Verse 1 — Surah Al-Araf 7:1
၁။ အလစ်(ဖ်)၊ လာမ်၊ မီ(မ်)ဆွာဒ်။
Verse 2 — Surah Al-Araf 7:2
၂။ ဤကျမ်းတော်သည် သင် မိုဟမ္မဒ်အား ထုတ်ပြန်ချပေးသနားတော်မူသော ကုရ်အာန်ကျမ်းတော်မြတ် ဖြစ်၏။ ထိုကျမ်းမြတ်ကြောင့် သင်သည် ရင်မလေးလင့်။ ဤကျမ်းတော်အားဖြင့် သင်တရားဟော ကြား သတိပေးနိုင်ရန်ဖြစ်၏။ ဤကျမ်းတော်သည် ယုံကြည်သူတို့အား သတိပေးဆုံးမ သွန်သင်သော ကျမ်းဖြစ်၏။
Verse 3 — Surah Al-Araf 7:3
၃။ ဟယ်-အချင်းတို့ သင်တို့၏ကျေးဇူးတော်သခင်သည် သင်တို့ထံ ချပေးသနားတော်မူသောကျမ်းတော် ကို လိုက်နာကြလော့။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားစောင့်ရှောက်သူ အဆွေခင်ပွန်းများ နောက်သို့ မလိုက်ကြလင့်။ သင်တို့သည် အနည်းငယ်မျှ သတိမရကြပေ။
Verse 4 — Surah Al-Araf 7:4
၄။ ငါအသျှင်မြတ်သည် များလှစွာသော မြို့ရွာနယ်ပယ်တို့ကို ဖျက်ဆီးတော်မူပြီး ငါ၏အပြစ်ဒဏ်တော် သည် သူတို့အပေါ်သို့ ညဉ့်အခါသောလည်းကောင်း၊ နေ့အခါ သူတို့အိပ်နေစဉ်သော်လည်းကောင်း ဆိုက်ရောက်လာ၏။
Verse 5 — Surah Al-Araf 7:5
၅။ ငါ၏အပြစ်ဒဏ်တော်သည် သူတို့ထံသို့ကျရောက်လာသောခါ သူတို့တွင် ထုခြေချက်မရှိချေ။ အကျွနု်ပ်တို့သည် ပြစ်မှုကျူးလွန်သူများဖြစ်ပါ၏ဟုသာ ဝန်ခံကြရ၏။
Verse 6 — Surah Al-Araf 7:6
၆။ ထိုအခါ အကယ်စင်စစ် ငါသည် ငါ၏ကျမ်းတော်ရရှိသူတို့ကို စစ်ကြောတော်မူမည်။ ငါသည် တမန်တော်တို့ကို အမှန်ပင် စစ်ကြောတော်မူမည်။
Verse 7 — Surah Al-Araf 7:7
၇။ ထိုအခါ ငါသည် သူတို့အား ၎င်းတို့၏ပြုကျင့်မှုများကို သိတော်မူသည့်အတိုင်း မုချမိန့်တော်မူမည်။ အကြောင်းမူကား ငါသည် သူတို့ထံမှ ဝေးကွာ၍ ရှိတော်မမူပေ။
Verse 8 — Surah Al-Araf 7:8
၈။ ထိုနေ့တော်ကြီး၌ ချိန်တွယ်ခြင်းသည် အလွန်မှန်ကန်၏။ အကြင်သူတို့၏ ချိန်ခွင်ခွက်သည် လေးအံ့။ ထိုသူတို့သည် အောင်မြင်ကြ၏။
Verse 9 — Surah Al-Araf 7:9
၉။ အကြင်သူတို့၏ချိန်ခွက်သည် ပေါ့အံ့။ ထိုသူတို့သည် ငါ၏နှုတ်ကပတ်တော်များကို မယုံကြည်သဖြင့် မိမိတို့၏ ဝိညာဉ်ကို ဆုံးရှုံးသူများဖြစ်ကြ၏။
Verse 10 — Surah Al-Araf 7:10
၁ဝ။ အို-လူသားအပေါင်းတို့ ငါအသျှင်မြတ်သည် သင်တို့အား ကမ္ဘာမြေပေါ်၌ တန်ခိုးအာဏာ ပေးသနား တော်မူ၏။ မြေပေါ်၌ သင်တို့အတွက် အသက်မွေးဝမ်းကျောင်းကို စီရင်ထားတော်မူ၏။ သင်တို့သည် ငါ၏ကျေးဇူးတော်ကို မချီးကျူးကြပေ။
Verse 11 — Surah Al-Araf 7:11
၁၁။ ငါသည် သင်တို့ကို ဖန်ဆင်းပြုပြင်တော်မူပြီးလျှင် ကောင်းကင်တမန်တော်တို့အား အို-တမန်တော်တို့ သင်တို့သည် အာဒမ်အား ဦးညွတ်ကန်တော့ကြလော့ဟု မိန့်တော်မူ၏။ အီဗလစ်မှတစ်ပါး အားလုံးသော ကောင်းကင်တမန်များသည် ဦးချကြ၏။ သို့သော် အီဗလစ်သည် ဦးမချပေ။
Verse 12 — Surah Al-Araf 7:12
၁၂။ အသျှင်မြတ်က အို-အီဗလစ် သင်သည် ငါ၏အမိန့်တော်အတိုင်း အဘယ်ကြောင့် ဦးမညွတ်သနည်း ဟု မိန့်တော်မူ၏။ အီဗလစ်က အို-အသျှင် အကျွနု်ပ်သည် သူ့ထက် သာလွန်မြင့်မြတ်ပါ၏။ အသျှင် သည် အကျွနု်ပ်ကို မီးမှဖန်ဆင်းတော်မူပါ၏။ သူတို့အား ရွံ့မြေမှ ဖန်ဆင်းတော်မူပါ၏ဟု တင်လျှောက်၏။
Verse 13 — Surah Al-Araf 7:13
၁၃။ အသျှင်မြတ်က အို-အီဗလစ် သင်သည် ချက်ချင်း ထွက်သွားလော့။ ဤနေရာတွင် သင်သည် မာန်မာနပြစရာမဟုတ်။ ထို့ကြောင့် ထွက်သွားလော့။ မှတ်သားလော့။ သင်သည် ဂုဏ်သရေပျက် သူတို့ဘောင်တွင် အပါအဝင်ဖြစ်၏ဟု မိန့်တော်မူ၏။
Verse 14 — Surah Al-Araf 7:14
၁၄။ သူက အို-အသျှင်မြတ်၊ အကျွနု်ပ်၏အပြစ်ဒဏ်ကို သူတို့ရှင်ပြန်ထမြောက်ရသော နေ့တော်ကြီး တိုင်အောင် ရွေ့ဆိုင်းထားတော်မူပါဟု တင်လျှောက်၏။
Verse 15 — Surah Al-Araf 7:15
၁၅။ အသျှင်မြတ်က ကောင်းပြီ။ သင်သည် အချိန်ရွှေ့ဆိုင်းခံရသူတို့တွင် အပါအဝင်ဖြစ်'ဟု မိန့်တော်မူ ၏။
Verse 16 — Surah Al-Araf 7:16
၁၆။ သူက အို-အသျှင်မြတ် အသျှင်သည် အကျွနု်ပ်အား လမ်းမှားသို့ ပို့ဆောင်တော်မူသောကြောင့် အကျွနု်ပ်သည် သူတို့အား အသျှင်၏လမ်းတော်တွင် ပုန်းလျှိုးတိုက်ခိုက်ပါမည်။
Verse 17 — Surah Al-Araf 7:17
၁၇။ ထိုအခါ အကျွနု်ပ်သည် သူတို့ကိုရှေ့မှနောက်မှ လကျ်ာဘက်များမှ လက်ဝဲများမှ တိုက်ခိုက်ပါမည်။ အသျှင်သည် သူတို့အနက် များလှစွာသော သူတို့ကျေးဇူးကန်း၊ သစ္စာမရှိသည်ကို တွေ့မြင်ရပါမည် ဟု တင်လျှောက်၏။
Verse 18 — Surah Al-Araf 7:18
၁၈။ အသျှင်မြတ်က သင်သည် ဤမှထွက်သွားလော့။ သင်သည် ဂုဏ်သရေပျက်ပြားခြင်းခံရပြီး၊ ပြည်နှင်ဒဏ်လည်းခံရပြီး သင်၏နောက်သို့လိုက်သောသူများမူကား ငါသည် အဝီစိငရဲကို သင်တို့ အားလုံးနှင့် မုချဖြည့်တော်မူမည်။
Verse 19 — Surah Al-Araf 7:19
၁၉။ အို-အာဒမ်၊ သင်တို့၏ဇနီးမောင်နှံသည် ဥယျာဉ်တော်ကြီးအတွင်း၌ နေထိုင်ကြလော့။ မိမိတို့ အလိုရှိရာကို စားသုံးကြလော့။ သို့သော် သင်တို့သည် ပြစ်မှုကျူးလွန်သူများ မဖြစ်စေခြင်းငှာ ဤသစ်ပင်အနီးသို့ မချဉ်းကပ်ကြလင့်ဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 20 — Surah Al-Araf 7:20
၂ဝ။ ထိုအခါ ရှိုင်တန်မာရ်နတ်သည် သူတို့တွင် မကောင်းစိတ်ပေါ်ပေါက်လာအောင် တီးတိုးပြောဆို၏။ သူသည် သူတို့မသိ ဖုံးကွယ်ထားသော သူတို့၏အရှက်ကို ထင်ပေါ်လာအောင်ပြုလို၏။ သူက အို-အာဒမ်၊ သင်တို့၏ကျေးဇူးတော်သခင်သည် သင်တို့ ကောင်းကင်တမန်တော်များမဖြစ်စေရန် သော်လည်းကောင်း၊ မသေမပျောက် ထာဝရအစဉ်နေရသောဘဝကို မရစေရန်သော်လည်းကောင်း၊ ဤသစ်ပင်အနီးသို့မသွားရန် တားမြစ်ထားတော်မူ၏ဟု ပြော၏။
Verse 21 — Surah Al-Araf 7:21
၂၁။ ထို့ပြင် သူသည် သူတို့အား မှတ်သားလော့။ အကျွနု်ပ်သည် သင်တို့အပေါ်တွင် သစ္စာရှိသော အကြံဉာဏ်ပေးသူဖြစ်၏ဟု ကျိန်ဆိုပြောကြား၏။
Verse 22 — Surah Al-Araf 7:22
၂၂။ သူသည် သူတို့ကို ဤနည်းအားဖြင့် လှည့်ဖြားသွေးဆောင်၏။ သူတို့သည် တားမြစ်ထားသော အပင်မှအသီးကို မြည်းစားကြသောအခါ သူတို့၏အရှက်များသည် ထင်ရှားပေါ်လွင်လာကြ၏။ ထို့ကြောင့် သူတို့သည် ဥယျာဉ်တော်၌ သစ်ရွက်များကို မိမိတို့ကိုယ်များ၌ ကပ်ထားခြင်းအားဖြင့် အရှက်များကို ဖုံးစပြုကြလေ၏။ ထိုအခါ သူတို့၏ အသက်သခင်ကျေးဇူးရှင်သည် သူတို့ကို ခေါ်ပြီးလျှင် အို-အာဒမ် ငါသည် သင်တို့အား ထိုအပင်ကို ရှောင်ရှားရန် မိန့်တော်မူသည် မဟုတ်လော။ ရှိုင်တန်မာရ်နတ်သည် သင်တို့၏ ထင်ရှားသောရန်သူဖြစ်သည်ကို မိန့်တော်မူသည် မဟုတ်လောဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 23 — Surah Al-Araf 7:23
၂၃။ သူတို့က အို-အကျွနု်ပ်တို့၏ကျေးဇူးတော်သခင်၊ အကျွနု်ပ်တို့သည် မိမိကိုယ်ကိုမိမိတို့ ပြစ်မှားမိပါ သည်။ အကယ်၍ အသျှင်သည် အကျွနု်ပ်တို့အား အပြစ်လွှတ်တော်မမူ၊ ကောင်းကြီးမင်္ဂလာ ပေးတော်မမူပါလျှင် အကျွနု်ပ်တို့သည် အမှန်ပင် ဆုံးရှုံးပျက်စီးသူတို့ဘောင်တွင် ပါဝင်ကြပါမည်ဟု တောင်းပန်ကြ၏။
Verse 24 — Surah Al-Araf 7:24
၂၄။ အသျှင်မြတ်က အို-အာဒမ် သင်တို့သည် ဥယျာဉ်တော်မှ ထွက်သွားကြလော့။ သင်တို့သည် အချင်းချင်း ခိုက်ရန်ဒေါသဖြစ်ကြ၍ ရန်သူများဖြစ်ကြမည်။ သင်တို့သည် မဟာပထဝီမြေပေါ်တွင် အခိုက်အတံ့နေဖို့ရာ နေရာနှင့် စားဖို့ရာ အစားအစာရရှိလိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 25 — Surah Al-Araf 7:25
၂၅။ အသျှင်မြတ်က သင်တို့သည် ကမ္ဘာမြေပေါ်၌ ရှင်နေကြရလိမ့်မည်။ သေကြရလိမ့်မည်။ ထိုမြေကြီးမှ ရှင်ပြန်ထမြောက်ကြရလိမ့်မည်ဟု မိန့်တော်မူ၏။
Verse 26 — Surah Al-Araf 7:26
၂၆။ အို-အာဒမ်၏သားမြေးအပေါင်းတို့ ငါအသျှင်မြတ်သည် သင်တို့အား အရှက်အကြောက်ကို ဖုံးဖို့ရာ လှပတင့်တယ်စွာ ဆင်ယင်ဖို့ရာ အဝတ်အစားတန်ဆာကို စီရင်ပေးသနားတော်မူ၏။ သို့သော် ဒုစရိုက်အမှုအခင်းကို ကြဉ်ရှောင်ခြင်း၊ အဝတ်တန်းဆာသည် အမြတ်ဆုံးဖြစ်၏။ ဤဂါထာတော် သည် သူတို့ သတိတရားရအပ်သောငှာ အလ္လာဟ်အသျှင်မြတ် ချပေးသနားတော်မူသော ကုရ်အာန် ကျမ်းတော်မှဖြစ်၏။
Verse 27 — Surah Al-Araf 7:27
၂၇။ အို-အာဒမ်သားမြေးအပေါင်းတို့၊ ရှိုင်တန်မာရ်နတ်သည် သင်တို့၏ ရှေးဦးပထမ မိဘနှစ်ပါးကို လှည့်စား၍ ဥယျာဉ်တော်မှ နှင်ထုတ်ခံရခြင်းငှာ လုပ်ကြံ၏။ သူတို့၏ အပြစ်ကင်းမဲ့ သန့်ရှင်းခြင်း တည်းဟူသော အဝတ်တန်ဆာကို ဆုတ်ဖဲ့ပြီးလျှင် သူတို့၏ အရှက်အကြောက်ကိုပေါ်လွင်စေ၏။ ရှိုင်တန်အား သင်တို့ကို ယင်းသို့ ဖြားယောင်းသွေးဆောင်ခွင့် မပေးကြလင့်။ မှတ်သားကြလော့။ သင်တို့ သူ့ကိုမမြင်ရသောနေရာမှ သူနှင့်သူ၏ အဆက်အနွယ်တို့သည် သင်တို့ကို မြင်ကြ၏။ မှတ်သားကြလော့။ ငါအသျှင်မြတ်သည် ရှိုင်တန်မာရ်နတ်တို့အား မယုံကြည်သူများ၏ စောင့်ရှောက်သူ အဆွေခင်ပွန်းများ ဖြစ်စေတော်မူ၏။
Verse 28 — Surah Al-Araf 7:28
၂၈။ သူတို့သည် ကာမေသုမိစ္ဆာစာရ စသည် စက်ဆုတ်ရွံ့ရှာဖွယ်ကောင်းသော အမှုအခင်းကို ပြုကျင့်သော အခါ သူတို့က အကျွနု်ပ်တို့သည် မိမိတို့ မိဘ၊ ဘိုးဘွားတို့အား ထိုအမှုအခင်းကို ပြုကျင့်လျက် တွေ့ကြပါ၏။ အလ္လာဟ်အသျှင်မြတ်သည် ထိုအမှုအခင်းကိုပြုဖို့ရာ ပညတ်တော်မူ၏။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် ထိုစက်ဆုတ်ရွံ့့ရှာဖွယ်ကောင်းသောအမှုအခင်ကို အမှန်ပင် ပညတ်တော်မမူပေ။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ မိမိတို့ မသိသော အရာကို ပြောဆိုကြသလော။
Verse 29 — Surah Al-Araf 7:29
၂၉။ ဟောကြားလော့။ ဟယ်-အချင်းတို့ အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်သည် တရားမှန်ကန်ခြင်းကို ကျင့်ကြံရမည်ဟု ပညတ်တတော်မူ၏။ ဆွလာသ်ဝတ်ပြုရာနေရာတိုင်း၌ သင်တို့သည် အလ္လာဟ်အသျှင်မြတ်ဘက်တော်သို့ ဖြောင့်မတ်မှန်ကန်မှုနှင့် မျက်နှာမူကြလော့။ အသျှင်မြတ်အား သာလျှင် ခဝပ်ကိုးကွယ်ခြင်းအားဖြင့် သာသနာတော်ကို အသျှင်မြတ်ဖို့သာ သန့်ရှင်းဖြူစင်ကြလော့။ အျှင်မြတ်သည် သင်တို့ကို ဖန်ဆင်းတော်မူ၏။ သင်တို့သည် အသျှင်မြတ်အထံတော်သို့ ပြန်ကြရမည်။
Verse 30 — Surah Al-Araf 7:30
၃ဝ။ လူသားတစ်စုကို အလ္လာဟ်အသျှင်မြတ်သည် တရားလမ်းမှန်သို့ ညွှန်ပြတော်မူ၏။ အခြားလူသား တစ်စုသည် မိစ္ဆာလမ်းသို့ရောက်နေကြ၏။ သူတို့သည် ရှိုင်တန်မာရ်နတ်တများကို အလ္လာဟ် အသျှင်မြတ်အစား စောင့်ရှောက်သူ အဆွေခင်ပွန်းများ ပြုလုပ်ကြ၏။ သူတို့သည် လမ်းမှန်ကို ညွှန်ပြခြင်းခံရသည်ဟု ထင်မှတ်ကြ၏။
Verse 31 — Surah Al-Araf 7:31
