Shura 42:7
၇။ ငါသည် သင့်ထံသို့ ကုရ်အာန်ကျမ်းမြတ်ကို အာရဗီဘာသာဖြင့် ချပေးသနားတော်မူ၏၊ သင်သည် မြို့ရွာအပေါင်း တို့၏ မိခင်ဖြစ်သောမက္ကာဟ်ရွေမြို့တော်နှင့် ၎င်းပတ်ဝန်းကျင်တွင် တရားဟောပြောသတိပေး၍ ယုံမှားသင်္ကာ ကင်းသောညီလာခံနေ့တော်ကြီးအကြောင်းကို ဟောပြောသတိပေးဖို့ရာအတွက်ဖြစ်၏၊ ထိုနေ့ဆိုက်ရောက်လာ သောအခါ အချို့သောသူတို့သည် နိဗ္ဗာန်ဥယျာဉ်တော်၌ ရှိကြလတ့ံ၊ အချို့မှာမူကား ငရဲမီးတောက်မီးလျှံအတွင်း ၌ ရှိကြရလတံ့။
Verse 8 — Surah Ash-Shura 42:8
၈။ အကယ်၍အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါလျှင် လူသားအပေါင်းတို့ကို တစ်သင်းတည်းဖြစ်စေတော် မူခဲ့လေလတ့ံ၊ သို့သော်အရှင်မြတ်သည် အလိုတော်ရှိသောသူအား မိမိ၏ ကျေးဇူးမင်္ဂလာတော်အတွင်း သွင်း တော်မူ၏၊ မတရားကျူးလွန်သူများ၌ကား အဆွေခင်ပွန်း(သို့မဟုတ်)ကူညီသူများမရှိချေ။
Verse 9 — Surah Ash-Shura 42:9
၉။ သူတို့သည် အလ္လာဟ်အရှင်မြတ်မှတပါး အခြားစောင့်ရှောက်သူအဆွေခင်ပွန်းများကို မှီခိုဆည်းကပ်ကြသလော၊ အလ္လာဟ်အရှင်မြတ်သာလျှင် စောင့်ရှောက်ကာကွယ်သူမိတ်ဆွေစစ်ဖြစ်တော်မူ၏၊ အရှင်မြတ်သာလျှင် သေသူကို ပြန်ရှင်စေတော်မူ၏၊ အရှင်မြတ်သည် အရာခပ်သိမ်းကို ပြုစွမ်းနိုင်တော်မူ၏။
Verse 10 — Surah Ash-Shura 42:10
၁ဝ။ သင်တို့သည် မည်သည့်အရာတွင်မဆို ကွဲလွဲငြင်းခုံကြအ့ံ၊ ထိုကွဲလွဲမှုကို အလ္လာဟ်အရှင်မြတ်သာလျှင် စီရင် ဆုံးဖြတ်နိုင်တော်မူ၏၊ ငါ၏အသက်သခင်ကျေးဇူးရှင်ကြီးသည် ယင်းသို့ဖြစ်တော်မူ၏၊ ငါသည် အရှင်မြတ်အား ယုံကြည်ကိုးစား၏၊ မျက်နှာမူ၏။
Verse 11 — Surah Ash-Shura 42:11
၁၁။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်အလုံးစုံကို ဖန်ဆင်းတော်မူသောအရှင်၊ အရှင်မြတ်သည် သင်တို့ကိုသော်လည်း ကောင်း၊ ခြေလေးချောင်းသတ္တဝါတို့ကိုသော်လည်းကောင်း၊ ဖိုနှင့်မအစုံစုံဖန်ဆင်းတော်မူ၏၊ ဤနည်းအားဖြင့် အရှင်မြတ်သည် သင်တို့အား ပွားများစေတော်မူ၏၊ အရှင်မြတ်သည် အတုမရှိမနှိုင်းယှဉ်အပ်ဖြစ်တော်မူ၏၊ အကြွင်းမဲ့ကြားတော်မူသောအရှင် အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 12 — Surah Ash-Shura 42:12
၁၂။ မိုးမြေတို့၏ သော့များကို အလ္လာဟ်အရှင်မြတ်စိုးပိုင်တော်မူ၏၊ စားနပ်ရိက္ခာစည်းစိမ်တို့ကို အရှင်မြတ်သည် ကျယ်ဝန်းစေလိုတော်သူအား ကျယ်ဝန်းပေါများစေတော်မူ၏၊ ကျဉ်းမြောင်းစေလိုတော်မူသောသူအား ကျဉ်း မြောင်းနည်းပါးစေတော်မူ၏၊ အရှင်မြတ်သည် အရာဝထ္ထုများကို အကြွင်းမဲ့သိတော်မူ၏။
Verse 13 — Surah Ash-Shura 42:13
