Verse 1 — Surah Az-Zalzalah 99:1
၁။ ကမ္ဘာမြေကြီးသည် မိမိ၏ နောက်ဆုံးငလျင်အားဖြင့် တုန်လှုပ်သောအခါ။
Verse 2 — Surah Az-Zalzalah 99:2
၂။ ကမ္ဘာမြေကြီးသည် မိမိဝန်ထုပ်ဝန်ပိုးများကို အန်ထုတ်ပစ်သောအခါ။
Verse 3 — Surah Az-Zalzalah 99:3
၃။ လူသားတို့သည် ဤမဟာပထဝီမြေကြီးသည် အသို့ဖြစ်လာသနည်းဟု ဆိုသောအခါ။
Verse 4 — Surah Az-Zalzalah 99:4
၄။ ထိုနေ့တော်ကြီး၌ ကမ္ဘာမြေကြီးသည် မိမိရာဇဝင်သမိုင်းကို ထုတ်ဖော်ပြောဆိုလတံ့။
Verse 5 — Surah Az-Zalzalah 99:5
၅။ အကြောင်းမူကား သင်၏ အရှင်သခင်သည် ပထဝီမြေကြီးကို စကားပြောဆိုရန် ဗျာဒိတ်ပေးတော်မူသောကြောင့်ဖြစ်၏။
Verse 6 — Surah Az-Zalzalah 99:6
၆။ ထိုနေ့တော်ကြီး၌ လူသားတို့သည် မိမိတို့ပြုကျင့်ခဲ့သမျှသော အမှုအခင်းတို့ကို ပြသ စီရင်တော်မူခြင်းခံအံ့သောငှာ အစုအစုခွဲလျက် ထွက်လာကြလတံ့။
Verse 7 — Surah Az-Zalzalah 99:7
၇။ ထိုအခါအကြင်သူသည် ကောင်းမှုကုသိုလ်ကို အနုမြူခန့်မျှပြုခဲ့လျှင် ထသို ူသည် ထိုကောင်းမှုကို မျက်ဝါးထင်ထင် တွေ့မြင်ရလတံ့။
Verse 8 — Surah Az-Zalzalah 99:8
၈။ အကြင်သူသည် မကောင်းမှုကို အနုမြူခန့်မျှပြုခဲ့လျှင် ထိုသူသည် ထိုမကောင်းမှု အကုသိုလ်ကို မျက်ဝါးထင်ထင် တွေ့မြင်ရလတံ့။