၃၁။ အို-အဒမ်၏အမျိုးအနွယ်အပေါင်းတို့ ဆွလာသ်ဝတ်ပြုရာနေရာတိုင်းတွင် သင်တို့အဝတ်တန်ဆာကို ဂရုစိုက်ကြလော့။ စားသောက်ကြလော့။ သို့သော် မဖြုန်းတီးကြလင့်။ အသျှင်မြတ်သည် ဖြုန်းတီးသူ တို့ကို မြတ်နိုး်တော်မမူပေ။
Verse 32 — Surah Al-Araf 7:32
၃၂။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ ကျေးကျွန်များအတွက် စီရင်တော်မူသော လှပတင့်တယ်သော ဝတ်စားတန်ဆာနှင့် အသျှင်မြတ် ပေးကမ်ေးတာ်မူသော အရာဝထ္ထုများမှ ကောင်းမြတ်သည့်အရာဝထ္ထုများကို မသုံးစွဲရဟု အဘယ်သူသည် တားမြစ်သတည်း။ ဟောကြားလော့။ ထိုပစ္စည်းများသည် ရှင်ပြန်ထမြောက်ရသော နေ့တော်ကြီး၌ ဤဘဝ၌ ယုံကြည်သူတို့အဖို့သာ ဖြစ်ကြမည်။ ငါသည် ငါ၏နှုတ်ကပတ်တော်များကို အသိဉာဏ်ရှိသူများအတွက် အသေးစိတ်ချပေးတော်မူ၏။
Verse 33 — Surah Al-Araf 7:33
၃၃။ ဟောကြားလော့။ ဟယ်-အချင်းတို့ အကျွနု်ပ်၏ကျေးဇူးတော်သခင်သည် အတွင်းအပြင် မယဉ်ကျေး မအပ်သောအမှုများ၊ အပြစ်များ၊ မတရားညှင်းပန်းနှိပ်စက်မှု၊ အသျှင်မြတ် ခွင့်ပြုတော်မူချက် မရှိသောအရာကို အလ္လာဟ်အသျှင်မြတ်နှင့်တွဲဖက်ခြင်း၊ အသျှင်မြတ်နှင့်စပ်လျဉ်း၍ မိမိတို့ မသိမှုကို ပြောခြင်းတို့ကိုသာ တားမြစ်တော်မူ၏။
Verse 34 — Surah Al-Araf 7:34
၃၄။ လူမျိုးတိုင်းတွင် မိမိတို့ ကာလအပိုင်းအခြားရှိ၏။ ထိုသတ်မှတ်သော အချိန်စေ့ရောက်သောအခါ သူတို့သည် ထိုအချိန်ကို တစ်နာရီခန့်မျှသော် မရွှေ့ဆိုင်းနိုင်ပေ။ သို့မဟုတ် ရှေ့တိုးမထားနိုင်ပေ။
Verse 35 — Surah Al-Araf 7:35
၃၅။ အို-အာဒမ်၏သားသမီးအပေါင်းတို့ သင်တို့၏ သားချင်းဖြစ်သော တမန်တော်များသည် သင်တို့ထံသို့ လာရောက်၍သင်တို့အား ငါအသျှင်မြတ်၏ နှုတ်ကပတ်တော်များကို ရွတ်ဖတ်တင်ပြကြသောအခါ အကြင်သူတို့သည် ဒုစရိုက်မကောင်းမှုကို ရှောင်ရှား၍ မိမိကိုယ်ကို မိမိတို့ ပြုပြင်ကြ၏။ ထိုသူတို့ အပေါ်သို့ ကြောက်ရွံ့စိုးရိမ်စရာ ကျရောက်မည်မဟုတ်။ သူတို့သည် ပူဆွေးရမည်လည်း မဟုတ်ပေ။
Verse 36 — Surah Al-Araf 7:36
၃၆။ သို့သော် အကြင်သူတို့သည် ငါအသျှင်မြတ်၏နှုတ်ကပတ်တော်များကို ငြင်းပယ်၍ မထီလေးစား ပြုကြအံ့။ ထိုသူတို့သည် အဝီစိငရဲကို တရားသဖြင့် ပိုင်ဆိုင်သူများဖြစ်ကြ၏။ သူတို့သည် ငရဲထဲ၌ နေထိုင်ကြရလိမ့်မည်။
Verse 37 — Surah Al-Araf 7:37
၃၇။ ငါအသျှင်မြတ်သည် စပ်လျဉ်း၍ မဟုတ်မလျား လုပ်ကြံပြောဆိုခြင်းကိုသော်လည်းကောင်း၊ ငါ၏ သက်သေသာဓကတော်များကို မယုံကြည်ငြင်းပယ်ခြင်းကိုသော်လည်းကောင်း၊ ပြုလုပ်သူထက် သာလွန်ပြစ်မှုကြီးမားသူသည် အဘယ်သူနည်း။ ဤသူများသည် မိမိတို့ထံသို့ ငါ၏ ကောင်းကင် တမန်တော်များ အသက်နှုတ်ရန်လာကြသည့်တိုင်အောင် မိမိတို့အတွက် ပြုဌာန်းထားတော်မူသည့် အချိန်အတိုင်း နေထိုင်သွားကြရ၏။ ကောင်းကင်တမန်တော်များ ရောက်လာသောအခါ သူတို့က သင်တို့သည် အလ္လာဟ်အသျှင်မြတ်မှတစ်ပါး ကိုးကွယ်ဆုတောင်းသော ဘုရားတုများသည် ယခု အဘယ်မှာရှိကြသနည်းဟု စစ်ဆေးကြလိမ့်မည်။ သူတို့က သူတို့သည် အကျွနု်ပ်ထံမှ ထွက်ခွာသွား ကြပြီဟု ဖြေကြ၏။ ထိုသူတို့သည် မိမိတို့ မိစ္ဆာဒိဌိတို့ဖြစ်ကြကြောင်းကို မိမိတို့ကိုယ်တိုင် သက်သေခံ ကြ၏။
Verse 38 — Surah Al-Araf 7:38
၃၈။ အသျှင်မြတ်က သင်တို့အလျင် သေကြေပျောက်ကွယ်သွားသော ဂျင်နတ်သားနှင့် လူသားအပေါင်းတို့ ရှိရာ ငရဲမီးထဲသို့ ဝင်ကြလော့။ လူမျိုးတစ်မျိုး ဝင်သောအခါတိုင်း ထိုအမျိုးသည် မိမိတို့၏နီးစပ်သောအမျိုးကို ကျိန်ဆဲကြ၏။ လူမျိုးတို့အား တစ်မျိုးပြီးတစ်မျိုး ဝင်စေတော်မူသောအခါ နောက်ဆုံးကျသောအမျိုးက ရှေ့ဆုံးကျသောအမျိုးနှင့် စပ်လျဉ်း၍ အို-အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်၊ သူတို့သည် အကျွနု်ပ်တို့အား လမ်းမှားသို့ ပို့ဆောင်တော်မူပါ၏။ ထို့ကြောင့် သူတို့အား ငရဲမီးနှစ်ဆ လောင်ကျွမ်းစေတော်မူပါဟု တင်လျှောက် ကြ၏။ အသျှင်မြတ်က သူတို့ တစ်ယောက်စီ တစ်ယောက်စီအတွက် အပြစ်ဒဏ်နှစ်ဆရှိ၏။ သို့သော် သင်တို့ မသိကြပေဟု မိန့်တော်မူ၏။
Verse 39 — Surah Al-Araf 7:39
၃၉။ ထိုအခါ ရှေ့ဆုံးအမျိုးက နောက်ဆုံးအမျိုးအား သင်တို့သည် ငါတို့ထက် စိုးစဉ်းမျှ သာလွန်ကောင်းမွန် ကြသည်မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် သင်တို့ပြုကျင့်လေ့ရှိသောအမှုအခင်းများ၏ အပြစ် ဒုက္ခကို ခံစားကြလော့။
Verse 40 — Surah Al-Araf 7:40
၄ဝ။ မှတ်သားကြလော့။ အကြင်သူတို့သည် ငါအသျှင်မြတ်၏ ကုရ်အာန်ကျမ်းတော်ကို မယုံကြည်၊ စက်ဆုတ်ရွံ့ရှာကြ၏။ (ကုလားအုပ်သည် ချုပ်အပ်နဖားပေါက်အတွင်းသို့ ဝင်မသွားနိုင်သည့် ကာလပတ်လုံး) ထိုသူတို့အတွက် ဂျန္နတ်သုခဘုံသို့ ဝင်ကြရမည်မဟုတ်ပေ။ ငါသည် ဒုစရိုက်ပြုသူများ ကို ဤဂလဲ့စားချေတော်မူ၏။
Verse 41 — Surah Al-Araf 7:41
၄၁။ သူတို့သည် ငရဲမွေ့ရာပေါ်တွင် ပျော်မွေ့ကြရလိမ့်မည်။ သူတို့အပေါ်တွင် ငရဲအမိုးအကာအဖုံးများ ရှိကြလိမ့်မည်။ ဤကဲ့သို့ ငါအသျှင်မြတ်သည် ဒုစရိုက်ပြစ်မှုကျုးကျော်သူတို့ကို ဂလဲ့စားချေတော်မူ၏။
Verse 42 — Surah Al-Araf 7:42
၄၂။ သို့သော် အကြင်သူတို့သည် မယုံကြည်လျက် သုစရိုက်ကောင်းမှုများကို ပြုကျင့်ကြ၏။ ငါအသျှင် မြတ်သည် မည်သည့်ဝိညာဉ်ကိုမှ မိမိ၏အင်အားနှင့် မမျှတသောတာဝန်ကို ပေးတော်မမူပေ။ ထိုသူတို့သည် သုခဥယျာဉ်တော်ကို တရားသဖြင့် ပိုင်ဆိုင်သူများဖြစ်ကြ၏။ ထိုသူတို့သည် ထိုဥယျာဉ်တော်၌ နေထိုင်စံမြန်းကြ၏။
Verse 43 — Surah Al-Araf 7:43
၄၃။ ငါအသျှင်မြတ်သည် သူတို့၏နှလုံးအိမ်အတွင်းရှိ ရန်ညှိုးရန်စအားလုံးကို နှုတ်ပစ်တော်မူ၏။ သူတို့အောက်၌ မြစ်ချောင်းအသွယ်သွယ် စီးဆင်းလျက်ရှိကြ၏။ ထို့ပြင် သူတို့သည် အကျွနု်ပ်တို့အား ဂျန္နတ်သုခဘုံသို့ လမ်းညွှန်တော်မူသော အလ္လာဟ်အသျှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာ ဖြစ်တော်မူ ၏။ အကယ်၍ အလ္လာဟ်အသျှင်မြတ်သည် အကျွနု်ပ်တို့အား လမ်းပြတော်မမူခဲ့ပါလျှင် အကျွနု်ပ်တို့သည် လမ်းမှန်ကို ရရှိနိုင်မည်မဟုတ်။ အကျွနု်ပ်တို့၏ကျေးဇူးတော်သခင် စေလွှတ်တော်မူ သော တမန်တော်တို့သည် မှန်သောတရားတော်ကို မုချဧကန် ယူဆောင်လာခဲ့ကြ၏ဟု ဥဒါန်းရင့်ကျုး ကြ၏။ ဤဥယျာဉ်သည် သုခဥယျာဉ်တော်ဖြစ်၏။ သင်တို့ဆည်းပူးလေ့ရှိသော ကုသိုလ်ကောင်းမှု၏ အရှိန်ကြောင့် သင်တို့သည် ဤဥယျာဉ်တော်ကို အမွေရကြ၏ဟု ကြေညာ၏။
Verse 44 — Surah Al-Araf 7:44
၄၄။ သုခဘုံသူ သုခဘုံသားတို့က ငရဲမီးအတွင်း နေထိုင်ခံစားရသူတို့အား အို-ငရဲသားတို့ အကျွနု်ပ်တို့ သည် မိမိတို့အား မိမိတို့၏ ကျေးဇူးတော်သခင် ပေးသနားတော်မူသော ဗျာဒိတ်တော်သည် မှန်ကန်ကြောင်း တွေ့ကြရပြီ။ သင်တို့လည်း သင်တို့အား သင်၏ကျေးဇူးတော်သခင် ပေးသနားတော် မူသော ဂတိဗျာဒိတ်တော်သည် မှန်ကန်ကြောင်း တွေ့ကြရပြီလောဟု ကြွေးကြော်မေးမြန်းကြ၏။ သူတို့က ဟုတ်ကဲ့ မုချမှန်ပါ၏ပြန်ပြောကြ၏။ သူတို့စပ်ကြားရှိ ကြွေးကြော်သူ တစ်ဦးက အလ္လာဟ်အသျှင်မြတ်၏ ကျိန်ဆဲတော်မူဖြင်းအမင်္ဂလာသည် အကုသိုလ်မကောင်းမှုကို ပြုသူတို့ အပေါ်သို့ ကျရောက်၏ဟု ကြွေးကြော်၏။
Verse 45 — Surah Al-Araf 7:45
၄၅။ ထိုသူတို့သည် လူသားတို့အား အလ္လာဟ်အသျှင်မြတ်၏လမ်းတော်ကြီးမှ ကာဆီးပိတ်ပင်ထားကြ၏။ ထိုလမ်းတော်ကြီးကို ကွေးကောက်သွားစေလိုကြ၏။ နောက်ဆုံးနေ့တော်ကြီးကို မယုံကြည်သူများ ဖြစ်ကြပေသည်။
Verse 46 — Surah Al-Araf 7:46
၄၆။ သုခဘုံသားတို့နှင့် ငရဲသားတို့စပ်ကြားတွင် အကာအဆီးကြီးတစ်ခုရှိ၏။ အောက်တွင်ရှိသောသူတို့ကို ၎င်းတို့၏ အမှတ်သညာအားဖြင့် သိသောသူတို့သည် အထက်ဘဝဂ်၌ရှိကြ၏။ သူတို့သည် ဂျန္နတ် ဥယျာဉ်တော်သားတို့အား အေးချမ်းသာယာခြင်းမင်္ဂလာတော်ကြီး သင်တို့အပေါ်သို့ သက်ရောက် ပါစေသောဝ်ဟု မေတ္တာပို့ နှုတ်ဆက်ကြ၏။ သူတို့သည် ဥယျာဉ်တော်ဝင်ဖို့ရာ မျှော်ကိုးသော်လည်း မဝင်ရသေးပေ။
Verse 47 — Surah Al-Araf 7:47
၄၇။ သူတို့သည် ငရဲသားတို့ကို လှည့်ကြည့်သောအခါ သူတို့သည် အို-အကျွန်ုပ်တို့၏ ကျေးဇူးတော်သခင် အကျွနု်ပ်တို့ကို ဒုစရိုက်မှု ကျူးလွန်သူတို့နှင့် အတူတကွထားတော်မမူပါနှင့်ဟု ဆုတောင်းကြ၏။
Verse 48 — Surah Al-Araf 7:48
၄၈။ အထက်ဘဝဂ်တွင် နေထိုင်ကြသောသူတို့သည် အမှတ်သညာရှိသူတို့ကို ၎င်းတို့ အမှတ်သညာ အားဖြင့် သိရှိ၍ ခေါ်ပြီးလျှင် သင်တို့၏ အချွေအရံနှင့် သင်တို့ဂုဏ်ယူသောရာတို့သည် သင်တို့အား အဘယ်အကျိုးပေးကြသနည်း။
Verse 49 — Surah Al-Araf 7:49
၄၉။ သင်တို့က အလ္လာဟ်အသျှင်မြတ်သည် သူတို့အား သနားစောင့်ရှောက်ချီးမြှောက်တော်မူမည်မဟုတ် ဟု ကျမ်းကျိန်ပြီး ပြောဆိုခြင်းခံရသောသူတို့သည် ဤသူများလောဟု မေးကြ၏။ ထိုသူတို့အား သင်တို့သည် ဥယျာဉ်တော်သို့ ဝင်ကြလော့။ သင်တို့အပေါ် ကြောက်ရွံ့စိုးရိမ်ခြင်း ကျရောက်တော့ မည်မဟုတ်ပေ။ သင်တို့သည် စိတ်ညစ်ပူဆွေးရတော့မည်လည်းမဟုတ်ပေဟု ဗျာဒိတ်ပေးတော်မူပြီ။
Verse 50 — Surah Al-Araf 7:50
၅ဝ။ ငရဲသားတို့သည် ဂျန္နတ်သုခဘုံသားတို့အား ဟယ်-အချင်းတို့ အကျွနု်ပ်တို့အပေါ်သို့ ရေအချို့ လောင်းချကြပါ။ သို့မဟုတ် အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ပေးသနားတော်မူသော ရိက္ခာကို ပစ်ချပေးကြပါဟု အော်၍ တောင်းကြ၏။ ဂျန္နတ်သုခဘုံသားတို့က ဟယ်-ငရဲသားတို့ အလ္လာဟ် အသျှင်မြတ်သည် သင်တို့တောင်းသော အရာနှစ်ခုလုံးကို မိစ္ဆာဒိဌိတို့အဖို့မဟုတ်ဟု ပညတ်ထား တော်မူ၏။
Verse 51 — Surah Al-Araf 7:51
၅၁။ ထိုသူတို့သည် မိမိတို့ဘာသာတရားကို ကစားစရာ၊ အပျင်းဖြေပျော်ရွှင်စရာဟု ထင်မှတ်ကြ၏။ သူတို့ကို ဤဘဝကလှည့်စားထား၏ဟု ပြန်ပြောကြ၏။ သူတို့သည် ဤနေ့တော်ကြီး၏ အစည်းအဝေး သဘင်ကိုမေ့ခြင်း၊ ငါအသျှင်မြတ်၏ သက်သေသာဓကတော်ကြီးများကို မယုံကြည် ငြင်းဆန်ခြင်းများကို ပြုသကဲ့သို့ ငါသည်လည်း ဤနေ့တော်ကြီး၌ သူတို့ကို မေ့လျော့ပြီ။
Verse 52 — Surah Al-Araf 7:52
၅၂။ အကယ်စင်စစ် ငါအသျှင်မြတ်သည် သူတို့အား ကျမ်းတော်တစ်စောင်ကို ချပေးသနားတော်မူ၏။ ထိုကျမ်းတော်ကို နက်နဲသိမ်မွေ့စွာ ငါစီရင်ထားတော်မူ၏။ ထိုကျမ်းတော်သည် ယုံကြည်သူတို့အဖို့ လမ်းပြကျမ်းတော်ဖြစ်၏။ အသျှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်လည်းဖြစ်၏။
Verse 53 — Surah Al-Araf 7:53
