Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Ba Sein — Permalink

Verse 1 — Surah Al-Hashr 59:1

၁။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ်ရှိရှိသမျှအရာခပ်သိမ်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ ဂုဏ်တော်ကို ချီးကျူးကြ၏၊ အကြောင်းမူကား အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ် တော်ရှင်ဖြစ်တော်မူ၏။

Verse 2 — Surah Al-Hashr 59:2

၂။ အလ္လာဟ်အရှင်မြတ်သည် ရှေးကျမ်းတော်ရရှိသူများအနက် မိစ္ဆာဒိဋ္ဌိတို့အား ပထမအကြိမ်သူတို့၏ အိုးအိမ်ဒေသမှ နှင်ထုတ်တော်မူ၏၊ အို-ယုံကြည်သူအပေါင်းတို့၊ ထိုသူယုတ်မာတို့ကို ယင်းကဲ့သို့ထွက်သွားလိမ့်မည်ဟု သင်တို့ စိတ်တွင် အနည်းငယ်မျှ မထင်ချေ၊ ထိုသူမိုက်တို့သည် မိမိတို့၏ ခိုင်ခန့်မြဲမြံသောမြို့ရိုးခံတပ်များက မိမိတို့ကို အလ္လာဟ်အရှင်မြတ်မှ ကာကွယ်လိမ့်မည်ဟု ယုံကြည်ကြ၏၊ သို့သော်အရှင်မြတ်သည် သူတို့မမျှော်လင့်သော နေရာမှ သူတို့ထံသို့ ရောက်လာတော်မူ၍ သူတို့၏စိတ်နှလုံးကို တုန်လှုပ်ချောက်ခြားစေတော်မူ၏၊ ထို့ကြောင့် သူတို့သည် မိမိတို့လက်ဖြင့်သော်လည်းကောင်း၊ ယုံကြည်သူတို့၏ လက်ဖြင့်သော်လည်းကောင်း၊ မိမိတို့အိုးအိမ် များကို အကုန်အစင်ဖျက်ဆီးလိုက်ကြ၏၊ အို-မျက်စိရှိသူအပေါင်းတို့၊ ဤအဖြစ်အပျက်မှ သင်ခန်းစာယူကြလော့။

Verse 3 — Surah Al-Hashr 59:3

၃။ အလ္လာဟ်အရှငု်မြတ်သည် အကယ်၍ထိုသူမိုက်တို့ကို မိမိတို့တိုင်းပြည်နိုင်ငံမှ နှင်ထုတ်ခြင်းဖြင့် ပညတ်တော် မမူလေလျှင် အရှင်မြတ်သည် ထိုမသူတော်တို့အား ဤပစ္စုပ္ပန်ဘဝ၌ ဧကန်အမှန်အပြစ်ဒဏ်တပ်ရိုက်စီရင်တော်မူ လေလတ့ံ၊ ထို့အပြင်နောင်တမလွန်ဘဝ၌လည်း သူတို့သည် ငရဲမီးဒဏ်ကို အမှန်အကန်ခံကြရလတ့ံ။

Verse 4 — Surah Al-Hashr 59:4

၄။ ယင်းကဲ့သို့အပြစ်ဒုက္ခရကြသည့်အကြောင်းမူကား သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော် ကို တော်လှန်ကြသောကြောင့်ဖြစ်၏၊ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို တော်လှန်အ့ံ၊ ထိုသူအား အရှင်မြတ်သည် မုချဧကန်ပြင်းပြစွာလက်စားချေတော်မူ၏။

Verse 5 — Surah Al-Hashr 59:5

၅။ အို-အယူမှန်သူအပေါင်းတို့၊ သင်တို့သည် အယူမှားသူမိစ္ဆာဒိဋ္ဌိတို့ပိုင်စွန်ပလွံဥယျာဉ်များကို ခုတ်လှဲဖျက်ဆီး ပစ်သော်လည်းကောင်း၊ မခုတ်မလှဲပကတိအတိုင်း ချန်ထားသော်လည်းကောင်း၊ မိမိတို့အလိုရှိရာပြုလုပ်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့်သာဖြစ်၏၊ ဒုစရိုက်ကောင်များကို အရှက်ခွဲစေခြင်းငှာ အရှင်မြတ်သည် ယင်းသို့စီရင်တော်မူ၏။

