Verse 1 — Surah At-Tawbah 9:1
၁။ သင်တို့မဟာမိတ်စာချုပ်ချုပ်ဆိုထားသောဆင်းထုကိုးကွယ်သူများအပေါ် ပြုအပ်သောတာဝန်မှ လွတ်ကြောင်းကို အလ္လာဟ်နှင့် အရှင်မြတ်၏ တမန်တော်မြတ်တို့သည် ကြေငြာ၏။
Verse 2 — Surah At-Tawbah 9:2
၂။ သင်တို့သည် ကမ္ဘာမြေတွင် လေးလအတွင်း လွတ်လပ်စွာခရီးသွားလာကြလော့၊ သင်တို့သည် အလ္လာဟ်အရှင် မြတ်လက်တော်မှ မလွတ်မြောက်နိုင်ကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့အား ဂုဏ်သိမ်ည့ံဖျင်းရှုံ့ချ တော်မူမည့်အကြောင်းတို့ကို မှတ်သားကြလော့။
Verse 3 — Surah At-Tawbah 9:3
၃။ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်တို့သည် မိစ္ဆာဒိဋ္ဌိတို့အပေါ်ရှိ တာဝန်ဝတ္တရားမှ လွတ်သည်ဟူ၍ အကြီးနေ့၌ အလ္လာဟ်အရှင်နှင့် အရှင့်တမန်တော်သည် လူအားလုံးတို့သို့ အမိန့်တော်ထုတ်ပြန်ကြေငြာတော် မူချက်၊ ထို့ကြောင့်သင်တို့သည် တရားသံဝေဂရလျှင်၊ သင်တို့အတွက် သာလွန်ကောင်းမွန်၏။သို့သော်သင်တို့ သည် တရားတော်ကို ဆန့်ကျင်လျှင် သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လက်တော်မှ မလွတ်မြောက်နိုင် သည်ကို မှတ်သားကြလော့။အို-မိုဟမ္မဒ်၊ သင်သည် မိစ္ဆာဒိဋ္ဌိတို့အား အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ် တော်အကြောင်းသတင်းကို ဟောကြားလော့။
Verse 4 — Surah At-Tawbah 9:4
၄။ အို-မိုဟမ္မဒ်၊ သင်တို့သည် မိစ္ဆာဒိဋ္ဌိတို့နှင့်မဟာမိတ်စာချုပ်ချုပ်ဆိုထား၏။ထိုသူတို့သည် ထိုစာချုပ်ချုပ်ပြီးမှ သင်၏ အကျိုးကို မဆုတ်ယုတ်စေကြ၊ သင်တို့၏ ဆန့်ကျင်ဘက်ကို မကူညီကြ။ထိုသူတို့ကို ချွင်းချက်ထားတော် မူ၏။စာချုပ်အချိန်ကုန်သည်တိုင်အောင် သင်သည် ထိုစာချုပ်ကို စောင့်ထိန်းလော့။မှတ်သားလော့၊ အလ္လာဟ် အရှင်မြတ်သည် မိမိအမှုတော်ကို ကျေပွန်သူတို့ကို ချစ်မြတ်နိုးတော်မူ၏။
Verse 5 — Surah At-Tawbah 9:5
၅။ လထူးလမြတ်များကုန်လွန်သွားသောအခါ သင်သည် မိစ္ဆာဒိဋ္ဌိတို့အား တွေ့သောနေရာတွင် သတ်ဖြတ်လော့၊ သုံ့ပန်းဖမ်းလော့၊ ဝန်းဝိုင်းထားလော့၊ သူတို့သည် တရားသံဝေဂရကြ၍ ဆွလဝတ်၌ တည်မြဲကြပြီးလျှင် ဇကတ်အလှုကို ပေးကမ်းကြသော် သူတို့အား သူတို့၏ လမ်း၌ လွတ်လပ်စွာသွားစေလော့၊ အလ္လာဟ်အရှင်မြတ် သည် မုချဧကန်အပြစ်လွှတ်တော်မူ၏။ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 6 — Surah At-Tawbah 9:6
၆။ အို-မိုဟမ္မဒ၊ ဆင်းထုကိုးကွယ်သူတို့မှ တစ်စုံတစ်ယောက်သောသူသည် သင်၏ အစောင့်အရှောက်ကို ရှားမှီး၏။ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်စကားတော်ကို ကြားနိုင်ရန် ရန်သူအား စောင့်ရှောက်လော့။ထို့နောက်သူ့အား သူ၏ လုံခြံုရာဌာနသို့ ပို့ဆောင်လော့၊ အကြောင်းမူကား သူတို့သည် အသိဉာာဏ်မရှိရှာသောသူ များဖြစ်ကြ၏။
Verse 7 — Surah At-Tawbah 9:7
၇။ ဘေးမဲ့ကအ်ဘာပလီဝတ်ကျောင်းတော်ကြီး၌ သင်တို့မဟာမိတ်စာချုပ်ချုပ်ဆိုပြီးသူမိစ္ဆာဒိဋ္ဌိများမှတပါး အခြား မိစ္ဆာဒိဋ္ဌိတို့သည် အလ္လာဟ်နှင့်သော်လည်းကောင်း၊ အရှင်မြတ်၏ တမန်တော်တို့နှင့်သော်လည်းကောင်း၊ အဘယ် သို့ မဟာမိတ်စာချုပ်ချုပ်ဆိုနိုင်မည်နည်း၊ သူတို့သည် သင်တို့အပေါ်တွင် သစ္စာရှိသမျှကာလပတ်လုံး သင်တို့ လည်း သူတို့အပေါ်တွင် သစ္စာရှိကြလော့၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အမှုတော်ကို ကျေကုန် သူတို့ကို ချစ်မြတ်နိုးတော်မူ၏။
Verse 8 — Surah At-Tawbah 9:8
၈။ အခြားမိစ္ဆာဒိဋ္ဌိတို့သည် သင့်အပေါ်၌ အရေးသာသောအခါ မိမိတို့ကတိစာချုပ်ကိုသော်လည်းကောင်း၊ သင့်ကို သော်လည်းကောင်း၊ အရေးမစိုက်ကြချေ၊ ထိုသူတို့နှင့်အဘယ်ကဲ့သို့ မဟာမိတ်စာချုပ်ချုပ်နိုင်အ့ံနည်း၊ သူတို့သည် နှုတ်များဖြင့် သင်တို့ကို စိတ်ကျေနပ်စေ၍ စိတ်နှလုံး၌ သစ္စာဖောက်ကြ၏။သူတို့အနက် အများအပြားသည် ဒုစရိုက်မကောင်းမှုကို ကျူးလွန်သူများဖြစ်ကြ၏။
Verse 9 — Surah At-Tawbah 9:9
၉။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော်များကို ပေး၍ အလွန်သေးသိမ်သောအကျိုးကျေးဇူးကို ဝယ်ယူကြ၏။ထို့ကြောင့်သူတို့သည် လူသားတို့ကို အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မှ တားဆီးကြ၏။မှတ်သားကြလော့။သူတို့ပြုကျင့်လေ့ရှိသသောအမှုသည် အကုသိုလ်မကောင်းမှုသာတည်း။
Verse 10 — Surah At-Tawbah 9:10
၁ဝ။ ၎င်းအပြင်သူတို့သည် ယုံကြည်အား ကတိစာချုပ်မတည်မလေးစားကြပေ။ဤသူတို့သည် တရာတော်ကို စော်ကားသူများဖြစ်ကြ၏။
Verse 11 — Surah At-Tawbah 9:11
၁၁။ အကယ်၍သူတို့သည် သတိနောင်တရ၍ အပြစ်ကို ဝန်ချတောင်းပန်ခြင်း၊ ဆွလတ်ဝတ်၌ တည်မြဲခြင်း၊ ဇကတ် အလှုကို ပေးခြင်းတို့ကို ပြုကြလျှင် သူတို့သည် သင်တို့၏ ဘာသာရေးညီအစ်ကိုများဖြစ်ကြ၏။ငါအရှင်မြတ်သည် မိမိ၏ နှုတ်ကပတ်တော်များကို အသိပညာရှိသူတို့အဖို့ အကျယ်တဝန့်ချပေးတော်မူ၏။
Verse 12 — Surah At-Tawbah 9:12
၁၂။ အကယ်၍ သူတို့သည် သင်တို့နှင့်မဟာမိတ်စာချုပ်ချုပ်ပြီးမှ သစ္စာဖောက်ကြ၏၊ သင်တို့၏ ဘာသာအယူဝါဒကို ပုတ်ခတ်ပြောဆိုကြ၏၊ ထိုအယူမှားသောသူတို့ကို တိုက်ခိုက်လော့၊ သို့မှသာ သူတို့သည် ဘာသာအယူဝါဒဖျက်မှု ကို ရပ်စဲကြလိမ့်မည်။မှတ်သားကြလော့၊ သူတို့၌ တည်မြဲသောကတိသစ္စာကျိန်ဆိုချက်များမရှိပေ။
Verse 13 — Surah At-Tawbah 9:13
၁၃။ အကြင်သူတို့သည် မိမိတို့၏ ကျိန်ဆိုသောကတိသစ္စာများကို မစောင့်ထိန်းကြ၊ တမန်တော်ကို မောင်းထုတ်ရန် ကြံစည်ကြ၏၊ သင်တို့ကို စတင်၍ စစ်တိုက်ကြ၏။ထိုသူတို့ကို သင်တို့သည် တိုက်ခိုက်ကြမည်မဟုတ်လော၊ သင်တို့သည် သူတို့ကို ကြောက်ရွံ့သလော၊ သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင်၊ အလ္လာဟ်အရှင်မြတ်အား သာ ကြောက်ရွ့ံအပ်ကြသည်။
Verse 14 — Surah At-Tawbah 9:14
၁၄။ သင်တို့သည် မိစ္ဆာဒိဋ္ဌိတို့အား တိုက်ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို သင်တို့အားဖြင့် အပြစ်ဒဏ်ပေး တော်မူလိမ့်မည်၊ သူတို့ကို အရေးနိမ့်စေတော်မူမည်၊ သင်တို့အား အောင်စေတော်မူမည်၊ ယုံကြည်သူတို့၏ စိတ်နှလုံးကို သာယာစေတော်မူမည်။
Verse 15 — Surah At-Tawbah 9:15
၁၅။ အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးမှ အမျက်ဒေါသကို ဖယ်ရှားတော်မူမည်၊ အလ္လာဟ်အရှင်မြတ်သည် အ ပြစ်လွှတ်လိုတော်မူသောသူကို အပြစ်လွှတ်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် သိတော်မူသောအရှင်၊ ဉာာဏ် ပညာရှိတော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 16 — Surah At-Tawbah 9:16
၁၆။ သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် အဘယ်သူတို့သည် အရှင်မြတ်၏ လမ်းတော်ကြီး၌ အားထုတ်၍၊ အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ တမန်တော်နှင့် ယုံကြည်သူတို့မှတပါး အခြားသူတို့နှင့်ရင်းနှီး သောမိတ်မဖွဲ့သောသူတို့ကို သိတော်မမူသေးမီ၊ သင်တို့ကို ငြိမ်သက်စွာထားတော်မူမည်ဟု သင်တို့ယူဆကြ သလော၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှအပေါင်းတို့ကို သိတော်မူ၏။
Verse 17 — Surah At-Tawbah 9:17
၁၇။ မိမိတို့သည် ယုံကြည်သူမဟုတ်ဟု ဝန်ခံသူ၊ ဆင်းတုကိုးကွယ်သူသည် အလ္လာဟ်အရှင်မြတ် ဘေးမဲ့ပလီဝတ် ကျောင်းတော်များ၏ ဂေါပကလူကြီးများမဖြစ်ရပေ။ဤသူများမှာမူကား သူတို့၏ ပြုကျင့်မှုများသည် အကျိုးမဲ့ အချည်းနှီးသာဖြစ်၏။
