Back to Languages

Burmese - Chapter 113 - Al-Falaq

Translation by Ghazi Mohammad Hashim — Permalink

Verse 1 — Surah Al-Falaq 113:1

(အို-နဗီတမန်တော်) အသင်သည် (ဤသို့)လျှောက်ထား ပန်ကြားပါလေ၊ ကျွန်တော်မျိုးသည် နံနက်မိုးသောက်ချိန်ကို ဖန်ဆင်းတော်မူသော အရှင် မြတ်အားဖြင့် အကာအကွယ်ယူပါ၏။

Verse 2 — Surah Al-Falaq 113:2

ထိုအရှင်မြတ်သည် ဖန်ဆင်းတော်မူသော (ခပ်သိမ်းကုန်သော)အဖန်ဆင်းခံတို့၏ ဘေးအန္တရာယ်များမှလည်းကောင်း။

Verse 3 — Surah Al-Falaq 113:3

အမှောင်အတိ ဖြစ်လာသောအခါ (ဖြစ်တတ်သော) ယင်းအမှောင်၏ ဘေးအန္တရာယ်များမှလည်း ကောင်း။

Verse 4 — Surah Al-Falaq 113:4

အထုံးအဖွဲ့များ၌ (ဂါထာမန္တရားရွတ်ဖတ်) မန်းမှုတ်သောမိန်းမတို့၏ ဘေးအန္တရာယ်များမှလည်းကောင်း။

Verse 5 — Surah Al-Falaq 113:5

မနာလို ငြူစူသောသူသည် မနာလိုငြူစူသောအခါ (ဖြစ်တတ်သော) ဘေးအန္တရာယ်များမှလည်းကောင်း။