Back to Languages

Burmese - Chapter 68 - Al-Qalam

Translation by Ba Sein — Permalink

Verse 1 — Surah Al-Qalam 68:1

၁။ နူး(န်)၊ ကလောင်တံနှင့် လူသားတို့ရေးမှတ်သောစာစောင်တို့ကို ဆင်ခြင်၍ ငါ၏တန်ခိုးတော်ကို သတိရလော့။

Verse 2 — Surah Al-Qalam 68:2

၂။ အို-တမန်တော်၊ သင်၏ အရှင်သခင်၏ ကျေးဇူးတော်ကြောင့် သင်သည် ရူးသွပ်သူမဟုတ်ချေ။

Verse 3 — Surah Al-Qalam 68:3

၃။ ဧကန်အမှန်သင်မည့်ဆုမှာ မကုန်မခန်းနိုင်သောဆုတော်ဖြစ်၏။

Verse 4 — Surah Al-Qalam 68:4

၄။ ထို့အပြင် သင်၌ အလွန်မြင့်မြတ်သောစိတ်သဘောရှိ၏။

Verse 5 — Surah Al-Qalam 68:5

၅၊၆။ သင်တို့အနက် မည်သူရူးသွပ်သည်ကို သင်မြင်ရအံ့၊ သူတို့လည်း မြင်ရအံ့။

Verse 6 — Surah Al-Qalam 68:6

၅၊၆။ သင်တို့အနက် မည်သူရူးသွပ်သည်ကို သင်မြင်ရအံ့၊ သူတို့လည်း မြင်ရအံ့။

Verse 7 — Surah Al-Qalam 68:7

၇။ စင်စစ်အားဖြင့် သင်၏ အရှင်သခင်သည် သင်တို့အနက် မည်သူသည် အရှင်မြတ်၏ လမ်းတော်မှ လွဲသွားသည်ကို အသိဆုံးဖြစ်တော်မူ၏၊ မည်သူသည် လမ်းမှန်ကို လိုက်သည်ကိုလည်း အသိဆုံးပင်ဖြစ်တော်မူ၏။

Verse 8 — Surah Al-Qalam 68:8

၈။ တရားတော်ကို ငြင်းပယ်သူတို့အား မနာခံလင့်။

Verse 9 — Surah Al-Qalam 68:9

၉။ ထိုသူတို့သည် သင့်အား သူတို့အပေါ်တွင် လျှော့ပေးစေလို၏၊ ထိုအခါသူတို့လည်း သင့်အပေါ်တွင် လျှော့ပေးမည်။

Verse 10 — Surah Al-Qalam 68:10

၁၀။ သင်သည် မဟုတ်မမှန်ကျိန်ဆိုရန် ဝန်မလေးသောသူဖျင်း၏ စကားကို နားမထောင်လင့်။

Verse 11 — Surah Al-Qalam 68:11

၁၁။ ထိုသူမိုက်သည် သူတပါး၏ ဂုဏ်အသရေကို ဆုတ်ယုတ်စေတတ်၏၊ အတင်းစကားကို အနှံ့အပြားပြောတတ်၏။

Verse 12 — Surah Al-Qalam 68:12

၁၂။ ထိုသူမိုက်သည် ကုသိုလ်ကောင်းမှုကို တားဆီး၏၊ တရားတော်ကို ကျူးလွန်၏၊ ရာဇဝတ်မှုပြုကျင့်၏။

Verse 13 — Surah Al-Qalam 68:13

၁၃။ ထိုသူမိုက်သည် လောဘကြီး၏၊ ကြမ်းကြုတ်ရက်စက်၏။

Verse 14 — Surah Al-Qalam 68:14

၁၄။ သားသမီးအေြွခအရံ ဥစ္စာပစ္စည်းရွှေငွေပေါများသောကြောင့်။

Verse 15 — Surah Al-Qalam 68:15

၁၅။ ထိုသူမိုက်သည် ငါ၏နှုတ်ကပတ်တော်များကို သူ့အား ရွတ်ဖတ်ပြသောအခါ ရှေးလူဟောင်းတို့၏ ဒဏ္ဍာရီပုံပြင် စကားများသာဟုဆို၏။

Verse 16 — Surah Al-Qalam 68:16

၁၆။ ထို့ကြောင့်ငါသည် သူ့အား နှာခေါင်းဖျား၌ တံဆိပ်ခတ်နှိပ်တော်မူလိမ့်မည်။

Verse 17 — Surah Al-Qalam 68:17

၁၇။ ငါသည် အထက်ကျော်ကာလက ဥယျာဉ်ရှင်များကို စုံစမ်းတော်မူသည့်နည်းအတိုင်း သူတို့ကို စမ်းသပ်တော်မူ၏၊ ထိုဥယျာဉ်ရှင်တို့သည် နံနက်မိုးသောက်ရောက်လတ်သော်၊ ထိုဥယျာဉ်မှ အသီးအနှံများကို မုချဧကန်ဆွတ်ခူး ယူအံ့ဟု အဓိဋ္ဌာန်ပြုကြ၏။

