Back to Languages

Burmese - Chapter 87 - Al-Ala

Translation by Ba Sein — Permalink

Verse 1 — Surah Al-Ala 87:1

၁။ အတိုင်းထက်အလွန်မြင့်မြတ်သောသင်၏ အရှင်သခင်၏ နာမတော်ကို ချီးကျူးတသလော။

Verse 2 — Surah Al-Ala 87:2

၂။ အရှင်မြတ်သည် ဖန်ဆင်းတော်မူ၏၊ ထို့နောက်ဖျက်ဆီးတော်မူ၏။

Verse 3 — Surah Al-Ala 87:3

၃။ ပန်းတိုင်သတ်မှတ်တော်မူ၏၊ ထို့နောက်လမ်းညွှန်တော်မူ၏။

Verse 4 — Surah Al-Ala 87:4

၄။ စားကျက်ကို ဖန်ဆင်းတော်မူ၏။

Verse 5 — Surah Al-Ala 87:5

၅။ ထို့နောက် ထိုစားကျက်ကို ညိုမဲသောမြက်ငုတ်မြက်စဖြစ်စေတော်မူ၏။

Verse 6 — Surah Al-Ala 87:6

၆။ အို-တမန်တော်၊ သင်သည် ဤကုရ်အာန်ကျမ်းမြတ်ကို မမေ့မလျော့စေခြင်းငှာ ငါသည် သင့်အား သွန်သင်ပြသ တော်မူမည်။

Verse 7 — Surah Al-Ala 87:7

၇။ တမန်တော် သည် အလ္လာဟ်အရှငြ်မတ်သည် မေ့လိုတော်ရှိသည်ကို မေ့လျော့နိုင်၏ ၊ မုချဧကန ်အရှင်မြတ်သည် ဖော်ပြထားသောအရာ၊ လျှို့ဝှက်ထားသော အရာအလုံးစုံကို အကြွင်းမဲ့သိတော်မူ၏။

Verse 8 — Surah Al-Ala 87:8

၈။ ငါသည် သင်၏လမ်းကို သင်လွယ်လင့်တကူလျှောက်လိုက်နိုင်ရန် စီရင်တော်မူမည်။

Verse 9 — Surah Al-Ala 87:9

၉။ ထို့ကြောင့် လူသားတို့အား သတိပေးနှိုးဆော်လော့၊ သတိပေးနှိုးဆော်ခြင်းသည် အကျိုးရှိ၏။

Verse 10 — Surah Al-Ala 87:10

၁၀။ ကြောက်ရွံ့ရိုကျိုးသောသူသည် နာယူလိမ့်မည်။

Verse 11 — Surah Al-Ala 87:11

၁၁။ သို့သော်အကြောင်းကံဆိုးလှသောသူသည် တရားတော်ကို ကဲ့ရဲ့မည်။

Verse 12 — Surah Al-Ala 87:12

၁၂။ ထိုသူအား ကြီးမားသောမီးထဲသို့ ပစ်ချတော်မူမည်။

Verse 13 — Surah Al-Ala 87:13

၁၃။ ထိုသူတို့သည် ထိုမီးထဲတွင် မသေမရှင်ခံရလိမ့်မည်။

Verse 14 — Surah Al-Ala 87:14

၁၄၊၁၅။ သို့သော်မိမိကိုယ်ကို သန့်ရှင်းစေ၍ မိမိအရှင်သခင်၏ နာမတော်ကို သတိရလျက် ဆွလားသ်ဝတ်ပြုသောသူ မူကား အောင်မြင်၏။

Verse 15 — Surah Al-Ala 87:15

၁၄၊၁၅။ သို့သော်မိမိကိုယ်ကို သန့်ရှင်းစေ၍ မိမိအရှင်သခင်၏ နာမတော်ကို သတိရလျက် ဆွလားသ်ဝတ်ပြုသောသူ မူကား အောင်မြင်၏။

Verse 16 — Surah Al-Ala 87:16

၁၆။ အို-လူသားအပေါင်းတို့၊ သင်တို့သည် ဤဘဝကိုသာ မက်မောကြ၏။

Verse 17 — Surah Al-Ala 87:17

၁၇။ သို့သော်နောင်ဘဝသည် သာလွန်မြင့်မြတ်တည်မြဲ၏။

Verse 18 — Surah Al-Ala 87:18

၁၈၊၁၉။ ဤတရားတော်သည် တမန်တော်အေဗရာဟမ်နှင့် မူစာတို့အား ချပေးသနားတော်မူသောရှေးကနဦးကျမ်းတော် များတွင် ပါရှိ၏။

Verse 19 — Surah Al-Ala 87:19

၁၈၊၁၉။ ဤတရားတော်သည် တမန်တော်အေဗရာဟမ်နှင့် မူစာတို့အား ချပေးသနားတော်မူသောရှေးကနဦးကျမ်းတော် များတွင် ပါရှိ၏။