Verse 6 — Surah Al-Hashr 59:6

၆။ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်အား သူတို့ထံမှရသောသု့ံပစ္စည်းများကို ပေးသနားတော်မူ၏၊ ထိုပစ္စည်းများအတွက် သင်တို့သည် မြင်းတပ်(သို့မဟုတ်) ကုလားအုပ်တပ်နှင့် စစ်ချီတက် ခြင်းကို မပြုကြလင့်၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်အား နှိမ်နင်းလိုတော်မူသောသူတို့ကို လွှမ်းမိုးနှိမ်နင်းစေတော်မူ၏၊ အရှင်မြတ်သည် အရာခပ်သိမ်းကုန်ကို စီရင်ပြုစွမ်းနိုင်တော်မူ၏။

Verse 7 — Surah Al-Hashr 59:7

၇။ အလ္လာဟ်အရှင်မြတ်သည် အရေးရှုံးနိမ့်သောမြို့သူရွာသားတို့ထံမှ သိမ်းယူ၍ မိမိတမန်တော်အား ပေးသနားတော် မူသောသုံ့ဥစ္စာပစ္စည်းများသည်ကား အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ တမန်တော်၊ တမန်တော်၏ ဆွေမျိုး ရင်းချာ၊ မိဘမဲ့သူငယ်များ၊ သူဆင်းရဲနှင့် ခရီးသွားအာဂန္တုများ၏ အဖို့အရာဖြစ်၏၊ ထိုသုံ့ရပစ္စည်းများသည် သင်တို့အနက် ကုံလုံကြွယ်ဝသူတို့လက်တွင်းသို့ မရောက်စေရန်အလို့ငှာ ဤစစ်ဥပဒေသကို အရှင်မြတ်ပညတ် တော်မူ၏၊ သင်တို့သည် မိမိတို့အား တမန်တော်ပေးသမျှကိုသာ ယူကြလော့၊ တမန်တော်က မယူရန် တားမြစ် သောဥစ္စာပစ္စည်းများကို မမက်မောပဲ ဝေးစွာရှောင်ကြဉ်ကြလော့၊ အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ထမ်း ဆောင်ကြလော့၊ မုချဧကန်အရှင်မြတ်သည် အလွန်ပြင်းပြစွာလက်စားချေတော်မူ၏။

Verse 8 — Surah Al-Hashr 59:8

၈။ ထိုသုံ့ပစ္စည်းများအနက် အချို့အဝက်ကို သူဆင်းရဲမိုဟာဂျီရ်သင်္ဃာတော်တို့အဖို့အရာဖြစ်၏၊ (မိုဟာဂျီရ်မှာ အစ္စလာမ်သာသနာတော်ကြီးကို ယုံကြည်ခြင်းကြောင့် မိမိစည်းစိမ်ဥစ္စာများကို စွန့်ပစ်လျက် မက္ကာဟ်ရွှေမြို့တော် ကြီးမှ မဒီနာရွှေမြို့တော်သို့ ထွက်ပြေးလာရောက်နေထိုင်ရသူဒုက္ခသည်များဖြစ်ကြ၏)။ ထိုသင်္ဃာတော်တို့သည် မိစ္စာဒိဋ္ဌိတို့နှင်ထုတ်ခြင်းခံရ၏၊ ထို့ကြောင့်မိမိတို့အိုးအိမ်စည်းစိမ်ဥစ္စာများကို စွန့်လွှတ်၍ မဒီနာမြို့တော်သို့ ထွက်ပြေးလာရောက်နေထိုင်ရရှာလေ၏၊ ထိုသင်္ဃာတော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာ တော်နှင့် နှစ်သက်တော်မူုခြင်းရတနာတို့ကိုသာလျှင် ရှာမှီးကြ၏၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန် တော်ကို ထောက်ပ့ံကူညီစောင်မသူများဖြစ်ကြ၏၊ ထို့ကြောင့်သူတို့သည် ယင်းသို့နှင်ထုတ်ခံရရှာကြ၏၊ စင်စစ် အားဖြင့် ထိုသူတို့သည် သစ္စာသမာဓိရှိသောသူတော်ကောင်းတို့ဖြစ်ကြ၏။