၅၃။ သူတို့သည် တရားစီရင်တော်မူသောနေ့တော်ကြီးကိုသာလျှင် စောင့်ဆိုင်းနေကြသလော။ ထိုနေ့တော်ကြီးဆိုက်ရောက်လာသောအခါ ရှေ့က ထိုနေ့တော်ကြီးကို မေ့လျော့နေသောသူတို့သည် အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်၏ တမန်တော်တို့သည် သစ္စာတရားတော်ကို ယူဆောင်လာခဲ့၏။ အကျွနု်ပ်တို့ကို တောင်းပန်ကယ်နှုတ်မည့်သူ တစ်စုံတစ်ယောက်ရှိပါသလော။ သို့မဟုတ် အကျွနု်ပ် တို့သည် ကမ္ဘာမြေကြီးသို့ ပြန်ကြရပါမည်လော။ အကယ်၍ ပြန်ရပါလျှင် အကျွနု်ပ်တို့သည် ရှေးအလေ့အကျင့်ကို စွန့်ပစ်၍ ကောင်းမှုကိုသာလျှင် ပြုကျင့်ပါမည်ဟု ညည်းညူမြည်တမ်းကြ၏။ သူတို့သည် သူတို့၏ဝိညာဉ်ကို ဆုံးရှုံးကြပြီ။ သူတို့ဖန်တီးသောအရာများသည် သူတို့စွန့်ပစ်ကြပြီ။
Verse 54 — Surah Al-Araf 7:54
၅၄။ မှတ်သားကြလော့။ သင်တို့၏ကျေးဇူးတော်သခင်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို ခြောက်ရက်အချိန်ကာလအတွင်းတ ဖန်ဆင်းတော်မူသော အလ္လာဟ်ဖြစ်တော်မူ၏။ ထို့နောက် အသျှင်မြတ်သည် ရာဇပလ္လင်ပေါ်သို့တက်၍ စိုးစံတော်မူ၏။ အသျှင်မြတ်သည် နေ့ကို ညနှင့် ဖုံးအုပ်တော်မူ၏။ နေ့သည် ညကို လျှင်မြန်စွာလိုက်၏။ အသျှင်မြတ်သည် နေ,လ၊ ကြယ်များကို ဖန်ဆင်းတော်မူ၍ အမိန့်တော်ကို နာခံစေတော်မူ၏။ မုချဧကန် ဖန်ဆင်းခြင်းနှင့် စိုးမိုးခြင်းတို့ကို အလ္လာဟ် စိုးပိုင်တော်မူ၏။ စကြဝဠာအားလုံး၏ အသျှင်သခင်၊ အလ္လာဟ်အသျှင်မြတ်သည် ကောင်းကြီးမင်္ဂလာအားလုံး၏ အသျှင်သခင်၊ အလ္လာဟ်အသျှင်မြတ်သည် ကောင်းကြီးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံတော်မူ၏။
Verse 55 — Surah Al-Araf 7:55
၅၅။ အို-လူသားအပေါင်းတို့ သင်တို့သည် သင်တို့၏ကျေးဇူးတော်သခင်အား ကျိုးနွံ့ရိုသေစွာနှင့် လျှို့ဝှက်စွာ တသကြလော့။ မှတ်သားကြလော့။ အသျှင်မြတ်သည် တရားတော်ကို ကျူးလွန်သူတို့ကို နှစ်ခြိုက်တော်မမူပေ။
Verse 56 — Surah Al-Araf 7:56
၅၆။ ကမ္ဘာမြေကြီးကို သင့်တင်လျှောက်ပတ်အောင် စီရင်ထားတော်မူပြီးသည့်နောက် သင်တို့သည် ပထဝီမြေပေါ်တွင် ရှုတ်ထွေးပွေလီအောင် မကျင့်ကြံလင့်။ အသျှင်မြတ်အား ကြောက်ရွံ့ခြင်းနှင့် မျှော်ကိုးခြင်းအားဖြင့် တသကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်၏ ကောင်းကြီး မင်္ဂလာတော်သည် သူတော်စင်၊ သူတော်ကောင်းတို့နှင့် နီးကပ်စွာရှိ၏။
Verse 57 — Surah Al-Araf 7:57
၅၇။ အသျှင်မြတ်သည် လေများကို မိမိ၏ကောင်းချီးမင်္ဂလာတော်၏ ရှေ့ပြေးသတင်းကောင်းအဖြစ်ဖြင့် စေလွှတ်တော်မူ၏။ ထိုလေများသည် လေးလံသော မိုးတိမ်၊ မိုးသားများကို ယူဆောင်လာသောအခါ ငါအသျှင်မြတ်သည် ထိုမိုးသား၊ မိုးတိမ်ကို သွေ့ခြောက်သရောင်းနေသော မြေပေါ်သို့ ပို့ဆောင်တော်မူ၍ မိုးရွာသွန်းစေတော်မူ၏။ ထိုမိုးရေအားဖြင့် သစ်သမီးအမျိုးမျိုးကို သီးစေတော် မူ၏။ ဤကဲ့သို့ပင် ငါသည် သေသူတို့ကို ရှင်ပြန်ထမြောက်စေတော်မူ၏။ သင်တို့ သတိတရား ရကောင်းကြရလတ္တ့ံ။
Verse 58 — Surah Al-Araf 7:58
၅၈။ မြေကောင်းမှ ၎င်း၏အသျှင်သခင် ခွင့်ပြုတော်မူချက်ကြောင့် သစ်သီးဟင်းရွက်၊ ကောက်ပဲသီးနှံ အမျိုးမျိုးပေါက်ကြ၏။ သို့သော် မြေဆိုးမှ မကောင်းမှုသာ ပေါ်ထွက်လာ၏။ ဤကဲ့သို့ ငါအသျှင်မြတ် သည် သက်သေသာဓကတော်ကြီးများကို ကျေးဇူးတော်ကို ချီးမွမ်းသူတို့အဖို့ ရှင်းလင်းပြတော်မူ၏။
Verse 59 — Surah Al-Araf 7:59
၅၉။ ရှေးအတိတ်ကာလ၊ ငါအသျှင်မြတ်သည် တမန်တော်နူဟိုကို သူ၏ အမျိုးသားတို့ထံ စေလွှတ်တော် မူ၏။ သူသည် ဟောကြား၏။ ဟယ်-အချင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အား ကိုးကွယ် ကြလော့။ သင်တို့၌ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြား အသျှင်သခင်မရှိပေ။ မှတ်သားကြလော့။ အကျွနု်ပ်သည် သင်တို့အတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော နေ့တော်ကြီး၏ ဂလဲ့စားခြေ အပြစ်ဒဏ်ကို ကြောက်လှပေ၏။
Verse 60 — Surah Al-Araf 7:60
၆ဝ။ သူ၏ အမျိုးသားထဲမှ ရှေ့ဆောင်လူကြီးများက အို-နူဟို သင်သည် အမှားရောက်နေသည်ကို အကျွနု်ပ်တို့ မချွတ်ဧကန် မြင်ကြရ၏ဟု ပြောကြ၏။
Verse 61 — Surah Al-Araf 7:61
၆၁။ သူသည် ဟောကြား၏။ အို-အကျွနု်ပ်၏အမျိုးသားအပေါင်းတို့ အကျွနု်ပ်၌ မှားယွင်းမှုမရှိပေ။ သို့သော် အကျွနု်ပ်သည် စကြာဝဠာအားလုံးတို့၏ အသျှင်သခင်၏ တမန်တော်တစ်ပါး ဖြစ်၏။
Verse 62 — Surah Al-Araf 7:62
၆၂။ အကျွနု်ပ်သည် မိမိ၏ကျေးဇူးတော်သခင်၏ ဗျာဒိတ်တော်များကို သင်တို့အား ပို့ဆောင်ဟောပြော ၏။ ဆုံးမသြဝါဒပေး၏။ သင်တို့မသိသည်ကို အကျွနု်ပ်သည် အလ္လာဟ်အသျှင်မြတ်အထံတော်မှ သိရှိရ၏။
Verse 63 — Surah Al-Araf 7:63
၆၃။ သင်တို့သည် သင်တို့ထံ သင်တို့၏ သားချင်းတစ်ယောက်အားဖြင့် သင်တို့၏ ကျေးဇူးတော်သခင် ထံမှ သတိပေးကျမ်းတော်တစ်စောင် ကျရောက်လာသည်ကို အံ့သြကြသလော။ ထိုကျမ်းတော် ရောက်လာရခြင်းအကြောင်းရင်းကား ထိုသားချင်းသည် သင်တို့အား သတိပေးဆုံးမသြဝါဒပေးဖို့ရာ သင်တို့သည် ဒုစရိုက်အမှုအခင်းကို ကြဉ်ရှောင်ဖို့ရာနှင့် သင်တို့သည် ကောင်းချီးမင်္ဂလာတော်ကို ရရှိကောင်းရရှိဖို့ရာဖြစ်၏။
Verse 64 — Surah Al-Araf 7:64
၆၄။ သို့သော် သူတို့သည် သူ့အား မယုကြည်ဖယ်ရှားကြ၏။ ထို့ကြောင့် ငါအသျှင်မြတ်သည် သူနှင့်တကွ သင်္ဘောပေါ်တွင်ရှိသူများကို ကယ်တင်၍ ငါ၏ သက်သေသာဓကတော်ကြီးများကို မယုံကြည် ငြင်းဆန်သူများကို ရေနစ်မြှုပ်စေတော်မူ၏။ မှတ်သားကြလော့။ ထိုသူတို့သည် အသိဉာဏ်မျက်စိ မရှိသော မျက်ကန်းများဖြစ်ကြ၏။
Verse 65 — Surah Al-Araf 7:65
၆၅။ အာဒ်လူမျိုးထံသို့ ငါအသျှင်မြတ်သည် သူတို့၏သားချင်း တမန်တော်ဟူဒ်ကို စေလွှတ်တော်မူ၏။ သူဟောကြား၏။ အို-အမျိုးသားအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်ကို ကိုးကွယ်ကြ လော့။ သင်တို့၌ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားအသျှင်သခင်မရှိပေ။ သင်တို့သည် ဒုစရိုက် မကောင်းမှုကို ရှောင်ကြဉ်ကြမည်လော။
Verse 66 — Surah Al-Araf 7:66
၆၆။ သူတို့၏ အမျိုးသားထဲမှ မယုံကြည်သော အကြီးအကဲတို့သည် မယုံကြည်ဘဲ ဤသို့ပြောကြ၏။ အို-ဟူဒ် အကျွနု်ပ်တို့သည် သင်၌ မလိမ္မာမိုက်မဲမှုကို အမှန်ပင်တွေ့မြင်ကြရ၏။ အကျွနု်ပ်တို့သည် သင်အား လူလိမ်၊ လူကောက်များမှတစ်ဦးဟု ထင်မှတ်ကြ၏။
Verse 67 — Surah Al-Araf 7:67
၆၇။ သူသည် ဟောကြား၏။ ဟယ်-အချင်းတို့ အကျွနု်ပ်မိုက်မှုမှုမရှိပေ။ သို့သော် အကျွနု်ပ်သည် စကြာဝဠယအားလုံး၏ အသျှင်သခင်၏ အထံတော်မှ တမန်တော်တစ်ပါးဖြစ်၏။
Verse 68 — Surah Al-Araf 7:68
၆၈။ အကျွနု်ပ်သည် မိမိ၏ကျေးဇူးတော်သခင်၏ ဗျာဒိတ်တော်များကို သင်တို့ထံသို့ ယူဆောင်လာ၏။ အကျွနု်ပ်သည် သင်တို့အတွက် သစ္စာရှိသော အကြံဉာဏ်ပေးသူတစ်ယောက်ဖြစ်၏။
Verse 69 — Surah Al-Araf 7:69
၆၉။ သင်တို့သည် သင်တို့၏ကျေးဇူးတော်သခင်ထံမှ သင်တို့ထံသို့ သင်တို့သားချင်းတစ်ယောက်အားဖြင့် အဆုံးအမ အလင်းပြကျမ်းတစ်စောင် ကျရောက်လာသည်ကို အံသြကြသလော။ တမန်တော် နူဟို၏ အမျိုးသားတို့ ပျက်စီးပျောက်ကွယ်သွားပြီးသည်နောက်၊ အသျှင်မြတ်သည် သင်တို့အား ကိုယ်စားလှယ်တော်များရာထူးနှင့် ချီးမြှင့်တော်မူခြင်းနှင့် ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်း၊ အရပ် အမောင်းမြင့်စွင့်တော်မူခြင်း ကျေးဇူးတော်များကို သတိရကြလော့။ သင်တို့သည် အောင်ပန်းဆွတ်ခူး နိုင်စိမ့်သောငှာ သင်တို့၏ ကျေးဇူးတော်သခင်၏ ဂုဏ်ကျေးဇူးတော်များကို ချီးကျူးကြလော့။
Verse 70 — Surah Al-Araf 7:70
၇ဝ။ သူတို့ပြောကြသည် အကျွနု်ပ်တို့ထံသို့ အလ္လာဟ်အသျှင်မြတ်မှတစ်ပါးအားသာလျှင် ကိုးကွယ် အပ်ကြောင်းသြဝါဒနှင့်လာသလော။ သို့ဖြစ်ပါလျှင် သင်သည် သစ္စာစကားဆိုသူဖြစ်ပါသော် သင် ခြိမ်းခြောက်သောအပြစ်ဒဏ်ကို အကျွနု်ပ်တို့အပေါ်သို့ ရောက်စေပါလော့။
Verse 71 — Surah Al-Araf 7:71
၇၁။ သူဟောကြားသည်။ သင်တို့၏ကျေးဇူးတော်သခင်ထံမှ သင်တို့အပေါ်သို့ အလွန်ကြောက်ရွံ့စရာနှင့် အမျက်တော်တို့သည် ကျရောက်လာပြီ။ သင်တို့သည် သင်တို့နှင့်တကွ မိဘဘိုးဘွားတို့ ကိုးကွယ်သော ဘုရားများအကြောင်းကို အကျွနု်ပ်နှင့် အငြင်းအခုံပြုလိုကြသလော။ ထိုဘုရားများကို ကိုးကွယ်ဖို့ရာ အလ္လာဟ်အသျှင်မြတ်အထံတော်မှ ဗျာဒိတ်တတော် လုံးဝမကျပေ။ သင်တို့သည် မိမိတို့ပြုကျင့်မှု၏ အကျိုးဆက်ကို စောင့်ဆိုင်းကြည့်ကြလော့။ အကျွနု်ပ်လည်း ထိုအကျိုးကို စောင့်ကြည့်နေ၏။
Verse 72 — Surah Al-Araf 7:72
၇၂။ ငါအသျှင်မြတ်သည် မိမိ၏ ကောင်းကြီးမင်္ဂလာတော်အားဖြင့် သူနှင့်တကွ သူနှင့်အတူရှိသူများကို ကယ်နှုတ်တော်မူ၏။ သို့သော် ငါ၏ ဗျာဒိတ်တော်များကိုငြင်းပယ်၍ အယူဝါဒမှောက်မှားသူတို့ကို မမြစ်မကျန် သုတ်သင်ရှင်းလင်းတော်မူ၏။
Verse 73 — Surah Al-Araf 7:73
၇၃။ စမူဒ်လူမျိုးတို့ထံ သူတို့၏သားချင်း ဆွာလေ့(ဟ်)ကို ငါအသျှင်မြတ် စေလွှတ်တော်မူ၏။ သူသည် ဟောပြော၏။ ဟယ်-အမျိုးသားအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်ကိုသာလျှင် ကိုးကွယ် ကြလော့။ သင်တို့၌ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားအသျှင်သခင်မရှိပေ။ သင်တို့၏ ကျေးဇူးတော်သခင်ထံမှ သင်တို့ထံသို့ အံ့ဖွယ်သူရဲတစ်ပါး ကျရောက်လာပြီ။ မှတ်သားကြလော့။ ဤကုလားအုပ်သည် အလ္လာဟ်အသျှင်မြတ်၏ ကုလားအုပ်မဖြစ်၏။ သင်တို့အတွက် သက်သေ သာဓကတော်ကြီးဖြစ်၏။ ထို့ကြောင့် သင်တို့သည် ပြင်းထန်သောအပြစ်ဒဏ်ဘေးမှ လွတ်ကင်း စေခြင်းငှာ ထိုကုလားအုပ်မကို အလ္လာဟ်အသျှင်မြတ်၏ ပထဝီမြေတစ်ဝှမ်းတွင် ကျက်စားစေလော့။ သူမကို ဘေးဥပါဒ်မပြုကြလင့်။
Verse 74 — Surah Al-Araf 7:74
၇၄။ အာဒ်လူမျိုးတို့ သေကြေပျက်စီးသွားပြီးနောက် အသျှင်မြတ်သည် သင်တို့အား ကမ္ဘာမြေပေါ်ဝယ် ကိုယ်စားလှယ်တော်ကြီးရာထူးတွင် ခန့်ထားတော်မူ၍ နေရာချတော်မူသော ဂုဏ်ကျေးဇူးတော်များ ကိုသာ အောက်မေ့ချီးကျူးကြလော့။ သင်တို့သည် လွင်ပြင်များပေါ်၌ ရဲတိုက်များတည်ဆောက်၍ တောင်ကြီးတောင်ငယ်များတွင် လှိုဏ်ဂူဖောက်ထွင်းနေထိုင်ကြ၏။ ထို့ကြောင့် အလ္လာဟ်အသျှင်မြတ်၏ အနန္တဂုဏ်ကျေးဇူးတော်များကို အောက်မေ့ချီးမွမ်းကြလော့။ မဟာပထဝီမြေပေါ်တွင် ပျက်စီးရာ ပျက်စီးကြောင်း မကောင်းမှုများကို မပြုလုပ်ကြလင့်။
Verse 75 — Surah Al-Araf 7:75
၇၅။ သူ၏အမျိုးသားထဲမှ မာနကြီး၍ မထီမဲ့မြင်ပြုတတ်သော ရှေ့ဆောင်လူကြီးများသည် သူတို့ မလေး မစား ဂုဏ်နိမ့်သူများဟုထင်သော ယုံကြည်သူသားချင်းတို့အား ပြောကြ၏။ ဆွာလေ(ဟ်)အား သူ၏ ကျေးဇူးတော်သခင် စေလွှတ်တော်မူသော တမန်တော်ဖြစ်ကြောင်းကို သင်တို့သိကြသလော။ သူတို့က မှတ်သားကြလော့။ အကျွနု်ပ်တို့သည် သူ့အား တမန်တော်အဖြစ်ဖြင့် စေလွှတ်တော်မူ ကြောင်းကို ယုံကြည်သူများဖြစ်ကြ၏။
