Back to Languages

Burmese - Chapter 77 - Al-Mursalat

Translation by Ba Sein — Permalink

Verse 1 — Surah Al-Mursalat 77:1

၁။ လေပြင်းလေညှင်းများကို လွှတ်သောကောင်းကင်တမန်များအားဖြင့်လည်းကောင်း။

Verse 2 — Surah Al-Mursalat 77:2

၂။ လေပြင်းမုန်တိုင်းများကို လွှတ်သောကောင်းကင်တမန်များအားဖြင့်လည်းကောင်း။

Verse 3 — Surah Al-Mursalat 77:3

၃။ မဟာပထဝီမြေကြီး၏ ဟင်းသီးဟင်းရွက်ပင်များကို ပြန်ရှင်စေသောကောင်းကင်တမန်တော်များအားဖြင့် လည်းကောင်း။

Verse 4 — Surah Al-Mursalat 77:4

၄။ စပါးလှေ့သည့်လေများကို လွှတ်သောကောင်းကင်တမန်များအားဖြင့်လည်းကောင်း။

Verse 5 — Surah Al-Mursalat 77:5

၅၊၆။ အပြစ်လွှတ်တော်မူမည့် အကြောင်း(သို့မဟုတ်) အပြစ်ပေးတော်မူမည့်အကြောင်းကြေငြာသည့်သတိပေးနှိုးဆော် ကျမ်းမြတ်ကို ယူဆောင်လာသောတမန်တော်များအားဖြင့်လည်းကောင်း။

Verse 6 — Surah Al-Mursalat 77:6

၅၊၆။ အပြစ်လွှတ်တော်မူမည့် အကြောင်း(သို့မဟုတ်) အပြစ်ပေးတော်မူမည့် အကြောင်းကြေငြာသည့် သတိပေးနှိုးဆော် ကျမ်းမြတ်ကို ယူဆောင်လာသော တမန်တော်များအားဖြင့်လည်းကောင်း။

Verse 7 — Surah Al-Mursalat 77:7

၇။ သင်တို့အား ပေးတော်မူသော ကတိသစ္စာတော်သည် မုချဧကန်ပြည့်စုံရမည်သာတည်း။

Verse 8 — Surah Al-Mursalat 77:8

၈။ ထို့ကြောင့်ကြယ်များကို ဝင်စေတော်မူသောအခါ။

Verse 9 — Surah Al-Mursalat 77:9

၉။ မိုးကောင်းကင်ကို ကွဲအက်ပြိုပျက်စေတော်မူသောအခါ။

Verse 10 — Surah Al-Mursalat 77:10

၁၀။ တောင်များကြေမွ၍ အနှံ့အပြားလွင့်စေတော်မူသော အခါ။

Verse 11 — Surah Al-Mursalat 77:11

၁၁။ တမန်တော်တို့စုဝေးစေဖို့ရာ သတ်မှတ်ချိန်းချက်ထားတော်မူသော အချိန်ကျရောက်လာသော အခါ။

Verse 12 — Surah Al-Mursalat 77:12

၁၂။ အဘယ်နေ့ရက်အတွက် အချိန်ကို ချိန်းချက်ထားတော်မူသနည်း။

Verse 13 — Surah Al-Mursalat 77:13

၁၃။ ဆုံးဖြတ်စီရင်တော်မူသောနေ့တော်ကြီးအတွက် ချိန်းထားတော်မူ၏။

Verse 14 — Surah Al-Mursalat 77:14

၁၄။ အေ-တမန်တော်၊ ယင်း စီရင်ဆုံးဖြတေ် တာမ် ူသောနေ့တော်ကြီးသည် မည်သည်ဖြစ်သည်ကို သင့်အား အဘယ်သူ ရှင်းလင်းပြောပြမည်နည်း။

Verse 15 — Surah Al-Mursalat 77:15

၁၅။ ထိုနေ့တော်ကြီး၌ တရားတော်ကို ငြင်းပယ်သူအားလုံးသည် ပျက်စီးခြင်းမက ပျက်စီးဆုံးရှုံးရမည်သာတည်း။

Verse 16 — Surah Al-Mursalat 77:16

၁၆။ ငါသည် ရှေးလူဟောင်းအဆက်ဆက်တို့ကို သုတ်သင်ရှင်းလင်းတော်မူခဲ့ပြီမဟုတ်လော။

Verse 17 — Surah Al-Mursalat 77:17

၁၇။ ထို့နောက်နောက်လူများကိုလည်း ရှေးလူတို့နောက်သို့ လိုက်စေတော်မူသည်မဟုတ်လော။

Verse 18 — Surah Al-Mursalat 77:18

၁၈။ ငါသည် အပြစ်ရှိသူအပေါင်းတို့ကို ယင်းသို့ကွပ်မျက်စီရင်တော်မူ၏။

Verse 19 — Surah Al-Mursalat 77:19

၁၉။ ထိုနေ့တော်ကြီး၌ တရားတော်ကို ငြင်းပယ်သူအားလုံးသည် ပျက်စီးခြင်းမက ပျက်စီးဆုံးရှုံးရမည်သာတည်း။

