Back to Languages

Burmese - Chapter 63 - Al-Munafiqun

Translation by Ba Sein — Permalink

Verse 1 — Surah Al-Munafiqun 63:1

၁။ အို-တမန်တော်၊ သင့်ထံသို့ ယုံကြည်ဟန်ဆောင်သူများလာရောက်၍၊ သခင်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်အမှန်ဖြစ်ကြောင်းကိုလည်း အကျွနု်ပ်တို့သက်သေခံပါ၏ဟု ပြောကြ၏၊ အမှန်မှာ အလ္လာဟ်အရှင် မြတ်သည် သင်သည် အရှင်မြတ်၏ တမန်တော်ဧကန်ဖြစ်ကြောင်းကို သိတော်မူ၏၊ ထိုဟန်ဆောင်သောသူများ သည် မုသား စကားဆိုနေကြောင်းကို သက်သေခံတော်မူ၏။

Verse 2 — Surah Al-Munafiqun 63:2

၂။ ထိုသူယုတ်မာတို့သည် မိမိတို့၏ အယူဝါဒကို ဥပါယ်တမည်ပြုလုပ်ကြ၏၊ ဤကဲ့သို့သူတို့သည် လူသားတို့ကို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ လွှဲသွားစေကြ၏၊ သူတို့၏ အပြုအမူမှာ မုချဧကန်ညစ်ညမ်းဆိုးသွမ်း၏။

Verse 3 — Surah Al-Munafiqun 63:3

၃။ ယင်းကဲ့သို့ ယုတ်ညံ့ရခြင်းကား ထိုသူတို့သည် ယြံုကည်ကြ၏၊ တဖန် မယြုံကညြ်ကသောကြောင့်ဖြစ်၏၊ ထို့ကြောင့် သူတို့သည် အသိအလိမ္မာ မရှိရအောင် သူတို့၏ စိတ်နှလုံးကို အလ္လာဟ်အရှင်မြတ် တံဆိပ်ခတ်နှိပ်တော်မူလိုက်၏။

Verse 4 — Surah Al-Munafiqun 63:4

၄။ အို-တမန်တော်၊ ထိုသူမိုက်တို့ကို သင်မြင်ရသောအခါ သူတို့၏ ရုပ်ရူပ ကာယကို သင်နှစ်သက်၏၊ လူတို့စကား ပြောဆိုသောအခါ သင်သည် သူတို့စကားကို ကြားနာရ၏၊ သို့သော်သူတို့သည် ဘေးမထားရသောသစ်ခေါင်းပွ ကဲ့သို့ အနှစ်မ မရှိသောသူတို့ဖြစ်ကြ၏၊ သူတို့သည် ေြွကးကြော်အော်ဟစ်သံတိုင်းကို မိမိတို့ရန်သူ၏ အသံဟု ထင်မှတ်ကြ၏၊ သူတို့သည် သင်၏ ရန်သူများဖြစ်၏၊ သူတို့ကို ကြပ်ကြပ်သတိထားလော့၊ အလ္လာဟ်အရှင် မြတ်သည် သူတို့ကို မှောက်မှားစေတော်မူ၏၊ သူတို့သည် အယူလွဲသူများဖြစ်ကြ၏။

Verse 5 — Surah Al-Munafiqun 63:5

၅။ တဖန်သူတို့အား အချင်းတို့၊ တမန်တော်ထံသို့ လာကြလော့၊ အလ္လာဟ်၏ တမန်တော်သည် သင်တို့အတွက် အပြစ်လွှတ်ဆုကို တောင်းမည်ဟု ပြောသောအခါ သူတို့သည် မျက်နှာလွှဲသွားကြ၏၊ သူတို့သည် မာန်တက် ြွကားခြင်းနှင့် ကျောခိုင်းသွားသည်ကို သင်တမန်တော်မြင်ရ၏။

