Verse 1 — Surah Al-Muddaththir 74:1
၁။ အို-ညဉ့်ရုံတော်ကို ခေါင်းမြီးခြံုနေသူ။
Verse 2 — Surah Al-Muddaththir 74:2
၂။ သင်သည် အိပ်စက်ရာမှ ထ၍ သတိပေးလော့။
Verse 3 — Surah Al-Muddaththir 74:3
၃။ သင်၏ အရှင်သခင်အား ချီးကျူးတသလော့။
Verse 4 — Surah Al-Muddaththir 74:4
၄။ သင်၏ ဝတ်ရုံတော်ကို သန့်ရှင်းစေလော့။
Verse 5 — Surah Al-Muddaththir 74:5
၅။ ညစ်ညူးမှုကို ရှောင်လော့။
Verse 6 — Surah Al-Muddaththir 74:6
၆။ လောကီစီးပွားမက်ခြင်းကြောင့် မျက်နှာမလိုက်လင့်။
Verse 7 — Surah Al-Muddaththir 74:7
၇။ သင်၏ အရှင်သခင်၏ မျက်နှာတော်ကို ထောက်၍ သည်းခံလော့။
Verse 8 — Surah Al-Muddaththir 74:8
၈။ တံပိုးမှုတ်သောအခါ။
Verse 9 — Surah Al-Muddaththir 74:9
၉။ ထိုနေ့တော်ကြီးသည် အလွန်ပူဆွေးဒုက္ခတွေ့မည့်နေ့ဖြစ်၏။
Verse 10 — Surah Al-Muddaththir 74:10
၁၀။ မယုံကြည်သူတို့အတွက် သာယာသောနေ့တော်ကြီးမဟုတ်ချေ။
Verse 11 — Surah Al-Muddaththir 74:11
၁၁။ ငါတကိုယ်တော်တည်း ဖန်ဆင်းတော်မူသောသူကို ငါ့အား လွှဲလော့။
Verse 12 — Surah Al-Muddaththir 74:12
၁၂။ ငါသည် သူ့အား စီးပွားဥစ္စာအမြောက်အမြားပေးသနားတော်မူ၏။
Verse 13 — Surah Al-Muddaththir 74:13
၁၃။ သူ၏အနားတွင် အစဉ်အမြဲနေဖို့ရာ သားယောကျာ်းတို့နှင့်လည်း ချီးမြှင့်တော်မူ၏။
Verse 14 — Surah Al-Muddaththir 74:14
၁၄။ ငါသည် ထိုသူအဖို့အရာ ဤဘဝကို သာယာစေတော်မူ၏။
Verse 15 — Surah Al-Muddaththir 74:15
၁၅။ သို့ငြားသော်လည်း ထိုသူသည် ငါက ပိုမိုတိုးပေးတော်မူခြင်းကိုသာ လိုလား၏။
Verse 16 — Surah Al-Muddaththir 74:16
၁၆။ သို့သော် ယင်းသို့မဖြစ်ချေ၊ အမှန်မှာ ထိုသူသည် ငါ၏ တရားတော်ကို ခေါင်းမာစွာနှင့်ဆန့်ကျင်၏။
Verse 17 — Surah Al-Muddaththir 74:17
၁၇။ ငါသည် သူ့အပေါ်သို့ ကြီးလေးကြောက်မက်ဖွယ်သောဒဏ်ကို တပ်တော်မူမည်။
Verse 18 — Surah Al-Muddaththir 74:18
၁၈။ အကြောင်းမူကား သူသည် စဉ်းစားသည်၊ ထို့နောက်ကြံစည်သည်။
Verse 19 — Surah Al-Muddaththir 74:19
၁၉။ သူသည် မည်မျှပင် ကြံစည်အားထုတ်သော်လည်း မိမိကိုယ်ကို မိမိဖျက်ဆီးရာသာတည်း။
Verse 20 — Surah Al-Muddaththir 74:20
၂၀။ တဖန် သူသည မည်မျှပင်ကြံစည်အားထုတ်သော်လည်း မိမိကိုယ်ကို မိမိဖျက်ဆီးရာသာတည်း။
Verse 21 — Surah Al-Muddaththir 74:21
၂၁။ ထို့နောက် သူသည် ရှုစား၏။
Verse 22 — Surah Al-Muddaththir 74:22
၂၂။ ထို့နောက် သူသည် မျက်မှောင်ကုပ်၏၊ စိတ်မနှစ်သက်ကြောင်းပြ၏။
Verse 23 — Surah Al-Muddaththir 74:23
၂၃။ ထို့နောက် သူသည် မာနထောင်လွှားလျက် လှည့်သွား၏။
Verse 24 — Surah Al-Muddaththir 74:24
၂၄။ ထို့နောက် သူသည် ဤကျမ်းကား ရှေးအထက်ထက်က ဆင်းသက်လာခဲ့သောမျက်လှည့်အတတ်မှတပါး အခြားဘာမျှမဟုတ်ချေဟု ဆိုကြ၏။