Verse 20 — Surah Al-Mursalat 77:20

၂၀။ အို-လူသားအပေါင်းတို့၊ ငါသည် သင်တို့အား သေးသိမ်ယုတ်ညံ့သောအရည်စက်မှ ဖန်ဆင်းတော်မူသည်မဟုတ် လော။

Verse 21 — Surah Al-Mursalat 77:21

၂၁၊၂၂။ ငါသည် ထိုအရည်စက်ကို လုံခြံုခိုင်ခန့်သောနေရာတစ်ခုတွင် သတ်မှတ်ပိုင်းခြားထားတော်မူသောနေ့ရက်အချိန်တိုင်အောင် ထိန်းသိမ်းထားတော်မူ၏။

Verse 22 — Surah Al-Mursalat 77:22

၂၁၊၂၂။ ငါသည် ထိုအရည်စက်ကို လုံခြံုခိုင်ခန့်သောနေရာတစ်ခုတွင် သတ်မှတ်ပိုင်းခြားထားတော်မူသောနေ့ရက်အချိန်တိုင်အောင် ထိန်းသိမ်းထားတော်မူ၏။

Verse 23 — Surah Al-Mursalat 77:23

၂၃။ ငါသည် ယင်းသို့စီမံခန့်ခွဲတော်မူ၏၊ ငါ၏ စီမံခန့်ခွဲခြင်းသည် အကောင်းဆုံးဖြစ်၏။

Verse 24 — Surah Al-Mursalat 77:24

၂၄။ ထိုနေ့တော်ကြီး၌ တရားတော်ကို ငြင်းပယ်သူအားလုံးတို့သည် ပျက်စီးခြင်းမက ပျက်စီးဆုံးရှုံးရမည်သာတည်း။

Verse 25 — Surah Al-Mursalat 77:25

၂၅၊၂၆။ ငါသည် ဤကမ္ဘာမြေကြီးကို ရှင်သူ၊သေသူလူသားအားလုံးတို့ကို လက်ခံဖို့ရာ နေရာအဖြစ်ဖြင့် ဖန်ဆင်းထား တော်မူသည်မဟုတ်လော။

Verse 26 — Surah Al-Mursalat 77:26

၂၅၊၂၆။ ငါသည် ဤကမ္ဘာမြေကြီးကို ရှင်သူ၊သေသူလူသားအားလုံးတို့ကို လက်ခံဖို့ရာ နေရာအဖြစ်ဖြင့် ဖန်ဆင်းထား တော်မူသည်မဟုတ်လော။

Verse 27 — Surah Al-Mursalat 77:27

၂၇။ ငါသည် ကမ္ဘာမြေကြီးပေါ်တွင် မြင့်စွင့်သောတောင်များကို ဖန်ဆင်းတော်မူသည်မဟုတ်လော၊ သင်တို့အား ရေချိုရေကောင်းကို ပေးသနားတော်မူသည်မဟုတ်လော။

Verse 28 — Surah Al-Mursalat 77:28

၂၈။ ထိုနေ့တော်ကြီး၌ တရားတော်ကို ငြင်းပယ်သူအားလုံးတို့သည် ပျက်စီးခြင်းမက ပျက်စီးဆုံးရှုံးရမည်သာတည်း။

Verse 29 — Surah Al-Mursalat 77:29

၂၉။ သူတို့သည် ဤသို့ပြောဆိုခြင်းကို ခံကြရလတံ့၊ နင်တို့ငြင်းပယ်သောငရဲထဲသို့ ဝင်ကြလော့။

Verse 30 — Surah Al-Mursalat 77:30

၃၀။ နင်တို့သည် မီးခိုးတိုင်ကြီးသုံးတိုင်၏ အရိပ်ထဲသို့ ဝင်ကြလော့။

Verse 31 — Surah Al-Mursalat 77:31

၃၁။ ထိုမီးခိုးရိပ်သည် မီးတောက်မီးလျှံအရှိန်မှ သက်သာမှုသော်လည်းကောင်း၊ ခိုလှုံရာသော်လည်းကောင်း မဟုတ် ချေ။

Verse 32 — Surah Al-Mursalat 77:32

၃၂။ စင်စစ်မှာ ငရဲမီးမှ ခံတပ်လောက်ကြီးသောမီးပွားကြီးများထွက်၏။

Verse 33 — Surah Al-Mursalat 77:33

၃၃။ ထိုမီးပေါက်မီးပွင့်များသည် လျင်မြန်စွာသွားနေသောအသွေးအရောင်ဝါသည့်ကုလားအုတ် တိရိစ္ဆာန် တစီတတန်း ကဲ့သို့ ရှိလိမ့်မည်။

Verse 34 — Surah Al-Mursalat 77:34

၃၄။ မှတ်ထားလော့၊ ထိုနေ့၌ တရားတော်ကို ငြင်းပယ်သူအားလုံးတို့သည် ပျက်စီးခြင်းမက ပျက်စီးဆုံးရှုံးရမည် သာတည်း။

