Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 104 — Surah Al-Baqarah 2:104

အို၊ ယုံကြည်သူအပေါင်းတို့၊ “ရာအိနာ”ဟု မပြောဆိုကြလေနှင့်။ (“ကျွန်ုပ်တို့အာရုံစိုက်ကြ၏။” ဆိုသည့် အနက်အဓိပ္ပာယ်ရသော အာရဗီစကားလုံးအား ဒွိဟသံသယဖြစ်စေပြီး တမန်တော်မြတ်၇ကို မထီမဲ့မြင်ပြုရာရောက်သော စကားလုံးဖြင့် အစားတိုးရန် ရှင်းလင်းပြတ်သားပြီး အရိုအသေပေးရာရောက်သည့်စကားလုံး) “အွန် ဇူးရ်နာ” (ကျွန်ုပ်တို့ အာရုံစိုက်ကြပါသည်) ဟုပြော ဆိုသုံးစွဲပြီး နာယူကြလော့။ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့အတွက် ပြင်းထန်သော နာကျင်ဖွယ်ရာ ပြစ်တင်ရှုံ့ချမှုနှင့်ပြစ်ဒဏ်များ ရှိ၏။