Verse 18 — Surah Al-Qalam 68:18

၁၈။ သို့သော် အရှင်မြတ်အလိုတော်ရှိပါလျှင် အနက်ရှိသော(အင်ရှာအလ္လာဟ်)ဟူသောဂါထာကို သူတို့ရွတ်ဖတ်ခြင်း မပြုကြချေ။

Verse 19 — Surah Al-Qalam 68:19

၁၉။ ထို့နောက် သူတို့အိပ်ပျော်နေစဉ် သူတို့၏ ဥယျာဉ်ပေါ်သို့ ပျက်စီးခြင်းဘေးဆိုက်ရောက်၏။

Verse 20 — Surah Al-Qalam 68:20

၂၀။ ထို့ကြောင့် နံနက်အာရုဏ်တက်သောအခါ ထိုဥယျာဉ်သည် အသီးအနှံများဆွတ်ခူးပြီးသကဲ့သို့ သွေ့ခြောက်လျက် ရှိ၏။

Verse 21 — Surah Al-Qalam 68:21

၂၁။ နံနက်မိုးသောက်ရောက်လတ်သောအခါ ထိုဥယျာဉ်ရှင်တို့သည် တစ်ဦးကို တစ်ဦး ဥယျာဉ်သို့သွားရန် ခေါ်ကြ၏။

Verse 22 — Surah Al-Qalam 68:22

၂၂။ အို- သားချင်းတိ့၊ု သငတ် သို့ ည် အကယ၍ ဥယျာဉ်၌် အသီးအနှံများကို ဆွတ်ခူးမည်ဖြစ်ကြပါလျှင် မိမိတို့ ဥယျာဉ်သို့ နံနက်စောစောသွားကြကုန်ဟု ဆိုကြ၏။

Verse 23 — Surah Al-Qalam 68:23

၂၃။ ထို့ကြောင့်သူတို့သည် ဥယျာဉ်သို့ ထွက်သွားကြ၏၊ လမ်းခရီး၌ အချင်းချင်းတီးတိုးစကား ဤသို့ပြောကြ၏။

Verse 24 — Surah Al-Qalam 68:24

၂၄။ သားချင်းတို့၊ ယနေ့ဥယျာဉ်ထဲတွင် သင်တို့ထံ တစ်စုံတစ်ယောက်သောအထီးကျန်မျှ မဝင်လာစေလင့်ဟုဆို၏။

Verse 25 — Surah Al-Qalam 68:25

၂၅။ စင်စစ်အားဖြင့် ထိုသူတို့သည် ထိုနေ့ကို မတရားညစ်ညူးသောအကြံအစည်အားဖြင့် စကြ၏။

Verse 26 — Surah Al-Qalam 68:26

၂၆။ သို့သော် ထိုသူတို့သည် ဥယျာဉ်ကို မြင်ရသောအခါ အကျွနု်ပ်တို့သည် မုချဧကန်လမ်းမှားလာပြီဟု ဆိုကြ၏။

Verse 27 — Surah Al-Qalam 68:27

၂၇။ ထို့နောက် သူတို့က ဧကန်အမှန်အကျွနု်ပ်တို့သည် မိမိတို့အားထုတ်ကြိုးပမ်းမှုအတွက် အကျိုးကျေးဇူးတစ်စုံ တစ်ရာမျှ မခံစားရချေဟု ညည်းညူမြည်တမ်းကြ၏။

Verse 28 — Surah Al-Qalam 68:28

၂၈။ သို့သော် သူတို့အထဲက အခြားသူများထက် ဖြောင့်မတ်သောသူက ပြောဆိုသည်မှာ သင်တို့သည် အလ္လာဟ် အရှင်မြတ်အား အဘယ်ကြောင့်မချီးကျူး မတသ သနည်းဟု ငါမပြောခဲ့ဘူးလော။

Verse 29 — Surah Al-Qalam 68:29

၂၉။ ထိုအခါသူတို့က အကျွနု်ပ်တို့၏ အရှင်သခင်သည် ဇာတိကပတိအားဖြင့် ကုံလုံမွန်မြတ် အံ့ချီးမဆုံးဖြစ်တော်မူပါ၏၊ အကျွနု်ပ်တို့မှာမူကား မကောင်းမှု ကျူးလွန်သူများ မုချဧကန်ဖြစ်ကြပြီဟု ဆိုကြ၏။