၁၃။ အလ္လာဟ်အရှင်မြတ်သည် သင့်အတွက် သတ်မှတ်တော်မူသောဘာသာတရားသည် ရှေ့အထက်ကျော်ကာလက တမန်တော်နူဟိုအား ပညတ်တောမူသောဘာသာတရားနှင့်ထပ်တူထပ်မျှဖြစ်၏၊ ထိုတရားတော်ကို သင့်ထံသို့ ငါဗျာဒိတ်တော်အားဖြင့် ထုတ်ပြန်ချပေးသနားတော်မူ၏၊ ထိုတရားတော်ကို အေဗရာဟမ်၊ မူစာစသည့်တမန် တော်တို့အားလည်း ချပေးသနားတော်မူခဲ့၏၊ ထိုတရားတော်သည်ကား သင်တို့သည် သမ္မာတရားတော်၌ တည်ကြည်ခိုင်မြဲ၍ တရားတော်ကို အစိတ်စိတ်အပိုင်းပိုင်းမပြုကြလင့်ဟူ၍ ဖြစ်၏၊ ဆင်းတုဝါဒီများအဖို့မှာ သင်တမန်တော်ခေါ်သောလမ်းသည် အလွန်ထိတ်လန့်ဖွယ်ရာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိသူ တို့အား ရွေးကောက်တော်မူ၏၊ အရှင်မြတ်သည် မိမိဘက်တော်သို့ လှည့်သူများအား မိမိအထံတော်သို့ ညွှန်ပြတော်မူ၏။
Verse 14 — Surah Ash-Shura 42:14
၁၄။ လူသားတို့သည် တရားအလင်းရောင်တော်ထွန်းလင်းလာမှသာလျှင် အချင်းချင်းကွဲပြားခြားနာခြင်းကို ပြုကြ၏၊ မနာလိုဝန်တိုမှုကြောင့် ထိုကဲ့သို့ကွဲပြားကြ၏၊ သတ်မှတ်ထားတော်မူသောအချိန်ကုန်သည့်တိုင်အောင် သူတို့အား ဆိုင်းင့ံထားတော်မူမည်ဟု သင်၏အသက်သခင်ကျေးဇူးရှင်ကြီးသည် ကတိသစ္စာပေးထားတော်မမူခဲ့ပါလျှင် သူတို့၏ ကွဲလွဲမှုများကို မှန်ကန်စွာဆုံးဖြတ်ပြီးမည်သာတည်း၊ သို့သော်သူတို့နောက်မှ တောင်ရသ်ကျမ်းတော် ကို အမွေရသူတို့သည် ထိုကျမ်းတော်ကို ယုံမှားသံသယဒွဟကြီးသူများဖြစ်ကြ၏။
Verse 15 — Surah Ash-Shura 42:15
၁၅။ သင်တမန်တော်သည် ယင်းအကြောင်းများကြောင့် သူတို့ကို တရားတော်ဘက်သို့ တိုက်တွန်းခေါ်ငင်လော့၊ ပညတ်တော်အတိုင်း တည်ကြည်ခိုင်မြဲစွာကျင့်လော့၊ သူတို့၏အလိုဆန္ဒသို့ မလိုက်သင့်၊ သို့သော်ဟောပြောလော့၊ ငါသည် အလ္လာဟ်အရှင်မြတ်ချပေးသနားတော်မူသောကျမ်းတော်မြတ်ကိုယုံကြည်၏၊ သင်တို့စပ်ကြား ချိန်ခွင်လျှာ ကဲ့သို့ မှန်ကန်စွာစီရင်ဆုံးဖြတ်ရန် ငါ့အား ပညတ်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် ငါတို့၏အရှင်သခင်၊ သင်တို့၏ အရှင်သခင်လည်း ဖြစ်တော်မူ၏၊ ငါတို့ပြုကျင့်မှု၏ အကျိုးဆက်သည် ငါတို့အဖို့အရာ၊ သင်တို့ ပြုကျင့်မူ၏ အကျိုးဆက်သည် သင်တို့အဖို့အရာသာဖြစ်၏၊ သို့ဖြစ်၍ ငါတို့နှင့် သင်တို့အငြင်းအခုံဖြစ်စရာ အကြောင်းမရှိချေ၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ငါတို့အားလုံးကို အတူတကွစုရုံးစေတော်မူလတ့ံ၊ အရှင် မြတ်အထံတော်သို့ ငါတို့သည် သွားနေကြရ၏။
Verse 16 — Surah Ash-Shura 42:16
