Back to Languages

Burmese - Chapter 80 - Abasa

Translation by Ba Sein — Permalink

Verse 1 — Surah Abasa 80:1

၁။ သူသည် မျက်နှာသုန်မှုန်လျက် ကျောခိုင်းသွား၏။

Verse 2 — Surah Abasa 80:2

၂။ အကြောင်းမူကား မျက်မမြင်တစ်ဦးသည် သူ့ထံသို့ ဝင်လာသောကြောင့်ဖြစ်၏။

Verse 3 — Surah Abasa 80:3

၃။ အို-တမန်တော်၊ သူသည် တရားတော်ကို ရှာကောင်းရှာသည်ကို သင့်အား မည်သည်က သိစေမည်နည်း။

Verse 4 — Surah Abasa 80:4

၄။ သို့မဟုတ် သူသည် တရားတော်ကို အရေးစိုက်၍ အဆုံးအမတော်သည် သူ့၌ အကျိုးဖြစ်ကောင်းဖြစ်လတံ့။

Verse 5 — Surah Abasa 80:5

၅၊၆။ သို့သော် မိမိကိုယ်ကို မိမိပကတိအားဖြင့် ကုံလုံပြည့်စုံသည်ဟု ထင်မှတ်ထောင်လွှားသူကိုမူ သင်သည် အရေးစိုက်၏။

Verse 6 — Surah Abasa 80:6

၅၊၆။ သို့သော် မိမိကိုယ်ကို မိမိပကတိအားဖြင့် ကုံလုံပြည့်စုံသည်ဟု ထင်မှတ်ထောင်လွှားသူကိုမူ သင်သည် အရေးစိုက်၏။

Verse 7 — Surah Abasa 80:7

၇။ အို-တမန်တော်၊ သူသည် တရားအလင်းရောင်တော်ကို မရသဖြင့် သင့်အပေါ်၌ တစ်စုံတစ်ရာအပြစ်မရှိချေ။

Verse 8 — Surah Abasa 80:8

၈၊၉၊၁၀။ သို့သော် သင့်ထံသို့ တရားအားထုတ်လိုသော ထက်သန်သောစိတ်သဘောနှင့်သော်လည်းကောင်း၊ ကြောက်ရွံ့သောစိတ်သဘောနှင့်သော်လည်းကောင်း၊ လာရောက် သူကိုမူကား သင်အရေးမယူ မျက်နှာလွှဲ၏။

Verse 9 — Surah Abasa 80:9

၈၊၉၊၁၀။ သို့သော် သင့်ထံသို့ တရားအားထုတ်လိုသော ထက်သန်သောစိတ်သဘောနှင့်သော်လည်းကောင်း၊ ကြောက်ရွံ့သောစိတ်သဘောနှင့်သော်လည်းကောင်း၊ လာရောက် သူကိုမူကား သင်အရေးမယူ မျက်နှာလွှဲ၏။

Verse 10 — Surah Abasa 80:10

၈၊၉၊၁၀။ သို့သော် သင့်ထံသို့ တရားအားထုတ်လိုသော ထက်သန်သောစိတ်သဘောနှင့်သော်လည်းကောင်း၊ ကြောက်ရွံ့သောစိတ်သဘောနှင့်သော်လည်းကောင်း၊ လာရောက် သူကိုမူကား သင်အရေးမယူ မျက်နှာလွှဲ၏။

Verse 11 — Surah Abasa 80:11

၁၁။ ယင်းသို့မပြုထိုက်ချေ၊ ဤကုရ်အာန်ကျမ်းမြတ်သည် အဆုံးအမတော်ကြီးဖြစ်၏။

Verse 12 — Surah Abasa 80:12

၁၂။ သို့ဖြစ်၍ မည်သူမဆို ကျမ်းတော်ကို ကြည်ညိုလေးစာလိုလျှင် လေးစားစေကုန်။

Verse 13 — Surah Abasa 80:13

၁၃၊၁၄၊၁၅၊၁၆။ ဤကျမ်းတော်မြတ်ကို မြင့်မြတ်ဖြူစင်ခန့်ညားသောပေရွက်များပေါ်၌ ဂုဏ်ကျက်သရေရှိ၍ တရားခင်မင် သောစာရေးသူတို့ ရေးမှတ်ထားသောကျမ်းမြတ်ဖြစ်၏။

