Verse 1 — Surah Al-Buruj 85:1
၁၊၂၊၃။ နေလနက္ခတ်တာရာသွားလာဝင်ထွက်ရာရာသီခွင်ရှိသောမိုးကောင်းကင်ကိုသော်လည်းကောင်း၊ ကတိထားတော် မူသောနေ့တော်ကြီးကိုသော်လည်းကောင်း၊ သက်သေနှင့်သက်သေထွက်ဆို ခံရသောသူတို့ကိုသော်လည်းကောင်း၊ ငါသက်သေထူတော်မူ၏။
Verse 2 — Surah Al-Buruj 85:2
၁၊၂၊၃။ နေလနက္ခတ်တာရာသွားလာဝင်ထွက်ရာရာသီခွင်ရှိသောမိုးကောင်းကင်ကိုသော်လည်းကောင်း၊ ကတိထားတော် မူသောနေ့တော်ကြီးကိုသော်လည်းကောင်း၊ သက်သေနှင့်သက်သေထွက်ဆို ခံရသောသူတို့ကိုသော်လည်းကောင်း၊ ငါသက်သေထူတော်မူ၏။
Verse 3 — Surah Al-Buruj 85:3
၁၊၂၊၃။ နေလနက္ခတ်တာရာသွားလာဝင်ထွက်ရာရာသီခွင်ရှိသောမိုးကောင်းကင်ကိုသော်လည်းကောင်း၊ ကတိထားတော် မူသောနေ့တော်ကြီးကိုသော်လည်းကောင်း၊ သက်သေနှင့်သက်သေထွက်ဆို ခံရသောသူတို့ကိုသော်လည်းကောင်း၊ ငါသက်သေထူတော်မူ၏။
Verse 4 — Surah Al-Buruj 85:4
၄။ မီးတွင်းပြုလုပ်သူတို့သည် ပျက်စီးဆုံးရှုံးရာသာတည်း။
Verse 5 — Surah Al-Buruj 85:5
၅။ ထိုမီးသည် ထင်းမီးဖြစ်၏။
Verse 6 — Surah Al-Buruj 85:6
၆၊၇။ ကြည့်ရှုလော့၊ ထိုမီးရှင်တို့သည် မိမိတို့ဖိုထားသောမီးအနားတွင် ထိုင်လျက် ယုံကြည်သူတို့နစ်နာအောင် မိမိတို့ပြုလုပ်ထားသည့်အမှုများကို ကြည့်ရှုနေကြ၏။
Verse 7 — Surah Al-Buruj 85:7
၆၊၇။ ကြည့်ရှုလော့၊ ထိုမီးရှင်တို့သည် မိမိတို့ဖိုထားသောမီးအနားတွင် ထိုင်လျက် ယုံကြည်သူတို့နစ်နာအောင် မိမိတို့ပြုလုပ်ထားသည့်အမှုများကို ကြည့်ရှုနေကြ၏။
Verse 8 — Surah Al-Buruj 85:8
၈။ အနန္တတန်ခိုးတော်ရှင်၊ ချီးမွမ်းခြင်းတည်ရာသခင်၊ အလ္လာဟ်အရှင်မြတ်အား ယုံကြည်မှုမှတပါး အခြားအမှုမရှိပဲ လျက် ထိုမီးရှင်တို့သည် ယုံကြည်သူတို့ကို နှိပ်စက်ကြ၏။
Verse 9 — Surah Al-Buruj 85:9
၉။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို စိုးပိုင်တော်မူ၏၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိမြင်တော်မူ၏။
Verse 10 — Surah Al-Buruj 85:10
၁၀။ ယုံကြည်သူယောကျာ်းမိန်းမတို့ကို ညှင်းပန်းနှိပ်စက်၍ မိမိတို့အပြစ်ကို နောင်တမရသောသူတို့သည် အပယ်ငရဲသို့ လားကြရလတံ့၊ သူတို့သည် မီးလောင်ကျွမ်းခြင်းဒဏ်ကို ခံကြရလတံ့။
