Verse 1 — Surah Al-Mumtahanah 60:1
၁။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ငါ၏ရန်သူနှင့်သော်လည်းကောင်း၊ သင်တို့၏ ရန်သူနှင့်သော် လည်းကောင်း၊ မိတ်မဖွဲ့ကြလင့်၊ သင်တို့၏ အရှင်သခင် အလ္လာဟ်အရှင်မြတ်အား ယုံကြည်သောကြောင့် တမန်တော်နှင့် သင်တို့ကို နှင်ထုတ်သောသူများအား သူတို့သည် သင်တို့ထံသို့ ကျရောက်လာသောတရားတော် ကို မယုံကြည်ပဲလျက် သင်တို့မိတ်ဖွဲ့ကြသလော၊ သင်တို့သည် ငါ၏လမ်းတော်၌ ကြိုးစားအားထုတ်ရန်နှင့် ငါ၏ နှစ်သက်တော်မူခြင်းကို ရှာမီးရန် ထွက်လာခဲ့ကြလျှင်၊ သူတို့နှင့်မိတ်မဖွဲ့ကြလင့်၊ လျှို့ဝှက်ထားသော အရာနှင့် ဖွင့်ပြောသောအရာများကို ငါအသိဆုံး ဖြစ်တော်မူလျက် သင်တို့သည် သူတို့နှင့် တိတ်တဆိတ်ပေါင်းသင်း ဆက်ဆြံကသလော၊ သင်တို့အနက် အကြင်သူသည် ယင်းသြိ့ုပုအံ၊့ ထိုသူသည် လမ်းမှန်မှ အမှန်ပင် တိမ်း စောင်း သွားပြီ။
Verse 2 — Surah Al-Mumtahanah 60:2
၂။ ထိုမိစ္ဆာဒိဋ္ဌိတို့သည် သင်တို့ထက်အရေးသာလျှင် သူတို့သည် သင်တို့၏ရန်သူဖြစ်ကြလတံ့၊ မကောင်းသောရည်ရွယ်ချက်ဖြင့် သင်တို့အား လက်ဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း၊ သိကြ၏၊ သူတို့သည် သင်တို့မယုံကြည်ဖို့ကို လိုလားကြ၏။
Verse 3 — Surah Al-Mumtahanah 60:3
၃။ ပြန်ရှင်ရသောနေ့တော်ကြီး၌ သင်တို့၏ ဆွေမျိုးသားချင်းများနှင့် သားသမီးတို့က သင်တို့အား ကယ်နှုတ်နိုင်မည် မဟုတ်၊ အရှင်မြတ်သည် သင်တို့အား ခွဲတော်မူလတံ့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှကို အကြွင်းမဲ့မြင်တော်မူ၏။
Verse 4 — Surah Al-Mumtahanah 60:4
၄။ အို-ယုံကြည်သူအပေါင်းတို့၊ တမန်တော်အေဗရာဟမ် ထိုတမန်တော်နှင့်အတူ ရှိနေကြသောသာဝကတို့သည် မိမိတို့အမျိုးသားတို့အား ဟယ်-အချင်းတို့၊ သင်တို့နှင့်သော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့ ကိုးကွယ်သည့်ဘုရားတုများနှင့်သော်လည်းကောင်း၊ ငါတို့သည် ကောင်းစွာကင်းရှင်းကြ၏၊ ငါတို့သည် သင်တို့ ကို စွန့်လွှတ်ပစ်ကြပြီး၊ သင်တို့သည် တစ်ပါးတည်းအထီးထီးတည်ရှိတော်မူသောအလ္လာဟ်အရှင်မြတ်ကို မယုံကြည်သမျှကာလပတ်လုံး သင်နှင့်ငါတို့ အလယ်ကြားတွင် အစဉ်ထာဝရမုန်း ထားရန်ငြိုးရှိလတံဟု ြွမက်ဆြိုက၏၊ ထို့ကြောင့်ထိုတမန်တော်နှင့် သူ၏ သာဝကတို့သည် သင်တို့အတွက် အလွန်တင့်တယ်သော စံနမူနာဖြစ်ကြ၏၊ သို့သော်တမန်တော် အေဗရာဟမ်က မိမိခမည်းတော်အား အို-ခမည်းတော်၊ အကျွနု်ပ်သည် ခမည်းတော်အတွက် အလ္လာဟ်ထံမှ မည်သည်မှမရသော်လည်း ခမည်းတော်အား အပြစ်လွှတ်တော်မူရန် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းပါအံ့ဟု ပြောဆိုသောအခါ တမန်တော်အေဗရာဟမ်သည် သင်တို့၏ စံနမူနာမဟုတ်ချေ၊ သူနှင့် သူ၏ သာဝကတို့ဆုတောင်းကြသည်မှာ အို-အကျွနု်ပ်တို့၏ အရှင်သခင်၊ အရှင်အားသာလျှင် အကျွနု်ပ်တို့ ကိုးစားကြပါ၏၊ အရှင်၏ ကြီးသောသံဝေဂနှင့် အရှင်ဘက်တော်သို့ လှည့်ကြပါ၏၊ အရှင်အထံတော်သို့သာ ခရီးရှိပါ၏။
Verse 5 — Surah Al-Mumtahanah 60:5
၅။ အို-အကျွနု်ပ်တို့၏ အရှင်သခင်၊ အကျွနု်ပ်တို့အား မယုံကြည်သူတို့၏ ဖိစီး နှိပ်စက်စရာဖြစ်စေတော်မမူပါလင့်၊ အကျွနု်ပ်တို့ကို အပြစ်လွှတ်တော်မူပါ၊ အရှင်သည် မုချဧကန်အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူပါ၏။
Verse 6 — Surah Al-Mumtahanah 60:6
၆။ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို အားကိုးသောသင်တို့အတုယူ ဖို့ရာ တမန်တော်အေဗရာဟမ်နှင့် ၄င်း၏ သာဝကတို့သည် အလွန်မွန်မြတ်တင့်တယ်သောစံနမူနာဖြစ်၏၊ သို့သော်သင်တို့အနက် တစ်ဦးဦးသည် ထိုစံနမူနာကို မလိုက်နာ၊ ကျောပေးသွားလျှင် မှတ်သားကြလော့၊ စင်စစ်အားဖြင့်အလ္လာဟ်အရှင်မြတ်သည် ကုံလုံပြည့်စုံတော်မူ၏၊ လိုအပ်ရမက်ကင်းရှင်းတော်မူ၏၊ အံ့ချီးမဆုံး ဖြစ်တော်မူ၏။
Verse 7 — Surah Al-Mumtahanah 60:7
၇။ အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့် သင်တို့၏ ရန်သူတို့စပ်ကြားတွင် အချင်းချင်းချစ်ခင်ကြင်နာ၊ မေတ္တာ စိတ်ဓာတ်သည် ပေးသနားတော်မူကောင်း ပေးသနားတော်မူလတံ့၊ အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်ရှင်၊ အဖန်တလဲလဲအပြစ်လွှတ်တော်မူသောအရှင်၊ မဟာကရုဏာတော်ရှင်ဖြစ်တော်မူ၏။
Verse 8 — Surah Al-Mumtahanah 60:8
၈။ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့ကို သာသနာ့အရေးကြောင့် စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကိုသော်လည်းကောင်း၊ မိမိတို့အိုးအိမ်စည်းစိမ်မှ နှင်ထုတ်ခြင်းကိုသော်လည်းကောင်း မကျူးလွန်မပြစ်မှားသောမိစ္ဆာဒိဋ္ဌိတို့နှင့် တရားသဖြင့်ခင်မင်ရင်းနှီးစွာမဆက်ဆံမပေါင်းဖော်ရဟု ပညတ်တော် မမူချေ၊ အလ္လာဟ်အရှင်မြတ်သည် တရားမျှတသူတို့အား မြတ်နိုးတော်မူ၏။
