Back to Languages

Burmese - Chapter 53 - An-Najm

Translation by Ba Sein — Permalink

Verse 1 — Surah An-Najm 53:1

၁။ အို-ကြားနာရသူအပေါင်းတို့၊ ဝင်သောကြယ်ကို ဆင်ခြင်အောက်မေ့လျက် ငါ၏ တန်ခိုးတော်ဂုဏ်တော်ကို သတိရကြလော့။

Verse 2 — Surah An-Najm 53:2

၂။ သင်တို့၏ အဆွေတော်သည် အယူလွဲသူမဟုတ်၊ အလိမ်ခံရသူလည်းမဟုတ်။

Verse 3 — Surah An-Najm 53:3

၃။ သူသည် မိမိစိတ်ထင်ရာကို ပြောဆိုသူလည်းမဟုတ်။

Verse 4 — Surah An-Najm 53:4

၄။ သူသည် မိမိစိတ်နှလုံးတွင် ထင်ရှားစေတော်မူသောဗျာဒိတ်တော်ကိုသာလျှင် ဟောကြား၏။

Verse 5 — Surah An-Najm 53:5

၅။ ထိုဗျာဒိတ်တော်သည် သူ့အား တန်ခိုးစွမ်းအားနှင့်ပြည့်စုံသောကောင်းကင်တမန်တော်တစ်ပါး သင်ကြားပေး၏။

Verse 6 — Surah An-Najm 53:6

၆။ ထိုကောင်းကင်တမန်သည် ခွန်အားဗလကြီး၍ မြင်လောက်အောင် ထင်ရှားစွာဖြစ်ပေါ်လာ၏။

Verse 7 — Surah An-Najm 53:7

၇။ ထိုအခါ ထိုကောင်းကင်တမန်သည် မြင့်လှစွာသောကောင်းကင်အခြေ၌ တည့်မတ်စွာရပ်တန့်၏။

Verse 8 — Surah An-Najm 53:8

၈။ ထို့နောက်ချဉ်းကပ်လာပြီးလျှင် အောက်သို့ သက်ဆင်းလာ၏။

Verse 9 — Surah An-Najm 53:9

၉။ ထိုအခါ တမန်တော်မိုဟမ္မဒ်နှင့် ကောင်းကင်တမန်သည် လေးတာနှစ်ပြန်ခန့်မျှသာကွာ၏၊ သို့မဟုတ် ထို့ထက် နီးကပ်၍ လာ၏။

Verse 10 — Surah An-Najm 53:10

၁ဝ။ ထို့အပြင် အရှင်မြတ်သည် မိမိ၏ကျေးကျွန်တော်အား မိမိထုတ်ပြန်တော်မူသောဗျာဒိတ်တော်များကို ချပေးတော် မူ၏။

Verse 11 — Surah An-Najm 53:11

၁၁။ တမန်တော်၏ စိတ်နှလုံးသည် ၎င်းတွေ့မြင်ရသည်တို့ကို မှားယွင်းစွာတွေ့မြင်ရသည်မဟုတ်ချေ။

Verse 12 — Surah An-Najm 53:12

၁၂။ သို့ပါလျက် သင်တို့သည် တမန်တော်တွေ့မြင်ရသည်တို့ကို ငြင်းခုံကြရမည်လော။

Verse 13 — Surah An-Najm 53:13

၁၃။ ထို့အပြင် တမန်တော်သည် ထိုကောင်းကင်တမန်တော်ကို နောက်ထပ်တဖန်အမှန်အကန်မြင်ရ၏။

Verse 14 — Surah An-Najm 53:14

၁၄။ အလွန်ဝေးကွာသောဆီးပင်ပျိုအနီး၌ ယင်းသို့တွေ့မြင်ရ၏။

Verse 15 — Surah An-Najm 53:15

၁၅။ ထိုဆီးပင်ပျို၏ အပါးတွင် နိဗ္ဗာန်ဗိမာန်ရှိ၏။

Verse 16 — Surah An-Najm 53:16

၁၆။ ထိုဆီးပင်ပျိုကို ဖုံးအုပ်သောအရာများက ဖုံးအုပ်သောအခါ။

Verse 17 — Surah An-Najm 53:17

၁၇။ တမန်တော်၏ မျက်စိအိန္ဒြေသည် တောင်မြောက်လေးပါးတိမ်းငဲ့၍လည်း မကြည့်၊ ရှေ့သို့ ကျူးလွန်၍လည်း မကြည့်ချေ။