Verse 18 — Surah At-Tawbah 9:18
၁၈။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်၏။ဆွလဝတ်ပြု၏။ဇကတ်အလှု ကို လှု၏။အလ္လာဟ်အရှင်မြတ်မှတပါး မည်သူ့ကိုမျှ မကြောက်ရွံ့။ထိုသူသာလျှင် အရှင်မြတ်၏ ဘေးမဲ့ပလီ ဝတ်ကျောင်းတော်များ၏ ဂေါပကလူကြီးဖြစ်ရမည်။ဤလူမျိုးအစားသာလျှင် လမ်းမှန်ကို ညွှန်ပြခြင်းခံရသူတို့ ဘောင်၌ ပါဝင်နိုင်ရ၏။
Verse 19 — Surah At-Tawbah 9:19
၁၉။ ဟာဂျ်ပြုသူတို့အား ရေငတ်ပြေအောင် ရေတိုက်ခြင်းနှင့် ဘေးမဲ့ပလီကျောင်းတော်ကို ထိန်းသိမ်းခြင်းတို့သည် အလ္လာဟ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်၍ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်ကြီး၌ ကြိုးစားအားထုတ်သူနှင့် တန်ဖိုးတူမျှဟု သင်တို့ထင်မှတ်ကြသလော၊ အရှင်မြတ်ရှေ့တော်၌ မတူမျှပေ။အလ္လာဟ်အရှင်မြတ်သည် အကုသိုလ်မကောင်းမှုကို ပြုကျင့်သူတို့ကို လမ်းပြတော်မမူပေ။
Verse 20 — Surah At-Tawbah 9:20
၂ဝ။ အကြင်သူတို့သည် ယုံကြည်ကြ၏။မိမိတို့အိုးအိမ်များကို စွန့်ပစ်ထွက်ပြေး၍ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသက်စည်းစိမ်ဥစ္စာအားဖြင့် ကြိုးပမ်းကြ၏။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ မျက်မှောက်တော်၌ သာလွန်မြင့်မြတ်အဘိုးတန်ကြ၏။ဤလူများသည် အောင်မြင်သူတို့ဖြစ်ကြ၏။
Verse 21 — Surah At-Tawbah 9:21
၂၁။ သူတို့၏ ကျေးဇူးတော်သခင်သည် သူတို့အား အထံတော်မှ ကောင်းချီးမင်္ဂလာတော်လက်ခံတော်မူခြင်း၊ သူတို့ ထာဝရပျော်ရွှင်မွေ့လျော်ရမည့်ဥယျာဉ်တော်ကြီးများအကြောင်းသတင်းကောင်းကို ဗျာဒိတ်ပေးတော်မူ၏။
Verse 22 — Surah At-Tawbah 9:22
၂၂။ သူတို့သည် ထိုဥယျာဉ်တော်ကြီးများ၌ အစဉ်ထာဝရစံမြန်းရကြလိမ့်မည်။မှတ်သားကြလော့။အလ္လာဟ်အရှင် မြတ်အထံတော်၌ ဆုတော်ကြီးရှိ၏။
Verse 23 — Surah At-Tawbah 9:23
၂၃။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့၏ အဘသော်လည်းကောင်း၊ ညီအစ်ကိုသော်လည်းကောင်း၊ ယုံကြည်မှု ၌ မဟုတ်ပဲ မယုံကြည်မှု၌ မွေ့လျော်ပျော်ပိုက်ကြလျှင် သင်တို့သည် သူတို့အား အဆွေခင်ပွန်းမဖွဲ့ကြလင့်။သင်တို့အနက် အကြင်သူတို့သည် ထိုသူတို့နှင့်အဆွေခင်ပွန်းဖွဲ့ကြ၏။ထိုသူတို့သည် အကုသိုလ်မှုကို ကျူးကျော် သူများဖြစ်ကြ၏။
Verse 24 — Surah At-Tawbah 9:24
၂၄။ အို-တမန်တော်၊ ဟောကြားလော့၊ သင်တို့၏ မိဘများ၊ သားသမီးများ၊ ညီအစ်ကိုများ၊ ဇနီးများ၊ သင်တို့ စုဆောင်းထားသောဥစ္စာပစ္စည်းများ၊ သင်တို့ရောင်းစွံလိမ့်မည်မဟုတ်ဟု စိုးရိမ်ကြောင့်ကြသောကုန်ပစ္စည်းများ၊ သင်တို့တပ်မက်မောသောအိုးအိမ်များ၊ ဤသည်များကို သင်တို့သည် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ တမန်တော်၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်ကြီး၌ ကြိုးစားအားထုတ်မှုတို့ထက် သာလွန်မက်မောမြတ်နိုး ကြလျှင် သင်တို့သည် အလ္လာဟ်အရှင်မြတ်၊ မိမိဗျာဒိတ်တော်ကို ယူလာသည့်တိုင်အောင် စောင့်ဆိုင်းကြလော့။အလ္လာဟ်အရှင်မြတ်သည် မတရားမှုကို ကျူးလွန်သူတို့အား လမ်းပြတော်မမူပေ။
Verse 25 — Surah At-Tawbah 9:25
၂၅။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား စစ်မြေပြင်အများအပြားတွင် အောင်ပန်းကို ပေးသနားတော်မူ၏။ဟူနိန်စစ်ပွဲနေ့၌ သင်တို့အား မိမိတို့၏ စစ်သားဦးရေများပြားမှု၌ ကျေနပ်ဝမ်းမြောက်ကြသည်၊ သို့သော်သင်တို့၏ ကြီးမားသောအင်အားသည် သင်တို့အား အကျိုးမပေးပေ။ကမ္ဘာမြေကြီးသည် အပြောကျယ်သော်လည်း သင်တို့အတွက် ကျဉ်းမြောင်းပေ၏။ထိုအခါသင်တို့သည် ပြန်ပြေးကြ၏။
Verse 26 — Surah At-Tawbah 9:26
၂၆။ ထိုအခါအလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်နှင့် ယုံကြည်သူတို့ထံ စိတ်အေးချမ်းသာယာမှုကို ချပေး တော်မူ၏။ထို့အပြင်သင်တို့မမြင်ရသောစစ်သည်တော်များကိုလည်း ချပေးတော်မူ၏။မိစ္ဆာဒိဋ္ဌိတို့ကို အပြစ် ပေးတော်မူ၏။၎င်းမှာ မိစ္ဆာဒိဋ္ဌိတို့၏ ဆုလာဘ်ဖြစ်၏။
Verse 27 — Surah At-Tawbah 9:27
၂၇။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်လိုတော်မူသောသူအပေါ်၌ အပြစ်လွှတ်တော်မူ၏။အရှင်မြတ် သည် အပြစ်လွှတ်တော်မူ၏။ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 28 — Surah At-Tawbah 9:28
၂၈။ အို-ယုံကြည်သူအပေါင်းတို့၊ ဆင်းတုရုပ်ပွားကိုးကွယ်သူများသာ မသန့်ရှင်းကြပေ။ထို့ကြောင့်ယခုနှစ်နောက်မှာ သူတို့ကို ဘေးမဲ့ဗလီကျောင်းတော်အနီးသို့ မချဉ်းကပ်စေကြလင့်။အကယ်၍သူတို့နှင့်ရောင်းဝယ်ဖောက်ကားမှု မရှိသဖြင့် သင်တို့သည် ဆင်းရဲမည်ကို စိုးရိမ်ကြောင့်ကြလျှင်၊ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါလျှင်၊ သင်တို့အား မိမိ၏ ကောင်းကြီးမင်္ဂလာရိက္ခာတော်မှ ကျွေးမွေးထားတော်မူလိမ့်မည်။မှတ်သားကြလော့၊ အလ္လာဟ် အရှင်မြတ်သည် သိတော်မူသောအရှင်၊ ဉာာဏ်ပညာရှိတော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 29 — Surah At-Tawbah 9:29
၂၉။ ရှေးကျမ်းတော်များကို ရရှိသူတို့အနက် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီး ကို မယုံကြည်၊ အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်အားဖြင့် တရားမဝင်ဟု ပြဋ္ဌာန်းထားတော်မူသော အရာဝထ္ထုများကိုလည်း မတားမြစ်၊ သစ္စာတရားတော်ကိုလည်း မဆည်းကပ်မလိုက်နာကြ။ထိုသူတို့ကို ၎င်းတို့ အရေးနိမ့်၍ ရှိခိုးလက်ဆောင်လွယ်လင့်တကူပေးသည့်လက်အောက်ငယ်သားဘဝသို့ ရောက်သည့်တိုင်အောင် တိုက်ခိုက်ကြလော့။
Verse 30 — Surah At-Tawbah 9:30
၃ဝ။ ရဟူဒီအမျိုးသားတို့က တမန်တော်အိုဇိုင်(မ်)သည် အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟု ဆိုကြ၏။ခရစ်ယာန်ဘာသာဝင်တို့သည် မေရှိယသည် အလ္လာဟ့်သားတော်ဟု ပြောကြ၏။ထိုအရာသည် သူတို့ပြောသော စကားသာဖြစ်၏။သူတို့သည် ရှေးမိစ္ဆာဒိဋ္ဌိဟောင်းတို့အပြောအဆိုကို အတုခိုးကြ၏။အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင် သူတို့ကို တိုက်ခိုက်တော်မူ၏။သူတို့သည် မည်မျှလမ်းလွဲကြသနည်း။
Verse 31 — Surah At-Tawbah 9:31
၃၁။ သူတို့အား တစ်ဆူတည်းသောအလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ရန် ပညတ်ထားတော်မူ၏။သို့ပါလျက်သူတို့သည် အလ္လာဟ်အရှင်မြတ်အပြင် သူတို့၏ ဘုန်းတော်ကြီးများ၊ ဘုန်းကြီးနှင့် မရယမ်၏ သား မေရှိယတို့ကိုလည်း အရှင်သခင်အဖြစ်ဖြင့် ကိုးကွယ်ကြ၏။အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင် သခင်မရှိပေ။အလ္လာဟ်အရှင်မြတ်သည် သူတို့ပေးသောဖက်စပ်ဘုရားများမှ သန့်ရှင်းမြင့်မြတ်တော်မူပါ၏။
Verse 32 — Surah At-Tawbah 9:32
၃၂။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားအလင်းရောင်တော်ကို မိမိတို့ပါးစပ်ဖြင့် မှုတ်ပစ်ရန် လိုလားကြ၏။သို့သော်အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာမိုက်တို့မည်မျှပင် မနှစ်သက်သော်လည်း မိမိတရားတော်ကို စုံလင်စေ တော်မူမည်၊ တရားတော်မှတပါး အခြားအယူဝါဒများကို စက်ဆုတ်ရွံရှာတော်မူ၏။
Verse 33 — Surah At-Tawbah 9:33