Verse 11 — Surah Al-Buruj 85:11
၁၁။ သို့သော်ယုံကြည်လျက် ကုသိုလ်ကောင်းမှုကို ပွားများသူတို့မူကား မြစ်အထွေထွေစီးဆင်းနေသော နိဗ္ဗာန်ဥယျာဉ် တော်များသို့ ဝင်ကြရလတံ့၊ ဤဝင်ရခြင်းသာလျှင် အောင်မြင်ခြင်းဖြစ်၏။
Verse 12 — Surah Al-Buruj 85:12
၁၂။ သင်၏အရှင်သခင်၏ အပြစ်ဒဏ်တော်သည် အလွန်ပြင်းပြကြီးမား၏။
Verse 13 — Surah Al-Buruj 85:13
၁၃။ အရှင်မြတ်သည် အစကနဦးကို ဖန်ဆင်းတော်မူ၏၊ ထပ်မံဖန်ဆင်းတော်မူ၏၊ ရှင်ပြန်ထမြောက်စေတော်မူ၏။
Verse 14 — Surah Al-Buruj 85:14
၁၄။ အဖန်တလဲလဲအပြစ်လွှတ်တော်မူ၏၊ ချစ်ခင်သနားတော်မူ၏။
Verse 15 — Surah Al-Buruj 85:15
၁၅။ မင်္ဂလာကျက်သရေကြီးလှစွာသောရာဇပလ္လင်တော်ကြီး၏ အရှင်သခင်ဖြစ်တော်မူ၏။
Verse 16 — Surah Al-Buruj 85:16
၁၆။ မိမိအလိုတော်ရှိသမျှတို့ကို အဆီးအတားမရှိပဲလျက် စီရင်တော်မူ၏။
Verse 17 — Surah Al-Buruj 85:17
၁၇၊၁၈။ (ဖွာရော)ဘုရင်နှင့် (သမုဒ်)လူမျိုးတို့၏ စစ်သည်တော်များ၏ အတ္ထုပ္ပတ္တိအကြောင်းအရာကို သင်တမန်တော် ကြားနာသိရှိရပြီလော။
Verse 18 — Surah Al-Buruj 85:18
၁၇၊၁၈။ (ဖွာရော)ဘုရင်နှင့် (သမုဒ်)လူမျိုးတို့၏ စစ်သည်တော်များ၏ အတ္ထုပ္ပတ္တိအကြောင်းအရာကို သင်တမန်တော် ကြားနာသိရှိရပြီလော။
Verse 19 — Surah Al-Buruj 85:19
၁၉။ အယူမှားသူတို့သည် တရားတော်ကို ဆက်လက်ငြင်းဆန်နေကြ၏။
Verse 20 — Surah Al-Buruj 85:20
၂၀။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သူတို့မမြင်ရပဲ သူတို့ကို ဝန်းဝိုင်းထားတော်မူ၏။
Verse 21 — Surah Al-Buruj 85:21
၂၁၊၂၂။ ထိုသူယုတ်မာတို့စွပ်စွဲသည့်အတိုင်းမဟုတ်ပဲ ဤကျမ်းတော်သည် အလွန်ကြီးမြတ်နက်နဲစုံလင်လှ၏၊ ငါထိန်းသိမ်း စောင့်ရှောက်ထားတော်မူသောကျောက်ပြားပေါ်တွင် ရေးထင်မှတ်ထားသောကျမ်းမြတ်ကုရ်အာန်ဖြစ်၏။
Verse 22 — Surah Al-Buruj 85:22
၂၁၊၂၂။ ထိုသူယုတ်မာတို့စွပ်စွဲသည့်အတိုင်းမဟုတ်ပဲ ဤကျမ်းတော်သည် အလွန်ကြီးမြတ်နက်နဲစုံလင်လှ၏၊ ငါထိန်းသိမ်း စောင့်ရှောက်ထားတော်မူသောကျောက်ပြားပေါ်တွင် ရေးထင်မှတ်ထားသောကျမ်းမြတ်ကုရ်အာန်ဖြစ်၏။