Verse 1 — Surah Al-Ghashiyah 88:1
၁။ အတိုင်းထက်အလွန်ကြောက်မက်ထိတ်လန့်ဖွယ်ကောင်းသောအဖြစ်အပျက်၏ သတင်းသည် သင်တမန်တော် ထံသို့ ရောက်လာပြီလော။
Verse 2 — Surah Al-Ghashiyah 88:2
၂။ ထိုနေ့တော်ကြီး၌ မျက်နှာအများအပြားသည် ညှိုးငယ်ကြလတံ့။
Verse 3 — Surah Al-Ghashiyah 88:3
၃။ ပြင်းထန်စွာကြိုးစားအားထုတ်၍ မောပန်းကြလတံ့။
Verse 4 — Surah Al-Ghashiyah 88:4
၄။ တောက်လောင်နေသောမီးလောင်မြိုက်ခြင်းခံကြရလတံ့။
Verse 5 — Surah Al-Ghashiyah 88:5
၅။ ထိုသူတို့သည် ကျိုက်ကျိုက်ဆူသောရေပူစမ်းမှ ရေကို သောက်ကြရလတံ့။
Verse 6 — Surah Al-Ghashiyah 88:6
၆။ ထိုသူတို့စားဖို့ရာ ခါးသည့်ဆူးပင်သီးမှတပါး အခြားအစားအစာအလျဉ်းမရှိချေ။
Verse 7 — Surah Al-Ghashiyah 88:7
၇။ ထိုဆူးပင်သီးသည် စားသူတို့အား အာဟာရမဖြစ်စေ၊ မွတ်သိပ်ဆာလောင်ခြင်းကိုလည်း မဖြစ်ချေ။
Verse 8 — Surah Al-Ghashiyah 88:8
၈။ ထိုနေ့တော်ကြီး၌ အခြားသူတို့မှာမူကား ပျော်ပါးရွှင်လန်းကြရလတံ့။
Verse 9 — Surah Al-Ghashiyah 88:9
၉။ ထိုသူတို့သည် မိမိတို့ကြိုးစားခဲ့သောအမှု၏ အကျိုးကို ကျေနပ်နှစ်သက်စွာခံစားကြလတံ့။
Verse 10 — Surah Al-Ghashiyah 88:10
၁၀။ ထိုသူတို့သည် အလွန်မြင့်မြတ်သောဥယျာဉ်တော်တွင် စံစားကြလတံ့။
Verse 11 — Surah Al-Ghashiyah 88:11
၁၁။ ထိုဥယျာဉ်တော်၌ သူတို့သည် အကျိုးမရှိ၊ သိမ်ဖျင်းသောစကားကို လုံးဝမကြားချေ။
Verse 12 — Surah Al-Ghashiyah 88:12
၁၂။ ထိုဥယျာဉ်တော်၌ ရေပန်းထွက်စီးဆင်းနေသောစမ်းချောင်းရှိ၏။
Verse 13 — Surah Al-Ghashiyah 88:13
၁၃။ ထိုဥယျာဉ်တော်၌ ကျက်သရေမင်္ဂလာရှိသောပလ္လင်မြင့်များလည်းရှိကြ၏။
Verse 14 — Surah Al-Ghashiyah 88:14
၁၄။ ထို့အပြင်တကောင်း၊ ရေခွက်၊ ဖလား၊ ဖန်ခွက်များကို အသင့်ပြင်ဆင်ထား၏။
Verse 15 — Surah Al-Ghashiyah 88:15
၁၅။ ထိုမှတပါး မှီအုံး၊ ထိုင်အုံးများကို သိုက်မြိုက်တင့်တယ်စွာစီတန်းခင်းကျင်းထား၏။
Verse 16 — Surah Al-Ghashiyah 88:16
၁၆။ ကမ္ဗလာ၊ မွေ့ယာ၊ ကော်ဇောများကိုလည်း ခင်းကျင်းထား၏။
Verse 17 — Surah Al-Ghashiyah 88:17
၁၇။ အို-တမန်တော်၊ သူတို့သည် ကုလားအုတ်များကို ကြည့်ရှုပြီးလျှင် ထိုတိရိစ္ဆာန်များကို မည်ကဲ့သို့ဖန်ဆင်းထား တော်မူသည်ကို မစဉ်းစားကြလော။
Verse 18 — Surah Al-Ghashiyah 88:18
၁၈။ ထို့အပြင်မိုးကောင်းကင်ကို ကြည့်ရှုပြီးလျှင် မည်ကဲ့သို့မြှင့်ထားတော်မူသည်ကိုလည်း မဆင်ခြင်ကြသလော။
Verse 19 — Surah Al-Ghashiyah 88:19
၁၉။ တဖန် တောတောင်များကို ကြည့်ရှုပြီးလျှင် မည်ကဲ့သို့ခိုင်ခန့်မြဲမြံစွာဖန်ဆင်းထားတော်မူသည်ကိုလည်း မစဉ်းစားကြလော့။
Verse 20 — Surah Al-Ghashiyah 88:20
၂၀။ ထိုမှတပါး ဤကမ္ဘာမြေကြီးကို ကြည့်ရှုပြီးလျှင် မည်ကဲ့သို့ဖြန့်ခင်းထားတော်မူသည်ကိုလည်း မစဉ်းစားမဆင်ခြင်ကြလော။
Verse 21 — Surah Al-Ghashiyah 88:21
၂၁။ ထို့ကြောင့် သင်တမန်တော်သည် ထိုသူတို့အား ဩဝါဒပေးလော့၊ သင်သည် ဩဝါဒပေးရသူသာဖြစ်၏။
Verse 22 — Surah Al-Ghashiyah 88:22
၂၂။ သင်သည် လူသားတို့ကို စောင့်ရှောက်ထိန်းသိမ်းရသူမဟုတ်ချေ။
Verse 23 — Surah Al-Ghashiyah 88:23
၂၃။ သို့သော်အကြင်သူသည် မနှစ်မြို့၊ မယုံကြည်အံ့။
Verse 24 — Surah Al-Ghashiyah 88:24
၂၄။ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား အလွန်ကြီးလေးသောအပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။
Verse 25 — Surah Al-Ghashiyah 88:25
၂၅။ ဧကန်အမှန် သူတို့အားလုံးသည် ငါ့ထံတော်သို့ ပြန်လာကြရမည်။
Verse 26 — Surah Al-Ghashiyah 88:26
၂၆။ ထိုအခါ ငါသည် သူတို့၏ ပြုကျင့်မှု စာရင်းကို ရှင်းတော်မူမည်။