Verse 18 — Surah An-Najm 53:18

၁၈။ ထိုအခါ တမန်တော်သည် မိမိအရှင်သခင်၏ ခမ်းနားကြီးကျယ်အ့ံဖွယ်သောတန်ခိုးနိမိတ်လက္ခဏာတော်များ အနက် လက္ခဏာတော်တစ်ပါးကို မျက်ဝါးထင်ထင်မုချဧကန်မြင်ရ၏။

Verse 19 — Surah An-Najm 53:19

၁၉။ ဟယ်-မိစ္ဆာမိုက်တို့၊ သင်တို့လာဘ်နှင့် အွတ်ဇာဟုခေါ်သောဘုရားတို့အကြောင်းကို စဉ်းစားဆင်ခြင်ပြီးပြီလော။

Verse 20 — Surah An-Najm 53:20

၂ဝ။ ထို့အပြင် မနတ်ခေါ်တတိယမြောက်ဘုရားတုအကြောင်းကိုလည်း စဉ်းစားဆင်ခြင်ပြီးပြီလော။

Verse 21 — Surah An-Najm 53:21

၂၁။ သားယောက်ျားတို့သည် သင်တို့အဖို့ သမီးမိန်းမတို့သည် အရှင်မြတ်အဖို့ ဖြစ်သလော။

Verse 22 — Surah An-Najm 53:22

၂၂။ ယင်းကဲ့သို့ ဝေခြမ်းခြင်းသည် မုချဧကန်မတရားချေ။

Verse 23 — Surah An-Najm 53:23

၂၃။ ဟယ်-မယုံကြည်သူတို့၊ ထိုဘုရားတုတို့၏ အမည်များမှာ သင်တို့နှင့် သင်တို့၏မိဘဘိုးဘွားတို့ပေးသောအမည် များသာတည်း၊ အလ္လာဟ်အရှင်မြတ်သည် ထို့အတူဘုရားတို့ကို အသိအမှတ်ပြုတော်မူကြောင်း ဗျာဒိတ်ပေးတော် မမူချေ၊ စင်စစ်အားဖြင့် ဤအယူမှားသူတို့သည် မိမိတို့ထင်မိထင်ရာယမ်းဆတွေးတောရာနှင့် မိမိအလိုရှိရာ တို့ကိုသာ ခဝပ်ကိုးကွယ်ကြ၏၊ ယခုမူကား သူတို့၏အရှင်သခင်ထံတော်မှ သူတို့ထံသို့ လမ်းညွှန်တော်ကျရောက် လာပြီ။

Verse 24 — Surah An-Najm 53:24

၂၄။ သို့မဟုတ် လူသားသည် မိ်မိတပ်မက်မောသောအရာကို ရရှိမည်လော။

Verse 25 — Surah An-Najm 53:25

၂၅။ သို့သော်အလ္လာဟ်အရှင်မြတ်သည် ဤဘဝ၊ နောင်ဘဝနှစ်ဘဝစလုံးကို စိုးပိုင်တော်မူ၏။

Verse 26 — Surah An-Najm 53:26

၂၆။ အထက်ကောင်းကင်ဘုံ၌ များစွာသောကောင်းကင်တမန်တို့ရှိကြ၏၊ သူတို့သည် ဝေနေယျသတ္တဝါအပေါင်းကို ငရဲမှ ကယ်နှုတ်ရန် တောင်းပြန်ကြ၏၊ ဤတောင်းပန်ခြင်းသည် တစ်စုံတစ်ရာအကျိုးပေးမည်မဟုတ်၊ သို့သော် အကြင်သူအား အလ္လာဟ်အရှင်မြတ်အလိုတော်ရှိ၍ တောင်းပန်ကယ်နှုတ်ခွင့်ကို ပေးသနားတော်မူအ့ံ၊ ထိုသူ၏ တောင်းပန်ကယ်နှုတ်ခြင်းကို လက်ခံတော်မူ၏။