Verse 9 — Surah Al-Hashr 59:9

၉။ သို့သော်ထိုမိုဟာဂျီရ်တို့ပြောင်းရွှေ့မလာမီ မဒီနာမြို့တွင် အိမ်ရာဆောက်လုပ်နေထိုင်ပြီးလျှင် အစ္စလာမ်သာသနာ တော်ကြီးကို သက်ဝင်ယုံကြည်ကြသူတို့သည် မိမိတို့ထံ လာရောက်ခိုလှုံကြသောမက္ကာဟ််မြို့သူမြို့သားတို့ကို ချစ်ခင်ကြင်နာစွာဆက်ဆံပေါင်းသင်းကြ၏၊ ထိုမိုဟာဂျီရ်တို့အား ပေးသနားတော်မူသောဥစ္စာပစ္စည်းများကို မက်မောတပ်မက်ခြင်းလုံးဝမရှိချေ၊ မိမိတို့ဆင်းရဲကြငြားသော်လည်း မက္ကာဟ်ရွှေမြို့တော်မှ ထွက်ပြေးတိမ်းရှောင် လာသောယုံကြည်သူဒုက္ခသည်တို့အား မိမိတို့ထက် ဦးစားပေးကြ၏၊ အကြင်သူတို့သည် လောဘရမ္မက်ဇောမှ လွတ်မြောက်အ့ံ၊ ထိုသူတို့သည် အောင်မြင်သူများဖြစ်ကြ၏။

Verse 10 — Surah Al-Hashr 59:10

၁ဝ။ ထို့အပြင် မိုဟာဂျီရ်သူတော်ကောင်းတို့နောက်မှ သာသနာတော်ကြီးအတွင်းဝင်သူတို့က အို-အကျွနု်ပ်တို့၏ အရှင်သခင်၊ အကျွနု်ပ်တို့နှင့် အကျွနု်ပ်တို့အလျင် အစ္စလာမ်သာသနာတော်ကြီးအတွင်းဝင်သူ နောင်တော်ကြီး တို့ကို အပြစ်မှ ခွင့်လွှတ်တော်မူပါ၊ ထို့အပြင်အကျွနု်ပ်တို့စိတ်နှလုံးအတွင်း၌ ယုံကြည်သူတို့အား မုန်းတီးခြင်း အညစ်အကြေးရှိစေတော်မမူပါလင့်၊ အို-အကျွနု်ပ်တို့၏ အရှင်သခင်၊ အရှင်သည် အတိုင်းထက်အလွန်သနား ကြင်နာတတ်သောအရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူပါ၏ဟု ဆုတောင်းကြကုန်၏။

Verse 11 — Surah Al-Hashr 59:11

၁၁။ အို-တမန်တော်၊ ယုံကြည်သူဟန်ဆောင်သောလျှာနှစ်ခွသမားတို့သည် ရှေးကျမ်းတော်ရရှိသူများအနက် မယုံ ကြည်သူညီသားအစ်ကိုတို့ကို အဘယ်သို့ပြောဆိုကြသည်ကို သင်မသိမမြင်သလော၊ ထိုသူယုတ်မာတို့ပြောဆို ကြသည်မှာ အချင်းတို့၊ သင်တို့ကို မိမိနေရာမှ နှင်ထုတ်သော်၊ အကျွနု်ပ်တို့သည် သင်တို့နှင့်အတူတကွ ထွက်သွားကြပါအ့ံ၊ သင်တို့နှင့်ဆန့်ကျင်ဘက်ပြုသူတို့စကားကို အကျွနု်ပ်တို့နာခံမည်မဟုတ်၊ သင်တို့ကို စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ပါလျှင်၊ အကျွနု်ပ်တို့သည် သင်တို့ဘက်က ကူညီတိုက်ခိုက်ပါမည်၊ သို့သော်ထိုသူမိုက်တို့သည် မဟုတ်မမှန်ပြောဆိုသောမုသားကောင်များဖြစ်ကြောင်းကို အလ္လာဟ်အရှင်မြတ်သည် သက်သေဖြစ်တော်မူ၏။

Verse 12 — Surah Al-Hashr 59:12

၁၂။ အကြောင်းမူကား မယုံကြည်သူတို့ကို မိမိတို့နေထိုင်ထိုင်ခင်းမှ နှင်ထုတ်သော် ထိုလျှာနှစ်ခွလူလိမ်တို့သည် ထိုသူနှင့်အတူတကွ လိုက်ပါသွားမည်မဟုတ်၊ သူတို့ကို တိုက်ခိုက်သော် ထိုလူညာတို့သည် သူတို့ဘက်က ဝင်ရောက်တိုက်ခိုက်မည်မဟုတ်၊ ထို့အပြင်ထိုလူလိမ်တို့သည် ကူညီရိုင်းပင်းပါလျှင် ရန်သူတို့နှင့် ရင်ဆိုင်ရသော အခါ သူတို့သည် ကျောခိုင်းလျက် ထွက်ပြေးကြလတ့ံ၊ ထို့ကြောင့်မိစ္ဆာဒိဋ္ဌိတို့သည် အောင်မြင်ကြမည်မဟုတ်ချေ။