၁၆။ အလ္လာဟ်အရှင်မြတ်အား ယုံကြည်ပြီးနောက် အရှင်မြတ်နှင့်စပ်လျဉ်း၍ အငြင်းအခုံပြုသောသူတို့မှာမူကား သူတို့၏ ငြင်းခုံမှုသည် အရှင်မြတ်၏ရှေ့မှောက်၌ အလဟဿဖြစ်၏၊ သူတို့ကို အလ္လာဟ်အရှင်မြတ်အမျက်ရှ တော်မူ၏၊ အလွန်ပြင်းထန်သောအပြစ်ဒဏ်တော်သည် သူတို့အဖို့ဖြစ်၏။
Verse 17 — Surah Ash-Shura 42:17
၁၇။ အလ္လာဟ်အရှင်မြတ်သည် ကျမ်းမြတ်ကုရ်အာန်ကို မုချဧကန်ချပေးသနားတော်မူ၏၊ ချိန်ခွင်လျှာကိုလည်း ချပေး သနားတော်မူ၏၊ တရားစီရင်တော်မူသောအချိန်ကာလ အလွန်နီးကပ်နေကောင်းနေလိမ့်မည်ဟု သင့်အား မည်သည်က နားလည်နိုင်စေမည်နည်း။
Verse 18 — Surah Ash-Shura 42:18
၁၈။ ထိုအချက်ကို မယုံကြည်သူတို့သာလျှင် ၎င်းအချိန်ကို အမြန်ကျရောက်စေလိုကြသည်၊ ယုံကြည်သူတို့မူကား ထိုအချိန်ကာလကို အလွန်ကြောက်လန့်၍ ထိုအချိန်အမှန်ကျရောက်မည်ကို သိကြ၏၊ မှတ်သားကြလော့၊ ထိုအချိန်နှင့်ပတ်သက်၍ ငြင်းခုံကြသူတို့သည် မုချဧကန်အမှားကြီးမှားကြ၏။
Verse 19 — Surah Ash-Shura 42:19
၁၉။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်တော်များကို သနားကြင်နာတော်မူ၏၊ အလိုတော်ရှိသူတို့အား စားနပ် ရိက္ခာစည်းစိမ်ဥစ္စာချပေးသနားတော်မူ၏၊ အရှင်မြတ်သည် ခွန်အားဗလကြီးမားတော်မူ၏၊ အနန္တတန်ခိုးတော် အရှင်ဖြစ်တော်မူ၏။
Verse 20 — Surah Ash-Shura 42:20
၂ဝ။ အကြင်သူသည် နောင်တမလွန်ဘဝ၏ အသီးအနှံများကို တပ်မက်မောအ့ံ၊ ထိုသူအတွက် ငါသည် ထိုအသီး အနှံများကို ဖွံ့ဖြိုးစေတော်မူမည်၊ အကြင်သူသည် လောကီစည်းစိမ်တည်းဟူသောအသီးအနှံများကို လိုလားအ့ံ၊ ငါသည် ထိုသူအား အသီးအနှံများကို ဖွံ့ဖြိုးစေတော်မူမည်၊ အကြင်သူသည် လောကီစည်းစိမ်တည်းဟူသော အသီးအနှံများကို လိုလားအ့ံ၊ ငါသည် ထိုသူအား ထိုအသီးအနှံများကို ပေးတော်မူမည်၊ သို့သော်ထိုသူမှာ နောင်ဘဝအသီးအနှံ၌ ဝေစုမရှိချေ။
Verse 21 — Surah Ash-Shura 42:21
၂၁။ အလ္လာဟ်အရှင်မြတ်သည် ပညတ်တော်မမူသည့်မိစ္ဆာအယူဝါဒကို ၎င်းတို့လိုက်နာကျင့်မူရန် အတည်ပြုထားသော ဘုရားတုများ သူတို့မှာ ရှိကြသလော၊ အကယ်၍ ငါသည် ထိုသူတို့ကို စစ်ကြောစီရင်တော်မူသောနေ့တော် ကြီးရောက်မှ ဆုံးဖြတ်စီရင်တော်မူမည်ဟူသောကတိဗျာဒိတ်တော်ကို ခတ်နှိပ်စီရင်ထားတော်မူပြီးမဟုတ်လျှင် ၎င်းတို့အလည်ကြား၌ တရားကို ဆုံးဖြတ်စီရင်တော်မူပြီးလတ့ံ၊ စင်စစ်မှာ မိစ္ဆာဒိဋ္ဌိတို့သည် အလွန်ပြင်းပြနာကျင် ဖွယ်သောအပြစ်ဒဏ်ကို ခံစားကြရလတ့ံ။
Verse 22 — Surah Ash-Shura 42:22
