Back to LanguagesPrevious ChapterNext Chapter
Burmese - Chapter 101 - Al-Qariah
Translation by Ghazi Mohammad Hashim — Permalink
Verse 1 — Surah Al-Qariah 101:1
ထိုဘေးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်)။
Verse 2 — Surah Al-Qariah 101:2
ထိုဘေးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်) မည်သည့်အရာနည်း။
Verse 3 — Surah Al-Qariah 101:3
စင်စစ် ထိုဘေးကြီး ဆိုက်ရောက်ခြင်းဟူသည်(ထိုတီးခေါက်သော အရာဟူသည်) မည်သည့်အရာဖြစ်သည်ကို အသင် သိပါသလော။
Verse 4 — Surah Al-Qariah 101:4
အကြင်နေ့တွင် လူတို့သည် ပြန့်ကြဲလျက်ရှိကြသော ပိုးဖလံများကဲ့သို့ ဖြစ်ကြပေမည်။
Verse 5 — Surah Al-Qariah 101:5
ထိုမှတစ်ပါး တောင်များသည် ဖတ်ပြီး အရောင်ဆိုးထားသော သိုးမွှေးကဲ့သို့ ဖြစ်ကြပေမည်။
Verse 6 — Surah Al-Qariah 101:6
ထိုအခါ အကြင်သူ၏ ချိန်စက်ခြင်းခံရသော(ကောင်းမှု)များသည် အချိန်စီးခဲ့မူ။
Verse 7 — Surah Al-Qariah 101:7
ထိုသူသည် စိတ်တိုင်းကျစည်းစိမ်၌ (မွေ့လျော်စွာ)ရှိပေမည်။
Verse 8 — Surah Al-Qariah 101:8
သို့ရာတွင် အကြင်သူ၏ ချိန်စက်ခြင်းခံရသော(ကောင်းမှု)များသည် (အချိန်မစီးဘဲ) ပေါ့၍ နေသည်ရှိသော်။
Verse 9 — Surah Al-Qariah 101:9
ထိုသူ၏ နေထိုင်ရာဌာနမှာ နက်ရှိုင်းသောငရဲတွင်းပင် ဖြစ်ပေမည်။
Verse 10 — Surah Al-Qariah 101:10
စင်စစ် ထိုငရဲတွင်းဟူသည် အဘယ်နည်းဟု အသင် သိပါသလော။
Verse 11 — Surah Al-Qariah 101:11
(ထိုငရဲတွင်းမှာကား) အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော (ငရဲ)မီးပင် ဖြစ်ချေသတည်း။