Verse 13 — Surah Al-Hashr 59:13

၁၃။ အို-ယုံကြည်သူအပေါင်းတို့၊ အမှန်မှာ ထိုလျှာနှစ်ခွလူလိမ်လူကောက်တို့စိတ်နှလုံးအတွင်းတွင် သင်တို့ကို အလ္လာဟ်အရှင်မြတ်ထက် ပိုမိုထိတ်လန့်ကြောက်ရွံ့ကြ၏၊ ယင်းသို့ဖြစ်ရခြင်းအကြောင်းမူကား သူတို့တွင် အသိ ဉာာဏ်ကင်းမဲ့သောကြောင့်တည်း။

Verse 14 — Surah Al-Hashr 59:14

၁၄။ ထိုသူယုတ်မာတို့သည် မိမိတို့ကြံဖော်ကြံဘက်အားလုံးကို စုရုံးပေါင်းစည်းမိငြားသော်လည်း၊ ခိုင်ခန့်စွာပြုလုပ် ထားသောမြို့ရိုးခံတပ်နှင့် တံတိုင်းအဆီးအကာအတွင်းမှတပါး အခြားနေရာများမှ သင်တို့ကို စစ်ဆိုင်ပြိုင် တိုက်ခိုက်ကြမည်မဟုတ်ချေ၊ သူတို့သည် မိမိတို့အချင်းချင်းပဋိပက္ခခိုက်ရန်ဒေါသဖြစ်ရန်သာလျှင် စိတ်ထက်သန် ကြ၏၊ သူတို့သည် အချင်းချင်းစည်းလုံးညီညွတ်သည်ဟု သင်တို့ထင်မှတ်ကြ၏၊ သို့သော်အမှန်မှာ မညီမညွတ် စိတ်နှလုံးကွဲပြားကြ၏၊ ယင်းသို့ဖြစ်ရခြင်းမှာ သူတို့တွင် ဉာာဏ်ပညာခေါင်းပါးခြင်းကြောင့် ဖြစ်သည်။

Verse 15 — Surah Al-Hashr 59:15

၁၅။ ထိုသူယုတ်မာတို့သည် မိမိတို့ထက် ကာလအနည်းငယ်မျှရှေးကျသောသူမိုက်တို့ကဲ့သို့ မိမိတို့ပြုကျင့်မှု၏ ဒုက္ခ အကျိုးကို ဤပစ္စုပ္ပန်ဘဝတွင် ခံစားရပြီ၊ နောင်တမလွန်ဘဝ၌လည်း သူတို့အတွက် အလွန်ပြင်းပြသောအပြစ် ဒဏ်တော်သည် အသင့်ရှိလတ့ံ။

Verse 16 — Surah Al-Hashr 59:16

၁၆။ ရှိုင်တန်မာရ်နတ်က လူသားအား မယုံကြည်ဖို့ရာ ဖျားယောင်းသွေးဆောင်သကဲ့သို့ ယုံကြည်ဟန်ဆောင်သူတို့ လည်း လှည့်ဖြားကြ၏၊ သို့သော်လူသားက မယုံကြည်ဟုဆိုသောအခါ ရှိုင်တန်မာရ်နတ်က အချင်းလူသား၊ ငါသည် သင်၏ ဆိုးသွမ်းသောအပြုအမူနှင့်မည်သို့မျှမသက်ဆိုင်ချေ၊ ငါသည် အနန္တစကြာစဠာတို့၏ အရှင်သခင် အား ကြောက်ရွံ့၏ဟု ဆို၏။

Verse 17 — Surah Al-Hashr 59:17

၁၇။ နောက်ဆုံးစွန်ဘဝတွင် ဖျားယောင်းသူနှင့် ဖျားယောင်းခံရသူနှစ်ဦးစလုံးပင်လျှင် အဝီစိငရဲမီးထဲသို့ ကျရောက် ကြရလတ့ံ၊ ထိုငရဲတွင် သူတို့သည် အစဉ်အမြဲနေကြရလတ့ံ၊ ဤသည်သာလျှင် အကုသိုလ်မကောင်းမှုများကို ပြုကျင့်သူတို့၏ အကျိုးတည်း။

Verse 18 — Surah Al-Hashr 59:18

၁၈။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မိမိတို့၏ အရှင်သခင်၏ အမှုတော်ကို ထမ်းဆောင်ကြလော့၊ ဝိညာဉ်တိုင်းသည် မိမိတို့အတွက် နောင်တမလွန်ဘဝသို့ မည်သည့်ကျင့်မှုများကို တင်ကြိုပို့ထားနှင့်သည်ကိုလည်း စစ်ဆေးကြည့်ကြလော့၊ အရှင်မြတ်အား သင်တို့ပြုအပ်သောဝတ်ကို စောင့်ထိန်းကြလော့၊ မှတ်သားကြလော့၊ အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှတို့ကို အကြွင်းမဲ့သိတော်မူ၏။