၂၂။ အို-တမန်တော်၊ အယူလွဲသူတို့သည် သူတို့ကျူးလွန်ခဲ့သောအကုသိုလ်မကောင်းမှု၏ အပြစ်ဒုက္ခကြောင့် ကြောက် ရွံ့တုန်လှုပ်နေသည်ကို သင်မြင်ရလတ့ံ၊ သူတို့ပြုကျင့်မှု၏ မကောင်းကျိုးသည် သူတို့အပေါ်သို့ မုချဧကန်ကျ ရောက်မည်၊ သို့သော်ယုံကြည်လျက် သုစရိုက်ကောင်းမှုကို ကျင့်သူတို့မှာကား အလွန်စိမ်းလန်းစိုပြေသောဥယျာဉ် တော်ကြီးထဲသို့ ဝင်ကြရလတ့ံ၊ သူတို့သည် မိမိတို့၏ အသက်သခင်ကျေးဇူးရှင်ကြီးထံတော်မှ မိမိတို့လိုသမျှ အရာအလုံးစုံကို ရရှိကြလတ့ံ၊ စင်စစ်အားဖြင့် ဤအောင်မြင်ခြင်းသည် အလွန်ထွဋ်မြတ်သည့်ကောင်းကြီးမင်္ဂလာ တော်ဖြစ်၏။
Verse 23 — Surah Ash-Shura 42:23
၂၃။ ၎င်းမင်္ဂလာတော်သည်ကား ယုံကြည်လျက် ကုသိုလ်ကောင်းမှုအားထုတ်သောကျေးတော်မျိုးကျွန်တော်မျိုးတို့ အတွက် အလ္လာဟ်အရှင်မြတ်ပြဋ္ဌာန်းထားတော်မူသောအောင်ဆုမင်္ဂလာတော်ဖြစ်၏၊ အို-တမန်တော်၊ ဟောပြော လော့၊ ဟယ်-သူမိုက်တို့၊ ငါသည် သင်တို့အား တရားဓမ္မဟောပြောသွန်သင်ရသည့်အတွက် အဖိုးအခမတောင်း ဆိုချေ၊ ဆွေမျိုးအချင်းချင်း ချင်ခင်ကြင်နာခြင်းကိုသာ ငါတောင်း၏၊ အမှန်မှာ အကြင်သူသည် ကောင်းမြတ်သော အကျင့်သီလကို ဖြည့်ကျင့်အ့ံ၊ ထိုသူအား ထိုအကျင့်သီလ၏ ကောင်းကျိုးများစွာ ငါပေးသနားတော်မူလတ့ံ၊ အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲအပြစ်လွှတ်တော်မူ၏၊ အကျိုးပြန်ဆပ်တော်မူ၏။
Verse 24 — Surah Ash-Shura 42:24
၂၄။ အို-တမန်တော်၊ ထိုမိစ္ဆာဒိဋ္ဌိတို့သည် သင့်အား အလ္လာဟ်အရှင်မြတ်အကြောင်းကို မဟုတ်မမှန်လုပ်ကြံသည်ဟု စွပ်စွဲသလော၊ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိခဲ့ပါလျှင် သင်၏ စိတ်နှလုံးကို ချိတ်တံဆိပ်ခတ်နှိပ်ထားနိုင်ခဲ့ လေ၏၊ ထို့အပြင်အရှင်မြတ်သည် အဟုတ်အမှန်မိစ္ဆာတရားကို ဖယ်ရှားပစ်တော်မူလတ့ံ၊ အရှင်မြတ်သည် သမ္မာတရားတော်ကို မိမိဗျာဒိတ်တော်အားဖြင့် တည်ထောင်တော်မူလတ့ံ၊ အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံး တို့တွင် ဖုံးကွယ်လျှို့ဝှက်ချက်ဟူသမျှတို့ကို အကြွင်းမဲ့သိတော်မူ၏။
Verse 25 — Surah Ash-Shura 42:25
၂၅။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များ၏ နောင်တသံဝေဂရခြင်းကို လက်ခံတော်မူ၏၊ အပြစ်များကို ခွင့်လွှတ်တော်မူ၏၊ သင်တို့ပြုသမျှအလုံးစုံကို အကြွင်းမဲ့သိတော်မူ၏။
Verse 26 — Surah Ash-Shura 42:26
၂၆။ ကုသိုလ်ကောင်းမှုပွားများသူတို့ကို နှစ်သက်တော်မူ၍ အရှင်မြတ်၏ အနန္တဆုမင်္ဂလာတော်မှ ကြီးပွားတိုးတက်ခြင်း ဆုမင်္ဂလာကို ပေးသနားတော်မူ၏၊ သို့သော်အယူမှားသူတို့အတွက်မူကား အလွန်ပြင်းပြကြောက်မက်ဖွယ်ကောင်း သောအပြစ်ဒဏ်ရှိ၏။
Verse 27 — Surah Ash-Shura 42:27