၃၃။ အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်ကို လမ်းပြကျမ်းတော်၊ သစ္စာဘာသာအယူဝါဒနှင့်တကွ စေလွှတ်တော် မူ၏။အကြောင်းရင်းကား ဆင်းတုရုပ်ပွားကိုးကွယ်သောသူတို့သည် မည်မျှပင်မနှစ်သက်သော်လည်း မိမိ၏ ဘာသာအယူဝါဒသည် အခြားအယူဝါဒအားလုံးကို လွှမ်းမိုးအောင်နိုင်ဖို့ရာဖြစ်၏။
Verse 34 — Surah At-Tawbah 9:34
၃၄။ အို-ယုံကြည်သူအပေါင်းတို့၊ မှတ်သားကြလော့၊ များလှစွာသောရဟူဒီဓမ္မဆရာများ၊ ခရစ်ယာန်ဘုန်းကြီးများသည် လူသားတို့၏ ဥစ္စာပစ္စည်းကို မတရားဖြုန်းတီးကြ၏။လူသားတို့ကို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ဟန့်တားကြ၏။အကြင်သူတို့သည် ရွှေငွေရတနာများကို ရှားမှီးသိုလှောင်ထားပြီးလျှင် အလ္လာဟ်အရှင်မြတ် ၏ လမ်းတော်၌ မသုံးစွဲကြ၊ ထိုသူတို့အား သင်မိုဟမ္မဒ်သည် အလွန်ပြင်းပြနာကျယ်ဖွယ်သောအပြစ်ဒဏ်တော် အကြောင်းကို သတင်းပေးလော့။
Verse 35 — Surah At-Tawbah 9:35
၃၅။ သူတို့အားလုံးကို ငရဲမီး၌ မြိုက်တော်မူမည့်နေ့၊ သူတို့၏ နဖူး၊ ဘေးနှင့်ကျောများကို မီးသံပူကပ်တော်မူမည့်နေ့၊ ထိုနေ့၌ သူတို့အား ဤအရာသည် သင်တို့အတွက် စုဆောင်းထားသောရွှေငွေရတနာတည်း။ယခုသင်တို့ စုဆောင်းသိမ်းဆည်းထားလေ့ရှိသောအရာမှ မြည်းကြလော့ဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 36 — Surah At-Tawbah 9:36
၃၆။ မှတ်သားကြလော့။အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသောနေ့၌ တစ်နှစ်လျှင် ဆယ့်နှစ်လရှိသည်ဟု ပြဋ္ဌာန်းတော်မူ၏။ထိုလများအနက် လေးလသည် ထူးမြတ်လှ၏။ထိုအရာ သည် မှန်ကန်သောဘာသာအယူဝါဒဖြစ်၏။ထို့ကြောင့်ထိုလထူးလမြတ်တို့၌ သင်တို့သည် မိမိကိုယ်ကို မပြစ်မှား ကြလင့်၊ သင်တို့ကို မိစ္ဆာဒိဋ္ဌိတို့က စစ်တိုက်လျှင် သင်တို့လည်း သူတို့အားလုံးကို တုံ့ပြန်တိုက်ခိုက်ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အမှုတော်ကို ကျေပွန်သူတို့နှင့်အတူတကွရှိတော်မူသည်ကို မှတ်သားကြလော့။
Verse 37 — Surah At-Tawbah 9:37
၃၇။ လထူးလမြတ်ကို ရွှေ့ဆိုင်းမှုသည် အယူမှားသူတို့အား လှည့်ဖြားသည့်ကြီးမားလှသောမိစ္ဆာမှုဖြစ်၏။သူတို့သည် တစ်နှစ်တွင် ထိုလကို အသိအမှတ်ပြုကြ၏။နောက်တစ်နှစ်တွင် တားမြစ်ကြ၏။သို့မှသာ အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းသောလထူးလမြတ်များ၏ အရေအတွက်သည် ပြည့်စုံကြရမည်။အလ္လာဟ်အရှင်မြတ်က တရားမဝင် အမင်္ဂလာဟု ပညတ်တော်မူသည်တို့ကို တရားဝင်သုမင်္ဂလာဖြစ်အောင် သူတို့သည် ဤကဲ့သို့ရွှေ့ဆိုင်းပြောင်းလဲ ကြ၏။သူတို့ပြုကျင့်မှု၏ မကောင်းကျိုးကို သူတို့သည် သုမင်္ဂလာဟု ထင်မှတ်ကြ၏။အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့ကို လမ်းပြတော်မမူပေ။
Verse 38 — Surah At-Tawbah 9:38
၃၈။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်ကြီးအတွက် စစ်ချီထွက်သွားရန် ဗျာဒိတ်တော်ကျလာသောအခါ သင်တို့သည် တွန့်ဆုန်လေးလံနေကြ၏။သင်တို့သည် ဘာဖြစ်နေကြသနည်း။သင်တို့သည် လောကီစည်းစိမ်ကို နောင်တမလွန်ဘဝ၏ သာယာမှုထက် သာလွန်နှစ်သက်မြတ်နိုးကြသလော။ဤလောက၏ သာယာမှုသည် နောင်တမလွန်ဘဝ၏ သာယာမှုထက် အတိုင်းထက်အလွန်သေးသိမ်ည့ံဖျင်းလှ၏။
Verse 39 — Surah At-Tawbah 9:39
၃၉။ သင်တို့သည် စစ်ချီထွက်သွားခြင်းမပြုလုပ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ကြီးလေးသောအပြစ် ဒဏ်ပေးတော်မူ၍၊ သင်တို့အစား အခြားအမျိုးသားတို့ကို ရွေးကောက်တော်မူလိမ့်မည်။သင်တို့သည် အရှင် မြတ်ကို နစ်နာအောင် လုံးဝမပြုစွမ်းနိုင်ပေ။အလ္လာဟ်အရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။
Verse 40 — Surah At-Tawbah 9:40
၄ဝ။ သင်တို့သည် တမန်တော်ကို မကူညီသော်လည်း သူ့အား မိစ္ဆာဒိဋ္ဌိတို့နှင်ထုတ်သောအခါ အလ္လာဟ်အရှင်မြတ်သည် သူ့ကို ကူညီစောင့်ရှောက်တော်မူ၏။ထိုအခါသူ့၌ အဖော်တစ်ယောက်သာရှိ၏။သူတို့သည် တောင်ခေါင်းလှိုဏ်ဂူ အတွင်းတွင် ခိုအောင်းနေသောအခါ သူသည် မိမိအဖော်အား မပူဆွေးလင့်၊ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ် တို့နှင့်အတူတကွ အမှန်ပင်ရှိတော်မူ၏ဟု ပြော၏။ထိုအခါအလ္လာဟ်အရှင်မြတ်သည် သူ့အား စိတ်ချမ်းမြေ့ အားတက်ခြင်းကို ချပေးသာနးတော်မူ၏။အရှင်မြတ်သည် သူ့အား သင်တို့မမြင်စွမ်းနိုင်သောစစ်တပ်ကြီးများ အားဖြင့် ကူညီထောက်မတော်မူ၏။အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့စကားကို အောက်ဆုံးစွန်သို့ ကျဆင်းစေတော်မူ၍ မိမိ၏ ဗျာဒိတ်စကားတော်ကိုမူကား အပေါ်ဆုံးသို့ တက်စေ၏။အလ္လာဟ်အရှင်မြတ်သည် အနန္တဘုန်းတန်ခိုး တော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။
Verse 41 — Surah At-Tawbah 9:41
၄၁။ သင်တို့၌ လက်နက်ကိရိယာပေါ့ပါးသည်သော်လည်းကောင်း၊ လေးလံသည်သော်လည်းကောင်း၊ သင်တို့သည် ထွက်သွား၍ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ မိမိတို့အသက်စည်းစိမ်ဥစ္စာအားဖြင့် စွန့်စားတိုက်ခိုက်ကြလော့။ထို့ပြုကျင့်မှုသည် သင်တို့အတွက် အကောင်းဆုံးဖြစ်၏။သင်တို့သိကြလျှင် ကောင်းလေစွ။
Verse 42 — Surah At-Tawbah 9:42
၄၂။ စစ်မြေပြင်သည် ခရီးမဝေးလွယ်ကူခဲ့လျှင်၊ သူတို့သည် သင့်နောက်သို့ လိုက်ကြလတ္တံ့။သို့သော်ခရီးသည် သူတို့အတွက် လွန်စွာဝေးပုံရ၏။သို့ငြားသော်လည်းသူတို့က အကြောင်းညီညွတ်ခဲ့ပါလျှင် အကျွနု်ပ်တို့သည် သင်တို့နှင့်အတူတကွ စစ်ချီသွားကြလတ္တံ့ဟု အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ကျိန်ဆိုပြောကြ၏။သူတို့ သည် မိမိတို့၏ ဝိညာဉ်များကို ဖျက်ဆီးကြ၏။သူတို့သည် မုသားကောင်များအမှန်ဖြစ်ကြောင်းကို အလ္လာဟ် အရှင်မြတ်သိတော်မူ၏။
Verse 43 — Surah At-Tawbah 9:43
၄၃။ အို-မိုဟမ္မဒ်၊ အလ္လာဟ်အရှင်မြတ်သည် သင့်ကို အပြစ်လွှတ်တော်မူ၏။မှန်ကန်သောစကားကို ဆိုသူများအား သေချာစွာမသိရမီ၊ သင်သည် သူတို့အား စစ်မချီခွင့်အဘယ်ကြောင့်ပေးသနည်း။သင်သည် မုသားကောင်များ ကို မသိပေ။
Verse 44 — Surah At-Tawbah 9:44
၄၄။ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်သူတို့သည် မိမိတို့အသက်စည်းစိမ်တို့အားဖြင့် အလ္လာဟ်အရှင်မြတ်လမ်းတော်ဝယ် ကြိုးစားအားထုတ်ခွင့်ကို လက်မလွှတ်လိုကြပေ။သင့်ထံ၌ ကျန်ရစ်ခွင့်ကို မတောင်းကြပေ။အလ္လာဟ်အရှင်မြတ်သည် မိမိအမှုတော်ကို ကျေကုန်သူတို့ကို ကောင်းစွာသိတော်မူ၏။
Verse 45 — Surah At-Tawbah 9:45
၄၅။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို မယုံကြည်ကြ၊ သူတို့၏ စိတ်နှလုံးများ ယုံမှားသံသယဖြစ်ကြ၏။ထိုသူတို့သာ ကျန်ရစ်ခွင့်တောင်းကြ၏။ထို့ကြောင့်သူတို့သည် သူတို့၏ သံသယ၌ယိမ်းယိုင်လွင့်ပါးနေကြ၏။
Verse 46 — Surah At-Tawbah 9:46
၄၆။ အကယ်၍ သူတို့သည် စစ်တိုက်သွားကြလျှင် သူတို့သည် မိမိတို့လက်နက်ကိရိယာများကို မုချဧကန်အသင့် ပြင်ဆင်ထားလေလတ္တံ့။သို့သော်အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စစ်ချီသွားခြင်းကို နှစ်ခြိုက်တော်မမူပေ။သူတို့ကို ဆွဲထားတော်မူ၏။သူတို့အား သင်တို့သည် ထိုင်လုပ်ငန်းသမားတို့နှင့် ထိုင်နေရစ်ကြလော့ဟု မိန့်တော် မူ၏။
Verse 47 — Surah At-Tawbah 9:47
၄၇။ သူတို့သည် သင်တို့နှင့်လိုက်လာခဲ့ကြလျှင် အကျိုးမပေးပဲ ဒုက္ခသာပေးကြမည်။သူတို့သည် သင်တို့အလယ်တွင် ဟိုဟိုဒီဒီသွားလာ၍ သစ္စာဖောက်မှုကို လုံးပန်းကြမည်။သင်တို့အနက်အချို့သောသူတို့သည် သူတို့ကို နားထောင် ကြမည်။အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်မှုကျူးလွန်သောသူတို့ကို သိတော်မူ၏။