Verse 76 — Surah Al-Araf 7:76
၇၆။ ဂုဏ်မောက်သူတို့က သင်တို့ယုံကြည်သောအရာကို အကျွနု်ပ်တို့သည် မယုံကြည်သောသူများ ဖြစ်ကြည်။
Verse 77 — Surah Al-Araf 7:77
၇၇။ ထို့ကြောင့် သူတို့သည် ကုလားအုပ်မ၏ ဒူးခေါက်ကြောကို ခုတ်ဖြတ်ကြ၏။ သူတို့သည် မိမိတို့၏ ကျေးဇူးတော်သခင်၏ ဗျာဒိတ်တော်ကို မထီမဲ့မြင်ပြုကြ၏။ ထိုသူတို့က ပြောကြ၏။ အို-ဆွာလေ(ဟ်) သင်သည် အလ္လာဟ်အသျှင်မြတ်စေလွှတ်တော်မူသော တမန်တော်တစ်ပါးအမှန်ပင် ဖြစ်ပါလျှင် သင်သည် မိမိ ခြိမ်းခြောက်သော အပြစ်ဒဏ်တော်ကို အကျွနု်ပ်တို့အပေါ်သို့ ကျရောက်စေပါလော့။
Verse 78 — Surah Al-Araf 7:78
၇၈။ ထို့ကြောင့် ငလျင်လှုပ်ခြင်းအပြစ်ဒဏ်တော်သ် သူတို့အပေါ်သို့ ဆိုက်ရောက်လာ၏။ နံနက် မိုးသောက်သည်၊ သူတို့ကို ဒူးထောက်မှောက်ခုံလဲသည်ကို တွေ့ရ၏။
Verse 79 — Surah Al-Araf 7:79
၇၉။ တမန်တော် ဆွာလေ(ဟ်)သည် ထိုသူများကို ကျောခိုင်းလှည့်သွားပြီးလျှင် ဟောကြား၏။ ဟယ်-အကျွနု်ပ်၏အမျိုးသားတို့ အကျွနု်ပ်သည် မိမိ၏ ကျေးဇူးတော်သခင်၏ ဗျာဒိတ်တော်များကို သင်တို့အား ဟောပြီးပြီ။ သင်တို့အား ကောင်းသောသြဝါဒကို ပေးပြီးပြီ။ သို့သော် သင်တို့ ကောင်းသော အကြံဉာဏ်ပေးသူများကို မခင်ကြပေ။
Verse 80 — Surah Al-Araf 7:80
၈ဝ။ ထို့ပြင် တမန်တော်လွတ်(တ်)သည် သူ၏ အမျိုးသားတို့အား ဟောကြား၏။ သင်တို့သည် ရှေးရှေးက လူသားတို့မပြခဲ့ဖူးသော စက်ဆုပ်ရွ့ံရှာဖွယ်ကောင်းသောအပြစ်ကို ကျူးကျော်ကြမည်လော။
Verse 81 — Surah Al-Araf 7:81
၈၁။ မှတ်သားကြလော့။ သင်တို့သည် မိန်းမအစား ယောကျ်ားများကို လိုလားသောတဏှာဆန္ဒနှင့် လာကြ၏။ ယင်းသို့ မကျင့်အပ်၊ သင်တို့သည် လျှပ်ပေါ်လော်မာသူများဖြစ်ကြ၏။
Verse 82 — Surah Al-Araf 7:82
၈၂။ သူ၏ အမျိုးသားတို့သည် သူတို့အချင်းချင်း ဤသို့ပြောဆိုခြင်းဖြင့် သူ့အား တုံ့ပြန်ပြောဆို၏။ သူတို့ကို သင်တို့၏နယ်မြေမှ နှင်ထုတ်ကြလော့။ သူတို့သည် အမှန်ပင် သန့်ရှင်းစင်ကြယ်စွာထားသူများ ဖြစ်ကြ၏။
Verse 83 — Surah Al-Araf 7:83
၈၃။ ငါအသျှင်မြတ်သည် သူ့မိန်းမမှတစ်ပါး သူနှင့် သူ၏ အိမ်သားတို့ကို ကယ်ဆယ်တော်မူ၏။ သူ့မိန်းမသည် ကျန်ရစ်သူတို့အထဲတွင် အပါမဝင်ဖြစ်၏။
Verse 84 — Surah Al-Araf 7:84
၈၄။ ငါအသျှင်မြတ်သည် ထိုသူတို့အပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းစေတော်မူ၏။ ဒုစရိုက်ပြစ်မှု ကျူးလွန်သူတို့သည် အဘယ်အကျိုးခံစားရသည်။ ယခုကြည့်ရှုကြလော့။
Verse 85 — Surah Al-Araf 7:85
၈၅။ မိဒီရန်လူမျိုးထံသို့ ငါအသျှင်မြတ်သည် သူတို့၏သားချင်း ရှူအိုက်(ဘ်)ကို တမန်တော်အဖြစ်ဖြင့် စေလွှတ်တော်မူ၏။ သူဟောကြားသည်။ ဟယ်-အချင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အား သာလျှင် ကိုးကွယ်ကြလော့။ သင်တို့၌ အလ္လာဟ်မှတစ်ပါး အခြားအသျှင်သခင်မရှိပေ။ မှတ်သား ကြလော့။ သင်တို့၏ ကျေးဇူးတော်သခင်အထံတော်မှ သင်တို့ထံသို့ ထင်ရှားခိုင်မာသော သက်သေ သာဓကကြီး ကျရောက်လာပြီ။ ထို့ကြောင့် သင်တို့သည် အတိုင်းအတာအပြည့်နှင့် အချိန်အတွယ် အပြည့်ပေးကြလော့။ လူသားတို့အား သူတို့ပစ္စည်းများ၌ မတရားမပြုကြလင့်။ ကမ္ဘာမြေကြီးကို တင့်တယ်လှပအောင် စီရင်ထားတော်မူပြီးမှ ရှုပ်ထွေးပွေလီမှုကို မပြုကြလင့်။ သင်တို့ ယုံကြည်သူများ ဖြစ်ကြလျှင် ယင်းကျင့်စဉ်သည် သင်တို့အတွက် သာလွန်မွန်မြတ်၏။
Verse 86 — Surah Al-Araf 7:86
၈၆။ လမ်းများပေါ်တွင် ခရီးသွားတို့အား ခြိမ်းမြောက်ရန်သော်လည်းကောင်း၊ ယုံကြည်သူတို့အား အလ္လာဟ် အသျှင်မြတ်၏လမ်းတော်မှ မောင်းထုတ်ရန်သော်လည်းကောင်း၊ ထိုလမ်းတော်ကို ကွေ့ကောက် သွားအောင်ပြုရန်သော်လည်းကောင်း၊ ပုန်းလျှိုးချောင်းမြောင်းမနေကြလင့်။ သင်တို့ ဦးရေ အနည်းငယ်မျှရှိစဉ်၊ အသျှင်မြတ်သည် သင်တို့အား တိုးပွားများပြားစေတော်မူသည့် ဂုဏ်ကျေးဇူးတော်ကို အောက်မေ့တသ ချီးကျူးကြလော့။ ဖျက်ဆီးဖောက်ပြန်သူတို့သည် အဘယ် အကျိုးကို ခံစားကြရသည်ကို ကြည့်ရှုကြလော့။
Verse 87 — Surah Al-Araf 7:87
၈၇။ အကယ်၍ သင်တို့အနက် လူတစ်စုသည် အကျွနု်ပ်အား ပေးတော်မူသော တရားတော်ကို ယုံကြည်၏။ အခြားလူတစ်စုသည် မယုံကြည်လျှင် အလ္လာဟ်အသျှင်မြတ်သည် ကျွနု်ပ်တို့အလယ် တွင် စစ်ကြောစီရင်တော်မူသည့်တိုင်အောင် သည်းခံကြလော့။ အသျှင်မြတ်သည် တရားစီရင်သော တရားသူကြီးတို့တွင် အကောင်းဆုံးဖြစ်တော်မူ၏။
Verse 88 — Surah Al-Araf 7:88
၈၈။ သူ၏ သားချင်းထဲမှ ဂုဏ်မောက်သော၊ မလေးစားသော၊ ရှေ့ဆောင်လူကြီးများသည် မြွက်ဆိုကြ၏။ အို-ရှူအိုက်(ဘ်) သင်တို့သည် အကျွနု်ပ်တို့ဘာသာအယူဝါဒဘက်သို့ ပြန်မလှည့်လျှင် အကျွနု်ပ်တို့ သည် သင်နှင့်တကွ သင့်ဘာသာကို ယုံကြည်သူတို့ကို အကျွနု်ပ်တို့ တိုင်းပြည်နေရပ်မှ အမှန်ပင် နှင်ထုတ်ကြမည်။ သူက ထိုဘာသာကို အကျွနု်ပ်တို့ မုန်းသော်လည်း သင်တို့ ယင်းသို့ ပြုကျင့်ကြမည် လောဟု မေး၏။
Verse 89 — Surah Al-Araf 7:89
၈၉။ အလ္လာဟ်အသျှင်မြတ်သည် အကျွနု်ပ်တို့အား သင်တို့၏ မိစ္ဆာအယူဝါဒမှ ကယ်နှုတ်တော်မူပြီးမှ အကျွနု်ပ်တို့သည် သင်တို့၏ ဘာသာကို ပြန်၍ ယုံကြည်ကြလျှင် အကျွနု်ပ်တို့သည် အလ္လာဟ် အသျှင်မြတ်ပား ဆန့်ကျင်သောမုသား၊ လိမ်လည်ပြောဆိုကြပေမည်။ အလ္လာဟ်အသျှင်မြတ် အလိုတော်မရှိဘဲ၊ အကျွနု်ပ်တို့သည် သင်တို့၏ မိစ္ဆာအယူဝါဒသို့ ပြန်လာကြမည်မဟုတ်ပေ။ အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်သည် အနန္တရွှေဉာဏ်တော်အားဖြင့် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့ သိမြင်တော်မူ၏။ အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်အားသာလျှင် ယုံကြည်ကိုးစား ကြ၏။ အို-ကျေးဇူးတော်သခင် အသျှင်သည် တရားစီရင်ဆုံးဖြတ်သော တရားသူကြီးအပေါင်းတို့ တွင် အကောင်းဆုံးဖြစ်တော်မူသည့်အတိုင်း အကျွနု်ပ်တို့နှင့် အကျွနု်ပ်တို့ သားချင်းတို့အလယ်၌ မှန်ကန်စွာ ဆုံးဖြတ်စီရင်တော်မူပါ။
Verse 90 — Surah Al-Araf 7:90
၉ဝ။ သို့သော် သူတို့အမျိုးသား၏ မယုံကြည်သူ ရှေ့ဆောင်အကြီးအကဲတို့က အကယ်၍ သင်တို့သည် ရှူအိုက်(ဘ်)နောက်သို့လိုက်ကြလျှင် အကျွနု်ပ်တို့သည် ဆုံးရှုံးပျက်စီးသူများ မချွတ်ဧကန်ဖြစ်ကြမည်ဟု ဆိုကြ၏။
Verse 91 — Surah Al-Araf 7:91
၉၁။ ထို့ကြောင့် ငလျင်လှုပ်ခြင်းဒဏ်တော်သည် သူတို့ကို ဖမ်းဆီးကြ၍ နံနက်မိုးသောက်လျှင် သူတို့ကို ၎င်းတို့အိမ်အသီးသမီးတွင် ဒူးထောက်မှောက်ခုန်လဲလျက် တွေ့ကြရ၏။
Verse 92 — Surah Al-Araf 7:92
၉၂။ အကြင်သူတို့သည် တမန်တော် ရှူအိုက်(ဘ်)ကို မယုံကြည်ကြ။ ထိုသူတို့သည် ထိုအရပ်တွင် မနေဘူးသကဲ့သို့ ပျောက်ကွယ်သွားကြ၏။ တမန်တော် ရှူအိုက်(ဘ်)ကို မယုံကြည်သူတို့သည် ဆုံးရှုံး ပျက်စီးသူများဖြစ်ကြ၏။
Verse 93 — Surah Al-Araf 7:93
၉၃။ ထို့ကြောင့် တမန်တော်သည် သူတို့ထံမှလှည့်ပြီးလျှင် ဟောကြား၏။ ဟယ်-အချင်းတို့ အကျွနု်ပ်တို့ သည် မိမိ၏ ကျေးဇူးတော်သခင်၏ ဗျာဒိတ်တော်များကို သင်တို့အား ဟောပြောပြီးပြီ။ ကောင်းသော သြဝါဒကိုပေးပြီးပြီ။ ထို့နောက် သစ္စာတရားတော်ကို ပယ်ရှားသူတို့အတွက် အကျွနု်ပ်သည် အဘယ်ကြောင့် ဝမ်းနည်းပက်လက်ရှိရမည်နည်း။
Verse 94 — Surah Al-Araf 7:94
၉၄။ ငါအသျှင်မြတ်သည် မည်သည့်အရပ်ကိုမဆို တမန်တော် စေလွှတ်တော်မမူမှ စေလွှတ်တော်မူလျှင် ထိုအရပ်သူ၊ အရပ်သားတို့သည် မာန်စွယ်ကြိုးပဲ့ နှိမ့်ချကောင်း နှိမ့်ချစေရန် သူတို့အား ငါသည် ဘေးအန္တရာယ် ဆင်းရဲဒုက္ခပေးတော်မူ၏။
Verse 95 — Surah Al-Araf 7:95
၉၅။ ထို့နောက် ငါသည် သူတို့၏ ဥစ္စာပစ္စည်းပေါများကြွယ်ဝသည်တိုင်အောင် သူတို့၏ ဆင်းရဲဒုက္ခကို ချမ်းသားသုခနှင့် လဲလှယ်တော်မူ၏။ သူတို့သည် စည်းစိမ်ယစ်မူး၍ ဘေးအန္တရာယ် ဆင်းရဲဒုက္ခသည် ကျွနု်ပ်တို့၏မိဘများကိုသာထိ၏ဟု ဆိုကြ၏။ ထိုအခါ ငါသည် သူတို့မမြင်ဘဲ သူတို့ကို ရုတ်တရက် ရှောင်တခင် ဖမ်းဆီးတော်မူ၏။
Verse 96 — Surah Al-Araf 7:96
၉၆။ အကယ်၍ မြို့ရွာ နယ်ပယ်သားတို့သည် ယုံကြည်လျက် သုစရိုက်ကောင်းမှုကို ပွားများကြလျှင် ငါသည် သူတို့အတွက် ကောင်းကြီးမင်္ဂလာတော်များကို မိုးကောင်းကင်မှသော်လည်းကောင်း၊ ကမ္ဘာမြေကြီးမှသော်လည်းကောင်း ဖွင့်ပေးသနားတော်မူမည်။ သို့သော် သူတို့သည် တမန်တော်တိုင်းကို လိမ်လည်လှည့်ဖြားသူများဟု စွပ်စွဲကြ၏။ သို့ဖြစ်၍ သူတို့၏ပြုကျင့်မှု၏ အကျိုးကြောင့် ငါသည် သူတို့ကို ဖမ်းဆီးတော်မူ၏။
Verse 97 — Surah Al-Araf 7:97
၉၇။ ငါ၏ အမျက်တော်သည် သူတို့အိပ်နေစဉ် ညဉ့်အချိန်ကိုဝင်တိုက်သည့် စစ်သည်တော်ကဲ့သို့ သူတို့ အပေါ်သို့ ဆိုက်ရောက်လာခြင်းမှ သူတို့သည် လုံခြံုချမ်းသာကြသလော။
Verse 98 — Surah Al-Araf 7:98
၉၈။ သို့မဟုတ် ငါ၏အမျက်တော်သည် သူတို့ကစားနေစဉ် သူတို့အပေါ်သို့ နေ့အချိန်ကာလတွင် ဆိုက်ရောက်လာခြင်းမှ သူတို့ လုံခြံုချမ်းသားကြသလော။
Verse 99 — Surah Al-Araf 7:99
၉၉။ သူတို့သည် အလ္လာဟ်အသျှင်မြတ်၏ စီမံကိန်းမှ လွတ်မြောက်ချမ်းသာကြသလော။ ပျက်စီးဆုံးရှုံးသူမှ တစ်ပါး မည်သူမှ မိမိကိုယ်ကို အလ္လာဟ်အသျှင်မြတ်၏ စီမံခန့်ခွဲခြင်းမှ လွတ်မြောက်သည်ဟု မထင်မှတ်ပေ။
Verse 100 — Surah Al-Araf 7:100
၁ဝဝ။ ရှေးလူများသည် မိမိတို့ပြုကျင့်မှု၏အကျိုးအရှိန်ကြောင့် ပျက်စီးသွားကြပြီးနောက် ဤလောကဓာတ် ကြီးကို အမွေရသူတို့အား ငါအသျှင်မြတ်အလိုရှိတော်မူပါလျှင် ထိုသူတို့ကို ၎င်းတို့၏ပြစ်မှုများကြောင့် ဒဏ်ပေးစွမ်းနိုင်ကြောင်း ထိုသူတို့မကြားနိုင်အောင် သူတို့၏ စိတ်နှလုံးများကို တံဆိပ်ခပ်နှိပ် ပိတ်ထားစွမ်းနိုင်ကြောင်းကို ပြသသည်မဟုတ်လော။
Verse 101 — Surah Al-Araf 7:101
၁ဝ၁။ ထိုမြို့ရွာနယ်ပယ်များသည် ယင်းသို့ဖြစ်ကြ၏။ အို-မိုဟမ္မဒ် ငါအသျှင်မြတ်သည် ၎င်းတို့ရာဇဝင် အချို့ကို သင့်အား ထုတ်ဖော်မိန့်ကြားတော်မူပြီး တမန်တော်များသည် သူတို့ထံသို့ အလ္လာဟ် အသျှင်မြတ်သည် အချုပ်အခြာအာဏာ ပိုင်သတော်မူကြောင်း ထင်ရှားသော သက်သေသာဓကကြီး များနှင့် ရောက်လာကြ၏။ သို့သော် သူတို့သည် အထက်က ငြင်းပယ်ခဲ့သဖြင့် ထိုသက်သေ သာဓကကြီးများကို မယုံနိုင်ကြပေ။ ဤကဲ့သို့ အလ္လာဟ်အသျှင်မြတ်သည် မိစ္ဆာဒိဌိတို့ မကြားနိုင် အောင် သူတို့၏ စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်ထားတော်မူ၏။
