Back to Languages

Burmese - Chapter 72 - Al-Jinn

Translation by Ba Sein — Permalink

Verse 1 — Surah Al-Jinn 72:1

၁။ အို- တမန်တော်၊ ဟောပြောလော့၊ အကျွနု်ပ်ထံသို့ ဗျာဒိတ်တော်လာသည်မှာ ဂျင်နတ်သားအသင်း တစ်သင်းသည် တရားတော်ကို ကြားနာကြ၏၊ ယင်းသို့ကြားနာပြီးလျှင် ထိုနတ်သားတို့သည် ဤသို့ဆိုကြ၏၊ ထိုကျမ်းတော်သည် အလွန်နက်နဲ အံ့ဖွယ်သော ကုရ်အာန်ကျမ်းမြတ်ဖြစ်၏။

Verse 2 — Surah Al-Jinn 72:2

၂။ ထိုကျမ်းတော်သည် ဖြောင့်မတ်မှန်ကန်သောလမ်း ကို ပြ၏၊ ငါတို့သည် တရားတော်ကို ယုံကြည်ကြပြီ၊ ငါတို့သည်ငါတို့၏ အရှင်သခင်နှင့် မည်သည်ကိုမှ တန်းတူထားကြမည် မဟုတ်။

Verse 3 — Surah Al-Jinn 72:3

၃။ ငါတို့၏ အရှင်သခင်သည် အနန္တ တန်ခိုးအာနုဘော်တော်နှင့် ပြည့်စုံတော်မူ၏၊ အရှင်မြတ်သည် သားမယားရှိခြင်း အညစ်အကြေးမှ ကင်းစင်တော်မူ၏။

Verse 4 — Surah Al-Jinn 72:4

၄။ ငါတို့အထဲမှ အသိအလိမ္မာကင်းမဲ့လှသောသူသည် အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ အလွန်ကြီးမားသောမုသားကို ပြောဆိုလေ့ရှိ၏။

Verse 5 — Surah Al-Jinn 72:5

၅။ သို့သော်လူသားနှင့် နတ်သားတို့သည် အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ မုသားစကားမဆိုဟု ငါတို့တွေးထင်မိကြ၏။

Verse 6 — Surah Al-Jinn 72:6

၆။ စင်စစ်အားဖြင့် လူသားတို့အနက် အချို့တို့သည် ဂျင်နတ်သားအချို့တို့တွင် ခိုလှုံကြ၏၊ သို့သော်ထိုနတ်သားတို့သည် ထိုလူသားတို့၏ ထောင်ထားခြားနားခြင်းကို များပြားစေ၏။

Verse 7 — Surah Al-Jinn 72:7

၇။ ထို့အပြင် ထိုဂျင်နတ်သားတို့သည် သင်တို့ထင်မှတ်သကဲ့သို့ အလ္လာဟ်အရှင်မြတ်သည် သေသူကို ပြန်ရှင်စေမည်မဟုတ်ဟု ထင်မှတ်ကြ၏။

Verse 8 — Surah Al-Jinn 72:8

၈။ ထို့အပြင် ကုရ်အာန်ကျမ်းမြတ်ကို ကြားနာဖူးသော နတ်သားတို့ပြောဆိုကြသည်မှာ ငါတို့သည် အထက်ကောင်း ကင်ဘုံကို ရှာကြ၏၊ သို့သော်ထိုကောင်းကင်ကို ခက်ထန်ကြမ်းကြုတ်သောအစောင့်အရှောက်နှင့်တကွ ရဲရဲညီး သော မီးလက်နက်ဥက္ကာတို့ဖြင့် ပြည့်နှက်နေသည်ကို ငါတို့တွေ့မြင်ခဲ့ရ၏။

Verse 9 — Surah Al-Jinn 72:9

၉။ ငါတို့သည် ကောင်းကင်သတင်းကို ပုံးကွယ် ချောင်းမြောင်းနားထောင်လေ့ရှိကြ၏၊ သို့သော်ယခုမူကား ယင်းကဲ့သို့ နားထောင်ရန် ကောင်းကင်သို့ ချဉ်းကပ်လာသူတို့သည် လမ်းတွင် ပုံးစောင့်နေသောကြယ်ဥက္ကာ လက်နက်နှင့်သာတွေ့ကြံုကြရ၏။

Verse 10 — Surah Al-Jinn 72:10

၁၀။ ထို့ကြောင့်ငါတို့သည် ကမ္ဘာမြေပေါ်တွင် မှီတင်းနေထိုင်သော သူတို့အပေါ်၌ ဘေးဆိုးကို စီရင်ထားသလော၊ သို့မဟုတ် သူတို့၏အရှင်သခင်သည် သူတို့အပေါ်၌ လမ်းညွှန်ရန် ကြံစည်တော်မူသလောကို နားမလည်ကြချေ။

