Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 106 — Surah Al-Baqarah 2:106

(ယခင်ကရှိခဲ့သော အမိန့်တော်တစ်ချို့အား ခေတ်ကာလ အခြေအနေပေါ်မူတည်ပြီး ပိုမို၍ လိုက်ဖက်မျှတသော စည်းမျဉ်းတော်များဖြင့် အစားတိုးလျက် ချမှတ်ပေးအပ်တော်မူခြင်းဖြင့် အပြောင်းအလဲလုပ်ခြင်းမှ အမြတ်ထုတ်လို သူအချို့ရှိသော်လည်း အမှန်တရားမှာ) အာယသ်အမိန့်သက်သေလက္ခဏာတော်တစ်ခုကို အလားတူ အာယသ်အမိန့်သက်သေလက္ခဏာတော်တစ်ခုဖြင့် (သို့မဟုတ်) ထိုထက်ကောင်းသော အာယသ်တော်တစ်ခုခုဖြင့် အစားထိုးခြင်းမှအပ မည်သည့်အာယသ်တော်ကိုမျှ ငါအရှင်မြတ် ပယ်ဖျက်တော်မူလေ့ မရှိပေ။ (သို့မဟုတ်) ယင်းကို မေ့လျော့စေတော်မူလေ့မရှိပေ။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်တွင် နိယာမစည်းမျဉ်းဩဇာတော်များဖြင့် လွှမ်းမိုးတော်မူသော အရှင်ဖြစ်တော်မူကြောင်း သင်တို့ မသိကြလေသလော။