Back to Languages

Burmese - Chapter 95 - At-Tin

Translation by Ba Sein — Permalink

Verse 1 — Surah At-Tin 95:1

၁။ သင်္ဘောဖန်းသီးနှင့် သံလွင်သီးကိုသော်လည်းကောင်း။

Verse 2 — Surah At-Tin 95:2

၂။ တူစီနာခေါ် သိနတောင်ကိုသော်လည်းကောင်း။

Verse 3 — Surah At-Tin 95:3

၃။ ဤဘေးမဲ့အောင်မြေကိုသော်လည်းကောင်း၊ ငါသက်သေထူတော်မူ၏။

Verse 4 — Surah At-Tin 95:4

၄။ ဧကန်အမှန် ငါသည် လူသားကို အမြင့်ဆုံးသောဘဝ၌ ဖန်ဆင်းတော်မူ၏။

Verse 5 — Surah At-Tin 95:5

၅။ ထို့နောက်ငါသည် သူ့ကို အနိမ့်ဆုံးသောဘဝသို့ နှိမ့်ချတော်မူ၏။

Verse 6 — Surah At-Tin 95:6

၆။ သို့သော်ယုံကြည်လျက် သုစရိုက်ကောင်းမှုပွားများသူတို့သည်ကား မကုန်မခန်းနိုင်သောဆုတော်ကို ရရှိကြလိမ့်မည်။

Verse 7 — Surah At-Tin 95:7

၇။ ထို့ကြောင့်ယခုမှစ၍ မည်သူသည် စီရင်ဆုံးဖြတ်တော်မူခြင်းမရှိ၍ ငြင်းဆန်အံ့နည်း။

Verse 8 — Surah At-Tin 95:8

၈။ အလ္လာဟ်အရှင်မြတ်သည် မှန်ကန်ထက်မြက်သောတရားသူကြီးအပေါင်းတို့တွင် အထွဋ်အခေါင်မဟုတ်ချေလော။