Back to Languages

Burmese - Chapter 81 - At-Takwir

Translation by Ba Sein — Permalink

Verse 1 — Surah At-Takwir 81:1

၁။ တောက်ပထွန်းလင်းသောနေကို ဖျက်ဆီးရုပ်သိမ်းသောအခါ၌လည်းကောင်း။

Verse 2 — Surah At-Takwir 81:2

၂။ ကြယ်နက္ခတ်တာရာအလုံးတို့ ကြွေကျသောအခါ၌လည်းကောင်း။

Verse 3 — Surah At-Takwir 81:3

၃။ တောတောင်များကို ဖယ်ရှားသောအခါ၌လည်းကောင်း။

Verse 4 — Surah At-Takwir 81:4

၄။ ကိုယ်ဝန်ရင့်သောကုလားအုတ်မများကို ပစ်ထားသောအခါ၌လည်းကောင်း။

Verse 5 — Surah At-Takwir 81:5

၅။ လူနေထိုင်သည့်အရပ်ဒေသများတွင် တောတိရိစ္ဆာန်တို့ကို စုရုံးထားသောအခါ၌လည်းကောင်း။

Verse 6 — Surah At-Takwir 81:6

၆။ သမုဒ္ဒရာပင်လယ်များဝေသောအခါ၌လည်းကောင်း။

Verse 7 — Surah At-Takwir 81:7

၇။ အသက်ဝိညာဉ်များကို ပြန်၍ စုဆောင်းထားသောအခါ၌လည်းကောင်း။

Verse 8 — Surah At-Takwir 81:8

၈၊၉။ အရှင်လတ်လတ်မြေမြှုပ်ထားသောသူငယ်မအား မိမိကို မည်သည့်အပြစ်ကြောင့် သတ်သနည်းဟု မေးမြန်းသောအခါ၌လည်းကောင်း။

Verse 9 — Surah At-Takwir 81:9

၈၊၉။ အရှင်လတ်လတ်မြေမြှုပ်ထားသောသူငယ်မအား မိမိကို မည်သည့်အပြစ်ကြောင့် သတ်သနည်းဟု မေးမြန်းသောအခါ၌လည်းကောင်း။

Verse 10 — Surah At-Takwir 81:10

၁၀။ လူသားအပေါင်းတို့၏ အကျင့်အကြံများကို မှတ်သားထားသည့်စာရင်စာအုပ်ကို ဖွင့်ပြထားသောအခါ၌လည်းကောင်း။

Verse 11 — Surah At-Takwir 81:11

၁၁။ အထက်မိုးကောင်းကင်ကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲထားသောအခါ၌လည်းကောင်း။

Verse 12 — Surah At-Takwir 81:12

၁၂။ ငရဲမီးလျှံကို ထစေသောအခါ၌လည်းကောင်း။

Verse 13 — Surah At-Takwir 81:13

၁၃။ နိဗ္ဗာန်ဥယျာဉ်တော်ကို မျက်ဝါးထင်ထင်မြင်ရသောအခါ၌လည်းကောင်း။

Verse 14 — Surah At-Takwir 81:14

၁၄။ ထိုအခါအသက်ဝိညာဉ်တိုင်းသည် မိမိတင်ကြိုပို့ထားနှင့်သောအပြုအကျင့်များကို မြင်ရလတံ့။

Verse 15 — Surah At-Takwir 81:15

၁၅၊၁၆၊၁၇၊၁၈။ အို-လူသားအပေါင်းတို့၊ ဂြိုဟ်၊ ထွက်ဝင်သောကြယ်နက္ခတ်တာရာအလုံးကိုသော်လည်းကောင်း၊ ကွယ်ပျောက်သွားသည့်ညဉ့်ကိုသော်လည်းကောင်း၊ ညအမိုက်အမှောင်ကို ဖယ်ရှားသည့်မိုးသောက်အာရုဏ်ကိုသော် လည်းကောင်း၊ ငါသက်သေထူတော်မူ၏။

Verse 16 — Surah At-Takwir 81:16

၁၅၊၁၆၊၁၇၊၁၈။ အို-လူသားအပေါင်းတို့၊ ဂြိုဟ်၊ ထွက်ဝင်သောကြယ်နက္ခတ်တာရာအလုံးကိုသော်လည်းကောင်း၊ ကွယ်ပျောက်သွားသည့်ညဉ့်ကိုသော်လည်းကောင်း၊ ညအမိုက်အမှောင်ကို ဖယ်ရှားသည့်မိုးသောက်အာရုဏ်ကိုသော် လည်းကောင်း၊ ငါသက်သေထူတော်မူ၏။