Verse 30 — Surah Al-Qalam 68:30

၃၀။ ထို့နောက်သူတို့သည် မိမိကိုယ်ကို မိမိအပြစ်တင်လျက် အချင်းချင်းချဉ်းကပ်ကြကုန်၏။

Verse 31 — Surah Al-Qalam 68:31

၃၁။ ထို့အပြင် သူတို့ညည်းညူမြည်တမ်းကြသည်မှာ ငါတို့ပျက်စီးကြပြီတကား၊ ငါတို့သည် တရားတော်ကို ကျူးကျော် သူများသာဖြစ်လေစွ။

Verse 32 — Surah Al-Qalam 68:32

၃၂။ တဖန်သူတို့ဆိုကြသည်မှာ အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်ကြီးသည် အကျွနု်ပ်တို့အား ဤဥယျာဉ်အစား ၄င်းထက်သာလွန်ကောင်း မြတ်သောဥယျာဉ်ကို ပေးကောင်း ပေးတော်မလူ တ၊ံ့ အကြောင်း မူကား အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ဆုတောင်းကြသောကြောင့်တည်း။

Verse 33 — Surah Al-Qalam 68:33

၃၃။ ငါ၏အပြစ်ဒဏ်တော်ကား ယင်းကဲ့သို့ပင်ဖြစ်၏၊ နောင်တမလွန်လဘဝ အပြစ်ဒဏ်တော်ကား ထိုထက်သာလွန် ပြင်းပြ၏၊ သူတို့သည် သိကြလျှင် ကောင်းလေစွ။

Verse 34 — Surah Al-Qalam 68:34

၃၄။ စင်စစ်အားဖြင့် အကုသိုလ်မကောင်းမှုကို ရှောင်ကြဉ်သောသူတို့အတွက် သူတို့၏ အရှင်သခင်အထံတော်၌ သုခဥယျာဉ်တော်များရှိကြ၏။

Verse 35 — Surah Al-Qalam 68:35

၃၅။ ထို့ကြောင့်ငါသည် ကျိုးနွံနာခံသူတို့အား မိစ္ဆာဒိဋ္ဌိကို စီရင်တော်မူသကဲ့သို့ စီရင်တော်မူမည်လော။

Verse 36 — Surah Al-Qalam 68:36

၃၆။ နင်တို့ဘာဖြစ်ကြသနည်း၊ နင်တို့အဘယ်မျှမိုက်မဲစွာဆုံးဖြတ်ကြသနည်း။

Verse 37 — Surah Al-Qalam 68:37

၃၇။ သို့တည်းမဟုတ် နင်တို့၌ နင်တို့သင်အံ့ဖို့ရာ ကျမ်းစာအုပ်ရှိကြသလော။

Verse 38 — Surah Al-Qalam 68:38

၃၈။ နင်တို့လိုသမျှကို နင်တို့အား ရစေမည့်ကျမ်းစာအုပ်ရှိသလား။

Verse 39 — Surah Al-Qalam 68:39

၃၉။ သို့တည်းမဟုတ် တရားဆုံးဖြတ်သောနေ့တော်ကြီးတိုင်အောင် နင်တို့လိုသမျှကို ရရှိစေမည်ဟူသော ပဋိညာဉ်ဝန်ခံ ချက်တော်ကို နင်တို့ငါတို့ထံမှ ရထားကြသလော။

Verse 40 — Surah Al-Qalam 68:40

၄၀။ အို-တမန်တော်၊ သူတို့အား သူတို့အနက် မည်သူသည် ထိုအချက်အလက်များမှန်ကန်ကြောင်း သက်သေခံမည် နည်းဟု မေးလော့။

Verse 41 — Surah Al-Qalam 68:41

၄၁။ သို့တည်းမဟုတ် သူတို့၌ အခြားဘုရားများရှိကြသလော၊ သူတို့အမှန်ကို ဆိုလျှင် သူတို့သည် မိမိတို့၏အခြား ဘုရားများကို ထုတ်စေကုန်။

Verse 42 — Surah Al-Qalam 68:42

၄၂။ တရားစီရင်တော်မူသည့် နေတော်ကြီးအမှန် ဆိုက်ရောက်လာသောအခါ အယူမှားသူအပေါင်းတို့အား ပြဝပ်ဦးညွှတ်ရန် မိန့်တော်မူလတံ့၊ သို့သော်သူတို့သည် ဦးမညွတ်နိုင်ကြချေ။