Verse 14 — Surah Abasa 80:14

၁၃၊၁၄၊၁၅၊၁၆။ ဤကျမ်းတော်မြတ်ကို မြင့်မြတ်ဖြူစင်ခန့်ညားသောပေရွက်များပေါ်၌ ဂုဏ်ကျက်သရေရှိ၍ တရားခင်မင် သောစာရေးသူတို့ ရေးမှတ်ထားသောကျမ်းမြတ်ဖြစ်၏။

Verse 15 — Surah Abasa 80:15

၁၃၊၁၄၊၁၅၊၁၆။ ဤကျမ်းတော်မြတ်ကို မြင့်မြတ်ဖြူစင်ခန့်ညားသောပေရွက်များပေါ်၌ ဂုဏ်ကျက်သရေရှိ၍ တရားခင်မင် သောစာရေးသူတို့ ရေးမှတ်ထားသောကျမ်းမြတ်ဖြစ်၏။

Verse 16 — Surah Abasa 80:16

၁၃၊၁၄၊၁၅၊၁၆။ ဤကျမ်းတော်မြတ်ကို မြင့်မြတ်ဖြူစင်ခန့်ညားသောပေရွက်များပေါ်၌ ဂုဏ်ကျက်သရေရှိ၍ တရားခင်မင် သောစာရေးသူတို့ ရေးမှတ်ထားသောကျမ်းမြတ်ဖြစ်၏။

Verse 17 — Surah Abasa 80:17

၁၇။ လူသားသည် မိမိကိုယ်ကို မိမိဖျက်ဆီး၏၊ အလွန်ကျေးဇူးကန်း၏။

Verse 18 — Surah Abasa 80:18

၁၈။ အရှင်မြတ်သည် သူ့ကို မည်သည့်အရာဝတ္ထုမှ ဖန်ဆင်းတော်မူသနည်း။

Verse 19 — Surah Abasa 80:19

၁၉။ သူ့ကို ကလကရေကြည်တစ်ပေါက်မှ ဖန်ဆင်းတော်မူ၏၊ အရှင်မြတ်သည် သူ၏ အသားအရေကိုယ်အင်္ဂါအစိတ်အပိုင်းများကို ညီညွတ်အောင်ဖန်ဆင်းတော်မူ၏။

