Back to Languages

Burmese - Chapter 83 - Al-Mutaffifin

Translation by Ba Sein — Permalink

Verse 1 — Surah Al-Mutaffifin 83:1

၁။ လိမ်လည်ကောက်ကျစ်သူတို့သည် ပျက်စီးရာသာတည်း။

Verse 2 — Surah Al-Mutaffifin 83:2

၂။ သူတို့သည် သူတပါးထံမှ ချိန်တွယ်သောအခါ မှန်ကန်ပြည့်စုံစွာချိန်တွယ်တိုင်းထွာယူကြ၏။

Verse 3 — Surah Al-Mutaffifin 83:3

၃။ သို့သော် သူတပါးအား အတိုင်းအထွာအချိန်အတွယ်အားဖြင့် ပေးရသောအခါ မတရားလျှော့ပေါ့တိုင်းထွာချိန်တွယ်ပေးကြ၏။

Verse 4 — Surah Al-Mutaffifin 83:4

၄၊၅။ အလွန်ကြီးကျယ်ကြောက်မက်ဖွယ်ကောင်းသောနေ့တော်ကြီး၌ မိမိတို့သည် ပြန်ရှင်ရမည်ကို ထိုသူယုတ်မာတို့ မတွေးတောမဆင်ခြင်ကြသလော။

Verse 5 — Surah Al-Mutaffifin 83:5

၄၊၅။ အလွန်ကြီးကျယ်ကြောက်မက်ဖွယ်ကောင်းသောနေ့တော်ကြီး၌ မိမိတို့သည် ပြန်ရှင်ရမည်ကို ထိုသူယုတ်မာတို့ မတွေးတောမဆင်ခြင်ကြသလော။

Verse 6 — Surah Al-Mutaffifin 83:6

၆။ ထိုနေ့တော်ကြီး၌ လူသားအားလုံးတို့သည် အနန္တစကြာဝဠာတို့၏ အရှင်သခင်မျက်မှောက်တော်သို့ ဝင်၍ အစစ်ခံရန် စီတန်းကြရလတံ့။

Verse 7 — Surah Al-Mutaffifin 83:7

၇။ စင်စစ်အားဖြင့် ထိုသူယုတ်မာတို့တွေးတောထင်မြင်သည့်အတိုင်း မဟုတ်ချေ၊ ဆိုးသွမ်းယုတ်မာသောသူတို့ ကျူးလွန်ခဲ့သမျှသောအကုသိုလ်မကောင်းမှုစာရင်းကို (စစ်ဂျင်)စာအုပ်ကြီးတွင် မှတ်သားထား၏။

Verse 8 — Surah Al-Mutaffifin 83:8

၈။ (စစ်ဂျင်)သည် အဘယ်အရာဖြစ်သည်ကို သင့်အား အဘယ်သူရှင်းလင်းပြောပြမည်နည်း။

Verse 9 — Surah Al-Mutaffifin 83:9

၉။ (စစ်ဂျင်)သည် အကုသိုလ်မကောင်းမှုများကို အပြည့်အစုံရေးထားသည့်မှတ်ပုံတင်စာအုပ်ကြီးဖြစ်၏။

Verse 10 — Surah Al-Mutaffifin 83:10

၁၀။ ထိုနေ့တော်ကြီး၌ ငြင်းပယ်သူတို့သည် ပျက်စီးရာသာတည်း။

Verse 11 — Surah Al-Mutaffifin 83:11

၁၁။ အမှန်တရားစီရင်တော်မူသောနေ့တော်ကြီးကို မယုံကြည်ငြင်းပယ်ကြ၏။

Verse 12 — Surah Al-Mutaffifin 83:12

၁၂။ အမှန်မှာ တရားတော်ကို ကျူးလွန်သူမှတပါး အဘယ်သူမျှ ယင်းသို့ငြင်းပယ်သည်မဟုတ်ချေ။

Verse 13 — Surah Al-Mutaffifin 83:13

၁၃။ သင်သည် ငါ၏ပညတ်တော်များကို သူ့အား ဖတ်ပြဟောပြောသောအခါ ထိုသူမိုက်က "ရှေးလူဟောင်းတို့၏ဒဏ္ဍာရီပုံပြင်ဝတ္ထုများသာတည်း"ဟု ဆို၏။

Verse 14 — Surah Al-Mutaffifin 83:14

၁၄။ ပုံပြင်ဝတ္ထုများမဟုတ်ချေ၊ သို့သော် ထိုသူမိုက်တို့၏ စိတ်နှလုံးတို့၌ သူတို့ကျူးလွန်မိခဲ့သောဒုစရိုက်အပြစ်သံချေး တက်နေ၏။

Verse 15 — Surah Al-Mutaffifin 83:15

၁၅။ ဧကန်အမှန် ထိုနေ့တော်ကြီး၌ ထိသု ူမိုက်တို့သည် မိမိအရှင်သခင်၏ ကောင်းကြီးမင်္ဂလာတော်မှ ကာဆီးထားခြင်း ခံကြရလိမ့်မည်။