Verse 102 — Surah Al-Araf 7:102
၁ဝ၂။ ငါအသျှင်မြတ်သည် သူတို့အနက် များလှစွာသောသူတို့သည် ပဋိညာဉ်များကို မစောင့်ထိန်း၊ သစ္စာ မရှိကြောင်းကို တွေ့တော်မူ၏။ ထိုမျှမက သူတို့အနက် များပြားလှစွာသောသူတို့သည် ဒုစရိုက် မကောင်းမှုကို ကျူးကျော်သူများဖြစ်ကြောင်းကို ငါသိမြင်တော်မူ၏။
Verse 103 — Surah Al-Araf 7:103
၁ဝ၃။ ထိုသူများနောက် ငါသည် တမန်တော်မူဆာအား ငါ၏ နိမိတ်အံ့ဖွယ်တော်များနှင့်တကွ ဖာရောမင်းနှင့် သူ၏မှူးမတ်မျးထံသို့ စေလွှတ်တော်မူ၏။ သို့သော် သူတို့သည် သူ့ကို တွန်းလှန် ဖယ်ရှားကြ၏။ သူ့ကို ဖောက်ပြန်သူ မိစ္ဆာဒိဌိတို့သည် အဘယ်အကျိုးကို ခံစားကြရသည်ကို ကြည့်ရှု ကြလော့။
Verse 104 — Surah Al-Araf 7:104
၁ဝ၄။ တမန်တော်မူဆာ ဟောကြား၏။ အို-ဖာရောမင်း မှတ်သားလော့။ အကျွနု်ပ်သည် စကြာဝဠာ အားလုံး၏ အသျှင်သခင်အထံတော်မှ တမန်တော်တစ်ပါးဖြစ်၏။
Verse 105 — Surah Al-Araf 7:105
၁ဝ၅။ အကျွနု်ပ်သည် အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ မှန်ကန်သောစကားမှတစ်ပါး အခြားစကားကို မဆိုရသော စည်းကမ်းချက်နှင့်လာရ၏။ အကျွနု်ပ်သည် သင်တို့ထံသို့ သင်တို့၏ကျေးဇူးတော်သခင် ထံမှ ထင်ရှားခိုင်မာသော သက်သောသာဓကတစ်ပါးကို ယူဆောင်လာ၏။ ထို့ကြောင့် အစ္စရာအီလ် အမျိုးသားတို့အား အကျွနု်ပ်နှင့်အတူ လိုက်ခွင့်ကိုပေးပါ။
Verse 106 — Surah Al-Araf 7:106
၁ဝ၆။ ဖာရောပြောသည်။ အို-မူဆာ အကယ်၍ သင်သည် အတိတ်နိမိတ်အံဖွယ်တော်တစ်ပါးကို ယူခဲ့သော် သင်သည် မှန်သောသစ္စာစကားဆိုသူဖြစ်သော်၊ ထို့လက္ခဧာတော်ကို ပြသလော့။
Verse 107 — Surah Al-Araf 7:107
<၁ဝ၇။ ထိုအခါ တမန်တော်သည် မိမိတောင်ဝှေးကိုပစ်ချလိုက်၏။ တောင်ဝှေးသည် ေြ>ွမအစစ်အမှန် ဖြစ်သွား၏။
Verse 108 — Surah Al-Araf 7:108
၁ဝ၈။ တစ်ဖန် မိမိလက်ကို ရင်ဘတ်မှ ဆွဲထုတ်လိုက်၏။ ထိုလက်သည် မြင်ရသူတို့အဖို့ အမှန်ပင် တောက်ပ ဖြူစင်သွား၏။
Verse 109 — Surah Al-Araf 7:109
၁ဝ၉။ ဖာရော၏ အမျိုးသားထဲမှ အကြီးအကဲတို့သည် ပြောကြ၏။ မှတ်သားကြလော့။ ဤသူသည် ဝိဇ္ဇာ အတတ်ပညာရှိသော ပယောဂဆရာကြီးဖြစ်၏။
Verse 110 — Surah Al-Araf 7:110
၁၁ဝ။ သူသည် သင်တို့ကို မိမိတို့တိုင်းပြည်မှ နှင်ထုတ်ပစ်လမ့်မည်။ ယခု သင်တို့သည် အဘယ် အကြံဉာဏ်ကို ပေးကြမည်နည်း။
Verse 111 — Surah Al-Araf 7:111
၁၁၁။ သူတို့သည် ဖာရောဘုရင်အား တင်လျှောက်ကြသည်။ သူနှင့်သူ၏အစ်ကို ခေတ္တခဏ ဆိုင်းငံ့ ထားတော်မူပါ။ မြို့များသို့ ကြွေးကြော်ဆင့်ခေါ်သူ အနှံ့အပြားလွှတ်တော်မူပါ။
Verse 112 — Surah Al-Araf 7:112
၁၁၂။ ပယောဂအတတ်ပညာရှင်တိုင်းကို အရှင်ဘုရားထံခေါ်ငင်စေတော်မူပါ။
Verse 113 — Surah Al-Araf 7:113
၁၁၃။ ပယောဂဆရာများသည် ဖာရောဘုရင်၏ ရှေ့တော်သို့ ဝင်ရောက်ခစားကြ၏။ အကျွနု်ပ်တို့သည် အောင်နိုင်သူများဖြစ်ပါလျှင် ဆုတော်လာဘ်တော် အမှန်ပင် ရကြလိမ့်မည်ဟု ဆိုကြ၏။
Verse 114 — Surah Al-Araf 7:114
၁၁၄။ ဖာရောသည် မိန့်တော်မူ၏။ မှန်ပေသည်။ သင်တို့သည် အကျွနု်ပ်အနားတွင် ခစားရသူများ အမှန်ပင် ဖြစ်ကြရလိမ့်မည်။
Verse 115 — Surah Al-Araf 7:115
၁၁၅။ ပယောဂဆရာများပြောကြသည်။ အို-မူဆာ သင် ပထမပစ်မည်လော။ သို့မဟုတ် အကျွနု်ပ်တို့ ပစ်ပြရမည်လော။
Verse 116 — Surah Al-Araf 7:116
၁၁၆။ သူက သင်တို့ပစ်ကြလော့ဟုဆို၏။ သူတို့ပစ်ချသောအခါ သူတို့သည် လူထု၏မျက်စိကို ဂါထာ မန္တရားအားဖြင့် လှည့်စားထားကြ၏။ လူထုကို ကြောက်ရွံ့စေ၏။ ကောင်းစွာ လှည့်စားထားကြ၏။
Verse 117 — Surah Al-Araf 7:117
၁၁၇။ ထိုအခါ ငါအသျှင်မြတ်သည် တမန်တော်မူဆာအား အို-မူဆာ သင်၏တောင်ဝှေးကို ပစ်ချလော့ဟု ဗျာဒိတ်ပေးတော်မူ၏။ တောင်ဝှေးသည် ပယောဂဆရာတို့ ဖန်တီးသောအရာများကို မြိုပစ်လိုက်၏။
Verse 118 — Surah Al-Araf 7:118
၁၁၈။ ဤကဲ့သို့ သစ္စတရားတော်ကို ထွန်းတောက်စေတော်မူ၏။ ထိုသူတို့ ဖန်တီးသောအရာများကို အချည်းအနှီးဖြစ်စေတော်မူ၏။
Verse 119 — Surah Al-Araf 7:119
၁၁၉။ ဤကဲ့သို့ ပယောဂဆရာများသည် အနိုင်ခံနှင့် အနှိမ့်ချခံကြရ၏။
Verse 120 — Surah Al-Araf 7:120
၁၂ဝ။ ထိုအခါ ပယောဂဆရာများသည် ဝတ်တွားဦးညွှတ်ချကြ၏။
Verse 121 — Surah Al-Araf 7:121
၁၂၁။ သူတို့က အကျွနု်ပ်တို့သည် စကြာဝဠာအားလုံး၏ ကျေးဇူးတော်အသျှင်သခင်အား ယုံကြည်ကြပါ၏။
Verse 122 — Surah Al-Araf 7:122
၁၂၂။ ထိုအသျှင်မြတ်သည် တမန်တော်မူဆာနှင့် တမန်တော်ဟာရွန်တို့၏ အသျှင်သခင်ဖြစ်တော်မူပါ၏ဟု ရင့်ကျူးကြ၏။
Verse 123 — Surah Al-Araf 7:123
၁၂၃။ ဖာရောပြော၏။ ငါအမိန့်မပေးဘဲ သင်တို့သည် ထိုအသျှင်သခင်ကို ယုံကြည်ကြသလော။ ဤအမှု အခင်းကို မြို့သူ၊ မြို့သားများအား မြို့တော်မှ မောင်းထုတ်ရန် သင်တို့ဖန်တီးလာသော ဥပါယ်တမည် ဖြစ်၏။ သို့သော် သင်တို့ကို သိစေမည်။
Verse 124 — Surah Al-Araf 7:124
၁၂၄။ မုချဧကန် ငါသည် သင်တို့၏ လက်ခြေများကို လက်ဝဲ၊ လကျ်ာတစ်ဖက်စီ ဖြတ်စေမည်။ ထို့နောက် ငါသည် သင်တို့ကို တစ်ယောက်မကျန် ကားတိုင်တင်၍ ကွပ်မျက်စေမည်။
Verse 125 — Surah Al-Araf 7:125
၁၂၅။ သူတို့ ပြန်ပြောကြ၏။ မှတ်သားပါလော့။ အကျွနု်ပ်တို့သည် မိမိတို့၏ အသျှင်သခင်အထံသို့ ပြန်ခါနီး ပါပြီ။
Verse 126 — Surah Al-Araf 7:126
၁၂၆။ အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်ထံမှ အသျှင်မြတ်၏ သက်သေသာဓကတော်များသည် အကျွနု်ပ်တို့ထံသို့ ကျရောက်လာသောအခါ အကျွနု်ပ်တို့သည် ထိုသာဓကတော်များကို ယုံကြည်ကြ သောကြောင့် သင်သည် အကျွနု်ပ်တို့ကို ဂလဲ့စားချေပါ၏။ အို-အကျွနု်ပ်တို့၏အသျှင်သခင်၊ အကျွနု်ပ်တို့အား ဇွဲသတ္တိနှင့် တည်ကြည်ခိုင်မြဲခြင်းကို ပေးသနားတော်မူပါ။ အကျွနု်ပ်တို့ကို အသျှင်အား ယုံကြည်ကျိုးနွံသူတို့အဖြစ်နှင့်သာ ခေါ်တော်မူပါဟု ဆုတောင်းကြ၏။
Verse 127 — Surah Al-Araf 7:127
၁၂၇။ ဖာရော၏ ပြည်သူ၊ ပြည်သား အကြီးအကဲများသည် ပြောကြ၏။ အို-ပြည့်ရှင်မင်း၊ မင်းကြီးသည် မူဆာနှင့် သူ၏နောက်လိုက်တို့အား မြေပေါ်တွင် ပျက်စီးဆုံးရှုံးမှုများကို ကျူးလွန်ခွင့် ပေးပါမည် လော။ မင်းကြီးက အကျွနု်ပ်တို့သည် သူတို့သားများကိုသတ်၍ သမီးများကို ချမ်းသာပေးမည်။ အကျွနု်ပ်တို့သည် သူတို့ကို အစိုးရ၏ဟုဆို၏။
Verse 128 — Surah Al-Araf 7:128
၁၂၈။ တမန်တော်မူဆာသည် သူ၏အမျိုးသားတို့အားပြော၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ စောင့်ရှောက်ခြင်းကိုသာ ရှာမှီးကြလော့။ သည်းခံကြလော့။ မှတ်သားကြလော့။ မဟာပထဝီမြေကြီးကို အလ္လာဟ်အသျှင်မြတ် စိုးပိုင်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အလိုတော်ရှိသူတို့အား ကမ္ဘာမြေကြီးကို ပေးသနားတော်မူ၏။ မှတ်သားကြလော့။ အောင်မြင်ခြင်းပန်းတိုင်သည် အလ္လာဟ် အသျှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်သူများအဖို့သာတည်း။
Verse 129 — Surah Al-Araf 7:129
၁၂၉။ သူတို့ပြောကြ၏။ အို-တမန်တော်၊ အကျွနု်ပ်တို့သည် သင်မရောက်မှီကာလအတွင်းသော် လည်းကောင်း၊ သင်ရောက်ပြီးမှသော်လည်းကောင်း၊ ညှင်းဆဲနှိပ်စက်ခြင်းကို ခံကြရ၏။ တမန်တော် မူဆာဟောပြော၏။ ဟယ်-အချင်းတို့ သင်တို့သည် မည်သို့ပြုမှုကြသည်ကို အလ္လာဟ်အသျှင်မြတ် ရှုတော်မူစေရန် သင်တို့၏ အသျှင်သခင်သည် သင်တို့ရန်သူများကို သုတ်သင်ရှင်းလင်း၍ သင်တို့ကို မြေပေါ်တွင် ကိုယ်စားလှယ်တော်များ ခန့်ထားတော်မူကောင်း ခန့်ထားတော်မူလိမ့်မည်။
Verse 130 — Surah Al-Araf 7:130
၁၃ဝ။ ငါအသျှင်မြတ်သည် ဖာရောမင်း၏ အမျိုးသားတို့ တရားရကောင်းရစေစိမ့်ခြင်းငှား သူတို့အပေါ် ဒုမ္ဘိက္ခန္တရကပ်နှင့် အသီးအနှံ ခေါင်းပါးပျက်စီးခြင်းဘေး ဆိုက်ရောက်စေတော်မူ၏။
Verse 131 — Surah Al-Araf 7:131
၁၃၁။ သို့သော် ကောင်းကြီးမင်္ဂလာကျရောက်လာသောအခါတိုင်း သူတို့က ဤကောင်းကြီးမင်္ဂလာသည် အကျွနု်ပ်တို့၏ ကုသိုလ်ကံကြောင့် ခံစားကြရ၏ဟု ဆိုကြ၏။ အမင်္ဂလာဖိစီးလာသောအခါတိုင်း ဤဒုက္ခသည် တမန်တော်မူဆာနှင့် ၎င်း၏အသင်းသားတို့ ဖောက်ပြန်မှုကြောင့်ဖြစ်သည်ဟု စွပ်စွဲ ကြ၏။ အမှန်မှာ သူတို့၏ အမင်္ဂလာအတိတ်နမိတ်သည် အလ္လာဟ်အသျှင်မြတ်၌သာလျှင်ရှိ၏။ သို့သော် သူတို့အနက် အရည်အတွက်များလှစွာသောသူတို့သည် အသိတရားမရှိကြပေ။
Verse 132 — Surah Al-Araf 7:132
၁၃၂။ ထို့ပြင် သူတို့ကပြောကြသေး၏။ အို-မူဆာ သင်သည် အကျွနု်ပ်တို့အား ပြုစားရန် မည်သည့် အတိတ် နမိတ်ကို ယူဆောင်သော်လည်း အကျွနု်ပ်တို့သည် သင့်အား ယုံကြည်ကြမည်မဟုတ်ပေ။
Verse 133 — Surah Al-Araf 7:133
၁၃၃။ ထို့ကြောင့် ငါအသျှင်မြတ်သည် သူတို့အပေါ်သို့ ရေလွှမ်းမိုးခြင်းဘေး၊ နှံကောင်ဘေး၊ ပိုးမွှားဘေး၊ ဖားဘေး စသည့် ထင်ရှားသောလက္ခဏာတော်တစ်ပါးပြီးတစ်ပါး ဆိုက်ရောက်စေတော်မူ၏။ သို့သော် သူတို့သည် မိမိကိုယ်ကိုမိမိ အထင်ကြီးပြီး အပြစ်ရှိသူများဖြစ်ကြ၏။
Verse 134 — Surah Al-Araf 7:134
၁၃၄။ ဘေးအန္တရာယ်ကြောက်မက်ဖွယ်တို့ ဆိုက်ရောက်လာသောအခါ သူတို့သည် ဤသို့ ငိုကြွေးတောင်းပန် ကြ၏။ အို-မူဆာ သင်၏အသျှင်သခင်သည် သင်နှင့် ပဋိညာဉ်ဖွဲ့တော်မူပြီးသောကြောင့် သင်သည် သင်၏ ကျေးဇေူးတော်သခင်ထံတော်၌ အကျွနု်ပ်တို့အတွက် ဆုတောင်းပေးပါလော့။ အကယ်၍ သင်သည် အကျွနု်ပ်တို့၏ ဘေးဒုက္ခကို ဖယ်ရှားပါလျှင် အကျွနု်ပ်တို့သည် သင့်ကို အမှန်ပင်ယုံကြည်၍ အစ္စရာအီလ်အမျိုးသားတို့ကို သင်နှင့်အတူတကွ သွားစေမည်။
Verse 135 — Surah Al-Araf 7:135
၁၃၅။ သို့သော် ငါအသျှင်မြတ်သည် သူတို့ထံမှ ဘေးအန္တရာယ်ကို သူတို့အတွက် သတ်မှတ်ထားတော် မူသောအချိန်တိုင်အောင် ဖယ်ရှားတော်မူသောအခါ သူတို့သည် မိမိတို့ ဂတိသစ္စာကို မစောင့်ထိန်း ဖောက်ချိုးကြ၏။
Verse 136 — Surah Al-Araf 7:136
၁၃၆။ ထို့ကြောင့် ငါအသျှင်မြတ်သည် သူတို့ကို ဂလဲ့စားချေတော်မူ၏။ ထို့ကြောင့် ငါသည် သူတို့ကို ပင်လယ် သမုဒ္ဒရာ၌ နစ်မြှုပ်သေစေတော်မူ၏။ သူတို့သည် ငါ၏ဗျာဒိတ်တော်များကိုလက်မခံ၊ ငြင်းပယ်အရေးမစိုက်ကြသောကြောင့်ဖြစ်၏။
Verse 137 — Surah Al-Araf 7:137