Verse 20 — Surah Abasa 80:20

၂၀။ ထို့နောက် သူ့အတွက် လမ်းတော်ကို လွယ်ကူစေတော်မူ၏။

Verse 21 — Surah Abasa 80:21

၂၁။ ထို့နောက်သူ့ကို သေစေတော်မူ၍ သချႋုင်းတွင် မြှုထားတော်မူ၏။

Verse 22 — Surah Abasa 80:22

၂၂။ ထို့နောက်အရှင်မြတ်အလိုတော်ရှိသောအခါ သူ့ကို ပြန်ရှင်စေတော်မူမည်။

Verse 23 — Surah Abasa 80:23

၂၃။ အမှန်ကိုဆိုသော် လူသားသည် အရှင်မြတ်၏ ပညတ်တော်ကို မလိုက်နာမကျင့်သုံးချေ။

Verse 24 — Surah Abasa 80:24

၂၄။ သူ့အား သူ၏ အစာအာဟာရကို စဉ်းစားကြည့်ရှုစေကုန်။

Verse 25 — Surah Abasa 80:25

၂၅။ ငါသည် မိုးသီးမိုးပွင့်များအားဖြင့် ရေသွန်ချတော်မူ၏။

Verse 26 — Surah Abasa 80:26

၂၆။ ထို့နောက် ပထဝီမြေကြီးကို အစိတ်စိတ်အမွှာမွှာခွဲတော်မူ၏။

Verse 27 — Surah Abasa 80:27

၂၇။ မြေပေါ်၌ ကောက်ပဲသီးနှံစသည်တို့ကို ပေါက်ရောက်စေတော်မူ၏။

Verse 28 — Surah Abasa 80:28

၂၈။ သပြက်သီးနှင့် ကျွဲနွားတိရိစ္ဆာန်တို့၏ အစာကို ပေါက်စေတော်မူ၏။

Verse 29 — Surah Abasa 80:29

၂၉။ သံလွင်ပင်နှင့် စွန်ပလွံပင်များကို ပေါက်ရောက်စေတော်မူ၏။

Verse 30 — Surah Abasa 80:30

၃၀။ ဥယျာဉ်ပန်းမာန်တို့ကို စိမ်းစိမ်းစိုစိုဖန်ဆင်းတော်မူ၏။

Verse 31 — Surah Abasa 80:31

၃၁။ သီးမျိုးဥမျိုးတို့နှင့်တကွ မြက်သစ်ပင်အမျိုးမျိုးတို့ကို ပေါက်စေတော်မူ၏။

Verse 32 — Surah Abasa 80:32

၃၂။ သင်တို့နှင့် သင်တို့၏ တိရိစ္ဆာန်တို့အတွက် အစာအာဟာရဖြစ်၏။

Verse 33 — Surah Abasa 80:33

၃၃။ သို့သော် တံပိုးအသံကြီးထွက်ပေါ်လာသောအခါ။

Verse 34 — Surah Abasa 80:34

၃၄၊၃၅၊၃၆။ လူသားသည် မိမိညီရင်းအစ်ကိုတို့၊ မိဘတို့၊ သားမယားတို့ထံမှ ထွက်ပြေးသောနေ့တော်ကြီး၌။

Verse 35 — Surah Abasa 80:35

၃၄၊၃၅၊၃၆။ လူသားသည် မိမိညီရင်းအစ်ကိုတို့၊ မိဘတို့၊ သားမယားတို့ထံမှ ထွက်ပြေးသောနေ့တော်ကြီး၌။

Verse 36 — Surah Abasa 80:36

၃၄၊၃၅၊၃၆။ လူသားသည် မိမိညီရင်းအစ်ကိုတို့၊ မိဘတို့၊ သားမယားတို့ထံမှ ထွက်ပြေးသောနေ့တော်ကြီး၌။

Verse 37 — Surah Abasa 80:37

၃၇။ ထိုနေ့တော်ကြီး၌ လူသားတိုင်းပင် မိမိစိုးရိမ်ကြောင့်ကြဖွယ်အရေးကိစ္စရှိသဖြင့် သူတပါးကို အရေးမစိုက်နိုင်ချေ။

Verse 38 — Surah Abasa 80:38

၃၈၊၃၉။ ထိုနေ့တော်ကြီး၌ အချို့သောမျက်နှာများသည် မိုးသောက်အာရုဏ်ကဲ့သို့ လင်းဝင်းတောက်ပလျက် ရယ်မောပျော်ရွှင်ကြရလတံ့။

Verse 39 — Surah Abasa 80:39

၃၈၊၃၉။ ထိုနေ့တော်ကြီး၌ အချို့သောမျက်နှာများသည် မိုးသောက်အာရုဏ်ကဲ့သို့ လင်းဝင်းတောက်ပလျက် ရယ်မောပျော်ရွှင်ကြရလတံ့။

Verse 40 — Surah Abasa 80:40

၄၀။ ထိုနေ့တော်ကြီး၌ အချို့သောမျက်နှာဖုံးများမှာမူကား မြူဖုံလိမ်းကျံလျက် ရှိကြလတံ့။

Verse 41 — Surah Abasa 80:41

၄၁။ ထိုမျက်နှာများကို မှောင်မိုက်ဖုံးအုပ်လျက်ရှိလတံ့။

Verse 42 — Surah Abasa 80:42

၄၂။ စင်စစ်အားဖြင့် ထိုသူများသည် မယုံကြည်သူများ၊ သူယုတ်မာများဖြစ်ကြ၏။