Verse 1 — Surah Al-Fajr 89:1
၁။ မိုးသောက်အာရုဏ်တက်အချိန်ကိုသော်လည်းကောင်း။
Verse 2 — Surah Al-Fajr 89:2
၂။ ထို့အပြင်ညဉ့်ဆယ်ညဉ့်ကိုသော်လည်းကောင်း။
Verse 3 — Surah Al-Fajr 89:3
၃။ ထို့အပြင်(စုံ)နှင့် (မ)ကိုသော်လည်းကောင်း။
Verse 4 — Surah Al-Fajr 89:4
၄။ ထို့အပြင်ကုန်လွန်သောညဉ့်ကိုသော်လည်းကောင်း၊ ငါသက်သေထူတော်မူ၏။
Verse 5 — Surah Al-Fajr 89:5
၅။ ယင်းအရာများတွင် အသိတရားရှိသူများအတွက် ခိုင်မာလုံလောက်သောလက္ခဏာသက်သေခံချက်ပါရှိ၏။
Verse 6 — Surah Al-Fajr 89:6
၆၊၇။ အို-တမန်တော်၊ သင်၏ အရှင်သခင်သည် အလွန်မြင့်မားသောကျောက်တိုင်များပြည့်လျှံသော(အေရမ်)မြို့တော် ကြီးသား(အားဒ်)လူမျိုးကို မည်သို့မည်ပုံ စီရင်တော်မူလိုက်သည်ကို သင်မစဉ်းစားမဆင်ခြင်သလော။
Verse 7 — Surah Al-Fajr 89:7
၆၊၇။ အို-တမန်တော်၊ သင်၏ အရှင်သခင်သည် အလွန်မြင့်မားသောကျောက်တိုင်များပြည့်လျှံသော(အေရမ်)မြို့တော် ကြီးသား(အားဒ်)လူမျိုးကို မည်သို့မည်ပုံ စီရင်တော်မူလိုက်သည်ကို သင်မစဉ်းစားမဆင်ခြင်သလော။
Verse 8 — Surah Al-Fajr 89:8
၈။ ထို(အေရမ်)မြို့ကဲ့သို့ ခမ်းနားကြီးကျယ်သောမြို့ကို မြေကြီးပေါ်၌ တဖန်ဖန်ဆင်းတော်မမူချေ။
Verse 9 — Surah Al-Fajr 89:9
၉။ တော်တောင်ကြားတွင် ကြီး မားသောကျောက်တောင်များ၌ တောင်ခေါင်း လှိုဏ်ဂူများ ဖောက်ထွင်း ပြုလုပ်နေထိုင်ကြကုန်သော(စမုဒ်)လူမျိုးတို့ကိုလည်း မည်သို့မည်ပုံ စီရင်တော်မူလိုက်သည်ကို အသင်တမန်တော် မစဉ်းစား မဆင်ခြင်သလော။
Verse 10 — Surah Al-Fajr 89:10
၁၀။ ပနက်သဲတို့အရှင်သခင် ဖွာရောဘုရင်ကိုလည်း မည်သို့မည်ပုံစီရင်တော်မူလိုက်သည်ကို အသင်တမန်တော်မစဉ်းစားမဆင်ခြင်သလော။
Verse 11 — Surah Al-Fajr 89:11
၁၁။ ဤဖော်ပြခဲ့သောလူယုတ်မာတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အလ္လာဟ်အရှင်မြတ်ကို ထောင်ထားခြားနားသူများဖြစ်ကြ၏။
Verse 12 — Surah Al-Fajr 89:12
၁၂။ ထိုသူတို့သည် မြေကြီးပေါ်တွင် မကောင်းမှုဒုစရိုက်ကို ပွားများကြ၏။
Verse 13 — Surah Al-Fajr 89:13
၁၃။ ထို့ကြောင့်သင်၏ အရှင်သခင်သည် သူတို့အပေါ်သို့ အမျိုးမျိုးသော ဒဏ်ကို သက်ရောက်စေတော်မူခဲ့၏။
Verse 14 — Surah Al-Fajr 89:14
၁၄။ မှတ်သားလော့၊ သင်၏ အရှင်သခင်သည် အမြဲစောင့်ကြည့်နေတော်မူ၏။
Verse 15 — Surah Al-Fajr 89:15
၁၅။ လူသားမှာမူကား သူ၏ အရှင်သခင်သည် သူ့အား ဂုဏ်ကျက်သရေ စည်းစိမ်ဥစ္စာများဖြင့် စုံစမ်းတော်မူသောအခါ အကျွနု်ပ်၏ အရှင်သခင်သည် အကျွနု်ပ်ကို ဂုဏ်ပြုတော်မူသည်ဟု ပြောဆို၏။
