Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 2 — Surah An-Nahl 16:2

ဧကန်ပင်၊ ငါအရှင်မြတ်သည် (သက်ရှိသက်မဲ့အရာသိမ်းတို့တွင်) ငါအရှင်မြတ်မှအပ အခြားကိုးကွယ် ထိုက်သောအရာဟူ၍ အလျှင်း မရှိသောကြောင့် ငါအရှင်မြတ်အားသာလျှင် စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။” ဟု သတိပေး နှိုးဆော်တိုက်တွန်းစေရန်အလို့ငှာ အရှင့်အစေခံလူသားများအနက်မှ (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအပေါ်၌သာ အရှင့်ထံတော်မှ ဝဟီအမိန့်တော်အား ယူဆောင်လာသော ရူဟ် (ခေါ် ဂျီဗ်ရီလ်ကောင်း ကင်စေတမန်) နှင့်အတူ မလာအီကာ စေတမန်များကိုပါ စေလွှတ်ဆင်းသက်စေတော်မူ၏။