၂၇။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များအတွက် စားနပ်ရိက္ခာစည်းစိမ်ဥစ္စာများကို တိုးပွားကျယ် ဝန်းစေတော်မူခဲ့ပါလျှင် သူတို့သည် ကမ္ဘာတဝှမ်းလုံး၌ တရားကျုးလွန်၍ ဧကန်အမှန်သောင်းကျန်းခဲ့ကြလတ့ံ၊ သို့သော်အရှင်မြတ်သည် ကျေးဇူးတော်များကို ချင့်ချိန်တိုင်းဆသင့်လျော်ရုံမျှ အလိုတော်အတိုင်းချပေးသနားတော် မူ၏၊ အရှင်မြတ်သည် မိမိကျေးကျွန်တို့ကို အကြွင်းမဲ့သိတော်မူ၍ စောင့်ကြည့်နေတော်မူ၏။
Verse 28 — Surah Ash-Shura 42:28
၂၈။ အရှင်မြတ်သည် လူသားတို့ မိုးမြေကို မမျှော်လင့် လက်မှိုင်ချနေသောအခါ မိုးရွာသွန်းစေတော်မူ၍ ကောင်းကြီး မင်္ဂလာတော်ကို အနှံ့အပြားကြဲဖြန့်သနားတော်မူ၏၊ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာကွယ်စောင့်ရှောက် တော်မူသောအရှင်၊ ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူသောအရှင်တည်း။
Verse 29 — Surah Ash-Shura 42:29
၂၉။ အလ္လာဟ်အရှင်မြတ်၏ သာဓကတော်များအနက် အချို့သောသာဓကတော်များမှာ မိုးမြေကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်တွင် လှုပ်လှုပ်ရွရွသွားလာကြနေကုန်သောသက်ရှိသတ္တဝါတို့ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူ ခြင်းဖြစ်၏၊ အရှင်မြတ်သည် အလိုတော်ရှိသောသတ္တဝါတို့ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခြင်းဖြစ်၏၊ အရှင် မြတ်သည် အလိုတော်ရှိသောအခါ သတ္တဝါအပေါင်းတို့ကို စုဆောင်းခြင်းငှာပြုစွမ်းနိုင်တော်မူ၏။
Verse 30 — Surah Ash-Shura 42:30
၃ဝ။ သင်တို့ထံ ဆိုက်ရောက်လာသော ဘေးအန္တရာယ်တိုင်းသည် သင်တို့၏ လက်ဖြင့် ပြုကျင့်သောဒုစရိုက်မကောင်းမှု ၏ အကျိုးဆက်သာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ အပြစ်များအနက် များလှစွာသောအပြစ်များကို ခွင့်လွှတ်တော်မူ၏။
Verse 31 — Surah Ash-Shura 42:31
၃၁။ သင်တို့သည် မြေကြီးပေါ်တွင် ထွက်ပြေးနေခြင်းဖြင့် အရှင်မြတ်၏ အပြစ်ဒဏ်တော်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားကာကွယ်စောင့်ရှောက်သူမိတ်ဆွေသော်လည်းကောင်း၊ ကူညီ ထောက်ပ့ံသူသော်လည်းကောင်း၊ သင်တို့၌ မရှိချေ။
Verse 32 — Surah Ash-Shura 42:32
၃၂။ အလ္လာဟ်အရှင်မြတ်၏ သာဓကတော်များအနက် တစ်ပါးသောသာဓကတော်ကား သမုဒ္ဒရာပင်လယ်ကြားတွင် အောင်လံသဖွယ်ဖြစ်သောသင်္ဘောကြီးများဖြစ်ကြ၏။
Verse 33 — Surah Ash-Shura 42:33
