Back to Languages

Burmese - Chapter 96 - Al-Alaq

Translation by Ba Sein — Permalink

Verse 1 — Surah Al-Alaq 96:1

၁။ အို-တမန်တော်၊ ဖန်ဆင်းတော်မူသောသင်၏ အရှင်သခင်၏ နာမတော်အားဖြင့် ဖတ်ရွတ်လော့။

Verse 2 — Surah Al-Alaq 96:2

၂။ အရှင်မြတ်သည် လူသားကို သွေးခဲတစ်ခဲမှ စတင်ဖန်ဆင်းတော်မူ၏။

Verse 3 — Surah Al-Alaq 96:3

၃။ ရွတ်ဖတ်လော့၊ သင်၏ အရှင်သခင်သည် အတိုင်းထက်အလွန်ရက်ရောပေးကမ်းစွန့်ကြဲတော်မူ၏။

Verse 4 — Surah Al-Alaq 96:4

၄။ အရှင်မြတ်သည် ကလောင်တံဖြင့် သွန်သင်ပြသတော်မူ၏။

Verse 5 — Surah Al-Alaq 96:5

၅။ လူသားအား သူမသိသောအတတ်ပညာကို သင်ကြားပေးတော်မူ၏။

Verse 6 — Surah Al-Alaq 96:6

၆။ သို့သော် လူသားသည် အမှန်ပင် ထောင်ထားခြားနား၏။

Verse 7 — Surah Al-Alaq 96:7

၇။ သူသည် မိမိကိုယ်ကို မိမိဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံသည်ဟု ထင်မှတ်၏။

Verse 8 — Surah Al-Alaq 96:8

၈။ အမှန်မှာ အပြန်လမ်းသည် သင်၏ အရှင်သခင်အထံတော်သို့သာ ရှိ၏။

Verse 9 — Surah Al-Alaq 96:9

၉၊၁၀။ အို-တမန်တော်၊ ငါ၏ ကျေးကျွန်တော်အား သူဆွလားသ်ဝတ်ပြုသောအခါ ဝတ်မပြုရန် တားမြစ်သောသူယုတ် မာကို သင်သိမြင်ပြီမဟုတ်လော။

Verse 10 — Surah Al-Alaq 96:10

၉၊၁၀။ အို-တမန်တော်၊ ငါ၏ ကျေးကျွန်တော်အား သူဆွလားသ်ဝတ်ပြုသောအခါ ဝတ်မပြုရန် တားမြစ်သောသူယုတ် မာကို သင်သိမြင်ပြီမဟုတ်လော။

Verse 11 — Surah Al-Alaq 96:11

၁၁။ ထိုသူယုတ်မာသည် အလ္လာဟ်အရှင်မြတ်၏ ညွှန်ပြချက်ကို အားထားသည်ကို သင်မြင်သလော။

Verse 12 — Surah Al-Alaq 96:12

၁၂။ ထိုသူယုတ်မာသည် သုစရိုက်ကောင်းမှုကို ဆင့်ဆိုသည်ကို သင်မြင်သလော။

Verse 13 — Surah Al-Alaq 96:13

၁၃။ ထိုသူယုတ်မာသည် အလ္လာဟ်အရှင်မြတ်၏ နည်းပြလမ်းညွှန်ကို ငြင်းပယ်လျက် တရားတော်ကို တော်လှန်သည် ကို သင်မြင်ပြီမဟုတ်လော။

Verse 14 — Surah Al-Alaq 96:14

၁၄။ ထိုသူယုတ်မာသည် အလ္လာဟ်အရှင်မြတ်မြင်တော်မူသည်ကို နားမလည်သလော။

Verse 15 — Surah Al-Alaq 96:15

၁၅။ ထိုသူယုတ်မာသည် ရပ်တန့်လျှင် ငါသည် သူ၏ ဦးထိပ်ဆံကို ဆွဲငင်တော်မူလတံ့။

Verse 16 — Surah Al-Alaq 96:16

၁၆။ မုသားပြုသူ၊ အပြစ်ရှိသူ၏ ဦးထိပ်ဆံ။

Verse 17 — Surah Al-Alaq 96:17

၁၇။ ထိုအခါ ထိုသူယုတ်မာအား မိမိအသင်းသားများကို ခေါ်စေကုန်လော့။

Verse 18 — Surah Al-Alaq 96:18

၁၈။ ငါလည်း ငရဲမှုးများကို ခေါ်တော်မူလတံ့။

Verse 19 — Surah Al-Alaq 96:19

၁၉။ အို-တမန်တော်၊ သင်သည် ထိုသူယုတ်မာကို မနာခံလင့်၊ အလ္လာဟ်အရှင်မြတ်အား ဦးညွှတ်ချ၍ ချဉ်းကပ်လော့။