Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 99 - Az-Zalzalah
Translation by Alin U Yin — Permalink
Verse 1 — Surah Az-Zalzalah 99:1
မြေကမ္ဘာသည် ယင်းအတွက် သတ်မှတ်ပြဌန်းတော်မူသည့် ပြင်းပြင်းထန်ထန် တုန်လှုပ်သော ငလျင်လှုပ်ခြင်းနှင့်အတူ သွက်သွက်ခါတုန်လှုပ်ခြင်းခံရလေသောအခါ။
Verse 2 — Surah Az-Zalzalah 99:2
ထို့ပြင် မြေကမ္ဘာသည် ယင်း (အတွင်း၌ ရှိသောသေသူများ၊ သယံဇာတများ၊ ရွှေငွေရတနာများအစရှိသည့်) ဝန်ထုပ်များကို အပြင်သို့ ထုတ်ပစ်သောအခါ။
Verse 3 — Surah Az-Zalzalah 99:3
ထို့ပြင် လူသားက ယင်း (မြေကမ္ဘာ) ၌ (ယင်းကဲ့သို့တုန်လှုပ်ရန်) မည်သည့်အကြောင်း ရှိသနည်း။” ဟု ဟစ်အော်ပြောဆိုသောအခါ။
Verse 4 — Surah Az-Zalzalah 99:4
ထိုနေ့တွင် ယင်း (မြေကမ္ဘာ) ၏သတင်းအချက်အလက်များကို အသေးစိတ် ပြန်လည် ရှင်းလင်းပြောပြပေမည်။
Verse 5 — Surah Az-Zalzalah 99:5
အကြောင်းသော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ယင်း (မြေကမ္ဘာ) အား (ထိုသို့ တုန်လှုပ်စေရန် အရှင့်နိယာမတော်နှင့်အညီ) အမိန့်တော်ထုတ် ပြန်တော်မူလျက် စေ့ဆော်သောကြောင့်ပင် ဖြစ်၏။
Verse 6 — Surah Az-Zalzalah 99:6
ထိုနေ့တွင် လူသားတို့သည် အုပ်စုအမျိုးမျိုးကွဲ၍ ဖြန့်ကြဲလျက် (လောကီဘဝ၌ ပြုကျင့်သော) သူတို့၏ပြုမူကျင့်ကြံမှုများကို ပြသခြင်းခံကြရရန်အလို့ငှာ ရှေ့ဆက်သွားကြလိမ့်မည်။
Verse 7 — Surah Az-Zalzalah 99:7
သို့ဖြစ်ပေရာ မည်သူမဆို ကောင်းမှုတစ်စုံတစ်ရာကို အဏုမြူ (မြေမှုန့်) ခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုသူသည် (သူကျင့်မူခဲ့သော) ကောင်းမှု (၏အကျိုးဆက်) ကို တွေ့မြင်ရပေမည်။
Verse 8 — Surah Az-Zalzalah 99:8
ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုတစ်စုံတစ်ရာကို အဏုမြူ (မြေမှုန့်) ခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် (သူပြုကျင့်ခဲ့သော) ယင်းမကောင်းမှု (၏အကျိုးဆက်) ကို တွေ့မြင်ရပေမည်။