Verse 1 — Surah Al-Qadr 97:1
၁။ ငါသည် ၄င်းကို ထူးမြတ်သောည၌ ချပေးသနားတော်မူ၏။
Verse 2 — Surah Al-Qadr 97:2
၂။ ဤထူးမြတ်သောညသည် အဘယ်အရာဖြစ်သည်ကို သင်တမန်တော်အား မည်သူရှင်းလင်းပြောပြမည်နည်း။
Verse 3 — Surah Al-Qadr 97:3
၃။ ဤထူးမြတ်သောညသည် လပေါင်းတစ်ထောင်ထက် သာလွန်မြင့်မြတ်၏။
Verse 4 — Surah Al-Qadr 97:4
၄။ ဤည၌ မိမိတို့အရှင်သခင်၏ အမိန့်တော်အရ များလှစွာသော ကောင်းကင်တမန်တို့နှင့် တကွ ဂျစ်ဗရာအီလ် မင်းကြီးသည် အခွင့်ကိစ္စများကို ဆောင်ရွက်ရန် သက်ဆင်းကြကုန်၏။
Verse 5 — Surah Al-Qadr 97:5
၅။ ဤညသည် နံနက်အာရုဏ်တက်သည့် တိုင်အောင် ဧချမ်းသာခြင်းဖြစ်၏။