Back to Languages

Burmese - Chapter 82 - Al-Infitar

Translation by Ba Sein — Permalink

Verse 1 — Surah Al-Infitar 82:1

၁။ မိုးကောင်းကင်သည် ကွဲအက်သွားသောအခါ။

Verse 2 — Surah Al-Infitar 82:2

၂။ ကြယ်နက္ခတ်တာရာအပေါင်းတို့သည် ေြွကလွင့်ပျက်စီးသွားသောအခါ။

Verse 3 — Surah Al-Infitar 82:3

၃။ သမုဒ္ဒရာပင်လယ်တို့ဝေသောအခါ။

Verse 4 — Surah Al-Infitar 82:4

၄။ သချႋုင်းကုန်းများသည် စောက်ထိုးမိုးမျှော်ဖြစ်သောအခါ။

Verse 5 — Surah Al-Infitar 82:5

၅။ ထိုအခါ၌ ဝိညာဉ်သည် မိမိရှေ့သို့ တင်ကြိုပို့ထားနှင့်သောအရာများနှင့် မိမိနောက်တွင် ကျန်ရစ်ခဲ့သောအမှု အခင်းများကို ထင်ရှားစွာသိရလတံ့။

Verse 6 — Surah Al-Infitar 82:6

၆။ အို- လူသား၊ သင်၏အရှင်သခင်၊ အနန္တကောင်းကြီး မင်္ဂလာရှင်တော် မပါမပြုဖို့ရာ သင့်အား အဘယ်အရာကဖျားယောင်းသွေးဆောင်သွားသနည်း။

Verse 7 — Surah Al-Infitar 82:7

၇။ အရှင်မြတ်သည် သင့်ကို ဖန်ဆင်းတော်မူ၏၊ ပုံသွင်းတော်မူ၏၊ အချိုးအစားတည့်အောင် စီရင်တော်မူ၏။

Verse 8 — Surah Al-Infitar 82:8

၈။ အရှင်မြတ်သည် အလိုတော်ရှိသည့်ပုံသဏ္ဍာန်အတိုင်း သင့်ကို ဖန်ဆင်းတော်မူ၏။

Verse 9 — Surah Al-Infitar 82:9

၉။ သူတို့သည် တရားစီရင်တော်မူမည်ကို မယုံကြည်ကြ ငြင်းပယ်ကြ၏။

Verse 10 — Surah Al-Infitar 82:10

၁၀။ သို့သော် သင်တို့အပေါ်၌ စောင့်ကြည့်နေသူများရှိကြ၏။

Verse 11 — Surah Al-Infitar 82:11

၁၁။ ထိုကောင်းကင်တမန်တော်များသည် သနားကြင်နာတတ်ကြ၏၊ သင်တို့ပြုသမျှတို့ကို အကုန်အစင်ရေးသား မှတ်ထားကြ၏။

Verse 12 — Surah Al-Infitar 82:12

၁၂။ သူတို့သည် သင်တို့ပြုကျင့်သမျှအလုံးစုံကို အကြွင်းမဲ့သိကြ၏။

Verse 13 — Surah Al-Infitar 82:13

၁၃။ မှတ်သားကြလော့၊ သူမွန်၊ သူမြတ်တို့သည် သုခဘုံသို့ ဝင်ကြရလတံ့။

Verse 14 — Surah Al-Infitar 82:14

၁၄။ မှတ်သားကြလော့၊ သူမိုက်တို့သည် ငရဲမီးထဲ၌ အမှန်ပင်ခံကြရလတံ့။

Verse 15 — Surah Al-Infitar 82:15

၁၅။ သူတို့သည် တရားစီရင်တော်မူသောနေ့တော်ကြီး၌ ငရဲမီးထဲ၌ လောင်ကျွမ်းကြလတံ့။

Verse 16 — Surah Al-Infitar 82:16

၁၆။ သူတို့သည် ငရဲမှ ထွက်ပြေးနိုင်ကြမည်မဟုတ်ပေ။

Verse 17 — Surah Al-Infitar 82:17

၁၇။ တရားစီရင်တော်မူသောနေ့တောြ်ကီးသည် မည်သညြ်ဖစ်သည်ကို သင့်အား အဘယ်သူ ရှင်းလင်း ပြောပြမည်နည်း။

Verse 18 — Surah Al-Infitar 82:18

၁၈။ တဖန်တရားစီရင်တော်မူသောနေ့တော်ကြီးသည် မည်သည်ဖြစ်သည်ကို သင့်အား အဘယ်သူရှင်းလင်းပြောပြမည်နည်း။

Verse 19 — Surah Al-Infitar 82:19

၁၉။ ထိုနေ့တော်ကြီး၌ ဝိညာဉ်တစ်ခုသည် အခြားဝိညာဉ်ကို တစ်စုံတစ်ရာမှ စောင်မနိုင်မည်မဟုတ်၊ အကြောင်းမူကား ထိုနေ့တော်ကြီး၌ အုပ်စိုးမှုနှင့် အမိန့်ပေးမှုတို့သည် အလ္လာဟ်အရှင်မြတ်၏ အရာသာတည်း။