၁၃၇။ ထို့ပြင် ငါသည် မထီလေးစားပြုခြင်းခံရသောသူတို့အား ငါ ကောင်းကြီးမင်္ဂလာပေးထားတော်မူသော အရှေ့တိုင်းပြည်၊ အနောက်တိုင်းပြည်တို့ကို ပေးသနားတော်မူ၏။ အစ္စရာအီလ်အမျိုးသားတို့အတွက် သူတို့၏ ခန္တီပါရမီကြောင့် အလ္လာဟ်အသျှင်မြတ်၏ သုမင်္ဂလာစကားတော်သည် တည်လာ၏။ ငါသည် ဖာရောနှင့် အသင်းသားတို့ပြုကျင့်မှုများ ကြိုးစားအားထုတ်မှုများကို ဖျက်ဆီးပစ်တော်မူ၏။
Verse 138 — Surah Al-Araf 7:138
၁၃၈။ ထို့ပြင် ငါသည် အစ္စရာအီလ်အမျိုးသားတို့အား ပင်လယ်ပြင်ကိုဖြတ်သန်း၍ ယူဆောင်လာတော်မူ၏။ သူတို့သည် ရုပ်ပွားဆင်းတုကို ကိုးကွယ်သောလူမျိုးတစ်မျိုးထံသို့ ရောက်လာကြ၏။ သူတို့က အို-မူဆာ ဤလူများမှာ ဘုရားများရှိသကဲ့သို့ အကျွနု်ပ်တို့အတွက် ဘုရားတစ်ဆူထုပါလော့ဟု ပြောဆိုကြ၏။ တမန်တော်မူဆာသည် ဟောကြား၏။ ဟယ်-အချင်းတို့ သင်တို့သည် အမှန်ပင် အသိဉာဏ်ခေါင်းပါးသူတို့ဖြစ်ကြ၏။
Verse 139 — Surah Al-Araf 7:139
၁၃၉။ မှတ်သားကြလော့။ ဤလူတို့မှာကား သူတို့၏လမ်းကို ဖျက်ဆီးပစ်တော်မူခြင်းခံရမည်။ သူတို့၏ ပြုကျင့်မှုများသည် အကျိုးမဲ့ အချည်းနှီးဖြစ်၏။
Verse 140 — Surah Al-Araf 7:140
၁၄ဝ။ တမန်တော်သည် ဆက်လက်၍ ဟောကြား၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား လူသား အပေါင်းတို့ထက်သာလွန်၍ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားဘုရားကို အကျွနု်ပ်သည် သင်တို့အတွက် ရှိာမှီးရမည်လော။
Verse 141 — Surah Al-Araf 7:141
၁၄၁။ ငါအသျှင်မြတ်သည် သင်တို့အား သင်တို့၏ သားရတနာတို့ကိုသတ်ဖြတ်၍ သမီးရတနာတို့ကို ချမ်းသာပေးခြင်း စသည့်ရက်စက်ကြောက်မက်ဖွယ် ညှင်းပန်းနှိပ်စက်သော ဖာရောအသင်းသားတို့၏ လက်တွင်းမှ ကယ်နှုတ်တော်မူသည့် ကျေးဇူးတော်ကို အာရုံပြုကြလော့။ ထိုအတိဒုက္ခသည် သင်တို့၏ ကျေးဇူးတော်သခင်၏ ထိတ်လန်ကြောက်မက်ဖွယ်သော စုံစမ်းခြင်းကြီးဖြစ်၏။
Verse 142 — Surah Al-Araf 7:142
၁၄၂။ ငါအသျှင်မြတ်သည် တမန်တော်မူဆာအတွက် တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာနေရန် ညဉ့်သုံးဆယ်ကို သတ်မှတ်ပေးတော်မူ၏။ ထို့နောက် ဆယ်ညဉ့်ထပ်ထည့်တော်မူ၏။ သူသည် သူ၏ ကျေးဇူးတော် သခင်၏ ဗျာဒိတ်တော်အတိုင်း ညဉ့်ပေါင်းလေးဆယ်ပြည့်အောင် တရားအားထုတ်၏။ တမန်တော် မူဆာက သူ၏ အစ်ကိုအား အို-နောင်တော်ကြီး အကျွနု်ပ်တို့၏ အမျိုးသားထဲ၌ အကျွနု်ပ်၏နေရာကို ယူလော့။ တရားမှန်ကန်မှုကိုသာပြုလော့။ ဖျက်ဆီးသူတို့၏လမ်းကို မလိုက်လင့်ဟု မှာထားခဲ့၏။
Verse 143 — Surah Al-Araf 7:143
၁၄၃။ တမန်တော်မူဆာသည် ချိန်းထားတော်မူသောနေရာအရပ်သို့လာ၍ သူ၏ကျေးဇူးတော်သခင် ဗျာဒိတ်စကားပြောတော်မူသောအခါ သူက အို-အကျွနု်ပ်၏ ကျေးဇူးတော်သခင် အကျွနု်ပ်သည် အသျှင်အား စိုက်၍ ဖူးမြော်နိုင်ရအောင် အသျှင်၏ကိုယ်ကို ပြတော်မူပါဟု တင်လျှောက်၏။ အသျှင်မြတ်က အို-မူဆာ သင်သည် ငါ့ကို ပကတိဖူးမြင်နိုင်မည်မဟုတ်။ သို့သော် တောင်ကို စိုက်ကြည့်လော့။ အကယ်၍ တောင်သည် နဂိုရ်အတိုင်း မိမိနေရာတွင်တည်နေလျှင် သင်သည် ငါ့ကို မျက်ဝါးထင်ထင် မြင်ရလတ္တံ့ဟု ဗျာဒိတ်ပေးတော်မူ၏။ သူ၏ ကျေးဇူးတော်သခင်သည် တောင်အား မိမိ၏ဂုဏ်တော်ကိုပြသတော်မူသောအခါ တောင်သည် ပြိုလဲကျသွား၏။ တမန်တော် မူဆာလည်း သတိမရှိ လဲကျသွား၏။ သူသည် သတိရလာသောအခါ အို-အသျှင်မြတ် အသျှင်သည် ချို့တဲ့ခြင်းကင်းမဲ့တော်မူပါ၏။ အကျွနု်ပ်သည် သတိသံဝေဂရလျက် အသျှင့်ဘက်တော်သို့ မျက်နှာ မူပါ၏။ အကျွနု်ပ်သည် ယုံကြည်သူအစစ်တို့တွင် ရှေးဦးပထမဖြစ်ပါ၏ဟု တင်လျှောက်၏။
Verse 144 — Surah Al-Araf 7:144
၁၄၃။ အသျှင်မြတ်က ဗျာဒိတ်ချတော်မူ၏။ အို-မူဆာ ငါသည် သင့်အား နှုတ်ကပတ်တော်များ ပေးအပ် တော်မူခြင်း၊ တိုက်ရိုက် ဗျာဒိတ်စကားပြောတော်မူခြင်းတို့ဖြင့် လူသားအပေါင်းတို့ထက် သာလွန် မြတ်နိုးချီးမြှောက်တော်မူ၏။ ထို့ကြောင့် ငါပေးသနားတော်မူသော ကျမ်းတော်မြတ်ကို သဒ္ဒါကြည်ညို ရိုသေလေးမြတ်စွာ ကိုင်ထားလော့။ သင်သည် ဂုဏ်ကျေးဇူးတော်ကို ချီးကျူးသူတို့ဘောင်တွင် ပါဝင်လော့။
Verse 145 — Surah Al-Araf 7:145
၁၄၅။ ငါသည် အရာခပ်သိမ်းကုန်တို့မှ ထုတ်ယူရမည့် သင်ခန်းစာများ၊ အရာခပ်သိမ်းကုန်တို့၏ အကြောင်း အရာများ၏ ရှင်းလင်းချက်များကို သူ့အား ကဗ္ဗည်းကျောက်စာရေးပေးတော်မူ၍ ဗျာဒိတ်ချတော်မူ သည်မှာ အို-မူဆာ ဤကျမ်းတော်ကို မြဲမြံစွာကိုင်ထားလော့။ သင်သည် မိမိအသင်းသားတို့အား ကျမ်းတော်တွင်ဖော်ပြထားသော သာလွန်ကောင်းမွန်သောလမ်းတော်ကို လျှောက်လိုက်ရန် အမိန့် ပေးလော့။ ငါသည် သင်တို့အား ဒုစရိုက်ပြစ်မှု ကျူးလွန်သူတို့၏ နေထိုင်ရာဌာနကို ပြတော်မူ၏။
Verse 146 — Surah Al-Araf 7:146
၁၄၆။ ငါသည် ကိုယ့်ကိုယ်ကို မတရားအထင်ကြီးသောသူတို့ကို ငါ၏ နှုတ်ကပတ်တော်များမှ လှည့်သွား စေတော်မူမည်။ သူတို့သည် သက်သေသာဓကတော်တစ်ပါးပါးကိုမြင်လျှင် ယုံကြည်ကြပေ။ သမ္မာ တရားလမ်းတော်ကိုမြငလျှင် ထိုလမ်းကိုမလိုက်ကြပေ။ မိစ္ဆာလမ်းကိုမြင်လျှင် ထိုလမ်းကို လိုက်ကြ၏။ ယင်းသို့ဖြစ်ရခြင်းမှာ ထိုသူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို မယုံကြည် ငြင်းဆန်၍ မထီလေးစား ဂရုမစိုက်လေ့ရှိကြသောကြောင့်ဖြစ်၏။
Verse 147 — Surah Al-Araf 7:147
၁၄၇။ အကြင်သူတို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် နောင်တမလွန်ဘဝ၏ အစည်းအဝေးသဘင်ကြီး ကို မယုံကြည် ငြင်းပယ်အံ့။ သူတို့၏ပြုကျင့်မှုများသည် အကျိုးမဲ့ အချည်းနှီးဖြစ်ကြ၏။ သူတို့၏ ပြုကျင့်လေ့ရှိသောအမှုများအတွက်မှတစ်ပါး အခြားအတွက် သူတို့ကို ဂလဲ့စားချေတော်မူသလော။
Verse 148 — Surah Al-Araf 7:148
၁၄၈။ တမန်တော်မူဆာ၏အမျိုးသားတို့သည် သူတို့ထံမှ တမန်တော်ထွက်ခွာသွားပြီးနောက် နွားလေး တစ်ကောင်ကို ကိုးကွယ်ရန်ဆုံးဖြတ်ကြ၏။ ထိုနွားကလေးသည် ၎င်းတို့ လက်ဝတ်လက်စားများနှင့် လုပ်သော ရွှေရောင်နွားငယ်ဖြစ်၏။ နွားအော်သံပြု၏။ ထိုနွားရုပ်ကလေးသည် သူတို့အား စကား မပြော၊ လမ်းမပြနိုင်သည်ကို သူတို့သည် မသိမမြ်ကြသလော။ သူတို့သည် နွားကလေးရုပ်ကို ကိုးကွယ် ကြ၏။ ဒုစရိုက်ပြုကျင့်သူများဖြစ်ကြ၏။
Verse 149 — Surah Al-Araf 7:149
၁၄၉။ သူတို့သည် ထိုနွားကိုးကွယ်မှု၏အပြစ်ကို ကြောက်ရွံ့တုန်လှုပ်ကြသောအခါ မိမိတို့သည် လမ်းမှားသို့ ရောက်နေသည်ကိုမြင်ကြသောအခါ သူတို့ပြောဆိုမြည်တမ်းကြသည်မှာ အကယ်၍ အကျွနု်ပ်တို့၏ အသျှင်သခင်သည် အကျွနု်ပ်တို့အား သနားစောင့်ရှောက်ချီးမြှောက်တော်မမူ၊ အပြစ်လွှတ်တော် မမူပါလျှင် အကျွနု်ပ်တို့သည် ပျက်စီးဆုံးရှုံးသူတို့ဘောင်တွင် ပါဝင်သူများ မုချဖြစ်ကြ၏။
Verse 150 — Surah Al-Araf 7:150
၁၅ဝ။ တမန်တော်မူဆာသည် မိမိ၏လူများထံ ဒေါသအမျက်ထွက်ခြင်း၊ ပူဆွေးခြင်းနှင့်ပြန်လာသောအခါ သူသည် ဟောကြား၏။ ဟယ်-အချင်းတို့၊ အကျွနု်ပ်သည် သင်တို့ထံမှထွက်ခွာပြီးနောက် သင်တို့ လိုက်သောလမ်းသည် မကောင်းဆိုးဝါးသောလမ်းဖြစ်၏။ သင်တို့သည် သင်တို့၏အသျှင်သခင်၏ စီရင်ချက်တော်ကို မြန်မြန်ရလိုကြသလော။ သူသည် မိမိယူဆောင်လာသော ကဗ္ဗည်းကျောက်စာ များကိုပစ်ချ၍ သူ၏ နောင်တော်၏ခေါင်းကို ဖမ်းဆီးပြီး သူ့ထံသို့ဆွဲ၏။ နောင်တော်က အို-အကျွနု်ပ်၏မိခင်၏သား မှတ်သားပါလော့။ ကျွနု်ပ်တို့၏ အမျိုးသားတို့သည် အကျွနု်ပ်ကို အားနည်းသူ ထင်မှတ်ပြီးလျှင် သတ်ပစ်မလောက်ဖြစ်ကြ၏။ အကျွနု်ပ်၏ရန်သူများအား အကျွနု်ပ်ကို မနိုင်နင်းစေ ပါနှင့်။ အကျွနု်ပ်ကို မတရားမှုပြုသူတို့အထဲတွင် မထည့်ပါလင့်ဟု တောင်းပန်၏။
Verse 151 — Surah Al-Araf 7:151
၁၅၁။ တမန်တော်မူဆာသည် အို-အကျွနု်ပ်၏အသျှင်သခင်၊ အကျွနု်ပ်နှင့် အကျွနု်ပ်၏နောင်တော်အား အပြစ်လွှတ်တော်မူပါအသျှင်၊ အကျွနု်ပ်တို့အား အသျှင်၏ ကောင်းချီးမင်္ဂလာအတွင်းသို့ သွင်းတော် မူပါ။ အသျှင်သည် ကောင်းကြီးမင်္ဂလာပေးသူတို့အနက် အထွဋ်အခေါင်ဖြစ်တော်မူပါ၏ဟု ဆုတောင်း၏။
Verse 152 — Surah Al-Araf 7:152
၁၅၂။ မှတ်သားကြလော့။ အကြင်သူတို့သည် နွားသူငယ်ကို ကိုးကွယ်ကြ၏။ ထိုသူတို့၏အသျှင်သခင် အထံတော်မှ ကြောက်မက်ဖွယ်သောအပြစ်တော်နှင့် အရှက်တကွဲနှိမ့်ချခြင်းတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်လိမ့်မည်။ ငါအသျှင်မြတ်သည် မုသားဖန်တီးသူတို့အား ဤကဲ့သို့ လက်စားချေတော်မူ၏။
Verse 153 — Surah Al-Araf 7:153
၁၅၃။ သို့သော် အကြင်သူသည် မတရားမှုကိုပြုမိကြ၏။ ထို့နောက် သတိသံဝေဂရကြ၏။ ယုံကြည်ကြ၏။ ထိုသူတို့အတွက် အလ္လာဟ်အသျှင်မြတ်သည် မုချဧကန် အပြစ်လွှတ်တော်မူသော ကောင်းကြီးမင်္ဂလာ ပေးသနားတော်မူသောအသျှင်ဖြစ်တော်မူ၏။
Verse 154 — Surah Al-Araf 7:154
၁၅၄။ ထို့နောက် တမန်တော်မူဆာသည် အမျက်ပြေသောအခါ သူသည် ကျောက်ပြားငယ်များကို ပြန်ကောက်ယူ၏။ ထိုကျောက်ပြားများပေါ်ရှိ ကဗ္ဗည်းကျောက်စာများ၌ မိမိတို့၏အသျှင်သခင်ကို ကြောက်ရွံ့ရိုကျိုးသူတို့အဖို့ အဆုံးအမတော်နှင့် ကောင်းကြီးမင်္ဂလာတော်များ ပါရှိ၏။
Verse 155 — Surah Al-Araf 7:155
၁၅၅။ ထို့နောက် တမန်တော်မူဆာသည် ငါ၏ ချိန်းချက်တော်မူသောနေရာအတွက် မိမိအမျိုးသားထဲမှ လူခုနှစ်ဆယ်ကိုရွေးချယ်၏။ သူတို့ကို ငလျင်လှုပ်ခြင်း ဖမ်းဆီးလာသောအခါ သူသည် အို-အကျွန်ုပ်၏ အသျှင်သခင်၊ အသျှင်သည် အလိုတော်ရှိခဲ့ပါလျှင် သူတို့ကို ရှေးအခါက သုတ်သင်ရှင်းလင်းတော် မူခဲ့ပါမည်။ အကျွနု်ပ်ကိုလည်း သူတို့နှင့်တကွ အဆုံးစီရင်တော်မူခဲ့ပါမည်။ အကျွနု်ပ်တို့အထဲမှ ပညာမဲ့သူတို့၏အပြုအမှုကြောင့် အသျှင်သည် အကျွနု်ပ်တို့အား ဖျက်ဆီးတော်မူပါမည်လော။ ထိုပြုကျင့်မှုသည် အကျွနု်ပ်အား အသျှင်၏ စုံစမ်းတော်မူခြင်းသာဖြစ်ပါ၏။ အသျှင်သည် အလိုတော်ရှိ သူအား လမ်းမှားသို့ရောက်စေတော်မူပါ၏။ အလိုတော်ရှိသူအား လမ်းမှန်ကို ပြတော်မူပါ၏။ အသျှင်သည် အကျွနု်ပ်တို့ကို စောင့်ရှောက်သော အဆွေခင်ပွန်းဖြစ်တော်မူပါ၏။ ထိုကြောင့် အကျွနု်ပ်တို့ကို အပြစ်လွှတ်တော်မူပါ။ ကောင်းကြီးမင်္ဂလာပြုတော်မူပါ။ အသျှင်သည် ကောင်းကြီး မင်္ဂလာပြုသူအပေါင်းတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူပါ၏။
Verse 156 — Surah Al-Araf 7:156
၁၅၆- အကျွနု်ပ်တို့အား ဤဘဝ၊ နောင်ဘဝ၌ ကောင်းကြီးမင်္ဂလာပေးသနားတော်မူပါ။ ကြည့်ပါလော့။
Verse 157 — Surah Al-Araf 7:157