Verse 48 — Surah At-Tawbah 9:48
၄၈။ သူတို့မနှစ်မြို့သော်လည်း အလ္လာဟ်အရှင်မြတ်ထံမှ တရားတော်ကျလာ၍ ဗျာဒိတ်အမိန့်တော်ထင်ရှားလာသည့် တိုင်အောင် သူတို့သည် လွန်လေပြီးသောအခါဝယ်၊ သစ္စာဖောက်မှုဖြစ်ပေါ်လာအောင် ကြိုးစားကြ၏။သင့်ကို ဒုက္ခအမျိုးမျိုးပေးကြ၏။
Verse 49 — Surah At-Tawbah 9:49
၄၉။ သူတို့အနက် အို-တမန်တော်၊ အကျွနု်ပ်တို့အား အိမ်တွင် နေရစ်ခွင့်ပေးပါ။အကျွနု်ပ်တို့ကို မက်လုံးနှင့် မ ဖြားယောင်းပါနှင့်ဟု ဆိုသူလည်းရှိ၏။အမှန်မှာ သူတို့သည် ဖြားယောင်းလှည့်စားခြင်းအတွင်းသို့ ကျပေးပြီ။မှတ်ထားကြလော့။ငရဲသည် မိစ္ဆာဒိဋ္ဌိတို့၏ ပတ်လည်၌ ရှိ၏။
Verse 50 — Surah At-Tawbah 9:50
၅ဝ။ အို-မိုဟမ္မဒ်၊ သင့်အပေါ်၌ ကောင်းကြီးမင်္ဂလာတော်သက်ရောက်လာလျှင်၊ သူတို့သည် ဝမ်းနည်းပက်လက်ဖြစ် ကြ၏။အမင်္ဂလာဒုက္ခရောက်လာလျှင် သူတို့က အကျွနု်ပ်တို့သည် ဘေးရန်ကို တင်ကြို၍ ကာဆီးထားကြ၏ဟု ဝမ်းမြောက်ဝမ်းသာပြောဆိုကြ၏။သူတို့သည် တရားတော်ကို ဝမ်းမြောက်ဝမ်းသာကျောပေးသွားကြ၏။
Verse 51 — Surah At-Tawbah 9:51
၅၁။ ဟောကြားလော့။အကျွနု်ပ်တို့ထံသို့ အလ္လာဟ်အရှင်မြတ်ပြဋ္ဌာန်းတော်မူသည်မှတပါး အခြားတစ်စုံတစ်ရာမျှ မကျရောက်ပေ။အရှင်မြတ်သည် အကျွနု်ပ်တို့အား ကာကွယ်စောင့်ရှောက်သောအဆွေခင်ပွန်းဖြစ်တော်မူ၏။ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးစားကြစေလော။
Verse 52 — Surah At-Tawbah 9:52
၅၂။ ဟောကြားလော့။ဟယ်-အချင်းတို့၊ အကျွနု်ပ်တို့ထံသို့ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်ကြီး၌ သေဆုံးခြင်းသော် လည်းကောင်း၊ အောင်မြင်ခြင်းသော်လည်းကောင်း၊ ဤမင်္ဂလာနှစ်ပါးမှ တစ်ပါးပါးကျရောက်လာခြင်းမှတပါး အခြားတစ်စုံတစ်ရာကိုမျှ သင်တို့စောင့်နိုင်ကြသလော။အကျွနု်ပ်တို့မူကား သင်တို့အပေါ်သို့ အလ္လာဟ်အရှင်မြတ် ၏ အပြစ်ဒဏ်တော်သော်လည်းကောင်း၊ အကျွနု်ပ်တို့၏ နှိမ်နင်းခြင်းသော်လည်းကောင်း၊ ဆိုက်ရောက်လာမည်ကို စောင့်နေကြ၏။သင်တို့စောင့်နေကြလော့။အကျွနု်ပ်တို့လည်း သင်တို့နှင့်အတူ စောင့်နေကြ၏။
Verse 53 — Surah At-Tawbah 9:53
၅၃။ ဟောကြားလော့။သင်တို့သည် စိတ်ပါ၍သော်လည်းကောင်း၊ စိတ်မပါပဲသော်လည်းကောင်း၊ ပေးကမ်းကြလော့၊ သင်တို့ပေးကမ်းသည်ကို လက်မခံမဟုတ်ပေ။သင်တို့သည် မနာခံကျူးလွန်သူများမုချဖြစ်ကြ၏။
Verse 54 — Surah At-Tawbah 9:54
၅၄။ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို မယုံကြည်ခြင်းမှတပါး အခြားအကြောင်း တစ်စုံတစ်ခုမှ သူတို့၏ အလှုကို လက်မခံစေသည်မဟုတ်ပေ။သူတို့သည် ပျင်းရိသူများကဲ့သို့မှတပါး အခြားသူ များကဲ့သို့ သူတို့ဆွလတ်ဝတ်ပြုရန် မလာကြပေ။သူတို့သည် အလှုကိုလည်း မပေးချင်ပေးချင်၊ ပေးကြ၏။
Verse 55 — Surah At-Tawbah 9:55
<၅၅။ အို-မိုဟမ္မဒ်၊ ထို့ကြောင့် သူတို့၏ ဥစ္စာပစ္စည်းသော်လည်းကောင်း၊ သားသမီးအေြ>ွခအရံသည်သော်လည်းကောင်း၊ သင့်အား မနှစ်သက်စေလင့်၊ အလ္လာဟ်သည် ၎င်းတို့အားဖြင့် သူတို့အား ဤလောက၌ ဒဏ်ပေးတော်မူရန်ကိုသာ ရည်ရွယ်တော်မူ၏။သူတို့အား မိစ္ဆာဒိဋ္ဌိဘဝတွင် ကံကုန်စေတော်မူရန်ကိုလည်း ရည်ရွယ်တော်မူ၏။
Verse 56 — Surah At-Tawbah 9:56
Verse 57 — Surah At-Tawbah 9:57
၅၇။ သူတို့သည် ခိုလှုံရာကိုလည်းကောင်း၊ လိုဏ်ဂူကိုသော်လည်းကောင်း၊ ဝင်သွားစရာကိုသော်လည်းကောင်း၊ တွေ့ရှိကြလျှင် သူတို့သည် သူတို့သည် ထိုနေရာသို့ ထွက်ပြေတိမ်းရှောင်သူများကဲ့သို့ အမှန်ပင်မြန်ဆန်စွာ ပြေးသွားကြလတ္တံ့။
Verse 58 — Surah At-Tawbah 9:58
၅၈။ သူတို့အနက် သင့်အား အလှုပစ္စည်းများနှင့်စပ်လျဉ်း၍ အသရေဖျက်သူလည်းရှိ၏။သူတို့ကို ထိုအလှုပစ္စည်း မှ ပေးလျှင် သူတို့သည် စိတ်ကျေနပ်ကြ၏။သူတို့ကို မပေးလျှင် ကြည့်လော့၊ သူတို့သည် ဒေါသအမျက် ထောင်းထောင်းထွက်ကြ၏။
Verse 59 — Surah At-Tawbah 9:59
၅၉။ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်တို့ပေးသမျှနှင့် တင်းတိမ်ကြပြီးလျှင် အလ္လာဟ် အရှင်မြတ်သည် အကျွနု်ပ်တို့အဖို့ လုံလောက်တော်မူ၏။အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်သည် အကျွနု်ပ် တို့အား အရှင်မြတ်၏ အနန္တကောင်းကြီးမင်္ဂလာမှ ပေးသနားတော်မူကြလိမ့်မည်ဟု ပြောဆိုကြလေလျှင် တော် လေစွ။
Verse 60 — Surah At-Tawbah 9:60
၆၀။ အလှုဒါနများသည် ဆင်းရဲနွမ်းပါးသူများ၊ အလှုကောက်ခံရသူများ၊ အစ္စလာမ်သာသနာတော်အတွင်း ဝင်သူ လူသစ်များ၊ ကျွန်လွှတ်ရန်ကိစ္စ၊ မြီစားများ၊ အလ္လာဟ်အရှင်မြတ်ဘက်တော်၌ သုံးစွဲခြင်း၊ ခရီးသည်အာဂန္တုများ အတွက်ဖြစ်၏။ဤသို့အလ္လာဟ်အရှင်မြတ်ပညတ်တော်မူ၏။အလ္လာဟ်အရှင်မြတ်သည် သိတော်မူသောအရှင်၊ ဉာာဏ်ပညာရှိတော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 61 — Surah At-Tawbah 9:61
၆၁။ သူတို့အနက် တမန်တော်ကို နှောင့်ယှက်၍ သူသည် ကြားသူသာဖြစ်၏။ဆိုကြသူတို့လည်းရှိကြ၏။ဟောကြား လော့၊ တမန်တော်သည် သင်တို့အတွက် မကောင်းခြင်းကို ကြားသူဖြစ်၏။သူသည် အလ္လာဟ်အရှင်အား ယုံကြည်၏။သင်တို့အပေါ်တွင် သစ္စာရှိ၏။သူတို့အနက် ယုံကြည်သူတို့အတွက် ကောင်းကြီးမင်္ဂလာတော်ဖြစ်၏။အကြင်သူတို့သည် တမန်တော်ကို အနှောင့်အယှက်ပေးကြ၏။ထိုသူတို့အတွက် အလွန်ပြင်းပြသောအပြစ်ဒဏ် တော်ရှိ၏။
Verse 62 — Surah At-Tawbah 9:62
၆၂။ သူတို့သည် သင်မွတ်စလင်(မ်)တို့အား နှစ်သိမ့်စေခြင်းငှာ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုကြ၏။သို့သော်သူတို့သည် ယုံကြည်သူမျာဖြစ်ကြလျှင် အရှင်မြတ်နှင့် တမန်တော်အား နှစ်သိမ့်စေခြင်းသည် သူတို့ အတွက် ပိုမိုမှန်ကန်မှုဖြစ်၏။
Verse 63 — Surah At-Tawbah 9:63
၆၃။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို ဆန့်ကျင်လျှင် ထိုသူ၏ ဝေစုမှာ ငရဲ အမှန်ဖြစ်သည်ကို သူတို့မသိကြသလော။ထိုဘဝသည် အယုတ်ည့ံဆုံးအနိမ့်ကျဆုံးဖြစ်သည်။
Verse 64 — Surah At-Tawbah 9:64
၆၄။ ယုံကြည်ဟန်ဆောင်သူတို့လည်း မိမိတို့စိတ်နှလုံးအတွင်း လျှို့ဝှက်ထားသောအရာများကို ဖော်ထုတ်ပြသော သူတို့နှင့်စပ်လျဉ်းသောစူရာဟ်တစ်စောင်ကို ထုတ်ပြန်ပေးသနားတော်မူမည်ကို ကြောက်လန့်ကြ၏။ဟောကြား လော့။သင်တို့သိအောင် ကဲ့ရဲ့ကြလော့၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့မပေါ်စေချင်သော အရာများကို ထုတ်ဖော်ပြသနေတော်မူ၏။
Verse 65 — Surah At-Tawbah 9:65
၆၅။ အကယ်၍ သင်မိုဟမ္မဒ်သည် သူတို့အား မေးမြန်းလျှင် သူတို့က အကျွနု်ပ်တို့သည် ပြောင်လှောင်ပြောဆိုကြ၏ဟု ပြန်ပြောကြမည်။သင်ကြားလော့။သင်တို့သည် အလ္လာဟ်အရှင်မြတ် အရှင်မြတ်၏ နှုတ်ကပတ်တော်များနှင့် အရှင်၏ တမန်တော်ကို ကဲ့ရဲ့ပြောင်လှောင်ကြသလော။
Verse 66 — Surah At-Tawbah 9:66
၆၆။ ဆင်ခြေမပေးကြလင့်၊ သင်တို့သည် ယုံကြည်ပါသည်ဟု ဝန်ခံပြောဆိုပြီးနောက်၊ မယုံကြည်ကြပေ။ငါအရှင်မြတ် သည် သင်တို့အနက် လူတစ်စုကို အပြစ်လွှတ်တော်မူလျှင် အခြားတစ်စုကို ၎င်းတို့၌ အပြစ်ရှိသောကြောင့် အပြစ်ဒဏ်ပေးတော်မူမည်။
Verse 67 — Surah At-Tawbah 9:67
