Back to Languages

Burmese - Chapter 101 - Al-Qariah

Translation by Alin U Yin — Permalink

Verse 1 — Surah Al-Qariah 101:1

ရုတ်တရက် ဆိုက်ရောက်လာသော အလွန်ပြင်းထန်သည့် ကပ်ဘေးကြီး။

Verse 2 — Surah Al-Qariah 101:2

ထိုရုတ်တရက် ဆိုက်ရောက်လာသော အလွန်ပြင်းထန်သည့် ကပ်ဘေးကြီးသည်ကား မည်သည့် အရာနည်း။

Verse 3 — Surah Al-Qariah 101:3

ရုတ်တရက် ဆိုက်ရောက်လာသော အလွန်ပြင်းထန်သည့် ကပ်ဘေးကြီးမှာ အဘယ်အရာဖြစ်ကြောင်းကို မည်သည့်အရာက အသင့်အား သိနားလည်စေမည်နည်း။

Verse 4 — Surah Al-Qariah 101:4

(ထိုကပ်ကြီးဆိုက်ရောက်လာမည့်) ထိုနေ့တွင် လူသားတို့သည် နေရာအနှံ့ ပျံ့နှံ့ ဖြန့်ကြဲလျက်ရှိကြသော ပိုးဖလံများကဲ့သို့ ဖြစ်ကြပေလိမ့်မည်။

Verse 5 — Surah Al-Qariah 101:5

ထို့ပြင် တောင်များသည် ပွနေသောအမွေးများကို ဖြီးသင်ဖုတ်စုတ်၍ လွင့်ပါးသွားသော သိုးမွှေးကဲ့သို့ ဖြစ်ကြပေမည်။

Verse 6 — Surah Al-Qariah 101:6

ထိုစဉ် (ယုံကြည်မှုနှင့်ကောင်းမှုကုသိုလ်ကြောင့် ကောင်းမှုဆိုင်ရာ) အလေးချိန်ပမာဏ လေးလံပြည့်မီသူ မည်သူမဆိုသည်။

Verse 7 — Surah Al-Qariah 101:7

ထိုသူသည် တင်းတိမ်ရောင့်ရဲလျက် အားရနှစ်လိုဖွယ်ကောင်းသောဘဝအခြေအနေ၌ ရှိလိမ့်မည်

Verse 8 — Surah Al-Qariah 101:8

သို့ရာတွင် (ယုံကြည်မှုနှင့်ကောင်းမှုကုသိုလ်ကင်းမဲ့မှုကြောင့် ကောင်းမှုဆိုင်ရာ) အလေးချိန်ပမာဏ (မစီးဘဲ) ပေါ့နေသူ မည်သူမဆိုသည်။

Verse 9 — Surah Al-Qariah 101:9

(ထိုသူအတွက်) သူ၏နေထိုင်ရာဌာနမှာ အသူတစ်ရာနက်သော ချိုင့်တွင်းပင် ဖြစ်လိမ့်မည်။

Verse 10 — Surah Al-Qariah 101:10

“အသူတစ်ရာနက်သော ချိုင့်တွင်းသည် အဘယ်အရာနည်း။” ဟူသည်ကို မည်သည့်အရာက အသင့်အား သိနားလည်စေမည်နည်း။

Verse 11 — Surah Al-Qariah 101:11

(ယင်းအသူတစ်ရာနက်သော ချိုင့်တွင်းဟူသည်) အပူရှိန်ပြင်းထန်စွာ တောက်လောင်လျက်ရှိသော (ငရဲ) မီးပင် ဖြစ်၏။