Verse 16 — Surah Al-Fajr 89:16
၁၆။ သို့သော်အရှင်မြတ်သည် သူ့အား စည်းစိမ်ဥစ္စာကျပ်တည်းခေါင်းပါးခြင်းဖြင့် စုံစမ်းတော်မူသောအခါ သူက အကျွနု်ပ်၏ အရှင်သခင်သည် အကျွနု်ပ်စက်ဆုတ်တော်မူသည်ဟု ဆို၏။
Verse 17 — Surah Al-Fajr 89:17
၁၇။ ထိုကဲ့သို့မဟုတ်ချေ၊ သို့သော်သင်တို့သည် မိဘမဲ့သူကို အရေးမစိုက်ဂုဏ်မပြုချေ။
Verse 18 — Surah Al-Fajr 89:18
၁၈။ ထို့အပြင်သင်တို့သည် သူဆင်းရဲတို့အား ကျွေးမွေးစောင်မဖို့ရာ အချင်းချင်းတိုက်တွန်းနှိုးဆော်ခြင်းကို မပြုလုပ်ချေ။
Verse 19 — Surah Al-Fajr 89:19
၁၉။ ထို့အပြင် သင်တို့သည် အမွေအနှစ်ကို ကြီးမားသောလောဘနှင့် စားမျိုကြ၏။
Verse 20 — Surah Al-Fajr 89:20
၂၀။ ထို့အပြင် သင်တို့သည် စည်းစိမ်ဥစ္စာကို အတိုင်းမသိမက်မောကြ၏။
Verse 21 — Surah Al-Fajr 89:21
၂၁။ ဤသို့မပြုကျင့်ထိုက်ချေ၊ ကမ္ဘာမြေကြီးကို ပြာမှုန့်အတိ ညက်ညက်ကြေအောင်ချေမှုံ့သောအခါ။
Verse 22 — Surah Al-Fajr 89:22
၂၂။ ထို့အပြင် သင်၏အရှင်သခင်သည် ကောင်းကင်တမန်တို့အထပ်ထပ်ခြံရံလျက် ကြွလာတော်မူသောအခါ။
Verse 23 — Surah Al-Fajr 89:23
၂၃။ ထို့အပြင် အပယ်ငရဲကို အနီးသို့ ယူဆောင်လာတော်မူသောအခါ ထိုနေ့တော်ကြီး၌ လူသားသည် အလ္လာဟ် အရှင်မြတ်အား သတိရလတံ့၊ သို့သော်ဤအချိန်မမှီ သတိရခြင်းသည် သူ့အား အဘယ်အကျိုးဖြစ်ထွန်းအံ့နည်း။
Verse 24 — Surah Al-Fajr 89:24
၂၄။ ထိုအခါလူသားသည် ဤသို့ညည်းညူလတံ့၊ ဤနောင်တမလွန်ဘဝအတွက် ငါသည် ကုသိုလ်ကောင်းမှုကို ကြိုတင်ပို့ထားနှင့်ခဲ့သော် ကောင်းလေစွ။
Verse 25 — Surah Al-Fajr 89:25
၂၅။ ထိုနေ့တော်ကြီး၌ အရှင်မြတ်သည် သူတပါးမပေးစွမ်းနိုင်သောအပြစ်ဒဏ်ကို ပေးတော်မူလတံ့။
Verse 26 — Surah Al-Fajr 89:26
၂၆။ ထို့အပြင် သူတပါး မပြုစွမ်းနိုင်သည့် ဖမ်းဆီးချုပ်နှောင်ခြင်းကို ပြုတော်မူလတံ့။
Verse 27 — Surah Al-Fajr 89:27
၂၇။ ယုံကြည်သူ၏ ဝိညာဉ်ကိုမူကား ဤသို့ဗျာဒိတ်ပေးတော်မူလတံ့၊ အို-အေးချမ်းသာယာမွေ့လျော်နေသောဝိညာဉ်။
Verse 28 — Surah Al-Fajr 89:28
၂၈။ သင်၏ အရှင်သခင်အထံတော်သို့ အရှင်မြတ်၏ နှစ်သက်တော်မူခြင်း၌ စိတ်ကျေနပ်နှစ်သက်စွာပြန်လာလော့။
Verse 29 — Surah Al-Fajr 89:29
၂၉။ သင်သည် ငါ၏ကျေးတော်မျိုးကျွန်တော်မျိုးတို့၏ ဘောင်သို့ ဝင်လော့။
Verse 30 — Surah Al-Fajr 89:30
၃၀။ သင်သည် ငါ၏ဥယျာဉ်တော်သို့ ဝင်လော့။