Back to Languages
Burmese - Chapter 104
Translation by Alin U Yin
Verse 1
အသရေဖျက်အောင် လုပ်ကြံပြောဆိုသူ (အတင်းပြောသူ) နှင့်သားပုပ်လေလွင့်ပြောဆိုသူတိုင်း ဒုက္ခလှလှနှင့်ကြုံတွေ့၍ ပျက်စီးစေ။
Verse 2
ထိုသူသည် (သူ့ကိုယ်သူ သူများအထက်တွင် ရှိသူအဖြစ် မြင်၍) ဥစ္စာဓနပိုင်ဆိုင်မှုများကို စုဆောင်းပြီး (ယင်းကို အရှင်မြတ်၏လမ်းတော်နှင့်ဆင်းရဲနွမ်းပါးသူတို့အတွက် သုံးစွဲခြင်းမပြုဘဲ လောဘတကြီး နှစ်သက်မြတ်နိုးစွာဖြင့်) ယင်း (ဥစ္စာဓနပိုင်ဆိုင်မှုများ) ကို အကြိမ်ကြိမ် ရေတွက်လျက်ရှိ၏။
Verse 3
ထိုသူသည် “သူ၏ဥစ္စာဓနပိုင်ဆိုင်မှုများမှာ အမြဲထာဝရ တည်တံ့လိမ့်မည်။” ဟု ထင်မှတ်နေ၏။
Verse 4
(မည်သည့်နည်းနှင့်မျှ ထိုသို့ အလျှင်း တည်တံ့မည် မဟုတ်ကြောင်း) သတိထားကြလော့။ အမှန်စင်စစ်၊ ထိုသူသည် တစ်စစီဖြစ်အောင် ထုခြေမည့် ညှင်းပန်းနှိပ်စက်မှုထဲ၌ ဧကန်မုချပင်၊ စွန့်ပစ်ထားခြင်းခံရလိမ့်မည်။
Verse 5
“တစ်စစီဖြစ်အောင် ထုခြေမည့် ညှင်းပန်းနှိပ်စက်မှုမှာ အဘယ်နည်း။” ဟူသည်ကို အသင့်အား မည်သည့်အရာက သိနားလည်စေမည်နည်း။
Verse 6
(တစ်စစီဖြစ်အောင် ထုခြေမည့် ညှင်းပန်းနှိပ်စက်မှု ဟူသည် လောင်စာထည့်၍) မီးစွဲစေတော်မူခြင်းခံရသော အလ္လာဟ်အရှင်မြတ်၏ငရဲမီးပင် ဖြစ်၏။
Verse 7
ယင်းမီးသည် (ရာဇဝတ်မှုကျူးလွန်သူများ၏) စိတ်နှလုံးများအထိ နက်ရှိုင်းစွာ တိုးဖောက်လောင်ကျွမ်းစေသည်အထိ မြင့်တက်လိမ့်မည်။
Verse 8
ဧကန်မလွဲ၊ ထိုမီးသည် သူတို့အပေါ်၌ လွှမ်းခြုံပိတ်ဆို့စေလိမ့်မည်။
Verse 9
ရှည်လျားစွာတိုးချဲ့ ဆန့်ထားသော (မီးကျီး) တိုင်များ၌ (တုပ်နှောင်ထားစေလိမ့်မည် ဖြစ်၏)။