Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 105 — Surah Al-Baqarah 2:105

သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ သင်တို့ထံသို့ အရှင့်ကောင်းမြတ်မှု တစ်စုံတစ်ရာချမှတ်ပေးအပ်ခြင်းခံရသူအား မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) များ၊ ယခင်ကျမ်းရ ပုဂ္ဂိုလ်များအပြင် အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍အခြား အရာအား ကိုးကွယ်ကြသူတို့က မလိုလားမနှစ်သက်ကြပေ။ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်များအရ အလိုရှိတော်မူသောသူကို အရှင့်ကရုဏာတော်အတွက် သီးသန့်ရွေးချယ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်ကြီးကျယ်သော ကျေးဇူးတော်နှင့်ရက်ရောမှု အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။