Verse 16 — Surah Al-Mutaffifin 83:16

၁၆။ ထိုအခါသူတို့သည် ငရဲမီးထဲတွင် အမှန်လောင်ကျွမ်းရမည်သာတည်း။

Verse 17 — Surah Al-Mutaffifin 83:17

၁၇။ တဖန်သူတို့အား နင်တို့ငြင်းပယ်လေ့ရှိသောငရဲသည် ဤအရာသာတည်းဟူ၍ ပြောဆိုလတံ့။

Verse 18 — Surah Al-Mutaffifin 83:18

၁၈။ သို့သော် သူမွန်သူမြတ်တို့၏ စာရင်းသည် (အီလ္လီယင်)တွင် ရှိ၏။

Verse 19 — Surah Al-Mutaffifin 83:19

၁၉။ ဤ(အီလ္လီယင်)သည် အဘယ်အရာဖြစ်သည်ကို သင့်အား အဘယ်သူရှင်းလင်းပြောပြမည်နည်း။

Verse 20 — Surah Al-Mutaffifin 83:20

၂၀။ ထိုအရာသည် မှတ်ပုံတင်စာအုပ်ကြီးဖြစ်သည်။

Verse 21 — Surah Al-Mutaffifin 83:21

၂၁။ ထိုစာအုပ်ကြီးရှိ မှတ်တမ်းများမှန်ကန်ကြောင်းကို မိမိအရှင်သခင်အား နီးကပ်စွာခစားရသောကောင်းကင်တမန် တော်များက သက်သေခံကြ၏။

Verse 22 — Surah Al-Mutaffifin 83:22

၂၂။ အကယ်စင်စစ် သူတို့သည် သုခဘုံ၌ စံစားကြရ၏။

Verse 23 — Surah Al-Mutaffifin 83:23

၂၃။ ထိုသူမြတ်တို့သည် မြင့်မြတ်ဂုဏ်ကျက်သရေရှိသောပလ္လင်ပေါ်တွင် ထိုင်လျက် ပတ်ဝန်းကျင်အရာခပ်သိမ်းကုန် တို့ကို ရှုစားကြလော့။

Verse 24 — Surah Al-Mutaffifin 83:24

၂၄။ သင်သည် ထိုသူတော်ကောင်းများ၏ မျက်နှာများ၌ သုခချမ်းသာအရောင် အဝါပြောင် နေသည်ကို တွေ့မြင်ရလတံ့။

Verse 25 — Surah Al-Mutaffifin 83:25

၂၅။ ထိုနိဗ္ဗာန်သားတို့အား သောက်ဖို့ရာ လုံခြံုစွာဆို့ပိတ်တံဆိပ်ခတ်နှိပ်ထားသည့် သန့်ပြန့်စင်ကြယ်သောအရက်ကို ပေးလတံ့။

Verse 26 — Surah Al-Mutaffifin 83:26

၂၆။ ထိုတံဆိပ်မှာ ကတိုးတံဆိပ်ဖြစ်၏၊ သုခဘုံကို ရကြောင်း ကြိုးစားသူတို့သည် ထိုအရက်ကို ရအောင် အားထုတ်ကြကုန်လော့။

Verse 27 — Surah Al-Mutaffifin 83:27

၂၇။ ထိုအရက်နှင့်ရောနှောသုံးဆောင်ရန် တတ်(စ်)နီး(မ်)ရေကို ပေးလတံ့။

Verse 28 — Surah Al-Mutaffifin 83:28

၂၈။ ထိုတတ်(စ်)နီး(မ်)စမ်းရေကို အရှင်မြတ်အား နီးကပ်စွာခစားရသောသူတို့မှီဝဲကြ၏။

Verse 29 — Surah Al-Mutaffifin 83:29

၂၉။ မှတ်သားကြလော့၊ ငရဲသားတို့သည် လောကဓာတ်တွင် ယုံကြည်သူတို့အား ပျက်ရယ်ပြုလေ့ရှိကြ၏။

Verse 30 — Surah Al-Mutaffifin 83:30

၃၀။ ငရဲသားတို့သည် မိမိတို့ရှေ့၌ ထိုယုံကြည်သူတို့လျှောက်သွားသောအခါတိုင်း ပြောင်လှောင်လျက် အချင်းချင်းတစ်ဦးကို တစ်ဦးမျက်ရိပ်ပြကြ၏။

Verse 31 — Surah Al-Mutaffifin 83:31

၃၁။ တဖန်သူတို့သည် မိမိတို့သားချင်းထံ ပြန်သောအခါ ပြက်ရယ်ပြောင်ချော်လျက် ပြန်ကြ၏။

Verse 32 — Surah Al-Mutaffifin 83:32

၃၂။ တဖန် သူတို့သည် ယုံကြည်သူတို့ကို မြင်သောအခါတိုင်း သူတို့သည် "ကြည့်ကြလော့၊ ဤလူတို့သည်ဧကန်အမှန်လမ်းလွဲသွားသူများတည်း" ဟု ပြောဆိုကြ၏။

Verse 33 — Surah Al-Mutaffifin 83:33

၃၃။ သို့သော် ထိုသူယုတ်မာတို့အား ယုံကြည်သူတို့ကို ထိန်းသိမ်းစောင့်ရှောက်သူအဖြစ်ဖြင့် စေလွှတ်ထားသည် မဟုတ်ချေ။

Verse 34 — Surah Al-Mutaffifin 83:34

၃၄။ သို့သော် ယနေ့မူကား ယုံကြည်သူတို့သည် အယူမှားသူတို့အား လက်စားချေ၍ ပျက်ရယ်ပြုကြရ၏။

Verse 35 — Surah Al-Mutaffifin 83:35

၃၅။ သူမွန်သူမြတ်တို့သည် မြင့်မြတ်၍ ဂုဏ်ကျက်သရေရှိသောပလ္လင်ပေါ်တွင် ထိုင်လျက် ပတ်ဝန်းကျင်အရာခပ်သိမ်းကုန်ကို ရှုစားကြလော့။

Verse 36 — Surah Al-Mutaffifin 83:36

၃၆။ မိစ္ဆာဒိဋ္ဌိတို့အား လောကဓာတ်၌ ပြုကျင့်သမျှတို့ကို ပြန်ဆပ်ပြီမဟုတ်လား။