Verse 19 — Surah Al-Hashr 59:19

၁၉။ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို သတိမရမေ့လျော့နေသောသူတို့ကဲ့သို့ မဖြစ်ကြစေလင့်၊ အရှင်မြတ်သည် ထိုသူတို့အား မိမိတို့၏ ဝိညာဉ်များကို မေ့လျော့စေတော်မူ၏၊ ထိုသူတို့သည် မကောင်းမှုကို ကျင့်ကြံသူများ ဖြစ်ကြ၏။

Verse 20 — Surah Al-Hashr 59:20

၂ဝ။ အဝီစိငရဲမီးကို ပိုင်ဆိုင်သူတို့နှင့် နိဗ္ဗာန်ဥယျာဉ်တော်ကို ပိုင်ဆိုင်သူတို့မတူညီနိုင်ချေ၊ နိဗ္ဗာန်ဥယျာဉ်ရှင်တို့သည်သာ အောင်မြင်သူများဖြစ်ကြ၏။

Verse 21 — Surah Al-Hashr 59:21

၂၁။ ငါသည် ဤကျမ်းမြတ်ကုရ်အာန်ကို တောင်တစ်ခုခုပေါ်တွင် ပစ်တင်ထားတော်မူခဲ့လျှင်၊ အကယ်စင်စစ်ထိုတောင် သည် အလ္လာဟ်အား ကြောက်ရွံ့တုန်လှုပ်ခြင်းကြောင့် နှိမ့်ချသဘောဖြင့် ဝပ်စင်း၍ အစိတ်စိတ်အမွှာမွှာဖြစ်သွား သည်ကို သင်တမန်တော်မျက်ဝါးထင်ထင်မြင်ခဲ့ရလတ့ံ၊ ငါသည် ဤဥပမာများကို လူသားတို့ဆင်ခြင်စဉ်းစား ဖို့ရာ ဆောင်တော်မူ၏။

Verse 22 — Surah Al-Hashr 59:22

၂၂။ အရှင်မြတ်သည် အလ္လာဟ်ဖြစ်တော်မူ၏၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ အရှင်မြတ်သည် မြင်ရသောအရာ၊ မမြင်ရသောအရာ၊ ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိတော်မူ၏၊ မဟာကရုဏာတော်အရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။

Verse 23 — Surah Al-Hashr 59:23

၂၃။ အရှင်မြတ်သည် အလ္လာဟ်ဖြစ်တော်မူ၏၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ အရှင်မြတ်သည် အချုပ်အခြာအာဏာပိုင်သတော်မူသောအရှင်၊ သန့်ရှင်းစုံလင်တော်မူထသောအရှင်၊ ငြိမ်သက်ခြင်းနှင့်စုံလင်ခြင်း တို့ရပ်တည်ရာဖြစ်တော်မူထသောအရှင်၊ ယုံကြည်ခြင်းနှင့် လုံခြံုခြင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်တော်မူထသော အရှင်၊ အနန္တဘုန်းတန်ခိုးတော်သခင်၊ အံမတုနိုင်သောအရှင်၊ အတိုင်းထက်အလွန်ကြီးကဲမြင့်မြတ်တော်မူထသော အရှင်ဖြစ်တော်မူထ၏၊ အလ္လာဟ်အရှင်မြတ်သည် သူတို့တွဲဖက်သောဘုရားများထက်ကြီးကြယ်မြင့်မြတ်သော ဂုဏ်ကျက်သရေရှင်ဖြစ်တော်မူ၏။

Verse 24 — Surah Al-Hashr 59:24

၂၄။ အရှင်မြတ်သည် အလ္လာဟ်၊ ဖန်ဆင်းသူအရှင်၊ နတ္တိမှ ပုံသဏ္ဍာန်ဖော်သူအရှင်၊ အဆင်းအရောင်စီရင်သူအရှင် ဖြစ်တော်မူ၏၊ အရှင်မြတ်၏ နာမတော်များသည် အတိုင်းထက်အလွန်တင့်တယ်လှပ၏၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ဝယ် ရှိသမျှတို့သည် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ရင့်ကျုးကြ၏၊ အရှင်မြတ်သည် အနန္တ တန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။