Verse 27 — Surah An-Najm 53:27

၂၇။ မှတ်သားကြလော့၊ နောင်တမလွန်ဘဝကို မယုံကြည်သောသူတို့သာလျှင် ကောင်းကင်တမန်များအား မိန်းမတို့ အမည်ကို ပေးကြ၏။

Verse 28 — Surah An-Najm 53:28

၂၈။ အမှန်ဆိုသော် ထိုသူတို့သည် ကောင်းကင်တမန်များ၏ အကြောင်းကို တပ်ရာမသိချေ၊ စိတ်ထင်ရာကိုသာ ရမ်းဆပြောဆိုကြ၏၊ စင်စစ်မှာ ယင်းကဲ့သို့မှန်းဆပြောဆိုခြင်းသည် အဟုတ်အမှန်ကို အစားမထိုးနိုင်ချေ။

Verse 29 — Surah An-Najm 53:29

၂၉။ အို-မိုဟမ္မဒ်၊ ငါ့အား အာရုံမပြုလိုပဲ လောကီအာရုံကာမဂုဏ်ကိုသာ တပ်မက်မောသူကို စွန့်ခွာသွားလော့။

Verse 30 — Surah An-Najm 53:30

၃ဝ။ ထိုသူတို့၏ အသိပညာသည် ဤမျှလောက်သာ စောက်နက်၏၊ မှတ်သားလော့၊ သင်၏ အရှင်သခင်သည် လမ်းလွဲသွားသူကို ကောင်းစွာသိမြင်တော်မူ၏၊ လမ်းမှန်ကို လိုက်သူကိုလည်း ကျနစွာသိမြင်တော်မူ၏။

Verse 31 — Surah An-Najm 53:31

၃၁။ အထက်ကောင်းကင်ဘုံနှင့် အောက်မဟာပထဝီမြေကြီးပေါ်ဝယ် ရှိရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သည် စိုးပိုင် တော်မူ၏၊ အရှင်မြတ်သည် မကောင်းမှုကို ကျူးလွန်သူတို့အား မိမိတို့ကျုးလွန်မှုအလိုက် အပြစ်ပေးတော်မူ၏၊ ကောင်းမှုကို ပြုကျင့်သူတို့အား မိမိတို့ကောင်းမှုနှင့်အညီ ဆုပေးတော်မူ၏။

Verse 32 — Surah An-Najm 53:32

၃၂။ အကြင်သူတို့သည် ကြီးလေးသောအပြစ်များနှင့် စက်ဆုတ်ရွံရှာဖွယ်ဖြစ်သောရောဂဒေါသစသောအညစ်အကြေး များကို ရှောင်ကြဉ်လျက် သေးငယ်သောအပြစ်များကို မတော်တဆပြုမိကြအ့ံ၊ ထိုသူတို့အဖို့ သင်၏ အရှင် သခင်သည် ကြီးမားသောကောင်းကြီးမင်္ဂလာတော်အရှင်ဖြစ်တော်မူ၏၊ အို-လူသားအပေါင်းတို့၊ အရှင်မြတ်သည် သင်တို့ကို မြေဖြင့် ဖန်ဆင်းသောအခါနှင့် အမိဝမ်းတွင်း၌ ဖုံးကွယ်ထားသောအခါမှစ၍ သင်တို့၏ အဖြစ်အပျက် အလုံးစုံတို့ကို အကြွင်းမဲ့သိတော်မူ၏၊ သို့ဖြစ်၍ သင်တို့သည် မိမိကိုယ်ကို မိမိ အပြစ်ကင်းမဲ့သန့်ရှင်းသူများ ဟူ၍ မဆိုကြလင့်၊ အရှင်မြတ်သည် ဒုစရိုက်မကောင်းမှုကို ရှောင်ကြဉ်သူကို ကောင်းစွာသိတော်မူ၏။

Verse 33 — Surah An-Najm 53:33

၃၃။ အို-တမန်တော်၊ မျက်နှာလွှသွားသောသူကို သင်မြင်သလော။

Verse 34 — Surah An-Najm 53:34

၃၄။ ထိုသူသည် အနည်းငယ်သာ ပေးကမ်း၏၊ ထို့နောက်ငြိုငြင်၏။

Verse 35 — Surah An-Najm 53:35

၃၅။ ထိုသူ၌ မမြင်စွမ်းနိုင်သောအရာများကို သိနိုင်သောပညာရှိသလော၊ ထိုအရာများကို သူမြင်ရသလော။