Verse 25 — Surah Al-Muddaththir 74:25
၂၅။ ဤကျမ်းသည် သေမျိုးတစ်ဦး၏ မိန့်ခွန်းမှတပါး အခြားဘာမျှမဟုတ်ချေဟု ဆိုကြ၏။
Verse 26 — Surah Al-Muddaththir 74:26
၂၆။ ထို့ကြောင့် ငါသည် သူ့ကို မီးတောက်မီးလျှံထဲသို့ ပစ်ချတော်မူမည်။
Verse 27 — Surah Al-Muddaththir 74:27
၂၇။ အေ-တမန်တော်၊ ထိုမီးသည် မည်သည့်ဖြစ်သည်ကို သင့်အား မည်သည်က ရှင်းလင်းပြမည်နည်း။
Verse 28 — Surah Al-Muddaththir 74:28
၂၈။ ထိုမီးသည် ချန်မထား၊ ချမ်းသာမပေး။
Verse 29 — Surah Al-Muddaththir 74:29
၂၉။ ထိုမီးသည် လူသားကို တွန့်လိမ်စေ၏။
Verse 30 — Surah Al-Muddaththir 74:30
၃၀။ ထိုမီးအတတ်၌ ငရဲမှုးတစ်ကျိပ်ကိုးယောက်ရှိကြ၏။
Verse 31 — Surah Al-Muddaththir 74:31
၃၁။ ငါသည် ငရဲမီးမှုးအဖြစ်ဖြင့် ကောင်းကင်တမန်များကိုသာ ခန့်ထားတော်မူ၏၊ ငါသည် မိစ္ဆာဒိဋ္ဌိတို့ကို စုံစမ်း စိမ့်သောငှာ ထိုငရဲမှုများ၏ အရေအတွက်ကို သတ်မှတ်ထားတော်မူ၏၊ အကြောင်းမှာကား ရှေးကျမ်းတော် ကို ရရှိသောအသင်းသားတို့သည် အမြင်မှန်ကို ရရှိစေခြင်းငှာသော်လည်းကောင်း၊ ယုံကြည်သူတို့သည် မိမိတို့ ၏ ယုံကြည်ခြင်း၌ ကြီးမားလာစေခြင်းငှာသော် လည်းကောင်း၊ ရှေးကျမ်းတော်ကို ရရှိသော အသင်းသားတို့နှင့် ယုံကြည်သူတို့သည် ယုံမှားသံသယ မရှိစေခြင်းငှာသော်လည်းကောင်း စိတ်နှစ်ခွ ရောဂါစွဲကပ်သူများနှင့် မိစ္ဆာ ဒိဋ္ဌိတို့က အလ္လာဟ်အရှင်မြတ်သည် ဤဥမပာဥပမေယျအားဖြင့် မည်သည်ကို ရည်ရွယ်တော်မူသနည်းဟု ဆိုကြစေခြင်းငှာသော် လည်းကောင်းဖြစ်၏၊ ယင်းကဲ့သို့အလ္လာဟ်အရှင်မြတ်သည် လမ်းမှားတွင် ထားလိုတော်မူ သောသူကို လမ်းမှားတွင် ထားတော်မူ၏၊ လမ်းမှန်ကို ပြလိုတော်မူသောသူအား လမ်းမှန်ကို ပြတော်မူ၏၊ အေ-တမန်တော်၊ သင်၏အရှင်သခင်၏ ကောင်းကင်ဗိုလ်ခြေတို့ကို အရှင်မြတ်မှတပါး မည်သူမျှမသိချေ၊ ဤကျမ်းတော်သည် လူသား အပေါင်းတို့အား သတိပေးနှိုးဆော်သော ကျမ်းတော်မှ တပါး မည်သည်မှ မဟုတ်ချေ။
Verse 32 — Surah Al-Muddaththir 74:32
၃၂။ လအားဖြင့်။
Verse 33 — Surah Al-Muddaththir 74:33
၃၃။ ပျောက်ကွယ်သွားသည့်ညဉ့်အားဖြင့်။
Verse 34 — Surah Al-Muddaththir 74:34
၃၄။ ထွန်းလင်းတောက်ပသောနံနက်အာရုဏ်အားဖြင့်။
Verse 35 — Surah Al-Muddaththir 74:35
၃၅။ မှတ်သားကြလော့၊ ဤအရာသည် ကြီးမားထင်ရှားသောလက္ခဏာအံ့ဖွယ်သရဲများအနက် တစ်ပါးဖြစ်၏။
Verse 36 — Surah Al-Muddaththir 74:36
၃၆။ ထိုလက္ခဏာတော်ကြီးသည် လူသားတို့ကို သတိပေးနှိုးဆော်ဖို့ရာဖြစ်၏။
Verse 37 — Surah Al-Muddaththir 74:37
၃၇။ သင်တို့အနက် ကြီးပွားတိုးတက်လိုသူကိုလည်းကောင်း၊ ဆုတ်ယုတ်သွားလိုသူကိုလည်းကောင်း၊ သတိပေး နှိုးဆော်ရန် အလို့ငှာဖြစ်ကြ၏။
Verse 38 — Surah Al-Muddaththir 74:38