၃၃။ အကယ်၍ အလိုတော်ရှိပါလျှင် အရှင်မြတ်သည် တိုက်ခတ်နေသောလေကို မလှုပ်မရှားငြိမ်နေစေတော်မူမည်၊ ထိုအခါသင်္ဘောများသည် သမုဒ္ဒရာပင်လယ်ကြော၌ မမျောနိုင်ပဲ တန့်ရပ်၍ နေလိမ့်မည်၊ စင်စစ်မှာ ဤအချက် များ၌ တန့်ရပ်၍ နေလိမ့်မည်၊ စစ်စစ်မှာဤအချက်များ၌ သည်းခံခြင်းတရားရှိသူနှင့် ကျေးဇူးတော်ကို ချီးမွမ်း သူတို့အဖို့အရာ သာဓတော်များပါရှိ၏။
Verse 34 — Surah Ash-Shura 42:34
၃၄။ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါလျှင် သင်္ဘောပါလူအားလုံးတို့ကို ၎င်းတို့ကျိုးလွန်အပ်သောအပြစ်၏ အကျိုးဆက်ကြောင့် ပျက်စီးဆုံးရှုံးစေတော်မူမည်၊ သို့သော်အရှင်မြတ်သည် မြောက်များစွာသောအပြစ်များကို ခွင့်လွှတ်တော်မူ၏။
Verse 35 — Surah Ash-Shura 42:35
၃၅။ ငါ၏ နှုတ်ကပတ်တော်များနှင့်စပ်လျဉ်း၍ ပျက်ရယ်ပြုသူတို့အား သူတို့သည် အပြစ်ဒဏ်တော်များမှ လွတ်မြောက် ရာလမ်းမရှိကြောင်းကို သိစေလော့။
Verse 36 — Surah Ash-Shura 42:36
၃၆။ အေ-လူသားတို့၊ သင်တို့အား ဤလောကတွင် ပေးသနားတော်မူသောဥစ္စာပစ္စည်းတို့သည် ဤမျက်မှောက် ဘဝ၌ ခေတ္တခဏမျှ သုံးစွဲရသောပစ္စည်းဝထ္ထုများဖြစ်၏၊ သို့သော်အလ္လာဟ်အရှင်မြတ်အထံတော်၌ရှိသော အောင် ဆုမင်္ဂလာတော်မှာကား မိမိအရှင်သခင်အား ယုံကြည်ကိုးစားသူတို့အဖို့အရာဖြစ်၏။
Verse 37 — Surah Ash-Shura 42:37
၃၇။ ထိုသူတို့သည် ကြီးလေးသောအပြစ်များနှင့် ရှက်ဖွယ်သောအပြုအမူတို့မှ ရှောင်ကြဉ်ကြ၏၊ အမျက်ဒေါသထွက် သော်လည်း သူတပါး၏ အပြစ်ကို လွှတ်ကြ၏။
Verse 38 — Surah Ash-Shura 42:38
၃၈။ ထိုသူတို့သည် မိမိတို့၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ ဗျာဒိတ်တော်ကို ရိုသေစွာနာယူကြ၏၊ ပညတ်တော် မူသောအရှင့်ဝတ်ကို အစဉ်မပြတ်ပြုကြ၏၊ မိမိတို့အမှုအခင်းများကို အချင်းချင်းတိုင်ပင်နှီးနှောပြီးလျှင် ဆောင်ရွက် ကြ၏၊ ငါအရှင်မြတ်ချပေးသနားတော်မူသောအရာဝထ္ထုများမှ အလှုပေးကမ်းကြ၏။
Verse 39 — Surah Ash-Shura 42:39
၃၉။ ထို့အပြင် ထိုသူတော်ကောင်းတို့သည် မိမိတို့အား မတရားညှင်းပန်းနှိပ်စက်သောအခါ ခေါင်းငုံ့မခံပဲ မိမိကို်ယ်ကို ကာကွယ်ကြ၏။
Verse 40 — Surah Ash-Shura 42:40
၄ဝ။ မိမိနာကျင်ဆုံးရှုံးသည်နှင့်ညီမျှသောနာကျင်မှုဖြင့် လက်စားချေခွင့်ရှိ၏၊ သို့သော်လူတစ်ဦးတစ်ယောက်သည် သူတပါး၏ အပြစ်ကို လွှတ်၍ ထိုသူနှင့်သင့်မြတ်အောင် စေ့စပ်လျှင် အပြစ်လွှတ်သူသည် အလ္လာဟ်အရှင်မြတ် အထံတော်မှ အောင်ဆုမင်္ဂလာတော်ရလတ့ံ၊ အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုကို ပြုကျင့်သူတို့အား နှစ်သက်တော်မမူချေ။
Verse 41 — Surah Ash-Shura 42:41
