Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 100 - Al-Adiyat
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Adiyat 100:1
(ငါအရှင်မြတ်သည်) မောဟိုက်ဟောဟဲ၍ လျှာတန်းလန်းနှင့်လျင်မြန်စွာပြေးကြသော စစ်မြင်းများကို သက်သေထူတော်မူ၏။
Verse 2 — Surah Al-Adiyat 100:2
တစ်ဖန် (ငါအရှင်မြတ်သည် ယင်းတို့၏ခွာများဖြင့် ကျောက်ခဲများကို) ရိုက်ခတ်ခြင်းအားဖြင့် မီးပွားများ ထွက်စေသောသူ (စစ်မြင်း) များကို သက်သေထူတော်မူ၏။
Verse 3 — Surah Al-Adiyat 100:3
တစ်ဖန် (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်၌ (ရန်သူများအား) ရှောင်တစ်ခင်ဝင်တိုက်သောသူ (တိုက်မြင်း) များကို သက်သေထူတော်မူ၏။
Verse 4 — Surah Al-Adiyat 100:4
တစ်ဖန် (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်၌ (တည်ငြိမ်သောမြေကြီး၌) ဖုံမှုန့်များကို ထောင်းထောင်းထစေသောသူ (မြင်း) များကို သက်သေထူတော်မူ၏။
Verse 5 — Surah Al-Adiyat 100:5
တစ်ဖန် (ငါအရှင်မြတ်သည် ရန်သူစစ်အုပ်စုများထဲသို့ ကြံ့ခိုင်မှုမြဲမြံစွာဖြင့်) ရှေ့တိုးထိုးဖောက်ဝင်ရောက်ကြသောမြင်းများကို သက်သေထူတော်မူ၏။
Verse 6 — Surah Al-Adiyat 100:6
ဧကန်မလွဲ၊ လူသားသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အတွက် အမှန်ပင် ကျေးဇူးကန်းသူ ဖြစ်၏။
Verse 7 — Surah Al-Adiyat 100:7
ထို့ပြင် ဧကန်မလွဲ၊ လူသားသည် ထိုသို့ (ကျေးဇူးကန်းမှုအပေါ်) သူကိုယ်တိုင် အမှန်ပင် သက်သေသက်ကန် ဖြစ်၏။
Verse 8 — Surah Al-Adiyat 100:8
ထို့ပြင် ဧကန်မလွဲ၊ လူသားသည် (ဥစ္စာဓနများ၊ ကြွယ်ဝချမ်းသာမှုများ၊ ရပိုင်ခွင့်များနှင့်အခွင့်အရေးများ စသော) ကောင်းမြတ်မှုဟူသမျှကို အလွန်ပြင်းပြစွာ နှစ်သက်မြတ်နိုးခုံမင်လေ့ရှိ၏။
Verse 9 — Surah Al-Adiyat 100:9
သို့ရာတွင် (ရှင်ပြန်ထမည့်နေ့၌) သင်္ချိုင်းများအတွင်း၌ရှိသောသူသည် (ယင်းသင်္ချိုင်းများမှ ထစေ၍) ခေါ် ထုတ်ခြင်းခံရသောအခါ (ထိုသို့ ရှင်ပြန်ထစေကြောင်းကို) မသိဘဲနေလိမ့်မည်လော။
Verse 10 — Surah Al-Adiyat 100:10
ထို့ပြင် စိတ်နှလုံးများအတွင်း၌ လျှို့ဝှက်ထိန်ချန်ထားခဲ့သမျှကိုလည်း ဖော်ထုတ်စေတော်မူလျက် ထင်ရှားစေခြင်းခံရမည်ကိုလည်း (မသိဘဲနေလိမ့်မည်လော။)
Verse 11 — Surah Al-Adiyat 100:11
ဧကန်မလွဲ၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ထိုနေ့တွင် သူတို့နှင့်ပတ်သက်သော သတင်းအချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။