၃၈။ အမှန်မှာ ဝိညာဉ်တိုင်းသည် မိမိပြုကျင့်မှုများအတွက် အာမခံပစ္စည်းဖြစ်၏။
Verse 39 — Surah Al-Muddaththir 74:39
၃၉။ လက်ယာဘက်လက်တော်သားတို့မှတပါး။
Verse 40 — Surah Al-Muddaththir 74:40
၄၀။ ထိုလက်ယာဘက်လက်တော်သားတို့သည် ဥယျာဉ်တော်များ၌ အချင်းချင်းမေးမြန်းကြလိမ့်မည်။
Verse 41 — Surah Al-Muddaththir 74:41
၄၁။ အပြစ်ရှိသူများအကြောင်း။
Verse 42 — Surah Al-Muddaththir 74:42
၄၂။ အချင်းတို့၊ သင်တို့ကို ဤမီးထဲသို့ မည်သည်က ပို့ဆောင်သနည်း။
Verse 43 — Surah Al-Muddaththir 74:43
၄၃။ ငရဲသားတို့က ဤသို့ပြန်ပြောကြပေလိမ့်မည်၊ အကျွနု်ပ်တို့သည် ဆွလားသ်ဝတ်ပြုသူတို့အထဲမှ မဟုတ်ချေ။
Verse 44 — Surah Al-Muddaththir 74:44
၄၄။ ထို့အပြင်သူဆင်းရဲတို့အား မကျွေးမွေးခဲ့ချေ။
Verse 45 — Surah Al-Muddaththir 74:45
၄၅။ သို့သော် အကျွနု်ပ်တို့သည် အကျိုးမရှိသောငြင်းခုံမှုကို ပြုသူများနှင့် ငြင်းခုံခဲ့ကြ၏။
Verse 46 — Surah Al-Muddaththir 74:46
၄၆။ ထို့အပြင် သူဆင်းရဲတို့အား မကျွေးမွေးခဲ့ချေ။
Verse 47 — Surah Al-Muddaththir 74:47
၄၇။ သေသည်တိုင်အောင် ယင်းသို့ပြုကျင့်ခဲ့ကြ၏။
Verse 48 — Surah Al-Muddaththir 74:48
၄၈။ ကြားဝင်တောင်းပန်သူတို့၏ တောင်းပန်ခြင်းသည် သူတို့အတွက် အကျိုးမဖြစ်နိုင်ချေ။
Verse 49 — Surah Al-Muddaththir 74:49
၄၉။ သို့ပါလျက် သူတို့သည် ယခုအဘယ်ကြောင့် အဆုံးအမတော်မှ လှည့်သွားကြသနည်း။
Verse 50 — Surah Al-Muddaththir 74:50
၅၀၊၅၁။ ၄င်းတို့ကို ပမာဆိုသော် သူတို့သည် ခြင်္သေ့ထံမှ လွတ်ကင်းအောင် လန့်ဖျပ်ပြေးနေသောမြည်းအလား တိရိစ္ဆာန် များနှင့် တူကြ၏။
Verse 51 — Surah Al-Muddaththir 74:51
၅၀၊၅၁။ ၄င်းတို့ကို ပမာဆိုသော် သူတို့သည် ခြင်္သေ့ထံမှ လွတ်ကင်းအောင် လန့်ဖျပ်ပြေးနေသောမြည်းအလား တိရိစ္ဆာန် များနှင့် တူကြ၏။
Verse 52 — Surah Al-Muddaththir 74:52
၅၂။ သူတို့အနက် လူတိုင်းပင် မိမိအား အလ္လာဟ်အရှင်မြတ် ကျမ်းတော်တစ်စောင်ချပေးသနားတော်မူခြင်းကို အမှန်လိုလား၏။
Verse 53 — Surah Al-Muddaththir 74:53
၅၃။ ဤသို့မဖြစ်နိုင်ချေ၊ သို့သော်သူတို့သည် နောင်တမလွန်ဘဝကို မကြောက်လန့်ကြချေ။
Verse 54 — Surah Al-Muddaththir 74:54
၅၄။ စင်စစ်အားဖြင့် ဤကုရ်အာန်ကျမ်းမြတ်သည် အဆုံးအမတော်ကြီးဖြစ်၏။
Verse 55 — Surah Al-Muddaththir 74:55
၅၅။ သို့ဖြစ်၍ တရားတော်ကို အရေးစိုက်လိုသူသည် အရေးစိုက်ကြစေကုန်။
Verse 56 — Surah Al-Muddaththir 74:56
၅၆။ သို့သော် အလ္လာဟ်အရှင်မြတ် အလိုတော်မရှိပဲ သူတို့သည် အရေးစိုက်ကြမည်မဟုတ်ချေ၊ အရှင်မြတ်သည် ကြောက်မက်ဖွယ်ရာစတည်ရာ စမ်းပေါက်ဖြစ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာတော်စရာ စမ်းပေါက်လည်း ဖြစ် တော်မူ၏။