၄၁။ သို့သော် အကြင်သူသည် မိမိအား သူတပါးမတရားနှိပ်စက်ညှင်းပန်းခြင်းကို လက်စားချေအ့ံ၊ ထိုသူအပေါ်၌ အပြစ်မုချဧကန်မထိုက်ချေ။
Verse 42 — Surah Ash-Shura 42:42
၄၂။ အကြင်သူတို့သည် လူသားတို့ကို မတရားညှင်းပန်းနှိပ်စက်လျက် ကမ္ဘာမြေတဝှမ်းမတရားသောင်းကျန်းတော်လှန် ကြအ့ံ၊ ထိုသူများအပေါ်၌ အပြစ်ထိုက်၏၊ သူတို့အတွက် အလွန်ပြင်းပြနာကျယ်ဖွယ်သောအပြစ်ဒဏ်တော်ရှိ၏။
Verse 43 — Surah Ash-Shura 42:43
၄၃။ သို့သော် အကြင်သူသည် သည်းခံခြင်းတရားရှိ၍ သူတပါး၏ အပြစ်ကို လွှတ်အ့ံ၊ ထိုသူသည် မိမိကိစ္စအဝဝကို ရဲရင့်တည်ကြည်စွာဆောင်ရွက်သူဖြစ်၏။
Verse 44 — Surah Ash-Shura 42:44
၄၄။ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ ပစ်ထားတော်မူအ့ံ၊ ထိုသူအား အရှင်မြတ်မှတပါး ကာကွယ်စောင့်ရှောက်မည့်အဆွေခင်ပွန်းမရှိချေ၊ အေ-တမန်တော်၊ ဒုစရိုက်ကောင်များသည် ငရဲမီးကို မျက်ဝါး ထင်ထင်မြင်ရသောအခါ အချင်းတို့ ငါတို့သည် လောကဓာတ်သို့ ပြန်ဖို့ရာ လမ်းစလမ်းနတစ်ခုခုရှိသလောဟု သင်မြင်ရလတ့ံ။
Verse 45 — Surah Ash-Shura 42:45
၄၅။ ထိုသူတို့ကို ငရဲသို့ ယူဆောင်လာသောအခါ သူတို့သည် အရှက်တကွဲအောက်ကျနောက်ကျဖြစ်၍ စိတ်ညှိုးငယ် နိမ့်ကျပြီးလျှင် ခေါင်းငိုက်စိုက်နှင့် ခိုးကြောင်ခိုးဝှက်ကြည့်သည်ကိုသာ သင်တွေ့မြင်ရလတ့ံ၊ ထိုအခါယုံကြည်သူ အပေါင်းသူတော်ကောင်းတို့က တရားစီရင်တော်မူသောနေ့တော်ကြီး၌ မိမိတို့ကိုသော်လည်းကောင်း၊ မိမိတို့ သားမယားအိမ်သူအိမ်သားအပေါင်းတို့ကိုသော်လည်းကောင်း၊ ငရဲမီးထဲသို့ ရောက်အောင် ပြုကျင့်သူများသည် မုချဧကန်ပျက်စီးဆုံးရှုံးခြင်းသို့ ဆိုက်ရောက်ကြရချေ၏၊ ဒုစရိုက်မကောင်းမှုကို ပွားများသူတို့သည် ဧကန်အမှန် ထာဝရငရဲတွင် ခံစားနေထိုင်ကြရချေ၏ဟု ဆိုကြလတ့ံ။
Verse 46 — Surah Ash-Shura 42:46
၄၆။ ထိုသူတို့မှာ အလ္လာဟ်အရှင်မြတ်မှတပါး အခြားကူညီစောင်မမည့်မိတ်ဆွေများမရှိချေ၊ အကြင်သူအား အလ္လာဟ် အရှင်မြတ်သည် လမ်းမှား၌ ပစ်ထားအ့ံ၊ ထိုသူအတွက် လမ်းမရှိချေ။
Verse 47 — Surah Ash-Shura 42:47
၄၇။ အို-ကြားနာရသူအပေါင်းတို့၊ လွှဲရှောင်၍မရသော နေ့တော်ကြီးမရောက်မီ သင်တို့သည် မိမိတို့၏ အသက် သခင်ကျေးဇူးရှင်ကြီး၏ ဗျာဒိတ်နှုတ်ကပတ်တော်ကို လိုက်နာကြလော့၊ ထိုနေ့တော်ကြီး၌ သင်တို့အတွက် ခိုလှုံဖို့ရာနေရာမရှိချေ။
Verse 48 — Surah Ash-Shura 42:48