၆၇။ ယုံကြည်ဟန်ဆောင်သူယောက်ျားမိန်းမတို့သည် တစ်ဦးနှင့်တစ်ဦးဆက်စပ်လျက်ရှိကြ၏။သူတို့သည် မကောင်းမှု ကို တိုက်တွန်းကြ၏။ကောင်းမှုကို ပိတ်ပင်တားမြစ်ကြ၏။မလှုပဲ လက်ကို ဆုပ်ထားကြ၏။အလ္လာဟ်အရှင်မြတ် ကို သတိမရ မေ့လျော့ကြ၏။ထို့ကြောင့်အရှင်မြတ်လည်း သူတို့ကို မေ့လျော့တော်မူ၏။မှတ်သားကြလော့၊ ယုံကြည်ဟန်ဆောင်သူတို့သည် တရားတော်ကို ကျူးလွန်သူများဖြစ်ကြ၏။
Verse 68 — Surah At-Tawbah 9:68
၆၈။ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ဟန်ဆောင်သူယောက်ျားမိန်းမများနှင့် မိစ္ဆာဒိဋ္ဌိတို့အား သူတို့နေထိုင်ဖို့ရာ အဝီစိငရဲမီးကို ပေးတော်မူမည်ဟု ကတိထားတော်မူ၏။ငရဲသည် သူတို့အတွက် လုံလောက်၏။အလ္လာဟ်အရှင် မြတ်သည် သူတို့ကို ကျိန်ဆဲတော်မူ၏။သူတို့သည် ငရဲကို အစဉ်မပြတ်ခံစားရကြလိမ့်မည်။
Verse 69 — Surah At-Tawbah 9:69
<၆၉။ သင်တို့အလျင်ဖြစ်ထွန်းခဲ့သောရှေးလူဟောင်းတို့သည် သင်တို့ထက် ခွန်အားဗလကြီးမားထွားကြိုင်းကြ၏။စည်းစိမ်ချမ်းသာ၊ သားသမီးအေြ>ွခအရံပေါများကြွယ်ဝကြ၏။သို့ပါလျက် ထိုသူတို့သည် သူတို့ဝေစုကို ခေတ္တခဏ သာခံစားရကြလေ၏။ထိုနည်းတူသင်တို့သည် မိမိတို့၏ ဝေစုကို ခေတ္တခဏခံစားကြလော့၊ သင်တို့သည် စကားသိမ်စကားဖျင်းများကို ပြောဆိုသကဲ့သို့ သူတို့သည်လည်း အကျိုးမရှိသောစကားများကို ပြောကြလေ၏။ဤလူတို့၏ ကြိုးစားမှုများသည် ဤဘဝနောင်ဘဝနှစ်ဘဝလုံးတွင် ပျက်ပြားကြ၏။ဤလူတို့သည် ပျက်စီး ဆုံးရှုံးရသူများဖြစ်ကြ၏။
Verse 70 — Surah At-Tawbah 9:70
၇၀။ သူတို့ထက်ရှေးကျသောရှေးလူဟောင်းတို့၏ အဖြစ်အပျက်အကြောင်းအရာသည် သူတို့ထံသို့ မရောက်သလော၊ တမန်တော်နူဟို၏ အမျိုးသားများ၊ အားဒ်လူမျိုးများ၊ စမုဒ်အမျိုးသားများ၊ တမန်တော်အေဗရာဟမ်၏ အသင်း သားများ၊ မီဒီယမ်တွင် နေထိုင်သူများ၊ ဤလူများနှင့် ၎င်းတို့ထံကျရောက်သောအတိဒုက္ခများအကြောင်းကို မသိကြသလော၊ သူတို့၏ တမန်တော်များသည် သူတို့ထံသို့ အလ္လာဟ်အရှင်မြတ်သည် အချုပ်အခြာအာဏာပိုင် သတော်မူကြောင်း သက်သေသာဓကကြီးများကို ယူဆောင်လာကြ၏။ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် သူတို့ကို ပြစ်မှားတော်မမူပေ။သို့သော်သူတို့သည် မိမိကိုယ်ကို မိမိတို့ပြစ်မှားကြ၏။
Verse 71 — Surah At-Tawbah 9:71
၇၁။ ယုံကြည်သူယောက်ျားမိန်းမတို့သည် အချင်းချင်းတစ်ယောက်ယောက်က စောင့်ရှောက်သောအဆွေခင်ပွန်းများ ဖြစ်ကြ၏။သူတို့သည် တရားမှန်ကန်မှုကို ဆင့်ဆိုကြ၏။မတရားမှုကို တားမြစ်ကြ၏။ဆွလဝတ်၌ တည်မြဲကြ၏။ဇကတ်အလှုကို ပေးကြ၏။အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်အား ရိုသေနာခံကြ၏။ဤလူများ မှာမူကား အလ္လာဟ်အရှင်မြတ်သည် သူတို့အား ကောင်းကြီးမင်္ဂလာပေးသနားတော်မူလိမ့်မည်၊ မှတ်သားကြ လော့၊ အလ္လာဟ်အရှင်မြတ်သည် အနန္တဘုန်းတန်ခိုးတော်သခင်၊ သဗ္ဗညုဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။
Verse 72 — Surah At-Tawbah 9:72
၇၂။ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူယောက်ျားမိန်းမတို့အား နိဗ္ဗာန်ဥယျာဉ်တော်များကို ပေးသနားတော်မူမည် ဟု ကတိထားတော်မူ၏။ထိုဥယျာဉ်တော်များအောက်တွင် မြစ်ချောင်းထွေထွေစီးဆင်းလျက်ရှိကြ၏။သူတို့သည် ဥယျာဉ်တော်အတွင်း၌ နေထိုင်ရကြမည်။ဥယျာဉ်တော်များ၌ ကောင်းကြီးမင်္ဂလာအဖြာဖြာပြည့်နှက်လျက်ရှိသော နန်းဘုံဗိမာန်များရှိကြ၏။ယင်းမင်္ဂလာတော်များထက် သာလွန်မွန်မြတ်ခြင်းကား သူတို့ကို အလ္လာဟ်အရှင်မြတ် ၏ အားရနှစ်သက်တော်မူခြင်းဖြစ်၏။ဤအောင်မြင်ခြင်းအပေါင်းတို့၏ အထွဋ်အခေါင်ဖြစ်သည်။
Verse 73 — Surah At-Tawbah 9:73
၇၃။ အို-တမန်တော်၊ မိစ္ဆာဒိဋ္ဌိတို့နှင့် ယုံကြည်ဟန်ဆောင်သူတို့ကို တိုက်ခိုက်လော့၊ သူတို့အပေါ် ခက်ထန်ကြမ်းကြုတ် လော့။သူတို့၏ နောက်ဆုံးဗိမာန်သည် ငရဲဖြစ်၏။အလွန်ဆိုးဝါးယုတ်ည့ံလှသောခရီးဆုံးတည်း။
Verse 74 — Surah At-Tawbah 9:74
၇၄။ သူတို့သည် မုသားစကားကို မဆိုရပါဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်ရ ကျိန်ဆိုကြ၏။သို့ငြားသော်လည်း သူတို့သည် မိစ္ဆာဒိဋ္ဌိစကားကို ပြောဆိုကြ၏။သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကျိုးနွံပြီးမှ မယုံကြည် ဖောက်ပြန်ကြ၏။သူတို့သည် မိမိတို့မပြုစွမ်းနိုင်သည်ကိုသာ ကြံစည်ကြ၏။အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ် ၏ တမန်တော်သည် သူတို့အား ကျေးဇူးတာ်များမှ ကျေးဇူးပြုတော်မူသောကြောင့်သာ လက်စားချေကြ၏။သူတို့သည် တရားသံဝေဂရကြလျှင် သူတို့အဖို့သာလွန်ကောင်းမြတ်၏။သူတို့သည် လှည့်သွားကြလျှင် အလ္လာဟ် အရှင်မြတ်သည် သူတို့အား ဤဘဝ၊ နောင်ဘဝ၊ ဘဝနှစ်ပါး၌ ပြင်းပြသောအပြစ်ဒဏ်ကို ပေးတော်မူလိမ့်မည်။သူတို့၌ ကမ္ဘာမြေပေါ်ဝယ်ကာကွယ်သူအဆွေခင်ပွန်းသော်လည်းကောင်း၊ ကူညီသူသော်လည်းကောင်း၊ တစ်စုံ တစ်ယောက်မျှမရှိပေ။
Verse 75 — Surah At-Tawbah 9:75
၇၅။ သူတို့အနက် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကောင်းကြီးမင်္ဂလာတော်မှ အကျွနု်ပ်တို့ကို ပေးသနားတော်မူ ပါလျှင် အကျွနု်ပ်တို့သည် အလှုဒါနပြု၍ သူတော်ကောင်းများဘောင်တွင် အပါအဝင်များဖြစ်ကြပါမည်ဟု ဆို၍ အရှင်မြတ်နှင့် ပဋိညာဉ်ဖွဲ့သူလည်းရှိ၏။
Verse 76 — Surah At-Tawbah 9:76
၇၆။ သို့သော်အရှင်မြတ်သည် မိမိ၏ ကောင်းကြီးမင်္ဂလာတော်မှ သူတို့အား ပေးသနာတော်မူသောအခါ သူတို့သည် မသုံးစွဲပဲ သိမ်းဆည်းသိုလှောင်ထား၍ တရားတော်ကို မနှစ်သက်ကျောပေးကြ၏။
Verse 77 — Surah At-Tawbah 9:77
၇၇။ သူတို့သည် အလ္လာဟ်ပေးသောကတိစကားကို ဖျက်ကြ၏။မုသားစကားဆိုကြ၏။ထို့ကြောင့်အရှင်မြတ်သည် သူတို့အား သူတို့သည် အရှင်မြတ်အား မျက်ဝါးထင်ထင်ဖူးမြင်ရသောနေ့တိုင်အောင် သူတို့၏ အကျိုးဆက် ကို သူတို့၏ စိတ်အတွင်းရှိ ဟန်ဆောင်ခြင်းဖြစ်စေတော်မူ၏။
Verse 78 — Surah At-Tawbah 9:78
၇၈။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ နက်နဲလျှို့ဝှက်ခြင်း၊ တိတ်တဆိတ်တိုင်ပင်ခြင်း၊ နှစ်ခုလုံးကိုသော်လည်း ကောင်း၊ မျက်စိမမြင်ရသောအရာများကိုသော်လည်းကောင်း၊ အကြွင်းမဲ့သိမြင်တော်မူသည်ကို သူတို့မသိကြ သလော။
Verse 79 — Surah At-Tawbah 9:79
၇၉။ အကြင်သူတို့သည် ယုံကြည်သူများ၏ စိတ်ထက်သန်စွာအလှုဒါနပေးသူတို့ကိုသော်လည်းကောင်း၊ ဥစ္စာပစ္စည်း မရှိ၍ မိမိတို့အင်အားကို လှုသောသူတို့ကိုသော်လည်းကောင်း၊ လက်ညှိုးထိုး၍ ကဲ့ရဲ့လှောင်ပြောင်ကြ၏။ထိုသူတို့ကို အလ္လာဟ်အရှင်မြတ်သည် ပျက်ရယ်ပြောင်လှောင်ကြ၏။သူတို့အပြစ်ဒဏ်သည် အလွန်ပြင်းပြနာကျင် ဖွယ်ကောင်းသောအပြစ်ဒဏ်တည်း။
Verse 80 — Surah At-Tawbah 9:80
၈၀။ အို-မိုဟမ္မဒ်၊ သင်သည် ထိုသူများကို အပြစ်လွှတ်တော်မူရန်ဆုတောင်းသော်လည်းကောင်း၊ မတောင်းသော် လည်းကောင်း၊ မထူးပေ။သင်သည် သူတို့ကို အပြစ်လွှတ်တော်မူရန် အကြိမ်ပေါင်းခုနစ်ဆယ်တောင်းပန်သော် လည်း အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အပြစ်လွှတ်တော်မူမည်မဟုတ်ပေ။အကြောင်းမူကား သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်အား မယုံကြည်သောကြောင့်ဖြစ်၏။အရှင်မြတ်သည် မတရား ပြုကျင့်သူတို့ကို လမ်းပြတော်မမူချေ။
Verse 81 — Surah At-Tawbah 9:81
