Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 17 - Al-Isra
Translation by Alin U Yin — Permalink
Verse 14 — Surah Al-Isra 17:14
(ထို့နောက်) ယနေ့ သင်သည် သင်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ဖြင့် သင်ကိုယ်တိုင် သင့်အပေါ်တွင် စီရင်ချက်ချမှတ်နိုင်ရန် လုံလောက် (သော သက်သေဖြစ်သည့်) သင်၏မှတ်တမ်းစာအုပ်ကို (စစ်ဆေးသူတစ်ဦးပမာ) ဖတ်လော့။” ဟု အမိန့်ပေးခြင်းခံရလိမ့်မည်။