၁၅၇။ အကျွနု်ပ်တို့သည် အသျှင့်ဘက်တော်သို့ မျက်နှာမူပါ၏ဟု ဆုတောင်း၏။ အသျှင်မြတ်က ငါသည် အပြစ်ပေးလိုတော်မူသူကို အပြစ်ပေးတော်မူပါ၏။ ငါ၏ ကောင်းကြီးမင်္ဂလာတော်သည် အရာခပ်သိမ်းကုန်တို့အတွက်ဖြစ်၏။ ထို့ကြောင့် ထိုကောင်းကြီးမင်္ဂလာတော်ကို ဤလူများအား ပေးသနားတော်မူမည်။ ထိုသူများမှာ ဒုစရိုက်ပြစ်မှုရှောင်ကြဉ်သူများ၊ ဇကတ်အလှူပေးသူများ၊ ငါ၏ နှုတ်ကပတ်တော်များ၊ ယုံကြည်သူများ၊ သူတို့လက်ရှိ တောင်ရတ်၊ အင်ဂျီလ်ကျမ်းတော်များတွင် ရေးထားသည်ကို သူတို့တွေ့ရသော၊ စာမဖတ်၊ မရေးတတ်သော၊ တမန်တော်နောက်ကိုလိုက်သော သူများဖြစ်ကြ၏။ သူသည် ထိုသူများအား သုစရိုက်မှန်ကန်မှုကို ဆင့်ဆိုလိမ့်မည်။ ဒုစရိုက်မမှန်ကန်မှုကို တားမြစ်လိမ့်မည်။ သူတို့အတွက် သန့်ရှင်းကောင်းမွန်သောအရာအားလုံးကို တရားမဝင်ဟု ပညတ်တော်မူမည်။ သူသည် သူတို့အပေါ် ကျရောက်နေသော ဝန်ထုပ်နှင့် ခြေထိပ်၊ လက်ထိပ် အနှောင်အဖွဲ့များကို ဖယ်ရှားလိမ့်မည်။ အကြင်သူတို့သည် တမန်တော်ကို ယုံကြည်ကြ၏။ ဂုဏ်ပြုကြ၏။ ကူညီကြ၏။ သူ့အား ချပေးသနားတော်မူသော ရောင်ခြည်တော်ကို လိုက်နာကြ၏။ ထိုသူတို့သည် အောင်လံတံခွန်လွှင့်ထူရသူများ ဖြစ်ကြ၏။
Verse 158 — Surah Al-Araf 7:158
၁၅၈။ အို-မိုဟမ္မဒ် ဟောကြားလော့။ အို-လူသားအပေါင်းတို့ မှတ်သားကြလော့။ အကျွနု်ပ်သည် သင်တို့ အားလုံးအတွက် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို စိုးပိုင်တော်မူထသော အလ္လာဟ်အသျှင်မြတ်၏ တမန်တော်ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားအသျှင်သခင်မရှိပေ။ အသျှင်မြတ်သည် အသက်ရှင်စေတော်မူ၏။ အသက်သေစေတော်မူ၏။ ထို့ကြောင့် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏ စာမဖတ်တတ်၊ စာမရေးတတ်သော အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏ ဗျာဒိတ်တော်များကို ယုံကြည်လေးစားသော တမန်တော်ကို ယုံကြည်ကြသော် သင်တို့သည် လမ်းမှန်ကို ညွှန်ခြင်းခံရစေခြင်းငှာ သူ၏နောက်သို့ လိုက်ကြလော့။
Verse 159 — Surah Al-Araf 7:159
၁၅၉။ တမန်တော်မူဆာ၏အမျိုးသားထဲတွင် အသင်းတစ်သင်းရှိ၏။ ထိုအသင်းသားတို့သည် သစ္စာတရား နှင့် လမ်းညွှန်ပြ၍ ထိုတရားတော်အားဖြင့် သမာသမတ်မှုကို ပြုလုပ်ကြ၏။
Verse 160 — Surah Al-Araf 7:160
၁၆ဝ။ ငါအသျှင်မြတ်သည် ထိုအမျိုးသားတို့ကို လူမျိုးဆယ့်နှစ်မျိုး ပိုင်းခြားတော်မူ၏။ သူ၏အမျိုးသားတို့က သူ့ထံမှ ရေတောင်းသောအခါ ငါသည် တမန်တော်မူဆာအား အို-မူဆာ သင်သည် ကျောက်တုံးကြီး ကို မိမိတောင်ဝှေးနှင့် ရိုက်လော့ဟု ဗျာဒိတ်ပေးတော်မူ၏။ ရိုက်သောအခါ စိမ့်စမ်းဆယ့်နှစ်သွယ် ပန်းထွက်လာ၍ လူမျိုးတစ်မျိုးစီသည် မိမိတို့ရေသောက်ရာစခန်းအသီးသီးကိုသိကြ၏။ ငါသည် မိုးတိမ်ဖြူတို့အား သူတို့ကို လွှမ်းစေတော်မူ၏။ ငါသည် သူတို့အတွက် မိုးကောင်းကင်မှ မန္နာနှင့် ငုံးငှက်များကို ချပေးသနားတော်မူ၍ အို-အစ္စရာအီလ်အမျိုးသားအပေါင်းတို့ ငါအသျှင်မြတ် ပေးသနားတော်မူသော သန့်ရှင်းမွန်မြတ်သောအစာအဟာရများကို မှီဝဲသုံးစွဲကြလော့ဟု ဗျာဒိတ် ပေးတော်မူ၏။ သူတို့သည် ငါအသျှင်မြတ်ကို ပြစ်မှားကြသည်မဟုတ်ပေ။ မိမိကိုယ်ကိုမိမိတို့ ပြစ်မှားလေ့ရှိကြ၏။
Verse 161 — Surah Al-Araf 7:161
၁၆၁။ သူတို့အား အစ္စရာအီလ်အမျိုးသားအပေါင်းတို့ သင်တို့သည် ဤမြို့ရွာနယ်အတွင်း မှီတင်းနေထိုင် ကြလော့။ ထိုနယ်ပယ်တွင် သင်တို့ကြိုက်သောနေရာ၌ လုပ်ကိုင်စားသောက်ကြလော့။ အပြစ်ကို ဝန်ချတောင်းပန်ကြလော့။ နယ်မြေတံခါးကို ကျိုးနွံ့နှိမ့်ချသောစိတ်နှင့် ဝင်ကြလော့။ ငါအသျှင်မြတ် သည် သင်တို့၏အပြစ်များကို လွှတ်တော်မူမည်။ ငါသည် သုစရိုက်ကောင်းမှု ဆည်းပူးသူတို့အတွက် အောင်ဆုမင်္ဂလာတော်ကို တိုးတက်ပွားများစေတော်မူမည်ဟု ဗျာဒိတ်ချတော်မူ၏။
Verse 162 — Surah Al-Araf 7:162
၁၆၂။ သို့သော် ဒုစရိုက်ပြစ်မှု ကျိူးလွန်သူတို့သည် မိမိတို့ထံကျရောက်လာသော ဗျာဒိတ်တော်စကားတော်ကို အဓိပ္ပါယ်ပြောင်းလွဲသွားအောင် အခြားစကားများနှင့် လဲလှယ်ကြ၏။ သူတို့၏ ဒုစရိုက်မှုများကြောင့် သူတို့အပေါ်သို့ ငါအသျှင်မြတ်သည် ကောင်းကင်ဘုံမှ အမျက်ချတော်မူ၏။
Verse 163 — Surah Al-Araf 7:163
၁၆၃။ အို-မိုဟမ္မဒ် သင်သည် သူတို့အား ပင်လယ်ကမ်းနားရှိသော သူတို့မြို့နယ်အကြောင်း၊ သူတို့ ဥပုသ် ချိုးခြင်း၊ ဥပုသ်နေ့၌ သူတို့၏ ငါးကြီးသည် သူတို့မြင်အောင်ပေါ်လာခြင်း၊ သူတို့ဥပုသ် မစောင့်သော နေ့၌ ထိုငါးကြီးမပေါ်လာခြင်းအကြောင်းတို့ကို မေးမြန်းစုံစမ်းလော့။ သူတို့၏ မကောင်းမှုများကြောင့် ငါအသျှင်မြတ်သည် သူတို့အား ယင်းသို့ စုံစမ်းတော်မူ၏။
Verse 164 — Surah Al-Araf 7:164
၁၆၄။ သူတို့အနက် အသင်းတစ်သင်းသည် အချင်းတို့ သင်တို့ အလ္လာဟ်အသျှင်မြတ် သုတ်သင်ရှင်းလင်း တော်မူ၍ ကြောက်မက်ဖွယ်ကောင်းသော အပြစ်ဒဏ်ခတ်တော်မူခါနီးသူတို့အား အဘယ်ကြောင့် တရားဟောနေကြသနည်းဟု မေးသောအခါ သူတို့က ဟယ်-မိတ်ဆွေတို့ သင်တို့၏အသျှင်သခင်၏ မျက်မှောက်တော်ဝယ် အပြစ်ကင်းလွတ်ရန်ဖြစ်၏။ သူတို့ဒုစရိုက်မကောင်းမှုကို ရှောင်ရှားကောင်း ရှောင်ရှားရန်လည်းဖြစ်၏ဟု ပြန်ပြောကြ၏။
Verse 165 — Surah Al-Araf 7:165
၁၆၅။ ထို့နောက် သူတို့သည် သူတို့အား သတိပေးသော တရားတော်ကို မေ့လျော့နေသောအခါ မကောင်းမှု ကို တားမြစ်ပိတ်ပင်သူတို့အား ငါအသျှင်မြတ်သည် ကယ်နှုတ်တော်မူ၏။ သို့သော် ဒုစရိုက်ပြစ်မှုများ ကို ကျူးလွန်သူတို့အား မိမိတို့ညစ်ညမ်းဆိုးသွမ်းမှုကြောင့် အလွန်ကြီးလေးကြောက်မက်ဖွယ်ကောင်း သော အပြစ်ဒဏ်ကို ထပ်ရိုက်တော်မူ၏။
Verse 166 — Surah Al-Araf 7:166
၁၆၆။ ထို့နောက် သူတို့အား တားမြစ်ပိတ်ပင်ထားသော တရားမဝင်သော အမင်္ဂလာအရာဝထ္ထုများကြောင့် သူတို့ ဂုဏ်မောက်ပလွှားသောအခါ သူတို့အား ငါအသျှင်မြတ်က သင်တို့သည် မလေးစာခြင်းနှင့် စက်ဆုပ်ရွံ့ရှာခြင်းခံရသော မျောက်များဖြစ်ကြလော့ဟု ဗျာဒိတ်ပေးတော်မူလိုက်၏။
Verse 167 — Surah Al-Araf 7:167
၁၆၇။ သင်၏ အသျှင်သခင်သည် သူတို့ကို ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီးတိုင်အောင် ရက်စက် ကြမ်းကြုတ်စွာ နှိပ်စက်ညှင်းပန်းမည့်သူများ ပေါ်ပေါက်လာစေတော်မူမည်ဟု ဗျာဒိတ်ချမှတ်တော် မူသည်ကို သတိပြုလော့။ မှတ်သားလော့။ သင်၏ကျေးဇူးတော်သခင်သည် အပြစ်ဒဏ်ခတ်တော် မူရာ၌ အမှန်ပင် ပေါ့ပါးလျင်မြန်တော်မူ၏။ မှတ်သားလော့။ အသျှင်မြတ်သည် မုချဧကန် အပြစ် လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 168 — Surah Al-Araf 7:168
၁၆၈။ ငါအသျှင်မြတ်သည် သူတို့အပေါင်းကို လူမျိုးအသီးသီးခွဲခြားထားတော်မူ၏။ သူတို့နောက် အချို့ တို့သည် အသျှင်မြတ်နှင့် တရားတော်ကို သဒ္ဒါကြည်ညိုကြ၏။ အချို့တို့သည် မွန်မြတ်မှုမှ ဝေးကွာ ကြ၏။ သူတို့သည် တရားတော်ဘက်သို့ လှည့်ကောင်းလှည့်လာရန် ငါသည် သူတို့အား ကောင်းသော အရာများနှင့်သော်လည်းကောင်း၊ မကောင်းသောအရာများနှင့်သော်လည်းကောင်း စမ်းသပ်တော် မူ၏။
Verse 169 — Surah Al-Araf 7:169
၁၆၉။ သူတို့ကိုဆက်၍ သမ္မာကျမ်းတော်ကို အမွေရသောအမျိုးတစ်ဆက်သည် ပေါ်လာ၏။ သူတို့သည် ဤနိမ့်ညစ်သောဘဝ၏ပစ္စည်းများကို မက်မက်မောမောသိမ်းယူကြ၍ အကျွနု်ပ်တို့အား အပြစ်လွှတ် တော်မူမညဟုဆိုကြ၏။ သူတို့သည် ထိုပစ္စည်းမျိုးကို ထပ်မံရသော် ထပ်မံယူ၍ ပြစ်မှုကျူးလွန်မည်ပင် ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ သစ္စာစကားမှတစ်ပါး အခြားစကားကိုမဆိုရဟူ၍ သမ္မာကျမ်းတော်အားဖြင့် သူတို့ထံမှ ပဋိညာဉ်ကိုယူတော်မူပြီးသည်မဟုတ်လော။ သူတို့သည် ကျမ်းတော်ပါတရားများကို ဖတ်ရှုလေ့လာကြပြီးပြီ။ ဒုစရိုက်မှုကို ရှောင်ကြဉ်သူတို့အဖို့အရာ နောင် တမလွန်ဘဝ၏ ဘုံဗိမာန်သည် သာလွန်ကောင်းမြတ်တင့်တယ်လှ၏။ သင်တို့တွင် အသိတရားမရှိကြ သလော။
Verse 170 — Surah Al-Araf 7:170
၁၇ဝ။ အကြင်သူတို့သည် လူသားတို့အား ကျမ်းတော်ကို ကြည်ညိုလေးစားစေ၍ ဆွလာသ်ဝတ်ပြုကြ၏။ ငါအသျှင်မြတ်သည် ထိုပြုပြင်ရေးသမားတို့၏ လုပ်ခအကျိုးများ ဖြုန်းတီးတော်မူမည်မဟုတ်ပေ။
Verse 171 — Surah Al-Araf 7:171
၁၇၁။ ငါအသျှင်မြတ်သည် သူတို့အပေါ်၌ တောင်ကိုအဖုံးအကာကဲ့သို့ လှုပ်တော်မူသောအခါ သူတို့က တောင်သည် မိမိတို့အပေါ်သို့ ပြိုကျလာမည်ကို စိုးရိမ်ကြ၏။ ထိုအခါ ငါက အို-အစ္စရာအီလ် အမျိုးသားအပေါင်းတို့ သင်တို့သည် ငါပေးသနားတော်မူသောကျမ်းတော်ကို မြဲမြံစွာ ကိုင်ထားကြ လော့။ ကျမ်းတော်ပါသော တရားများကို သတိပြုကြလော့။ သို့မှသာလျှင် သင်တို့သည် မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြလိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 172 — Surah Al-Araf 7:172
၁၇၂။ သင်၏အသျှင်သခင်သည် တမန်တော်အာဒမ်၏သားမြေးတို့မှ သားသမီးရတနာများပေါက်ဖွားစေ တော်မူ၍ သူတို့အား သူတို့အကြောင်းကို သက်သေခံစေတော်မူ၏။ ငါအသျှင်မြတ်က သူတို့အား အို-လူသားတို့ ငါသည် သင်တို့၏ အသျှင်သခင်ဖြစ်တော်မူသည်မဟုတ်လောဟု ဗျာဒိတ်ပေးတော် မူ၏။ သူတို့က မှန်လှပါ။ မုချဧကန်ဖြစ်တော်မူပါ၏။ အကျွနု်ပ်တို့သည် သက်သေခံပါ၏ဟု တင်လျှောက်ကြ၏။ ငါသည် ယင်းသို့ ဗျာဒိတ်ပေးတော်မူခြင်းအကြောင်းမှာ သင်တို့သည် ရှင်ပြန် ထပြောက်ရသောနေ့တော်ကြီး၌ ဤအကြောင်းအရာကို အကျွနု်ပ်တို့ မသိခဲ့ကြပါဟု ဆင်ခြေမပေး နိုင်စေခြင်းငှာဖြစ်၏။
Verse 173 — Surah Al-Araf 7:173
၁၇၃။ သို့မဟုတ် သင်တို့သည် အကျွနု်ပ်တို့၏ မိဘဘိုးဘွားများသာ အလ္လာဟ်အသျှင်မြတ်၌ စပ်ဖက်သူ ဘုရားရှိသည်ဟု ရှေးရှေးကဆိုကြပါ၏။ အကျွနု်ပ်တို့သည် သူတို့၏ သားမြေးများဖြစ်ကြပါ၏။ အသျှင်သည် အယူဝါဒမှောက်မှားသူတို့၏ပြုကျင့်မှုကြောင့် အကျွနု်ပ်တို့အား စီရင်ကွပ်မျက်တော် မူပါမည်ဟု မတင်လျှောက်နိုင်စေခြင်းငှာလည်းဖြစ်၏။
Verse 174 — Surah Al-Araf 7:174
၁၇၄။ သူတို့သည် ပြန်လာကောင်း ပြန်လာစေခြင်းငှာ ငါအသျှင်မြတ်သည် ငါ၏နှုတ်ကပတ်တော်များကို အသေးစိပ် ချပေးသနားတော်မူ၏။
Verse 175 — Surah Al-Araf 7:175
၁၇၅။ အကြင်သူအား ငါအသျှင်မြတ်သည် ကျမ်းတော်မြတ်ကို ချပေးသနားတော်မူ၏။ ထိုသူသည် ကျမ်းတော်ကို မလေးမစားကျောခိုင်းနေ၏။ ထို့ကြောင့် ရှိုင်တာန်မာရ်နတ်သည် သူ့ကို ဖမ်းဆီး၏။ သူသည် လမ်းမှားရောက်သောသူတို့ဘောင်တွင် အပါအဝင်ဖြစ်၏။ ဤသူ၏ အကြောင်းအရာကို ဟောကြားလော့။
Verse 176 — Surah Al-Araf 7:176