Verse 17 — Surah At-Takwir 81:17

၁၅၊၁၆၊၁၇၊၁၈။ အို-လူသားအပေါင်းတို့၊ ဂြိုဟ်၊ ထွက်ဝင်သောကြယ်နက္ခတ်တာရာအလုံးကိုသော်လည်းကောင်း၊ ကွယ်ပျောက်သွားသည့်ညဉ့်ကိုသော်လည်းကောင်း၊ ညအမိုက်အမှောင်ကို ဖယ်ရှားသည့်မိုးသောက်အာရုဏ်ကိုသော် လည်းကောင်း၊ ငါသက်သေထူတော်မူ၏။

Verse 18 — Surah At-Takwir 81:18

၁၅၊၁၆၊၁၇၊၁၈။ အို-လူသားအပေါင်းတို့၊ ဂြိုဟ်၊ ထွက်ဝင်သောကြယ်နက္ခတ်တာရာအလုံးကိုသော်လည်းကောင်း၊ ကွယ်ပျောက်သွားသည့်ညဉ့်ကိုသော်လည်းကောင်း၊ ညအမိုက်အမှောင်ကို ဖယ်ရှားသည့်မိုးသောက်အာရုဏ်ကိုသော် လည်းကောင်း၊ ငါသက်သေထူတော်မူ၏။

Verse 19 — Surah At-Takwir 81:19

၁၉။ သက်သေပြချက်မှာကား မုချဧကန်ဤကုရ်အာန်ကျမ်းမြတ်သည် ဂုဏ်အသရေရှိလှသောကောင်းကင်တမန်ဂျစ် ဗရာအီလ်ယူဆောင်လာသောကျမ်းမြတ်ဖြစ်၏။

Verse 20 — Surah At-Takwir 81:20

၂၀။ ထိုကောင်းကင်တမန်သည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံ၍ အတိုင်းထက်အလွန်မြင့်မြတ်သောရာဇပလ္လင်တော် အရှင်ရှေ့တော်ဝယ် ချီးမြှောက်ခြင်းခံရသူဖြစ်၏။

Verse 21 — Surah At-Takwir 81:21

၂၁။ ထိုကောင်းကင်တမန်တော်သည် ကောင်းကင်ဘုံ၌ ဩဇာကြီးသောစိတ်ချယုံကြည်လောက်သောသူဖြစ်၏။

Verse 22 — Surah At-Takwir 81:22

၂၂။ အို-ကြားနာရသူအပေါင်းတို့၊ သင်တို့၏ အပေါင်းအဖော်ရှင်မိုဟမ္မဒ်သည် ရူးသွပ်သူမဟုတ်ချေ။

Verse 23 — Surah At-Takwir 81:23

၂၃။ တမန်တော်မိုဟမ္မဒ်သည် ထိုကောင်းကင်တမန်တော်ကို အလွန်မြင့်သာသောကောင်းကင်တိမ်ခြေ၌ မျက်ဝါးထင် ထင် မုချဧကန်မြင်ရ၏။

Verse 24 — Surah At-Takwir 81:24

၂၄။ တမန်တော်မိုဟမ္မဒ်သည် မထင်မရှားလျှို့ဝှက်သောအကြောင်းအရာများကို သင်တို့အား စဉ်းလဲခြင်းကြောင့် ထိမ်ချန်ထားသူမဟုတ်ချေ။

Verse 25 — Surah At-Takwir 81:25

၂၅။ ဤကုရ်အာန်ကျမ်းမြတ်သည် ခဲပေါက်ခံထိုက်သူ ရှိုင်တန်မာရ်နတ်၏ နှုတ်ထွက်စကားမဟုတ်ချေ။

Verse 26 — Surah At-Takwir 81:26

၂၆။ သို့ပါလျက် သင်တို့သည် အဘယ်သို့သွားကြသနည်း။

Verse 27 — Surah At-Takwir 81:27

၂၇။ အကယ်စင်စစ် ဤကျမ်းတော်သည် ဖန်ဆင်းထားတော်မူသောအရာအားလုံးအတွက် သတိပေးကျမ်းတော်မှ တပါး အခြားမည်သည်မျှမဟုတ်ချေ။

Verse 28 — Surah At-Takwir 81:28

၂၈။ ဤကျမ်းတော်သည် သင်တို့အနက် လမ်းမှန်ကို လိုက်လိုသူတို့အဖို့အရာဖြစ်၏။

Verse 29 — Surah At-Takwir 81:29

၂၉။ သို့သော်အနန္တစကြာဝဠာတို့၏ အရှင်သခင်၊ အလ္လာဟ်အရှင်မြတ်အလိုတော်မရှိပဲလျက် သင်တို့လိုက်လိုမည် မဟုတ်ချေ။