Verse 35 — Surah Al-Mursalat 77:35

၃၅။ ထိုနေ့တော်ကြီး၌ မိစ္ဆာဒိဋ္ဌိအပေါင်းတို့သည် စကားတစ်ခွန်း တပါဒမျှ မဆိုချေ။

Verse 36 — Surah Al-Mursalat 77:36

၃၆။ ထိုနေ့တော်ကြီး၌ သူတို့သည် တစုံတရာလျှောက်လဲ ထုချေခွင့်မရချေ။

Verse 37 — Surah Al-Mursalat 77:37

၃၇။ ထိုနေ့တော်ကြီး၌ တရားတောသ် ည် ငြင်းပယ်သူအားလုံးတို့သည် ပျက်စီးခြင်းမက ပျက်စီးဆုံးရှုံးရမည်သာတည်း။

Verse 38 — Surah Al-Mursalat 77:38

၃၈။ ထိုနေ့ကား စီရင်ဆုံးဖြတ်တော်မူသောနေ့တော်ကြီးဖြစ်၏၊ ထိုနေ့၌ သင်တို့နှင့်တကွ ရှေးလူဟောင်းများကို ငါစုဆောင်းယူခဲ့တော်မူ၏။

Verse 39 — Surah Al-Mursalat 77:39

၃၉။ ယခုသင်တို့တွင် ဥပါယ်တမည် အကြံအစည်တစ်စုံတစ်ခုရှိလျှင် ငါ့အား ကြံစည်ကြလော့။

Verse 40 — Surah Al-Mursalat 77:40

၄၀။ ထိုနေ့တော်ကြီး၌ တရားတော်ကို ငြင်းပယ်သူအားလုံးတို့သည် ပျက်စီးခြင်းမက ပျက်စီးဆုံးရှုံးရမည်သာတည်း။

Verse 41 — Surah Al-Mursalat 77:41

၄၁။ တာဝန်ဝတ္တရားကို ကျေပွန်သူတို့မှာမူကား အေးချမ်းသာယာသောအရိပ်အာဝါသများနှင့် စိမ့်စမ်းချောင်းမြောင်း အလယ်တွင် ခံစားနေကြရ၏။

Verse 42 — Surah Al-Mursalat 77:42

၄၂။ ထိုသူတို့သည် မိမိတို့အလိုတိုင်း အသီးအနှံများကို စားသုံးမှီဝဲကြရ၏။

Verse 43 — Surah Al-Mursalat 77:43

၄၃။ သူတို့အား ဤသို့မိန့်တော်မူလတံ့၊ အို-ကောင်းကြီး မင်္ဂလာတော်ရသူအပေါင်းတို့၊ ခြိုးခြံစွာကျင့်ခဲ့သောကုသိုလ် ကောင်းမှုကြောင့် ဤနိဗ္ဗာန်တော်တွင် သင်တို့ စိတ်ကျေနပ်အောင် စားကြ၊ သောက်ကြလော့၊ သင်တို့ကို ခုံမင်စွာ လက်ခံတော်မူ၏။

Verse 44 — Surah Al-Mursalat 77:44

၄၄။ ငါသည် သူတော်ကောင်းတို့အား ယင်းသို့ဆုလာဘ်ပေးသနားတော်မူ၏။

Verse 45 — Surah Al-Mursalat 77:45

၄၅။ ထိုနေ့တော်ကြီး၌ တရားတော်ကို ငြင်းပယ်သူအားလုံးတို့သည် ပျက်စီးခြင်းမက ပျက်စီးဆုံးရှုံးရမည်သာတည်း။

Verse 46 — Surah Al-Mursalat 77:46

၄၆။ အို-မသူတော်အပေါင်းတို့၊ သင်တို့သည် ဤလောကီ ဘဝတွင်လည်း အနည်းငယ်စားကြလော့၊ သောက်ကြလော့၊ ပျော်ရွှင်ကြလော့၊ သင်တို့သည် အမှန်ပင် အပြစ်ရှိသူများဖြစ်ကြ၏။

Verse 47 — Surah Al-Mursalat 77:47

၄၇။ ထိုနေ့တော်ကြီး၌ တရားတော်ကို ငြင်းပယ်သူအားလုံးတို့သည် ပျက်စီးခြင်းမက ပျက်စီးဆုံးရှုံးရမည်သာတည်း။

Verse 48 — Surah Al-Mursalat 77:48

၄၈။ ထိုမိစ္ဆာဒိဋ္ဌိတို့အား ဦးချကြလော့ဟု ဆိုသောအခါ သူတို့ဦးမချချေ။

Verse 49 — Surah Al-Mursalat 77:49

၄၉။ ထိုနေ့တော်ကြီး၌ တရားတော်ကို ငြင်းပယ်သူအားလုံးတို့သည် ပျက်စီးခြင်းမက ပျက်စီးဆုံးရှုံးရမည်သာတည်း။

Verse 50 — Surah Al-Mursalat 77:50

၅၀။ ဤကုရ်အာန်ကျမ်းမြတ်နောက် မည်သည့်တရားဒေသနာတော်ကို သူတို့ယုံကြည်မည်နည်း။