Verse 6 — Surah Al-Munafiqun 63:6

၆။ သင်သည် ထိုသူတို့အတွက် အပြစ်လွှတ်ဆုကို တောင်းသည်ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ၊ အလ္လာဟ်အရှင် မြတ်သည် သူတို့ကို အပြစ်လွှတ်တော်မူမည်မဟုတ်၊ စင်စစ်မှာ အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်ကောင်တို့ကို လမ်းညွှန်တော်မမူချေ။

Verse 7 — Surah Al-Munafiqun 63:7

၇။ ထိုသူယုတ်မာတို့သည် အချင်းတို့၊ တမန်တော်သခင်၏ အပါးတွင် နေထိုင်ကုန်သောသူတို့အတွက် မသုံးစွဲကြ လင့်၊ သို့မှသာလျှင် ထိုသူတို့သည် သင်တို့ထံမှ တကွဲတပြားစီထွက်သွားကြလိမ့်မည်ဟု အချင်းချင်းပြောဆို၏၊ အမှန်မှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ဝယ်ရှိရှိသမျှဥစ္စာပစ္စည်းများသည် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာ တော်များဖြစ်ကြ၏၊ သို့သော်ယုံကြည်ဟန်ဆောင်သူတို့သည် မသိကြချေ။

Verse 8 — Surah Al-Munafiqun 63:8

၈။ ထို့အပြင်သူတို့က အကျွနု်ပ်တို့သည် အကယ်၍ မဒီနာမြို့သို့ ပြန်ရောက်ကြလျှင် အားရှိသူတို့က အားသေးသူ တို့ကို မကြာမီအမှန်ပင် နှင်ထုတ်ကြမည်ဟု ဆိုကြ၏၊ အမှန်မှာ ဘုန်းတန်ခိုးအာဏာကို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ တမန်တော်နှင့် ယုံကြည်သူတို့သာ ပိုင်ဆိုင်ကြ၏၊ သို့သော်ယုံကြည်ဟန်ဆောင်သူတို့သည် မသိကြချေ။

Verse 9 — Surah Al-Munafiqun 63:9

၉။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့၏ စည်းစိမ်ဥစ္စာတို့ကသော်လည်းကောင်း၊ သားသမီးတို့ကသော်လည်းကောင်း၊ သင်တို့ကို အရှင်မြတ်အား အာရုံပြုခြင်းမှ မလေလွင့်စေလင့်၊ ယင်းကဲ့သို့ပြုသော သူတို့သည် ဆုံးရှုံးသူ များဖြစ်ကြ၏။

Verse 10 — Surah Al-Munafiqun 63:10

၁၀။ သင်တို့အနက် မည်သူတစ်စုံတစ်ယောက်ထံသို့မဆို သေဘေးဆိုက် ရောက်မလာမီအလျင် တင်ကူး၍ ငါပေးသနား တော်မူသော စည်းစိမ်ဥစ္စာများအထဲမှ သုံးကြလော့၊ ယင်းသို့မသုံးသူသည် သေဘေးဆိုက်ရောက်လာသောအခါ အို-အကျွနု်ပ်၏ အရှင်သခင်၊ အကယ်၍အရှင်သည် အကျွနု်ပ်အား အချိန်အနည်း ငယ်မျှ ဆိုင်းထားတော်မူပါလျှင် အကျွနု်ပ်သည် အလှုဒါနပေးကမ်းပြီးလျှင် သူတော်ကောင်းတို့ဘောင်တွင် ပါဝင်ပါမည်ဟု ပန်ထွာ၏။

Verse 11 — Surah Al-Munafiqun 63:11

၁၁။ အမှန်မှာ ၄င်း၏ အချိန်စေ့သောအခါ မည်သည့်ဝိညာဉ်ကိုမှ အလ္လာဟ်သည် အချိန်အနည်းငယ်မျှပိုမိုပေးတော် မမူချေ၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်မှုများကို လုံးဝဥဿံုသိတော်မူ၏။