၈၁။ ကျန်ရစ်ခဲ့သောသူများသည် အလ္လာဟ်၏ တမန်တော်၏ နောက်ကွယ်၌ အေးအေးဆေးဆေးထိုင်နေရခြင်း၌ ဝမ်းမြောက်ကြ၏။သူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်ဝယ် မိမိတို့အသက်စည်းစိမ်ဥစ္စာပစ္စည်းများနှင့် ကြိုးစားခြင်းကို မနှစ်သက်ကြပေ။ထို့အပြင်သူတို့က နေပူထဲတွင် ထွက်မသွားကြလင့်ဟု ဆိုကြ၏။သင်ဟော ကြားလော့။ငရဲ၏ အပူရှိန်သည် သာ၍ ပြင်းထန်၏။သူတို့သိလျှင် ကောင်းလေစွ။
Verse 82 — Surah At-Tawbah 9:82
၈၂။ ထို့ကြောင့်သူတို့အား အနည်းငယ်ရယ်ကြစေကုန်။သူတို့သည် မိမိတို့ပြုကျင့်လေ့ရှိသောအမှုများ၏ အကျိုးဆက် ကြောင့် များစွာငိုကြွေးခြင်းဆုလာဘ်ကို ရကြလိမ့်မည်။
Verse 83 — Surah At-Tawbah 9:83
၈၃။ အလ္လာဟ်အရှင်မြတ်သည် သင့်အား စစ်မြေပြင်မှ သူတို့ထံသို့ ပြန်ယူတော်မူခဲ့၍ သူတို့က စစ်ချီသွားခွင့်တောင်း လျှင်၊ သင်သည် သူတို့အား သင်တို့သည် မည်သည့်အခါမျှ အကျွနု်ပ်တို့နှင့်အတူစစ်မချီရပေ။အကျွနု်ပ်နှင့်အတူ ရန်သူကိုလည်း မတိုက်ခိုက်ရပေ။ပထမအကြိမ်၌ သင်တို့သည် အေးအေးထိုင်နေခြင်းနှင့်တင်းတိမ်ကြ၏။ထို့ကြောင့်သင်တို့သည် အသုံးမဝင်သူများနှင့် ငြိမ်ငြိမ်ထိုင်နေကြလော့။
Verse 84 — Surah At-Tawbah 9:84
၈၄။ အို-တမန်တော်မိုဟမ္မဒ်၊ သင်သည် သူတို့အနက် သေသူအတွက် ဆုမတောင်းလင့်။ထိုသူ၏ သချုႋင်း၌လည်း ဆွလတ်ဝတ်မပြုလင့်။မှတ်သားလော့။သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို မယုံကြည်ကြပေ။သူတို့သည် မကောင်းမှုကို ပြုနေစဉ် ကံကုန်ကြ၏။
Verse 85 — Surah At-Tawbah 9:85
၈၅။ သူတို့၏ ဥစ္စာပစ္စည်းသည်သော်လည်းကောင်း၊ သားသမီးအချွေအရံသည်သော်လည်းကောင်း၊ သင့်အား မနှစ် သက်စေလင့်။အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဤလောကဓာတ်၌ ထိုရတနာများအားဖြင့် အပြစ်ပေးရန်သာ ရည်ရွယ်တော်မူ၏။သူတို့အား မိစ္ဆာဒိဋ္ဌိဘဝ၌ အသက်ကုန်ဆုံးတော်မူရန်လည်း ကြံရွယ်တော်မူ၏။
Verse 86 — Surah At-Tawbah 9:86
၈၆။ အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ အရှင်မြတ်၏ တမန်တော်နှင့်အတူတကွကြိုးစားအားထုတ်ကြလော့ဟု စူရာဟ်တစ်စောင်ကို ချပေးတော်မူသောအခါ သူတို့အနက် ဥစ္စာပစ္စည်းပေါများသူတို့သည် အို-တမန်တော်သခင်၊ အကျွန်ုပ်တို့အား အိမ်တွင် ထိုင်ကျန်ရစ်သူများနှင့်တကွ နေခွင့်ပေးပါဟုဆို၍ သင့်ထံ အခွင့်တောင်းကြသေး၏။
Verse 87 — Surah At-Tawbah 9:87
၈၇။ သူတို့သည် အသုံးမကျသူတို့နှင့် အတူတကွနေထိုင်ခြင်းဖြင့် တင်းတိမ်ရောင့်ရဲကြ၏။သူတို့၏ စိတ်နှလုံးကို တံဆိပ်ခတ်နှိပ်ထားတော်မူ၏။ထို့ကြောင့်သူတို့သည် မသိနားမလည်ကြပေ။
Verse 88 — Surah At-Tawbah 9:88
၈၈။ သို့သော်တမန်တော်နှင့် တမန်တော်အား ယုံကြည်သူတို့သည် မိမိတို့အသက်စည်းစိမ်ဥစ္စာများအားဖြင့် ကြိုးစား ကြ၏။ဤလူများသည် သူတို့အတွက် ကောင်းကြီးမင်္ဂလာတော်များရှိသောလူများဖြစ်ကြ၏။ဤလူများသည် အောင်မြင်သူများဖြစ်ကြ၏။
Verse 89 — Surah At-Tawbah 9:89
၈၉။ အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် သူတို့ထာဝရခံစားရမည့်၊ အောက်တွင် မြစ်ချောင်းအသွယ်သွယ်စီးဆင်း လျက်ရှိသောသုခဥယျာဉ်တော်များကို အသင့်စီစဉ်ထားတော်မူ၏။ဤအောင်မြင်ခြင်းသည် အမြင့်မြတ်ဆုံးသော အောင်ဆုကြီးဖြစ်၏။
Verse 90 — Surah At-Tawbah 9:90
၉၀။ အာရဗ်လူမျိုးတောသားများအနက် အကြောင်းပြစရာရှိသောသူများသည် ချမ်းသာခွင့်တောင်းရန် လာကြ၏။အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို လိမ်သောသူတို့သည် အိမ်တွင် ထိုင်နေကြ၏။သူတို့အနက် မယုံကြည်သူတို့အပေါ်သို့ အလွန်ကြီးလေးသောအပြစ်ဒဏ်တော်ဆိုက်ရောက်လာလိမ့်မည်။
Verse 91 — Surah At-Tawbah 9:91
၉၁။ အားနည်းချိနဲ့သူများ၊ မကျန်းမမာသူများ၊ ဆင်းရဲနွမ်းပါးသူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်အပေါ်၌ သစ္စာရှိကြလျှင် သူတို့သည် စစ်တိုက်မလိုက်ကြသောကြောင့် အပြစ်မသင့်ကြပေ။သူတော် ကောင်းတို့အား အပြစ်တင်လမ်းမရှိပေ။အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ကောင်းကြီးမင်္ဂလာ ပေးသနားတော်မူ၏။
Verse 92 — Surah At-Tawbah 9:92
၉၂။ အကြင်သူတို့သည် စစ်တိုက်လိုက်ချင်၍ သင့်ထံ စီးစရာလာတောင်းသောအခါ သင်သည် သူတို့အား အကျွနု်ပ် သည် သင်တို့အတွက် စီးစရာမရနိုင်ဟု ပြန်ပြော၏။ထိုအခါသူတို့သည် မျက်ရည်ယိုစီးကျလျက် ပြန်သွားကြ၏။သူတို့သည် စစ်အတွက် သုံးစရာပစ္စည်းမရှိ၍ ဝမ်းနည်းကြ၏။ထိုသူတို့အတွက် စစ်တိုက်မလိုက်သောကြောင့် အပြစ်သင့်ကြပေ။
Verse 93 — Surah At-Tawbah 9:93
၉၃။ ဥစ္စာပစ္စည်းရှိလျက် အိမ်တွင်ကျန်ရစ်ခွင့်တောင်းသူများကိုသာ အပြစ်တင်စရာရှိ၏။သူတို့သည် အသုံးမဝင်သော သူတို့နှင့်အတူကျန်ရစ်ရခြင်းနှင့် တင်းတိမ်ရောင့်ရဲကြ၏။အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးကို တံဆိပ်ခတ်နှိပ်ထားတော်မူသည်။ထို့ကြောင့်သူတို့သည် အသိပညာကင်းမဲ့ကြ၏။
Verse 94 — Surah At-Tawbah 9:94
၉၄။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ထိုသူတို့ထံ ပြန်ရောက်သောအခါ သူတို့သည် မိမိတို့၌ အပြစ်တင်စရာ မရှိကြောင်းကို ပြောပြကြလိမ့်မည်။သင်တို့ပြောကြလော့၊ အချင်းတို့ဆင်ခြေမပေးကြလင့်၊ အကျွနု်ပ်သည် သင်တို့ကို ယုံကြည်ကြမည်မဟုတ်ပေ။အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်တို့အား သင်တို့အကြောင်းကို ထုတ်ဖော်၍ ဗျာဒိတ်ပေးတော်မူပြီး၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်သည် သင်တို့အပြုအမူကို မြင်တော်မူလိမ့်မည်။ထို့နောက်သင်တို့ကို အရှင်မြတ်အထံတော်သို့ ယူဆောင်လာကြလိမ့်မည်။အရှင်မြတ်သည် မမြင်ရသောအရာအလုံးစုံတို့ကို အကုန်အစင်သိမြင်တော်မူ၏။အရှင်မြတ်သည် သင်တို့အား သင်တို့ကျင့်ကြံလေ့ ရှိသောအမှုများကို မိန့်ကြားတော်မူလိမ့်မည်။
Verse 95 — Surah At-Tawbah 9:95
၉၅။ သင်တို့သည် သူတို့ထံသို့ ပြန်ရောက်သောအခါ သင်တို့ကို ဘာသီးဘာသာထားစေခြင်းငှာ သူတို့သည် သင်တို့ အား အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ကျိန်ဆိုကြလတ္တံ့။သူတို့ကို ဘာသီးဘာသာထားကြလော့။အကြောင်းမှာ သူတို့သည် အမှန်ပင်အပြစ်မကင်း၊ မသန့်ရှင်းသူများဖြစ်ကြ၏။သူတို့၏ ပြုကျင့်မှုအဟုန်ကြောင့် သူတို့၏ ဗိမာန်သည် ငရဲဖြစ်၏။
Verse 96 — Surah At-Tawbah 9:96
၉၆။ သင်တို့သည် သူတို့ကို လက်ခံစေစိမ့်ငှာ သူတို့သည် သင်တို့အား ကျိန်ပြောသည်၊ သင်တို့သည် သူတို့ကို လက်ခံငြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်ပြစ်မှုကျူးလွန်သူတို့ကို အမှန်ပင်လက်ခံတော်မမူပေ။
Verse 97 — Surah At-Tawbah 9:97
၉၇။ ကျေးတောသားအာရဗ်လူမျိုးတို့သည် မိစ္ဆာအယူဝါဒနှင့် ယုံကြည်ဟန်ဆောင်ခြင်း၌ သာလွန်ပြင်းထန်ကြ၏။အလ္လာဟ်အရှင်မြတ်က မိမိတမန်တော်အား ချပေးသနားတော်မူသောကျင့်စဉ်တရားတော်များကို မသိနားမလည် မှု၌ ပိုမိုဆိုးဝါးတတ်ကြ၏။အလ္လာဟ်အရှင်မြတ်သည် သိတော်မူသောအရှင်၊ ဉာာဏ်ပညာရှိတော်မူသောအရှင် ဖြစ်တော်မူ၏။
Verse 98 — Surah At-Tawbah 9:98
၉၈။ သဲကန္တာရသားအာရဗ်လူမျိုးအချို့သည် အလ္လာဟ်အရှင်မြတ်၏ ဘက်တော်၌ သုံးစွဲခြင်းကို ဆုံးရှုံးခြင်းဟု မှတ်ကြပြီးလျှင် သင်တို့အတိဒုက္ခရောက်သည်ကိုသာ စောင့်ဆိုင်းနေကြ၏။သူတို့သာလျှင် အတိဒုက္ခရောက်ကြ လိမ့်မည်။အလ္လာဟ်အရှင်မြတ်သည် ကြားတော်မူသောအရှင်၊ သိတော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 99 — Surah At-Tawbah 9:99