Verse 43 — Surah Al-Qalam 68:43

၄၃။ ထိုနေ့တော်ကြီး၌ သူတို့သည် မျက်လုံးအောက်စိုက်၊ ဦးခေါင်းငိုက်စိုက်ဖြစ်လျက် ဖျင်းသိမ်အောက်ကျသော အယုတ်တရားက သူတို့ကို မောတွေဝေစေလတံ့၊ ထိုအယူလဲသွ ူတ့သို ည် လောကဓာတ၌် မနာမကျင်ကျန်းမာ ချမ်းသာရှိနေစဉ်အခါ ဦးညွှတ်ချရန် အမိန့်ပေးခြင်းခံကြရ၏။

Verse 44 — Surah Al-Qalam 68:44

၄၄။ အို-တမန်တော်၊ ဤကျမ်းမြတ်ကုရ်အာန်တော်မြတ်ကို မဟုတ်မမှန်ဟု စွပ်စွဲသူတို့အား ငါနှင့်ပင် စွန့်လွှတ်၍ ထားလော့၊ ငါသည် သူတို့အား တဖြည်းဖြည်း အပြစ်ပေးစီရင်တော်မူမည်၊ သူတို့သည် ထိုအပြစ်ဒဏ်တော်များ အဘယ်နေရာက ကျရောက်လာသည်ကို အနည်းငယ်မျှမရိပ်မိကြချေ။

Verse 45 — Surah Al-Qalam 68:45

၄၅။ သို့ငြားသော်လည်း ငါသည် သူတို့ကို သည်းခံတော်မူ၏၊ အကြောင်းမူကား စင်စစ်အားဖြင့်ငါ၏ စီမံကိန်းသည်အလွန်ခိုင်ခန့်မြဲမြံ၏။

Verse 46 — Surah Al-Qalam 68:46

၄၆။ သို့တည်းမဟုတ်၊ အို-တမန်တော်၊ သင်သည် သူတို့ထံမှ အဖိုးအခတောင်းသောကြောင့် သူတို့ကို ယင်းအဖိုး အခက ကြီးလေးစွာဖိစီးထားသလော။

Verse 47 — Surah Al-Qalam 68:47

၄၇။ သို့တည်းမဟုတ် သူတို့တွင် မျက်စိမမြင်စွမ်းနိုင်သောအရာများကို သိစွမ်းနိုင်သည့်သတ္တိရှိသဖြင့် ထိုအကြောင်း အရာများကို ရေးထင်မှတ်သားထားကြသလော။

Verse 48 — Surah Al-Qalam 68:48

၄၈။ သို့သော်အေ-တမန်တော်၊ သင်သည် မိမိ၏ အရှင်သခင်၏ အမိန့်တော်ကို စောင့်စားနေလော့၊ သင်သည် ငါးတိရိစ္ဆာန်ကြီးအမျိုခံရ၍ စိုးရိမ်သောကပြင်းစွာဖြင့် မြည်တမ်းငိုေြွကးသောတမန်တော်ယူနွတ်စ်ကဲ့သို့ မဖြစ်စေလင့်။

Verse 49 — Surah Al-Qalam 68:49

၄၉။ ထိုတမန်တော်သည် မိမိ၏ အရှင်သခင်ထံမှ ကောင်းကြီးမင်္ဂလာတော်မသက်ရောက်ခဲ့ပါလျှင် သူသည် ဆိုးသွမ်းပျက်စီးသူဘဝနှင့် သဲသောင်ပြင်၌ စွန့်ပစ်ထားခြင်းကို မုချဧကန်ခံရလေလတံ့။

Verse 50 — Surah Al-Qalam 68:50

၅၀။ သို့သော် သူ၏အရှင်သခင်သည် သူ့ကို ရွေးချယ်တော်မူပြီးလျှင် တရားစောင့်စည်းသောသူမြတ်တို့ဘောင်တွင်သွတ်သွင်းတော်မူ၏။

Verse 51 — Surah Al-Qalam 68:51

၅၁။ အို-တမန်တော်၊ သူတို့သည် သတိပေးကျမ်းတော်မြတ်ကို ကြားနာရသောအခါ မယုံကြည်သောသူတို့သည်မိမိတို့မျက်စိအားဖြင့် သင့်အား စိတ်မတည်မငြိမ်ဖြစ်အောင် မုချဧကန်ပြုကြလတံ့၊ ထို့အပြင်သူတို့က ရှင်မုဟမ္မဒ်သည် ရူးသွပ်သူအမှန်အကန်ဖြစ်၏ဟု ဆိုကြလတံ့။

Verse 52 — Surah Al-Qalam 68:52

၅၂။ အမှန်ကိုဆိုသော် ကျမ်းမြတ်ကုရ်အာန်သည် အနန္တစကြာဝဠာတို့အဖို့ သတိပေးကျမ်းတော်မှတပါး အခြားတစ်စုံ တစ်ရာမျှမဟုတ်ချေ။