၁၇၆။ ငါအသျှင်မြတ်သည် အလိုတော်ရှိလျှင် ထိုသူအား ကျမ်းတော်အားဖြင့် သူတော်စင်၊ သူတော်မြတ် ဘဝသို့ ချီးမြှောက်နိုင်တော်မူ၏။ သို့သော် သူသည် ကမ္ဘာမြေကြီးကို တွယ်ကပ်၍ မိမိ၏ တဏှာရာဂ လောဘဘက်သို့လိုက်၏။ ထို့ကြောင့် သူ၏ ဥပမာမှာ ခွေး၏ဥပမာနှင့်တူ၏။ သင်သည် ခွေးကို မောင်းနှင်လျှင် ခွေးသည်လျှာထုတ်နေ၏။ သင်သည် ခွေးကိုမမောင်းဘဲ ဘာသိဘာသာထားလျှင် လည်း ခွေးသည် လျှာထုတ်နေ၏။ ငါ၏ဗျာဒိတ်တော်များကို မယုံကြည် ငြင်းပယ်သောသူတို့သည် ယင်း ဥပမာနှင့်တူကြ၏။ သူတို့သည် စဉ်းစားဆင်ခြင်ကောင်း စဉ်းစားဆင်ခြင်စေရန် ရှေးလူဟောင်း တို့၏ ရာဇဝင်ကို ဟောကြားလော့။
Verse 177 — Surah Al-Araf 7:177
၁၇၇။ အကြင်သူတို့သည် ငါ၏ကျမ်းတော်ကို မယုံကြည်ဖယ်ရှား၍ မိမိကိုယ်ကိုမိမိတို့ ပြစ်မှားလေ့ရှိကြ၏။ ထိုသူတို့၏ဥပမာပုံသည် ဆိုးဝါးယုတ်ညံ့သောဥပမာဖြစ်၏။
Verse 178 — Surah Al-Araf 7:178
၁၇၈။ အကြင်သူကို အလ္လာဟ်အသျှင်မြတ်သည် လမ်းညွှန်တော်မူ၏။ ထိုသူသည် အမှန်ပင် လမ်းမှန်ကို ညွှန်ခြင်းခံရ၏။ အကြင်သူတို့အား အလ္လာဟ်အသျှင်မြတ်သည် လမ်းမှား၌ ပြစ်ထားတော်မူ၏။ ထိုသူများသည် မုချဧကန်ဆုံးရှုံးသူများဖြစ်ကြ၏။
Verse 179 — Surah Al-Araf 7:179
၁၇၉။ ငါသည် များလှစွာသော ဂျင်နတ်သားများနှင့် လူသားများကို ငရဲသို့ လားစေတော်မူပြီး သူတို့၌ သိနားလည်စွမ်းမရှိသော စိတ်နှလုံးများ၊ မြင်နိုင်စွမ်းမရှိသောမျက်စိများ၊ ကြားနိုင်စွမ်းမရှိသော နားများရှိသောကြောင့်တည်း။ ဤသူတို့သည် ကျွဲ၊ နွား တိရစ္ဆာန်များဖြစ်ကြ၏။ တိရစ္ဆာန်ထက်ပင် သာ၍ ဆိုးဝါးကြ၏။ ဤလူများသည် သတိတရားမရှိ။ ပေါ့လျော့သူတို့ဖြစ်ကြ၏။
Verse 180 — Surah Al-Araf 7:180
၁၈ဝ။ အလ္လာဟ်အသျှင်မြတ်၏ နာမတော်များသည် အလှပဆုံးသောနာမည်များဖြစ်ကြ၏။ သင်တို့သည် အသျှင်မြတ်အား ထိုနာမတော်များဖြင့် တောင်းတကြလော့။ ဆုတောင်းကြလော့။ ထိုနာမတော်များကို မထီလေးစား မရိုသေသူတို့နှင့် မပေါင်းဖော်ကြလင့်။ သူတို့သည် မိမိတို့ပြုကျင့်မှုများကြောင့် ဒဏ်ပေး လက်စားချေခြင်းကို ခံကြရလိမ့်မည်။
Verse 181 — Surah Al-Araf 7:181
၁၈၁။ ငါအသျှင်မြတ် ဖန်ဆင်းတော်မူသောလူသားတို့အနက် လူမျိုးတစ်မျိုးရှိ၏။ သူတို့သည် သစ္စာ တရားတော်အားဖြင့် လမ်းညွှန်ပြကြ၍ တရားမျှတမှုကို ဆောက်တည်ကြ၏။
Verse 182 — Surah Al-Araf 7:182
၁၈၂။ အကြင်သူတို့သည် ငါ၏နှုတ်ကပတ်တော်များကို ငြင်းပယ်ကြ၏။ ထိုသူတို့ကို ငါသည် သူတို့မသိသော နေရာမှ တစ်လှမ်းပြီးတစ်လှမ်း တိုးသွားစေတော်မူ၏။
Verse 183 — Surah Al-Araf 7:183
၁၈၃။ ငါသည် သူတို့အား ကြိုးလျှော့ပေးထား၏။ မှတ်သားကြလော့။ ငါ၏ စီမံကိန်းသည် ခိုင်မာတောင့်တင်း ၏။
Verse 184 — Surah Al-Araf 7:184
၁၈၄။ သူတို့သည် မိမိတို့အဆွေတော်သည် ရူးသွပ်သူမဟုတ်ကြောင်းကို မတွေးတော၊ မဆင်ခြင်ကြ သလော။ သူသည် တရားဟောပြောဆုံးမသူ တမန်တော်အစစ်ဖြစ်၏။
Verse 185 — Surah Al-Araf 7:185
၁၈၅။ သူတို့သည် မိုးမြေနိုင်ငံတော်ကြီး၊ အလ္လာဟ်အသျှင်မြတ် ဖန်ဆင်းတော်မူသောအရာများ၊ သူတို့၏ သက်တမ်းသည် ကုန်ခန်းနီးကြောင်း နီးလိမ့်မည်စသည်တို့ကို မစဉ်းစား၊ မဆင်ခြင်ကြသလော။ သူတို့သည် မည်သည်ကို ယုံကြည်ကြမည်နည်း။
Verse 186 — Surah Al-Araf 7:186
၁၈၆။ အကြင်သူတို့အား အလ္လာဟ်အသျှင်မြတ်သည် လမ်းမှားသို့ ပို့တော်မူ၏။ ထိုသူတို့အဖို့ လမ်းပြမည့်သူ မရှိပေ။ အသျှင်မြတ်သည် သူတို့အား ၎င်းတို့၏ ထောင်ထားခြားနားမှုလမ်းတွင် သိမြင်ခြင်းတရား မရှိဘဲ တဝဲလည်လည် ဆက်လက်လျှောက်သွားရန် ပစ်ထားတော်မူ၏။
Verse 187 — Surah Al-Araf 7:187
၁၈၇။ သူတို့သည် သင့်အား တရားစီရင်တော်မူသောနေ့တော်ကြီး ဘယ်သောအခါရောက်မည်နည်းဟု မေးကြ၏။ ဟောကြေားလော့။ ဟယ်-အချင်းတို့ ထိုအကြေင်းအရာကို အကျွနု်ပ်၏အသက်သခင် ကျေးဇူးရှင်သာလျှင် သိတော်မူ၏။ အသျှင်မြတ်သာလျှင် ထိုနေ့တော်ကြီးကို သင့်တော်သောအချိန် တွင် ထင်ရှားစေတော်မူလိမ့်မည်။ ထိုနေ့တော်ကြီးသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်၌ အလွန် အရေးကြီးလှ၏။ သင်သည် ထိုအကြောင်းအရာကို ကောင်းစွာသိသကဲ့သို့ သင့်ကို သူတို့မေးမြန်း ကြ၏။ ဟောကြားလော့။ ထိုနေ့တော်ကြီးအကြောင်းကို အလ္လာဟ်အသျှင်မြတ်သာလျှင် သိတော်မူ ၏။ သို့သော် လူသားအမြောက်အများတို့သည် မသိကြပေ။
Verse 188 — Surah Al-Araf 7:188
၁၈၈။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ် အလိုတော်ရှိသည်မှတစ်ပါး အကျွနု်ပ်သည် မိမိအတွက် ကောင်းကျိုး၊ ဆိုးကျိုး တစ်စုံတစ်ရာမျှ မပေးစွမ်းနိုင်ပေ။ အကယ်၍ အကျွနု်ပ်သည် မမြင်စွမ်းနိုင် သည်တို့ကို သိနိုင်လျှင် အကျွနု်ပ်သည် ချမ်းသာသုခပေါများကြွယ်ဝ၍ ဆင်းရဲဒုက္ခသည် အကျွနု်ပ်ကို မထိနိုင်ပေ။ အကျွနု်ပ်သည် သတိပေးဟောကြားသူတစ်ဦးသာဖြစ်၏။ ယုံကြည်သူတို့ထံသို့ သတင်းကောင်းမင်္ဂလာကို ယူလာသူတစ်ဦးဖြစ်၏။
Verse 189 — Surah Al-Araf 7:189
၁၈၉။ အသျှင်မြတ်သည် သင်တို့အား လူသားတစ်ဦးတစ်ယောက်ထဲမှ ဖန်ဆင်းတော်မူ၏။ လူသားသည် မိမိ၏ဇနီးမိန်းမကို နှစ်သိမ့်မွေ့လျော်ဖို့ရာ သူ့ထံမှ ဇနီးမယာကို ဖန်ဆင်းတော်မူ၏။ သူသည် သူမထံသို့ဝင်သောအခါ သူမသည် ဝန်ထုပ်အပေါ့တစ်ထုပ်ကိုလွယ်ရ၏။ ထိုအခါ ၎င်းဝန်ထုပ်ကို မမြင်ရဘဲ သူမသွားလာသည်။ သို့သော် ဝန်ထုပ်လေးလံလာသောအခါ သူတို့ဇနီးမောင်နှံသည် မိမိတို့၏အသျှင်သခင်၊ အလ္လာဟ်အသျှင်ထံ ဆုတောင်းကြ၏။ အို-ကျေးဇူးတော်သခင်၊ အသျှင်သည် အကျွနု်ပ်တို့အား ကောင်းမွန်သောကလေးကို ပေးသနားတော်မူပါလျှင် အကျွနု်ပ်တို့သည် အသျှင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးသူတို့ဘောင်တွင် အပါအဝင်များ ဖြစ်ကြပါမည်။
Verse 190 — Surah Al-Araf 7:190
၁၉ဝ။ သို့သော် အသျှင်မြတ်သည် သူတို့အား ကလေးရတနာကို ပေးသနားတော်မူသောအခါ သူတို့သည် ထိုကလေးပေးရာ၌ အသျှင်မြတ်နှင့် ဘုရားဆင်းတုများကို ဖက်စပ်တွဲဖက်ကြ၏။ အသျှင်မြတ်သည် သူတို့တွဲဖက်သူများထက် အတိုင်းမသိ မြင့်မြတ်တော်မူလှ၏။
Verse 191 — Surah Al-Araf 7:191
၁၉၁။ သူတို့သည် တစ်စုံတစ်ခုမျှ မဖန်ဆင်းနိုင်ဘဲ မိမိတို့သာ ဖန်ဆင်းခံရသူများကို အသျှင်မြတ်နှင့် တွဲဖက်သလော။
Verse 192 — Surah Al-Araf 7:192
၁၉၂။ ထိုဘုရားဆင်းတုများသည် သူတို့ကိုလည်း မကူညီနိုင်။ မိမိကိုယ်များကိုလည်း မ,မစနိုင်ကြပေ။
Verse 193 — Surah Al-Araf 7:193
၁၉၃။ အကယ်၍ သင်သည် သူတို့ကို အဆုံးအမ လမ်းညွှန်ကျမ်းတော်ကြီးဖက်သို့ ဖိတ်ခေါ်လျှင် သူတို့သည် သင့်နောက်သို့ မလိုက်ကြပေ။ သင်သည် သူတို့အား တရားဟောသော်လည်းကောင်း၊ မဟောသော် လည်းကောင်း သူတို့အတွက် မထူးပေ။ အတူတူပင်ဖြစ်၏။
Verse 194 — Surah Al-Araf 7:194
၁၉၄။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး သင်တို့ကိုးကွယ်သောဘုရားတို့သည် သင်တို့ကဲ့သို့ အသျှင်မြတ်၏ ကျေးကျွန်များဖြစ်ကြ၏။ သင်တို့သည် မှန်ကန်သူများဖြစ်လျှင် ယခုသူတို့ထံ ဆုတောင်းကြလော့။ သူတို့သည် သင်တို့တောင်းသောဆုကို ပေးပြစေကုန်။
Verse 195 — Surah Al-Araf 7:195
၁၉၅။ ထိုဘုရားများ၌ လမ်းလျှောက်ဖို့ရန် ခြေများသော်လည်းကောင်း၊ ကိုင်တွယ်ဖို့ရာ လက်များသော် လည်းကောင်း၊ ကြည့်ဖို့ရာ မျက်စိများသော်လည်းကောင်း၊ ကြားဖို့ရာ နားများသော်လည်းကောင်း ရှိကြသလော။ ဟောကြားလော့။ သင်တို့သည် သင်တို့အသျှင်မြတ်နှင့် တွဲဖက်ထားသော ဘုရားယောင်များ၏ အကူအညီကိုတောင်းပြီးလျှင် အကျွနု်ပ်နှင့် ဆန့်ကျင်ဖက်ပြုကြလော့။ အကျွနု်ပ်ကို မညှာကြလင့်။
Verse 196 — Surah Al-Araf 7:196
၁၉၆။ မှတ်သားကြလော့။ အကျွနု်ပ်ကို ကာကွယ်စောင့်ရှောက်သူ အဆွေခင်ပွန်းမှာ အကျွနု်ပ်အား ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူသော အသျှင်မြတ်နှင့် တရားတော်ကို ကြည်ညို သူတို့နှင့် မိတ်ဖွဲ့တော်မူ၏။
Verse 197 — Surah Al-Araf 7:197
၁၉၇။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး သင်တို့မကိုးကွယ်သောဘုရားတုများ၌ သင်တို့ကို ကူညီထောက်ပ့့ံရန် တန်ခိုးအာဏာမရှိပေ။ ၎င်းတို့ကိုယ်ကိုလည်း ၎င်းတို့ မကူညီနိုင်ကြပေ။
Verse 198 — Surah Al-Araf 7:198
၁၉၈။ အကယ်၍ ယုံကြည်သူသင်တို့သည် သူတို့အား တရားအလင်းရောင်သို့ ခေါ်ငင်သော်၊ သူတို့မကြား ပေ။ အို-မိုဟမ္မဒ် သင်က သူတို့သည် သင့်ဘက်သို့ ကြည့်နေသည်ကိုမြင်ရ၏။ သို့သော် သူတို့သည် မမြင်ကြပေ။
Verse 199 — Surah Al-Araf 7:199
၁၉၉။ အို-မိုဟမ္မဒ် သင်သည် အပြစ်လွှတ်လော့။ သနားကြင်နာမှုကို အားပေးလှုံ့ဆော်လော့။ ပညာမဲ့သူတို့ ထံမှ လှည့်သွားလော့။
Verse 200 — Surah Al-Araf 7:200
၂ဝဝ။ ရှိုင်တန်မာရ်နတ်သည် သင့်အား ဖြားယောင်းသွေးဆောင်သောအခါ သင်သည် အလ္လာဟ်အသျှင်မြတ် ၌ ခိုလှုံ့လော့။ မှတ်သားလော့။ အသျှင်မြတ်သည် ကြားတော်မူသောအသျှင် ဖြစ်တော်မူ၏။
Verse 201 — Surah Al-Araf 7:201
၂ဝ၁။ မှတ်သားကြလော့။ ဒုစရိုက်အမှုအခင်းကို ကြဉ်ရှောင်သူတို့သည် ရှိုင်တန်မာရ်နတ် လှည့်ဖြားသော အခါ အလ္လာဟ်အသျှင်မြတ်ကို အာရုံပြုကြ၏။ ထိုအခါ သူတို့သည် ရှင်းလင်းစွာမြင်ကြ၏။
Verse 202 — Surah Al-Araf 7:202
၂ဝ၂။ သူတို့၏ သားချင်းတို့သည် မိစ္ဆာအယူဝါဒ၌ နစ်မွန်းသည်ထက် နစ်မွန်းအောင် ကြိုးစားကြ၏။ မနေမနား အားထုတ်ကြ၏။
Verse 203 — Surah Al-Araf 7:203
၂ဝ၃။ သင်သည် သူတို့ထံသို့ ကုရ်အာန်ကျမ်းတော်မြတ်၏ ဂါထာတော်တစ်ပုဒ်ကို ယူဆောင်မလာသော အခါ အသင်သည် အဘယ်ကြောင့် ဂါထာတော်ကို မယူခဲ့သနည်းဟု မေးကြ၏။ ဟောကြားလော့။ အကျွနု်ပ်သည် ကျေးဇူးတော်သခင်၏ ဗျာဒိတ်တော်ကိုသာ လိုက်နာဆောင်ရွက်၏။ ဤကုရ်အာန် ကျမ်းတော်မြတ်သည် ယုံကြည်သူအပေါင်းတို့အတွက် သင်တို့၏ ကျေးဇူးတော်သခင်ထံမှ ပညာ အလင်းရောင် လမ်းပြကျမ်းတော်၊ ကောင်းချီးမင်္ဂလာတော်ဖြစ်၏။
Verse 204 — Surah Al-Araf 7:204
၂ဝ၄။ ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သောအခါ သင်တို့သည် ကောင်းကြီးမင်္ဂလာတော် ခံစား ရသောငှာ နားစွင့်ကြလော့။ ဂရုစိုက်လေးစားကြလော့။
Verse 205 — Surah Al-Araf 7:205
၂ဝ၅။ အို-မိုဟမ္မဒ် သင်သည် မိမိ၏ကျေးဇူးတော်သခင်ကို နံနက်အချိန်၊ ညနေအချိန်တို့တွင် ကြောက်ရွံ့ ရိုကျိုးစွာ မိမိစိတ်အတွင်း၌ တိုးတိုးအောက်မေ့တသချီးကျူးလော့။ သင်သည် အသျှင်မြတ်၏ အမှုတော်ကို လစ်ဟင်းပေါ့လျှော့သူတို့ဘောင်တွင် မပါဝင်လင့်။
Verse 206 — Surah Al-Araf 7:206
၂ဝ၆။ မှတ်သားကြလော့။ သင်၏အသျှင်သခင်နှင့်ရှိသောသူတို့သည် အသျှင်မြတ်၏အမှုတော်ကို မထမ်း လောက်အောင် မာနမကြီးပေ။ သို့သော် သူတို့သည် အသျှင်မြတ်အား ချီးကျူးကြ၏။ ရှိခိုးကြ၏။