Verse 36 — Surah An-Najm 53:36

၃၆။ ထိုသူသည် တမန်တော်မူစာအား ထုတ်ပြချပေးသနားတော်မူသောကျမ်းတော်ပါ အမင်္ဂလာသတင်းကို မကြား ရသေးဘူးလား။

Verse 37 — Surah An-Najm 53:37

၃၇။ ထို့အပြင်မိမိကြွေးကို ဆပ်သောတမန်တော်အေဗရာဟမ်အား ချပေးသနားတော်မူသောကျမ်းတော်ပါအကြောင်း အရာများကိုလည်း မကြားရသေးဘူးလော။

Verse 38 — Surah An-Najm 53:38

၃၈။ ထိုသတင်းကား မိမိဝန်ထုပ်ဝန်ပိုးကို ထမ်းရသောလူသားတို့သည် သူတပါး၏ အထုပ်အပိုးကို ထမ်းရွက်ရမည် မဟုတ်ကြောင်းဖြစ်၏။

Verse 39 — Surah An-Najm 53:39

၃၉။ ထို့အပြင်လူသားသည် မိမိကြိုးစားအားထုတ်ပြုကျင့်သည့်အတိုင်း အကျိုးအပြစ်ခံစားရမည့်အကြောင်းလည်း ဖြစ်၏။

Verse 40 — Surah An-Najm 53:40

၄ဝ။ ထို့အပြင်လူသားသည် မိမိကြိုးပမ်းမှု အကျိုးအပြစ်ကို မျက်ဝါးထင်ထင်မြင်ရမည့်အကြောင်းလည်းဖြစ်၏။

Verse 41 — Surah An-Najm 53:41

၄၁။ ထို့အပြင် လူသားအား မိမိပြုကျင့်မှု၏ အကျိုးအပြစ်ကို အပြည့်အစုံပေးမည့်အကြောင်းလည်းဖြစ်၏။

Verse 42 — Surah An-Najm 53:42

၄၂။ ထို့အပြင် သင်တမန်တော်၏ အရှင်သခင်သည် လူသားတို့၏ ခရီးဆုံးပန်းတိုင်ဖြစ်တော်မူကြောင်းလည်းဖြစ်၏။

Verse 43 — Surah An-Najm 53:43

၄၃။ ထို့အပြင်အရှင်မြတ်သည် လူသားတို့ကို ရယ်ရွှင်စေတော်မူသောအရှင်၊ ငိုကြွေးစေတော်မူသောအရှင်ဖြစ်တော် မူကြောင်းလည်းဖြစ်၏။

Verse 44 — Surah An-Najm 53:44

၄၄။ ထို့အပြင်အရှင်မြတ်သည် ဖြစ်ခြင်း၊ ပျက်ခြင်း၊ အသက်ရှည်ခြင်း၊ သေခြင်းတို့ကို စီရင်တော်မူသောအရှင်ဖြစ်တော် မူကြောင်းလည်းဖြစ်၏။

Verse 45 — Surah An-Najm 53:45

၄၅။ ထို့အပြင်အရှင်မြတ်သည် ဖိုမလင်မယားစုံတွဲကို ဖန်ဆင်းတော်မူကြောင်းလည်းဖြစ်၏။

Verse 46 — Surah An-Najm 53:46

၄၆။ ယင်းလင်မယားစုံတွဲကို ကကလရေကြည်မှ ဖန်ဆင်းတော်မူ၏၊ ထိုရေကြသည် အဘထံမှ ထွက်၍ အမိသားအိမ် တွင်းသို့ သက်ဝင်ရ၏။

Verse 47 — Surah An-Najm 53:47

၄၇။ ထို့အပြင်အှင်မြတ်သည် ဒုတိယအကြိမ်ဖန်ဆင်းဦးမည်ဟု ဗျာဒိတ်ပေးတော်မူကြောင်းလည်းဖြစ်၏။

Verse 48 — Surah An-Najm 53:48

၄၈။ ထို့အပြင်အရှင်မြတ်သည် ပေါများကြွယ်ဝခြင်းနှင့် ရောင့်ရဲတင်းတိမ်ခြင်းကို ပေးသနားတော်မူသောအရှင်ဖြစ်တော် မူကြောင်းလည်းဖြစ်၏။