Verse 11 — Surah Al-Jinn 72:11

၁၁။ ငါတို့အထဲတွင် အချို့တို့သည် ဖြောင့်မတ်မှန်ကန်သောလမ်းကို လိုက်ကြ၏၊ အချို့မှာမူကား လမ်းကောက်ကို လိုက်ကြ၏၊ ငါတို့သည် အမျိုးမျိုးအဖုံဖုံကွဲပြားသည့်လမ်းများကို လိုက်ကြ၏။

Verse 12 — Surah Al-Jinn 72:12

၁၂။ ကမ္ဘာ တစ်ခွင် မြေအပြင်တွင် အလ္လာဟ်အရှင်မြတ်အထံတော်မှ ငါတို့မလွှတ်နိုင်ကြောင်းကို ငါတို့ သိကြ၏။ထိုအပြင် ငါတို့သည် တောင်မြောက်လေးပါးပြေးလွှားခြင်းအားဖြင့် အရှင်မြတ်၏ လက်တော်မှ မလွတ်နိုင်ချေ။

Verse 13 — Surah Al-Jinn 72:13

၁၃။ ငါတို့သည် လမ်းပြကျမ်းတော်ကို ကြားရသောအခါ တရားတော်ကို ယုံကြည်ကြ၏၊ အကြင်သူသည် မိမိအရှင် သခင်ကို ယုံကြည်အံ့၊ ထိုသူသည် ဆုံးရှုံးမှုကိုသော်လည်းကောင်း၊ ညှင်းပန်းနှိပ်စက်ခြင်းကိုသော်လည်းကောင်း၊ မကြောက်ရွံ့ချေ။

Verse 14 — Surah Al-Jinn 72:14

၁၄။ ငါတို့အထဲတွင် အချို့မှာ အလ္လာဟ်အရှင်မြတ်အား ကျိုးနွံရိုသေကြ၏၊ အချို့မှာမူကား မတရားသူဖြစ်ကြ၏၊ အမှန်မှာ အကြင်သူတို့သည် အရှင်မြတ်ကို ယုံကြည်ကျိုးနွံကြအံ့၊ ထိုသူတို့သည် လမ်းမှန်ကို လှိုက်လှိုက်လှဲလှဲ ယူကြသူများဖြစ်ကြ၏။

Verse 15 — Surah Al-Jinn 72:15

၁၅။ သို့သော် အကြင်သူတို့သည် မတရားပြုကြအံ့၊ ထိုသူတို့သည် ငရဲမီး၏ ထင်းသာ ဖြစ်ကြ၏။

Verse 16 — Surah Al-Jinn 72:16

၁၆။ ထိုသာသနာပလူတို့သည် လမ်းမှန်ကို လိုက်ကြလျှင် ငါသည် သူတို့အား မြောက်များစွာသောသောက်ရေကို ပေးသနာေးတာ်မူလိမ့်မည်။

Verse 17 — Surah Al-Jinn 72:17

၁၇။ ငါသည် သူတို့အား ရေပေါများခြင်းနှင့် စုံစမ်းတော်မူလတံ့၊ အကြင်သူသည် မိမိအရှင်သခင်အား အာရုံမပြုအံ့၊အရှင်မြတ်သည် ထိုသူအား အမြဲကြီးမားလာသောအပြစ်ဒဏ်အတွင်းသို့ သွင်းတော်မူမည်။

Verse 18 — Surah Al-Jinn 72:18

၁၈။ ဝတ်ပြုရာနေရာများသည် အလ္လာဟ်အရှင်မြတ်အား ဝတ်ပြုဖို့သာလျှင်ဖြစ်၏။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်နှင့် ပူးတွဲ၍ မည်သည့်တစ်စုံတစ်ရာကိုမျှ ဝတ်မပြုကြလင့်။

Verse 19 — Surah Al-Jinn 72:19

၁၉။ အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်တမန်တော်သည် အရှင်မြတ်အား ဝတ်ပြုရန် ရပ်သောအခါ သူတို့သည် တမန်တော်မွန်းလုနီးမျှ အမြောက်အများဝိုင်းဝန်းကြ၏။

Verse 20 — Surah Al-Jinn 72:20

၂၀။ အို-တမန်တော်၊ ဟောပြောလော့၊ ငါသည် အလ္လာဟ်အရှင်မြတ်အားသာလျှင် ဝတ်ပြု၏၊ ငါသည် အရှင်မြတ်နှင့်ဘုရားတုများကို တွဲဖက်ခြင်းမပြုချေ။