Verse 9 — Surah Al-Mumtahanah 60:9
၉။ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့ကို သာသနာ့အရေးကြောင့် စစ်ထိုး သောသူကို လည်းကောင်း၊ မိမိတို့အား အိမ်နေရာမှ နှင်ထုတ်သူကို လည်းကောင်း၊ ထိုနှင်ထုတ်ခြင်းကို ကူညီအားပေးသောသူကိုလည်းကောင်း၊ ထိုသူတို့ကိုသာလျှင် မိတ်မဖွဲ့ရန် ပညတ်တော်မူ၏၊ ထိုမိစ္ဆာဒိဋ္ဌိတို့နှင့် မိတ်ဖွဲ့သောသူတို့သည် ဒုစရိုက်မှုကျုးလွန်သူများဖြစ်ကြ၏။
Verse 10 — Surah Al-Mumtahanah 60:10
၁၀။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့ထံသို့ ယုံကြည်သူမိန်းမတို့သည် ခိုလှုံရန် ထွက်ပြေးလာသောခါ သူတို့၏ ယုံကြည်မှုကို စမ်းသပ်ကြည့်ရှုကြလော့၊ အလ္လာဟ်အရှင်မြတ်မူကား သူတို့၏ ယုံကြည်မှုကို ကောင်းစွာသိတော်မူ၏၊ ယင်းသို့စမ်းသပ်ကြည့်ရှုရာ သူတို့သည် ယုံကြည်သူအစစ်အမှန်ဖြစ်ကြောင်းကို သိကြလျှင် သူတို့ကို မယြံုကည်သူတို့ ထံသို့့ ပြန်မလွှတ်ကုန်လင့်၊ ထိုမိန်းမတို့သည် မယုံကြည်သူ ယောကျ်ားတို့နှင့် တရားသဖြင့် မထိုက်ချေ၊ ထိုမိန်းမတို့အတွက်လည်း အယူလွဲသူယောကျာ်းတို့သည် တရားဝင်သောလင်ယောကျာ်းမဟုတ်ချေ၊ သို့သော် မယုံကြည်သူ လင်ယောကျာ်းတို့အား ထိုမိန်းမတို့သို့ သူတို့ပေးပြီးသော ခန်းဝင်ပစ္စည်းများကို ပြန်ပေးလော့၊ ထိုမိန်းမတို့အား ခန်းဝင်ပစ္စည်းများပေးပြီးလျှင် သင်တို့သည် သူတို့ကို ထိမ်းမြားလက်ထပ်သော်၊ သင်တို့အပေါ်၌ အပြစ်မထိုက်ချေ၊ သို့သော် အယူလွဲသူမိန်းမတို့နှင့် ဆက်လက်၍ မပေါင်းဖော်ကြလင့်၊ သူတို့အပေါ်တွင် သင်တို့ ပေးပြီးသောခန်းဝင်ပစ္စည်းများကို ပြန်တောင်းလော့၊ မယုံကြည်သူယောကျာ်းတို့အားလည်း သင်တို့ထံ ပြေးလာ သောယုံကြည်သူမိန်းမတို့အပေါ်တွင် ထိုယောကျာ်းတို့ တင်သော ခန်းဝင်ပစ္စည်းများကို ပြန်တောင်းစေလော့၊ ဤပညတ်သည် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းတော်မူသော လင်ခန်းမယားခန်း ဓမ္မသတ်တော်တည်း၊ အလ္လာဟ် အရှင်မြတ်သည် သင်တို့၏ အလယ်ကြားတွင် တရားကို မှန်ကန်စွာဆုံးဖြတ်စီရင်တော်မူ၏၊ စင်စစ်မှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိမြင်တော်မူသောသဗ္ဗညုတ ဉာဏ်တော်ရှင်ဖြစ်တော်မူ၏။