၉၉။ ကျေးတောသားအာရဗ်လူမျိုးထဲမှ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်၍ မိမိအလှုဒါနနှင့် တမန်တော်၏ ဆုတောင်းပဌနာပြုခြင်းသည် အလ္လာဟ်အရှင်မြတ်သည် လက်ခံတော်မူသောအလှုများဟု ထင်မှတ် သူလည်းရှိ၏၊ မှတ်သားကြလော့၊ သူတို့၏ အလှုဒါနကို အရှင်မြတ်အမှန်ပင်လက်ခံတော်မူ၏။အလ္လာဟ်အရှင် မြတ်သည် သူတို့အား မိမိ၏ အနန္တကောင်းကြီးမင်္ဂလာတော်အတွင်းသို့ သွတ်သွင်းတော်မူလိမ့်မည်။မှတ်သား ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 100 — Surah At-Tawbah 9:100
၁၀၀။ မူဟာဂျီရ်နှင့် အန်ဆာတို့အနက် ရှေးဦးပထမရှေ့ဆောင်သွားသူတို့၏ ကောင်းမှုပြုခြင်းနမူနာကို လိုက်နာဆောင် ရွက်သူများ၊ ဤလူများကို အလ္လာဟ်အရှင်မြတ်ကောင်းစွာနှစ်သက်တော်မူ၏။သူတို့ကလည်း အလ္လာဟ်အရှင်မြတ် ကောင်းစွာနှစ်သက်တော်မူ၏။သူတို့ကလည်း အရှင်မြတ်ကို ကောင်းစွာသဒ္ဓါကြည်ညိုမြတ်နိုးကြ၏။အရှင်မြတ် သည် သူတို့နေဖို့ရာအောက်တွင် မြစ်ချောင်းအသွယ်သွယ်စီးဆင်းလျက်ရှိသောနိဗ္ဗာန်ဥယျာဉ်တော်များကို အသင့် စီရင်ထားတော်မူ၏။သူတို့သည် ထိုဥယျာဉ်တော်များ၌ ထာဝရစံမြန်းကြမည်။ဤဆုလာဘ်တော်သည် မဟာ အောင်မြင်ခြင်းကြီးဖြစ်၏။
Verse 101 — Surah At-Tawbah 9:101
၁ဝ၁။ သင်တို့ပတ်ဝန်းကျင်တွင်ရှိသော ကျေးတောသားအာရဗ်လူမျိုးတို့အနက် အချို့သည် ယုံကြည်ဟန်ဆောင်သူများ ဖြစ်ကြ၏။မဒီနာမြို့တော်သူမြို့တော်သားများအနက်လည်း အချို့သည် ယုံကြည်ဟန်ဆောင်သူများဖြစ်ကြ၏။ထိုသူများကို သင်မိုဟမ္မဒ်မသိပေ။ငါသိတော်မူ၏။ငါသည် သူတို့ကို အပြစ်ဒဏ်နှစ်ကြိမ်နှစ်ခါပေးတော်မူမည်၊ ထို့နောက်သူတို့သည် အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်ကို ခံစားရလိမ့်မည်။
Verse 102 — Surah At-Tawbah 9:102
၁ဝ၂။ မိမိတို့အပြစ်များကို ဝန်ချတောင်းပန်သူများလည်းရှိကြ၏။သူတို့သည် သုစရိုက်မှုတစ်ခုကို ဒုစရိုက်မှုတစ်ခုနှင့် ရောပြွန်းထားကြ၏။အလ္လာဟ်အရှင်မြတ်သည် သူတို့ဘက်သို့ ကောင်းကြီးမင်္ဂလာတော်နှင့် လွှတ်တော်မူလိမ့်မည်၊ မှတ်သားကြလော့။အလ္လာဟ်အရှင်မြတ်ည် အပြစ်လွှတ်တော်မူ၏။ကောင်းကြီးမင်္ဂလာပေးတော်မူ၏။
Verse 103 — Surah At-Tawbah 9:103
၁ဝ၃။ သူတို့၏ထံမှ အလှုဒါနယူလော့။ထိုအလှုများအားဖြင့် သင်သည် သူတို့ကို သန့်ရှင်းစင်ကြယ်စေ၍ တရားပွားများ စေလိမ့်မည်။သူတို့အတွက် ဆုတောင်းလော့။သင်၏ ဆုပဋ္ဌာနာများသည် သူတို့အတွက် အေးချမ်းသာယာမှု ဖြစ်၏။အလ္လာဟ်အရှင်သည် အလုံးစုံကို ကြားတော်မူ၏။အလုံးစုံကို သိတော်မူ၏။
Verse 104 — Surah At-Tawbah 9:104
၁ဝ၄။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးတော်မျိုးကျွန်တော်မျိုးတို့ထံမှ ဝန်ချတောင်းပန်ခြင်း၊ အလှုဒါနကို နှစ်သက်တော်မူကြောင်းကိုသော်လည်းကောင်း၊ အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်၊ ကောင်းကြီး မင်္ဂလာပေးတော်မူသောအရှင်ဖြစ်တော်မူကြောင်းကိုသော်လည်းကောင်း၊ သူတို့မသိကြဘူးလော။
Verse 105 — Surah At-Tawbah 9:105
၁ဝ၅။ သူတို့အား ဟောကြားလော့။သင်တို့သည် ကြိုက်သလိုပြုကျင့်ကြလော့။အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုကျင့်မှုများကို မြင်တော်မူလတ္တံ့။အရှင်မြတ်၏ တမန်တော်နှင့် ယုံကြည်သူတို့လည်း မြင်ကြလတ္တံ့။ထို့နောက် သင်တို့သည် မမြင်ရသောအရာ၊ မြင်ရသောအရာတို့ကို သိတော်မူသောအရှင်မြတ်အထံတော်သို့ ပြန်လာကြ ရလိမ့်မည်။ထိုအခါအရှင်မြတ်သည်သင်တို့အား သင်တို့ကျင့်ကြံခဲ့သောအမှုအခင်းတို့ကို မိန့်ကြားတော်မူ လိမ့်မည်။
Verse 106 — Surah At-Tawbah 9:106
၁ဝ၆။ အရှင်မြတ်သည် သူတို့အား အပြစ်ဒဏ်ခတ်တော်မူမည်၊ သို့မဟုတ် အပြစ်လွှတ်တော်မူမည်ကို သိရန် အမိန့် ဗျာဒိတ်တော်ကို စောင့်ဆိုင်းနေကြသူများလည်း ရှိကြသေး၏။အလ္လာဟ်အရှင်မြတ်သည် သိတော်မူသောအရှင်၊ ပညာရှိတော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 107 — Surah At-Tawbah 9:107
၁ဝ၇။ အစ္စလာမ်သာသနာတော်ကြီးပျက်စီးရန် မိစ္ဆာအယူဝါဒတိုးပွားရန် ယုံကြည်သူတို့အချင်းချင်း ဂိုဏ်းဂဏကွဲပြားရန် ရှေးအခါက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်တို့ကို တိုက်ခိုက်ခဲ့သူများတို့ခိုလှုံနေထိုင်ရန် စသည်တို့အတွက် ဗလီကျောင်းဆောက်လှုသူတို့မူကား သူတို့က အကျွနု်ပ်တို့သည် ကောင်းမှုမှတပါး အခြားအမှု တစ်စုံတစ်ရာကို မကြံစည်ကြပါဟု ကျိန်ဆိုကြလတ္တံ့။အလ္လာဟ်အရှင်မြတ်က ဤလူများသည် မုချဧကန်မုသား ဆိုသူများဖြစ်ကြသည်ဟု သက်သေခံတော်မူ၏။
Verse 108 — Surah At-Tawbah 9:108
၁ဝ၈။ သင်သည် ဗလီကျောင်း၌ ဆွလတ်ဝတ်ကို မပြုလင့်။အစကနဦးကပင် အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ဖို့ရာ ဆောက်တည်သောဗလီသည် သာလွန်မြင့်မြတ်၏။သင်သည် ထိုဗလီအတွင်း ဆွလတ်ဝတ် တက်ထိုက်၏။ထိုဗလီအတွင်း၌ မိမိတို့ကိုယ်ကို မိမိတို့သန့်ရှင်းဖြူစင်အောင် ပြုလုပ်လိုသူတို့ရှိကြ၏။အလ္လာဟ် အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်အောင် ပြုကျင့်သူတို့ကို ချစ်မြတ်နိုးတော်မူ၏။
Verse 109 — Surah At-Tawbah 9:109
၁ဝ၉။ အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ခြင်းနှင့် အရှင်မြတ်၏ အားရနှစ်သက်တော်မူခြင်းအပေါ်၌ အုတ်မြစ်ချသူရှိ၏။ပြိုကျသောချောက်ကမ်းပါးပေါ်တွင် အုတ်မြစ်ချ၍ ထိုအုတ်မြစ်သည် သူနှင့်တကွ အဝီစိ ငရဲမီးထဲသို့ ပြိုကျသွားခြင်းခံရသူလည်းရှိ၏။ဤသူနှစ်ယောက်တွင် အဘယ်သူသည် သာလွန်ကောင်းမွန်သနည်း၊ အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်မှုပြုကျင့်သူတို့အား လမ်းပြတော်မမူပေ။
Verse 110 — Surah At-Tawbah 9:110
၁၁၀။ သူတို့ဆောက်တည်သောဗလီသည် သူတို့အား စိတ်နှလုံးမလုံပဲ၊ စနောင့်စနင်းမရပ်မတန့်ဖြစ်စေလိမ့်မည်။သူတို့၏ စိတ်နှလုံးကို အစိတ်စိတ်အမွှာမွှာခွဲဖြတ်မှသာလျှင် သူတို့သည် ဤဒုက္ခမှ လွတ်မြောက်လိမ့်မည်။အလ္လာဟ်အရှင်မြတ်သည် သိတော်မူသောအရှင်၊ သဗ္ဗညုတရွှေဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။
Verse 111 — Surah At-Tawbah 9:111
၁၁၁။ မှတ်သားကြလော့။အလ္လာဟ်သည် ယုံကြည်သူများထံမှ သူတို့၏ အသက်စည်းစိမ်ဥစ္စာပစ္စည်းများကို ဝယ်ယူ တော်မူပြီ၊ သူတို့သည် ဥယျာဉ်တော်ကို ရရှိကြလတ္တံ့။သူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ တိုက်ကြသည်။သတ်ဖြတ်ကြသည်။သတ်ဖြတ်ခြင်းခံရကြသည်။ဤကတိတော်သည် အရှင်မြတ်တာဝန်ရှိသော ကတိတော်ဟု တောင်ရသ်၊ အင်ဂျီလ်နှင့် ကုရ်အာန်ကျမ်းတော်များ၌ လာသည်။အလ္လာဟ်ထက်သာ၍ မည်သူ သည် မိမိကတိစာချုပ်ကို ဖြည့်သနည်း။သင်တို့သည် အလ္လာဟ်နှင့်ပြုလုပ်ပြီးသောရောင်းဝယ်ဖောက်ကားမှု ၌ ပျော်ရွှင်မြူးထူးကြလော့။၎င်းသည် အထွဋ်အထိပ်အောင်မြင်ခြင်းဖြစ်၏။
Verse 112 — Surah At-Tawbah 9:112
၁၁၂။ အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ တရားသံဝေဂနှင့် လှည့်သူတို့ အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်သူတို့ အရှင်မြတ်ကို ချီးကျူးသူတို့ဥပုသ်စောင့်သူတို့ဦးညွှတ်သူတို့ဝပ်တွားရှိခိုးပူဇော်သူတို့မှန်ကန်မှုကို တိုက်တွန်းဆင့်ဆို သူတို့၊ မကောင်းမှုကို တားမြစ်သူတို့၊ အရှင်မြတ်၏ ပညတ်တော်အတွင်းကျင့်ကြံသူတို့သာ ဤသူတို့သည် အောင်မြင်ကြသည်။ယုံကြည်သူတို့အား ဝမ်းမြောက်ဖွယ်သောသတင်းကောင်းမင်္ဂလာကို ပေးကြားလော့။