Verse 49 — Surah An-Najm 53:49

၄၉။ ထို့အပြင်အရှင်မြတ်သည် ဆီရီရတ်(စ်)ခေါ် ကြယ်နက္ခတ်တာရာတို့၏ အရှင်သခင်ဖြစ်တော်မူကြောင်းလည်းဖြစ်၏။

Verse 50 — Surah An-Najm 53:50

၅ဝ။ ထို့အပြင်အရှင်မြတ်သည် ရှေးလူဟောင်းအားဒ်လူမျိုးကို ကွပ်မျက်ဖျက်ဆီးတော်မူကြောင်းလည်းဖြစ်၏။

Verse 51 — Surah An-Najm 53:51

၅၁။ ထို့အပြင်အရှင်မြတ်သည် စမုဒ်လူမျိုးကိုလည်း ချမ်းသာမပေး၊ ဖျက်ဆီးတော်မူကြောင်းလည်းဖြစ်၏။

Verse 52 — Surah An-Najm 53:52

၅၂။ ထို့အပြင်ရှေးလွန်လေပြီးသောကာလတွင် တမန်တော်နူဟို၏ လူတို့သည် လွန်စွာဆိုးယုတ်မတရားကျင့်၍ ထောင်ထားခြားနားခြင်းကြောင့် ပျက်စီးဆုံးရှုံးရကြောင်းလည်းဖြစ်၏။

Verse 53 — Surah An-Najm 53:53

၅၃။ ထို့အပြင်အရှင်မြတ်သည် မူတာဖီကာမြို့နယ် နယ်မြေတဝှမ်းကို ဖျက်ဆီးတော်မူကြောင်းလည်းဖြစ်၏။

Verse 54 — Surah An-Najm 53:54

၅၄။ ယင်းသို့ဖျက်ဆီးတော်မူခြင်းကြောင့် ထိုမြို့နယ်သည် ပပျောက်သွားလေ၏။

Verse 55 — Surah An-Najm 53:55

၅၅။ သို့ရှိရာ အို-လူသား၊ သင်သည် မိမိ၏ အရှင်သခင်၏ အနန္တကောင်းကြီးမင်္ဂလာတော်များအနက် မည်သည့် မင်္ဂလာတော်ကို ငြင်းပယ်မည်နည်း။

Verse 56 — Surah An-Najm 53:56

၅၆။ ဤတမန်တော်သည် သင်လူသားတို့အား သွန်သင်ဆုံးမသတိပေးရန် ပွင့်လာသောရှေးတမန်တော်အဆက်ဆက် တွင် တစ်ဦးဖြစ်၏။

Verse 57 — Surah An-Najm 53:57

၅၇။ သင်တို့အား ခြိမ်းခြောက်ထားသောအချိန်နာရီတော်ကြီးသည် နီးကပ်လာပြီ။

Verse 58 — Surah An-Najm 53:58

၅၈။ အလ္လာဟ်အရှင်မြတ်မှတပါး မည်သူမျှထိုအချိန်နာရီတော်ကြီးကို ဖော်ပြနိုင်သည်မဟုတ်ချေ။

Verse 59 — Surah An-Najm 53:59

၅၉။ သို့ဖြစ်၍ အို-လူသားအပေါင်းတို့၊ သင်တို့သည် ဤဗျာဒိတ်တော်ကို အ့ံသြကြသလော။

Verse 60 — Surah An-Najm 53:60

၆ဝ။ သင်တို့သည် မငိုကြွေးပဲလျက် ရယ်ရွှင်မြူးတူးကြသလော။

Verse 61 — Surah An-Najm 53:61

၆၁။ သင်တို့သည် ပျော်ရွှင်မြူးတူးလျက် နေကြမည်လော။

Verse 62 — Surah An-Najm 53:62

၆၂။ ယင်းသို့မပြုလုပ်ပဲ အလ္လာဟ်အရှင်မြတ်၏ ရှေ့မှောက်တော်၌ ဦးညွှတ်ချကြလော့၊ အရှင်မြတ်အား ခဝပ်ကိုးကွယ် ကြလော့။