Verse 11 — Surah Al-Mumtahanah 60:11
၁၁။ သင်တို့မိန်းမများအနက် တစ်စုံတစ်ယောက်သောမိန်းမသည် မိစ္ဆာဒိဋ္ဌိထံသို့ ထွက်ပြေးသွား၏၊ ထိုမိန်းမအစား အခြားမိန်းမတစ်ယောက်ကို မယုံကြည်သူတို့ထံမှ ရရှိ၏၊ ထိုအခါလင်ယောကျာ်းတို့အား ထိုထွက်ပြေးသော မိန်းမတို့ကို ပေးသောခန်းဝင်ပစ္စည်း၏ တန်ဖိုးနှင့်ထပ်တူထပ်မျှပြန်ပေးကြလော့၊ သင်တို့သည် မိမိတို့သက်ဝင် ယုံကြည်သောအလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ကြလော့။
Verse 12 — Surah Al-Mumtahanah 60:12
၁၂။ အို-တမန်တော်၊ ယုံကြည်သူမိန်းမတို့သည် မဖောက်မပြန်အမှုတော်ကို ထမ်းရွက်ပါမည်ဟု သစ္စာခံကြရန် သင့်ထံသို့ လာရောက်လျှင် အောက်ပါအချက်များကို ၄င်းတို့ထံမှ ပဋိညာဉ်ယူပြီးသောအခါ ၄င်းတို့အား သစ္စာခံစေလော့၊ ယူရမည့်သစ္စာစကားမှာ (၁)ကျွန်မတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တွဲဖက်၍ ဘုရားအမှတ်မကိုးကွယ်ပါ၊ (၂)သူတပါးဥစ္စာပစ္စည်းကို ခိုးဝှက်ယူငင်ခြင်းမပြုပါ၊ (၃)မိမိလင်ယောကျာ်းမဟုတ်သူနှင့်ပြစ်မှားမှုကို မပြုမကျင့်ပါ၊ (၃)မိမိ၏ ရင်သွေးရင်သားသူငယ်များကို သတ်ဖြတ်ခြင်းမပြုပါ၊ (၅)မဟုတ်မမှန် မုသားလုပ်ကြံပြီးလျှင် အတင်းမပြောခြင်းမပြုပါ၊ (၆)တရားတော်နှင့်ညီသောတမန်တော်၏ အမိန့်ဩဝါဒကို မဖီဆန်ပါဟူသော ခြောက်တန် ပဋိညာဉ်ခံကြမှသာလျှင် ထိုဝန်ခံချက်များကို ယူ၍ ထိုမိန်းမတို့၏ အပြစ်များကို လွှတ်တော်မူရန် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းလော့၊ အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲ အပြစ်လွှတ်တော်မူထသောအရှင်၊ မဟာကရုဏာတော်အရှင်ဖြစ်တော်မူ၏။
Verse 13 — Surah Al-Mumtahanah 60:13
၁၃။ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အကြင်အသင်းသားတို့အပေါ်၌ အမျက်တော်ရှအံ့၊ ထိုအသင်းသားတို့နှင့် ချစ်ခင်ကြင်နာစွာဆက်ဆံပေါင်းသင်းခြင်းကို သင်တို့အလျဉ်းမပြုကြလင့်၊ စင်စစ်အားဖြင့် ထိုမိစ္ဆာဒိဋ္ဌိများသည် နောင်တမလွန်ဘတွင် အကျိုးတစ်စုံတစ်ရာကိုမျှ မမျှော်လင့်နိုင်ပဲ စိတ်ပျက်ရှာရ၏၊ သူတို့၏ စိတ်ပျက်ခြင်းမှာ သချႋုင်းတွင်းရှိ သူသေတို့ပြန်မလာဟု မသူတော်တို့စိတ်ပျက်ခြင်းနှင့်တူ၏။