Verse 113 — Surah At-Tawbah 9:113
၁၁၃။ ဆင်းတုကိုးကွယ်သောမိစ္ဆာဒိဋ္ဌိတို့သည် ငရဲသို့ လားရမည်ဖြစ်၏။ထို့ကြောင့်သူတို့သည် တမန်တော်နှင့် ယုံကြည် သူတို့၏ ဆွေမျိုးသားချင်းဖြစ်ငြားသော်လည်း တမန်တော်နှင့် ယုံကြည်သူတို့သည် ထိုအယူမှားသူတို့ကို အပြစ်လွှတ်တော်မူရန် ဆုမတောင်းအပ်ကြပေ။
Verse 114 — Surah At-Tawbah 9:114
၁၁၄။ တမန်တော်အေဗရာဟမ်သည် မိမိဖခင်ကို ပေးသောကတိကြောင့် ဖခင်ကို အပြစ်လွှတ်တော်မူရန် ဆုတောင်း၏။သို့သော်သူ၏ ဖခင်သည် အလ္လာဟ်အရှင်မြတ်၏ ရန်သူဖြစ်ကြောင်း သိသောအခါ တမန်တော်သည် ဖခင်ကို စွန့်ပစ်၏။မှတ်သားကြလော့။တမန်တော်အေဗရာဟမ်သည် သနားကြင်နာတတ်၏။သည်းခံတတ်၏။
Verse 115 — Surah At-Tawbah 9:115
၁၁၅။ အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုးအား လမ်းမှန်ကို ညွှန်ပြတော်မူပြီးမှ သူတို့ကို လမ်းမှားကို ပြသတော်မူ သည်မဟုတ်ပေ။အရှင်မြတ်သည် သူတို့အား ၎င်းတို့ရှောင်ကြဉ်ရမည့်အရာတို့ကို ထင်ရှားစွာဗျာဒိတ်ပေးတော် မူ၏။အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့အမှန်ပင်သိမြင်တော်မူ၏။
Verse 116 — Surah At-Tawbah 9:116
၁၁၆။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မိုးမြေနိုင်ငံတော်ကြီးကို ပိုင်သတော်မူ၏။အသက်ရှင်စေတော်မူ၏။သေစေတော်မူ၏။သင်တို့၌ အရှင်မြတ်မှတပါး အခြားကာကွယ်စောင့်ရှောက်သူ အဆွေခင်ပွန်းသော်လည်း ကောင်း၊ ကူညီရိုင်းပင်းသူသော်လည်းမရှိပေ။
Verse 117 — Surah At-Tawbah 9:117
၁၁၇။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မူလဂျီရင်အန်ဆာတို့ကို ကရုဏာတော်ကောင်းကြီးမင်္ဂလာတော်တို့ဖြင့် ရှုစားလိုတော်မူ၏။သူတို့သည် တမန်တော်ဒုက္ခတွေ့ကြံုရသောအခါ တမန်တော်နောက်သို့ လိုက်ကြ၏။သူတို့အနက် လူတစ်စု၏ စိတ်နှလုံးများသည် တိမ်းပါးချွတ်ချော်သွားသောအခါ အရှင်မြတ်သည် သူတို့ကို ကောင်းကြီးမင်္ဂလာတော်နှင့် ရှုစားတော်မူ၏။မှတ်သားကြလော့။အလ္လာဟ်အရှင်မြတ်သည် မဟာကရုဏာတော် အရှင် အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။
Verse 118 — Surah At-Tawbah 9:118
၁၁၈။ ထို့အပြင်နောင်တွင်ကျန်ရစ်သောသူသုံးယောက်ကိုလည်း အလ္လာဟ်အရှင်မြတ်သည် ကောင်းကြီးမင်္ဂလာဖြင့် ရှုစားတော်မူ၏။မဟာပထဝီမြေကြီးသည် ကျယ်ဝန်းသော်လည်း၊ ထိုသူတို့အတွက် ကျဉ်းကြပ်စေတော်မူ၏။ထို့နောက်သူတို့သည် အရှင်မြတ်ဘက်တော်သို့ သတိသံဝေဂနှင့် လှည့်တော်မူ၏။မှတ်သားကြလော့၊ အလ္လာဟ် အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 119 — Surah At-Tawbah 9:119
၁၁၉။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ကောင်းစွာသတိပြုကြလော့။မှန်ကန်ဖြောင့်မတ်သူတို့နှင့် အတူတကွရှိကြလော့။
Verse 120 — Surah At-Tawbah 9:120
၁၂၀။ မဒီနာမြို့တော်ကြီး၌ နေထိုင်သူတို့နှင့် မြို့တော်ကြီးပတ်ဝန်းကျင်တွင် နေထိုင်သောကျေးလက်တောသားအာရဗ် လူမျိုးတို့သည် တမန်တော်နှင့်လိုက်မသွားပဲ မကျန်ရစ်ထိုက်ပေ။မိမိတို့အသက်ကို တမန်တော်၏ အသက်ထက် ပိုမို၍ မမြတ်နိုးအပ်ပေ။အလ္လာဟ်အရှင်မြတ်၏ လမ်းတော်ကြီး၌ ရေငတ်ခြင်း၊ အလုပ်ပင်ပန်းခြင်း၊ ဆာလောင် မွတ်သပ်ခြင်းခံရသော်လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိတို့စိတ်ဒေါသထွက်မှုတစ်ခုခုသော်လည်းကောင်း၊ အလဟဿ မဖြစ်ပေ။၎င်းအပြင်သူတို့၏ မှတ်တမ်းစာရင်းစာအုပ်တွင် ထိုပြုလုပ်မှုများကို ကုသိုလ်ကောင်းမှုဟု မှတ်သား ထားစေတော်မူသည်။မှတ်သားကြလော့။အလ္လာဟ်အရှင်မြတ်သည် သူတော်ကောင်းတို့၏ အခဆုလာဘ်တော်ကို ဆုံးရှုံးစေတော်မူသည်မဟုတ်ပေ။
Verse 121 — Surah At-Tawbah 9:121
၁၂၁။ နည်းများမဆို၊ သူတို့လှုသမျှကိုသော်လည်းကောင်း၊ သူတို့တောင်ကြားအရပ်ဒေသကို ဖြတ်သန်းသွားလာခြင်း ကိုသော်လည်းကောင်း၊ သူတို့ပြုသမျှကို မှတ်ပုံတင်ထားစေတော်မူ၏။သူတို့ပြုကျင့်လေ့ရှိသောအကောင်းဆုံး အမှုအခင်းများ၏ အကျိုးကို အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူရန် ယင်းသို့စာရင်းတင်ထားစေတော်မူ၏။
Verse 122 — Surah At-Tawbah 9:122
၁၂၂။ ယုံကြည်သူအားလုံးပင် စစ်တိုက်မသွားအပ်ပေ။အသင်းတစ်သင်းမှ အသင်းသားတစ်စုသာ စစ်ချီတက်အပ် ကြသည်။ကျန်လူများသည် ဘာသာရေးဗဟုသုတကို ရှာမှီးထိုက်ကြ၏။သို့မှသာလျှင် သူတို့၏ စစ်သည်တော် များပြန်လာသောအခါ သူတို့သည် စစ်သည်တော်များကို ဟောကြားသွန်သင်ဆုံးမနိုင်ကြလိမ့်မည်။ထိုအခါ စစ်သည်တော်များသည် ဘာသာရေးကို သတိပြုကြလိမ့်မည်။
Verse 123 — Surah At-Tawbah 9:123
၁၂၃။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မိမိတို့ပတ်ဝန်းကျင်ရှိ မိစ္ဆာဒိဋ္ဌိတို့ကို တိုက်ခိုက်ကြလော့၊ သင်တို့သည် သူတို့အပေါ်တွင် ခက်ထန်ကြမ်းကြုတ်ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မိမိအမှုတော်ကို ထမ်းဆောင်သူတို့နှင့် အတူတကွရှိတော်မူသည်ကို မှတ်သားကြလော့။
Verse 124 — Surah At-Tawbah 9:124
၁၂၄။ မည်သည့်အခါမဆို စူရာဟ်တော်တစ်စောင်ကို ချပေးတော်မူသောအခါ သူတို့အနက် အချို့သောသူတို့က ဤစူရာဟ်ကြောင့် သင်တို့အနက် အဘယ်သူ၌ ယုံကြည်မှုတရားတိုးတက်သနည်းဟု ဆိုကြ၏။ယုံကြည်သူတို့ မှာမူကား စူရာဟ်တော်သည် သူတို့၏ ယုံကြည်မှုကို တိုးပွားစေ၏။ထို့ကြောင့်သူတို့သည် ဝမ်းမြောက်ကြ၏။
Verse 125 — Surah At-Tawbah 9:125
၁၂၅။ သို့သော်မိမိတို့စိတ်နှလုံး၌ မိစ္ဆာအယူရောဂါစွဲကပ်သူများမှာမူကား ထိုစူရာဟ်တော်သည် သုတို့မိုက်မဲမှုကို တစ်မှုပြီးတစ်မှုပေါ်ပေါက်တိုးပွားစေ၏။သူတို့သည် မိစ္ဆာဒိဋ္ဌိဘဝ၌ပင် အသက်ကုန်ဆုံးကြ၏။
Verse 126 — Surah At-Tawbah 9:126
၁၂၆။ နှစ်တိုင်းပင် သူတို့ကို တစ်ကြိမ်၊ နှစ်ကြိမ်စမ်းသပ်တော်မူသည်ကို သူတို့မမြင်ကြသလော၊ သို့သော်လည်းသူတို့ သည် တရားသံဝေဂမရကြပေ။တရားတော်ကို အရေးမစိုက်ကြပေ။
Verse 127 — Surah At-Tawbah 9:127
၁၂၇။ စူရာဟ်တစ်စောင်ကို ချပေးသနားတော်မူသည့်အခါတိုင်း သူတို့သည် တစ်ယောက်မျက်နှာကို တစ်ယောက် ငေးကြည့်ပြီးလျှင် သင်တို့ကို တစ်စုံတစ်ယောက်သောသူမြင်သလားဟု ဆိုကြ၏။ထို့နောက်သူတို့သည် လှည့် သွားကြ၏။သူတို့သည် နားမလည်သောသူတို့ဖြစ်သဖြင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးကို လှည့်သွားစေတော်မူ၏။
Verse 128 — Surah At-Tawbah 9:128
၁၂၈။ သင်တို့ထံသို့ သင်တို့၏ သားချင်းတစ်ဦးဖြစ်သောတမန်တော်သည် ပွင့်လာပြီ၊ သင်တို့သည် ဒုက္ခရောက်လျှင် သူသည် ဝမ်းနည်းပူဆွေး၏။သင်တို့အတွက် စိုးရိမ်ကြောင့်ကျ၍ စိတ်မအေးပေ။ယုံကြည်သူတို့ကို သနားကြင်နာ ၍ ကျေးဇူးပြု၏။
Verse 129 — Surah At-Tawbah 9:129
၁၂၉။ အို-မိုဟမ္မဒ်၊ သူတို့သည် လှည့်သွားလျှင် သင်ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်အတွက် လုံလောက်တော်မူ၏။အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိပေ။အရှင်မြတ်ကိုသာလျှင် အကျွနု်ပ်သည် ယုံကြည်ကိုးစား၏။အရှင်မြတ်သည် အလွန်ကြီးကျယ်မြင့်မြတ်သောရာဇပလ္လင်တော်၏ အရှင်သခင်ဖြစ်တော်မူ၏။