Verse 21 — Surah Al-Jinn 72:21

၂၁။ အို-တမန်တော်၊ ဟောပြောလော့၊ သင်တို့အား ဘေးဥပါဒ်ပြုခြင်းကိုသော်လည်းကောင်း၊ ကောင်းကြီးပေးခြင်းကို သော်လည်းကောင်း၊ ပြုစွမ်းနိုင်သည့်တန်ခိုးအာဏာ ငါ၌မရှိချေ။

Verse 22 — Surah Al-Jinn 72:22

၂၂။ အို-တမန်တော်၊ ဟောပြောလော့၊ ငါ့ကို မည်သူမျှ အလ္လာဟ်အရှင်မြတ်မှ မကာကွယ်နိုင်ချေ၊ ငါသည် အရှင်မြတ်မှတပါး အခြားခိုလှုံရာကို မတွေ့နိုင်ချေ။

Verse 23 — Surah Al-Jinn 72:23

၂၃။ သို့ရာတွင် ငါ၏ဝတ္တရားမှာမူကား အလ္လာဟ်အရှင်ထံမှ သစ္စာတရားတော်နှင့် ဗျာဒိတ်တော်တို့ကို ဟောပြော ကြေငြာရန်သာဖြစ်၏၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို နားမထောင် ဆန့်ကျင်အံ့၊ ထိုသူသည် အဝီစိငရဲသို့ လားရမည်သာတည်း၊ ငရဲတွင် အစဉ်ထာဝရနေရလတံ့။

Verse 24 — Surah Al-Jinn 72:24

၂၄။ နောက်ဆုံးစွန်၌ သူတို့အား ကတိထားတော်မူသောတရားစီရင်တော်မူသည့်နေ့တော်ကြီး၌ မျက်ဝါးထင်ထင် မြင်ရသည့်တိုင်အောင် သူတို့သည် ယုံမှားသံသယရှိကြလိမ့်မည်၊ သို့သော်မည်သည့်အကူအညီသည် ခွန်အား အနည်းဆုံးဖြစ်ကြောင်းတို့ကို သူတို့သိမြင်ကြရလိမ့်မည်။

Verse 25 — Surah Al-Jinn 72:25

၂၅။ အို-တမန်တော်၊ ဟောကြားလော့၊ သင်တို့အား ကတိဗျာဒိတ်ခတ်နှိပ်ထားတော်မူသောအပြစ်ဒဏ်သည် နီးကပ် လာသလော၊ သို့မဟတု ် ငါ၏အရှင်သခင်သည် ထိုအပြစ်ဒဏ်တော်၏ အချိန်ကို ဝေးကွာစွာသတ်မှတ်ထားတော် မူသလောကို ငါမသိနိုင်ချေ။

Verse 26 — Surah Al-Jinn 72:26

၂၆။ မမြင်စွမ်းနိုင်သောအရာများကို အလ္လာဟ်အရှင်မြတ်သာလျှင် သိမြင်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ လျှို့ဝှက်မှုများကို အဘယ်သူတစ်စုံတစ်ယောက်အားမျှ ဖော်ပြတော်မမူချေ။

Verse 27 — Surah Al-Jinn 72:27

၂၇။ သို့ရာတွင် အရှင်မြတ်သည် မိမိ၏တမန်တော်အား သိသင့်သိထိုက်သောစကားရပ်များကို သိစေတော်မူ၏၊ စင်စစ်မှာ အရှငြ်မတ်သည် တမနေ် တာ်၏ရှေ့နောက်ဝဲယာတွင် ကောင်း ကင်တမန်တော်များကို အစောင့်အရှောက် ချထားတော်မူ၏။

Verse 28 — Surah Al-Jinn 72:28

၂၈။ သို့ချထားတော်မူခြင်းအကြောင်းရင်းကား တမန်တော်များသည် မိမိတို့အရှင်သခင်၏ တရားဗျာဒိတ်တော်များကို အမှန်ပင် ဟောပြောကြေငြာပြီးကြောင်းကို သိစိမ့်သောငှာဖြစ်၏၊ စင်စစ်မှာ အရှင်မြတ်သည် သူတို့၏ပြုကျင့် မှုများကို ဝန်းဝိုင်းထားတော်မူ၏၊ အရာခပ်သိမ်းကုန်တို့ကို အကြွင်းမကျန် အကုန်အစင် စာရင်းတင်ထားတော်မူ၏။