၄၈။ အို-တမန်တော်၊ ထိုအယူမှားသူတို့သည် တရားတော်ကို မနှစ်သက်ကြလျှင် ငါသည် သင့်အား သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ရာ စေလွှတ်တော်မမူချေ၊ သင်၏ ဝတ္တရားမှာမူကား တရားတော်ကို ရှင်းလင်းဟောပြော ရန်သာတည်း၊ ငါသည် လူသားအား ငါ၏ ကောင်းကြီးမင်္ဂလာတော်ကို မြည်းစေသောအခါ သူသည် အထူး ရွှင်မြူး၏၊ သို့သော် ထိုသူသည် မိမိတင်ကြိုပို့ထားနှင့်သောပြုကျင့်မှုကြောင့် ဘေးအန္တရာယ်ထိသောအခါ လူသားသည် ကျေးဇူးကန်းသူအမှန်ဖြစ်၏။
Verse 49 — Surah Ash-Shura 42:49
၄၉။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို စိုးပိုင်တော်မူ၏၊ အရှင်မြတ်သည် မိမိအလိုတော် ရှိရာကို ဖန်ဆင်းတော်မူ၏၊ သားရတနာပေးသနားတော်မူလိုသောသူအား သားပေးသနားတော်မူ၏၊ သမီးရတနာ လိုတော်မူသောသူအား သမီးပေးသနားတော်မူ၏။
Verse 50 — Surah Ash-Shura 42:50
၅ဝ။ သို့မဟုတ် အရှင်မြတ်သည် သားများသမီးများနှစ်မျိုးစလုံးပေးသနားတော်မူ၏၊ ထို့အပြင်အရှင်မြတ်သည် အမြံုဖြစ်စေလိုတော်မူသောသူကို အမြံုဖြစ်စေတော်မူ၏၊ အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတ ဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။
Verse 51 — Surah Ash-Shura 42:51
၅၁။ လူသားသည် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ကို လူသားအား ၎င်း၏ စိတ်နှလုံးတွင် ထင်ရှားစေခြင်းဖြင့် သော်လည်းကောင်း၊ အကာအကွယ်အတွင်းမှ မိန့်တော်မူခြင်းဖြင့်သော်လည်းကောင်း၊ ကောင်းကင်တမန်စေလွှတ် ခြင်းဖြင့်သော်လည်းကောင်း ထုတ်ပြန်မိန့်ဆိုတော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အတိုင်း ထက်အလွန်မြင့်မြတ်တော်မူ၏၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။
Verse 52 — Surah Ash-Shura 42:52
၅၂။ ဤနည်းအတိုင်း ငါသည် သင်၏စိတ်နှလုံးတွင် ထင်ရှားစေခြင်းအားဖြင့် သင်တမန်တော်ထံသို့ ငါ၏ ဗျာဒိတ်တော် ကို ချပေးသနားတော်မူ၏၊ ဗျာဒိတ်တော်ကို မရမီ သင်သည် ကျမ်းတော်မည်သည်ဖြစ်သည်ကို မသိချေ၊ ယုံကြည်ခြင်းမည်သည်ဖြစ်သည်ကိုလည်း မသိချေ၊ သို့သော်ငါသည် ကျမ်းမြတ်ကုရ်အာန်ကို ထွန်းလင်းတောက်ပ သောအလင်းရောင်ကြီးဖြစ်စေတော်မူ၏၊ ထိုအဆုံးအမကျမ်းတော်ကြီးအားဖြင့် ငါသည် အလိုတော်ရှိသော ကျေးကျွန်အား လမ်းကို ပြသတော်မူ၏၊ သင်တမန်တော်သည် လမ်းမှန်ကို ညွှန်ပြသူအမှန်ဖြစ်၏။
Verse 53 — Surah Ash-Shura 42:53
၅၃။ သင်တမန်တော်သည် မိုးကောင်းကင်နှင့် ကောင်းကင်တန်ဆာကမ္ဘာမြေကြီးနှင့် မြေကြီးတန်ဆာအလုံးစုံကို စိုးပိုင်တော်မူသောအလ္လာဟ်အရှင်မြတ်၏ လမ်းတော်ကို ပြသ၏၊ နောက်ဆုံးစွန်၌ အရာခပ်သိမ်းကုန်အပေါင်း တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ ရောက်ကြရမည်မဟုတ်လော။